Sunday, March 25, 2012
ဘာသာခြားများ မေးခွန်းအတွက် အဖြေများ (၃)
၁။ တမန်တော်မွတ်ဟာမက်က ဘာလို့ မိန်းမအများကြီး ယူခဲ့တာလဲ။ သူက သာမန်ယောက်ျား ၃၀ စာ အားရှိတယ်ဆို။
(၁) ယောက်ျားကောင်း မောင်းမတစ်ထောင် ဆိုတာ အရပ်ထဲက စကားပါ။ ဒါပေမယ့် သာမန်လူထက် ထူးတဲ့လူတစ်ဦးမှာတော့ အခြားသာမန်လူများထက် ထူးခြားမှုတွေ ရှိနေမှာပေါ့။ ဒါက သဘာဝပဲ။ ကိုယ်တော်မုဟမ္မဒ် မိန်းမတွေ အများကြီး ယူခဲ့တယ်- ဆိုတဲ့ သမိုင်းက အဓိကကျမ်း ကုရ်အံမှာ မပါဘူးဗျ။ သမိုင်းဆရာများက ပြောဆိုနေတာပါ။ ပြသနာက အဲ့ဒီ လောက်မိန်းမတွေနဲ့ ဆက်စပ်တဲ့ သားသမီး တစ်ဦးတစ်ယောက်မှ မရှိတာပဲ။ ဒီတော့ မိန်းမယူခဲ့တယ်ဆိုတာ တိကျတဲ့ အထောက်အထား မဟုတ်ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့
(က) ကိုယ်တော်မုဟမ္မဒ်က အမြုံမဟုတ်ဘူး- အကြင်ယာတော် ဘီဘီ ခတီဂျာနဲ့ သားသမီးတွေ ရှိခဲ့တယ်။
(ခ) ဘီဘီခတီဂျာ ကွယ်လွန်ပြီး နောက်ပိုင်းမှာ မိန်းမတွေ ရှိခဲ့တယ် ဆိုတဲ့ သမိုင်းတွေကို ရေးကြပေမယ့်- အဲ့ဒီအမျိုးသမီးတွေမှာ အရင်အိမ်ထောက်ဘက်နဲ့ ကလေးရှိတဲ့ အမျိုးသမီးတွေ ပါတယ်။ ဒီတော့ အဲ့ဒီ အမျိုးသမီးတွေဟာလည်း အမြုံတွေ မဟုတ်ဘူး။ အရပ်စကားနဲ့ ပြောတဲ့ အိမ်ထောင်ဘက်မျိုးဆိုရင် ကလေးက တစ်ဦးမဟုတ် တစ်ဦးတော့ ရမှာပဲပေါ့။
(ဂ) မွတ်စလင်တွေက မိန်းမအများကိစ္စကို အပြစ်လို့ မယူဆဘူး- ပြီးတော့ ကိုယ်တော်မုဟမ္မဒ် မျိုးရိုးဆိုရင် အင်မတန် တန်ဘိုး ထားတယ်- ဒါကြောင့် ကိုယ်တော်ဟာ အဆိုပါ မိန်းများနဲ့ တစ်ကယ် အရပ်ကနားလည်တဲ့ လင်မယားများ ဖြစ်ခဲ့ရင် ကလေးရမယ်- အဲ့ဒီကလေးကိုလည်း မွတ်စလင် တွေက ဂုဏ်သိက္ခာအတွက် သမိုင်းဖျောက်ပစ်စရာ အကြောင်းမရှိဘူး။ တန်ဘိုးထား ဂုဏ်ယူ မှာ ဖြစ်တယ်။
ဒီတော့ တစ်ကယ်တမ်း မိန်းမအဖြစ်ယူခဲ့ပုံကို ပြန်သုံးသပ်ရင်- islammyanmar.com ဆိုက်ထဲက စာအုပ်စင်၊ အဲ့ဒီမှာ ကိုယ်တော်မုဟမ္မဒ်၏ အိမ်ထောင်ရေးဘ၀ ဆိုတာလေးကို ဖတ်ကြည့်ပါ။ 
(၂) မိန်းမ အများတစ်ကယ် ယူခဲ့ရင်ကော ဘာဖြစ်သလဲ။ လူတစ်ယောက်ဟာ “ဘုရား” ဖြစ်ဘို့ရာ အင်မတန် ကိလေသာ ကင်းစင် ရမယ်- ဆိုပြီး “မိန်းမလျှာ ပုံသွင်း ကိလေသာ ကင်းစင်” မှုကို အနောက်အုပ်စုက ဖြန့်ချီတာပါ။ အဲ့ဒီ ၀ါဒမှိုင်း ၀င်သွားတော့ လူတွေက အမှန်ကို ဖုံးကွယ်တော့တယ်။- အမှန်ကတော့ဗျာ- ယေရှုလည်း မိန်းမနဲ့ ကလေးနဲ့ပဲ- မိန်းမက ပြည့်တန်ဆာမ လို့တောင် အတိအကျ ဖေါ်ထုတ်သေးတယ်။ ကိုယ်တော်ဂေါတမလည်း မိန်းမတွေနဲ့ပဲ။ သားတော်ရာဟုလာကို မွေးပြီး တောထွက်ခဲ့တာ- အဲ့ဒီနောက်ပိုင်း မိန်းမနဲ့ မနေတော့ဘူး ဘာညာ မပြောနဲ့နော်-၊ ရာဟုလာထက် အငယ် သမီးတွေ ရှိနေသေးတယ်။ ပိဋကတ်မှာကို အတိအကျပါတာပဲ- ဖုံးထားတာကိုး။ ဒါတွေက လူတစ်ဦးရဲ့ personal rights တွေပါ။ သူမိန်းမယူတာ- အခြားဘယ်သူ့ကိုမှ ထိခိုက်စော်ကားတာမှ မဟုတ်ဘဲ။ သူကလည်း သဘောတူတယ်၊ အမျိုးသမီး ကလည်း သဘောတူတယ်၊ အခြားသော ယူပြီးသား အမျိုးသမီးများကလည်း သဘောတူတယ်- ဆိုရင် အပြင်လူများက ဘာများ မနာလို ဖြစ်စရာ ရှိလို့လဲ။
၂။ မွတ်ဟာမက်က ဘာလို့နောက်ဆုံးတမန်တော်ဖြစ်ရတာလဲ။
