Thursday, March 15, 2012

ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းမှု

ဖန်ဆင်းရှင်နဲ့ ဖန်ဆင်းမှု

ဒီနေရာမှာ ခွဲခြား နားလည်ပါ။ အစဉ်အလာ ခရစ်ယာန်များ၊ ဂျူးများ ပြောဆိုတဲ့ ဖန်ဆင်းရှင်က အရာတိုင်းကို “ဥုံဖွ” ဖြစ်စေ သဘောနဲ့ ဖြစ်စေတယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ အာဒံနဲ့ ဧ၀ကိုလည်း ဒီနည်းနဲ့ ဖြစ်စေ ခဲ့တာပဲ။ (ကမ္ဘာဦးကျမ်း- အခန်းကြီး ၁)-

ဒီတော့- အရာရာကို process ရှိနေစရာ မလိုဘဲ တန်းခိုးနဲ့ လုပ်လိုက်တာနဲ့ ချက်ချင်း ဖြစ်လာတဲ့သဘောကို ဆောင်တယ်။ ဒီလိုဆိုတော့- အကျိုး၊ အကန်းလေးတွေ မွေးလာတာ-လည်း အဲ့လို ဖန်ဆင်းရှင်မျိုးမှာ တာဝန်ရှိပါ တယ်။ လူတွေ ဆင်းရဲရတာ ချမ်းသာရတာ၊ ကျွန်ဖြစ်ရတာ၊ သခင်ဖြစ်ရတာ အာလုံး ဖန်ဆင်းရှင်မှာ တာဝန်ရှိပါ တယ်။ ဒီသီအိုရီကို ကိုင်ထားတဲ့ အနောက်တိုင်း ဒသနမှာ ဒါတွေအားလုံးကို ကယ်တင်ဘို့ ဖန်ဆင်းရှင်က တာဝန် ရှိနေတယ်- ဒါကြောင့် ကယ်တင်ရှင်ဝါဒကို ထပ်ဆင့်ဖန်တီးရပြန်တယ်။ ဒီက တစ်ဆင့် ယေရှုကို ကယ်တင်ရှင် အ ဖြစ် သီအိုရီ ဖန်တီးရပါတယ်။  ယုတ္တိဗေဒအရ ယေရှုဟာ သူ့ဟာသူတောင် မကယ်တင်ခဲ့နိုင်ဘူးလေ။ ပြီးတော့ လောကမှာ ဖြစ်ပျက်နေတာ အားလုံး အဲ့လို ဖန်ဆင်းရှင်မှာ တာဝန်မကင်း ဖြစ်နေတော့- ဒီသီအိုရီကို ဖန်တီးသူ များလည်း မဖြေရှင်းနိုင် ဖြစ်နေတယ်။ အခု မိတ်ဆွေလေး မေးထားတဲ့ မေးခွန်းမျိုးလိုပေါ့။

အစ္စလာမ့် ဒသနက အဲ့လို မဟုတ်ဘူး။ လောကအပေါင်းမှာ လူဟာ နံပါတ် (၁) ဖြစ်တယ်။ လူဟာ လောကအ ပေါင်းရဲ့ ဉာဏ်စဉ်ကိုယ်စား ဘုရား ဖြစ်တယ်- (ကုရ်အံ ၆း၁၆၅)။ ဒါပေမယ့် လူလူချင်း မကိုးကွယ်ရအောင်- အဲ့ ဒီ ဉာဏ်ဆိုတာ ပင်မ ဉာဏ်ဇစ်မြစ်ကြီးဆီက ကူးစက်ရခြင်းဖြစ်ပြီး ဉာဏ်ဇစ်မြစ်ကြီး ဆိုတာရှိနေတယ်။ အဲ့ဒါကို အာရ်ဗီစကားနဲ့ အလ္လာဟ်လို့ ခေါ်တယ်။ မိတ်ဆွေလေးလည်း ဉာဏ်ဇစ်မြစ်ကို လက်ခံမယ်ဆိုရင် ကောင်းမွန်မြင့် မြတ်တဲ့ သဘောကိုဆောင်တဲ့ ဘယ်နာမည်နဲ့ မဆို ခေါ်ဆိုနိုင်တယ်။ (ကုရ်အံ ၇း၁၈၀) လူလူချင်း ကိုးကွယ် ဆည်းကပ်ခြင်းမှ ကင်းအောင်- အဲ့ဒီ အလ္လာဟ်သည်သာ အခရာ၊ အဲ့ဒီ အလ္လာဟ်သည်သာ နောက်ဆုံစွန်သော ဉာဏ်စဉ်ကိန်းဆိုက်မှု ဇစ်မြစ်၊ လူမှန်ရင် ဘယ်သူမဆို ဉာဏ်စဉ် ကိန်းဆိုက်ပြီး လူသားဉာဏ်ရ ဘုရားဖြစ်နိုင် တယ်။ ဒါပေမယ့် အဲ့ဒီရဲ့ ဉာဏ်စဉ်ရဲ့ဇစ်မြစ်တော့ မဖြစ်နိုင်ဘူး- လို့ သိတတ်ခံယူ လာအောင် “အလ္လာဟ်မှအပ အခြား ကိုးကွယ်ဆည်းကပ်ရာဘုရားမရှိ” ဆိုတဲ့ အသိကို သွင်းပေးထားခြင်း ဖြစ်တယ်။

အဲ့ဒီ ဉာဏ်စဉ်ဇစ်မြစ် အလ္လာဟ်ကို စကားလုံးအားဖြင့် ခိုင်းနှိုင်းလို့ မရလို့ ပရမတ်ဘုရားလို့ ခေါ်တယ်။ အဲ့ဒီ အလ္လာဟ်ဟာ လောကစကြာဝဠာအားလုံးရဲ့ ဇစ်မြစ် အခရာဖြစ်တယ်- ဒါကို ဗဒိ လို့ခေါ်တယ်- (၆း၁၀၁)။

အလ္လာဟ်ဟာ လောကအပေါင်း ဖြစ်တည်စေမှုကို ဥုံဖွ (ကွန်း-ကားန- ဖြစ်ဆို ချက်ချင်းဖြစ်ခဲ့ပြီ) ဆိုတာနဲ့ ပြုလုပ် တယ်လို့ ကုရ်အံကျမ်းရဲ့ ဘယ်နေရာမှာမှ မပြောထားဘူး။ (ကုရ်အံကျမ်းကို ကိုးကားရခြင်းက ဒီနေ့ထိ ကမ္ဘာ့ ဘာသာရေးကျမ်းတွေထဲမှာ အခိုင်မာဆုံးကျမ်း ဖြစ်လို့ပါ။) အရှိန်အ၀ါနဲ့ ခွင့်ပြုခြင်း ဖြစ်တယ်။ ဒီခွင့်ပြုတဲ့ process ကို “ကွန်း ဖ ယကူးန” အတည် ပြု ဖြည့်ဆီးမှုကို “ဖြစ်” ဟု မိန့်လိုက်သော် သို့ဖြင့် ဖြစ်လာရမည်သာ တည်း” လို့ ပြောတယ်။ ဥပမာ- နိုင်ငံတော်ရဲ့ အကြီးဆုံးပုဂ္ဂိုလ်က ဤမြစ်ပေါ်မှာ တံတားဖြတ်ထိုးခွင့် ပြုလိုက် သည်ဆိုတဲ့ သဘောပါ။ အဲ့ဒီအမိန့်ကို အတည်ပြုပေးလိုက်တာနဲ့ အဲ့ဒီ မြစ်ကြီးပေါ်မှာ ချက်ချင်းလက်ငင်း ၀ုန်း ဒိုင်း တံတားတစ်စင်း ပြီးသွားခြင်း မဟုတ်ပါ။ တံတားတည်ဆောက်မယ့် အချိန် တံတားတည်ဆောက်ရာမှာ သုံး မယ့် ၀တ္ထုပစ္စည်းများ-၊ လုပ်အားများ စိုက်ထုတ်မှုများ အားလုံး ပေါင်းစပ်ရဦးမှာ ဖြစ်တယ်။

မပြည့်စုံမှု
မပြည့်စုံမှု- ဆိုတာ ဆိုတာ- အထူးသဖြင့် ကိုယ်အင်္ဂါ မပြည့်မစုံမွေးမှု- စသည်တို့ကို နားလည်ပါ။ ဒီဖြစ်ရပ်မျိုးက ကမ္ဘာ့ အတိုင်းအတာနဲ့ ကြည်ရင် လူ ဆိုတဲ့ ၀တ္ထုမှာ ပိုများတယ်။ ဒီအခါ လူတွေက ဖန်ဆင်းရှင်ကို အပြစ်တင် လေ့ရှိတယ်။- မှန်ပါတယ် ကယ်တင်ရှင်ဝါဒ ဖန်ဆင်းရှင်သီအိုရီမှာ အပြစ်ရှိပါတယ်။ သူက အားလုံးကို ဥုံဖွ သ ဘော ဖန်ဆင်းနေတာကိုး။ ဒါပေမယ့် အစ္စလာမ်ဒသန ဖန်ဆင်းရှင်က- အားလုံးကို process နဲ့ နိယာမ ပြဌာန်း ပေးထားတယ်။ လူတွေမှာ ကိုယ်လက် မပြည့်မစုံမွေးတာ ချို့တဲ့တာ လူကြောင့် ဖြစ်တယ်လို့ ဆိုတယ်- အဲ့လို မဖြစ်ရအောင် လမ်းညွှန်ပေးထားတယ်။ ဒါကို ရှုပ် သွားနိုင်တယ်- တစ်ခုချင်း ရှင်းပြပါမယ်။

