Monday, March 12, 2012
ဗုဒ္ဓဘာသာမြစ်ဖျားနှင့် သမိုင်းရှုထောင့်ဆိုတဲ့ စာအုပ်အကြောင်း
ဗုဒ္ဓဘာသာမြစ်ဖျားနှင့် သမိုင်းရှုထောင့်ဆိုတဲ့ စာအုပ်မှာပါတင်ပြထားတဲ့ သမိုင်းအကြောင်းကို ဖတ်ပြီးတော့ ပြောချင်စရာ စကားလေးတွေ ဖြစ်လာပြန်ရော....
မြန်မာလူမျိုးကတော့ သနားဘို့ တစ်ကယ်ကောင်းတယ်လို့ မြင်မိပါတယ်။ ဗဟုသုတ ဖြစ်လာမလား- လူဝင်ဆန့် လာမလားလို့ စာပေလေ့လာသူတွေခမြာ- ဒီလိုသမိုင်းလိမ်တွေနဲ့တိုးတော့ ရလာတဲ့ ဗဟုသတက မှားနေတယ်လေ။ ကျွန်တော်က အမှန်ကို အမှန်ပဲ ဖြစ်စေချင်တယ်- တစ်ကယ်လို့ မွတ်စလင်က တိုက်ခဲ့လည်း တိုက်ခဲ့တယ်ပေါ့။ ဒါဟာ နိုင်ငံရေးပဲ။ စစ်တိုက်သူက သူ့ကိုယ်သူ မွတ်စလင်လို့ပြောတိုင်း အစ္စလာမ်က တိုက်ခိုင်းတာမှ မဟုတ်တာ။ ၂၀၀၆ ခုနှစ်က ဗမာဗုဒ္ဓဘာသာအစိုးရက ဗမာဘုန်းကြီးများကို ရိုတ်ထောင်း သတ်သေးတာပဲ။ အလားတူ မြန်မာတို့ ယိုးဒယားဝင်သိမ်းစဉ် (ဆင်ဖြူရှင်ခေတ်က) အယုဒ္ဓယနဲ့ စကိုထိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်း အားလုံး- စေတီပုတိုး အားလုံးကို ဖျက်ဆီးပစ်ခဲ့တာပဲ။ ဒါဟာသမိုင်းပဲလေ။
ဒါပေမယ့်သမိုင်းက ဖြောင့်မတ်ဘို့လိုပါမယ်။ ဒါမှ လေ့လာသူများက အမှန်ကိုအမှန်သိပြီး အနာဂါတ်မှာ အ ကောင်းဆုံး ဖြေရှင်းနိုင် မှာပေါ့။ အခု စာအုပ်မှာ ဖောပြတဲ့သမိုင်းကို ဖတ်ကြည့်တာ-- ကျွန်တော် စိတ်မကောင်း ဖြစ်ရတယ်။ (မွတ်စလင်များအတွက် မဟုတ်ဘူး- မြန်မာစာဖတ်ပရိတ်သပ်အားလုံးနဲ့ မြန်မာဗုဒ္ဓဘာသာများ အတွက် ဖြစ်ပါတယ်။ သူတို့ခမြာ သမိုင်းမှားတွေ သိကုန်ပြီး အတွေးခေါ် မှားတွေ ၀င်ကုန်တော့မှာပဲ။) တစ်ချက်ပဲ ထောက်ပြလိုတယ်။- သာဝတ္ထိပြည်ဆိုတဲ့ အပိုဒ်ကို ကြည့်ပါ။ ပျက်စီးခဲ့တာ ၃ ရာစုကပဲ။ ၆ ရာစုမှာ ကျန်တဲ့ အိမ်တွေ ရေထဲပါသွားပြန်တယ်။ ဒီမြို့ကို မွတ်စလင်တွေက ဖျက်ဆီးခဲ့တယ်လို့ ရေးထားတယ်။ သူ့သမိုင်းမှာပဲ မွတ်စလင်တွေ အိန္ဒိယကို ရောက်လာတာ ၁၀ ရာစု ၀န်းကျင် ဖြစ်နေပြီ။ မြို့က ပျက်သွားတာ မွတ်စလင်များ မ၀င်လာမှီ နှစ်ပေါင်း ၄၀၀ လောက်ပဲ ပျက်သွားခဲ့တယ်။ ဒါကို မွတ်စလင်တွေက ဖျက်ဆီးခဲ့တယ်ဆိုတော့-- အတော်လေးကို ခက်ပါလား။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်က ပျက်သွားခဲ့တဲ့ မြို့တစ်မြို့ကို စစ်အစိုးရ တက်လာပြီး ဖျက်လိုက်လို့ ဆိုရင်-- မခက်ပေဘူးလား။ မုန်းတယ်၊ မုန်းလို့ ၀ါဒဖြန့်တယ်ဆိုရင်လည်း အမှန်တော့ဖြစ်ဘို့ လိုတယ်လေ။ မြန်မာဗုဒ္ဓဘာသာ အယူသည်းတွေ (သာမန်လူတွေ မပါ) ဟာ ဒီလောက်တောင် အတွေးအခေါ် တိမ်ကောကုန်ပြီလားဗျာ.....
