Monday, March 12, 2012

ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ နှင့် ရတနာ ၃ ပါး

ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဆိုသည့်


အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကိုယ်တိုင်စိစစ်ပြီးမှ ယုံကြည်လို့ သက်ဝင်လာပြီး မိရိုးဖလာဘာသာ အစ္စ လာမ်အား ရတနာ ၃ ပါး စာအုပ်ဖြင့် ဝေဖန်ခဲ့သူ ဦးဆန်းလွင်ဟာ အစ္စလာမ်အနှစ်သာရကို သေသေချာချာ ဂဂ နန မလေ့လာ မသိရှိခဲ့ရဘဲ ဝေဖန်ခြင်းပြုမှု ခဲ့ကြောင်းကို သူ့ရဲ့ ရတနာ ၃ ပါး စာအုပ်ပါ အစ္စလာမ်အကြောင်းကို ပြန်လည် ထောက်ပြနိုင်ခဲ့သူ ဦးအေးလွင် (Bsc) ထံ ပြန်လည် ပို့ပေးခဲ့တဲ့ သူရဲ့ အိတ်ဖွင့်ပေးစာမှာ အတိအလင်း ၀န်ခံထားပါတယ်…

အောက်မှာ ဦးဆန်းလွင်က ဦးအေးလွင် (Bsc) ထံ အိတ်ဖွင့်ပေးစာ အထောက်အထား-

သို့
ဦးအေးလွင် (Bsc)

လူကြီးထံမှ ပို့ပေးလိုက်သော စာမျက်နှာ (၃၈) မျက်နှာပါ ကျွန်တော့်သို့ပေးပို့သည့် အိတ်ဖွင့်ပေးစာကို လက်ခံ ရရှိပါသည်။
လူကြီးမင်းလေ့လာသိရှိထားသည့် အချက်အလက်များကို ကျွန်တော့်အား သိစေလိုသော စေတနာဖြင့် အပင် ပန်းခံကာ ရေးသား သင်ကြားပေးသည့် အတွက်လည်း လူကြီးမင်းကို များစွာကျေးဇူးတင်ပါကြောင်း လေးစားစွာ ပြန်ကြားအပ်ပါသည်။
 
ကျွန်တော်သည် သိပြီးသူတစ်ယောက်မဟုတ်ပါ။ သိလိုသူတစ်ယောက်သာဖြစ်ကြောင်း ကျွန်တော့်စာမှာ ပေါ်ပါသည်။ ကျွန်တော့်စာတွင် ဘာသာပေါင်းစုံအကြောင်း၊ ဒသနာပေါင်းစုံအကြောင်း ပါပါသည်။ ထိုဘာသာ အယူ ၀ါဒများ၊ ဒသနာများကို ဗုဒ္ဓဘာသာဝင်များ အခြေခံကျကျသိစေလိုရ်သာ ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ မည် သူ့ကိုမျှ နစ်နာစေလိုသော စေတနာဆိုး မရှိပါ။

လူတိုင်းမှာ လွတ်လပ်စွာ မိမိကိုးကွယ်လိုရာ ကိုးကွယ်ခွင့်ရှိပါသည်။ ထိုသဘောကို ကျွန်တော့်မိခင် နားလည် သွားသောအခါ ကျွန်တော့်အတွက် စိတ်မချမ်းမသာဖြစ်ခဲ့ရသော မိခင် ကျေနပ်စေရန် ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်သူ တစ်ယောက်အကြောင်း... သို့သော အတုပ်ပတ်တိစာကို ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့် မိခင် ကျွန်တော့်အပေါ်နားလည်ပြီး ခွင့်လွှတ်ပြီးဖြစ်ပါတယ် ခင်ဗျာ...

လေးစားစွာဖြင့် (ဆန်းလွင်)

အောက်က မူရင်းစာ မထင်ရှားမှာစိုးလို့ စာပြန်ရိုက်တင်ပေးရာတွင် တချို့သောစကားလုံးများမှာ ကျွန်တော် စက်တွင် ရိုက်ရန်အဆင်မပြေ ဖြစ်နေပါသဖြင့် အဆင်ပြေသလို ရိုက်တင်ပေးလိုက်ရခြင်းကို နားလည် ပေးစေ လိုပါသည်။


ကျွန်တော်သည် သိပြီးသူတစ်ယောက်မဟုတ်ပါ။ သိလိုသူတစ်ယောက်သာဖြစ်ကြောင်း ဆိုပြီးတော့-

ထိုဘာသာ အယူဝါဒများ၊ ဒသနာများကို ဗုဒ္ဓဘာသာဝင်များ အခြေခံကျကျသိစေလိုရ်သာ ရေးသား ဖော်ပြခြင်း ဖြစ်ပါသည်။

ဒီစာသား ၂ ခုကို ယှဉ်ကြည့်ခြင်းအားဖြင့် သိပြီးသူတစ်ယောက်မဟုတ်တဲ့ ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ဟာ ဗုဒ္ဓဘာသာဝင် များကို အခြေခံကျကျသိစေလိုရ်သာ ရေးသား ဖော်ပြခြင်း ဖြစ်တယ်ဆိုတော့ သိပြီးသူ တယောက်မဟုတ် သိလူသူ တစ်ယောက်ဖြစ်သော လေ့လာနေဆဲ အဆင့်မျှသာရှိသေးသော ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ ရဲ့ ရေးသားဖော်ပြချက်များ ဟာ တိကျ မှန်ကန်၊ ခိုင်လုံမှု့ဆိုတာ ရှိနိုင်ပါ့မလားဆိုတာ စာဖတ် သူများ ဆုံးဖြတ်ကြပါ…..

ကျွန်တော် ထောက်ပြလိုသော ဦးဆန်းလွင် (ခ) အရှင်အာဒိစ္စရံသီ အကြောင်း-

ဦးဆန်းလွင်က အသက် ၅၀ အရွယ် ၁၉၈၈ - ၈၉ မှာ ရတနာသုံးပါး...ရေးခဲ့တာပါ။ အဲဒီအချိန်က သူဟာ ကထိ ကရာထူးကနေ အငြိမ်းစားယူ ပြီးဖြစ်နေပါပြီ။ ၁၉၆၂ - ဒဿနိက ဂုဏ်ထူးဖြင့် ၀ိဇ္ဇာဘွဲ့ (ရွှေတံဆိပ်) ကိုရရှိဖူးတဲ့ ဦးဆန်းလွင်က " ငါက အရာအား လုံး သိပြီးသူ ဖြစ်နေပြီ" သူလို့မဆိုနိုင်ပေမယ့် ကထိကအဆင့်ရှိသူ ဖြစ်တာ ကြောင့်တစ်ကြောင်း၊ ထေရ၀ါဒ အထူးထွန်းကား ရာ မြန်မာနိုင်ငံ၏တရားဝင်အဆင့်ရှိ မဟာဝိဇ္ဇာရွှေတံဆိပ်ဆု ဆွတ်ခူးဖူးသူ ဖြစ်တာကြောင့်တကြောင်း ဦးဆန်းလွင်ကို ဂုဏ်သရေရှိ ဒဿနပညာရှင်အဖြစ် လက်ခံလောက် ဖွယ်ဖြစ်ပါတယ်။