လူနဲ့ အခြားအရာဝတ္ထုများ
လူဟာ အခြားအရာဝတ္ထုများထက် ထူးခြားတယ်။ လူကို ဖြစ်တည်စေမှု နိယာမထဲမှာ လောကအပေါင်းကို ဘု ရားလုပ် အုပ်ချုပ်ထိန်းကျောင်းပေးစေဘို့ဆိုတဲ့ ဖေါ်မြူလာ ပါဝင်လို့ပါ။ (၆း၁၆၅) (ဒါကို ဘုရားကပျင်းလို့ ဖန် ဆင်းသလား ဆိုတဲ့ ခေါင်းစီးမှာ ရှင်းပါမယ်။)

လူမှအပ တိရိစ္ဆာန်များ အရာအ၀တ္ထုများအားလုံးက လောကဓမ္မဥပဒေကို တိုက်ရိုက်နာခံ- အလိုက်သင့်နေထိုင် မှုနဲ့ ဖြစ်တည်စေတယ်။ ဒါကြောင့် သူတို့တွေမှာ အကုန်လုံး အလိုက်သင့် ဖြစ်နေပါတယ်။ ကျားအကောင် တစ် ထောင်မှာ ကိုယ်ခန္ဓာ အစိတ်အပိုင်း ချို့ယွင်းတာ တစ်ကောင် မရှိနိုင်ပါ။ တစ်သန်းမှာ တစ်ကောင်ရှိတယ် ထား ပါ- အဲ့ဒီ တစ်ကောင် ဘာဖြစ် လို့ ချို့ယွင်းရသလဲ ပြန်လည်ဆင်ခြင်ရင်- သူ့မိခင်က ကိုယ်ဝန်ရှိစဉ် ကာလမှာ အဲ့ဒီ ကိုယ်ဝန်ရှိရာ ဗိုက်ကို တစ်စုံတစ်ခုနဲ့ ထိမိသွားလို့ ဖြစ်ပါတယ်။ ဒါဟာ ပြဌာန်းပြီး process ထဲမှာ process ကို တာဝန်ရှိနေတဲ့အရာက ချို့ယွင်းသွားခြင်း ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီ ကျားမကြီးက နောက်မွေးလာသမျှ ကျားလေးတွေက ခန္ဓာချို့ယွင်းနေခြင်း မဟုတ်ပါ။ ဒီလို ချွင်းချက်မျိုးက တောရိုင်းသတ္တ၀ါများထက် အထူးသဖြင့် မြို့နေအိမ်မွေး တိရိစ္ဆာန်တွေမှာ ပိုများပါတယ်။ အထူးသဖြင့် လမ်းဘေး ခွေးလေ ခွေးလွင့်တွေမှာ- ခန္ဓာမစုံတဲ့ ခွေးလေးတွေ မွေးတာ တွေ့ရပါတယ်။- လူတွေက ရိုက်ထောင်း၊ လျှောက်လှန့်၊ ခဲနဲ့ထု မျိုး စုံလုပ်နေတာကိုး။

ဒီလို ဖြစ်စဉ်ရဲ့ အများဆုံး သတ္တ၀ါကတော့ “လူ”လို့ ဆိုရပါမယ်။ လူ ဆိုတဲ့အရာမှာ အခြားသတ္တ၀ါများနဲ့တူတဲ့ အစိတ်အပိုင်းတွေက ရုပ်နဲ့ အသက် ဖြစ်တယ်။ အခြားသတ္တ၀ါများနဲ့ မတူတဲ့ အပိုင်းက ထပ်ဆင့်ပံ့ပိုင်းဉာဏ် ဖြစ် တယ်။ အဲ့ဒီ ထပ်ဆင့် ပံ့ပိုးဉာဏ်ကို ကုရ်အံ ရူးဟ် လို့ခေါ်တွင်တယ်။ မိန်းကလေးတိုင်းမှာ မွေးလာကတည်းက “သားအိမ်” ပါလာစေသလို (ချွင်း ချက် ဆယ်သန်းမှာ တစ်ယောက် မရှိနိုင်ဘူးနော်- ဒါကိုလည်း ရှင်းပါမယ်။) လူတိုင်းမှာ ရူးဟ်ဆိုတဲ့ ထပ်ဆင့်ပံ့ပိုးဉာဏ်အား က ပါလာစေဘို့- သူ့ကို ဖြစ်စေတဲ့ ပုံစံခွက် mold ထဲမှာ ရှိပြီး ဖြစ်တယ်။ ဒီ ဉာဏ်အားက- လောကအပေါင်းကို အုပ်ချုပ်ထိန်းသိမ်းစေဘို့ အတွက် ကရိယာ အဖြစ်လို့ နား လည်ပါ။ နို့မဟုတ်ရင် လူကို လောကအတွက် ဘုရားဖြစ်စေ တယ်၊ ဒါပေမယ့် သူ့မှာ လောကကို အုပ်ချုပ်မယ့် အရည်အချင်း (လက်နှက်) မရှိဖြစ်နေဦးမယ်။

ဒီဉာဏ်အားကို ပံ့ပိုးမယ့် လောင်စာက ဆန္ဒ ဖြစ်တယ်။ ဆန္ဒဆိုတဲ့ တွန်းအားလောင်စာ မရှိရင် သိလို၊ တတ်လို၊ စူးစမ်းလိုတဲ့ အရာမရှိဘဲ ဉာဏ်က ရပ်နေဦးမယ်။ အဲ့ဒီ ဆန္ဒက လွတ်လပ်မှုရှိတယ်- ဒါမှ လွတ်လွတ်လပ်လပ် စူး စမ်း- တွေးခေါ်နိုင်မှာ ဖြစ်တယ်။- တိရိစ္ဆာန်တွေမှာ အဲ့လို တွန်းအား ဆန္ဒမပါဝင်ဘူး။ ဒါကြောင့် ကျားဟာ ဘယ် တော့မှ မြက်ကို မစားဘူး၊ စား စရာအဖြစ်လည်း မစူးစမ်းဘူး။

ဒီ ဆန္ဒရဲ့ တွန်းအားကြောင့် ထပ်ဆင့်ပံ့ပိုးဉာဏ် ဖွံ့လာတယ်။ အဲ့ဒီအတွက် အကျိုးဆက်တွေကြောင့် ကောင်း တာတွေ ဖြစ်လာသလို ချို့ယွင်းတာတွေလည်း ရှိနေတယ်။ လူတွေရဲ့ ထပ်ဆင့်ပံ့ဉာဏ်အားကြောင့် ဆက်လက် ဖြစ်ပေါ်လာတဲ့ အရာတွေ- ဥပမာ သန္ဓေတား ဆေးပေါ်လာလို့ ကောင်းတာတွေ ရှိသလို- အဲ့ဒီရဲ့ အကျိုးဆက် ကြောင့် ခန္ဓာ မသန်စွမ်းတဲ့ ကလေးတွေလည်း မွေးလာနိုင်တယ်။

ကျားတစ်ကောင်မှာ ကလေးဖျက်ချတာ မရှိဘူး၊ ဖျက်ချရကောင်းမှန်းလည်း မသိဘူး။ လူကတော့ ကလေး လည်း ဖျက်ချ တယ်- လက်သည်မနိုင်လိုက်တဲ့အခါ ကျိုး၊ ပဲ့၊ကန်း၊ အ- တွေ မွေးလာနိုင်တယ်။
အစားအသောက်ပိုင်း ဆိုင်ရာမှာလည်း ဒီလိုပဲ ကျားက အသားကလွဲ ဘာမှ မစားဘူး၊ လူက အကုန်စားကြည့် ချင်တယ်- ဒီတော့ သန္ဓေမယ့်ကလေးမှာ မိဘရဲ့ အစားအသောက်ကြောင့် အကျိုးဆက် ဖြစ်ပေါ်တာတွေ ရှိ တယ်။

ဒီဆန္ဒ ဆိုတဲ့ အရာကြောင့်ပဲ-- လူတွေဟာ ဖွံ့ဖြိုးလာတယ်- ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာတယ်လို့ မြင်ရတယ်- ဒီအခါ အဲ့ဒါကို လိုက်မမှီတဲ့ လူတွေက သူများလို နေချင်၊ စားချင်၊ ပြုမူချင်မှုများကြောင့် မွန်းကြပ် သလို ခံစားလာရတယ်- ဒီ အခြေအနေမျိုးမှာ ဖန်ဆင်းရှင် ဆိုတဲ့ အရာကို နောက်ဆုံး ထွက်ပေါက်အဖြစ် အပြစ် တင်ရပါတော့တယ်။