အာရ်ဗီစကားလုံး (ခတားန်မ်) ဆိုတာ အချုပ်၊ အထွဋ်အခေါင်၊ နောက်ဆုံး (စီရင်နိုင်သူ) ဆိုတဲ့ အဓိပ္ပါယ်ကို ပေးပါ တယ်။ နောက်ဆုံး ဆိုတဲ့ အဓိပ္ပါယ်က သူ့ခေတ်မှာ သူ့အထက်က အခြားသူ မရှိ ဆိုတာမျိုးကို နားလည်ပါ။ အဲ့ဒီ ဂုဏ်ပုဒ်ကို ဘာကြောင့် ပိုင်ဆိုင်သလဲ ဆိုတော့--၊ (၁) ကမ္ဘာမှာ ပွင့်ခဲ့တဲ့ ဉာဏ်စဉ်ဆောင်များကို ပြန်ကြည့်ပါ။- သူတို့ရဲ့ ဉာဏ်သိ ဓမ္မများကို သူတို့ရှေ့မှောက် ခိုင်မာအောင် မှတ်တမ်းမတင်နိုင်ခဲ့ဘူး။ (မတင်နိုင်ခဲ့ဘူး ဆိုတာထက်- တင်ဘို့ မလိုအပ်သေး လို့ မတင်ခဲ့ဘူး)၊ တိုင်းပြည်တစ်ခုအတွက် ဖွဲ့စည်းပုံ constitution ရေးသလိုပဲ။ မူကြမ်းအဆင့်များသာ ရေးသွားခဲ့တယ်။ ကိုယ်တော်မောရှေ-လည်း ဒီလိုပဲ။ ကိုယ်တော် ဂေါတမလည်း ဒီအတိုင်းပဲ။ ကိုယ်တော်ယေရှုလည်း အလားတူပဲ။ သူတို့ လက်ထက်များမှာ သူ့တို့ပတ်ဝန်းကျင် အလျှောက် တရားဓမ္မများနဲ့ လူတွေကို ပြသွားပေမယ့်- သူတို့မျက်မှောက် ခိုင်မာတဲ့ လူ့လမ်းညွှန်ကျမ်းကို မပြုခဲ့ဘူး။ သူတို့ ကိုယ်တိုင်ကလည်း သူတို့ဟာ နောက်ဆုံးပါလို့ အာမမခံခဲ့ဘူး။
(၂) ကိုယ်တော်မုဟမ္မဒ်က “မင်းတို့မျှော်လင့်နေတဲ့ နောက်ဆုံးတစ်ပါးဟာ ငါပဲ လို့ တရားဝင်ကြေငြာတယ်။” လူသား အတွက် လမ်းညွှန်ကျမ်းကို ခိုင်မာအောင် ပြုစုခဲ့တယ်။ အဲ့ဒီ ကျမ်းဟာ သူ့ရဲ့ လူသားအတွေးအခေါ်နဲ့ ပြောဆိုခြင်း မဟုတ်ကြောင်း သဗ္ဗညု ဉာဏ်စဉ်နဲ့ သိမြင် ရွတ်အံပေးတဲ့ ကျမ်းဖြစ်ကြောင်း အာမခံသလို-၊ စိန်ခေါ်မှုလည်း ရှိတယ်။ ကုရ်အံကျမ်း တော်က “ဟိုတစ်မျိုး ဒီတစ်မျိုး မညီမညွတ်တဲ့ ကျမ်းမဟုတ်ဘူးလို့ အာမခံတယ်။” တစ်ကယ်လို့ ဒီကျမ်းဟာ အတုအယောင်လို့ မင်းတို့ ယိုးစွပ်မယ် ဆိုရင်- ဒီကျမ်းတော်အလား- (အာယတ်) ခေါ် တန်ခိုးအင်အားကြီးတဲ့ သက်သေခံ ချက်- သုတ်တော် တစ်ပါးလောက် စီရင်ပြုစု ကြည့်လိုက်ပါတဲ့။ မင်းတို့အနေနဲ့ ရှေ့ယခင်ကလည်း အဲ့လို မပြုစုနိုင်ခဲ့ နောင်လာနောက်သားများလည်း မပြုစုနိုင်စေရလို့ အာမခံထားတယ်။
ရိုးရိုးလေးပဲ ဆင်ခြင်ကြည့်ဗျာ- ဒီနေ့ ပိဋကတ်ကို လူသား ဘယ်လောက်က အသေခံ ကာကွယ်သလဲ။ သမ္မကျမ်းကိုရော လူသား ဘယ်လောက်က အသက်ပေးစောင့်ရှောက်သလဲ။ ကုရ်အံကို ထိရင် (သိသိ မသိသိ၊ တတ်တတ်၊ မတတ်တတ်) အသက်ပေးတဲ့ လူပေါင်း--၊ ဒီနေ့ ညီလေး မြင်နိုင်ပါတယ်။ လက်နက်အင်အားနဲ့ ခြိမ်းခြောက်လို့ မရဘူး- အသေခံမယ် ဆုံး ဖြတ်ထားသူကို ဘာလက်နက်နဲ့မှ ခြောက်လှန့်လို့ မရဘူးလေ။
ဒီလို အသေခံ ကာကွယ်နေတော့- အင်အားကြီးတဲ့ လူတွေက သူတို့လိုသလို ထိုးဖေါက်မရနိုင် ဖြစ်တယ်။ ဒီတော့ အယူသီးတယ်လို့ စွပ်စွဲပြန်တယ်။ ဒါဆို မင်းတို့က မင်းတို့ ဘာသာမှာ ဘာဖြစ်လို့ အယူမသီးကြတာလဲ။ မင်းတို့လည်း အယူသီးလိုက်ကြပါလား။- ဘယ်သူမဆို ကိုယ့်အယူဝါဒမှာ ကိုယ်အယူသီးခွင့်ရှိတာပဲ။ ကိုယ်ကိုယ်တိုင်က ယုတ္တိမဲ့ဒဏ္ဍာရီ တွေကိုယုံကြည်သလိုလို ခံစားနေ တယ်။ တစ်ကယ်တမ်း ရှင်းတော့လည်း မရှင်းနိုင် သိပ္ပံလိုလို- ဟိုလိုလိုတွေ ထိုးချ၊ တစ် ကယ်တမ်းကျတော့ မိရိုးဖလာ လူများရာ ကို ကပ်ပေါင်းနေတဲ့ အဆင့်မျှသာ ဖြစ်နေတယ်။- ရပ်ကွက်ထဲမှာ လူများတဲ့ အုပ်စု က နည်းတဲ့ အုပ်စုကို ဖိနှိပ်- ဒီအဆင့်နဲ့ ဘာသာရေးကို ခံယူနေတာပါ-၊ လို့ သူတို့ကို တွေ့ရလိမ့်မယ်။
