Monday, March 19, 2012

ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ (၅)

ကုရ်ဘာနီ

ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များနှင့် ဗုဒ္ဓသာသနာဝင်များအကြား နားလည်မှု မတည်ဆောက်နိုင်သေးသော ပြသနာများအနက် တစ်ခုမှာ ကုရ်ဘာနီ ကိစ္စသည်လည်း ပါဝင်နေပေသည်။

ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များ အနေဖြင့် ဟာ့ဂ်ျအခမ်းအနားအား ဂုဏ်ပြုသောအနေဖြင့် အသားဝတ္ထု အပါအ၀င် အလှု အဒါန်းပြုခြင်းကို အကြောင်းပြုလျှက် ဖြစ်တည်လာသော ကုရ်ဘာနီခေါ်- အက်ပွဲတော်ကြီးကို မြန်မာဗုဒ္ဓဘာသာများ အနေဖြင့် အမြင်မကြည်မလင် ခံစားနေရခြင်းများ ရှိပေသည်။

ပိုမို၍ နားလည်မှု လွဲမှားနိုင်စေသော အကြောင်းရင်းများတွင် ကုရ်ဘာနီ ပြုလုပ်ခြင်း၌ ကုရ်အံ ၃၇း၁၀၇ မှ ဿီဗ ဟင် အဇွီးမင် ဆိုသည့် ဝေါဟာရအား ကြီးမားသော ယဇ်ကောင်ဟု အချို့ ဆရာတော်ကြီးများက ဘာသာပြန် ခဲ့ ခြင်းများဖြစ်သည့် ဝေါဟာရ တစ်ချို့၏ ခေတ်ကာလနှင့် မလိုက်ဖက်မှုများကြောင့်ဟုလည်း ၀န်ခံရမည် ဖြစ် သည်။ သို့သော် ထို ဆရာတော်ကြီးများသည်လည်း အမှားတစ်ခုကို ကျူးလွန်ခဲ့ခြင်း မဟုတ်ချေ။ သူ့ခေတ်နှင့်သူ အားကောင်းသော ၀ါဟာရများ ကို ရွေးချယ်ခဲ့သည်သာ ဖြစ်ပေသည်။

ကျွန်ုပ်တို့ အနေဖြင့် ကုရ်ဘာနီ ပြုလုပ်ခြင်းမှာ ယဇ်ပူဇော်ခြင်း မဟုတ်ချေ။ ကြီးမားသော စုပေါင်းအလှုအဒါန်း တစ်ခုအား အများ သူငါ စားသုံးနိုင်ရန် ငွေကုန်ကြေးကျခံ၍ ပြုလုပ်ခြင်းသာ ဖြစ်ပေသည်။ သို့သော် ငါးပါး သီလ တည်းဟူသည့် ဂရုဓမ္မ သီလ၀ါဒ ကြီး စိုးရာ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကြီးနှင့် မြန်မာ ဗုဒ္ဓသာသနာဝင်များမှ ထို သို့သော အသားဝတ္ထုပါဝင်သည့် အလှုအဒါန်းကြီးအား အမြင်လွဲမှားနေခြင်းမှာ မိမိတို့၏ သာသနာအား မနှံ့စပ်မှု ကြောင့်သာ ဖြစ်တော့သည်။ ထိုအချင်းအရာကို ကျွန်ုပ်တို့ အနေဖြင့် ရှင်းပြ ပြောဆိုရမည်သာ ဖြစ်သည်။

အကယ်၍ ဆရာတော်ကြီးများ ဘာသာပြန်ဆိုသကဲ့သို့ ယဇ်ကောင်ဟု ဖြစ်သော်လည်း- ထိုစကားလုံးသည် ဗုဒ္ဓ ဘာသာတို့၏ အယူနှင့် ဆန့်ကျင်မှု မရှိချေ။ ကျွန်ုပ်တို့၏ ညီနောင် ဗုဒ္ဓသာသနာဝင်တို့အား ကိုယ်တော်ဂေါတမ ဟောကြားခဲ့သော တရားဒေသနာ တွင် ဗုဒ္ဓဘာသာကောင်း တစ်ဦးဖြစ်ရန် ယဇ်ကြီး၊ ယဇ်ငယ်ကို ပြုရမည် ဖြစ် ကြောင်း– (ဓမ္မသင်္ဂဏီပါဠိတော်၊ သုတ္တန္တိကဒု ကနိက္ခေပ၊ သီလသမ္ပဒါဒုက်) တွင်–

အယူပြည့်စုံခြင်း ဒိဌိသမ္ပဒါ– ဟူသည်- ပေးလှုခြင်း အကျိုးသည် ရှိ၏။ ယဇ်ကြီး ပူဇော်ရခြင်း အကျိုးသည် ရှိ၏၊ ယဇ်ငယ် (ဟုန်း) ပူဇော်ရခြင်း အကျိုးသည် ရှိ၏။ ကောင်းစွာပြုခြင်း၊ မကောင်းမှုပြုခြင်း၏ အကျိုးဖျား (အကျိုး ဆက်) အကျိုးရင်းသည် ရှိ၏။ ဤလောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏။ အမိသည် ရှိ၏၊ အဖသည် ရှိ၏၊ သေ၍ တဖန် ပြန်ဖြစ်သော သတ္တ၀ါတို့ သည် ရှိ၏။ ဤလောကကို၎င်း တမလွန်လောကကို၎င်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင် ကုန်သော ညီညွတ်ကုန်သော ကောင်းသော အကျင့် ရှိကုန်သော ရဟန်း ပုဏ္ဏား သမဏ ဗြာဟ္မဏတို့သည် လောက၌ ရှိကြ၏။ ဤသို့ သဘောရှိသော အကြင် (ခွဲခွဲ ခြားခြား) အပြားအားဖြင့် သိမှု၊ (ခွဲခွဲခြားခြား) အပြားအားဖြင့် သိမှုသဘော၊ မတွေဝေခြင်း- တရားတို့ကို စီစစ် ခြင်းသဘော၊ ကောင်းမွန်စွာမြင်မှု သမ္မာဒိဌိသည် ရှိ၏၊ ဤ ဆိုအပ်ပြီးသော အယူပြည့်စုံခြင်းကို ဒိဌိသမ္ပဒါ ဟု ဆို အပ်၏။ အလုံးစုံသော အမြင်မှန်မှု အယူမှန်မှု သမ္မာဒိဌိကိုလည်း  အယူပြည့်စုံခြင်း ဒိဌိသမ္ပဒါ ဟု ဆိုအပ်၏။ — ဟု ဆိုထားပေ သည်။