သို့သော် ဦးဆန်းလွင်သည် မြန်မာစာဖတ်ပရိသတ်ကြီးအား လှည့်စားခဲ့ကြောင်းကိုတော့ ရတနာသုံးပါး...... တစ်အုပ်ထဲမှာတင် အခိုင်အမာ တွေ့ရှိရပါတယ်။ ရတနာသုံးပါး...စာအုပ်၊ စာမျက်နှာ ၁၅ (pdf version) တွင် ဦးဆန်းလွင် ရေးသားဖော်ပြခဲ့တာက သူ့အသက် ၃၅ နှစ်မှာတင် ကမ္ဘာပေါ်မှာပေါ်ထွန်းပြီးတဲ့ ဘာသာ အယူဝါဒ မျိုးစုံ၊ ဒဿန မျိုးစုံကို သိနားလည်ပြီးဖြစ်တယ် လို့ ရေးထားပါတယ်။

ဒါပေမယ့် ဦးအေးလွင်ကို ပြန်ကြားတဲ့စာမှာတော့ ခေါင်းရှောင်ချင်တဲ့ စိတ်ဓာတ်ပိုင်ရှင်များရဲ့ ဓလေ့အတိုင်း ကျွန်တော် သိပြီးသူ တစ်ယောက် မဟုတ်ပါလို့ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြန်မာစာဖတ်ပရိသတ် အကြား နာမည်တစ်လုံးထွန်းကားရေး အတွက် ဦးဆန်းလွင် ' မုသာ ' သုံးခဲ့ခြင်းဖြစ်တယ်လို့ ယေဘုယျ ကောက် ချက်ဆွဲခြင်းဖြင့် နားလည်ပေးလိုက်ပါရစေ။

ဦးဆန်းလွင်ရဲ့ စာအုပ်နောက်တစ်အုပ်ဖြစ်တဲ့ "ညဏ်လမ်းပေါ် လျှောက်လူတစ်ယောက်အကြောင်း" (ဒီစာအုပ် (ပီဒီအက်ဖ်) ကို ၀၈.၀၅.၀၉ နေ့လယ်က တူတစ်ယောက်ဆီကရလိုက်ပါတယ်။) စာအုပ်စာမျက်နှာ (၆၁) မှာ... သူ့စာအုပ် "ရတနာသုံးပါး..." မှာရေးထားတဲ. ဘာသာ (၁၁) ခုအကြောင်းတွေဟာ သူအသေးစိတ် လေ့လာပြီး မှရေးခဲ.တာပါတဲ.။ ကိုတေးရှင်းက ဒီလိုပါ။ "အကျွန်နုပ်သည် ဗုဒ်ဓဘာသာဝင် ဖြစ်မလာခင်က 'လူတို. ကိုးကွယ် ရာဘာသာကြီး ဆယ်.တစ်ခုကို' ကို အသေးစိတ်လေ့လာခဲ.ဖူး သည်။ (ထိုအကြောင်းကိုစာအုပ်ရေးခဲ.ပြီးပြီ။)"။ ဒီတော့သူကိုယ်တိုင်ကဘာသာကြီး (၁၁)ခုအကြောင်းကို အသေးစိတ်လေ့လာပြီးမှ အဲဒီ "ရတနာ သုံးပါး..." စာအုပ်ရေးခဲ.တာပါတဲ.။

အဲဒီတော့ ဦးဆန်းလွင်ဟာ အလွန်ကိုမရိုးသားတဲ. လူလိမ်၊ အလွန်ကို သရုပ်ဆောင်ကောင်းတဲ. တတ်ယောင် ကား၊ လူအများကြီး ကို တစ်လွဲ အင်ဖော်မေးရှင်းတွေပေးပြီး ရလာတဲ.ငွေနဲ. ဝမ်းတစ်ထွာ ကိုဖြည်.ပြီး အသက် ရှင်နေထိုင်ခဲ.တဲ.လူ စသည်... ဒီလူလိမ်၊ လူကောက် ကံကောင်းသွားတာက ကျွန်တော်နဲ.မကြုံလိုက်တာဘဲ။ ကိုအေးလွင်ရေးတဲ. စာကိုတောင် မှန်မှန်ကန်ကန်ပြန်ဖို. သတ်တိနဲ. အရည်အချင်းမရှိဘဲ သူ့ပြန်စာမှာ ပေါ် တင်ကြီးလိမ်ထားတဲ.အချက်တစ်ချက်ကိုလည်းထပ်ပြလိုက်ဦးမယ်။

ဒီလူက ကိုအေးလွင်ဆီ ပြန်စာကို သူ့လက်တာဟဒ်မှာ ရေးထားပုံရတယ်။ လက်တာဟဒ်ဘယ် ဘက်ထောင့် မှာ... သူ့လိုဂိုလား ဘာလားမသိဘူး ငှက်လိုလို တရိတ်ဆန်တစ်ကောင်ပုံလို. ထင်ရတာဘဲ။ အဲဒါနဲ. တွဲပြီး ရေး ထားတာက "ဆန်းလွင် စာရေးဆရာ၊ ဒသနပညာရှင်၊ Hypno-Analyst" တဲ.။ ပြီးတော့ သူ့ပြန်စာမှာ ရေးထား တာက "ကျွန်တော်သည် သိပြီးသူ တစ်ယောက်မဟုတ်ပါ၊ သိလိုသူတစ်ယောက်သာ  ဖြစ်ကြောင်း ကျွန်တော်. စာမှာပေါ်ပါသည်။" တဲ.။ ကဲ...သူပြောသလိုသူဟာ "သိပြီးသူ" မဟုတ်ရင် ဘာလို.သူ့ကိုယ်သူ "ပညာရှင်" လို. ကျွေးကြော်ထားရတာလဲ? ဒါလိမ်တာဘဲပေါ့။ သူဘာလဲဆိုတာသူ့စာမှာပေါ်တယ်တဲ.။


အဲဒီလူက သူဘာဆိုတာ သူ့စာတွေမှာ အရှက်မရှိ ဖော်ပြတတ်တာ သူ့အကျင့်လားတော့ မသိဘူး။ ကိုအေးလွင်ဆီ ပြန်တဲ.စာ မှာတောင် သူက "ကျွန်တော်ဟာ မဟာလူလိမ်ပါ" ဆိုတဲ့ ဝန်ခံချက်ကို ပဟေဠှိလေးနဲ. ဖော်ထားလိုက်သေးတယ်။

