Saturday, January 15, 2011

ပုံမှန် သွေးလှူဒါန်းနေသော သွေးလှူရှင်များနေရာတွင် လူငယ် သွေးလှူရှင်များဖြင့် အစားထိုးနိုင်ရန် စည်းရုံး လုပ်ဆောင်လာ

Ref: http://www.news-eleven.com/index.php?option=com_content&view=article&id=4309%3A2010-08-16-06-43-55&Itemid=160

သွေးသွင်းကုသမှုများတွင် အသုံးပြုမည့်သွေးများသည် စေတနာ သွေးလှူရှင်များထံမှ ၁၀၀ ရာခိုင်နှုန်း လှူဒါန်းထားသော သွေးသာဖြစ်ရမည်ဟု တာဝန်ယူထားသော ပုံမှန်သွေး လှူဒါန်းနေသည့် သွေးလှူရှင်များ၏ အသက်များမှာ ၆၀ သို့ နီးလာပြီဖြစ်၍ ငယ်ရွယ်သော လူငယ်လူရွယ်များဖြင့် အစားထိုးနိုင်ရန် ဦးတည်လုပ်ဆောင်လာကြောင်း အမျိုးသား သွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

    'ဇွန်လကစပြီး လူငယ်သွေးသန့် အလှူရှင်တွေကို အဓိကထားပြီး သွေးလှူဒါန်းဖို့ စည်းရုံးလုပ်ဆောင် နေပါတယ်။ ပုံမှန်သွေးလှူဒါန်းနေတဲ့ သွေးလှူရှင်တွေက အသက်ကြီးလာတော့ မလှူနိုင်ကြတော့ဘူး"ဟု အမျိုးသားသွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

    ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတွင် ကွန်ပျူတာတက္ကသိုလ်၊ မှော်ဘီ GTC ၊ သန်လျင် GTC၊ လှိုင်သာယာ GTC၊ မအူပင် GTC၊ သမ၀ါယမ ဒီဂရီကောလိပ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် စသည့် လူငယ်များ များပြားသည့်နေရာများသို့ ဦးတည်၍ သွေးလှူဒါန်းပွဲများ ပြုလုပ်လာကြောင်း သိရသည်။

    အဆိုပါ သွေးသန့်လူငယ်များမှ သွေးပုလင်းများ စုဆောင်းခြင်းကို ဇွန်လ ၁၄ ရက်နေ့မှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းသွေးလှူရှင် လူငယ်များ စုဆောင်းရာတွင် လိုအပ်သော အထောက်အပံ့များကို လှူဒါန်းပေးလျက်ရှိသော အလှူရှင်များဖြစ်သည့် စန္ဒီပရဆေးမိသားစု၊ ဘုရင့်နောင်ဈေး သာယာရေးအဖွဲ့၊ မြန်မာဘရူဝါရီ လီမိတက်၊ ဖြူစင်မေတ္တာ သွေးလှူရှင်အဖွဲ့၊ ရွှေပါရမီအဖွဲ့ စသည့် အဖွဲ့အစည်းများမှ ပါဝင် ကူညီထားကြောင်း သိရသည်။

  မြန်မာနိုင်ငံအနေဖြင့် အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း လှူဒါန်းလျက်ရှိသော သွေးလှူရှင်များအနက် မှအသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်း ရှိ လူငယ်များပါဝင်လှူဒါန်းမှုမှာ အမျိုးအစားအလိုက် နှစ်စဉ်တိုးတက် လာကြောင်း မှတ်တမ်းများအရ သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ သွေးလှူဒါန်းမှုအချို့
ရက်စွဲ သွေးလှူဒါန်းသည့် အဖွဲ့အစည်း ဦးရေ သွေးပုလင်းပေါင်း
ဇူလိုင်လ ၃ ရက် ဘုရင့်နောင်ဈေး ၄၀၉ ၄၀၉ ပုလင်း
ဇူလိုင်လ ၉ ရက် MRCS ၁၂ ၁၂ ပုလင်း
ဇူလိုင်လ ၁၂ ရက် လှိုင်သာယာ GTC ၁၄၇ ၁၄၇ ပုလင်း
ဇူလိုင်လ ၁၃ ရက် Chatrium Hotel ၁၈ ၁၈ ပုလင်း
ဇူလိုင်လ ၁၅ ရက် မအူပင် GTC ၃၅ ၃၅ ပုလင်း
ဇူလိုင်လ ၁၆ ရက် သမ၀ါယမဒီဂရီကောလိပ် ၈၀ ၈၀ ပုလင်း
ဇူလိုင်လ ၁၈ ရက် မြန်မာမွတ်စလင် လူငယ်များဘာသာရေးအဖွဲ့ ၂၇၅ ၂၇၅ ပုလင်း
ဇူလိုင်လ ၂၂ ရက် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ၅၉ ၅၉ ပုလင်း
ဇူလိုင်လ ၂၆ ရက် CMA သွေးလှူဒါန်းအဖွဲ့ ၂၀၆ ၂၀၆ ပုလင်း
ဇူလိုင်လ ၃၀ ရက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၂၂၅ ၂၂၅ ပုလင်း

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)