Thursday, December 8, 2011

9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?

September 11 ကတော့ ပြီးဆုံးသွားခဲ့ပါပြီ... ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြီးကလည်း ၁၀ နှစ်တောင် ပြည့်ခဲ့ပါပြီ.... ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာက 9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?

အရင် ဒီ Video လေးကို ကြည့်လိုက်ရအောင်နော်-



http://videos.oregonlive.com/2011/10/zero_an_investigation_into_911.html

(or)

My Video - DVD-Title1 - eSnips

(or)













Download လုပ်ချင်သူများအတွက်-


Download Links:
001 : http://www.mediafire.com/?1e1p739jo4bnc2y
002 : http://www.mediafire.com/?0wssgyb5dgphaes
အထက်ပါ zip folder ၂ ခုကို ဒေါင်းလုပ်လုပ်ပြီး zip ဖြည်ကာ Folder ၁ ခုထဲမှာ ပေါင်းထည့်လိုက်ရင် ပုံပါ အတိုင်း ဖိုင် ၄ ခု တွေ့ရလိမ့်မယ်..  gsplits ဆိုတဲ့ software ကို install လုပ်လိုက်ပါ.... ပြီးရင် ပွင့်လာတဲ့ software ကိုပိတ်ကာ folder ရှိ ၄ ဖိုင်ထဲမှ အပေါ်ဆုံးက disk1 icon ကို click နှိပ်လိုက်ရင် DVD-Title1 ဆိုတဲ့ mp4 ဖိုင်လေး တဖိုင်ရပါလိမ့်မယ်....

အထက်ပါ Video ဖိုင်လေးကို ကြည့်ပြီးရင်တော့ သူငယ်ချင်းတို့ အတိုင်းအတာ တစ်ခုအထိ စဉ်းစား ချင့်ချိန်နိုင် ကြပါပြီ-

ဒါကိုဘဲ online က ခင်မင်ရင်နှီးခဲ့ရသူ သူငယ်ချင်း တစ်ယောက်နဲ့ ဆွေးနွေးဖြစ်တော့- သူက ဒီလိုဆိုပါတယ်-
အခုကျနော်သိလာတာတွေကိုလည်း ပိုသေချာအောင် မျှမျှတတ စဉ်းစားတတ်တဲ့သူငယ်ချင်း နိုင်ငံရေး နှံ့စပ် သူများ ရှိရင်လည်း မေးမြန်းကြည့်ပါ။ သတင်းမှန်ကို သိလာပါလိမ့်မယ်။ youtube ထဲမှာ 9/11 များကို ရိုက်ကြည့် ပြီး လေ့လာကြည့်ပါ။ အထူးသဖြင့် သိပ္ပံပညာရှင်တွေက ဘာပြောသလဲပေါ့။

9/11 ဖြစ်ပြီးမကြာမှီ- နယူးယောက်က ကျွန်တော့ မိတ်ဆွေတစ်ဦးပြန်လာတော့- သူ့ဆီမှာ စီဒီခွေတစ်ခုပါလာ တယ်။ နယူးယောက်က ရထားဘူတာတွေမှာ (အလကား) လိုက်ဝေတာတဲ့- အဲ့ဒီ အခွေထဲမှာ- အဆောက်အဦး ကြီးပြိုကျတဲ့စနစ်၊ ပင်တဂွန်မှာကျတဲ့ လေယဉ်ရဲ့ အင်ဂျင် အားလုံးကို တွက်ပြထားတယ်။ မှတ်မိသလောက်နဲ့ လက် ရှိအခြေအနေအားလုံးကို တတ်နိုင်သမျှ ပြန်ပြောပြမယ်။- အကုန်လုံး စဉ်းစားလို့ရအောင်ပါ။

(၁) အဆောက်အဦးက လေယာဉ်နဲ့တိုက်လို့ တစ်ခုလုံး ၀ုန်းကနဲ့ မပြိုနိုင်ဘူး။

(၂) အဲ့ဒီအောက်က အဆောက်အဦးပြိုစေဘို့ ဗုံး ၁၃ လုံးကွဲတယ်။ (ဖုံးထားတဲ့ သတင်း- နောက်ပိုင်း ပေါ်လာမယ်)

(၃) ဒုတိယလေယဉ်တိုက်ဘို့ မီနစ် ၃၀ ကွာတယ်။ အဲ့ဒီ ပထမလေယဉ်တိုက်တော့ သမ္မကြီးကို အကြောင်း ကြား တယ်။ သမ္မတကြီးက အရေးယူဘို့ မပြောဘူး။ ဖလော်ရီဒါမှာရှိတဲ့ မူလတန်းကျောင်းလေးမှာ ကလေးတွေ ရွတ်ဆို နေတဲ့ ကဗျာများကို ဘာမှ မဖြစ်သလို ဆက်လက်နားထောင်နေတယ်။

(၄) ဒုတိယ လေယဉ်တိုက်တယ်။ အဆောက်အဦး ပြိုကျတယ်။ ပြီးမှ သမ္မတကြီးက အရေးယူပါလို့ ပြောခဲ့တယ်။

(၅) သမ္မတကြီးက ဖလော်ရီဒါမှာပြောခဲ့တဲ့စကားများနဲ့ ၀ါရှင်တန်မှာပြောတဲ့စကား ရှေ့နောက်မညီလို့ သ တင်းထောက်တွေက ၀ိုင်းမေးတာကို ပြန် မဖြေနိုင်ခဲ့ဘူး။

(၆) ပင်တဂွန် စစ်ဌာနချုပ်မှာ လေယဉ်တစ်စီးကျတယ်။ အဲ့ဒီ လေယဉ်အင်ဂျင်ကို အ၀တ်နဲ့အုပ်ပြီး ထမ်းထုတ် သွား တာ- လူလေးယောက်ပဲ ဖြစ်တယ်။ သူတို့ ပြောတဲ့ ခရီသည် လေယဉ်ဆိုရင် အင်ဂျင်ကို လူလေးယောက် ထမ်း ထုတ်လို့ မနိုင်ဘူး။ သတင်းထောက်တွေကို အဲ့ဒီ လေယဉ်အင်ဂျင် အပိုင်းအစများကို ဓါတ်ပုံရိုက်ခွင့် မပေးဘူး။

(၇) ပစ်ချလိုက်တယ်ဆိုတဲ့ လေယဉ်ကတော့ သတင်းလောက်ပဲ ပါတယ်။ ဘာလေယဉ်မှန်း မသိဘူး။ (ပြော တော့ ခရီးသည်တင် လေ ယဉ်လို့ ပြောတယ်။

မဖြစ်မှီနဲ့ ဖြစ်ပြီး အခြေအနေများ
လေယဉ်နဲ့ မတိုက်မှီ တစ်လ အလိုက အမေရိကန်နိုင်ငံ နယူးယောက်၊ မင်ဟယ်တန် (အဆောက်အဦး ရှိရာမြို့) အနီးမှာ ဒီအဆောက်အဦးကို စက်တင်ဘာလအတွင်း မနက် ၉ နာရီ မတီးမှီ မလာပါနဲ့လို့ ကြိုတင်စာဖြန့်ဝေတယ်။ အဲ့မှာရှိတဲ့ မြန်မာတွေလည်း အဲ့ဒီစာကို ရခဲ့တယ်။ အဲ့ဒီမြို့ထဲမှာ မြန်မာပြည်သား တရုတ်လူမျိုးပိုင်တဲ့ sun hotel ရှိ တယ်။ မြန်မာသင်္ဘောသားတွေ အများစု တည်းခိုတယ်။ ကျွန်တော့မိတ်ဆွေ သင်္ဘောသားတစ်ဦးလည်း အဲ့စာကို ရခဲ့တယ် ပြောတယ်။-