အစ္စလာမ့် သွန်သင်မှုမှာ အဲ့ဒီအတွက် သီးခြား ကယ်တင်ရှင် မရှိဘူး။ ကယ်တင်ရှင်ဆိုတာ မိမိပဲ ဖြစ်တယ်။ မိမိ ဟာ လူဖြစ်လို့ လူတစ်ဦးရဲ့ အရည်အချင်းကို လူကိုယ်တိုင်က ဖေါ်ဆောင်ရမှာ ဖြစ်တယ်။ အဲ့ဒီ အတွက်ဘယ်လို ရုန်းကန်နေထိုင် ကျက်စားရမယ်ဆိုတဲ့ အသိဉာဏ်ကို ရလာဘို့၊ သူများထက်သာချင်ရင် သူများထက် ဉာဏ် အားကောင်းလာဘို့- ဉာဏ်စဉ် ဇစ်မြစ်ဆီက ဉာဏ်အားကို မိမိရဲ့ ဉာဏ်အားက ဓါတ်ကူးယူနိုင်ဘို့ လိုတယ်။ ဓါတ်ကူးယူနိုင်လေ ဉာဏ်အား ပိုကောင်းလာလေပဲ။ ဒီအခါ လောကကို ပိုပြီးပိုပြီး မြင်လာမယ်- ဘော်လုံးပွဲကို အပေါ်ကကြည့်သလို မြင်လာမယ်။

ကမ္ဘာပေါ်ရှိ လူသား ဘုရားတွေဆိုတာက - နမူနာတွေပဲ ဖြစ်တယ်။ သူတို့တောင် ပါမောက္ခ ဖြစ်နိုင်တာ၊ ငါတို့ လည်း ပါမောက္ခ ဖြစ်နိုင်တာပေါ့- ဆိုတဲ့ အသိမျိုးဝင်အောင် ဖေါ်ဆောင်ပြခြင်း ဖြစ်တယ်။

10 comments:

  1. monotheism ရဲ့သမိုင်းကို ပြန်ကြည့်ရင် judaism, Christianity နဲ့ Islam တို့ဟာ အဖိုးရယ် အဖေရယ် သားရယ်လို့ relition ကို လေ့လာသူအားလုံးနားလည်ပီးသားပါ။ အခု ဒီမှာ ဖြေထားတဲ့ဆရာက ကြည့်ရတာ athiest တစ်ယောက်ရဲ့ tone နဲ့ ပြန်ပြောရမယ်ဆိုရင် ..Not only he knows there are some Gods, but he even exactly knows which one is the right one. တကယ်တော့ ဒီ religion ၃ ခုမှာ ဂျူးဘာသာက အဖိုးပဲ။ ဒါပေမယ့် အခု အပေါ်မှာဖြေထားတဲ့ဆရာက Islam God ကမှ God အစစ်လို့ ဆိုချင်ပုံရတယ်။ ဒါကြောင့် ဖန်ဆင်းခြင်း တူတာတောင်မှ ဟိုကောင်တွေ ရဲ့ ဖန်ဆင်းခြင်းကို သူက သူတတ်သလောက်မှတ်သလောက် လေး refute လုပ်ထားတာ။
    ကျနော် အခု အချိန်နဲနဲရလို့ သူရေးထားတဲ့အပိုဒ်လေးတွေကို သူ့စကားနဲ့သူ ပြန်ချည်ပြမယ်။ ' ယုတ္တိဗေဒအရ ယေရှုဟာ သူ့ဟာသူတောင် မကယ်တင်ခဲ့နိုင်ဘူးလေ ' တဲ့။ ဒီစာကို ရေးထားတော့ သူဟာ (၁) ယုတ္တိဗေဒကို ကောင်းကောင်းနားလည်ပုံရတယ်။ (၂) အစ်စလန်ဘာသာဟာလဲ ယုတ္တိဗေဒကျ တယ် လို့ ပြောချင်ပုံရတယ်။ ကြည့်ရတာ သူ့ဖန်ဆင်းခြင်းက ဟို၂ ကောင်ရဲ့ ဖန်ဆင်းခြင်းထက် ပိုသဘာဝကျတယ်ပေါ့လေ။ အုံဖွ မှုတ်ဘူးပေါ့။ ခုခေတ် ၂၁ ရာစုမှာ အုံဖွဆိုတာက လူတွေ သိပ်မှ လက်မခံပဲကိုး။ အိုကေ ဆန်းစစ်ကြည့်ရအောင်။
    ဒီ ဥာဏ်စဉ်ဆိုတဲ့ကိစ်စကို အရင်ရှင်းမယ်။

    သူက ဖန်ဆင်းရှင်နဲ့ အဖန်ဆင်းခံကို ဥာဏ်စဉ်နဲ့ ခွဲထားတယ်။ ဒါလောက်ပြောရုံနဲ့တော့ ယုတ်တိ မရှိသေးဘူး။ ကျနော် အခု ဘာသာအသစ်တစ်ခု ထတည်ထောင်ပီး ၀ါဒအသစ်တစ်ခု ဖန်တီးလို့ရတယ်။ ဒီမှာ အဓိက ပြသနာက အော်ရီဂျင်နယ် ဥာဏ်စဉ်ကနေ ပွားပေးလိုက်တဲ့ ဥာဏ်တိုင်းဟာ (ခင်များပြောတဲ့ ဥာဏ်စဉ် ဇာစ်မြစ်ပိုင်ရှင်ကြီးဆီက) ဥာဏ်စဉ်လို ဖြစ်မနေတာပဲ။ ဖြစ်မနေဘူးဆိုတာတောင် မမှီရုံတစ်မယ်မှုတ်ဘူး ။ ဘာမှကို မဆိုင်တာ။ နောက်တခါ ဒီဉာဏ်အားကို ပံ့ပိုးမယ့် လောင်စာက ဆန္ဒ ဖြစ်တယ်
    လို့ပြောတယ်။ ဆန်ဒ ရှိတိုင်း အသေအလဲကြိုးစားကြတဲ့သူတွေထဲက ရည်ရွယ်ချက်တွေ ဖြစ်မလာတာက ဒီမှာ အခု ဖြေရှင်းချက်အ
    တွက်ပြသနာဖြစ်နေတယ်၊ ဒါဟာ ပြည့်စုံပါတယ်ဆိုတဲ့ အော်ရီဂျင်နယ် ဥာဏ်စဉ်ဇက်မြစ်ပိုင်ရှင်ကြီးရဲ့ မပြည့်စုံခြင်းဆိုတဲ့ သာဓကတစ်ခုပဲ။။

    ReplyDelete
  2. အထက်က AnonymousMar 16, 2012 10:25 AM ရဲက အဆက်ပါ။ စာလုံးရေကျော်သွားလို့ အပိုင်းခွဲလိုက်ရတယ် ။

