Monday, March 19, 2012

ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ (၃)

စေတီ လေးမျိုး –(ရုပ်ပွားဆင်းတုမှ အဆက်)

သဗ္ဗညုဉာဏ်စဉ်ရ- ဉာဏ်စဉ်တော်ဆောင် တစ်ပါးဖြစ်သည့် ကိုယ်တော်ဂေါတမ ကိုယ်တော်တိုင်- အာရံမဏ၊ တောတောင် သစ် ပင် စေတီပုတိုးများအား ကိုးကွယ်ခြင်းသည် ကိုးကွယ်မှန်မဟုတ် ဒုက္ခခပ်သိမ်းမှ မလွတ် မြောက်နိုင်ဟု (ဓမ္မပဒ ၁၈၈၊၁၈၉) သွန်သင် ဆုံးမခဲ့သည်ကို ကျွန်ုပ်တို့ အနေဖြင့် အလေးထားဆင်ခြင်သင့်သည်၊ မလေ့လာမိသေးသော ညီနောင် ဗုဒ္ဓသာသနာဝင်တို့ အား မေတ္တာ ထားလျှက် ရှင်းပြပြောဆိုရမည် ဖြစ်သည်။

သာသနိက ထိမ်းသိမ်း၊ ၀န်ဆောင်စားရိတ်များ- 

သာသနာတိုင်းတွင် သာသနာ့ ၀န်ဆောင်စားရိတ်များ ရှိနေပေ သည်။ ၀တ်ပြု ဆည်းကပ် ကျောင်းဆောင်များ တည်ဆောက်ခြင်း၊ ထိမ်းသိမ်းစောင့်ရှောက်ခြင်းနှင့် သာသနာ့ ၀န်ဆောင်ပုဂ္ဂိုလ်တို့အား ဖြည့်ဆီးပေးခြင်း စားရိတ်များ ဖြစ်သည်။ သို့သော် ထိုသို့သော ကုန်ကျစားရိတ်များ အား ၀န်ဆောင်ရခြင်းအတွက် ၀န်ဆောင်ပေးရသူ လူထုအတွက် အပြန်အလှန် အကျိုးသက်ရောက်မှုများ ရှိနေ သည်။ ၀တ်ပြုဆည်းကပ် ကျောင်းဆောင်များ ဖြစ်သည့် ဗလီများ၊ ဓမ္မကျောင်းများ၊ ဘုန်းကြီးကျောင်းများ တို့ သည် လူသားတို့အား ယဉ်ကျေးသိမ်မွေ့ရန် ဟောပြောသွန်သင်ခြင်း၊ အရပ်သားများအကြား အချို့သော ပဋိပက္ခ များအား ဖြေရှင်းပေးခြင်းများ- သာသနာ့ ၀န်ဆောင် ပုဂ္ဂိုလ်တို့မှ နောက်လိုက် တပည့်ဒကာတို့အား သွန်သင် ဆုံးမပေးခြင်းများ- အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ရှိနေပေသည်။ သို့အတွက် အပြန်အလှန် အကျိုး ညီညွတ်မှု ရှိနေသည်ဟု ဆိုနိုင်ပေသည်။

သို့သော်–ကိုယ်တော်ဂေါတမကိုယ်တိုင် တားမြစ်ခဲ့သော စေတီပုတိုး ရုပ်ပွား ဆင်းတုများအား ဆင်ခြင်ကြည့် သော်-၊ ၎င်းတို့အား တည်ထားကိုးကွယ်ခြင်း၌ ထိမ်းသိမ်းစောင့်ရှောက် စားရိတ်၊ ဆည်းကပ် ပူဇော်စားရိတ်များ မှာ လူ့အသိုင်းအ၀ိုင်းတစ်ခု တိုင်းနိုင်ငံ တစ်ခုအနေဖြင့် ကြည့်လျှင် ကြီးမားသော ထုထည်တစ်ရပ် ဖြစ်တော့ သည်။ ဥပမာ- အားဖြင့်၊ မြန်မာနိုင်ငံရှိ အိမ်တိုင်းတွင် လူဦးရေး ငါးဦး ရှိချင်မှရှိမည် – အချို့အိမ်ထောင်စုတွင် နှစ် ဦး၊ အချို့အိမ်ထောင်စုတွင် သုံးဦး၊ အချို့အိမ်ထောင်စုတွင် လေးဦး— အချို့လည်း ထိုထက်အများ– ရှိနိုင်သည်။ သို့သော် အိမ်ထောင်စု တစ်စုတွင် ပျမ်းမျှ ငါးဦး ရှိသည်ဟု မှတ်သော်-။

