Saturday, March 17, 2012

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော် (သွား) ကို စစ်ဆေးကြခြင်း

ဒီပိုတ်စ့်လေး ကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်ခန့် လောက်က လူတိုင်း ဖတ်ဖူးကြမှာပါ…..

ပြန်ဖတ်ကြည့်ချင်သေးတယ်ဆိုရင် ဒီ မှာ သွားဖတ်ပါ…. နောက်ထပ် ဒီ က ထပ်ဆင့် လင့်ခ်များစွာနဲ့ ကြည့်လို့ရ ပါသေးတယ်….

ထိုဖော်ပြပါ ပိုတ်စ့် သတင်းကို အနည်းငယ် သုံးသပ်ပေးပါရစေ….

(၁) အဲ့ဒီ သွားဟာ ကိုယ်တော်ဂေါတမရဲ့ သွား ဖြစ်သလား- သို့မဟုတ် အခြားသော ထူးခြားသူတစ်ဦးရဲ့ သွား ဖြစ်သလား- အတိ အကျ ဘယ်လို စစ်ဆေးမလဲ?

(၂) အဲ့ဒီ သွားဟာ DNA အရ ထူးခြားတဲ့သွား ဖြစ်နိုင်တယ်- ဒါပေမယ့် Supreme Lord ရဲ့ သွားဖြစ်တယ်လို့ ဘယ်လို ပြောမလဲ?

တကယ်လို့ ပြောနိုင်ရင် ကမ္ဘာမှာ သူ့ကဲ့သို့ Supreme Lord တွေ ရှိနေရမယ်- အဲ့ဒီ Supreme Lord တွေရဲ့ သွားတွေကို DNA ဓါတ်ခွဲပြီး သုတေသနလုပ်ပြီး ဖြစ်နေရမယ်- ဒါမှ ဒီလို DNA အမျိုးအစားက Supreme Lord အမျိုးအစား ဖြစ်တယ်။ ဒါကတော့ သာမန်လူရဲ့ အမျိုးအစားဖြစ်တယ်လို့ အဖြေထုတ်နိုင်မှာပေါ့။ နို့မဟုတ်ရင် ဘယ်လိုလုပ် အဖြေထုတ်နိုင်မလဲ။

ကိုယ်တော်ဂေါမဟာ သာမန်လူထက် ထူးခြားတယ်ဆိုတာ လက်ခံရမှာပါ။ အိန္ဒိယမှာ အသက်မသေဘဲ- နှစ် ပေါင်းထောင်ချီတဲ့ ဆာဒူးကြီးတွေတောင် ရှိသေးတာပဲ။ မူဆလင်ထဲမှာလည်း အများကြီးပါ။ အနီးစပ်ဆုံး လွန်ခဲ့ တဲ့ ၃ နှစ် ၄ နှစ်လောက်က မေမြို့က မူဆလင် ကာဘာရ်စတန်(သုသာန်) ကို ဖျက်တော့- လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက မြှုပ်နှံခဲ့တဲ့ ရုပ်ကလပ်တွေထဲမှာ ကဖန် (အ၀တ်ဖြူ) တောင်  မဆွေးသေးတဲ့ ရုပ်ကလပ်ပေါင်း ၆၀ လောက် ထွက်လာတယ်။ အဲ့ဒီအထဲမှာ ဆရာကြီး ဆူလေမန် ပသေ့ဒ် ရဲ့ ရုပ်ကလပ်လည်း ပါတယ်။ ဆရာ ကြီးက ၁၉၈၆ ခုလောက်က အလ္လာဟ့်အမိန့်ကို ခံတယ်။ သူ ဆုံးသွားပြီး နှစ်ပေါင်း ၂၀ ကျော်မှာ မေမြို့ ကာ ဘာရ်စတန်ကို ပြောင်းတော့ သူ့ရုပ်ကလပ်က ဒီအတိုင်းပဲ ရှိသေးတယ်။ အခု ကာဘာရ်စတန် အသစ်မှာ ပြန်ပြီး ဒါဖနာ လိုက်တယ်။ နောက် နှစ်ပေါင်း ဘယ်လောက်ထိ ခံမလဲ ဘယ်လို ပြောနိုင်မလဲ။ အလားတူ ဖြစ်ရပ်တွေ အစ္စလာမ့် လောကမှာ အများကြီး ရှိတယ်။ ဒါကြောင့် ဒါရ်ဂါရ်- လိုင်းက လူတွေက အစွဲ ဖြစ်နေတာပါ။