အဆောက်အဦးမှာ ဂျူးလူမျိုးတွေ ထောင်ချီပြီး အလုပ်လုပ်ကိုင်တယ်။ မြန်မာတွေလည်း ရှိတယ်။ မူဆ လင်တွေလည်း ရှိတယ်။ ၀န်ထမ်းတွေပါ။ တကယ်ဖြစ်မယ့်နေ့မှာ ၀န်ထမ်းဂျူး အဲ့သည်ဂျူး တစ်ယောက်မှ အ ဆောက်အဦးကို မလာခဲ့ဘူး။ ဒါကြောင့် သေတဲ့ အထဲမှာ ဂျူး တစ်ယောက်မှ မပါခဲ့ဘူး။

ဖြစ်သွားပြီးနောက်ပိုင်း-- အမှုကို စစ်ဆေးဘို့ ခုံးရုံးဖွဲ့ခဲ့တယ်။ အဖွဲ့ ဥက္ကဌက ယခင်အမေရိကန်နိုင်ငံခြားရေး ၀န် ကြီးဟောင်း ဟင်နရီ ကက်ဆင်းဂျား ဖြစ်တယ်။ သူက အမှုကို စုံစမ်းစစ်ဆေးရင်း- အမှုက ဂျူးတွေနဲ့ အမေရိကန် အစိုးရပိုင်း ထိပ်သီးတွေဆီကို ပတ်လာခဲ့တယ်။ ဒါကြောင့် ဒီအမှုကို သူ ဆက်လက် မကိုင်တွယ်တော့ပါဘူးလို့ တ ရားဝင်ကြေငြာပြီး နှတ်ထွက်သွားခဲ့တယ်။ အခုအချိန်ထိ အမှုက တန်းလန်းကြီး ဖြစ်နေပါတယ်။

အမေရိကန်အစိုးရက ထိုးချတဲ့ (လေယဉ်ထဲပါ အသေခံတိုက်သူ) မုဟမ္မဒ် အာ့ခ်တားက- သူဟာ အီဂျစ်မှာ ရှိ နေပါတယ်။ ကျောင်းတက်နေပါတယ်လို့ ပြောပါတယ်။ ခင်ဗျားတို့ စွပ်စွဲတာ လူမှားနေပြီလို့ ပြောပါတယ်။ (သူ ကတော့ အမေရိကန်ကို လာခဲ့တယ်။ ပြန်ခဲ့တာ ၈ လရှိပါပြီတဲ့)။

အမေရိကန်အစိုးရက ဘင်လာဒင်ကို ထိုးချတယ်။ သူက အာဖဂန်ကို ၀င်ချင်တယ်လေ။ အာဖဂန်ကို ဘာကြောင့် ၀င်ချင်ရသလဲ။ သူက ကာဇက်စတန်က ရေနံနဲ့ ဂစ်ကို သယ်ယူဘို့ အာဖဂန်ကို ပိုက်လိုင်း ဖြတ်ဖေါက်ရမယ်။ ဒါကြောင့် တာလီဘန် နိုင်ငံခြားရေးဝန်ကြီးကို နယူးယောက်ကို ခေါ်ယူပြီး ဆွေးနွေးခဲ့ တယ်။ အကောက် ခွန်ကိစ္စ အပေးအယူ မတည့်ခဲ့ဘူး။ ပြီးတော့ အာဖဂန်က ကြေးနီးနဲ့ ယူရေနီယံ ထွက်တယ်။ အာဖဂန်ကို သူ့သြ ဇာ သွပ်သွင်းနိုင်ရင် တရုတ်နဲ့ ရုရှားကိုလည်း လှမ်းထောက်ထားလို့ ရတယ်။- (တွက်ထားတာတွေကတော့ မျိုးစုံ ပေါ့ဗျာ)။

အမေရိကန်နိုင်ငံတွင်းမှာ နောက်ကွယ်က ကိုင်ထားတဲ့ ဂျူးတွေ ကိုလည်း အမေရိကန်လူမျိုးတွေက အတိုးကြီး စားမှုနဲ့ မုန်းတီးမှု မြင့်တက်လာခဲ့တယ်။ ဂျူးတွေကလည်း သူတို့ကို မုန်းမယ့်အစား မူဆလင်ကိုမုန်းဘို့ အာရုံ လွှဲ ချင်တယ်။ (ဂျူးအားလုံးတော့ မဟုတ်ဘူးနော်- အဓိက ကြိုးကိုင် ဇီယွန်ဝါဒီတွေပါ)။ ဒီနှစ်ခု ပေါင်းစပ်ပြီး ဘင်လာဒင်ကို ထိုးချလိုက်ရင် ဘင်လာဒင် ခိုလှုံ နေတဲ့ အာဖဂန်ကို သူတို့ တိုက်လို့ ရမယ်လေ။
အာဖဂန် ခေါင်းဆောင် မူလာအိုမာက - ဘင်လာဒင် ဖြစ်ကြောင်း တိကျတဲ့ သက်သေပြပါ။ တိကျခဲ့ရင် ငါကိုယ် တိုင်ဖမ်းပြီး မင်းတို့လက်ထဲကို အပ်မယ်လို့ ပြောခဲ့တယ်။ သူတို့ကတိကျတဲ့ သက်သေမပြနိုင်ဘူး။ (အာလ်ဂျဇီး ရာဟ် တသင်းဌာနက တရားဝင်ပြောခဲ့တယ်။) နောက်ဆုံး ဘင်လာဒင်ကို သူတို့ အရှင်ဖမ်းမိတယ်။ (မကြာသေး မှီကပါ) ဒါပေမယ့် အသေမိတယ်ပြောပြီး အလောင်းဖျောက်ပစ်လိုက်တယ်။ (အဖြေက ရေထဲကို ပစ်ချလိုက် တာတဲ့)။ အထူးလေ့ကျင့်ထားတဲ့ အထူးကွန်မင်ဒို ၁၀ ယောက်က တိုက်ခန်းထဲမှာ လှောင်ပိတ်နေတဲ့ (တောထဲ မှာလို ထွက်မပြေးနိုင်တဲ့) လက်နက်မဲ့ လူတစ်ယောက်ကို အသေမိတယ်ဆိုတာကော ယုတ္တိရှိရဲ့လား။ အရှင်ဖမ်း ပြီး လူသိရှင်ကြား ခုံရုံးတင်ပါလား။ ဒီတော့ အမှုက အမှန်ပေါ်လာမယ်လေ။ ဒီလို အဖြစ်မခံနိုင်တော့ နှတ်ပိတ် လိုက်တာပေါ့။ ဘင်လာဒင်ရဲ့ ရန်သူတော်ကြီးလို့ သိထားတဲ့ သမ္မကြီး ဂျော့ဘုခ်ျက “ဘင်လာဒင် သေပြီဆိုပြီး ကြည်နူးမနေသင့်ဘူး၊ သူဟာ တရားခံအစစ် ဖြစ်တယ် မဖြစ်ဘူးဆိုတာ ခုံရုံးတင် စစ်ဆေးခြင်း မပြုရသေးသလို၊ ဆုံးဖြတ်ချက်လည်း မချရသေးဘူး၊ ငါကတော့ ဘယ်ထောက်လှမ်းရေးကိုမှ အယုံ အကြည်မရှိဘူး၊” လို့ ဖလော် ရီဒါ- သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ မကြာသေးပါ။ what Bush said about Bin Ladin ဆိုပြီး နက်မှာ ရှာကြည့်ပါ။