ဒီတော့ကား - ၀ါဒအစုံကို ၃၅ နှစ်မှာ လေ့လာပြီးဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ တခြားဝါဒတစ်ခုကို ဝေ ဖန်နေတဲ့အထဲမှာ အထက်ပါအတိုင်း မုသာကျူးလွန်ခြင်းမျိုး ပြုလုပ်သင့်ပါသလော။ သဗ္ဗညုတအတွက် အ ထောက်အပံအဖြစ်ရေးတဲ့ စာအုပ်မှာပဲ မုသာဝါဒကို ကျူးလွန်ခြင်းဖြင့် မည်သည့်အတိုင်းအတာကို ဦးဆန်းလွင် ကျူးလွန်ခဲ့ပါသနည်း။ ယင်းအတွက် ကျွန်တော်တို့မွတ်စ လင်များက သူ့အား သာသနာပလူတစ်ဦးအဖြစ် မုန်းတီးခြင်းမရှိဘဲ အစ္စလာမ်အား အထင်အမြင်မှားရလေအောင် အကွက်ကျကျ ကစားသူ၊ သဗ္ဗညုတကို အလွဲသုံးသူ တစ်ယောက် အဖြစ်မြင်ပါသည်ဟုဆိုလျှင်လည်း တရားသဖြင့်ဖြစ်ချိမ့်မည်ဟု သုံးသပ်ပါတယ်။

TMHTWE


နောက်တချက်က-

မွတ်ဆလင်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကိုယ်တိုင်စိစစ်ယုံကြည့်ပြီး ဗုဒ္ဓဘာသာဖြစ်လာသူ စာရေးဆရာ ဆရာဦးဆန်းလွင်
ကိုယ်တိုင်ဟောပြောထားသော မွတ်ဆလင်ဘာသာ လွဲမှားချက်များ(ကိုးကားချက်များနှင့်တကွ) တနည်း လောကကြီးနှင့် ဆန့်ကျင်နေသော အယူအဆများ ဆိုသည့်အသံဖိုင်ကို ရှင်းလင်းထားချက်လေးပါ....


များကို နားထောင်ပြီးသူများအတွက် ရှင်းလင်းချက်-

ဒီအခုကျတော်ရေးတဲ့စာဟာ http://up4vn.com/files/0CVOSBDU/18_MustBeThink.mp3.html ရဲ့ ပထမ ၁၅ မိနစ် ဟော ကြားချက်ကို လေ့လာရေးသားချက်ဖြစ်ပါတယ်။ ဆက်ရန်ရှိပါသည်။ အချိန်အကန့်အသတ်ရှိ၍ ဤမျှသာရေးသားနိုင်ခြင်းဖြစ်သည်။

ပထမဆုံး ကျတော်သတိထားမိတာကတော့ ဘုရားဆိုတာ ဆည်းပူးအားထုတ်မှဖြစ်လာတယ်ဆိုတဲ့ အချက်ကို အခြေခံပြီးပြော တယ်။ အဲဒီအချက်က ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ကျတော်က လက်မခံနိုင်ပါဘူး။ ဘာသာတစ်ခုအကြောင်းဆွေးနွေးမယ်ဆိုရင် တခြားဘာသာတစ်ခုရဲ့ အယူအဆတစ်ခုကို အခြေခံပြီးဆွေးနွေးလို့ မရပါဘူး။ အခြေခံဆွေးနွေးတဲ့ အချက်ဟာ လူအားလုံး လက်ခံနိုင်တဲ့ အချက်ဖြစ်ဖို့လိုတယ်။

နောက်တစ်ချက်က အစ္စလာမ်ဘာသာမှာ လူဟာဖန်ဆင်းခံဖြစ်တယ်။ ဘုရားမဟုတ်ဘူး။ ဘုရားသခင်ကလူနဲ့မတူပါ။ ပိုမိုအဆင့်အ တန်းမြင့်မားတယ်။ အဲဒီတော့ လူနဲ့ တိရိစ္ဆာန်တွေမှာပဲ မှန်တဲ့အချက်တွေ ဥပမာ အသက်ရှင်ခြင်း၊ နေထိုင်ခြင်း၊ စားသောက်ခြင်း၊ အိပ်စက်ခြင်း၊ လေ့ကျင့်သင်ယူခြင်းစတဲ့ အချက်တွေကိုသုံးပြီး ဘုရားသခင်ကို ဖော်ပြလို့မရပါဘူး။  လူနဲ့ တိရိစ္ဆာန်မှာပဲ မှန်တဲ့ အချက်တွေကို သုံးပြီး ပင်လယ်သမုဒ္ဒရာတစ်ခု၊ ကျောက်တောင်တစ်ခုအကြောင်းကိုလည်း ဖော်ပြလို့မရနိုင်သလိုဖြစ်တယ်။

မိုးရွာ၊ လေတိုက်၊ မိုးကြိုးပစ်၊ ငလျင်လှုပ်တတွေကို လူသားတွေက ကြိုတင်မှန်းဆပြီး လိုသလိုလုပ်လို့ ရနေတယ်လို့ ပြောသွားပါ တယ်။ ယနေ့ သိပ္ပံပညာထွန်းကားနေတဲ့ ခေတ်မှာရာသီဥတု ကြိုတင်မှန်းဆတာကတော့ အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ရာနှုန်းပြည့်မှန်အောင်ပြောနိုင်တယ်ဆိုတာ မရှိပါဘူး။ မှန်းဆတယ်ဆိုတာ သေချာစွာ မသိနိုင်လို့ဖြစ်တယ်။ သေချာတောင်မသိနိုင်ပဲ လိုသလိုလုပ်နေတယ်ဆိုတာကတော့ အထူးအဆန်းပါပဲ။ မိုးရွာအောင်လုပ်နိုင်ပြီလို့ပြောသွားတယ်။ ဒါဟာ စမ်းသပ်ဆဲအဆင့်ပဲရှိပါ တယ်။ ဘယ်သူမှ သေချာစွာမသိနိုင်သေးတဲ့ စမ်းသပ်မှုတစ်ခုဟာ ဖြစ်ချင်ဖြစ်မယ် မဖြစ်ချင်မဖြစ်ဘူးဆိုတဲ့ အဆင့်ပါ။ ဒါနဲ့ စကား မစပ် ရုပ်ရှင်တွေထဲက မိုးရွာအောင်လုပ်တာကို ပြောနေရင်တော့မသိ။ နောက်ပြီးဂျပန်မှာ ငလျင်ကြောင့် နူကလီးယား ဓါတ်ပေါင်းဖို ကြီး ပျက်ဆီးသွားတာကြောင့် ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေ ငလျင်ကို ကြိုတင်ခန့်မှန်းဖို့ စတင်ကြိုးစားလာကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်ဟာ ခန့်မှန်းလို့မရသေးတဲ့ အတွက်ဖြစ်တယ်။ ဒါကို လူသားတွေက ကြိုတင်မှန်းဆပြီး လိုသလိုလုပ်လို့ ရနေတယ်ဆိုတာက ပညာမဲ့စကားဖြစ်တယ်။

ဘုရားသခင်ရဲ့ ပုံပန်းသဏ္ဌာန်ကို လူတွေမသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့ဦးနှောက်ဟာ အတိုင်းအတာတစ်ခုအထိ ပဲ တွေးတောနိုင်ပါတယ်။ ကျတော်တစ်ခုမေးမယ် ခင်ဗျား ဆိတ္တရကောင်ရဲ့ ပုံပန်းကို ကျတော့်ကိုပြောပြပါဆိုရင် ခင်ဗျားပြောနိုင် ပါ့မလား။ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့ဦးနှောက်ဟာ မမြင်ဖူးတဲ့၊ မကြားဖူးတဲ့ အရာတွေကို မတွေးနိုင်လို့ပါပဲ။