ပြီးတော့ ခရစ်ယာန်များက ကုရ်အံကျမ်းကို အတုထုတ်သေးတယ်။ (ခရစ်ယာန် လို့ပြောဆိုခြင်းဟာ ကိုယ်တော်ယေရှုကို စော် ကားခြင်း မဟုတ်ဘူးနော်-၊ ကိုယ်တော်ယေရှုကိုယ်တိုင်က ခရစ်ယာန်သာသနာကို ထူထောင်ခဲ့တာ မဟုတ်ဘူး- နောက်ပေါက်တွေ က အမည်ပေး၊ ထူထောင်လိုက်တာပါ။) (Canada Bible Society) က ကုရ်အံ မူကွဲ နှစ်ခု ဆိုပြီး စာအုပ်ထုတ်တယ်။ တစ်ကယ် တမ်းလည်း သက်သေအတိအကျ မပြနိုင်ဘူး။ ဒါ လုပ်စရာလား။ ကိုယ်တော်မုဟမ္မဒ်ကို စော်ကားမော်ကား ကာတွန်းဆွဲကြသေး တယ်။ အလားတူ ကိုယ်တော်ဂေါတမကိုလည်း Rude Buddha ဆိုပြီး မကြာမှီက ရုပ်သံမှာ အကြီးအကျယ် နောင်ပြောင်စော် ကားသေးတယ်။ ဒါတွေက လုပ်စရာလား ညီလေး--၊ လူယဉ်ကျေးတွေလို့ ခံယူ ထားပြီး အဲ့လို လုပ်တာ- သင့်လျှော်ပါသလား။ မွတ်စလင်တွေဘက်က ဘယ်သူ့ကျမ်းကိုမှ မစော်ကားဘူး။ ဘယ် ဘာသာရေး ဦးသျှောင် (မောရှေ၊ ယေရှု၊ ဂေါတမ) ကိုမှ မသရော်ဘူး၊ မပုတ်ခတ်ဘူးလေ-။ ကဲ ဘယ်သူက ပိုမိုယဉ်ကျေး ပါသလဲ။
ဆိုလိုတာက- ကုရ်အံကျမ်းက စာတစ်လုံးချင်းစီကို အသက်ပေးကာကွယ်မယ့် သူတွေ ရှိနေတယ်။ ဒီကိစ္စဟာ နည်းတဲ့ ကိစ္စ မဟုတ်ဘူး-၊ လူဆိုတာ မိမိအသက်သေမှာကို အကြောက်ဆုံးပဲ။ အဲ့ဒီ အသက်အတွက် ဘာမဆို လုပ်နေကြတာ-။ အဲ့ လောက် မက်မောတဲ့ အသက်ကို ရင်းပြီး- ကာကွယ်ပေးလိုစိတ်မျိုး ဖြစ်အောင် ကုရ်အံကျမ်းကအပ အခြား ဘယ်ကျမ်းမှာ အဲ့လို တန်ခိုးမျိုး ရှိလို့သလဲ။- ရိုးရိုးလေး ဆင်ခြင်ကြည့်ပါ။
ဒီလောက် ခိုင်မာတဲ့ ကုရ်အံကျမ်း (လူသားများအတွက် လမ်းညွှန်ကျမ်း)ကို ကိုယ်တော်မုဟမ္မဒ်က မျက်မှောက်ပြုစုနိုင်ခဲ့တယ်။ ဒီကုရ်အံကျမ်းတော်ကြီး ကမ္ဘာအရပ်ရပ်ကို ပြန်နှံ့သွားလိမ့်မယ် ဆိုတာကိုလည်း တိတိကျကျ အာမခံချက်နဲ့ ပြော နိုင်ခဲ့တယ်။ ဒီနေ့ ကုရ်အံကျမ်း မပြန့်နှံ့ မရောက်ရှိတဲ့ ဒေသ ဆိုတာ မရှိဘူး- ဆက်လက်လည်း ပြန့်နှံ့နေဆဲပါ။
ပြောစရာ ထောက်ပြစရာ အချက်တွေအများကြီးပါ။ (မေးမြန်းချင်သူများ ဘက်ကလည်း လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။)
၃။ နောက်ထပ်သဗညုတဥာဏ်ရနိုင်တဲ့သူမရှိတော့ဘူးလား။
သဗ္ဗညုတ ဉာဏ်က လူသားတိုင်း ရနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဆိုလိုတာက လူတိုင်းဟာ သမ္မတ ဖြစ်နိုင်ပေမယ့်- လူတိုင်းမှာ Constitution (ဖွဲ့စည်းပုံ) ရေးဆွဲခွင့်ရ သမ္မတ ဖြစ်ချင်မှ ဖြစ်နိုင်တာပါ။ ဖွဲ့စည်းပုံဟာ ခိုင်မာနေပြီ ဆိုရင် နောက်ထပ်ရေးသားနေဘို့ လိုမှ မလိုတာ။ ဒေသိကဆိုင်ရာ ပေါ်လစီတွေလောက်ပဲ လိုမှာပေါ့။ (ကြုံလို့ပါ- ကိုယ်တော် ဂေါတမကလည်း သူတစ်ဦးတည်းသာ သဗ္ဗညုတ ဉာဏ်ကို ရခွင့်ရှိတယ်လို့ မပြောခဲ့ဘူးနော်- သူနဲ့ အယူမတူတဲ့ သူ့ အတိုက်အခံ သမဏ၊ ဗြဟ္မဏ တွေမှာလည်း သဗ္ဗညုတ ဉာဏ်ရခွင့်ရှိတယ်လို့ ၀န်ခံထားပါတယ်။ မ၊ မြန်၊ ၂ ကဏ္ဏတတ္ထလသုတ်)
၎။ ရနိုင်သေးတယ်ဆိုရင် ခုဖြေကြးပေးနေသူက ဘာလို့မရတာလဲ။
အချိန်မရောက်သေးလို့ပါ။
၅။ အလ္လာဟ်ကလူတွေကို နိဗာန်ကိုတန်းပေးလိုက်လို့ မရဘူးလား။
လူတွေကို နိဗ္ဗာန်ကို တန်းပေးလိုက်တာပဲ။ လူမဖြစ်သေးတဲ့ (လူဖြစ်ပိုင်ခွင့်ရှိ) သတ္တ၀ါ တွေက ဆင်းပြေးလာတာပါ။
(ဆင်းပြေးတယ် သုံးလိုက်လို့ နိဗ္ဗာန်က အမြင့်မှာ လူပြည်က အောက်အနိမ့်မှာလို့ မြေပြင်သဘော အနိမ့်အမြင့်ကို မမြင်ယောင်စေလိုပါ။)
17 comments:
  1. မွတ်စလင်တွေအော်အော်နေတဲ့၇ှိခိုးခါနီးအော်တဲ့အသံက ဘာကိုအော်နေတာလဲ.၊၊? သူတို့တွေဘာကို ထိုင် ပြီးကုန်းကတော့နေကြတာလဲသိချင်တယ်ဗျာ..