အဓိက အကျဆုံး နောက်တစ်ချက်က- အီရန်သမ္မတ အမာဒီနဂျစ်က ၂၀၁၀ ကုလသမဂ္ဂ ကွန်ဖရင့်မှာ- 9/11 ဟာ လုပ်ဇတ်ဖြစ်တယ်။ အမေရိကန်က မူဆလင် နိုင်ငံတွေကို ကျူးကျော်လိုလို့ ဇတ်လမ်းဆင်ခဲ့တာ ဖြစ်တယ် လို့ နယူးယောက် ကုလရုံးမှာ ကမ္ဘာ့နိုင်ငံများ အားလုံးရှေ့မှာ ဗြောင်ပြောခဲ့တယ်။ ဒါကို သမ္မတ အိုဘားမားက စကားကို မဆင်မခြင် ပြောတယ်လို့ပြောတော့- သူက ခင်ဗျားတို့အနေနဲ့ ကုလသမဂ္ဂကို ခုံရုံးဖွင့်ခိုင်းပြီး ဒီကိံစ္စကို စစ်ဆေးပါ။ ကျုပ်တို့ဆီမှာ အဆောက်အဦးကို အောက်က ဗုံး ၁၃ လုံးခွဲခဲ့တဲ့ အချက်အလက် အထောက်အထား အပြည့်အစုံရှိတယ်လို့ ပြန်ပြောတယ်။ သမ္မတအိုဘားမားက ဘာမှ မပြောနိုင်ဘူးလေ။ အီရန်သမ္မတဟာ အ ဆောက်အဦးပျက်နားကို ကိုယ်တိုင်သွားခဲ့တယ်။ အဲ့ဒီမှာ သူ့ကို ကြိုဆိုသူတွေအများကြီးပါ။ အထောက်အထား အများကြီးကိုလည်း သူ့ကိုပေးခဲ့တယ်။ ဒါကို အမေရိကန်မီဒီယာတိုင်း (အထူးသဖြင့် နယူးယောက်မှာ ကျက်စား တဲ့ သတင်းဌာနတိုင်း သိပါတယ်။) ဘာဖြစ်လို့ ဒီကိစ္စတွေကို ဖုံးကွယ်ထားတာလဲ။- ကဲ ဒီလောက်ဆို စဉ်းစားလို့ ရမယ် ထင်ပါတယ်။ သက်ဆိုင်ရာ အထောက်အထားတွေကိုတော့ ကျွန်တော် အခုပြောတာထဲက သိချင်တဲ့ အပိုဒ်များကို အင်္ဂလိပ်လိုအဆင်ပြေသလို ပြန်ပြီး gooole မှာ ရှာကြည့်ပါ။ အများစုကို တွေ့ရပါလိမ့်မယ်။
ဒီလောက်ဆို အဖြေထွက်နိုင်ပါတယ်..

9-11 American Human Rights Final
 ဟော်လီးဝုဒ်ကပြောတဲ့ ၉-၁၁ ဇာတ်လမ်း (ကလစ်နှိပ် ဖတ်ပါ)

Credit: MMSY (မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ) မိသားစုမှ စုပေါင်းဆောင်ရွက်ထားသော ပရောဂျက်တခုဖြစ်ပါသည်။

Saturday, January 15, 2011

ပုံမှန် သွေးလှူဒါန်းနေသော သွေးလှူရှင်များနေရာတွင် လူငယ် သွေးလှူရှင်များဖြင့် အစားထိုးနိုင်ရန် စည်းရုံး လုပ်ဆောင်လာ

Ref: http://www.news-eleven.com/index.php?option=com_content&view=article&id=4309%3A2010-08-16-06-43-55&Itemid=160

သွေးသွင်းကုသမှုများတွင် အသုံးပြုမည့်သွေးများသည် စေတနာ သွေးလှူရှင်များထံမှ ၁၀၀ ရာခိုင်နှုန်း လှူဒါန်းထားသော သွေးသာဖြစ်ရမည်ဟု တာဝန်ယူထားသော ပုံမှန်သွေး လှူဒါန်းနေသည့် သွေးလှူရှင်များ၏ အသက်များမှာ ၆၀ သို့ နီးလာပြီဖြစ်၍ ငယ်ရွယ်သော လူငယ်လူရွယ်များဖြင့် အစားထိုးနိုင်ရန် ဦးတည်လုပ်ဆောင်လာကြောင်း အမျိုးသား သွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

    'ဇွန်လကစပြီး လူငယ်သွေးသန့် အလှူရှင်တွေကို အဓိကထားပြီး သွေးလှူဒါန်းဖို့ စည်းရုံးလုပ်ဆောင် နေပါတယ်။ ပုံမှန်သွေးလှူဒါန်းနေတဲ့ သွေးလှူရှင်တွေက အသက်ကြီးလာတော့ မလှူနိုင်ကြတော့ဘူး"ဟု အမျိုးသားသွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

    ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတွင် ကွန်ပျူတာတက္ကသိုလ်၊ မှော်ဘီ GTC ၊ သန်လျင် GTC၊ လှိုင်သာယာ GTC၊ မအူပင် GTC၊ သမ၀ါယမ ဒီဂရီကောလိပ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် စသည့် လူငယ်များ များပြားသည့်နေရာများသို့ ဦးတည်၍ သွေးလှူဒါန်းပွဲများ ပြုလုပ်လာကြောင်း သိရသည်။

    အဆိုပါ သွေးသန့်လူငယ်များမှ သွေးပုလင်းများ စုဆောင်းခြင်းကို ဇွန်လ ၁၄ ရက်နေ့မှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းသွေးလှူရှင် လူငယ်များ စုဆောင်းရာတွင် လိုအပ်သော အထောက်အပံ့များကို လှူဒါန်းပေးလျက်ရှိသော အလှူရှင်များဖြစ်သည့် စန္ဒီပရဆေးမိသားစု၊ ဘုရင့်နောင်ဈေး သာယာရေးအဖွဲ့၊ မြန်မာဘရူဝါရီ လီမိတက်၊ ဖြူစင်မေတ္တာ သွေးလှူရှင်အဖွဲ့၊ ရွှေပါရမီအဖွဲ့ စသည့် အဖွဲ့အစည်းများမှ ပါဝင် ကူညီထားကြောင်း သိရသည်။

  မြန်မာနိုင်ငံအနေဖြင့် အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း လှူဒါန်းလျက်ရှိသော သွေးလှူရှင်များအနက် မှအသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်း ရှိ လူငယ်များပါဝင်လှူဒါန်းမှုမှာ အမျိုးအစားအလိုက် နှစ်စဉ်တိုးတက် လာကြောင်း မှတ်တမ်းများအရ သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ သွေးလှူဒါန်းမှုအချို့
ရက်စွဲ သွေးလှူဒါန်းသည့် အဖွဲ့အစည်း ဦးရေ သွေးပုလင်းပေါင်း
ဇူလိုင်လ ၃ ရက် ဘုရင့်နောင်ဈေး ၄၀၉ ၄၀၉ ပုလင်း
ဇူလိုင်လ ၉ ရက် MRCS ၁၂ ၁၂ ပုလင်း
ဇူလိုင်လ ၁၂ ရက် လှိုင်သာယာ GTC ၁၄၇ ၁၄၇ ပုလင်း
ဇူလိုင်လ ၁၃ ရက် Chatrium Hotel ၁၈ ၁၈ ပုလင်း
ဇူလိုင်လ ၁၅ ရက် မအူပင် GTC ၃၅ ၃၅ ပုလင်း
ဇူလိုင်လ ၁၆ ရက် သမ၀ါယမဒီဂရီကောလိပ် ၈၀ ၈၀ ပုလင်း
ဇူလိုင်လ ၁၈ ရက် မြန်မာမွတ်စလင် လူငယ်များဘာသာရေးအဖွဲ့ ၂၇၅ ၂၇၅ ပုလင်း
ဇူလိုင်လ ၂၂ ရက် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ၅၉ ၅၉ ပုလင်း
ဇူလိုင်လ ၂၆ ရက် CMA သွေးလှူဒါန်းအဖွဲ့ ၂၀၆ ၂၀၆ ပုလင်း
ဇူလိုင်လ ၃၀ ရက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၂၂၅ ၂၂၅ ပုလင်း