7 comments:
  1. သူငယ်ချင်း ပြောထားတဲ့စာအုပ်ကိုတော့ ကျွန်တော်မဖတ်ရသေးပါဘူး...ဒါပေမဲ့ကျွန်တော်တစ်ခုဆွေးနွေးမယ်နော်
    အောက်က စာပိုဒ်ကလေးကိုဖတ်ကြည့်ပါ...
    သာသနာသက္ကရာဇ် ၉၀၀ လောက်တွင် ဗုဒ္ဓဘာသာဝင်မင်းများ နတ်ရွာစံပြီး ဟိန္ဒူဘာသာဝင်မင်းများနန်းတက်သောကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်ဗုဒ္ဓဘာသာညှိုးမှိန်ခဲ့ရပြန်သည်။ ထိုကာလတွင်
    ဟိန္ဒူဘာသာအယူအဆများဗုဒ္ဓသာသနာထဲသို့ေ၇ာနှောလာကြပြန်သည်။ သာသနာသက္ကရာဇ် ၁၁၀၀ ခန့်တွင် ထိုဒေသကို
    ဟန်းလူမျိုးများချီတက်သိမ်းပိုက်ပြီးနောက် ရဟန်းကျောင်းတော်များ စာသင်တိုက်များ ပိဋကတ်တော်များကို ဖျက်ဆီးခြင်းသံဃာတော်များအား သပ်ဖြတ်ခြင်းများပြုလုပ်ခဲ့ရာသာသနာတော်ကြီးအထူးပင် ညှိုးနွမ်းခဲ့ရသည်။
    သာသနာသက္ကရာဇ် ၁၁၄၉ ခုနှစ်တွင် နန်းတက်သော ဟာသျှဘုရင် သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် သာသနာတော်ကို အလွန်ပင် ချီးမြှင့်ရာသာသနာတော်ပြန်လည်ထွန်းလင်းလာပြန်သည်။ ထိုမင်းလက်ထက်က နလန္ဒ ဗုဒ္ဓ တက္ကသိုလ်ကြီးသည် အလွန်ပင် ထင် ရှားကျော်ကြားသည်။ ထိုမင်းကြီးနတ်ရွာစံပြန်ရာညှိုးမှိန်လာပြန်သည်။
    သာသနာသက္ကရာဇ် ၁၅၀၀ ခန့်တွင် အိန္ဒိယနိုင်ငံမာဂဓတိုင်းကို ပါလမင်း များ အုပ်စိုးသောအခါ ဗုဒ္ဓသာသနာသည် အိန္ဒိယနိုင်ငံတွင်နောက်ဆုံး အနေနှင့်ထွန်းလင်းခဲ့သည်။ အဆိုပါမင်းများလွန်သော် အစ္စလာမ်ဝါဒီများ နိုင်ငံကို အုပ်စိုးလာရာ သာသနာတော်ကြီးသည် အေ၇ာင်မှေးမှိန် လာပြီးနောက်ဆုံးတွင်လုံးဝကွယ်ပျောက်သကဲ့သို့ဖြစ်သွားသည်။
    သူငယ်ချင်းဒီစာပိုဒ်ဟာ စွယ်စုံကျမ်းထဲက ထုတ်နုပ်ထားတာပါ... .ဖြစ်စဉ်အမှန်ကိုဘာသာရေးမျက်နှာမလိုက်ပဲတင်ပြထားတဲ့ ကျမ်းတွေ ပါ...ဘာသာရေးသွေးဆောင်တိုက်ခိုက်ထားတဲ့စာအုပ်မျိုးလည်းမဟုတ်ပါဘူး...အဲဒီအတွက် သေချာတဲ့သမိုင်းလို့ပဲ ကျွန်တော်မြင်ပါတယ်...