    လူမှအပ တိရိစ္ဆာန်များ အရာအ၀တ္ထုများအားလုံးက လောကဓမ္မဥပဒေကို တိုက်ရိုက်နာခံ- အလိုက်သင့်နေထိုင် မှုနဲ့ ဖြစ်တည်စေတယ် လို့ပြောတယ်။ ကိုယ့်ဆရာက ဒီနေရာမှာ လောကဓမ္မဥပဒေကို ဘုရားသခင်က ပြဌာန်းတယ်လို့ ပြောချင်ပြန်သလားမသိဘူး။ အဲလိုဆိုရင် တစ်ဖက်က လောကဓမ္မဥပဒေကို ပြဌာန်းပီး တစ်ဖက်က အဲဒါကိုဆန့်ကျင်မယ့်လူကို (ဆန့်ကျင်မှာကို သိရက်နဲ့လား မသိလို့လားတော့မသိဘူး)ဖန်ဆင်းရတာကလဲ သိပ် ယုတ်တိမတန်ဘူးဖြစ်နေတယ်။ အဲ ဖန်ဆင်းတာကို တံတားဆောက်တာနဲ့ ဥပမာပေးထားပြန်တယ်။ သူက အုံဖွ ကို ရှောင်ချင်လို့ ဒီတံတားက အုံဖွဆိုပိးဖြစ်လာတာ မှုတ်ဘူးလို့ပြောတယ်။ အချိန်ယူရမယ်ပြောတယ်။ အဲလိုဖန်ဆင်းတာမျိုးကတော့ အခု ကျူပ်တို့ စစ်အစိုးရတောင်ဖန်ဆင်းလို့ရတယ်။ ဆရာရဲ့ ဘုရားသခင်ကတော့ ဘယ်ကုန်ကြမ်းတွေစုပီး ဘယ်လောက်အချိန်ယူမလဲ မပြောတတ်ဘူး။ ကျူပ်တို့အစိုးရကတော့ ဆရာ့မျက်မြင်ပဲ နေပြည်တော်ကို မျက်စိအောက်မှာတင် ဆောက်သွားတာ။ ဒါဟာတစ်ဖက်က omniscient, omnipotent တို့ ပြောထားတာနဲ့ ရှေ့နောက်လွဲနေတယ်။ နောက် မပြည့်စုံမှုဆိုတဲ့အပိုင်းမှာ ကိုယ့်ဆ၇ာပြောထားတာ 'လူတွေမှာ ကိုယ်လက် မပြည့်မစုံမွေးတာ ချို့တဲ့တာ လူကြောင့် ဖြစ်တယ်လို့ ဆိုတယ်' ဆိုပဲ ။ ' အဲ့လို မဖြစ်ရအောင် လမ်းညွှန်ပေးထားတယ် ' ဆိုတာလဲ ပါသေးတယ်။ အဲဒီမပြည့်စုံတာ လူကြောင့်လို့ပြောရင် နောက်ဆုံး အာဒံ အသီးစားတဲ့အပြစ် ဆီပြန်ရောက်သွားမလားမသိဘူး။ အဲလို့မဟုတ်ရင်လဲ အဲဒီမပြည့်စုံအောင်လုပ်တဲ့ လူကို ဖန်ဆင်းတာကိုက မပြည့်စုံမှုကို မီးမောင်းထိုးပြနေသလိုပဲ။ perfect ဖြစ်အောင်ဖန်ဆင်းဖို့ သိပ်ခက်ခဲနေလို့များလား။ နောက် ကိုယ့်ဆ၇ာက ဆိုးတော့မဆိုးဘူး လူသားတွေရဲ့ အဆင့်ကို တိရဆာန် တွေနဲ့တော့ ခွဲထားသားပဲ။ လူတွေကို အရုပ်လိုသဘောမထားတဲ့အတွက် ကျနော် လူသားတစ်ယောက်အနေနဲ့ ကျေးဇူးတင်တယ်။ ကျားကအသားကလွဲလို့ ဘာမှမစားဘူးတဲ့ လူက အကုန်စားကြည့်ချင်တယ်တဲ့။ နောက် သနေတားဆေးတွေထွင်တယ်၊ ဖျက်ချတယ်...စသည်ဖြင့်။ ဆိုလိုချင်တာ လူက တိရဆာန်ထက်ပိုပီး လောဘာနဲနဲပိုတယ်လို့ပြောချင်တာလား အဲလိုဆိုရင် ဒီလောဘဆိုတာ လူကိုအသိဥာဏ်ပိုထဲ့ပေးလိုက်ခြင်းရဲ့ အကျိုးဆက်ပဲ အဲဒီအတွက် ဘုရားသခင်မှာ တာဝန်မကင်းဘူး။ မကင်းတာကို မှုတ်ဘူး တာဝန်လုံးလုံးရှိတယ်။ အဲ ကြုံလို့ထပ်ထည့်လိုက်အုံးမယ်။ လူမှာ ကောက်ကျစ်တဲ့စိတ်ထားလဲ တိရဆာန်တွေထက်ပိုတယ်ဆိုတာတော့ ကိုယ့်ဆ၇ာ ငြင်းမယ်မထင်ဘူး။ ဒါဆို အဲဒီကောက်ကျစ်တဲ့စိတ်ထားကို တခါထဲ ထည့်ပေးလိုက်တာကကော။ "အဲဒီစိတ်ကို ဖန်ဆင်းတာကတော့ ဒို့ဘုရားသခင်နဲ့ မဆိုင်ဘူးနော် " ဆိုပီး disavow လုပ်လို့တော့မရဘူးနော်။ သက်ရှိသတ၀ါတိုင်းမှာ ရှိတာလေးမှ ရုပ်နဲ့စိတ်နဲ့ ၂ မျိုးပဲရှိတာ။ ပီးတော့ ရုပ်နဲ့စိတ်မှာ စိတ်က အခရာဆိုတာ ကိုယ့်ဆ၇ာလဲသိတယ်။ အဲဒီစိတ်ကို ဖန်ဆင်းတာ ဒို့ဘုရားသခင်မပါဘူးလို့ပြောရင် ကျုပ်ကစိတ်ဆိုးမှာ။ အိုကေ ဒီနေရာမှာ မာန်နတ်တွေ Satan ဆိုတာတွေ ဆွဲသွင်းချင်သွင်းလာနိုင်တယ်။ ကျုပ်က ခရစ်ယာန်တွေနဲ့လဲ ဆွေးနွေးဖူးတော့။ အဲလိုဆွဲသွင်းလာလဲ သိပ်တော့ အလုပ်မဖြစ်လောက်ဘူး။ ဘုရားသခင်က မာန်နတ်ကို ရှုံးတဲ့သူဖြစ်သွားမယ်။
    အဲ နောက်ဆုံးရှေ့နောက်မညီတာတစ်ခုက "အစ္စလာမ့် သွန်သင်မှုမှာ အဲ့ဒီအတွက် သီးခြား ကယ်တင်ရှင် မရှိဘူး။ ကယ်တင်ရှင်ဆိုတာ မိမိပဲ ဖြစ်တယ်" ဆိုတာလေးပဲ ။ လူကိုတော့ သူက ဖန်ဆင်းလိုက်ပီ။ အဲ ' ငါကတော့ ဖန်ဆင်းလိုက်ပီးကွာ ကျန်တာ မင်းဖာသာ ကြည့်လုပ်" ဆိုတာမျိုးကတော့ ကိုယ့်ဆရာလဲကြိုက်မှာမှုတ်ဘူး။ အဲလိုသာဆိုရင် ဒီကဘာကြီးကို ဘုရားသခင်မပါဘဲ ခဏလောက်နေကြည့်ရအောင်။ atheist တွေရဲ့ အတွေးမျိုးပေါ့။ evolution နဲ့ ကိုယ့်ဟာကို ရောက်လာတယ်။ ဘယ်သူ့ကိုမှ အဖေခေါ်စရာမလိုဘူး။ ကျုပ်တို့မှာ အဲဒီ big brother ကြီး မရှိဘူး။ ကိုယ့်ကိုယ်ကိုအားကိုးမယ်၊ right and wrong ကို ကိုယ့်လူ့အဖွဲ့အစည်းမှာ ကိုယ်သိသလောက်ကလေးနဲ့ပဲ တစ်ဆင့်စီ ကျင့်ကြံနေထိုင်သွားမယ်.........ကဲ ဘုရားသခင်လိုသေးလား။ ဘယ်လောက်ရိုးရှင်းလဲ။
    နောက်တစ်ခု။ " ဉာဏ် အားကောင်းလာဘို့- ဉာဏ်စဉ် ဇစ်မြစ်ဆီက ဉာဏ်အားကို မိမိရဲ့ ဉာဏ်အားက ဓါတ်ကူးယူနိုင်ဘို့ လိုတယ်" လို့ပြောတယ်။ အပေါ်ပိုင်းမှာလဲ ဘုရားသခင်ကလူသားကို ကိုယ်စားဘုရားဖြစ်လို့ဥာဏ်ထဲ့ပေးလိုက်တယ်ပြောတယ်။ မွေးကထဲက ဘာဥာဏ်မှ ပါမလာတဲ့ လူတွေ ကိုယ့်ဆရာ မမြင်ဖူးဘူးထင်တယ်။

    အကျိုးနဲ့အကြောင်းကို နားလည်ရင် အထက်ပါကိစ်စတွေက ရှင်းရှင်းလေးတွေပဲ။ ဒါပေမယ့် ဖန်ဆင်းတယ် ဆိုရင်တော့ တော်တော့ကို ရှုပ်သွားပီ။ အိုကေ ကျနော် ထိုင်ပီးရေးရတာ ခါးတောင်နဲနဲ ညောင်းလာတယ်။ ကျုပ်ကြေနပ်လောက်တဲ့အဖြေကို ကိုယ့်ဆရာပေးနိုင်ရင်တော့ တမလွန်က Christopher Hitchens အတွက် ကျူပ်ဝမ်းနည်းမိမှာအမှန်ပဲ။

    ReplyDelete
  3. အော် ဒါနဲ့ အပေါ်မှာ ရေးတဲ့ ကျူပ်က satuyinga နဲ့ ဘာမှမဆိုင်ဘူးနော်။ satuyinga မေးတဲ့အတွက် တင်ပေးလိုက်တာထင်တယ်........ ဆိုတဲ့ဟာလေး တွေ့လို့ ဖတ်ကြည့်ရင်.နဲ့ အပျင်းပြေထိုင်ရေးလိုက်မိတာ။

    ReplyDelete
  4. “လူတစ်ယောက်ရဲ့ ဖြေရှင်းမှုဟာ အဲ့ဒီ မေးသူနဲ့ ဖြေသူကြားမှာပဲ အတော်အတန် လုံလောက်နိုင်ပါ တယ်။ မေးသူနဲ့ ဖြေသူကြားမှာ ရှေ့နောက် ဆွေးနွေးမှု စကားခံတွေ ရှိခဲ့နေလို့ ဖြစ်တယ်။