ဒါတွေက ဘာသာရေးမှာ သီးခြားလိုင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအရ ၀ိဇ္ဇာလိုင်းလို့ ခေါ်တယ်။ သူတို့တွေ ထူးခြား တာက သူတို့ကိစ္စပါ။ သူတို့ကို မစော်ကားမိဘို့ လိုပါတယ်။ (သူတို့သာမက ဘယ်သူ့ကိုမှ မစော်ကားဘို့ အစ္စ လာမ်က တားမြစ်ထားပါတယ်)။ သို့သော် သူတို့ဟာ ကိုးကွယ်ခံ ဘုရားများ မဟုတ်ပါ။ သူတို့က သွန်သင်ခဲ့တာ မှာ လူ့ပတ်ဝန်းကျင် လူ့လောကအတွက် ကောင်းတာရှိရင်သာ လက်ခံရပါမယ်။ သို့မဟုတ် သူတို့လို ဖြစ်ချင် တယ်- ဆိုရင် လူတစ်ဦးချင်းစီက သူတို့ဆီမှာ သူတို့လို ဖြစ်နည်း ပညာသင်ယူ-လေ့ကျင့်ယူလို့ ရပါတယ်။

ဒါကြောင့် ကျွန်တော်က ဗုဒ္ဓဘာသာများနဲ့ ဆွေးနွေးတဲ့အခါမှာ ဖန်ဆင်းရှင် ရှိကြောင်းကိုသာ ဗုဒ္ဓဘာသာကျမ်း အထောက်အထားများနဲ့ ဆွေးနွေးလေ့ရှိပါတယ်။

17 comments:

  1. This comment has been removed by a blog administrator.

    ReplyDelete
  2. တော်တော် ကောင်း ပါတယ် ဝေဖန်ချက်လေးက A muslimဆိုတဲ့မိတ်ဆွေရယ်..ဒါပေမဲ့ မောင်မင်း သိရဲ့လား လူတစ်ယောက်ပဲဖြစ်ဖြစ်ဘယ်သူမဆိုပေါ့လေ မောင်မင်း အပါအဝင်ပေါ့.အရာတစ်ခုကို သေချာစူးစိုက်ကြည့်မယ် စူးစိုက်နေမယ်ဆိုရင် သမာဓိဆိုတဲ့အရာကို ရမယ်.အဲဒါလေးတော့ရှိတယ်ကွ..မောင်မင်းတို့က အလာအလာတချိန်လုံးတွေးနေတော့ မောင်မင်းပြောတဲ့ အဝတ်ဖြူတောင်မဆွေးသေးဘူးဆိုတာလက်ခံပါတယ်။အဲသည့်လူက သမာဒိတစ်ခုခုရပြီး ဈာန်ခေါ်တာမျိုးရနိုင်ပါတယ်..အဲလိုမလောက်လေးမလောက်စားဦနှောက်နဲ့ဝေဖန်ရင်တော့ ငရဲမှာရှိတဲ့ မင်းတို့ဘာသာဝင်တွေနဲ့အတူတူ ပျော်ပျော်ကြီးခံစားလိုက်ပေါ့ကွာ.ကမ္ဘာမှာ လူသတ်တာမင်းတို့ဘာသာဝင်တွေအများဆုံးလုပ်တာပဲ.မိန်ကလေးတွေဖျက်စီးတာလည်း မင်းတို့ဘာသာဝင်တွေပါပဲ.ကိုယ့်ဘာသာမဟုတ်တဲ့သူကို သက်ရင်နက်သမီးတဖက်ရယောက်နဲ့ ပျော်ရမယ် ပြောတာမင်းတို့ဘာသာဝင်ပါပဲ.ပြောရရင်တော့ အများကြီးပေါ့ကွာ..မောင်မင်းတို့ မိုဟာမက်ဆိုတဲ့ကောင်က ဘုရားသခင်ကို သူတစ်ယောက်ပဲတွေ့ပြီး အခြားသူတွေကို ဘုရားသခင်ကအတွေမခံဘူးပြောတာ ကလေးကစားသလိုဖြစ်နေတာလဲ.ယုတ်တိရှိသလားစဉ်းစားစရာပဲနော့

