Wednesday, March 14, 2012

အိုင်စတိုင်းလ် နှင့် ဘာသာတရား

မေး။
အိုင်စတိုင်းလ်က ပြောတယ်- ကမ္ဘာမှာ ဖန်ဆင်းရှင် ၀ါဒပျောက်ဆုံးလိမ့်မယ်- သဘာဝတရားကို ကိုယ်စားပြုတဲ့ သဘာဝနဲ့ ကိုက်ညီတဲ့ ဗုဒ္ဓဘာသာ တစ်ခုပဲ နောက်ဆုံး ရပ်တည်လာလိမ့်မယ်-။

ဖြေ။
ကျွန်တော်လည်း သဘာဝနဲ့ ကိုက်ညီတဲ့ ဘာသာတရားကို လက်ခံချင်ပါတယ်။ လေ့လည်း လေ့လာနေပါတယ်။ တကယ်လို့ အိုင်စတိုင်းပြောသလို ဗုဒ္ဓဘာသာက သဘာဝနဲ့ကိုက်ညီသလား မကိုက်ညီဘူးလားဆိုတာ ကျွန်တော်ကိုယ်တိုင် မသိသေးပါ။ ဒါကြောင့် မေးမြန်းလာသူအနေနဲ့ ကြိုးစားပြီး ကျွန်တော့ကို သက်သေပြပေးနိုင်ရင် ကျေးဇူးတင်ပါတယ်။

အိုင်စတိုင်းက ရူပသင်္ချာရှင်ပါ။ ဘာသာရေးပညာရှင် မဟုတ်ပေဘူး။ သူက ဂျူး ဘာသာဝင်ဖြစ်တယ်။ ဘာသာရေးကို သူ့မိရိုး ဖလာလောက်ပဲ သိခဲ့တယ်။ သူ့မိရိုးဖလာ ဂျူးလူမျိုးတွေ က ခံစား ယုံကြည်တဲ့ ဖန်ဆင်းရှင်ဘုရားဆိုတာ တိုရာဟ်ကျမ်းမှာ ပုံဖေါ်တဲ့ ဣိသရေလူမျိုးတို့ ကိုယ်ပိုင်ဘုရားနဲ့  သူ့ ပတ်ဝန်းကျင်ကပြောဆိုနေတဲ့ ရှေးရောမလူမျိုးတို့ဖွင့်ဆိုတဲ့ ကောင်းကင်နိုင်ငံတော်က ဘုရားမျှသာ ဖြစ်ပါ တယ်။ သူ့အနေနဲ့ အစ္စလာမ်သာသနာရဲ့ဒသနနဲ့ ပရမတ်ဘုရားဆိုတာကို သိမှမသိခဲ့တာပဲ။ ပြီးတော့ ပိဋကတ် ကျမ်းစာကိုလည်း အစအဆုံးမဖတ်နိုင်ခဲ့ကြောင်း သူ့စကားကသက်သေပြပါတယ်။

ကွန်မြူနစ်တွေခေတ်စားတဲ့ ကာလမှာ အိုင်စတိုင်းက ကြီးပြင်းခဲ့တယ်။ ကွန်မြူနစ်ခေါင်းဆောင်ကြီး ကားလ်မစ်လည်း ဂျူးပါ။ ဆိုဗီယက် ယူနီယံဖခင်ကြီး လီနင်လည်း ဂျူးပဲလေ။- ဂျူးလူမျိုးက lobby လုပ်တဲ့နေရာမှာ သိပ်ထူးချွန်တယ်။ အဲ့ဒီကာလ မှာ ပိဋကတ်ကို စေ့စုံအောင် မဖတ်ဘူးရှာတဲ့ ဗုဒ္ဓဘာသာခေါင်းစဉ်အောက်က ပညာရှင်တွေက ကြားဘူးနားဝ အလိုက်သင့် တရားလေးများကို သဘာဝကျကျ မွမ်းမံပြီး ဘာသာရေး အဖြေတွေပေးခဲ့တာကိုပဲ အိုင်စတိုင်းက ကောက်ချက်ချပြောခဲ့တဲ့ စကားပါ။ 