အိမ်ထောင်စုတစ်ခု၏ ဆင်းတုရုပ်ပွားအတွက် ကုန်ကျစားရိတ်မှာ (ဆွမ်း၊ ကွမ်း၊ ဆီမီး၊ အမွေးတိုင်၊ ဖယောင်းတိုင်) အနည်း ဆုံး နေ့စဉ် ငါးကျပ်နှုန်း ရှိသည်။ အချို့ လုံးဝ မသုံးသော အိမ်များ ရှိသော်လည်း- အချို့မှာ ဂုဏ်တု ဂုဏ်ပြိုင် အကြီးအကျယ် သုံးသော အိမ်များရှိသည်။ အချို့ ရိုးရာနတ်မျိုးစုံအား ကိုးကွယ်သော သူများ၏ အိမ် တွင် အကြီးအကျယ် ကုန်ကျမှုများ ရှိသေးသည်။ မည်သို့ဆိုစေ ထိုသို့သော အမှုကိစ္စအတွက် လူတစ်ဦးလျှင် နေ့စဉ် တစ်ကျပ်နှုန်း ကုန်ကျနေသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ သည် ထိုအမှုအတွက် နေ့စဉ် ကျပ်ငွေ သန်း ၆၀ ကုန်ကျနေသည်ဟု ဆိုနိုင်ပေသည်။ ဤသည်ပင် မြန်မာပြည်သူများ- ဆင်းရဲတွင်း နစ်ရခြင်း၏- အကြောင်းခံတစ်ရပ်ဟု ဆိုလျှင် မှားနိုင်မည် မဟုတ်ချေ။ (ဤကုန်ကျစားရိတ်မှာ- ဘုန်းကြီး ကျောင်းများ၊ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များအတွက် အသုံးစားရိတ်များ မပါဝင်ချေ။)

ထို-ကျပ်ငွေ သန်း ၆၀ အား သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များက စနစ်တကျ စီစစ်စုဆောင်းလျှက်- နောက်လိုက် ဒကာ ဆင်းရဲ သား ပြည်သူများအား ဖြန့်ဖြူးပေးနိုင်လျှင် နေ့စဉ်၊ အိမ်ထောင်စု ၆၀ အား ကျပ်တစ်သန်း (ဆယ် သိန်း) ခန့် သူကောင်းပြုပေးနိုင်သော အင်အားဖြစ်သည်။ နေ့စဉ် ကျပ် တစ်သိန်းခန့် စောင်မလျှင်- အိမ်ထောင်စု ၆၀၀ ခန့်အား ဖြည့် ဆီးပေးနိုင်သော အင်အားဖြစ်သည်။ ထိုသို့ မဟုတ်ဘဲလျှက်- မဆင်မခြင် သုံးစွဲနေခြင်းမျိုးမှာ ဖြန်းတီးပစ်ခြင်းသာ မည်၍-၊ ကိုယ်တော်ဂေါတမ ပြောဆိုသော ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ် ဆင်းရဲ ခပ်သိမ်းမှ မလွတ်မြောက်နိုင် ဆိုသည့် စကားမှာ အမှန်ဖြစ်တော့သည်။

ဤနေရာ၌ ပြန်လှန်စောကြောလာမည့် သူများဘက်မှလည်း စဉ်းစားပေးသင့်သည်မှာ – စေတီ ဟူသည်- (၁) ဓါ တုစေတီ (၂) ဓမ္မစေတီ (၃) ပရိဘောဂစေတီ (၄) ဥဒိသစေတီ- ဟု လေးမျိုးရှိကြောင်း၊ ထိုစေတီများအား တည် ထား ကိုးကွယ်သင့်ကြောင်း ခံစားနေမှုများပင်–။