    အဲ့ဒီ ဖြေရှင်း ဆွေးနွေးမှုမျိုးကို cross မေးခွန်းတွေ မေးနေမယ် ဆိုရင် မေးခွန်းတွေချည်း ဖြစ်နေ လိမ့်မယ်။ မိတ်ဆွေရဲ့ ဆွေးနွေးမှု ကွန်မင့်က cross မေးခွန်း လို ဖြစ်နေလို့ မိတ်ဆွေကိုလည်း ပြန် လည် မေးကြည့်မယ်။ မိတ်ဆွေ ပြောတဲ့ “အကျိုးနဲ့ အကြောင်း ဆိုတာက ဘယ်သူက ပြောတာလဲ။

    အကျိုးနဲ့ အကြောင်းသာ အဓိကပါလို့ ပြောတဲ့ ရှင်ဂေါတမပြောခဲ့တယ် ဆိုတာများက အားလုံး မှန်ရဲ့ လား။ လက်တွေ့မျက်မြင်ကိစ္စတွေမှာတောင် လူတွေ ဖြစ်ပြီးမှ လူတွေက တောင့်တလို့ နေတို့ လတို့ ဖြစ်လာရတာလို့ (ဒီပို့စ်ရဲ့ အစပိုင်း ပြောထားတယ်-) ဒီလိုဟာကြီးတောင် မှားယွင်းနေရင်- မမြင်နိုင်တဲ့ လူတွေ လိုက်မမှီတဲ့ နိဗ္ဗာန်ဆိုတာရော မှန်နိုင်မလား၊ လူ၊ နေ၊ လ၊ ကမ္ဘာ ကိစ္စကို မှားယွင်း အောင် ပြောထားတဲ့ မိတ်ဆွေတို့လက်ကိုင်ပြု သီအိုရီကျမ်းက ဖန်ဆင်းရှင် မရှိဘူးပြောနေတာက- မှန်မယ်လို့ အာမခံချက် ရှိသလား။” ဆွေးနွေးကြည့်ပါ။”

    (၂) ဒီပို့စ်ထဲမှာ အသား စားတဲ့ ကိစ္စလည်း ပါသေးတယ်။ မိတ်ဆွေတို့ဘက်က ပြန်မဆွေးနွေး ဘဲ ရှောင်ထားတဲ့ အပိုင်းကို ပြန်လည် ဆွေးနွေးစေလိုတယ်။

    (၃) မိတ်ဆွေတို့က ဖန်ဆင်းရှင် မရှိကြောင်းကို ရူပဗေဒပညာရှင်များဖြစ်တဲ့ အိုင်စတိုင်းနဲ့ ဟော့ကင်း တို့ကို ကိုးကားပြီး ပြောဆိုတယ်။ ဒါဆို သူတို့ကိုယ်တိုင် ကိုးကွယ်တဲ့ ဂျူး (ဖန်ဆင်းရှင် သီအိုရီ) ဘာသာကို မှန်ကန်တဲ့ ဘာသာ ဖြစ်တယ်လို့ ဘာဖြစ်လို့ မိတ်ဆွေတို့ လက်မခံတာလဲ။ သူတို့ဟာ သူတို့ဘာသာက ထွက်သွားခဲ့ပါတယ်လို့ သက်သေပြချက်၊ အာမခံချက် မရှိဘူးလေ။

    (၄) မိတ်ဆွေတို့က ဘာသာရေးနယ်မှာ သိပ္ပံပညာရှင်တွေကို ကိုးကားပြီး ဆွေးနွေးတယ်။- ဒါပေမယ့် ကျွန်တော်တို့က ဘာသာရေးနယ်မှာ ဘာသာရေးပညာရှင်ကိုပဲ ကိုးကားပြီး ပြောမယ်။

    (၁) နိုင်ငံကျော် ဓမ္မကတထိက ဓမ္မစေတီ ဆရာတော် ရေးတဲ့ နိဗ္ဗာန်လမ်းပြကျမ်း၊

    (၂) ဓမ္မစေတီ ဆရာတော်နဲ့ လယ်တီဆရာတော်ဘုရား ပူးထွဲထုတ်ဝေတဲ့ သမ္မာစိတ္တဘာသာကျမ်း၊

    (၃) ဘုရားဒကာ သုံးဆယ် ဦးလူငယ်ရေးသားတဲ့ သဗ္ဗညုတ စိန္တမယျကျမ်း တွေမှာ ဖန်ဆင်းရှင် ရှိကြောင်းကို တည့်တည့်ပြောထား၊ ၀န်ခံထားတယ်။ ရှင်ဂေါတမနဲ့ အခြား လူဘုရားတွေကို သဗ္ဗညုဉာဏ်ကိန်းဝပ်ခံဘုရားများလို့ ပြောထားတယ်။

    (၄) စာပေနဲ့ မဟုတ်ဘဲ နှတ်အားဖြင့် ဟောတရားများမှာ သဲအင်းဂူ ဆရာတော်ကလည်း ပြောခဲ့တယ်။

    (၅) ညောင်လွန်း ဆရာတော် ကလည်း ပြောခဲ့တယ်။
    ပိဋကတ်မှာလည်း ဘုရားကို “အလိုလို ဖြစ်တော်မူသော ဘုရား” လို့ တိုက်ရိုက်သုံးထားတယ်။ အကျိုးအကြောင်းကြောင့် ဖြစ်လာတာ မဟုတ်ဘူး၊ မိဘများ ပေါင်းစပ်လို့ ဖြစ်လာတာ မဟုတ်ဘူး။

    ဒါကို ယဉ်ယဉ်ကျေးကျေး ဆွေးနွေးမယ် ဆိုရင် Topic တစ်ခု ပြုလုပ်ပေးဘို့ Admin ကို ခွင့်တောင်းလိုက်မယ်--လေ။”

    ReplyDelete
  5. ကျနော် အထက်မှာပြောခဲ့ပြီပဲ။ ဒီပို့ကို ၀င်ဖတ်ရင်းနဲ့ ဒါကို ၀င်ဆွေးနွေးဖြစ်တာ။ ဒီပို့ရဲ့ အစမှာ ဘာတွေ ရေးထားတယ်ဆိုတာတယ်ဆိုတာ ကျနော်မသိဘူး။ အကြောင်းမရှိပဲနဲ့ အကျိုးဖြစ်မလာဘူးဆိုတာ ဗုဒဘာသာရဲ့ (ဗုဒ)ရဲ့ ညွန်ပြချက်ပဲ။ ဦးသူရိယ ပြောတဲ့ ဒီပို့အစပိုင်းက ကဘာတို့ နေတို့ လတို့ ကျနော် မသိဘူး။ ဘယ်သူဟောလဲ လဲ ကျနော်မသိဘူး၊ ဗုဒ ကတော့ သံသရာအစ ဘာလဲဆိုတာ မဟောခဲ့ဘူး။ အဲ...ဒီ လောက ကြီး ဖြစ်တည်တာ ဘယ်လောက်ကြာပီးလဲဆိုတာလဲ မဟောဘူး။ အဲ သူမဟောပေမယ့် ဂင်္ဂါ ၀ါလု သဲစုအမျှ ဘုရားတွေ ပွင့်သွားကြပီလို့ ဟောခဲ့တာနဲ့ ဘုရားတစ်ဆူတစ်ဆူပွင့်ဖို့ ကြာတဲ့ အချိန်( ဥပမာ သူ့တုံးက အချိန်ယူခဲ့ရတဲ့ ၄ သင်္ချေနဲ့ ကဘာတစ်သိန်းလိုမျိုး) နဲ့ ကို ပြန်ချိန်ထိုးပီး တွက်ကြည့်ရင်တော့ ဗုဒဘာသာအရ တွက်ထားတဲ့ ဒီကဘာကြီးရဲ့ သက်တမ်းက monotheism ကပြောတဲ့ အနှစ် ၆၀၀၀ ထက်တော့ နဲနဲလေး(သိပ်မများဘူး) ပိုအသက်ကြီးမယ်ထင်တာပဲ။ ယနေ့ သိပံပညာက ပြောနေတဲ့ စကြာဝဠာသက်တမ်းက နှစ် သန်းဝက်အနဲဆုံး။။ အဲထက်တောင် ပိုချင်ပိုနေမယ်။ ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ နှစ်အပိုင်းခြားနဲ့က နောက်မှာပါတဲ့သုည တွေ အတော်များများ ဖြုတ်ချမှပဲ reconcile လုပ်လို့ဖြစ်နိုင်မှာဆိုတော့ ကျနော် ကြားကနေ ခံစားရတာ တမျိုးကြီးပဲ။ အဲ သံသရာစကကို တော့ အ၀ိဇာနဲ့ တဏှာအရင်းခံလို့ပဲဗုဒက ဟောတယ်။ နောက်ပိုင်းဗုဒ ဘာသာဘုန်းကြီးတွေ ဘာပြောလဲ ကျနော်မသိဘူး။ ဗုဒဘာသာကို ဝေဖန်ချင်ရင် ဗုဒရဲ့ အော်ရီဂျင်နယ် scripture ကို ပဲ ဝေဖန်ရင် ကောင်းမယ်။ နောက်ပိုင်း ဘုန်းကြီးတွေ ကို ကိုးကားရင် ကိုယ့်ဆရာ နဲနဲလွဲနေမှာစိုးလို့။