ဒါကိုလည်း အိုင်စတိုင်းပြောတဲ့ Buddhism answers this description က ထောက်ပြနေတယ်။ မေးလာသူ လက်ခံထားတဲ့ ဗုဒ္ဓအဆုံးအမ အရပဲ “သူများ ပြောတိုင်းလည်း မယုံနဲ့၊ ဆရာသမားမိဘပြောတိုင်းလည်း မယုံနဲ့၊ ငါဘုရားဟောတိုင်းလည်း မယုံ နဲ့- လက်တွေ့ နဲ့ ကိုက်ညီမှ ယုံကြည်ပါ-” လို့ ပြောထားတဲ့ ကာလာမသုတ်ကို မေးလာသူ ပြန်သတိရပါ။

3 comments:

  1. ကုရဘာနီကိုတွေးပါ ၊ဒါဟာယစ်ပူဇော်ချင်းပါ ၊ဆွာကြီးရဲ့ လုပ်ရပ်ကိုယ်ကျင့်တရားနဲ့ ဗုဒရဲ့ ကိုယ်ကျင့်တရားယှဉ်ပါ ၊မိမိမြေးအရွယ်ကို
    လပ်ထပ်ထိမ်းမြားခဲ့တာတွေဟာ သမိုင်းစာမျက်နှာမှာ အရုပ်ဆိုးပါတယ်
    လူတစ်ယောက်ချင်းတူရင်တောင်ကိုယ်ကျင့်တရားကွခြားတယ်
    ဘာသာရေးမှိုင်းမိနေရင်ချွှတ်ရခက်တယ်မိတ်ဆွေ

    ReplyDelete
    Replies
    1. မှန်တာပေါ့ ဘာသာရေး မှိုင်းတိုက်ရင် ချွတ်ရခက်တာပေါ့- အစ္စလာမ်က ဘာသာတရားမှာ မှိုင်းတိုက်မှု မရှိစေရ လို့ မွတ်စလင်တွေကို တားမြစ်ထားပါတယ်။ ကုရ်အံ ၂း၂၅၆ မှာ ကြည့်ပါ။ သမိုင်းကို ဖတ်ချင်ရင် ဘက်ပေါင်းစုံက ဖတ်ဘို့ အကြံပေးလိုပါတယ်။ ပိဋကတ်မှာ ကိုယ်တော် ဂေါတမဟာ မိန်းမပေါင်း ၈၄၀၀ ကျော် ယူခဲ့တယ်လို့ ဖေါ်ပြတယ်။ သား ရာဟုလာ ဟု နောက်ဆုံး သားဆိုပေမယ့်-၊ သူ့မှာ အဖေတူ အမေတူ ညီမ ရှိသေးတယ်။

      ပိဋကတ်ကို သေချာအောင် ဖတ်ပါ။ ဒီဃနီကယ် ထေရီအပါဒါန်ကို ဖတ်ကြည့်ပါ။ အဲ့ဒီ ညီမက ဥပ္ပါလ၀ဏ်က ကိုယ်တော်ဂေါတမကို ကျွန်မက သမီးအရင်းပါ။ ရာဟုလာရဲ့ ညီမအရင်းပါလို့ ပြောတယ်။ ဒီတော့ ကိုယ်တော်ဂေါတမက တောထွက် တရားကျင့်ပြီးမှ ညစာခိုးစားသလား မေးရင် ဘယ်လို ဖြေမလဲ။ ဒါကြောင့် ဘာသာရေးကို ဆွေးနွေးလိုရင် ပြည့်စုံအောင် လေ့လာပါ။

      အတတ်နိုင်ဆုံး ကောင်းသော ခေါင်းစဉ်များကိုပဲ ဆွေးနွေးစေလိုတယ်။ ကောင်းတဲ့ ခေါင်းစဉ်ဆိုတာ လူတွေအတွက် လက်တွေ့ အကျိုးဖြစ်စေမယ့် အရာများ ဒသနများပဲ ဖြစ်သင့်တယ်။ ပုတ်ခတ်လိုစိတ်ကို လျှော့စေချင်တယ်။

      Delete
    2. မင်း ငရဲမှာ မိုဟာမက်နဲ့ တွေ့လိမ့်မယ်လျောက်မပြောနဲ့ စားပွဲထိုးဟာ မန်နေဂျာအလ်ုကို အကုန်လုံးမသိနိုင်ဘူး

      Delete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)