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုကြီးသို့ ပန်ကြားချက်

မြန်မာမွတ်စလင်များ ယုံကြည်ကိုးကွယ်သော အစ္စလာမ်သာသနာကို ရင့်ရင့်သီးသီး ပုံဖျက် နှိမ့်ချစော်ကား သော မြန်မာဘလောဂ်များ အများအပြား ပေါ်ပေါက်တည်ရှိနေခြင်းအတွက် မြန်မာမွတ်စလင်များ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားနေရသည်မှာ ကာလရှည်ကြာပြီ ဖြစ်ပါသည်။
ယခုတဖန် မြန်မာပြည်သူအများစုကြီးက ယုံကြည်ကိုးကွယ်သော ဗုဒ္ဓသာသနာကို အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ရိုင်းပြစော်ကားသော မြန်မာဘလောဂ် ပေါ်ထွက်လာပြန်သဖြင့် ဗုဒ္ဓဘာသာဝင်များ စိတ်လက် မချမ်းမမြေ့ဖြစ်ကာ သောကရောက်နေရပြန်ပါသည်။
သူတစ်ပါး ယုံကြည်ကိုးကွယ်သော သာသနာတစ်ရပ်ကို လေးစားရကောင်းမှန်း မသိသူများသည် မိမိ၏ သာသနာတော်ကိုလည်း မလေးစားသူများဖြစ်ပါ၏။ အခြားသာသနာကို စော်ကားနှိမ့်ချသူတတ်များသည် မိမိသာသနာ၏ ဂုဏ်ကျက်သရေကို ယုတ်လျော့ စေကြသူများလည်း ဖြစ်ပါ၏။ ထိုသူများသည် မိမိ၏ သာသနာကို အမှန်တကယ် ယုံကြည်ကိုးကွယ်သူများ မှန်ပါက မိမိသာသနာက အခြားသာသနာများနှင့် လူသားများကို စော်ကားနှိမ့်ချခွင့် မပြုသည့် အဆုံးအမကို သိရှိထားရမည် ဖြစ်ပါသည်။
အစ္စလာမ်သာသနာကို နှိမ့်ချစော်ကားသောအခါ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ စိတ်မချမ်းမမြေ့ ဖြစ်ကြသကဲ့သို့ ဗုဒ္ဓသာသနာကို နှိမ့်ချစော်ကားသောအခါ အစ္စလာမ်ဘာသာဝင် မြန်မာပြည်သူများ ထပ်တူ စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ အထူးသဖြင့် စစ်အာဏာရှင်များက မိမိအကြပ်အတည်းမှ ထွက်ပေါက် အဖြစ်သော်၎င်း၊ မညီမညွတ်သော ပြည်သူများကို သွေးခွဲအုပ်ချုပ်ရသည်က ပိုမိုလွယ်ကူသဖြင့်၎င်း၊
လူမျိုးရေး၊ ဘာသာရေး အဓိကရုံးများကို အစဉ်အဆက် ဖန်တီးလှုံ့ဆော်ခဲ့သည်များကို မမေ့လျော့ သင့်ကြစေလိုပါသည်။ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ခွဲခြားဖိနှိပ်မှုများဖြင့် ဗမာအပါအ၀င် တိုင်းရင်းသားများအကြား မညီမညွတ်မှုကို ဖန်တီးကာ စစ်အာဏာရှင် သက်ဆိုးရှည်ခဲ့သည်မှာလည်း ရာစုနှစ်တစ်ဝက်တိုင်တော့မည် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကြောင့် စစ်ဗိုလ်ချုပ်များသာ ချမ်းသာသွားပြီး၊ တစ်နိုင်ငံလုံး ဆင်းရဲဒုက္ခရောက်ကြကာ ထိစပ်သော အိမ်နီးချင်းနိုင်ငံဟူသမျှတွင် ကျနော်တို့၏ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများသည် ကူလီ၊ အိမ်ဖေါ်ဘ၀နှင့် မျက်နှာငယ် နေကြရသည်။ အမျိုးချစ်သူ၊ တိုင်းပြည်ချစ်သူမှန်လျှင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူ မပြုသင့်ကြပါ။
ထို့ကြောင့် စစ်အာဏာရှင်စနစ်၏ အဓိက ရေသောက်မြစ်တစ်ခုဖြစ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖန်တီးလှုံ့ဆော်နေသူများကို ဒီမိုကရေစီအင်အားစုများက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုစည်းညီညွတ်မှုဖြင့် ထိရောက်စွာ ဖေါ်ထုတ်ဟန့်တားကြပါရန် မြန်မာမွတ်စလင် အစည်းအရုံးကြီးက လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
မြန်မာမွတ်စလင် အစည်းအရုံး

မန္တလေး ၁၃ဝဝ – ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

ဆောင်းပါး  -    မဇ္ဈိမသတင်းဌာန
ရေးသားသူ – မင်းဟန်
အင်္ဂါနေ့၊ ဂျူလိုင်လ 20 ရက် 2010 ခုနှစ်

(၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်သို့ )
(၁)
Breathes there the man, with soul so dead,
Who never to himself hath said,
“This is my own, my native land!”

အမျိုးသား အာဇာနည်  ခေါင်းဆောင်ကြီး ဦးရာဇတ်မှ၊ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်ကြီးအနေဖြင့် သူ၏တပည့် များအား မကြာခဏ ရွတ်ပြလေ့ရှိသည့် ကဗျာတပုဒ်ဖြစ်သည်။ မြန်မာလို ပြန်လျှင်မူ …
“ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ
အသက်ရှင်လျက် ဝိဥာဉ်မဲ့နေတဲ့သူလို
အသက်ရှင်နေပေမယ့် သေနေတဲ့သူလို
ဘာမှ အသုံးမကျဘူး” ဟူ၍ ဖြစ်မည်။