    ReplyDelete
  2. မွတ်စလင်တွေ အော်အော်နေတဲ့ ရှိုခိုးခါနီးအော်တဲ့အသံက မိတ်ဆွေမေးတဲ့မေးခွန်းမှာပဲ အဖြေကပါပြီးသားပါ. မွတ်စလင် ဘာသာဝင်တိုင်း တနေ့ကို ၅ ကြိမ် ၀တ်ပြုရပါတယ်။ မလုပ်မနေရ တာဝန်ပါ.... အဲဒီအတွက် ၀တ်ပြုခါနီးတိုင်း အစ္စလာမ်ဘာသာဝင်များကို ဗလီသို့ ၀တ်ပြုလာရန် ဖိတ်ခေါ်သံသာ ဖြစ်ပါတယ်... (ဒါပေမယ့် ၀တ်လာမပြုတဲ့ မွတ်စလင်ဘာသာဝင်တွေလည်း အများကြီးပါ... ဥပမာ- ဗုဒ္ဓဘာသာဆိုတဲ့ ခေါင်းစီးအောက်က လူတိုင်းလည်း ဗုဒ္ဓဘာသာလမ်းညွှန်းအတိုင်း မနေသလိုပေါ့ဗျာ...)
    အဲသလို အော်တဲ့အသံထဲက ပထမဦးဆုံးကြားရတဲ့ အသံဖြစ်တဲ့ အလ္လာဟ်ဟုအာ့ဂ်ဘာရ် ဆိုတာကတော့ အဓိပ္ပါယ်က ပရမတ် ဘုရားရှင်သည် အကြီးကျယ်အမြင့်မြတ်ဆုံးဖြစ်၏ လို့ ရင့်ကျူးတာပါ။
    ReplyDelete
  3. သူတို့တွေဘာကို ထိုင် ပြီးကုန်းကတော့နေကြတာလဲသိချင်တယ်ဗျာ..
    တချို့က ဘုရားရှိုခိုးတယ်၊ တချို့က ၀တ်ပြုတယ်တဲ့- ဒါကို မဖြေမီအလျင် မိတ်ဆွေကို တခုအကြံပြုချင် တာက ကိုးကွယ်တာ၊ ဆည်းကပ်တာ၊ ရှိခိုးတာ၊ မျက်နှာမူတာ၊ ဘယ်လိုကွာသလဲ၊ ဘယ်လိုအနှစ်သာရ ရှိသလဲ။ အရင် သိအောင် လေ့လာပါ။
    မူဆလင်တွေမှာ ဗုဒ္ဓဘာသာများ နားလည်ခံစားထားသလို ဘုရားရှိခိုးခြင်း မရှိဘူး။ ဆွလာ့သ်ပြုတယ် ဆိုတာ ရှိတယ်။ (နားလည်လွယ်အောင် သူ့ရွာနဲ့ သူ့ဓလေ့ ပမာပေးပြောဆိုတာကို ဘုရားရှိခိုးတယ် ထင်နေတာကိုး)
    ပြီးတော့ တစ်ကမ္ဘာလုံးက အစ္စလာမ်သာသနာဝင်များ ညီညွတ်စေဘို့ ဆွလာ့သ်ဝတ်ပြုတဲ့အခါမှာ ကာအ်ဘာ ၀တ်ကျောင်းဘက်ကို လှည့်ခိုင်းတယ်။ အဲ့ဒီ ကာ့အ်ဘာကျောင်းကို ရှိခိုးတာ မဟုတ်သလို၊ ကာအ်ဘာထဲမှာ ရှိတဲ့ ဇာန်ဇာန်ရေးတွင်း၊ ကာ့အ်ကျောင်းကို ဆောက်ထားတဲ့ အုပ်ခဲ၊ သံ၊ ပနက်တိုင်၊ အုတ်ကာခဲတွေကို ရှိခိုးခိုင်း တာလည်း မဟုတ်ဘူး။ အုတ်ခဲ၊ ကျောက်ခဲ၊ စကျင်ကျောက်၊ ရှိသမျှသော ကျောက်၊ သစ်သား၊ ဖေါ့၊ အမှိုက် သရိုက်နဲ့ပြုလုပ်ထားတဲ့ စက္ကူ၊ ပလပ်စတစ်မျိုးစုံနဲ့ ပုံသဏ္ဍာန်မျိုးစုံ ထုဆစ်ဘုရားဆိုပြီး ကိုးကွယ်ရှိခိုး- ဆွမ်းကွမ်း ကပ်နေသူတွေက သူတို့အပြစ်ကိုလွှဲချဘို့ရာ မူဆလင်တွေအတွက် လုပ်ဇာတ်ခင်းထားတာလို့ ဆိုလိုချင်ပါတယ်...