    ReplyDelete
  2. မိတ်ဆွေ- သမိုင်းကို ငြင်းနေရင်တော့ ပြီးမှာမဟုတ်ဘူး။
    သာသနာတစ်ခုရဲ့ ရပ်တည်နိုင်အားဆိုတာများကို လက်တွေ့စဉ်းစားစေ ချင်တယ်။ ပြီးတော့ နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားမြင်စေချင်တယ်။
    လွန်ခဲ့တဲ့ မမြင်ရတဲ့အတိတ်သမိုင်းကို မဆွေးနွေးမှီ- လက်ရှိဖြစ်နေတဲ့ လက်ငင်းဖြစ်ကိုပဲ ဆွေးနွေးပြပါမယ်။
    လက်ရှိတောင်ကိုးရီးနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ နေ့စဉ်လျှော့ပါးနေတယ်။ ခရစ်ယာန်ဘာသာက နေ့စဉ်အကြီးအကျယ် တိုးပွားနေတယ်။ ဘာဖြစ် လို့လဲ။ မိတ်ဆွေစဉ်းစားပါ။ အုပ်ချုပ်သူများက ဗုဒ္ဓဘာသာက လူများစုပါ။
    တည့်တည့် သုံးသပ်ပါ။
    (၁) ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များက- လူထုကို အကျိုးပြုနေ တယ်၊ ကျွေးမွေးနေတယ်၊ ဖျားနာသူများကို ဆေးကုပေးနေတယ်၊သူဆင်း ရဲတွေကို အ၀တ်အစားတွေ ထောက်ပံ့ပေးနေတယ်။ ကလေးတွေကိုပညာ သင်ပေးနေတယ်။ ဘ၀ရပ်တည်နိုင်စေဘို့ လက်မှုပညာ- သက်မွေး ၀မ်းကျောင်း ပညာတွေ သင်ပေးနေတယ်။
    ဒီအချိန်မှာ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်များ (ဘုန်းကြီးများ)က လူထုဆီက ဆွမ်းခံစားနေ တယ်။ တနည်းအားဖြင့် လူထုကို မကျွေး လူ ထုဆီက စားသောက်နေတယ်။ ရပ်ကွက်ထဲက အဖွားအို တစ်ဦး နေ မကောင်းဖြစ်နေတာတောင် သတင်းသွားမေးလေ့မရှိဘူး။
    ဘုန်းကြီးကျောင်းမှာ သက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးတာမရှိဘူး။ စာသင်သားဆိုလို့- ကိုရင်ဝတ်ပြီး နောက်ထပ်ဘုန်းကြီးစေတဲ့ လမ်းကိုပဲ ပို့ပေးနေတယ်။
    ဒီတော့ လူထုက ဘယ်ရာကို တိမ်းညွတ်လာမလဲ။ လူထုဆိုတာ ယုတ္တိတွေ ဘာတွေကို စဉ်းစားနေတာ မဟုတ်ဘူးနော်။
    ကဲသမိုင်းကို သုံးသပ်မယ်။