    ကိုယ့်ဆရာက ဗုဒဘာသာအကြောင်းတော်တော်သိရင် အဘိဓမာ ဘယ်အဆင့်ရှိလဲ သိမှာပေါ့။ ထားလိုက်။ အခု ဆွေးနွေးပွဲက ဖန်ဆင်းရှင်အဆင့်မှာပဲ ဖြစ်တယ်၊ အဘိဓမာနဲ့ အဝေးကြီး။ ဒါတွေပြောနေလို့ ကျနော့်ကို ဗုဒဘာသာကို ကာကွယ်နေသူလို့တော့ မထင်လိုက်နဲ့။ ကျနော်က လောလောဆယ် ဘာသာတရားတွေထဲမှာ ဗုဒဘာသာက လက်ခံရတာ နဲနဲ အဆင်ပြေနေလို့ ဗုဒဘာသာဝင်ဖြစ်နေတာ။ သူက စမ်းသပ်ရင် စမ်းသပ်သလောက် အစမ်းသပ်ခံနိုင်တယ်။ အဓိကက ကိုယ့်ဆရာ ဘယ်လောက်ထိ စမ်းသပ်နိုင်စွမ်းရှိမလဲ ဆိုတဲ့ ပေါ်ပဲမူတည်တယ်။ ကိုယ်တိုင် ၀င်မစမ်းသပ်သေးပဲ အပြင်ကတောင် နားထောင်ရုံထောင်ကြည့်အုံး။ ဥပမာ၊ ဗုဒ ဟောခဲ့တာတွေထဲကတစ်ခု။ ငါဘုရား ဟောတယ် ဆိုပီးလဲ မယုံနဲ့၊ မင်း သိပ် ယုံကြည်အားထားရတဲ့ မိဘ၊ ဆရာ၊ ညီအစ်ကို မောင်နှစ်မ၊ ကျွန် စတာတွေ ပြောလို့လဲ မှန်တယ်မထင်နဲ့။ မင်းကိုယ်တိုင် သိပီးမှ ယုံလို့ဟောခဲ့တယ်၊ တစ်ခြား morality အမြင့်ကြီးတွေ ခဏထား။ ဒီမှာတင် God အမည်ခံ monotheism နဲ့ ဘယ်လောက်ကွာလဲ ဆိုတာ ပေါ်လွင်နေတယ်။ monotheism God က သူ့ကို မယုံရင် ဘာဖြစ်မှာလဲ ကျနော် ပြန်ရှင်းပြနေဖို့လိုမယ်မထင်ဘူး။

    ReplyDelete
  6. အထက်က reply ဧ။်အဆက်.....

    အဲ ဗုဒဘာသာနဲ့ ပတ်သက်လို့ ကျနော့် position က ဒီလောက်လေးပဲ။
    (၁) နိဗာန်ရှိတယ်၊ အဲနေရာကို သွားလို့ရတဲ့ လမ်းကြောင်းကို လဲ မလွဲအောင် ပြထားတယ်၊ ကိုယ်တိုင်သွားလို့ မရောက်ဖူးသေးလို့ အပြည့်အ၀ ယုံတဲ့ အဆင့်မရှိသေးဘူး။ ဗုဒဘာသာဟာ religion ဆိုတဲ့ စာရင်းအောက်မှာတောင် သွင်းဖို့ (ကျနော့် idea အရ) လက်မခံဘူး၊ နေ့ စဉ်လက်ခံကျင့်သုံး သင့်တဲ့ တရားတစ်ခုနေနဲ့ပဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ religion လို့ပြောလိုက်ရင် ကဘာပေါ်က လူတော်တော်များများက ကယ်တင်ရှင်ကို ပဲ ပြေးသတိရနေကြတယ်။ ဗုဒကတော့ ငါမင်းတို့ကို မကယ်နိုင်ဘူးလို့ အပြတ်ပြောပီးသားပဲ။ လမ်းကြောင်းပဲပြပေးနိုင်တယ်။ ကယ်တင် ခံချင်တဲ့သူတွေအတွက်တော့ မကောင်းဘူးပေါ့လေ။ အဲ.. ကယ်မယ်ပြောပီး တကယ် မကယ်ပဲ လက်ပိုက်ကြည့်နေတာနဲ့ စာရင်တော့ နဲနဲ တော်အုံးမလားလို့။
    (၂)ဘာသာတရားတွေကို ကဘာ့ ငြိမ်းချမ်းရေးအမြင်နဲ့ ကြည့်ရင် မနောကံကို တောင် လုံအောင် ထိန်းဖို့၊ မထိန်းရင် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကိုလဲ သေချာ ရှင်းပြထားလို့ တခြား ဘာသာတွေနဲ့ ယှဉ်ရင် နျှူးကလီးယားတွေ မလိုဘူး၊ စစ်ပွဲတွေမလိုဘူး၊ ကိုယ့်မှာစားစရာ မရှိတာကို အကြောင်းပြပီး သူများ ပစ်စည်း မခိုးဘူး၊ ဘုရားသခင်အတွက် စစ်တိုက်ပေးရတာမျိုးတွေမရှိဘူး။
    (၃) သိပံနဲ့ တစ်ထပ်ထဲကျတယ်၊ သိပံပညာက ခရီးသွားဆဲမို့ တချို့နေရာတွေ ဒွိဟဖြစ်နေတာလွဲရင်(ဥပမာ သိပံက အသေးငယ်ဆုံး particle ဟာ atom ပါလို့ လောလောဆယ် ပြောနေပေမယ့် Buddhism က ပြောတဲ့ matter က အဲဒီထက် အများကြီး ပိုငယ်နေတာမျိုး) ဗုဒဘာသာဟာ သိပံနည်းကျတယ်လို့ ပြောရလောက်အောင် လက်တွေ့ကျတယ်။

    လောလောဆယ် အဲဒီအချက်လေးတွေပေါါ်မူတည်ပြီး ကျနော် ဗုဒဘာသာဖြစ်နေတာပဲ။ monotheism ကိုတော့ အဲဒီ ၃ ချက်နဲ့ လောလောဆယ် ချိန်ထိုးကြည့်ပေါ့။

    အဲ အိုင်းစတိုင်းက သူ့ဘာသာ ဂျူး ကနေ ထွက်မသွားဘူးလား ထွက်သွားလား ဆိုတာ ဘုရားသခင်နဲ့ ပတ်သက်တဲ့ သူ့အယူအဆတွေက သက်သေခံနေတယ်။ လူတစ်ယောက် ဘာသာတခုကနေ ထွက်သွားမသွားဆိုတာ တရားရုံးမှာ ၀န်ခံကတိ လက်မှတ်ရေးထိုးနေစရာမှ မလိုတာ။ အဲ သိပံပညာရဲ့ အသီးအပွင့်တွေကို နေ့စဉ်နဲ့ အမျှ စားသုံးနေပီး သိပံကို သိပ်အဆင့်မရှိသယောင် သိပံပညာကို God ကပဲ ဖန်တီးသယောင် ပြောနေကြသူတွေကို တော့ ယနေ့ (အခု ကျနော် ပြောတဲ့ ) သိပံပညာရှင်တွေက အခါးသီးဆုံးပဲ။

    ကိုယ့်ဆရာပြောတဲ့ အလိုလို ဖြစ်တော်မူသေားဘုရားတို့ ဘာတို့ ကျနော် ဖတ်မကြည့်ဖူးဘူး။ ဒါပေမယ့် ဗုဒဘာသာမှာ အနှစ်ကို ပဲ ကျနော်ယူပီး သုံးသပ်သလို ဖန်ဆင်းရှင်ကိစ်စမှာလဲ သူ့ရဲ့ Original Doctrine ကိုပဲ ကျနော် အပြန်အလှန်သုံးသပ်တယ်။ အဲ Topic တစ်ခု သီးသန့် လုပ်ပီး ဆွေးနွေးဖို့တော့ Admin ကို ဒုတ်ခ မပေးချင်ဘူး။ ကျနော်က ဒီဘလော့ကို တောင် ခုမှပဲ ၀င်ဖတ်ကြည့်ဖူးတာ။ စားဝတ်နေရေး ရုန်းကန်နေရတယ်။ ဒါပေမယ့် အခု ကျနော်ရေးတဲ့ အယူအဆကို ဘယ်လိုသဘောထားမလဲဆိုတာလေးတော့ သိချင်တယ်၊ ယုတ်တိရှိရှိပေါ့လေ။ ကျနော့်ကို တော့ ဗုဒဘာသာကို ကာကွယ်သူလို့ မမှတ်လိုက်နဲ့။ ခုန ပြောသလိုပဲ လေ့လာဆဲပဲ၊ Islam က အမှန်တရားကို ပိုပြောနိုင်ရင် လက်ရှိ ဗုဒဘာသာ မိဘ ၂ ပါးစလုံး တာ့တာ ပြဖို့ဝန်မလေးဘူး။ အဲ ဘာသာရေး ဆွေးနွေးမယ်ဆိုရင်တော့ science ကို tool တစ်ခုအနေနဲ့ မသုံးမဖြစ်သုံးရလိမ့်မယ်ဆိုတာကိုတော့ ကိုယ့်ဆရာ မမေ့နဲ့။ အဲလိုမေ့မယ်ဆိုရင် ယနေ့ Theologian ဆရာကြီးတွေဖြစ်တဲ့ Willian Lane Craig တို့ Doglas Wilson တို့ Dinesh D'Souza တောင် ကိုယ့်ဆရာကို monotheist စာရင်းသွင်းမှာမှုတ်ဘူး။