ဆရာကြီးသည် ဤကဗျာလေး၏ လမ်းညွှန်ချက်အတိုင်းပင်၊ သူ၏ အမျိုးသားကျောင်းသားများအား လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။
ဆရာကြီး၏ ဗဟိုအမျိုသား အထက်တန်းကျောင်းတော်ကြီးက အမျိုးသားစာပေ ပညာရပ်များအား သင်ကြားပို့ချပေးသည့် ကျောင်းတော်ကြီးအပြင်၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအဆင့်ဆင့်တွင် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့နှင့် စွမ်းစွမ်းတမန် တာဝန်ယူခဲ့ကြသည့် မျိုးချစ်ရတနာများစွာတို့အား မွေးထုတ် ပေးခဲ့ရာ နိုင်ငံရေးတက္ကသိုလ်ကြီး တခုလည်း ဖြစ်၏။ ပြီးလျှင် ဆရာကြီး ၏ ကျောင်းတော်ကြီး က ကိုလိုနီဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ၏ အထက်မြန်မာပြည် စစ်ဌာနချုပ် စခန်းကြီး ဟူ၍လည်း ဆိုရမည်ပင်။
ထိုကျောင်းတော်ကြီးမှ အထက်မြန်မာပြည်၏ နိုင်ငံရေးမျိုးချစ် ၄ဝ ရာခိုင်နှုန်းကျော်အား မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၏ ဝန်အား ဤကျောင်းတော်သားတို့က ထမ်းရွက်ခဲ့ကြသည်။
ဆရာကြီး ဦးရာဇတ်၏ ဥယျာဉ်မှူးလက်မှ ပွင့်ဖူးခဲ့သည့် လွတ်လပ်ရေးအဖူး၊ အပွင့်တို့၏ ရနံ့က မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် သင်းပျံ့မွှေးထုံ၍ နေခဲ့၏။
(၂)
၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဗြိတိသျှအာဏာပိုင်တို့၏ လက်ချက်နှင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ရေနံမြေသပိတ်ကြီးက အခက်အခဲပေါင်း များစွာအား ကျော်ဖြတ်ရင်း ရန်ကုန်သို့ ခရီးရှည်ချီတက်၍ ဆန္ဒပြတောင်းဆိုနေကြသည်။ ဝေါ၊ ပဲခူး၊ သထုံနှင့် မြစ်ဝကျွန်းပေါ်ရှိ တောင်သူလယ်သမားတို့က ရွှေတိဂုံစေတီတော်မြတ်ကြီးဆီသို့ ချီတက်၍ လယ်သမားအရေး တောင်းဆိုကြ၏။ ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်၊ လယ်သမားသပိတ်တို့နှင့် လူထုကြီးသည် ကိုလိုနီအစိုးရအား သပိတ်တိုက်ပွဲ ဆင်နွှဲ၍နေကြသည်။
ဤတွင် မန်းနေပြည်တော်မှ ဥပစာကောလိပ်နှင့် အထက်တန်းကျောင်းသားများသည်လည်း သပိတ်တိုက်ပွဲတွင် ပါဝင်လာခဲ့ကြ၏။ မန္တလေး သပိတ်မှောက် ကျောင်းသားများတွင် ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသားအထက်တန်း ကျောင်းသားများက တကျောင်းလုံးနီးပါးမျှ ပါဝင်ကြ၏။
ပထမဦးဆုံးသပိတ်မှောက်သည့်နေ့တွင် ဆရာကြီး၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှ အဆောင်နေ ကျောင်းသားအချို့သည် သပိတ်တွင် မပါဝင်ကြသေး။ အဆောင်တွင် ရှိနေကြသေး၏။ ဆရာကြီးသည် ကျောင်းသို့ ရောက်လာပြီး ကျောင်းအနှံ့ လိုက်လံ၍စစ်ဆေး၏။ ကြိမ်လုံးအား ကိုင်ပြီး ဆရာကြီးသည် အဆောင်နေ ကျောင်းသားများဆီသို့ ရောက်လာ၏။ အဆောင်အတွင်း၌ ကျောင်းသားအချို့ ရှိနေကြ၏။ ကျောင်းသားအများစုက၊ သပိတ်မှောက်ဆန္ဒပြ၍ ထွက်ခွာသွားကြပြီ။
“ ကျနော်တို့ သပိတ်မမှောက်ဘူးဆရာကြီး ”
အဆောင်တွင် ကျန်ခဲ့သည့် ကျောင်းသားတဦးက ဆရာကြီးကို ပြော၏။
“သြော်… ဟုတ်လား”
ဆရာကြီးက မဲ့ပြုံး၊ပြုံးရင်း ထိုကျောင်းသားအား ပြန်ပြော၏။ ပြီးလျှင် ဆရာကြီးသည် ကြိမ်လုံးအားဝင့်ပြီး၊ “အေ သပိတ်မမှောက်ရင် သပိတ် မမှောက်တဲ့ ကျောင်းသားတွေ ငါ့ကျောင်းမှာနေခွင့်မရဘူး။ အဲ့ဒီတော့ ရှည်ရှည်ဝေးဝေး ပြောမနေနဲ့၊ ငါ့ကျောင်းမှာ ဆက်နေချင်ရင် သပိတ်ထဲ အခု ဆင်းလိုက်သွား”
သပိတ်စမှောက်သည့်နေ့များက မန္တလေး ဥပစာကောလိပ် (INTERMEDEATE COLLEGE) သည်ပင် စာသင်မပျက်၊ သပိတ်မမှောက်သည့် ကျောင်းသားများဖြင့် ရှိနေခဲ့သေး၏။ ဆရာကြီး ဦးရာဇတ်၏ ကျောင်းကမူ တကျောင်းလုံး သပိတ်မှောက်ခဲ့ကြခြင်းဖြစ်၏။
(၃)
မန္တလေးကျောင်းသားများက စတင်၍သပိတ်မှောက်ကြပြီ။ သပိတ်တိုက်ပွဲခရီးက ရှည်နိုင်၏။ အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည်။ အသက်သွေးချွေးတို့အား ပေးဆပ်ကြရမည်။ ဤအတွက် ပြင်ဆင်ကြရ၏။
ဗဟိုအမျိုးသား အထက်တန်းကျောင်းအတွင်းရှိ ဆရာကြီး ဦးရာဇတ်၏ရုံးခန်းသည် မန္တလေးမြို့ပေါ်မှ နိုင်ငံရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားခေါင်းဆောင်များနှင့် စည်ကား၍နေသည်။ အားလုံးက ဆရာကြီးနှင့် တွေ့ပြီး ဆရာကြီး၏ သြဝါဒအားခံယူကြ၏။ အကြံဥာဏ်များအား ရယူကြ၏။ ဆရာကြီး၏ ညွှန်ကြားချက်များအား နာယူကြ၏။
ဆရာကြီးက သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များအား ပြုံးမယောင်၊ မဲ့မယောင်အပြုံးနှင့်။
“သပိတ်မှောက်တာက မင်းတို့အလုပ်ပဲ။ ဒါပေမဲ့ စည်းမဲ့ကမ်းမဲ့မပြုကြနဲ့။ ဘုရားကျောင်း တွေထဲမှာ သွားမနေကြနဲ့။ ငါ့ကျောင်းမှာ လာနေကြ”

ဆရာကြီး၏ စကားက ရှင်း၏။ သပိတ်စခန်းအဖြစ် သပိတ်မှောက်ကျောင်းသားများအား သူ၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို အပ်နှံလိုက်ခြင်း ဖြစ်သည်။
ချက်ချင်းပင် လေးထပ်ကျောင်းဆောင်ကြီးနှင့် ဗဟိုအမျိုးသားအထက်တန်းကျောင်းသည် ၁၃ဝဝ ပြည့် သပိတ်မှောက် ကျောင်းသားတို့၏ သပိတ်စခန်းကြီး ဖြစ်၍သွား၏။ ကျောင်းပေါင်းစုံမှ သပိတ်မှောက် ကျောင်းသူများကိုမူ ဆရာကြီး သည် သူနေထိုင်သည့် တိုက်နှင့်ကပ်လျက်ရှိသည့် တိုက်တလုံးတွင် နေစေ၏။
ဗြိတိသျှအစိုးရ၏ အထောက်အပံ့ခံ မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးအား ဆရာကြီးသည် ဗြိတိသျှအစိုးရကို ပုန်ကန်သည့် သူပုန်စခန်းကြီးအဖြစ် ပြောင်းလဲပစ်လိုက်၏။
‘ကေသရာဇာခြင်္သေ့မင်း ကျောက်ရုပ်ထု’ နှင့် ‘ အတ္တာဟိ၊ အတ္တနော၊ နာထော’  ဆိုင်းပုဒ်ကြီး၏ အောက်၌ ဗဟိုအမျိုးသား အထက်တန်းကျောင်း သပိတ်စခန်းကြီးသည် ၁၃ဝဝ ပြည့် အရေးတော်ပုံ သမိုင်း၌ ခန့်ထည်၍ ဝင့်ကြွားလျက်နေ၏။
(၄)