    ReplyDelete
    Replies
    1. မိတ်ဆွေက ပြန်ဖြေရှင်းသလိုလိုနဲ့ ဗုဒ္ဓဘာသာတွေရဲ့ မြတ်စွာဘုရားအပေါ် ရှိခိုးပူဇော်မှုကို တိုက်ခိုက်လိုက်တာပဲ။ ဗုဒ္ဓဘာသာဘာသာတွေ ဆင်းတုတော်တွေကိုရှိခိုးတာဟာ ခင်ဗျားပြောတဲ့ ကျောက်ခဲ သံခဲ အမှိုက်သရိုက်တွေကိုရှိခိုးတာမဟုတ်ဘူးဆိုတာနားလည်စေချင်တယ်။ ဥပမာဗျာ ခင်ဗျားမိဘနှစ်ပါးရဲ့ဓါတ်ပုံကို ခင်ဗျားရဲ့အိမ်ဦးခန်းမှာချိန်ပြီး အရိုအသေပေးမှာပဲ။ အဲဒီဓါတ်ပုံ ပုံဖော်ဖို့ နောက်ခံစာရွက်အသုံးပြုရတယ်။ အဲဒီစာရွက်ကရော ဘယ်နေရာကအခြေခံပြီးရလာတဲ့စာရွက်လို့ခင်ဗျားပြောနိုင်လား။ ခင်ဗျားတို့လည်း မက္ကာက ခင်ဗျားတို့ဝတ်ပြုတဲ့ ဗလီပုံကြီးတွေ အိမ်ဦးခန်းမှာချိတ်ဆွဲထားကြတာပဲ။ ဒါပေမယ့် အဲဒီပုံနောက်ခံကားချပ်တွေ သစ်သားဘောင် သံဘောင်တွေဟာ ဘယ်လိုထုတ်လုပ်ထားတယ်ဆိုတာ ခင်ဗျားတပ်အပ်ပြောနိုင်လား။ ပြီးတော့ အဲဒီပုံတွေ ပန်းချီကားတွေကို သူတို့လည်းစာရွက်တွေပဲ သတ္ထုပစ္စည်းတွေပဲဆိုပြီး မဖွယ်မရာနေရာမှာ ချတ်ဆွဲထားပါသလား။ ဆိုလိုတာက ခင်ဗျားပြောတဲ့ အပေါ်ယံ အုပ်ပုံ ကျောက်ပုံ သစ်သားရုပ်ထု စတာတွေကိုကိုးကွယ်နေတာမဟုတ်ပဲ အမြတ်တနိုးတန်ဖိုးထားတဲ့ ဘုရားကိုအာရုံပြုကိုးကွယ်ခြင်းဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဘုရားရဲ့ဂုဏ်တော် ကျေးဇူးတော်ကို အောင့်မေ့ပူဇော်ခြင်းဆိုတာ နားလည်ထားဖို့လိုပါတယ်။
      Delete
  4. လူသန်းပေါင်းများစွာသေကြေခဲ့တဲ့ နာဂစ်လိုအဖြစ်ဆိုးမျိုးမှာ ဘုရားသခင်ဘယ်ရောက်နေတယ် ဘာလုပ်နေလဲဆိုတဲ့မေးခွန်းမျိုးကို သင်ဖြေပါ။အလွန်တရာ ချစ်ခင်မြက်နိုးသနားကြင်နာတက်တယ်ဆိုတာ
    ဘုရားသခင်မှာရှိသေးလားပြန်စဉ်းစားပါမိတ်ဆွေ
    ReplyDelete
  5. ဦးနှောက်သေးသေးနဲ့ စဉ်းစားတတ်တဲ့ kozay79 အတွက် ဘလော့ရှင်တင်ထားတဲ့
    အလ္လာဟ်က လူတွေကို ဖန်ဆင်းပြီး ကစားနေသလားဆိုတာလေးကို ဖတ်ကြည့်စေချင်တယ်...
    http://www.mediafire.com/?q9sw3q6zqcw1f4p
    ReplyDelete
  6. မာလ်တီကမိတ်ဆွေတစ်ယောက်ပြောဖူးတာလေးကိုအမှတ်ရမိတယ်...........သူပြောတာကဒီလိုလေးပါ
    ဖန်ဆင်းရှင်ဘုရားသခင်ဆိုတာ ပြည့်စုံတယ်လို့ပြောကြတယ်နော်။ ပြည့်စုံတယ်ဆိုတာ တစ်နည်းအားဖြင့် ဘာမှမလိုအပ်တော့တာပေါ့။ ပြည့်နေတဲ့ရေအိုးထဲကို ရေထပ်ဖြည့်လို့မရသလိုပေါ့။ ဒါဆိုရင် ချို့ယွင်းမှုကင်းတဲ့ ပြည့်စုံပြီးသား ဘုရားသခင်က ဘာလို့အရာရာကို ဖန်ဆင်းတာပါလဲ? ပြည့်စုံပြီးသားဆိုရင် ကိုယ့်ဘာကိုယ်တစ်ယောက်တည်းနေလို့ရတာပဲ။ ရေအိုးထဲရေမပြည့်သေးလို့ ထပ်ဖြည့်လို့ရတာပေါ့။ အဲဒီတော့ဘုရားသခင်ဆိုတာမပြည့်စုံသေးပါဘူး မပြည့်စုံသေးတဲ့အတွက်ဘုရားသခင်လို့ခေါ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ ဘုရားသခင်ဆိုတဲ့အရာဟာ မရှိပါဘူးလို့ လော့ဂျစ်ပိုင်းဆိုင်ရာ သက်သေပြလို့ရပါတယ်။
    ReplyDelete
  7. ကိုယ်တော်ဂေါတမလည်း မိန်းမတွေနဲ့ပဲ။ သားတော်ရာဟုလာကို မွေးပြီး တောထွက်ခဲ့တာ- အဲ့ဒီနောက်ပိုင်း မိန်းမနဲ့ မနေတော့ဘူး ဘာညာ မပြောနဲ့နော်-၊ ရာဟုလာထက် အငယ် သမီးတွေ ရှိနေသေးတယ်။ ပိဋကတ်မှာကို အတိအကျပါတာပဲ- ဖုံးထားတာကိုး။
    ဒီအကြောင်းကမူရင်းပိဋက...ဘယ်သုတ္တန်မှာဟောထားတာလဲ.....
    အတိအကျပြောပါ.........