ထို့ကြောင့်- ကျွန်ုပ်တို့၏ ညီနောင် ဗုဒ္ဓသာသနာဝင်များ အနေဖြင့်- မိမိကိုယ်တိုင် သမ္မာဒိဌိ (မှန်ကန်သော ဆင် ခြင်မှုဖြင့်) ဗုဒ္ဓ ဘာသာကောင်း တစ်ဦးဖြစ်ရန် ယဇ်ကြီး၊ ယဇ်ငယ် ပူဇော်ရန် လိုအပ်ပေသည်။ အကယ်၍ အ ကြောင်း အမျိုးမျိုးကြောင့် မိမိကိုယ် တိုင် မပြုလုပ်နိုင်ခဲ့သော်မှ သူတစ်ပါး၏ ပြုလုပ်ဆောင်ရွက်ချက်များအား သာဓုခေါ်တတ်ရန် စိတ်နှလုံး မွေးမြူရမည် ဖြစ်သည်။ သာသနာပ အယူများ ဖြစ်သည့် မနာလိုဖြစ်ခြင်း၊ ငြူဆူ တတ်ခြင်းများမှ ကင်းရန် အလှုအဒါန်းပြု လုပ်ခြင်းများ၌ မတားမြစ် ထားသော၊ အကပ္ပိယ အသားများ မဟုတ် သော အသားဝတ္ထုများဖြင့် လူသားအပေါင်း စားသုံးနိုင်ရန် လှုဒါန်းခြင်းများကို ဗုဒ္ဓဒေသနာ၌ မပိတ်ပင်ထားသည့် အပြင် အားပေးထောက်ခံထားကြောင်း မေတ္တာထားလျှက် ပြောဆို ရှင်းပြရမည် ဖြစ်တော့သည်။

7 comments:

  1. ထေရဝါဒဗုဒ္ဓဘာသာတွင်အသားလှုခြင်းကိုမတားမြစ်သော်လည်း သူ့အသက်အားအရှင်လတ်လတ်လည်လှီး၍သတ်ဖြတ်လှုတန်းခြင်းကိုမူ ကြီးလေးသော ပါဏာတိပါတ ကံအဖြစ်တားမြစ်ထားလေသည်။

    ReplyDelete
  2. ဆင်ခြင် စွာပြောစေချငိပါတယ်
    သူ့အသက် သတ်ခြင်းအား
    ဘုရား ၀မ်းမြောက်မှုမရှိပါထိုအလှုအား
    သဒ္ဒါကြဘ်ဖြူသေညအလှု့ဟုမဆိုထားပါ

    ReplyDelete
  3. ဆင်ခြင် စွာပြောစေချငိပါတယ်
    သူ့အသက် သတ်ခြင်းအား
    ဘုရား ၀မ်းမြောက်မှုမရှိပါထိုအလှုအား
    သဒ္ဒါကြဘ်ဖြူသေညအလှု့ဟုမဆိုထားပါ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. သာဓု ခေါ်လိုက် ရင် သူများအသက် ကို
    သက်တာအားပေး သလို့ ဖြစ်နေမာ ပေါ့
    ဘုရားက သူများအသက်ချင်းကို အားပေးစကာ မပြောရဘူးပါဘူး
    ဟေားထား ပါတယ်
    ကိုယ်တိုင် မသတ်ပဲ သူများ သတ်ထားတာကို
    ဝယ်ကြွေးရင် မရဘူး လားးးး
    ဒါ မှ မဟုတ် အခြားနေ အစား အစာနဲ့ ပြောင်းကြွေးရင်ကော မရဘူး လား သိချင်ပါတယ်

    ReplyDelete
  6. မည်သည့်ဘာသာပင် ဖြစ်ပါစေ သတ္တဝါချင်း ကိုယ်ချင်းစာ သနားငဲ့ညှာပါ။ အလှူပြုခြင်းအတွက် သာဓုခေါ်ပါတယ်။ သတ်ဖြတ်ခြင်းအတွက်တော့ သာဓုမခေါ်ပါ။

    ReplyDelete
  7. ဘာသာတရားတွေ ဆုံးမမှုတွေခဏမေ့ထားပါ။ လက်တွေ့စဉ်းစားကြည့်ရင်။ မိမိကုသိုလ်ရဖို့ တခြားသူရဲ့ နာကျင်မှု ခံစားရမှု အသက်သွေးနဲ့ လှူတာဟာ တရားမှုမရှိပါ။ မည်သည့်ဘာသာပင်ဖြစ်စေ သတ္တဝါအချင်းချင်း သနားကြင်နာသော မေတ္တာဖြင့်သာ ရှူမြင်ကြပါ။

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)