    သမိုင်းတစ်လျှောက်- ဗုဒ္ဓဘာသာများကို ကြည့်ပါ။ ဘယ်မင်းက သံဃာ အပါး ၅၀၀ ကို ဆွမ်းကွမ်း ထောက်ပံ့ခဲ့တယ်။ ဘယ်ဘုရင်က သံဃာ အပါးပေါင်း--- ၁၀၀၀ ကို ဆွမ်းကွမ်း ဆက်ကပ်ခဲ့တယ်-၊ ဆိုတာတွေ ချည်းပဲ။ အလားတူ သူ့နယ်အလိုက် နယ်ပိုင် မြို့ပိုင် သူကြီး စတဲ့ လူတွေက သက်ဆိုင်ရာ ဒေသအလျှောက် ဘုန်းကြီးများကို ထောက်ပံ့ ကူညီခဲ့လို့ ရပ်တည်နိုင်ခဲ့တာချည်းပဲ။
    ဒါက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့ မင်းများက၊ အုပ်ချုပ်သူများ ကပဲ ထောက်ပံ့မှာပေါ့။ တစ်ကယ်လို့ ဘုရင်တစ်ပါး သို့မဟုတ် အုပ်ချုပ်သူများက ဗုဒ္ဓဘာသာကို မယုံကြည်ရင် အဲ့ဒီ သံဃာတွေကို ဘယ်သူက ထောက်ပံ့မလဲ။ အထောက်အပံ့ကို မှီခိုနေရတဲ့ အဖွဲ့တစ်ခု၊ အုပ်စုတစ်ခုကတော့ အထောက်အပံ့ရပ်သွားပြီ ဆိုတာနဲ့ ပြိုလဲတော့မှာ ပဲလေ။
    ReplyDelete
  3. ဗုဒ္ဓဘာသာဟာ အိန္ဒိယက ပေါ်ထွန်းခဲ့တယ်၊ အိန္ဒိယမှာပဲ- သုံးကြိမ်တိတိ ပြိုလဲရတယ်- ဘာကြောင့် လဲ။ (၁) အာသောက နောက်ပိုင်း မင်းဖြစ် လာတဲ့ ပုတ်စ်ကျမေတ္တဘုရင်ခတ်မှာ- သူက ဗုဒ္ဓဘာသာကို မယုံကြည်တော့- ဘုန်းကြီးတွေကို ဆွမ်းကွမ်း မထောက်ပံ့ခဲ့ဘူး။ ဒါကို ဘုန်းကြီးတွေက ပြသနာရှာခဲ့တယ်၊ ပြသနာရှာတော့ ပြသနာရှာတဲ့ ဘုန်း ကြီးတွေကို နှိမ်နှင်းခဲ့တယ်။ (၂၀၀၆ ခု မြန်မာပြည်မှာ အုပ်ချုပ်သူကို ပြသနာရှာလို့ ပြသနာရှာတဲ့ ဘုန်းကြီးများကို နှီမ်နှင်းခြင်းနဲ့ ချိန်ကိုက်နားလည်ကြည့်ပါ။)
    ဒီအခါ- ဘုန်းကြီးတွေက အဲ့ဒီ မင်းကို ပုံကြီးချဲ့ပြီးမကောင်းကြောင်း ရေး သားဝါဒဖြန့်တယ်။ ဟိန္ဒူမင်း ပုတ်စ်ကျမေတ္တဟာ ဘုန်းကြီးခေါင်း တစ်ခေါင်း ရွှေဒင်္ဂါးတစ်ပြားတောင် ဆုထုတ်ခဲ့တယ်ဆိုပဲ။ (wiki မှာ ဖတ်ကြည့်ပါ။) ဒါဘုန်းကြီးတွေဘက်က ရေးခဲ့တာပါ။