    ReplyDelete
  8. ရေအိုးထဲမှာ ရေမပြည့်သေးလို. ထပ်ဖြည့်သည်ဖြစ်စေ၊ ပြည့်ပြီးသားရေအိုးကို
    နောက်ထပ်ရေထပ်ဖြည့်လို. လျှံကြသည်ဖြစ်စေ၊ အဲဒီ
    ထပ်ဖြည့်မယ့်ရေဟာအခြားတစ်နေရာကယူလာရတာဖြစ်ပြီး၊
    ပထမရှိပြီးသားရေတော့မဟုတ်တာသေချာပါတယ်။ ဒါကြောင့် ဒီ
    လော့ဂျစ်ကဖန်ဆင်းရှင်နဲ့ compare လုပ်ပြလို. မရပါဘူး။
    ကျနော်ရဲ့အယူအဆအရတော့အရင်ကလဲဖန်ဆင်းရှင်သာရှိပြီး၊
    အခုလဲဖန်ဆင်းရှင်သာရှိပါတယ်။ စွမ်းအင်တည်မြဲမှု့နိယာမ ဆိုတာသိပါလိမ့်မယ်။
    Universe စတင်ကတည်းကအခုထိ တည်ရှိနေတဲ့ စွမ်းအင်ပမာဏဟာ တိုးခြင်းလဲမရှိ၊
    လျှော့ခြင်းလဲမရှိပါဘူး။ လောကဟာ မြဲတယ်၊ မမြဲဘူးဆိုတာဟာလဲ
    ရှု.ထောင့်ပေါ်မှုတည်ပါတယ်။ အရာရာတိုင်းဟာအခြေအနေတစ်ခုကနေ
    နောက်အခြေအနေတစ်ခုဆီကို ပြောင်းလဲရပေမယ့်လဲ လောကတစ်ခုလုံးမှာရှိတဲ့
    စွမ်းအင်ပမာဏကတော့ အမြဲတမ်းတူညီမြဲစွာရှိနေပါတယ်။ တကယ်တော့လဲ ကြယ်တွေသာ
    မြဲခဲ့မယ်ဆိုရင် အကိုရော ၊ ကျနော်ပါဖြစ်လာမှာမဟုတ်ပါဘူး။ ဘာလို.လဲဆိုရင်
    သက်ရှိတွေဖြစ်တည်စေဖို.လိုအပ်တဲ့ ဒြပ်စဉ်တွေကို ကြယ်တွေမှာထုတ်လုပ်ပြီး
    သူတို.တွေပေါက်ကွဲခဲ့ (စူပါနိုဗာ)်ခဲ့လို. ကျနော်တို.တွေဖြစ်လာတာလေ။
    ထားပါ။ ဒီအတွေးအခေါ်နဲ့ပတ်သတ်ပြီး ကျနော်အညင်းအခုံမလုပ်ချင်ပါဘူးလေ။
    တစ်ဆက်ထဲမှာ အကိုပြောတဲ့ ရေနဲ့ပတ်သတ်ပြီးတော့
    အံ့ဖွယ်ဖြစ်စဉ်တစ်ခုကိုပြောပြချင်ပါတယ်။
    များစွာသောအရာရာတိုင်းဟာ အပူချိန်မြင့်မားလာတဲ့အခါမှာ ထုထည်ကြီး (ပွ)
    လာရပြီး ၊ အပူချိန်ကျဆင်းတဲ့အခါမှာတော့ ထုထည်သေး (ကျုံ့) သွားရပါမယ်။
    ကျနော်တို. ဆယ်တန်:တုန်းက သင်ခဲ့ရတဲ့ ချားလ်စ်နိယာမ
    ကိုမှတ်မိမယ်ထင်ပါတယ်။ ဒါဆို ကျနော်တို.
    ဖြစ်စဉ်တစ်ခုကိုတွေးကြည့်ကြရအောင်။
    ပင်လယ်မှာ အပူချိန်အရမ်းကျဆင်းသွားတယ်ဆိုပါစို.။ သုညဒီဂရီဆဲလ်စီးရက်
    ထိကျဆင်းသွားတယ်ဆိုပါစို.။ အဲဒီအချိန်မှာ ပင်လယ်ရေရဲ့
    အပေါ်ရံမျက်နှာပြင်ဟာ ခဲသွားပါတယ်။ ဒီတော့အခုနကပြောတဲ့ နိယာမအတိုင်းဆို
    အပူချိန်ကျဆင်းရင် ထုထည်လဲ ကျုံ့သွားရမှာပါ။ ထုထည်ကျုံ့တယ်ဆိုတာ
    သိပ်သည်းဆပိုများလာတာကိုဆိုလိုပါတယ်။
    ဒါဆိုရင်အဲဒီပင်လယ်ရဲ့အပေါ်ရံမျက်နှာပြင်မှာရှိတဲ့ ရေခဲဟာ သူ.ရဲ့
    အောက်ခြေမှာ ရှိတဲ့ ရေထက်ပိုပြီးသိပ်သည်းသွားတဲ့အတွက်
    သူဟာနစ်မြုပ်သွားရပါမယ်။ အဲ့ ၊ အဲဒီရေခဲပြင်နစ်မြုပ်ပြီးနောက်အခု
    ပင်လယ်ရေမျက်နှာပြင်အသစ်ကလဲအဲလိုပဲအေးလွန်းပြီး သုညဒီဂရီ
    ဆဲလ်စီးရက်ထိရောက်ရင် ခဲသွားပါမယ်။ ပြီးရင် သူဟာလဲ ရေထဲမြုတ်သွားပါမယ်။
    ဒီလိုနဲ့ နောက်ဆုံး ပင်လယ်တစ်ခုလုံးဟာ ရေခဲကြီးတစ်ခုဖြစ်သွားပါမယ်။
    ဒါဆိုရင် ပင်လယ်မှာရှင်သန်တဲ့ သက်ရှိတွေဟာ
    ရှင်သန်နိုင်တော့မှာမဟုတ်ပါဘူး။
    ဒါပေမယ့်၊ တကယ့်အဖြစ်မှာတော့ဒီလိုမဟုတ်ပါဘူး။ ရေဟာအဲဒီ
    ယေဘူယရူပဗေဒနိယာမကိုသွေဖည်ပါတယ်။
    သူဟာ အပူချိန်ကျဆင်းရင်းကျဆင်းရင်းနဲ့ ၄ဒီဂရီဆဲလ်ဆီးရက်ရောက်တာနဲ့
    ဒီထက်အပူချိန်ဘယ်လောက်ကျဆင်းကျဆင်းမကျုံ့တော့ပဲပြန့်ကားလာပါတယ်။
    ဆိုလိုတာကထုထည်ကြီးလာပါတယ်။ ဒါကြောင့် ရေခဲဟာ
    ရေပေါ်မှာပေါ်နေနိုင်တာဖြစ်ပြီး ရေထဲကိုနစ်မြုပ်ပြီး ၊ နောက်
    ပင်လယ်တစ်ခုလုံး ရေခဲဖြစ်ပြီး၊ နောက်
    ရေနေသက်ရှိတွေအားလုံးသေဆုံးခြင်းဆိုတဲ့ အဖြစ်ကိုကာကွယ်လိုက်နိုင်ပါတယ်။
    ပင်လယ်ရေမျက်နှာပြင်အပေါ်လွှာ ကသာ ရေခဲနေတာဖြစ်ပြီး၊ အဲဒီ
    အပေါ်ရန်ရေခဲလွှာကြီးဟာလဲသူ.အောက်မှာရှိတဲ့ရေပြင်မှာအပူချိန်
    အအေးကာကိရိယာကြီးအဖြစ်ဆောင်ရွက်ပေးနေပါတယ်။ အဲဒီ
    ရေခဲပြင်ကြီးအောက်ကရေတွေရဲ့ အပူချိန်၎ဒီဂရီဆဲလ်စီရက်ဟာ
    ရေနေသက်ရှိတွေဆက်လက်ရှင်သန်နိုင်စွမ်းရှိပါတယ်။
    ဒါဟာရေရဲ့ ထူးခြားစွမ်းရည်နမှုနာလေးတစ်ခုသာဖြစ်ပါတယ်။
    တကယ်တော့ ရေနေသက်ရှိဆိုတာဟာလဲ အပယ်ဘုံ၎ဘုံမှာအပါအဝင်လို. အကိုတို.