နောက်တစ်ချက်က စကားပြောလို့ ပါးစပ်ရှိတယ်လို့ကောက်ချက်ချသွားတယ်။ သစ်ပင်တွေ စကားပြောတယ်ဆိုတာ သိပ္ပံနည်းကျ သက်သေပြလို့ ရနေပြီဗျ။ ပြပါဦး ကျတော်ကို သစ်ပင်ရဲ့ ပါးစပ်။ လက်ဆိုတာကလည်း ပုံပန်းသဏ္ဌာန်ဖမ်းရတာခက်သားဗျ။ ဆိတ္တရကောင်ရဲ့ လက်ကဘယ်လို ပုံစံရှိလဲ ပြောပြပါဦး။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။ သွေးထဲမှာ ရှိတဲ့ macrophage ဆိုတဲ့ ဘက်တီးရီးယားကို တိုက်ထုတ်တဲ့ သွေးဖြူဥရှိတယ်။ သွေးဖြူဥက အဝိုင်းပုံ၊ ဒါပေမယ့် ဘက်တီးရီးယားကို ဝါးမြိုဖို့အတွက် သူ့မှာ pseudopod ဆိုတဲ့ လက်တွေထုတ်နိုင်တဲ့ အစွမ်းရှိတယ်။ ဒါပေမယ့် အဲဒီသွေးဖြူဥမှာ လက်ရှိတယ်လို့ ခင်ဗျားပြောလို့ရမလား။ အဝိုင်းပုံကြီးလေဗျာ။ ဘုရားကို လူ့ဦးနှောက်တွေးနိုင်ရုံနဲ့ ပုံဖော်လို့မရနိုင်ပါဘူး။

အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ယဟူဒီဘာသာ အားလုံးရဲ့ ဘုရားဟာတစ်ဆူတည်းပါ။ ဒီဘာသာကြီးတွေကို ဘုရားသ ခင်စေလွှတ်ခဲ့တဲ့ တမန်တော်တွေက သင်ကြားပို့ချပေးခဲ့တာပါ။ တမန်တော်တွေရခဲ့တဲ့ ကျမ်းဂန်တွေလည်းရှိပါတယ်။ ကျမ်းဂန် အားလုံးဟာ ဘုရားသခင်ရဲ့ဗျာဒိတ်တော်တွေဖြစ်ပါတယ်။ ဒီနေရာမှာ ကျတော်ပြောချင်တာက အစ္စလာမ်ဘာသာမှာ တမန်တော် ရခဲ့တဲ့ ကုရ်အာန်ကျမ်းတော်ကလွဲပြီး ကျမ်းတဲ့ကျမ်းအားလုံးဟာ အစစ်မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူပေါင်းများစွာ တည်းဖြတ်ပြုပြင်ရေးသားခဲ့ကြတဲ့ အတွက်ဖြစ်ပါတယ်။ အဲဒါကြောင့် သမ္မာကျမ်းစာနဲ့တကွ အခြားကျမ်းများဟာ မူကွဲပေါင်းများစွာ ရှိနေခြင်းဖြစ်ပါတယ်။ အဲဒီလိုကျမ်းတွေမှာရေးသားထားတဲ့ ဘုရားသခင်ရဲ့ပုံပန်းသဏ္ဌာန်ဟာ အမှန်ဖြစ်နိုင်ပါ့မလား။ ဒါတွေကို မသိ လို့ပဲလား၊ သိရက်နဲ့ မရှက်ပဲပြောသလားမသိ။ အဲဒီကျမ်းစာတွေမှာ ဖော်ပြထားတဲ့ပုံရိပ်နဲ့ အလ္လာအရှင်မြတ်ကိုလည်း တွေးကြည့်နိုင် ပါတယ်လို့ပြောသွားပါတယ်။

ယခုဤစာသည် http://up4vn.com/files/0CVOSBDU/18_MustBeThink.mp3.html ဖိုင်၏ ပထမ ၁၅ မိနစ်မှအပ နောက် ပိုင်းပြောကြား ချက်များကို တုံ့ပြန်ရေးသားသည်။

အီဗလစ် ဆိုသော အာရဗီစကားလုံးဟာ မြန်မာ အဓိပ္ပါယ်အရ မိစ္ဆာကောင်ဖြစ်သည်။ အာဒမ်နဲ့ သူ့ရဲ့ ဆွေမျိုးစဉ်ဆက်ကို လမ်းမှား သို့ရောက်အောင် နှောင့်ယှက်ခွင့်ပြုပါဆိုပြီး မိစ္ဆာကောင်ကတာင်းဆိုခဲ့တယ်။ အလ္လာအရှင်မြတ်က ခွင့်ပြုတော်မူခဲ့တယ်။ ဥပမာ တစ်ခုပေးကြည့်တာပေါ့ဗျာ။ ခင်ဗျားက အရမ်းကျော်ကြားတဲ့ လျှမ်းလျှမ်းတောက် ပန်းပဲ ဆရာတစ်ယောက်။ ခင်ဗျားတစ်သက်တာ မှာ အကောင်းဆုံးဆိုတဲ့ ဓါးတစ်လက်ကို ခင်ဗျားပြုလုပ်လိုက်တယ်။ အဲဒီမှာ လူတစ်ယောက်ကလာပြီးပြောတယ်။ ခင်ဗျားဓါးဟာ ကျတော် တစ်ချက်နှစ်ချက်ခုတ်ရုံနဲ့ ကျိုးသွားမှာပါ။ အဲဒါကို ခင်ဗျားက မဖြစ်ဘူးဓါးကျိုးသွားနိုင်တယ် ဆိုပြီးပြန်ပြောမလား။ ဒါမှမ ဟုတ် ဟုတ်ပြီ... ဒါဆို ရော့ဓါးကို ယူခုတ်ကြည့်၊ မကျိုးရင်တော့ ခင်ဗျားတွေ့မယ်လို့ ပြောမလား။ အခု ဒီနေရာမှာလည်း ဘုရား သခင်ရဲ့ ဖန်ဆင်းခံတွေထဲမှာ အမြင့်မြတ်၊ အပြည့်စုံဆုံးဆိုတဲ့ လူသားကို  မိစ္ဆာကောင်က လမ်းမှားရောက်အောင်လုပ်ပါမယ်ဆို တယ်။ အဲဒါကို ဘုရားသခင်က မလုပ်ရဘူး၊ ငရဲပဲ ကျခံစေရမယ်လို့ မိန့်ဆိုပါ့မလား။ ဘုရားဗျ၊ ဘုရား။

မတူညီတဲ့ အခြေအနေတွေနဲ့ မွေးဖွားခဲ့သူတွေအတွက် ဖန်ဆင်းရှင်က ဘာဖြစ်လို့ အဲဒီလို ဖန်ဆင်းခဲ့တာလဲ။ ကျတော် လွန် ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကျော်မှ ယနေ့ထိ အက္ခရာတစ်လုံးမလွဲ ထိန်းသိမ်းစောင့်ရှောက်ခံခဲ့ရသော၊ ကမ္ဘာပျက်သည့်တိုင် ထိုအ တိုင်းတည်ရှိမည်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်ထဲက စာကြောင်း သုံးလေးကြောင်းကို ဖော်ပြချင်ပါတယ်။