    တရုတ်ပြူ (white Han) တွေ ၀င်လာတော့လည်း သူတို့က ဗုဒ္ဓ ဘာသာကို မယုံကြည်ဘူး၊ မယုံကြည်တော့ မထောက်ပံ့ဘူး၊ မထောက် ပံ့တော့ ထောက်ပံ့မှုနဲ့ ရပ်တည်တဲ့ အသိုက်အအုံ ပြိုလဲရပြန်တယ်။- ကိုယ့်ဟာကိုယ် ရပ်တည်နိုင်အောင် မကြိုးစားသူမှာ အပြစ်ရှိသလား-၊ မယုံကြည်လို့ မထောက်ပံ့သူ တွေမှာ အပြစ်ရှိသလား- မိတ်ဆွေစဉ်းစားပါ။
    အိန္ဒိယကို မွတ်စလင်းမင်းများ အုပ်ချုပ်ခဲ့တယ်ဆိုတာ သေချာပါ တယ်။ ခေတ်တိုင်းမှာ အင်အားကြီးတဲ့ နိုင်ငံက အင်အားသေးတဲ့နိုင်ငံကို လွှမ်းမိုးဘို့ လက်အောက်ခံနိုင်ငံဖြစ်စေဘို့ ကြိုးပမ်းနေတာလည်း ဓမ္မတာ တစ်ခုပါ။ စစ်ဖြစ်နေစဉ်ကာလမှ စစ်သားတွေ ခိုလှုံတဲ့အရပ်၊ ဒေသ၊ အဆောက်အဦးများက တော့ စစ်တလင်းဖြစ်မှာပါ။
    ကုန်းဘောင်ခေတ် မြန်မာဗုဒ္ဓဘာသာဝင်ဘုရင်များက ထိုင်းနိုင်ငံ အယုဒ္ဓ ယနဲ့ စခိုထိုင်း မြို့များကို ၀င်ရောက်သိမ်းပိုက်စဉ်ကလည်း ဆင်းတု၊ စေ တီ၊ ဘုန်းကြီးကျောင်း အားလုံးနီးပါး ဖျက်ဆီးခဲ့တာပဲ။ အခုထိ ထိုင်းများ က အမှတ်တရ ထားပါတယ်။
    မွတ်စလင်များ စစ်ဖြစ်ရတာက- ဗုဒ္ဓဘာသာမင်းများ၊ ဒီတော့ မွတ်စ လင်စစ်သည်များက ဗုဒ္ဓဘာသာဘက်က သူတို့နဲ့ စစ်တိုက်တဲ့ စစ် သားတွေ စစ်ဖြစ်စဉ်ကာလမှာ ခိုလှုံတဲ့နေရာကို တိုက်ခဲ့တယ်ဆိုတာကို လည်း ငြင်းစရာမရှိဘူး။ လက်ရှိလည်း ကမ္ဘာမှာ ဒီအတိုင်း ဖြစ်နေတာပဲ။
    ဒါပေမယ့်- ဗုဒ္ဓဘာသာမှန်ရင် အကုန်သတ်ခဲ့သလား၊ သို့မဟုတ် မယုံ ကြည်လို့ ဆွမ်းကွမ်း မထောက်ပံ့ မထောက်ပံ့လို့ အဲ့ဒီ ၀ါဒ ပြိုလဲသွားရ သလား- ဆိုတာတော့ သေချာအောင် တွေးစေလိုတယ်။ အဲ့ဒီခေတ် နဲ့ ခေတ်ပြိုင်လောက်မှာ မြန်မာပြည်မှာလည်း- အရိယတွေကို အနော်ရ ထာက အတင်းနှိမ်နှင်းပစ်ခဲ့ပြီး ရှင်အရဟံရဲ့ ဗုဒ္ဓ၀ါဒကို အတင်းရိုက်သွင်း ခဲ့တာပဲ မဟုတ်လား။ ပြီးတော့ သမိုင်းမှာ အရိယ ဆိုတာတွေကို အ ရည်းကြီးတွေလို့ပါ နာမည်ဖျက်လိုက်သေးတယ်။
    ReplyDelete