    လက်ခံထားတယ်ဆိုရင် ဒီအပယ်ဘုံကြီး တည်မြဲနေအောင် လုပ်ပေးထားတဲ့
    သဘာဝတရားကြီးကလဲအပြစ်တင်စရာကြီးမဖြစ်နေဘူးလားခင်ဗျာ။ အဲဒီသဘာဝကြီးကလဲ
    ရေကျမှ အေးတိုင်းမကျုံ့အောင် ကြံကြံဖန်ဖန်လုပ်ထားတယ်လေ။ တကယ်တော့
    ရေဆိုတာမရှိရင်သက်ရှိဆိုလို.လဲရှိမှာမဟုတ်ပါဘူး။ ဘယ်သက်ရှိဆဲလ်မဆို
    အဓိကအားဖြင့်ရေနဲ့ဖွဲ့စည်းထားရတာပါ။ တကယ်လို. သာ ရေဆိုတာမရှိခဲ့ရင်
    အကိုတို. ကျနော်တို.လဲဒီသံသရာ လူအဖြစ်ကျင်လည်ပြီး
    သံသရာဆင်းရဲဆိုတာကြီးလဲခံစရာမရှိဘူးမှတ်လား။
    ReplyDelete
    Replies
    1. သဘာဝတရားကြီးကိုအပြစ်တင်လို့မရဘူး။ သဘာဝတရားကြီးက အားလုံးတရားမျှတာအောင်ဖန်တီးထားတာ။ လောကမှာပြစ်ဒဏ်နဲ့ဆုလဒ်ဆိုတာရှိတယ်။ လောကကြီးအတွက် ပတ်ဝန်းကျင်အတွက်မကောင်းတာလုပ်တဲ့သူဟာ မကောင်းကျိုးခံစားရမှာပဲ။ ကောင်းတာလုပ်တဲ့သူဟာကောင်းကျိုးခံစားရမှာပဲ။ အဲဒီအကျိုးရလဒ်တွေက ဘယ်ဘုရားမှ စောင့်ကြည့်ပြီးဖန်တီးနေတာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ကဖန်တီးနေတာပဲ။ ရေတွေမရှိရင် သံသရာကြီးမရှိတော့ဘူးလို့တစ်ထက်ကျပြောလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားအပြစ်တင်ထားတဲ့သုံးဆယ့်တစ်ဘုံမှာ နတ်တွေ ဗြဟ္မာတွေ သရဲ သစ္ဆေတွေလည်းပါတယ်လေ။ သူတို့က ရေနဲ့အသက်ရှင်နေတယ်လို့ဘယ်သူပြောလည်း။ ဒါတွေကတော့ထားတော့ သာမန်လူတွေမသိနိုင်လို့။ ဆိုလိုချင်တာက သဘာဝကြီးက ရေကိုဖန်တီးထားလို့ သတ္တ၀ါတွေ သံသရာမှာကျင်လယ်နေရတာမဟုတ်ဘူးဆိုတာလေး သိစေချင်တာပါ။
      Delete
  9. ဒီဘလော့က ကိုယ်တိုင်ရေးဖို့ထက် ဘလော့က admin ရဲ့ reply တွေကို ဖတ်ပီး ထိုင်ရီနေရတာက ပို feel ရှိတယ်။
    ReplyDelete
  10. ငါ့ဆွေမျိုး ကုလားက ဘာသာရေးဆရာသင်တန်းကျောင်းမှာ သူများအယူကိုစတင်ပြီးယိမ်းယိုင်အောင်လုပ် ပြီးတော့ကို့ဘာသာနည်နည်းပြော မယုံရင်တောင် သုဘာသာယိမ်းယိုင်သွားရင်တောင်မဆိုးလို့ဆိုပြီး၊နေဦး ဘာသာတိုင်းကသူများဘာသာအကြောင်း အငြင်းပွားဖွယ်သင်ပေး(ကျကျနနနော်ပါဠိရေားအာရေဗျဘာသာရောအင်္ဂလိပ်ရောသက်ကတရော)ပြီးတော့ အားလုံးသိသလိုလို ဥပမာ ဓမ်မဟောင်းကျမ်း။ဓမ်မသစ်ကျမ်း၊ကိုအမ်ကျမ်း။ပိတကတ်။ဒါတွေရဲ့အဖွင့်ကျမ်းတွေ လေ့လာဖို့ဆိုရင် 5နှစ်ကနေ10နှစ်ကြာတာကို သင်တန်းကျောင်းမှာသင်ထားတဲ့အတိုင်းအားလုံးလေ့လာပြီြး့ပီလို့ဆိုရင် freethinker တွေကတော့ နုပါသေးတယ်ပေါ့ ဘာလိုလဲဆိုတော့ ငါတို့မှာယိမ်းယိင်စရာတော့မရှိဘူး အေး မင်းတို့တဘက်သတ်ခံကြရဖို့ပဲရှိတယ် ဒါပေမဲ့ သူများဘာသာကိုမသိပဲ စွပ်စွဲရင် ဗုဒ်ဓအတွက်ပဲမဟုတ်ဘူးဘယ်သူမဆိုအတွက် တိုက်ခိုက်ပေးဖို့ ခရူးဆိတ်စစ်သည်တော်များကအသင့်ပဲ perfactmachine@gmail.com ဆိုတဲ့ငါကတော့ ဗုဓ်ဒ၀ါဒနဲ့ ရင်းလို့ သူကိုစွပ်စွဲတာတွေကို ဖြေရှင်းဖို့ တာဝန်ယူထားတယ် ငါကသူရဲ့ဆိုလိုရင်းကို သဘောာမပေါက်ပဲ ရမ်းရွီးတဲ့ Admin ကိုဘုရားသခင်အလိုဖြစ်တဲ့ ရိုးသားစွာ သာသနြာ့ပုပါစေ ဆိုတာကိုအကောင်အထည်ဖော်ပေးမှာ ဟေး ဦးဌေးလွင်ဦး ငါရှင်းပြပြီးရင် မင်းသဘောမပေါက်တဲ့အမှား တွေကိုလူသိရှင်းကြားတောင်းပန်ပေးရင် God ယေဟောဝါorအာလ်လာလ်or ဖန်ဆင်းရှင်းဘုရားသခင်ကမင်းရဲ့အခြားအယူတွေစော်ကာမှု့ကိုခွင့်လွှတ်မယ်