    ReplyDelete
    Replies
    1. မိတ်ဆွေ ကြားဖူးနားဝ ကလေးကလား စကားတွေ လာမပြောပါနဲ့ဗျာ... တကယ် နားလည်လိုလျှင် (သို့တည်းမဟုတ်) အမှန်တရားအတွက် ဆွေးနွေးလိုလျှင် အချိန်ပေးကာ ကျွန်တော်နဲ့ ဆွေးနွေးစေလိုတယ်... အောက်တန်းကျတဲ့ အရေးအသားနဲ့ အခုလို ရေးချင်သလို ရေးမယ်ဆိုရင်တော့ အဲသလို လူမျိုးအတွက် ကျွန်တော်မှာ အချိန်မရှိပါလို့ပဲ ပြောပါရစေ...

      Delete
    2. သေချာဆွေးနွေးထားတဲ့ကောမန့်တွေကိုကြတော့ အဘက်မလုပ်တာ ဘာလို့လဲ..အရှက်မရှိလို့..ထင်တယ်နော်.. ဒီပိုစ့်အကြောင်းအရာကိုပြောထားသူကသာ အောက်တန်းကျနေတယ်ဆိုတာကို မသိဘူးထင်ပါ့.

      Delete
    3. လုပ်စမ်းပါဦးဗျ ((ဒါကြောင့် ကျွန်တော်က ဗုဒ္ဓဘာသာများနဲ့ ဆွေးနွေးတဲ့အခါမှာ ဖန်ဆင်းရှင် ရှိကြောင်းကိုသာ ဗုဒ္ဓဘာသာကျမ်း အထောက်အထားများနဲ့ ဆွေးနွေးလေ့ရှိပါတယ်။))ဘယ်ဗုဒ္ဓဘာသာကျမ်းမှာ ဖန်ဆင်းရှင်ရှိကြောင်းပြောထားပါလိမ့်..သုံးဆယ်ဦးလူငယ် စာအုပ်လေးနဲ့ပြောမယ်ဆိုရင်တော့..အရှက်ကွဲမှာကျိန်းသေပဲနော်.. ဗုဒ္ဓဘာသာကျမ်း မှာ ဖန်ဆင်းရှင်ရှိကြောင်းပြောထားပါတယ်လို့..သက်သေပြနိုင်တာ သေချာရင် ဖေ့ဖွတ်က ဒီလင့်ကိုလာခဲ့ပါ
      https://www.facebook.com/profile.php?id=100004650095040

      Delete
  3. ဖန်ဆင်ရှင်ဖန်းဆင်းအပ်သော သူ သည် ဖန်ဆင်းရှင်ကိုဝေဖန်ပုတ်ခတ်၏။ ၀ါဒအမျိုးမျိုးကို ရပ်တည်ပိုင်ခွင့် အဘယ်ကြောင့်ပေးတော်မူသည်၊မီးတောင်အလိုရှိမှပူစေနိုင်သူက ဘာသာခြားများကို ဖန်ဆင်းတော်မူသည်ကို သင်သံသယရှိဖူးလိမ့်မည်၊ အကယ်လို့ သင်ဟာ နောက်ဆုံးပေါ်ကိုအမ်ကျမ်းအပြင် ရှေးဟောင်း သမ်မာကျမ်းနဲ့ ဓမ်မဟောင်းကျမ်းတွေကို လက်ခံသင်ကြားရင် (ဂျူးဘာသာကနေ ခရစ်ယန်နဲ့ အစ်ဆလမ်ပေါပေါ်က်လာတာကို အသိအမှတ်ပြုရင်) အေမာနွေလကျောင်းတော်မှာ သွားမေးနိုင်ပါတယ်

    ReplyDelete
  4. ဆိုလိုတာ မင်းဆွေးနွေးလဲ ထာဝရက မှားစေချင်သူက မှားမှာဘဲ မင်းမီတာခပဲတက်မှာ
    ဖန်ဆင်းရှင်သာတကယ်ရှိရင် သူ့စည်းကမ်းလဲလိုက်နာစရာ မလို ဘာမှ ဝီရိယ နဲ့ ဆင်ချင်တုံလဲမလို ဆန္ဒပဲ အဆင်ပြေရာစိုက်ရုံပဲ ငါတို့ရဲ့ လုပ်နိုင်ခွင့်လဲမရှိတော့ဘူ့ မျက်လုံးဖွင့်ပါ သူသာစွမ်းရင် သူ့ကိုမသိလဲ သူ့အလိုကိုလိုက်နေမှာပေါ့ ရှိတ်စပီယားပြောသလို ဘုရားသခင်က ငါတို့ကိုဖန်ဆင်းတာမဟုတ် ငါတို့ကသာဘုရားသခင်ကိုဖန်ဆင်းတာ