  4. ဗဟုသုတ ထည့်ပြောပါမယ်။ အရိယဆိုတာ အရိယာ သစ္စာလေးပါး သည်သာ အမြတ်ဆုံးလို့ ခံယူခဲ့တဲ့ မဟာယန ဗုဒ္ဓဘာသာ ဂိုဏ်းတစ် ခုဖြစ်တယ်။ ကုန်းဘောင်ခေတ်က စလေဦးပုညရဲ့ ကဗျာကြောင့် နောက် လူတွေရဲ့ ခေါင်းထဲမှာ လူဆိုးလူမိုက်စာရင်းဝင်သွားရတာဆိုပါတော့။-
    သူတို့ထဲမှာ အကျင့်ပျက် မိန်းမနဲ့ ပတ်သက်ခဲ့သူတွေ ရှိမှာပဲ။ အခုခေတ် ဘုန်းကြီးထဲမှာလည်း မိန်းမနဲ့ ပတ်သက်သူတွေ၊ ရှိတာပဲ။ ဒါက တစ်ဦး ချင်းရဲ့ ကိုယ်ကျင့်နဲ့ဆိုင်တဲ့ ကိစ္စပဲ။ သူတို့ကို နှိမ်နှင်းချင်တော့ သူတို့ထဲက မကောင်းမှုကို ထုတ်ပြတာပဲ။
    သူတို့ထဲမှာလည်း တစ်ကယ့် လူထုအကျိုးပြု ပုဂ္ဂိုလ်တွေ ရှိခဲ့တာပဲ။ ရှင် အစ္ဇဂေါဏတို့ ရှင်မထီးတို့ ဆိုတာ အခုအချိန်ထိ မြန်မာလူထုကို လွှမ်း မိုးနေဆဲ ဆိုတာလောက်ကို ခြင်ဆင်ပေါ့။
    ဒါကြောင့် သမိုင်းတော့ ဟုတ်တယ်၊ အဲ့ဒီ သမိုင်းကို ဘယ်ရှုဒေါင့်က တင်ပြတာလဲ။ ဘယ်သူက မှတ်တမ်းတင်သလဲ။ ဘာရည်ရွယ်ချက်နဲ့ တင်ပြနေတာလဲ--- ဆိုတာများကို ရိုးရိုးသားသား လေ့လာစူးစမ်းပါ။
    အပြစ်သဘောနဲ့ ထောက်ပြကြေး ဆိုရင် မြန်မာဗုဒ္ဓများက ကြီးနိုင်ငယ် ညှင်းလုပ်တာ၊ ခရစ်ယာန် လက်ဝါးကပ်တိုင်များ၊ ဘုရားကျောင်းများ၊ ဗလီများ၊ ဂိုဏ်းမတူတဲ့ ဘုန်းကြီးကျောင်းများကို တိုက်ခိုက် ဖျက်ဆီးကြ တာ-၊ ပူပူနွေးနွေး မှတ်တမ်းမှတ်ရာများနဲ့ ရှိနေပါတယ်။
    ReplyDelete
    Replies
    1. ဗုဒ္ဓဘာသာများက ခရစ်ယာန်လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီးတာ ဗလီတွေကိုဖျက်ဆီးတာနဲ့ မူစလိမ်များက ခရစ်ယာန်ဘုရားကျောင်းများကိုဖျက်ဆီးတာ ဘုန်းကြီးကျောင်းများကိုဖျက်ဆီးတာ ဘယ်အရာကပိုများသလည်း။ လက်ရှိနှစ်ပေါင်း၁၀၀ အတွင်းမှာပဲ မူစလင်တွေကမ္ဘာအရပ်ရပ်မှာ ဘယ်လောက်ဖျက်ဆီးခဲ့ကြသလည်းဆိုတာ အောက်က စာရင်းလေးကိုကြည့်လိုက်ပါဦး။ ဒါအကုန်တော့မဟုတ်သေးပါဘူး လက်လှမ်းမှီသလောက်ပြုစုထားတာပါ..