လူတို့သည် 'ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ခဲ့ပါပြီ' ဟုပြောခဲ့ကြသောကြောင့် မိမိတို့မှာ စမ်းသပ်ခြင်းမခံရပဲ လွှတ်ထားခြင်းခံရမည် ဟု ထင်မှတ်ကြသလော။ (၂၉း၂)

ထို့အပြင် ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့စိုးရိမ်စေခြင်းဖြင့်သော်၎င်း၊ ငတ်မွတ်စေခြင်းဖြင့်သော်၎င်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့်သော်၎င်း၊ အသက်သေကြေ ပျက်စီးခြင်းဖြင့်သော်၎င်း၊ ကောက်ပဲ သီးနှံများ ပျက်စီးဆုံးရှုံးခြင်းဖြင့်သော်၎င်း စမ်းသပ်တော်မူမည်။ (၂း၁၅၅)

ထို့အပြင် ဥစ္စာပစ္စည်းများနှင့် သားသမီးများသည် စမ်းသပ်မှုတစ်ရပ်သာလျှင်ဖြစ်သည်။ ဧကန်စင်စစ် အလွန်ကြီးကျယ်သော အကျိုး ဆုလာဒ်သည် အလ္လာအရှင်မြတ်ထံတော်တွင်ရှိသည်။ (၈း၂၈) 

အကျဉ်းချုပ်ပြောရရင် အစ္စလာမ်မှာ အရင်ဘဝဆိုတာ မရှိပါဘူး။ ဒီဘဝဟာ စမ်းသပ်မှုတစ်ခုဖြစ်တယ်။ တမလွန်ဘဝသာလျှင် အစစ်အမှန်ဖြစ်တယ်။ အဲဒီတော့ ဒီစာမေးပွဲမှာ မတူညီတဲ့သူတွေ မတူညီတဲ့ မေးခွန်းတွေ ဖြေကြရတယ်။ မေးခွန်းခက်တိုင်း မကျနိုင်သလို၊ မေးခွန်းလွယ်တိုင်းလည်း အောင် ဖို့မျှော်လင့်လို့မရဘူး။

ခေါတောလူမျိုးတွေဟာ ကျွဲ၊နွားသတ်တဲ့ အကုသိုလ်ကြောင့် အကျိုးအကန်းများတယ်လို့ ပြောသွားတယ်ဗျ။ ကျတော်ကပြောမယ် သူတို့ဟာ ကျန်းမာရေး အသိပညာနည်းလွန်းပြီး လူနေမှုအဆင့်အတန်းနိမ့်ကျလို့ ဒီလိုဖြစ်နေတာပါ။ ပြည့်ဝတဲ့ ကျန်း မာရေးစောင့်ရှောက်မှုနဲ့ ထိုက်တန်တဲ့ လူနေမှုအဆင့်အတန်းရှိရင် ဒါတွေမဖြစ်ပါဘူး။ ကမ္ဘာ့တစ်ခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုကြည့်ပါဦး။ ဘိုးစဉ်ဘောင်ဆက် ကျွဲ၊နွားသတ်တဲ့လူတွေ အကျိုးအပဲ့တွေလားလို့....။

နောက်တစ်ခုက သေပြီးနောက်မှာ အစ္စလာမ်ဘာသာဝင်တွေဟာ ကောင်းကင်ဘုံနဲ့ ငရဲကို တိုက်ရိုက်မသွားရသေးပါဘူး။ ကြား စခန်းတစ်ခု ရှိတယ်လို့ပဲ ဆိုပါတော့။ အစ္စလာမ်သာသနာဟာ တရားမျှတမှုအပြည့်အဝရှိတဲ့အတွက် လူသားတိုင်းတရားအစီအရင်ခံ ရမယ့် နေ့ရှိပါတယ်။ ကျွန်တော်တို့ဖြေထားတဲ့ စာမေးပွဲအောင်စာရင်းထွက်မယ့်နေ့ပေါ့ဗျာ။ သေပြီးသူများဟာ အဲဒီနေ့အထိ ကြား စခန်းမှာ နေရပါတယ်။

စောင့်တယ်ဆိုမှ အချိန်နဲ့ ပါတ်သက်တဲ့ အယူအဆတစ်ခုကိုပြောပါရစေ။ အချိန်ဆိုတာ သိပ္ပံပညာအရ အလျား၊ အနံ၊ ရွှေ့လျားနှုံးတို့ လို့ အတိုင်းအတာတစ်ခုသာဖြစ်တယ်။ အရွှေ့မရှိရင် ဘာဖြစ်မလဲ၊ အရာဝတ္ထုတစ်ခု ရပ်သွားမှာပေါ့။ ထင်ရှားတဲ့ အိုင်းစတိုင်းရဲ့ သီအိုရီ တစ်ခုရှိတယ်၊ တွေးခေါ်နိုင်သမျှတွေးခေါ်ပေါ့ဗျာ။ ခင်ဗျားက ကမ္ဘာကြီးကို အလင်းအမြန်နှုန်းနဲ့ ပတ်နေရင် ခင်ဗျားအတွက် အချိန်ဆိုတာ ပျောက်သွားတယ်။ အသက်ကြီးမလာတော့ဘူး၊ အချိန်ဆိုတာ မရှိတော့ဘူး။

အဲဒီတော့ ဒီနေရာမှာပြောချင်တာက သေပြီးရင် အချိန်ဆိုတဲ့ ယခုကျွန်တော်တို့ အသုံးပြုနေတဲ့ တိုင်းတာတဲ့ စနစ်က ရှိသေးတယ် လို့ ဘယ်သူပြောနိုင်သလဲ။ အချိန်ဆိုတာမရှိတော့ရင် ကြာတယ်၊ မြန်တယ် ဆိုတာပျောက်သွားတယ်ဗျ။

နောက်ပြီး အဆီအငေါ်မတည့်ပုံများတော့ အစ္စလာမ်ဘာသာက တရားစီရင်ဖို့နေ့ ဘယ်တော့ရောက်မယ်ဆိုတာကို ခရစ်ယာန်ဘာ သာ ကျမ်းကိုးနဲ့ ပြောသွားသေးတယ်။ ဗုဒ္ဓဘာသာအကြောင်းကို ဟိန္ဒူကျမ်းကိုးနဲ့ ပြောလို့ရလားဗျ။

ကမ္ဘာပျက်တာနဲ့ ပါတ်သက်လို့ ဘယ်လောက်ကြာမယ် ဘာမယ် တွေးတောမှန်းဆမနေတော့ပါဘူး။တကယ်လို့ စင်္ကြာဝဠာထဲက သန်းထောင်ပေါင်းများစွာသော လွင့်မျောနေတဲ့ ဥက္ကာခဲကြီးတွေထဲက တစ်ခုများ ကမ္ဘာကိုဝင်တိုက်တယ်ဆိုရင် ခင်ဗျားတို့ရော ကျတော်ရော ကြွသွားမှာပဲ။ အင်္ဂါဂြိုလ်ကိုပြောင်းရအောင် အဲဒီပေါ်မှာ အခြေကျသေးတာလည်း မဟုတ်ဘူး။