    ReplyDelete
  5. အော်ဖန်ဆင်း ရှင်မရှိ ကြောင်းက ဗြဟ္မဇာလသုတ်မှာရော မုံ ရွေးဇေတဝန်ဆရာတော် ရေးတဲ့သမန္တစက္ခုဒီပနီကျမ်းလာ မိစ္ဆာဒိဋ္ဌိ ၆၂မျိုး ရဲ့ ၁ခဧကသစ္စသဿတဝါဒ၄ မျိုးမှာ ဝမ်းေ မြာက်ဝမ်း သာဖတ် ရှုနိင်ပါ ကြောင်း သတင်း ကောင်း ပါးအပ်ပါတယ်
    ဘာသာတရား ဘယ်လောက်များများ မိစ္ဆာဒိဋ္ဌိ၆၂ပါးနဲ့ ဘယ်လောက်တွေးတွေး ယုံမှားခြင်း ၁၆ ပါးကနေ ဘယ်လိုမှမလွတ်ဘူး ဓါတ်တောမွေတော်တွေက ဘုရားရှင်ရဲ့ သီလ သမာဓိ ပညာနဲ့ရှင်လိုက်ရင် ဘာမှမဟုတ်တော့ဘူး ဒါတွေကို လေးစားလို့ ဘာသာရေးခေါင်းဆောင်များညီလာခံ မှာ မင်းထက်တတ်တဲ့ မွတ်ဆလင်ဆရာကြီးတွေက ဗုဒ္ဓဘာသာကို မဲပေးခဲ့ ကြတာ သိလား