၎င်းတို့မှာ- (၁) ဓါတု စေတီဟူသည် ကိုယ်တော်ဂေါတမ ခန္ဓာဝန်ချပြီးနောက် ကြွင်းကျန်သော ရုပ်ကလပ်အား မီးသဂြိုင်္လ်သော ကျန်နေသည့် အရိုးများ၊ ဆံတော်များ စသည့် သရီရ ဓါတ်တော်များအား အမှတ်တရ စုစည်း လျှက် ထိမ်းသိမ်ထားခြင်းကို ခေါ် သည်။ (၂) ဓမ္မစေတီ ဆိုသည်မှာ ကိုယ်တော်ဂေါတမ သွန်သင်ဟောပြော ခဲ့ သည့် တရားတော်များအား စုစည်းလျှက် ထိမ်းသိမ်း ထားခြင်းကို ခေါ်သည်။ (၃) ပရိဘောဂ စေတီ ဆိုသည် မှာ ကိုယ်တော်ဂေါတမ အသက်ထင်ရှားရှိစဉ် သုံးဆောင်ခဲ့သော အသုံး အဆောင် ပရိဘောဂများအား အမှတ်တရ ထိန်းသိမ်းထားခြင်းမျိုးကို ခေါ်၍ (၄) ဥဒိသ စေတီ ဆိုသည်မှာ ကိုယ်တော်ဂေါတမ နေ ထိုင်ကျင့်ကြံခဲ့ရာ နေရာ များ (ဥပမာ– ကိုယ်တော်ကျင့်ကြံခဲ့သည့် ညောင်ဗောဓိပင်) အား ”သြော် ငါတို့ ကိုယ်တော် ဒီနေရာမှာ ကျင့်ကြံ ခဲ့ပါလား–” ဟု ရည်မှန်းလျှက် အမှတ်တရ ထိမ်းသိမ်း ထားခြင်းမျိုးကို ခေါ်ဆိုပေသည်။ ထိုသို့ ထိုအရာများအား ထိန်းသိမ်း စောင့်ရှောက်ထားခြင်းသည် ကောင်းမွန်လှပေသည်။ အထက်တွင် ဖေါ်ပြသော မကိုးကွယ်အပ်သည့် ရုပ်ပွားဆင်းတု များမှာ ထိုဂုဏ်အရည်အချင်းများ မပါဝင်ချေ။ မြန်မာနိုင်ငံတွင် လက်ရှိတည်နေသော ဆင်း တုများ၊ စေတီများ၊ အသစ်အသစ် ထပ်မံ တည်ဆောက်နေသော ဆင်းတုများမှာ ဖေါ်ပြပါ စေတီလေးမျိုး အနက် မည်သည့် ဂုဏ်အရည်အသွေးမှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆင်ခြင်သင့်တော့သည်။

2 comments:

  1. ဒီနေရာမှာတစ်ခုပြောချင်တာက အစ္စလမ်သာသနာထွန်းကားဖို့အတွက်ကိုဘေးခနဖယ်ထားအုံး .... အစ္စလမ်ဘာသာဝင်အချင်းချင်းတိုက်ခိုက်ဖို့ အသေခံဗုံးခွဲဖို့သုံးနေတဲ့စရိတ်စကတွေဟာ အပေါ်မှာပြောသွားတဲ့ တစ်ရက်ကိုတစ်ကျပ်နှုန်းနဲ့ဗုဒ္ဓဘာသာဝင်တွေဆွမ်းတော်ကပ်တာထက်အဆပေါင်းများစွာပိုမိုသာလွန်နေတယ်ဆိုတာ စာရေးသူအမှတ်တမဲ့ဖြစ်နေတယ်ထင်တယ် ...

    ReplyDelete
  2. ရှင်ပြောတဲ့အတိုင်းသာ ရှင်တို့မွတ်စလင်တွေလုပ်နိုင်အောင်ကြိုးစားပါ
    ကမ္ဘာ မှာမငြိမ်းချမ်းဆုံးက မွတ်စလင်ဘာသာပါ...။

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)