အစ္စလာမ်ဘာသာဟာ လူ့ပြည်မှာ အရက်သောက်သုံးမှုကိုတားမြစ်ထားပြီး၊ ကောင်းကင်ဘုံမှာ ခွင့်ပြုထားတယ်လို့ ပြောသွားတယ် ဗျ။ ပြီးတော့ အဲဒီမှာ ပျိုကညာလေးတွေပဲရှိပြီး၊ လုလင်ပျိုလေးတွေမရှိတော့ မိန်းမသားတွေ ကောင်းကင်ဘုံမှာ ဒုက္ခရောက်လိမ့် မယ်လို့ ပြောသွားသေးတယ်။ သူ့ဟာသူ မသိလို့ပြောသွားတာဖြစ်ပါမယ်။ အဲဒါ အများနားလည်အောင်ရှင်းပြချင်ပါတယ်။ အာရဗီ စကားလုံးများဟာ အဓိပ္ပါယ်ကြွယ်ဝပါတယ်။ ဆိုလိုတာက စကားလုံးတစ်လုံးဟာ အဓိပ္ပါယ်အများကြီးရှိပါတယ်။ ပထမအရက်လို့ အဓိပ္ပါယ်ထွက်တဲ့ စကားလုံးဟာ သောက်စရာများနဲ့ ပြည့်လျှံနေတဲ့ ခွက်လို့လည်း အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ အဲဒီတော့ သောက် စရာတစ်ခုခုပေါ့။ နောက်ပြီး ပျိုကညာဆိုတဲ့ အသုံးအနှုံးနေရာမှာလည်း အလားတူပါပဲ။ သက်တူရွယ်တူ အဖော်၊ ကြင်ဖော် စသဖြင့် အဓိပ္ပါယ်ရှိပါတယ်။ မိန်းကလေးတွေပဲ ရှိတယ်ဆိုတာ ရည်ညွှန်းထားတယ်လို့ မပြောနိုင်ပါဘူး။ ကုရ်အာန် ကျမ်းတော်မြတ် (၇၈း၃၁-၃၄)

အလ္လာအရှင်မြတ်ရဲ့ အပြည့်စုံအမြင့်မြတ်ဆုံး ဖန်ဆင်းခံဆိုတဲ့လူသားတွေ အိုနာနေကြရတယ်လို့ပြောသွားတယ်။ မှန်ပါတယ်။ ကျတော်တို့အခု ဒီဘဝက စာမေးပွဲဖြေနေတာဗျ။ စာမေးပွဲပြီးသွားမှာက သိပ်များဆန်းနေလားလို့။ ပြီးနောက်တမလွန်ဘဝကကော တည်မြဲပါ့မလားတဲ့။ ဒါကတော့ မတည်မြဲဘူးလို့ ဘယ်သူပြောနိုင်တုန်း။ ဘာကန်ဝါဒဆိုလား ကိုးကားပြီးပြောသွားတယ်... ကျတော်တော့ ရှင်းရှင်းလင်းလင်း မကြားရဘူး။ ပြောသွားတဲ့ကျမ်းစာအုပ်ကိုလည်း ကျတော်မသိဘူး။ အစ္စလာမ်ဘာသာမှာ တမလွန်ဘဝဟာ ထာဝစဉ်ဖြစ်ပါတယ်။

အစ္စလာမ်သာသနာဝင်တွေဟာ ယုတ္တိသာဓကမရှိပဲ ယုံကြည်နေကြပါတယ်တဲ့။ ဒါဟာမှားပါတယ်။ နှစ်ပေါင်း ၁၄၀၀ ကျော် သက် တမ်းရှိပြီး စကားလုံးတစ်လုံးမှ မပြောင်းလဲပဲရှိတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ဟာ ယုတ္တိရှိတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ယခုခေတ်နှောင်းပိုင်းမှ ထွန်းကားလာတဲ့ သိပ္ပံပညာရဲ့ တွေ့ရှိမှုပေါင်းများစွာဟာ ကုရ်အာန်ကျမ်းတော်မြတ် အရင် ကပြောခဲ့တဲ့ အချက်တွေနဲ့ ထပ်တူထပ်မျှဖြစ်နေလို့ပါပဲ။

နောက်ထပ်ဆွေးနွေးတဲ့ ယုံကြည်မှုဆိုတဲ့ အပိုင်းကတော့ ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်တစ်အုပ်ကိုင်ဆွဲပြီး၊ ကျမ်းကိုး နံပါတ်တွေကလည်း  အလွဲလွဲအချော်ချော်ဖြစ်နေပါတယ်။ ထပ်ပြောပါဦးမယ်... အာရဗီဘာသာစကားလုံးများဟာ အဓိပ္ပါယ် အလွန်ကြွယ်ဝပါတယ်။ ဘာသာပြန်တစ်အုပ်နဲ့ ပြောမယ်ဆိုရင် မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာပြန်ဆိုသူပြောပြတဲ့ အနက်တစ်ခုပဲသိပြီး အခြားအဓိပ္ပါယ်တွေ ပျောက်ပျက်ကုန်၍ဖြစ်သည်။ နောက်ပြီး အစ္စလာမ်ဘာသာ စွန့်လွှတ်သူကို သတ်ပစ် ရမည်ဟူ၍ ကုရ်အာန်တွင် ဖော်ပြထားခြင်းမရှိပါ။ ထို့အတူ တမန်တော်ကလည်း မပြောခဲ့ပါ။

အစ္စလာမ်ဘာသာဝင်တွေဟာ မေးမြန်းစုံစမ်းခွင့်တွေမရှိပဲ ကြောက်ကြောက်နဲ့ အတင်းအဓမ္မ ယုံကြည်နေရတာတွေ့ရပါတယ် လို့ပြောသွားပါတယ်။ ဒါဟာအထောက် အထားမခိုင်လုံပါဘူး။ အစ္စလာမ်ဘာသာရဲ့ အဓိကကျမ်းစာဖြစ်တဲ့ ကုရ်အာန် ကျမ်းတော်မြတ်ထဲမှာ ထပ်တလဲလဲ စဉ်းစားဆင်ခြင် သုံးသပ်ဖို့ပြောဆိုထားပါတယ်။ ကုရ်အာန် (၃၈း၂၉)၊ (၃၀း၂၁)။ အစ္စလာမ် ဘာသာဝင်တွေက အတင်းအဓမ္မယုံကြည်တယ်ဆိုရင် ကုရ်အာန်ကျမ်းတော်မြတ်ကို ဆန့်ကျင်မနေပါဘူးလား။ အစ္စလာမ်မှာ ဘယ်ဥ ပဒေ၊ ဘယ်တရား၊ ဘယ်စကားမှ တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေခြင်းမရှိပါ။