ဆရာကြီး၏ ဗဟိုအမျိုးသားအထက်တန်းကျောင်း သပိတ်မှောက်မှုက ကျောင်းသားများအားလုံး သပိတ်မှောက်ကြခြင်းပင် မဟုတ်။ ကျောင်းရှိ ဆရာ၊ ဆရာမများအားလုံးသည်လည်း သပိတ်တွင် ပါဝင်နေကြခြင်း ဖြစ်သည်။ ဆရာ ဦးခင်မောင်ကလေး (ဗိုလ်ခင်မောင်ကလေး)၊ အဆောင်မှူး ဆရာ ဦးထွန်းမောင်၊ ဆရာအေးမောင်၊ ဆရာဘဖေ၊ ဆရာတင်၊ ဆရာချစ်၊ ဆရာမ ဒေါ်မမ၊ ဆရာမ ဒေါ်သိုက်၊ ဆရာမ ဒေါ်နှင်းဦး စသည့်ဆရာ၊ ဆရာမများအားလုံးက သပိတ်တွင် ပါဝင်နေကြ၏။ ဗြိတိသျှအစိုးရ၏ အထောက်အပံ့လစာအား ခံစားပြီး အစိုးဆန့်ကျင်သည့် သပိတ်တွင် ပါဝင်နေသည့်အတွက် ဆရာကြီး၏ ကျောင်းမှဆရာ၊ ဆရာမများအပေါ် အာဏာပိုင်များသည် မကျေမနပ်ဖြစ်၍လာ၏။ အထူးသဖြင့် ကျောင်းအုပ်ကြီး ဖြစ်သည့် ဆရာကြီး အပေါ် မကျေနပ်ခြင်းဖြစ်သည်။ ဤအတွက် တနေ့တွင်  “အေး ဟုတ်တယ်၊ မင်းပြောသလိုပဲ၊ ငါ့ဆရာတချို့နဲ့ ဆရာမ တချို့ဟာ သပိတ်သမားတွေနဲ့ ရောရောနှောနှော ရှိနေတယ်ဆိုတာ မှန်တယ်၊ ငါကိုယ်တိုင်က ခွင့်ပြုထားတာပဲ” စုံထောက် အရာရှိများ ဆရာကြီးထံသို့လာပြီး ဆရာကြီးနှင့် တွေ့၍ မေးမြန်းကြ၏။
“ဆရာကြီး၊ ဆရာကြီး ကျောင်းက ဆရာတွေ၊ ဆရာမတွေ သပိတ်မှောက်ကျောင်းသားတွေနဲ့အတူ ရှိနေပါကလား၊ ဒါကို အရေးယူပေးပါ ဆရာကြီး”
“အေး ဟုတ်တယ်၊ မင်းပြောသလိုပဲ၊ ငါ့ဆရာတချို့နဲ့ ဆရာမ တချို့ဟာ သပိတ်သမားတွေနဲ့ ရောရောနှောနှော ရှိနေတယ်ဆိုတာ မှန်တယ်၊ ငါကိုယ်တိုင်က ခွင့်ပြုထားတာပဲ”
“ ဆရာကြီး ကိုယ်တိုင်က ခွင့်ပြုထားတယ် ဟုတ်လား”
“အို မင်းနဲ့ကွာ ငါပြောပါပကောလား။ ငါကိုယ်တိုင် ခွင့်ပြုထားတာပါလို့”
“ဗျာ”
“ဗျာလုပ်မနေပါနဲ့ကွ၊ မင်းတို့သပိတ်စခန်းကို ပြောင်ပြောင်တင်းတင်း သွားရဲတာလည်း မဟုတ်ဘူး မဟုတ်လား။ ဒီတော့ မင်းတို့အစား ငါက ငါ့ဆရာ၊ ဆရာမတွေကို တမင်လွှတ်ထားရတာ။ ဒါမှ ဒီကောင်တွေမှာ ဘာအကြံတွေရှိတယ်၊ ဘာလုပ်လိမ့်မယ်ဆိုတာ ကြိုသိနိုင်မယ်မဟုတ်လား။ မတော်၊ ငါ့ကျောင်းကို မီးရှို့မတဲ့ကွာ၊ ဒါမှမဟုတ် တခြားမလုပ်သင့်တာတွေ လုပ်မတဲ့ကွာ၊ ဒီတော့ တို့က ကြိုသိဖို့ လိုတယ်မဟုတ်လား။ ဒါကြောင့် ငါ့က စပိုင်လုပ်ဖို့ သက်သက်တမင်ကို ငါ့ဆရာတွေ၊ ဆရာမတွေ လွှတ်ထားရတာ။ ဒါကြောင့် ငါကိုယ်တိုင် ခွင့်ပြုထားတာပါကွလို့ ပြောတာပေါ့”
“သြော် …. ဒီလိုလား”
“ ဒီလိုပေါ့ကွ”
“ဆရာကြီး ဘယ်ဆိုးလို့လဲ”
“မဆိုးပါဘူး၊ ဆိုးရင် မင်းတို့ ဖမ်းမှာပေါ့”
“အို ဆရာကြီး ကလဲ၊ ကဲ သွားပါဦးမယ်၊ ဆရာကြီး”
“အေး…အေး”
ဆရာကြီးက နှုတ်ဆက်၍ထွက်သွားသည့် ပုလိပ်အရာရှိ၏ ကျောပြင်အားကြည့်ပြီး ထုံးစံအတိုင်း ပြုံးမလို၊ မဲ့မလို၊ မဲ့ပြုံးလေးအား ပြုံးလိုက်၏။
(၅)

မန္တလေး ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးသည် ကျောင်းသားသပိတ်မှ၊ လူထုအရေးတော်ပုံဆီသို့ ကူးပြောင်းခဲ့၏။ မန္တလေး၊ လေးပြင်လေးရပ်မှ ရဟန်းပျိုသမဂ္ဂများ ဈေးချိုတော်နှင့် မန္တလေးလူထုအားလုံး ပါဝင်လာကြ၏။
၁၃ဝဝ ပြည့်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်၊ ‘မဟာလောကရံသီ အိမ်တော်ရာဘုရားအတွင်း’ မန္တလေး လူထုအစည်းအဝေးကြီးအား သပိတ်မှောက် ကျောင်းသားများနှင့် ရဟန်းပျိုသမဂ္ဂတို့မှ ဦးဆောင်၍ကျင်းပ၏။ သံဃာ့အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်း များမှ ကိုယ်စားလှယ် ၂ဝ,ဝဝဝ ကျော် တက်ရောက်သည့် မန္တလေးလူထု၏ သပိတ်မှောက် ညီလာခံကြီးဖြစ်သည်။ အဆိုများ တင်သွင်းကြ၏။
“ယခု အင်္ဂလိပ်အစိုးရ ဗမာပြည်အား ပေးအပ်ထားသည့် အုပ်ချုပ်ရေးသစ်မှာ အနှစ်မရှိ၊ အကာအတိဖြစ်ပြီး ဗမာပြည်ရှိ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတို့၏ ကောင်းကျိုးကို ဖန်တီးမပေးနိုင်ရုံမျှမက ဗမာလူမျိုးအချင်းချင်း သွေးကွဲသည်ထက် ကွဲစေမည့် စနစ်ဆိုးများ ရှိနေသည်ကို ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက လုံးဝထောက်ခံပါကြောင်း”