    ReplyDelete
  11. ရှေးဘုရာရှင်ရဲ့ ဗျာဒိတ်တော်
    သင် ဟာ ဂေါတမဘုရားရှင် သာသနာမှာ (ဓမ်မနိတ်မိတာ) တရားတေဇော်အာနုဘော်ဖြင့်ဖန်ဆင်းအပ်သော ရွှေရင်နှစ်တော်သမီးချစ်သည် ဖြစ်လတ်တံလှပသော ဥပလ၀ဏ်ဟူသော ရဟန်းမဖြစ်လတ်တံ တန်ခိုးအရာနှိုက်အသာလွန်ဆုံးရဟန်းမဖြစ်လတ်တံ
    ခရစ်ယန်တွေကfatherလို့ခေါ်သလိုပေါ့ကွာ
    ဖန်ဆင်းတယ်ဆိုတာ(ကံ(ကိုယ်နုတ်စိတ်ရဲ့အလုပ်)ညာဏ်(ချင့်ချိန်တာ)၀ီရိယ(ဖြစ်အောင်လုပ်တာ)စွမ်း အင်များဖန်ဆင်းရှင်လို့ မှတ်လို့ထား)
    ဒီဆိုဒ်ကိုမင်းဖန်းဆင်းတာ ဒါပေမဲ့ အကြောင်းတရားအများကြီးအကူအညီနဲ့ပေါ့စဉ်းစားပါ
    ကဲတောင်းပန်လိုက်ပါတော့ ဒီစကားက ဗုဒ်ဓကိုသိပ်ပြီးနစ်နာစေလို့ပါ
    မင်းတို့ကျောင်းက ဘာသာရေးဆရာတွေမင်းကိုလှည့်စားလိုက်တာလား မင်းကပဲလားတော့မသိဘူး သေချာတောင်းပန်းပါ အမေးအဖြေတွေမှာလဲတောင်းပန်ပါ
    ReplyDelete
  12. ဖတ်ပြီးပြီ ဖြန့်ကြက်ကွန့်မြူတာနဲ့ အလ်လာရှိနေတာဘယ်ဟာကအရင်လဲ ပြိုင်တူဆိုရင် ဆန်ဒမပါဘဲ ဖြစ်တည်မှုဖြစ်သွားတာပေါ့ မီးလောင်တဲ့ အခါ ပူလောင်မှုဟာအကန့်အသတ်မရှိပျံသွာတယ် ဒါပေမဲ့ အခြာူးအရာတွေ ဥပမာလေမော်လီကျူး တွေက စွမ်းအင်စုပ်ယူပြီးစွမ်းအင်တမျိုးအသွင်ပြောင်းသွာတာ ဘာ အပိုင်းအခြားမှမရှိဘူး Phychicpower ကလွဲရင် စွမ်းအင်သည်ဖန်တီးယူမရဖျက်ဆီးမရ ခရစ်ယန်ကိုပစ်ပယ်ပြီး ကိုအန်ဖတ်ကြေးဆို ခင်ဗျားပြောတဲ့ လူထူးဆန်းတွေရှာပြီး တမန်တော်အသစ် ဘာသာအသစ်ထောင်ရင် လူတွေစိတ်ဝင်စားမှာပဲ အသိရှိယင်မိတ်ဆက်ပေးလေ ဒါပေမဲ ဗြောင်freethinker ပဲလိုတယ်
    ReplyDelete
  13. မြတ်စွာဖုရားက သားတော်ရာဟုလာအပြင် တောထွက်ပြီးနောက် သမီးတွေ ရှိနေသေးတယ်လို့ မင်းတို့က ပိဏ္ဍကတ်မှာ အခိုင်အမာ ရှိတယ်လို့ပြောနိုင်ရင် ဒီကိစ္စ မြန်မာသိ ကမ္ဘသိ မင်းတို့ ဖွင့်ချ ကြေငြာ နိုင်လား.... ဒီမေးခွန်းအတွက် မဖြေနိုင်ဘူး အဲလို ဖွင့်ချပြီး အတည်မပြုနိုင်ဘူးဆိုရင် မင်းတို့ အစ္စလာန်တွေ မစင်စားပြီး မွေးလာတာလို့ပဲ ယူဆမယ်နော် .... ဘယ်လိုလဲ စိန်ခေါ်ရဲလား .......
    ReplyDelete
  14. ဘာသာတရားက ပြီးပြည့်စုံပြီးသား ဘာသာဝင်တွေကသာ ဖောက်ပြန်နေကြတာဆိုရင် လက်ခံနိုင်လား .... လက်ခံနိုင်ရင် ကမ္ဘာမှာ ဗုဒ္စဘာသာက ဘာဖြစ်လို့ အငြိမ်းချမ်းဆုံးသော ဘာသာတရားဆုကို ရရှိခဲ့တာလဲ ....
    ReplyDelete
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)