    ReplyDelete
  6. မိတ်ဆွေပြောတဲ့မူဆလင်သူတော်စင်တွေအကြောင်းကစိတ်ဝင်စားစရာပါ။
    အဲဒါမျိုးကဗုဒ္ဒဘာသာအမြင်နဲ့ပြောရရင်လောကီဈာန်သမာပတ်တစ်ခုခုရတယ်လို့ပြောကြပါတယ်။
    အခုဗုဒ္ဒဘာသာတွေငရဲမှာကျနေတယ်လို့ယုံကြည်တဲ့ဒေ၀ဒတ်ဆိုတာလည်းလောကီဈာန်သမာပတ်တွေရထားတဲ့ပုဂ္ဂိုလ်ပါ။
    သူတို့တွေမှာတန်ခိုးတွေ၊ဖန်ဆင်းနိုင်တဲ့စွမ်းရည်တွေသူ့အဆင့်နဲ့သူရှိကြပါတယ်။
    ဆာဒူးတွေကလည်းအဲလိုပုဂ္ဂိုလ်တွေပဲပေါ့။
    နောက်ပြီးးဘိုးဘိုးအောင်တို့ဘိုးမင်းခေါင်တို့အဲဒီလူတွေကလည်းသူ့စွမ်းရည်နဲ့သူရှိကြတာပါပဲ။
    သမာဓိအားကောင်းပြီးတစ်ခုသောအဆင့်ကိုရောက်သွားရင်အဲလိုစွမ်းရည်တွေရတတ်ကြပါတယ်။
    ဈာန်နဲ့ကောင်းကင်မှာပျံနိုင်တယ်ဆိုတာလည်းရဟန္တာမှမဟုတ်ပါဘူး။
    လောကီရေးရာမှာ...ပေါက်မြောက်အောင်မြင်သွားတဲ့ပုဂ္ဂိုလ်တွေလည်းပျံနိုင်ကြတယ်ခင်ဗျ။
    ဥပမာဆိုရင်...ရသေ့တွေလိုပေါ့။
    (အကိုပြောတာနဲ့ကျွန်တော်ရေးထားတာနဲ့တော့ဆိုလိုချင်တာသိပ်ကွာမယ်မထင်ပါဘူး)
    ကျွန်တော်အများကြီးတော့မသိပါဘူးးး။အကို့လိုလည်းမလေ့လာဖူးပါဘူး။
    ဒါပေမယ့်...အကိုပြောတဲ့<<(အ၀တ်ဖြူ) တောင် မဆွေးသေးတဲ့ ရုပ်ကလပ်ပေါင်း ၆၀ လောက် ထွက်လာတယ်။ အဲ့ဒီအထဲမှာ ဆရာကြီး ဆူလေမန် ပသေ့ဒ် ရဲ့ ရုပ်ကလပ်လည်း ပါတယ်။ ဆရာ ကြီးက ၁၉၈၆ ခုလောက်က အလ္လာဟ့်အမိန့်ကို ခံတယ်။ သူ ဆုံးသွားပြီး နှစ်ပေါင်း ၂၀ ကျော်မှာ မေမြို့ ကာ ဘာရ်စတန်ကို ပြောင်းတော့ သူ့ရုပ်ကလပ်က ဒီအတိုင်းပဲ ရှိသေးတယ်>>
    ပုဂ္ဂိုလ်တွေဟာအပေါ်ကရေးထားသလို..လောကီရေးရာမှာပေါက်မြောက်သွားတာမျိုးဖြစ်နိုင်ပါတယ်။
    ဂေါတမဗုဒ္ဒကတော့လောကုတ္တရာမှာအထွတ်အထိပ်ပန်းတိုင်ဖြစ်တဲ့..နိဗ်ဗာန်ကိုရောက်သွားတာပါ။
    အထက်ကပုဂ္ဂိုလ်မျိုးတွေနဲ့ဘာဆိုဘာမှမဆိုင်ပါဘူး။
    ဗုဒ္ဒလိုပုဂ္ဂိုလ်မျိုးဟာလည်းပေါ်ထွက်လာဖို့အရမ်းခက်ခဲပါတယ်။
    သမ္မာသမ်ဗုဒ္ဒဘုရားရှင်တစ်ဆူဖြစ်ဖို့ကမ္ဘာပေါင်းများစွာပါရမီဖြည့်မှရတာမျိုးပါ။
    အဲဒီတော့...အဲလိုDNAမျိုးကိုဒီလိုခေတ်မှာဒီတစ်မျိုးပဲတွေ့နိုင်ပါတယ်။
    တကယ်လို့များအကိုပြောတဲ့အစ္စလာမ်ပုဂ္ဂိုလ်ကြီးတွေရဲ့DNA resultနဲ့ဗုဒ္ဒရဲ့DNA resultကိုယှဉ်ကြည့်မယ်ဆိုရင်အရမ်းသိသာပါလိမ့်မယ်။
    လူသန်းပေါင်းများစွာနှစ်ပေါင်းများစွာ...ကြာမှတွေ့နိုင်တဲ့DNAမျိုးဆိုတာကျွန်တော့်အနေနဲ့(ဗုဒ္ဒဘာသာဝင်တစ်ယောက်အနေနဲ့)အကြွင်းမဲ့ယုံကြည်ပါတယ်။
    အဲဒီအတွက်အကိုပြောသလိုDNAတွေအများကြီးနဲ့သက်သေပြဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
    Superဆိုတာကလည်းသာမန်ထက်လွန်ကဲထူးမြတ်တာမျိုးကိုဆိုလိုပါတယ်။
    အဲဒီတော့..အဲလိုလူမျိုးတွေသာတစ်ခေတ်ထဲမှာအများကြီးရှိနေမယ်ဆိုရင်superဘယ်ဟုတ်တော့မလဲ?
    ထူးခြားတဲ့လူတစ်စု..ဒါမှမဟုတ်...ထူးခြားတဲ့စွမ်းရည်ပိုင်ရှင်တွေလို့ပဲခေါ်နိုင်ပါလိမ့်မယ်။
    ဗုဒ္ဒရဲ့သွားဟုတ်မဟုတ်ဆိုတာကတော့..အသေအခြာမပြောနိုင်ဘူးပေါ့။
    ဒါပေမယ့်.သမိုင်းပညာရှင်တွေကတော့သိနိုင်ပါလိမ့်မယ်..ပြောနိုင်ပါလိမ့်မယ်။
    ဘာလို့လဲဆိုဗုဒ္ဒပွင့်တော်မူခဲ့တဲ့အချိန်ကခုမှနှစ်ပေါင်း2500ပဲရှိပါသေးတယ်။
    ဗုဒ္ဒပရိနိဗ်ဗာန်စံတော်မူပြီးမှာစွယ်တော်တွေဓါတ်တော်တွေကိုပူဇော်ဖို့ခွဲဝေယူကြပါတယ်။
    အတိုင်းတိုင်းအပြည်ပြည်ကိုရောက်သွားတယ်ပေါ့..။
    သေသေချာချာပြန်ပြီးလိုက်ကြည့်မယ်ဆိုရင်အဲဒါကအတည်ပြုဖို့ခက်တဲ့အရာမဟုတ်ဘူးလို့မြင်ပါတယ်။
    ကျေးဇူးတင်ပါတယ်ဗျာ...။