    ပို့ကို ဖတ်ပေးသူများ ကျေးဇူးပါ။စာလေးတွေ ပြန်မစစ်နိုင်လို့ spelling error ရှိရင် ခွင့်လွတ်ရန်

    ReplyDelete
  7. Anonymous က ပြောတဲ့ အဖြေက အတော်လေး စောဒက တက်စရာပဲ။ နိဗ္ဗာန်ရှိတယ်။ မသွားဘူးသေးလို့ မသိသေးတာ ဟုတ်လား။ အခြားဘာသာတွေက ဖန်ဆင်းရှင်ရှိတယ်။ သေချာ မယုံသေးလို့ မသိသေးတာလို့ ပြန်ပြောရင် ဘယ်လို ဖြေမလဲ။

    ဒီနေရာမှာ (၁) ဂေါတမဗုဒ္ဓဟောတဲ့ စကားများ (ပိဋကတ်) က လက်တွေ့မှာ ဘယ်လောက်မှန်သလဲ- ၊ အစ္စလာမ်ဘာသာက တမန်တော်မုဟမ္မဒ်ပြောတဲ့ စကား(ကုရ်အာန်)ထဲကလက်တွေ့မှာ ဘယ်လောက်မှန်သလဲ အရင်အဦး တိုင်းတာ ခြင်ဆင်ပေါ့။ လက်တွေ့မှာတောင် မမှန်ဘူးဆိုရင် မမြင်ကွယ်ရာက နိဗ္ဗာန်တို့ ငရဲတို့ အလ္လာဟ်တို့ ဘယ်လို လိုက်ယုံလို့ ရမလဲ။ လက်တွေ့မှာ မှန်နေတဲ့သူ ပြောတာကိုမှ မမြင်ကွယ်ရာက အရာများကို လက်ခံသင့်သလား- လက်တွေ့မှာ ဘယ်လောက်မှားမှား နောက်ကွယ်က အရာသည် မှန်နိုင်တယ်လို့ ဆုံးဖြတ်သင့်သလား- လက်တွေ့ကျကျ စဉ်းစားပါ။(၁) သံယုတ်ပါဠိ ၅ ပုပ္ဖ၀ဂ် ၅ နခသိခါသုတ်မှာ နေတို့ လတို့ကို အမြဲတည်မြဲသော၊ ခိုင်ခံ့သော၊ ဖေါက်ပြန်ခြင်း ကင်းသော အရာများလို့ ခိုင်းနှိုင်းပြောထားတယ်။

    (၂) သုတ်ပါထိက၀ဂ္ဂပါဠိ အဂ္ဂညသုတ်မှာ- ကမ္ဘာမှာ လူတွေ ဖြစ်လာပြီး မှ လူတွေတောင့်တလို့ နေ၊ လ ဖြစ်လာရတာလို့ ပြောတယ်။- လော ဆယ်-၊ ဒါလေးကို ယုတ္တိနဲ့ ကိုက်မကိုက် အရင်ရှင်းကြည့်ပါ။ အဲ့လောက်တောင် မသိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက မမြင်ကွယ်ရာရှိ နိဗ္ဗာန် ရှိတယ်လို့ ပြောတာကို ဘယ်လိုအင်အားနဲ့ ယုံကြည်သင့်ပါသလဲ။

    နောက်တစ်ပိုဒ်ချင်း သွားတာပေါ့နော်။ အနော်နိမာ့စ် ပြောသလို ပိဋကတ် ထဲက တိုက်ရိုက်ပြောလိုက်တာလေ။ ကိုယ်ပိုင် ဘာသာပြန်ပြီး ရှင်းနိုင်ပါ တယ်။ ကျွန်တော်တို့ ကုရ်အာန်ကျမ်းက ပြောလာရင်လည်း ကိုယ်ပိုင် ဘာသာပြန်ပြီး ရှင်းခွင့်ပြုပါ။ (ကိုယ်ပိုင် ဆိုပေမယ့် အထောက်အထား ရှိရမယ်နော်၊) ဘယ်စာလုံးက ဘယ်လိုဆိုတယ် ဆိုတဲ့ တိကျတဲ့ အဘိ ဓာန်၊ ကျမ်းကိုး ရှိရပါမယ်။ ကိုအနောနိမာ့စ်ရဲ့ ပွင့်လင်းစွာ ဆွေးနွေးဘို့ ဖိတ်ခေါ်မှုကို ကြိုဆိုလျှက်-
    ဇီဝက (သူရိယ)

    ReplyDelete
  8. ဒီက ဆရာဇီဝက reply လေးတွေက တတို့တတို့လေးတွေပဲ ရေးရေးထားတော့ ဖတ်ရတာ သိပ်အားမရလှဘူးဗျာ။ ဥပမာ ကျနော်က ဗုဒဘာသာဟာ ဘာကြောင့် plausible and convincing ဖြစ်သလဲဆိုတာကို အချက် (၃)ချက်နဲ့ ခပ်လွယ်လွယ်ဥပမာပေးတယ်။ ဆရာဇီဝက က အဲဒီထဲကမှ နိဗါန်ရှိတယ် ဆိုတဲ့ စကားလေး တစ်ခွန်းကို ပဲ pick up လုပ်ပီး၊ ကျနော့်ကို ချည်တယ်။ နိဗါန်ဆိုတာမျိုးက ကျုပ်တို့ဆီမှာ အမြင့်ဆုံးက အသီးဖြစ်နေတော့ ကျနော်တို့ အလှမ်းမမီသေးဘူးဆိုတာ ကိုယ့်ဆရာ သိပုံရတယ်၊ မဆိုးဘူးပဲ။ ဒါပေမယ့် နိဗါန်ကို သွားလို့ရတဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို တော့ လုံးဝ မလွဲအောင်ပြထားပီးသား။ ဥပမာ ကျုပ်တခါမှ မရောက်ဖူးတဲ့ဒေသကို မြေပုံညွန်းနဲ့တကွ သွားလို့ရတဲ့ နည်းတွေ ပေးထားဗျာ။ မရဘူးလား၊ အဲ သွားဖို့အစွမ်းရှိမရှိနဲ့ သွားချင်စိတ်ရှိမရှိ ကတော့ ကျူပ်နဲ့ဆိုင်တာပေါ့လေ။ အဲဒါက ဗုဒက သူနဲ့ မဆိုင်ပါဘူးလို့ပြောထားပီးသားပဲ။ ခက်တော့ ခက်သပေါ့လေ၊ နိဗါန်ဆိုတာမျိုးက ဖန်ဆင်းပီး ရောက်လို့ရတဲ့ အရာမျိုးမှမဟုတ်တာ၊ ကိုယ့်ဆရာလဲသိမှာပါ။ Islam မှာ အဲလို လမ်းကြောင်းနဲ့ အလားတူ ကောင်းကင်ဘုံကို သွားတဲ့ လမ်းကြောင်းကလဲမရှိ၊ မမြင်ရတဲ့ ဘုရားသခင်ကိုပဲ မှန်းဆကိုယ်းကွယ်ပီး သူ့ကိုသာယုံ ကောင်းကင်ဘုံကို ရောက်ဖို့ တခြား ဘာ ခက်ခဲနက်နဲတဲ့ ကျင့်စဉ်မှာ မလိုဘူး ဆိုတာမျိုးကတော့ ၂၁ ရာစုမှာ လူတွေ အတော်များများကို မဆွဲဆောင်နိုင်လောက်ဘူးထင်တယ်။ ဆရာဇီဝက က စာအုပ်တွေ တော်တော်ဖတ်ပုံရတယ်နော။ ပါဠိတွေပါတွေ ဖတ်တိုင်းလဲ ခရီးမရောက်တတ်ပါဘူး၊ ဥပမာ ပါဠိတတ်တဲ့ဆရာကြီးတွေ ကျောက်ကွင်းအရေးတော်ပုံမှာပါခဲ့တာပဲ။ မထူးခြားပါဘူး။ ဗုဒကလဲ ဟောထားပါတယ်။ ပညာ ကောင်းရဖို့ သဒါ၊ ၀ီရိယ သတိ၊ သမာဓိ အဲ ဒါတွေ ညီမျှဖို့လိုပါတယ်။ ဒါတွေ ညီမျှမှ analyze လုပ်နိုင်စွမ်းအားကောင်းမှာပါ။ ဗုဒဟောတဲ့ နိဗါန်ရှိပါတယ်ဆိုတာကို မယုံဘူးထားအုံး၊ လက်တွေ့ဘ၀မှာ applicable ဖြစ်တဲ့ ငါးပါးသီလ လောက်တောင်ယနေ့ ဗုဒဘာသာဝင်တွေ ထဲက စောင့်ထိန်းနိုင်သူများများစားစားတွေ့ဖူးသလား၊ အဲ Islam မှာကျတော့ ဘုရားသခင်အတွက် အလုပ်သာလုပ်ပေး။ မင်းကို ကောင်းကင်နိုင်ငံရောက်ဖို့ အာမခံတယ်လဲ ဆိုရော(အထောက်အထားရှိတာမရှိတာတော့ အသာထားပေါ့လေ) ဟိုမှာ အသေခံလိုက်ကြတာ သောက်သောက်လဲပဲ။ အဲ ကိုယ့်ဆရာက ဖန်ဆင်းရှင်ရှိတယ် သေချာ မယုံသေးလို့ မသိတာလို့ ပြန်ပြောရင်တော့ Believe it if u can, I can't stop u. Believe it if u like, u r welcome.လို့ ပြန်ပြောရမှာပဲ။ ဒါပေမယ့် လူ့ဘုံကို သူ့ agent တွေ စေလွတ်ပီး သူအတွက် စစ်တိုက်နေရတဲ့လူတွေ အစ်စရေး ပါလက်စတိုင်းမှာ ခုထိကိုယ့်ဆရာ အမြင်ပဲ၊ ကိုယ့်ဆရာတောင် (ဘုရားသခင်က ဗမာပြည်ပို့လိုက်လို့) အဲလိုစစ်တိုက်မနေရတာကံကောင်း။ မဟုတ်ရင် ရာဆာအာရာဖတ်လို၊ မွေးကနေ သေတဲ့ထိ သေနတ်သံ မကြားလိုက်ရတဲ့ နေ့ တစ်နေ့မှတောင်ရှိမယ်မထင်ဘူး။ ဟုတ်တယ်ဟုတ်။ ကဲပြော။ အဲဒီစစ်တွေ ဘယ်တော့ ငြိမ်းမှာတုံး။ ကြုံရင် ဘုရားသခင်ကို အဲဒါလေးတချက်မေးကြည့်ပေးပါ။ လက်ပိုက်ကြည့်နေတာ အားမရသေးဘူးလားလို့။ ဗုဒကတော့ သေသွားပီးသားဆိုတော့ ကျူပ်လဲ မေးဖို့မဖြစ်နိုင်ဘူး၊ အဲ ခုနက ကိစ်စတွေက politics တွေပါကွာလို့တော့ မပြောနဲ့နော်၊ သူတို့ theocratic တွေဆိုတာ ကိုယ့်ဆရာသိပီးသားပဲ။ ဒါကဖန်ဆင်းရှင်ရှိမရှိကိစ်စ မဟုတ်သေးဘူးနော်။ ဖန်ဆင်းရှင်အမှန်တကယ်ရှိပါတယ်လို့ ကိုယ့်ဆရာက ပြောနေတော့ ကျနော် က ဘယ်မှာလဲ လို့မမေးသေးဘူး..ကဲရှိတယ်ပဲထား လို့ ကိုယ့်ဆရာကို တမင် pass ပေးပီး အဲအတိုင်းအလိုက်သင့် လိုက်လာတာ။ ကဲဒီတော့ Islam မှာ ကောင်းကင်ဘုံကို ရောက်ဖို့ ဘုရားသခင်ကို တစ်နေ့ အကြိမ်အများကြီး ထိုင်ဝတ်ပြု တာကလွဲလို့ တခြားအကျင့်ကောင်းများရှိရင် ညွန်ပြပေးပါ။ ကျနော်လဲ နိဗါန်က နဲနဲအလှမ်းဝေးတော့ ကောင်းကင်ဘုံကို အခု ပိုမျက်စိကျနေတယ်။ တကယ်ပါ၊ ကျနော် ရေးထားတာ အားလုံးကို သေချာ ခံစားပီး စပါယ်ရှယ် အားရပါးရ reply လုပ်ပစ်လိုက်စမ်းပါ။ ဗုဒဘာသာ ကို ဘုမသိဘမသိ စွတ်ရုံနေတဲ့ ကောင်တွေကလဲ ရှိနေတော့ သူတို့တွေ သိအောင် အများကြီး ဒီကတဆင့်အသိတွေေ ပး ပစ်လိုက်လို့ရတာပေါ့။