ကုရ်အာန်ကျမ်းတော်မြတ်ကိုဝေဖန်လိုလျှင် ဘာသာပြန်ကျမ်းတစ်အုပ်ဖြင့် မလုံလောက်ပါ။ အာရဗီစကားကို ကျွမ်းကျင်စွာ တတ်မြောက်ရန်လိုအပ်ပါတယ်။ သို့မဟုတ်ပါက နားလည်မှုအလွဲလွဲနှင့် ထင်ရာမြင်ရာကို ပြောဆိုထားသော ဖြတ်ညှပ် ကပ်ဝေဖန် မှုများမှာ အဆင့်အတန်းမမှီပါ။

ကျတော်ဒီလောက်ပဲ ပြန်လည်ပြောချင်ပါတယ်။ ပြောစရာတွေကတော့ အများကြီးပါ။ သို့သော် အချိန်အပါအဝင် အခက်အခဲအမျိုး မျိုးကြောင့် ဤမျှသာရေးသားနိုင်ခြင်းဖြစ်ပါတယ်။ အသံဖိုင် နှစ်ခုရှိသော်လည်း ဤတစ်ခုတည်းပင်လျှင် အလွဲလွဲ အမှားမှား ဝေဖန် ချက်များသာ ဖြစ်သောကြောင့် အချိန်ကုန်ခံ၍ ထပ်မံမရေးသားလိုတော့ပါ။ မသိရှိ၊ နားမလည်ပါက မေးမြန်းစေလိုပါတယ်။

မသိလျှင် မေးပါ။ ဒီစကားက အရမ်းမှန်ပါတယ်။ ကျတော်မသိလျှင်၊ သေသေချာချာမသိလျှင် အရာတစ်ခုကို မပြောပါ။ ကျတော် သိနားလည်သူ၊ ပညာရှင်တို့ကို မေးမြန်းပါတယ်၊ ဆွေးနွေးပါတယ်။ မသိပဲနှင့် ပြောဆိုခြင်း၊ ဝေဖန်ခြင်းသည် ပညာမဲ့တို့၏ လုပ် ရပ်ဖြစ်သည်။

ဟောကြားသူဟာ "ကျတော်ဟာ ဥာဏ်မှီသလောက် ဝေဖန်တင်ပြထားခြင်းဖြစ်ပါတယ်" လို့ ဆိုထားတဲ့ အတွက် ဥာဏ်မမှီဘူး လို့ပဲ ကောက်ချက်ချရပါတယ်။ သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပါလို့ ပန်ကြားထားတဲ့အတွက် ခွင့်လွှတ်ပါတယ်။ ဤစာ ကို ရေး သားခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြောကြားသူ၏ တတ်ကျွမ်းသူမဟုတ်ပါဟု မိမိကိုယ်ကို ဝန်ခံကာ တတ်ကျွမ်းသယောင် ဝေ ဖန်မှုများကြောင့် အများသူငှာရှေ့တွင် အထင်အမြင်လွဲမှားမှုများ ပပျောက်စေရန်ရည်ရွယ်ပါတယ်။ ပုဂ္ဂိုလ်ရေးထိုးနှက်ချက်များ မပါဝင်ပါ။ အရေးအသား မချောမွေ့မှု၊ မှားယွင်းမှုများကို ခွင့်လွှတ်စေလိုပါတယ်။


အထက်ပါ ပိုတ်စ့်ကို Pdf ဖြင့် ဒေါင်းလုပ် လုပ်ချင်သူများအတွက် ဒီ မှာ ဒေါင်းပါ...... 

MST

အထက်ပါ တင်ပြချက် ၂ ခု ဟာ ညီငယ် TMHTWE နဲ့ ညီငယ် MST တို့ရဲ့ အတွေးအခေါ် အယူအဆနဲ့ သိမြင်မှု့အပေါ် ဝေဖန်ထောက်ပြချက်လေးတွေပါ... ညီငယ်တွေနဲ့ အယူအဆ မတူတာ အချို့ရှိပေမယ့် ဖြေရှင်းချက်အတွက် ခိုင်လုံမှု့ရှိလို့ ပိုတ်စ့်အဖြစ် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်... 

13 comments:

  1. အသိကို သတိကပ်ပြိးဆင်ခြင်နိုင်ပါမှ အကျိုးသက်ေ၇ာက်မှု့၇ှိပါမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ.....မပြောကြပါနဲ့ သိတဲ့အတိုင်းအလုပ်လုပ်ကြပါ......

    ReplyDelete
  2. အန်ဘလိုဖြစ်တာလဲ ဆွေးနွေးခွင့်တောင်မရှိဘူးလား?
    ဘာလို့ comment တွေဖျက်ပစ်တာလဲ?

    ReplyDelete
    Replies
    1. ကောမန့်ဖျက်တာက အစ္စလမ်ဆိုသူတွေအကျင့်ပဲဟ.. ဟက်ဟက် :D

      Delete
  3. ခင်ဗျားတို့လူမျိုးတွေဟာဒီအတိုင်းပဲဘာသာတစ်ခုယုံကြည် လိုက်တာနဲ့ တခြားဘာသာတွေအကြောင်းအားလုံးသိသလိုပြောတတ် ကြတယ်ခင်ဗျားလဲဒီအတိုင်းပဲ မငြင်းနဲ့နော် သူတို့ဗုဒ္ဓဝါဒက ရဟန်းတာမဖြစ်မချင်း အရိယာရောပုထုဇဉ်ပါ ကျင့်ဆဲလို့ ပြောတတ်ကြတယ် ဒါနဲ့ အလ္လာ သို့ ယေဟောဝါက မိမိဖန်ဆင်းထားတဲ့လူတွေကို ယုံကြည်စွာအစမ်းခံတဲ့အပြင် သူ့ကိုယုံသူတွေလဲစမ်းလေ့ရှိတယ်နော် သူလဲမသေချာလို့စမ်းတာနေမှာပေါ့ ဟုတ်လား
    အစ္စလမ်ဘာသာက နှစ်၁၄၀၀ကျော် သက်တမ်းရှိပေမဲ့ အလ္လာက ဂျူးတွေရဲ့ ယေဟောဝါပဲ တမန်တော်တွေကလဲ မိုဟာမဒ်ကလွဲရင်တူတူပဲ ဒါကြောင့် ကမ္ဘ္ဘ္ဘ်ဘာဦးကတည်းကပဲ မဟုတ်လား မင်းလဲ ဆင်သေကိုဆိတ်သရေဖုံးရတာ ပမ်းရောပေါ့ ငါမေလ်းမပို့တော့ ပေမဲ့ ကွန်မန်းမှာ လက်စွမ်းပြချင်သေးတယ် ဟေးအိုင်းစတိုင်းက အချိန်နှေးသွားတယ်လို့ ပြောတာ မရှိတော့တာမဟုတ်ဘူး ဒါတောင် နှိုင်းရရှိမှ ဆိုလိုတာက သူ့ထက်အချိန်ကုန်မြန်တာရှိမှသူကနှေးမှာ အားလုံးမြန်ရင် နဂိုရ်နဲ့ဘာမှမခြားဘူး ငါပြောခဲ့ သားပဲမင်းတို့ တွေကတူတူပဲ အစွန်းပဲ

    ReplyDelete
  4. သိပ္ပံပညာရှင် တွေတောင် စူးစမ်းဆဲတွေမဟုတ်လား သူ့ကြိုက်ရာ ပြောဆိုရေးသားပါစေ အပြစ်မတင်ပါနဲ့ ဘုရားသခင်က မှားစေချင်သူ မှားမှာပေါ့ သူက မင်းနဲ့ မတွေ့တာကံကောင်းပေမဲ့ မင်းဆိုဒ်က ငါနဲ့တွေ့တာကံဆိုး ပြီထင်တယ်

    ReplyDelete
    Replies
    1. မိုက်တယ်ဗျာ.. ကြီးကြီးကျယ်ကျယ်ပြောပြီး ၀ါးလုံးခေါင်းထဲလသာနေတဲ့ကောင်တွေ..ကိုစော်သာစော်..အရှက်ရှိတဲ့ကောင်တွေမဟုတ်ဘူး..အကိုပြန်ထောက်ပြထားတာတွေမိုက်တယ်..