      Delete
    2. ကမ္ဘာအရပ်ရပ်ရှိ မူစလင်များ၏ဘာသာခြားများအပေါ်တွင် လူမျိုးတုန်း သတ်ဖြတ်မှုများ
      ++++++++++++++++++++++++++++++++++++++++++++++++++++++++
      ထိုင်းနိုင်ငံ
      ၂၀၀၄ ခုနှစ်မှစ၍ အစ္စလာမ်မစ်ပြည်နယ်ထူထောင်ရန်ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာ ၅၀၀၀ကျော်အား ဂျီဟတ်ဆင်နွဲ၍သတ်ဖြတ်ခဲ့သည်။
      http://www.thenational.ae/arts-culture/thailands-secessionist-muslim-insurgency-escalates
      ဖီလစ်ပိုင်
      ၁၉၈၉ မှစ၍ လူပေါင်း ၆၀၀၀ကျော်ကိုသတ်ဖြတ်ခဲ့သည်။ လွန်ခဲ့သည့်သီတင်းပါတ်များက လူပေါင်း ၆၂၀၀၀ကိုဒုက္ခသည်အဖြစ်ဖန်တီး၍ အစ္စလာမ်မစ်နိုင်ငံအဖြစ်ခွဲထွက်ရန်ကြိုးပမ်းခဲ့ကြသည် ။
      http://en.wikipedia.org/wiki/Islamic_insurgency_in_the_Philippines
      ဆူဒန်
      ပထမနှင့် ဒုတိယပြည်တွင်းစစ်နှစ်ခုလုံးတွင် လူပေါင်း ၂.၅သန်းဝန်းကျင်ခန့်သတ်ဖြတ်ခဲ့ကြသည်။ သေဆုံးသူ အများစုမှ တောင်ဆူဒန်မှ အာဖရိကန်များနှင့် ခရစ်ယန်ဘာသာဝင်များဖြစ်ကြသည်။
      http://en.wikipedia.org/wiki/Second_Sudanese_Civil_War
      http://en.wikipedia.org/wiki/First_Sudanese_Civil_War
      http://en.wikipedia.org/wiki/Slavery_in_Sudan
      အင်ဒိုနီးရှား
      ၁၉၆၅-၅၆ ခုနှစ်များတွင် ကွန်မြူနစ် ဆန့်ကျင်ရေးအကြောင်းပြချက်ဖြင့် မူစလင်မဟုတ်သော တရုတ်အများစုပါဝင်သည့် လူဦးရေ ၅ သိန်းမှ ၁ သန်းကြားသတ်ဖြတ်ခံခဲ့ရသည်။
      ၂၀၁၂ခုနှစ်တွင် Joshua Oppenheime ၏ စရင်းပြုစုမှုများအရ ၄င်းသတ်ဖြတ်မှုတွင် လူဦးရေ ၁သန်းမှ၃သန်းဝန်းကျင်ရှိသည်။
      ထို့ပြင်အရှေ့တီမောနိုင်ငံ၌ ၁သိန်းခွဲမှ၂သိန်းကြားရှိခရစ်ယာန်များသတ်ဖြတ်ခံခဲ့ရသည်။
      http://en.wikipedia.org/wiki/Indonesian_killings_of_1965–66
      http://en.wikipedia.org/wiki/Indonesian_invasion_of_East_Timor
      Delete
    3. ပါကစ္စတန်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်
      ၁၉၄၈ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ ဟိန္ဒူ ၁သန်းခန့်အသတ်ခံခဲ့ရသည်။
      ၁၉၆၄ ခုနှစ်တွင် အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်)၌ ဟိန္ဒူ၅၀၀၀မှ ၂၀၀၀၀ကြားအကြမ်းဖက် သတ်ဖြတ်ခံရပြီး အိုးအိမ်ပေါင်း ၂၃၀ ၀၀၀ ကျော်ဖျက်ဆီးခံရကာ ၁သန်းခန့် အမြဲတမ်းဒုက္ခသည်များဖြစ်ခဲ့ရသည်။
      ၁၉၇၁ အရှေ့ပါကစ္စတန်ခွဲထွက်ရေး စစ်ပွဲတွင် လူဦးရေ ၃ သန်းခန့်သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရမှပြောကြားခဲ့ပြီး သတ်ဖြတ်ခံရသူ အများစုမှာ ဟိန္ဒူဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် အခြား လူမျိုးစုငယ်များဖြစ်ကြသည်။
      ၈ သန်းမှ ၁၀ သန်းကြားရှိ ဟိန္ဒများမှာ အမြဲတမ်းဒုက္ခသည်များဖြစ်သွားကြသည်။