    ReplyDelete
  7. ဒီပို့(စ်)ရေးတဲ့ မိတ်ဆွေကို မေးချင်ပါတယ် DNA နဲ့ Genetic Engineering ဆိုတာကိုရောနားလည်ရဲ့လား IQ မမှီ
    ရင်ကိုယ့်ဟာကိုယ်နေပါ ကျွန်တော်ကိုယ်တိုင် သိပ္ပံပညာကိုမရူးအမူးလေ့လာနေတဲ့အချိန် ဘာသာမဲ့ခံယူခဲ့တယ်
    နောက်တော့ တခြားဘာသာတွေကိုလဲလေ့လာခဲ့တယ် ကုရ်အာန် ကျမ်းကို မြန်မာလိုရော အင်္ဂလိပ်လို ပါ
    အစအဆုံးဖတ်ဖူးတယ် မြိုင်ရာဇာတွတ်ပီ စာအုပ်လောက်တောင်စိတ်ဝင်စားစရာ မကောင်းဘူး ဒါလားဘုရားဟော ဦးဆန်းလွင်ပြောသလို မင်းတို့ဘုရားဟောကလဲ လူသံတွေထွက်နေတယ် ပြောချင်တာက IQ မှီလို့တကယ်သိချင်ရင် ဆွေးနွေးပါ ကြိုဆိုပါတယ် ဒါပေမယ့်ဗုဒ္ဓကိုတော့ ခင်ဗျားတို့ဘာသာနဲ့မနှိုင်းပါနဲ့ ဥပမာပြောရရင် မိုက်ကယ်ဂျက်ဆင်နဲ့ နတ်ကတော်လိုပါဘဲ တီးလုံးနဲ့ကတာချင်းတူပေမယ့် ဘာမှမဆိုင်ပါဘူး ကမ္ဘာပေါ်မှာ သိပ္ပံပညာကိုစိန်ခေါ်နိုင်တဲ့ဘာသာဆိုလို့ ဗုဒ္ဓဘာသာဘဲရှိတယ် ခင်ဗျားတို့ အဲဒီလိုစိန်ခေါ်ရဲလို့လား အဲဒါ ၂၁ ရာစုရဲ့ အထူးချွန်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းပြောတာ ထားပါတော့ ဆက်ပြောနေလဲ နွားကိုပလာတာကြွေးသလိုဘဲဖြစ်နေမယ် ...........။

    ReplyDelete
    Replies
    1. ကြိုက်တယ်ဗျာ

      Delete
    2. ကြိုက်တယ်ဗျာ

      Delete
    3. ကြိုက်တယ်ဗျာ

      Delete
    4. ကြိုက်တယ်ဗျာ

      Delete
  8. အစစ်ဆေးခံနိုင်တဲ့ဘာသာဆိုလို့ Buddha ဘာသာပဲရှိတာ သတိထားကြကုန်လော အို မူဆလိမ်အပေါင်းတို့

    ReplyDelete
  9. ကောင်းတယ်ဒါမျိုး သေချရှင်းပြရင်တောင် အဲဒီလဒတွေက နားလည်မှာမဟုတ်ပါဘူး။

    ReplyDelete
  10. ဗုဒ္ဓရဲ့ သင်ကြားဟောပြောမှုတွေက လက်တွေ့ကြတယ်
    အကြောင်းအကြိုးဆက်စပ်မှုတစ်ခုတည်းနဲ့တင် သိပ္ပံက ဗုဒ္ဓကို လက်မြှောက်လိုက်ရတယ်။ မိတ်ဆွေ သေသေခြာခြာ စူးစူးစိုက်စိုက်လေ့လာကြည့် တွေးခေါ်ကြည့်ပါ ဘယ်အရာမှ god ဖန်ဆင်းထားတာမဟုတ်ဘူးဆိုတာတွေ့လာရလိမ့်မယ်။

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)