“ဗုဒ္ဓဘာသာဝင်တို့၏ ဝတ္တကမြေအတွင်း၌ မည်သည့်လူမျိုးမဆို မည်သည့်ကိစ္စနှင့်မျှ အခါမရွေး ဖိနပ်စီးနင်း၍ မတက်ရန် ဥပဒေကို ပြည်သူပိုင် အစိုးရတို့က အတည်ပြုလုပ်ပေးရန်”
“ရန်ကုန်မြို့၌ ကျောင်းသူကျောင်းသား ၂ဝဝ ကျော် ဒဏ်ရာရရှိခြင်းနှင့် ကိုအောင်ကျော် သေဆုံးရခြင်းအတွက် စုံစမ်းရေး ခုံသမာဓိအဖွဲ့တခုကို ရက်မဆွဲဘဲ အမြန်ခေါ်ပေးရန်”
“ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများလွှတ်တော်က တောင်းဆိုသည်ကို ဤမန္တလေးမြို့လုံးကျွတ် အစည်းအဝေးကြီးက သဘောတူညီကြောင်း”
“ယခု အင်္ဂလိပ်အစိုးရ ဗမာပြည်အား ပေးအပ်ထားသည့် အုပ်ချုပ်ရေးသစ်မှာ အနှစ်မရှိ၊ အကာအတိဖြစ်ပြီး ဗမာပြည်ရှိ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတို့၏ ကောင်းကျိုးကို ဖန်တီးမပေးနိုင်ရုံမျှမက ဗမာလူမျိုးအချင်းချင်း သွေးကွဲသည်ထက်ကွဲစေမည့် စနစ်ဆိုးများ ရှိနေသည်ကို ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက လုံးဝထောက်ခံပါကြောင်း”
“အင်္ဂလိပ်အစိုးရများ ဗမာပြည်ကို လာရောက်သိမ်းပိုက်အုပ်ချုပ်စကတည်းက ဗမာပြည်ရှိ အိမ်တွင်းလက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း အမျိုးမျိုးတို့ တိမ်ကောပပျောက်သွားသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်၍ ယခုအခါ ဗမာပြည်ရှိ တောသူတောင်သား လယ်သမားဆင်းရဲသားမှစ၍ ပစ္စည်းဥစ္စာ ခိုင်လုံသော ပုဂ္ဂိုလ်များအထိ နိုင်ငံခြားမှ တင်သွင်းသော ကုန်ချောများကို သုံးစွဲနေကြခြင်းကြောင့် ဗမာပြည်မှ ငွေများ တနေ့ထက်တနေ့ နိုင်ငံခြားသို့ လျှောဆင်းနေသည်ကို တွေ့ရှိရ၏။ ဤအဓိက ချို့ယွင်းချက်ကို ကာကွယ်ရန်
(၁) ဗမာလူမျိုးမှန်သမျှ မြန်မာအမျိုးသားဆိုင်များကို အားပေးရန်၊
(၂) တိုင်းရင်းဖြစ် ကုန်ပစ္စည်းများကိုသာ အားပေးရန်၊
(၃) နိုင်ငံခြားဖြစ်မသုံးလျှင် နေနိုင်သည့်ပစ္စည်းများကို တပြည်လုံးက သပိတ်မှောက်ဖြစ်အောင် ကျောင်းသားများ ဆောင်ရွက်ရန်။ ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက သဘောတူညီကြောင်း”

“ဤမြို့လုံးကျွတ် အစည်းအဝေးကြီး အပြီးတွင် စည်းကမ်းသေဝပ်စွာ လမ်းလျှောက်ကြရန် အဆိုတင်သွင်းကြောင်း။”  ကိုယ်စားလှယ်ထုကြီးက ထောက်ခံအတည်ပြုကြ၏။
“ဓနရှင်အစိုးရ – ပျက်စီးပါစေ”
“အလုပ်သမားအရေး ဖြေရှင်းပေး”
“သခင်မျိုးဟေ့ – တို့ဗမာ”
“ အရေးတော်ပုံ – အောင်ရမည်”
“ မီးတုတ် မီးတုတ်- ရှို့ရှို့”
“ သေမြေကြီး – ရှင်ရွှေထီး”
“ ဘေးနဲ့ကြုံ – ရဲဂုဏ်ပြ”
“ မီးတုတ်ကြီးရဲ့ အလင်းရောင် – ဗမာပြည်ဘောင် ထွန်းပြောင်စေသား”
“ မီးတုတ်ကြီး ရောက်လေရာ – တိုင်းပြည်ကျေးရွာ အေးပါစေသား”
“အရေးတော်ပုံ အောင်ရမည်” ‘မဟာလောကရံသီ အိမ်တော်ရာဘုရားအတွင်း’ ကြွေးကြော်သံများဖြင့် ညံ၍နေသည်။
(၆)

ပုလိပ်ဌာနတွင် ဆရာကြီး ဦးရာဇတ်၏ လူယုံများရှိ၏။ ဆရာကြီးမှ မွေးထားခြင်း ဖြစ်သည်။ ပုလိပ်အင်စပတ်တော် ဦးသိန်း (မျက်လုံးသိန်း) နှင့် နာမည်တူ ပုလိပ်အင်စပါတ်တော် ဦးသိန်း (ဂန်းသိန်း) တို့ဖြစ်သည်။ သူတို့ ၂ ဦးထံမှ ဆရာကြီး သတင်းများရ၏။ ၁၃ဝဝ ပြည့် မန္တလေးလူထု ချီတက်ဆန္ဒပြ စီတန်းလမ်းလျှောက်မည့်ပွဲအား အာဏာပိုင်တို့သည် ချေမှုန်းလိမ့်မည်။
မျက်ရည်ယိုဗုံးများနှင့် ပစ်မည်။ ရိုင်ဖယ်သေနတ်များနှင့် ပစ်ခတ်မည်။ ဆရာကြီး ဦးရာဇတ်က သတင်းအတိအကျ ရ,ထား၏။ ဆရာကြီး သည် သူရ,ထားသည့် သတင်းအား သိသင့်သည့် သံဃာခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များအား ပေး၏။
၁၃ဝဝ ပြည့် မန္တလေးအရေးတော်ပုံ၏ လူထုချီတက်ဆန္ဒပြမည့် ဆုံရပ်က အိမ်တော်ရာ ဘုရားတွင် ဖြစ်သည်။ ဗဟိုအမျိုးသား အထက်တန်း ကျောင်းမှ သပိတ်တပ်ကြီး အိမ်တော်ရာဘုရားသို့ မချီတက်မီ ဆရာကြီးသည် သပိတ်မှောက်စခန်းသို့ ရောက်လာပြီး၊ သပိတ်မှောက် ကျောင်းသား များနှင့် တွေ့၍ သပိတ်မှောက် ကျောင်းသားများအား အမှာစကားဆို၏။
“အရာရာ မိုက်ရူးရဲ မလုပ်ကြနဲ့၊ သတိ၊ ဝီရိယရှိရှိနဲ့ နယ်ချဲ့အစိုးရကို ရင်ဆိုင်ကြ၊ ဇာတိသွေး ဇာတိမာန်တွေပြကြ။ ဒီနေ့တော့ ပစ်မယ်ခတ်မယ်ဆိုတဲ့ သတင်းတွေ ရထားတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေက ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကြ။ အရေးတစုံတရာ ရှိရင် ကျောင်းကိုသာ ပြန်ခဲ့ကြ”
ပြီးလျှင် ကျောင်းသားများ၏ စိုးရိမ်နေသည့် စိတ်အား ပေါ့ပါးစေရန် ရယ်မောဖွယ်ရာများ အား ပျက်လုံးထုတ်၍ သပိတ်မှောက် ကျောင်းသား များအား ရဲဆေးတင်ပေး၏။