    ReplyDelete
  9. အပေါ်မှ reply ဧ။်အဆက်....

    အခုထိကျနော် ပြောနေတာတွေက အထက်ကကျနော်ပြောခဲ့တဲ့ ၃ ချက်ထဲက နိဗါန်ကိစ်စပဲရှိသေးတယ်။ ကျန်တဲ့အချက်လေးတွေအတွက်ကျေးဇူးပြုပီး ဆွေးနွေးပေးပါအုံး။ ကျန်တဲ့ ၂ ချက်နဲ့ပတ်သက်ပီး Islam ရဲ့ Position လေး သိချင်လို့ပါ။

    ကုန်အာရ် ကပြောတဲ့စကားတွေ လက်တွေ့ မှန်ပါတယ်လို့ ထောက်ခံတဲ့(Islam ပြင်ပက) ဘယ်ပညာရှင်မှ ကျနော်မတွေ့ဖူးသေးဘူး၊ အဲ..ကုန်အာရ်ကျမ်းကို အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးနေကြတာတော့ တွေ့လိုက်မိသလားလို့။ အိုင်းစတိုင်းလိုပုဂိုလ်မျိုးရဲ့ ဗုဒဘာသာနဲ့ ပတ်သက်တဲ့ comment ကို ဒီဘလော့တနေရာမှာ ၀ါးတားတားလုပ်ထားတာတွေ့ရတယ်၊ အိုင်းစတိုင်းဘာမှမပြောသွားလဲ ဗုဒဘာသာရဲ့ အမှန်တရားကမှေးမှိန်မသွားပါဘူး၊ အမှန်ကိုမှားသယောင်ဝါးတားတားလုပ်ထားတာကတော့ လုပ်တဲ့သူရဲ့(ဒီဘလော့ရဲ့) ဂုဏ်သိင်္ခါပဲ မှေးမှိန်မှာပါ။ခုထိကျနော်ဆွေးနွေးတာ ideology ပိုင်းပဲရှိပါတယ်၊ ကျနော် Islam,Christianity အကြောင်းသိတန်သလောက်သိပေမယ့်လဲ http://islamsucks.wordpress.com/ ဒီဘလော့မှာလို ရမ်းရမ်းကားကားရေးတာတွေကိုတော့ မနှစ်မြို့မိဘူး။ ဒီဘလော့ရဲ့ ဂုဏ်သိင်္ခါမငယ်ဖို့ ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။

    ReplyDelete
  10. ကနေဒါ သန္ဓေသားဗေဒပညာရှင် အလ်ကီယက်မိုးလ် က အစ္စလမ်ထဲကို ၀င်လိုက်တာ။ ပြင်သစ် ခွဲစိတ်ပညာရှင် ဒေါက်တာမောရစ်ဘူဂိုင်းက အစ္စလာမ်ထဲ ကို ၀င်လိုက်တာ။ မြောက်များစွာကို ဖတ်ချင်ရင် နက်ထဲမှာ convet to Islam ဆိုတာလေးကို ရိုက်ကြည့်လိုက်ပေါ့။ အိုင်စတိုင်းကတော့ ဗုဒ္ဓဘာသာထဲကို မ၀င်ခဲ့ဘူးနော်။ ပြီးတော့ အိုင်စတိုင်းတို့ ဟော့ကင်းတို့က သေပြီးရင်လည်း ဘာမှ မရှိတော့ဘူးလို့ ပြောတယ်။ ဗုဒ္ဓဘာသာက သုံးဆယ့် တစ်ဘုံကို လက်ခံထားတယ်- ဒီတော့ အိုင်စတိုင်၊ ဟော့ကင်းတို့နဲ့ ဗုဒ္ဓဘာသာ က သီးခြား ဖြစ်နေတယ်လေ-။
    ကုရ်အာန်ကျမ်းကို မီးရှို့တာ- စော်ကားတာတွေက သူတို့မနိုင်လို့ ရမ်းတဲ့ သဘောပဲ ဆိုတာ ထင်ခြားနေတာပဲ။ အမှန်တရားကို လက်နက်နဲ့ အနိုင်ယူ လို့ မရဘူး ဆိုတာ သက်သေပဲ မဟုတ်လား။ အနောက်နိုင်ငံသားတွေကတော့ ဘာသာတိုင်းကို စော်ကားနေတာပဲ ပူပူနွေးနွေး အမေရိကန်ရုပ်သံက လွင့်တဲ့ Rude Buddha ဆိုတဲ့ သရော်စော်ကားမှုကို ဘယ်လို သဘောထားသလဲ။ ကိုအနောနိမာ့စ် ဆွေးနွေးထားတာတွေကို တစ်ခုချင်း ဆွေးနွေးမှာပါ။ အခု ကျွန်တော်ထောက်ပြထားတဲ့ ကမ္ဘာ၊ လူ၊ လ၊ နေ ဖြစ်စဉ်လေးကို အရင်ရှင်းကြည့်ပါဦး။

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)