Thursday, March 15, 2012

စတီဖင်ဟော့ဖ်ကင်းနှင့် ဘာသာတရား

မေး။
ယုတ္တိဗေဒနည်းအရပြောရရင် ယနေ့အထင်ရှားဆုံး သိပ္ပံပညာရှင် စတီဖင်ဟော့ဖ်ကင်း ရေးသားထားတဲ့ နောက် ဆုံးပေါ် စကြာဝဠာ အကြောင်းသီအိုရီကိုသာဖတ်ကြည့်ပါ လောလောဆယ်... အရာအားလုံးဟာ အလ္လာအ၇ှင်က ဖန်ဆင်းတဲ့ စကားရပ်ဟာ မှန်သလား မှားသလား..မေးပါမယ်.....

ဖြေ။
စတီဗင်ဟော့ကင်း စာအုပ်က hypothesis မျှသာ ဖြစ်ပါတယ်၊ အာမခံချက် စာအုပ်မဟုတ်ပါ။ ဘာသာ ရေးကျမ်းများဆိုတာက အာမခံချက်ရှိတဲ့ စာအုပ်များလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ မမြင်ရတဲ့အရာကို ဆင်ခြင် လက်ခံဘို့က မြင်ရတဲ့အရာများနဲ့ အရင်အဦး ဆန်းစစ်ရပါမယ်။ မြင်ရတဲ့အရာ-၊ မြင်တွေ့လာရတဲ့အရာများအား လုံးက ဘာသာကျမ်းတစ်ကျမ်းနဲ့ ကိုက်ညီနေတယ်ဆိုရင်-၊ အဲ့ဒီကျမ်း ကပြောတဲ့ မမြင်ရတဲ့အရာကိုလည်း ငြင်းရ ခက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ က ဘာမှန်ပြောင်းမှမရှိဘဲ-၊ ကိုယ်တော် မုဟမ္မဒ်ရဲ့ ပါးစပ်က ရွတ်အံခဲ့ တယ်။ စကြာဝဠာကြီးဟာ ပြန့်ကားနေတယ်။

နောက်ဆုံးမှာ ဖျာလိပ်သလို ပြန်လိပ်လိုက်မယ်ပေါ့--။ ဒါကို မှန် ပြောင်းအကူအညီ၊ သိပ္ပံကရိယာ အကူအညီများစွာနဲ့ စတီဗင် ဟော့ကင်းက လက်ခံထားတယ်။ (သူ့စာအုပ်များ ကို အကို စုံလင်အောင် ဖတ်ကြည့်ပါ။)။ ဆိုလိုတာက သူဟာ မျက်စိနဲ့ (မှန်ပြောင်းနဲ့) တွေ့မှ ယုံမယ့်လူလို့ ပြောတာပါ။ သူမျက်စိနဲ့တွေ့သမျှမှာ ကုရ်အံက နှစ် ၁၅၀၀ ကြိုပြောထားတာကို စောဒက မတက်နိုင်ဘူးလေ။

ဒီမှာ အဓိကအချက်က သူဟာ သူ့မိရိုးဖလာအရ နားလည်ထားတဲ့ ဖန်ဆင်းရှင်ဘုရားဆိုတာ (ဂျူး၊ ခရစ်ယာန်) များ ဖွင့်ဆိုခံစားတဲ့ ဘုရားဖြစ်တယ်။ ဒါတွေကို ကျွန်တော့အနေနဲ စောဒက မတက်လိုပါ။

1 comment:

  1. အရမ်းကိုသဘောကျပါတယ် နောက်လဲဆက်လက်တင်ပေးပါနော်

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)