“ဟေ့ ထွန်းဝင်း၊ မင်းကို နယ်ချဲ့စစ်တပ်က ပစ်ရင် မင်း ဘာလုပ်မလဲ ”
“ထွက်ပြေးမှာပေါ့ ဆရာကြီး”
“ အေး ကောင်းတယ်”
ဆရာကြီး သည် သပိတ်မှောက်ကျောင်းသားတို့၏ စိုးရိမ်ပူပန်နေမှုအား ပေါ့ပါးစေရန် ပြောဆို၍ အားမွေးပေး၏။
‘ထွန်းဝင်း’ ဟူသည့် ကျောင်းသားက ဆရာကြီး၏ ကျောင်းမှ ကျောင်းဆရာ ရွှေပြည်ဦးဘတင်၏ သားဖြစ်သည်။ အလယ်တန်းကျောင်းသား သပိတ်မှောက် ကျောင်းသားလေး ဖြစ်သည်။
(၇)

၁၃ဝဝ ပြည့် တပို့တွဲလပြည့်ကျော် ၇ ရက်၊ ၁၉၃၉ ခုနှစ် ဖေဖော်ဝရီလ ၁ဝ ရက်နေ့တွင် မန္တလေးလူထု သပိတ်ကြီးသည် အိမ်တော်ရာဘုရားမှ တဆင့် မန္တလေးမြို့အတွင်းသို့ ချီတက်လမ်းလျှောက် ဆန္ဒပြရန် ထွက်ခွာခဲ့ကြ၏။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းကမ်းသေဝပ်စွာနှင့် ချီတက်ကြ၏။
သို့သော်၊ အာဏာပိုင်များက အရေးတော်ပုံတပ်သားများအား ပစ်ခတ်သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်၏။ ၁၃ဝဝ ပြည့် မန္တလေး အရေးတော်ပုံ စစ်ကြောင်းကြီးများ ၂၆ လမ်းနှင့် လမ်း ၈ဝ အဆုံ၊ ၂၆ လမ်း၊ လမ်းမကြီးတွင် အာဏာပိုင်များက၊ လက်နက်ကိုင်တပ်သားများနှင့်  အရေးတော်ပုံ တပ်သားများအား ပိတ်ထားလိုက်၏။
ပစ်ခတ်မှုကြောင့် သံဃာ့အာဇာနည်များ၊ လူအာဇာနည်များ စုစုပေါင်း ၁၇ ဦး ကျဆုံး ခဲ့ရ၏။ ကျဆုံးခဲ့ရသည့် အာဇာနည်အပေါင်း၏ အလောင်းများအား၊ ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသား အထက်တန်း ကျောင်းသို့ သယ်လာခဲ့ကြ၏။ ကျောင်းဝင်း အတွင်း၌ကား အာဇာနည်တို့၏ အလောင်းများဖြင့်။
ပြီးလျှင် ပစ်၏။
တကြိမ်၊
ဒုတိယအကြိမ် ထပ်၍ပစ်၏၊
တတိယအကြိမ် ထပ်၍ပစ်ပြန်၏

ပစ်ခတ်မှုကြောင့် သံဃာ့အာဇာနည်များ၊ လူအာဇာနည်များ စုစုပေါင်း ၁၇ ဦး ကျဆုံးခဲ့ရ၏။ ကျဆုံးခဲ့ရသည့် အာဇာနည် အပေါင်း၏ အလောင်းများအား၊ ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းသို့ သယ်လာခဲ့ကြ၏။ ကျောင်းဝင်းအတွင်း၌ကား အာဇာနည်တို့၏ အလောင်းများဖြင့်။
သပိတ်မှောက် ခေါင်းဆောင်များသည်လည်း မည်သို့ရှေ့ဆက်စီစဉ်ရမည်ကို မတွေးမခေါ်တတ်ကြ။ သွေးပူ၍နေကြသည်။ တိုက်ပွဲအား မည်သို့ချဲ့မည်နည်း။ ဤသည်အား မစဉ်စားနိုင်ကြ။ ဤတွင် ဆရာကြီး ဦးရာဇတ်သည် သူ၏ တပည့် ကျောင်းဆရာများဖြစ်သည့် ဆရာ ဦးထွန်းမောင်နှင့် ဆရာဦးခင်မောင်ကလေးတို့အား ညွှန်ကြားသည်။
“အမျိုးသားကျောင်းက သပိတ်ကိစ္စအထိပဲ ပတ်သက်တယ်။ အိမ်တော်ရာမှာ ကျင်းပတဲ့ လူထုအစည်းအဝေးကြီးက တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ ပြဿနာကို ကိုင်တွယ်ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီအလောင်းတွေ၊ ဒီကျောင်းမှာ ထားတာထက် မူလအစည်းအဝေးကျင်းပတဲ့ နေရာမှာ ပြောင်းရွှေ့ထားတာ ပိုပြီး ကျယ်ပြန့်တဲ့အသွင်ကို ဆောင်လိမ့်မယ်။ နောက်ထပ်လည်း အလောင်းတွေ ဘယ်လောက်ရောက်လာဦးမယ် မသိဘူး။ အလောင်းတွေ ပြင်ရပြုရမှာရယ်၊ လူထုတွေ ဝင်ထွက်ပြီး ဈာပနပွဲကိစ္စ ကျင်းပရမယ့် ကိစ္စတွေရယ်၊ ဒီတော့ ကျောင်းက ကျဉ်းတယ်၊ အလောင်းတွေ သဂြုင်္ိဟ်ဖို့ ကိစ္စတွေကိုလည်း မြို့မိ၊ မြို့ဖတွေနဲ့ တိုင်ပင်ပြီး စည်းကားသိုက်မြိုက်စွာ အခမ်းအနားပြင်၊ ဒီလိုဆောင်ရွက်တာဟာ တပြည်လုံး အတိုင်းအတာကို ဆောင်လိမ့်မယ်။ တို့ကျောင်းထဲမှာ လုပ်တာထက် အရာရာသင့်မြတ် ကောင်းမွန်လိမ့်မယ်။ ဒီကြားထဲ ဆရာကြီး အနေနဲ့ လိုအပ်သလို ဆောင်ရွက်ပေးမယ်”
ဆရာကြီး ဦးရာဇတ်သည် တမျိုးသားလုံးနှင့် သက်ဆိုင်သည့် အရေးတော်ပုံတိုက်ပွဲအား မည်သို့ တဆင့်တက်၍ လျှောက်လှမ်းရမည်ကို ရိုးရိုး ရှင်းရှင်းပင် ညွှန်ကြား၏။
ဆရာကြီး ဦးရာဇတ် ကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၆၃ နှစ် ပြည့်လေပြီ။ ဂုဏ်ရောင်ပြောင်သည့် ၁၃ဝဝ ပြည့် မန္တလေးအရေးတော်ပုံကြီးနှင့် ဆရာကြီး ဦးရာဇတ်၏ ရာဇဝင်ကျောက်စာတိုင်များက မားမားခိုင်ခိုင်နှင့် မြန်မာ့သမိုင်းစဉ်တွင် ထွန်းပြောင်၍နေဆဲဖြစ်၏။
ကိုးကား
-       ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဆရာကြီး ဦးရာဇတ် အတ္ထုပတ္တိ (ပထမတွဲ)
-       ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ မန္တလေး ၁၃ဝဝ ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့


Ref: http://burmese.b-m-a.org/?p=422

ယူကေရောက် မြန်မာမွတ်စလင်များ သုခဆေးခန်းသို့ ငွေလှူဒါန်း


ယူကေရောက် မြန်မာမွတ်စလင်များမှ နာရေး ကူညီမှုအသင်း ( ရန်ကုန် ) မှ ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် ဆေးခန်း မျက်စိခွဲစိတ်ခန်းအတွက် ငွေကျပ် နှစ်ဆယ့်သုံးသိန်း ငါးသောင်း ကျပ် တိတိ လှုဒါန်း ခဲ့ပါသည်။

Ref: http://burmese.b-m-a.org/?p=1163