      ၁၉၄၈ ခုနှစ်မှစ၍ ပါကစ္စတန်နိုင်ငံတွင် ဟိန္ဒူလူဦးရေမှာ ၂၀ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့သည်။
      http://voiceofdharma.org/books/tcqp/
      http://en.wikipedia.org/wiki/Persecution_of_Hindus#By_Arabs
      http://en.wikipedia.org/wiki/1964_East_Pakistan_genocide
      http://en.wikipedia.org/wiki/1971_Bangladesh_genocide
      တူရကီ
      ၁၉၁၅မှ ၁၉၂၀ကြားတွင် ခရစ်ယာန်ဘာသ၀င်များနှင့် မူစလင်မဟုတ်သောလူ၂.၅သန်းမှ၃ သန်းကြားလူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရသည်။
      လွန်ခဲ့သည်နှစ်ပေါင်း၃၀ခန့်ကကဒ်လူမျိုး၄၀ ၀၀၀ကျော်သတ်ခံခဲ့ရသည်။
      http://en.wikipedia.org/wiki/Armenian_Genocide
      http://en.wikipedia.org/wiki/Greek_genocide
      http://en.wikipedia.org/wiki/Assyrian_genocide
      http://en.wikipedia.org/wiki/Human_rights_of_Kurdish_people_in_Turkey
      အာရပ်နိုင်ငံများတွင် မူစလင်မဟုတ်သူများအာ ရှင်းလင်းသုတ်သင်ခြင်းများ
      --------------------------------------------------------------------
      အီရတ်တွင် ခရစ်ယာန်၅၀၀ ၀၀၀ ကျော်အားဖယ်ရှားပေးရန်ဖိအားပေးခံရသည်။
      အီဂျစ်တွင် မူစလင်ညီနောင်များအဖွဲ၏ လှုပ်ရှားမှုဖြင့် ခရစ်ယာန် ၁၀၀ ၀၀၀ ဖိအားပေးဖယ်ရှားခံရသည်။
      ဆီးရီးယားတွင် မူစလင်များ၏ ဖိနှိပ်မှုများကြောင့် ခရစ်ယာန်လူဦးရေမရှိသလောက်ဖြစ်သွားသည်။
      ဂါဇာတွင်လည်း ဆီးရီးယားကဲ့သို့ကြုံနေရသည်။
      မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီးစအချိန်တွင် မူဂျာဟစ်သောင်းကျန်းသူများမှ ရခိုင်မြို့ရွာများအား စီးနင်းတိုက်ခိုက်၍ ရခိုင်လူမျိုးသောင်းနှင့်ချီသတ်ဖြတ်ခံခဲ့ရသည်။
      နိဂုံးချုပ်အနေနှင့်မူစလင်များ၏ လူမျိုးတုန်းသတ်ဖြတ်မှုများကိုခြုံကြည့်လျင်
      ၁။ လွန်ခဲ့သည့်နှစ် ၁၀၀ အတွင်းမူစလင်မဟုတ်သူ ၉သန်းကျော် လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရသည်။
      ၂။ နိုင်ငံပေါင်းများစွာရှိ မူစလင်များသည် ၄င်းတို့မူစလင်ကြီးစိုးသောဒေသများတွင် ဘာသာခြားများလျှော့နည်းစေရေးအတွက် သုတ်သင်ရှင်းလင်းရန်ခံယူချက်ရှိသူများဖြစ်ကြသည်။
      ၃။လူမျိုးတုန်းသတ်ဖြတ်ခြင်း၏အဓိက ရည်ရွယ်ချက်မှာ မူစလင်မဟုတ်သူများနေရာတွင် မူစလင်များနှင့်အစားထိုးရန်ဖြစ်သည်။
      ၄။ မူစလင်နိုင်ငံများ(သို့) မူစလင်အများစုရှိသောနိုင်ငံများတွင် မူစလင်မဟုတ်သူများအား အစ္စလာမ်မစ်ဥပဒေများကို လိုက်နာရန် ဥပဒေများပြဌာန်းထားကြသည်။ ထိုသို့သောခွဲခြားဆက်ဆံမှုများကို အစ္စာမ်မစ်နိုင်ငံအားလုံးတွင် တွေ့ရသည်။
      ref:Islam Exposed (the truth about Islam)
      https://www.facebook.com/TheIslamicThreat
      Delete
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)