      Delete
  5. This comment has been removed by the author.

    ReplyDelete
  6. အဆင့် အတန်း ရှိရှိ ပြောရလျှင်တော့ မမြင်ဖူးတဲ့ အရာတစ်ခုကို သူများ ပြော သမျှ မျက်လုံးမှိတ်ယုံကြည် နေကြပြီး တစ်ဦးနှင့် တစ်ဦး အမနာပပြော နေကြတာ ကမ္ဘာကြီးလဲ အကျိုးမရှိ ... ကိုယ်လဲ အကျိုးမရှိ ... အယူဝါဒ ဆိုတာ အရူးဝါဒ ဆိုတဲ့စကား သိပ်မှန်တယ် ... ဗုဒ ကိုရော မြင်ဖူးရဲ့ လား .. အလာ ကိုရော မြင်ဖူးရဲ့ လား .. ယေဟောဝါကိုရော မြင်ဖူးရဲ့ လား ..တွေ့ဖူးလို့လား ... မှန်ရင်ရှေ့မှာ ထင်ထင်ရှားရှား လာပြစမ်းပါဗျာ လက်တွေ့ လက်တွေ့ လက်တွေ့ ပြစမ်းပါ ... ချက်ခြင်း ပြနိုင်တဲ့ ဘာသာထဲ ကောက်ဝင်လိုက်မယ် ... သမိုင်း အဆက်ဆက် ငြိတွယ်လာတဲ အယူဝါဒစွဲ တွေ ကို မစွန့်နိုင်သရွေ့  တော့ ငြိမ်း ချမ်းရေး ဆိုတာ အကောင်အထည် ပေါ်လာမှာမဟုတ်ဖူး ... တကယ်လူတွေ အားလုံးလိုအပ်တာ ငြိမ်းချမ်းရေးပဲ ... တကယ့် ဘုရားသခင်အစစ်က ငြိမ်းချမ်းရေးပဲ ... ငြိမ်းချမ်းရေး ကို အကောင်အထည်ဖေါ်နေသူများက သာ ကိုးကွယ်ရာဖြစ်ပြီး ဖျက်ဆီးနေသူများက မိစ္ဆာတွေပဲ ... ဒါမှ တကယ့် အမှန်တရား ... ငြိမ်းချမ်းရေးကို လိုလားသူများ ထွန်းကားပါစေ

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. အော် ဟိုက ပြည့်တဲ့အိုးမို့လို့.အငြင်းအခုန်မလုပ်ချင်လို့..သိပြီးသူမဟုတ်ပါ သိလိုသူသာဖြစ်ပါတယ်လို့ပြောတာကို အဟုတ်မှတ်နေတယ်..ဦးနှောက်ရှိသူဆိုရင်..ဘာကို ဆိုလိုချင်တယ်ဆိုတာကိုတန်းနေအောင်သဘောပေါက်မှာပဲ..အခုတော့.အကျယ်တ၀င့်လုပ်ထားရတာများ..ဗျာ.. ဟက်ဟက်.တနားဖို့တောင်ကောင်းတယ်..

    ReplyDelete
  9. ((လူနဲ့ တိရိစ္ဆာန်မှာပဲ မှန်တဲ့ အချက်တွေကို သုံးပြီး ပင်လယ်သမုဒ္ဒရာတစ်ခု၊ ကျောက်တောင်တစ်ခုအကြောင်းကိုလည်း ဖော်ပြလို့မရနိုင်သလိုဖြစ်တယ်။))ဒါပေမဲ့အားလုံးအတွက်အကြုံးဝင်နေတာကတော့အရာအားလုံးဟာ ဖြစ်ပြီးရင်ပျက်ပါတယ်.ထာဝရဖန်ဆင်းရှင်ဆိုတာလဲ ရှိနေရင် တစ်ချိန်ပျက်ဦးမှာပါ..

    ReplyDelete
  10. ဦးဆန်းလွင်ပြောတဲ့ သိပြီးသူမဟုတ်ပါ သိလိုသူသာဖြစ်တယ်ဆိုတဲ့စကားက ခင်ဗျားဦးနောက်နဲ့ စဉ်းစားဖို့ဥာဏ်မမှီတာဖြစ်နိုင်တယ်။ ဟိုက ဖလော်သမားပီပီ စကားတစ်ခွန်းကို အဓိပ်ပါယ်အများကြီး ဖြစ်အောင်ပြောလိုက်တာ။ အဲဒါကိုခင်ဗျားက စကားအကျအနကောက်ပြီး ကလေးဆန်ဆန်တုန့်ပြန်တယ်။ ခင်ဗျားပြန်ချေပထားတာတွေကလည်း လက်ခံနိုင်စရာသိပ်မရှိဘူး။ ကိုယ့်အားနည်းချက်ကို လိုရာဆွဲပြီး ဖုံးဖိပေးနေရသလိုဖြစ်နေတယ်။ ခင်ဗျားပြောတဲ့ထဲမှာ လက်ရှိသိပ်ပံတွေ့ရှိချက်တွေက ကုရ်အန်ရဲ့ကျမ်းမှာပါပြီးသားလို့ပြောတယ်။ ဒါဆို ဘုရားသခင်က ကမ္ဘာမြေပြင်ကိုဖြန့်ခင်းတော်မူသည်လို့ဆိုထားတယ်။ ဆိုလိုတာက ကမ္ဘမြေပြင်က အပြားကြီးဆိုတဲ့သဘောသက်ရောက်နေတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ကမ္ဘာကြီးကအလုံးကြီးဆိုပြီး သိပ်ပံပညာရှင်တွေက တစ်ညီတစ်ညွတ်တည်းဆိုကြတယ်။ တစ်ခြား လက်တွေ့မဆန်တဲ့ကွဲလွဲချက်တွေလည်းအများကြီးရှိပါသေးတယ်။

    ReplyDelete
  11. အရင် ဘဝ မရှိ
    ယခု ဘဝ က စမ်းသပ်ခံ
    နောက် ဘဝ က ထာဝစဉ် ဆို တာ လေး တော့ သ ဘော ကျ ပါ တယ်
    ကိုယ် ကို တိုင် လည်း ယုတ္တိ ရှိ ရှိ တွေး ကြည့် တာ ပေါ့ လေ

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)