Saturday, March 17, 2012

ပျက်စီးနေသော ဘာသာရေး လူတန်းစား


မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ပြီး မိမိတို့ယုံကြည်ရာ ဘာသာကို သက်ဝင် ကိုးကွယ်နေထိုင်လျက်ရှိကြပါတယ်…. ထိုမြင့်မြတ်တဲ့ ဘာသာတရားအပေါ် လူတန်းစားအများစုထဲမှ တချို့ လူ တန်းစားမှာ ဘာသာရေးအရေးခြုံလျက် ဘာသာတရားအမည်ခံကာ ပျက်စီးနေကြပါတယ်.. အများရှေ့ဝယ် ဘာသာတရား ဘန်းပြကာ သာသနာ့ဝန်ဆောင်အဖြစ် ခံယူလျက် မိမိတို့အား ရိုသေလေးစား ဂရ၀တရား ရှေ့ ထားကာ ကိုးကွယ်ပူဇော် ဆည်းကပ်ကြကုန်သော ဒကာ၊ ဒကာမတို့၏ ယုံကြည်မှု့ကို အခွင့်ကောင်း ယူကာ ပျက်စီးနေကြသော ဘာသာရေးလူတန်းစား တစ်ရပ်လည်း ရှိကြပါတယ်…

မြန်မာပြည်မှာ သာသနာ့ဝန်ဆောင် (၄) မျိုး ရှိပါတယ်… (၁)နိုင်ငံရေးလုပ်တဲ့ သာသနာ့ဝန်ဆောင်၊ (၂) အမျိုးသားရေးဝါဒီဖက်ကို အားသန်တဲ့ သာသနာ့ဝန်ဆောင် (၃) ဖျာခင်း သာသနာ့ဝန်ဆောင် (၄) သမရိုးကျ သာသနာ့ဝန်ဆောင် ဆိုပြီးဖြစ်ပါတယ်… သာသနာ့ဝန်ဆောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့အားလုံး တခါတရံ တူညီကြပါတယ်… များသောအားဖြင့် သဘောထား မတူညီတာ များပါတယ်…. သူလည်း လူမို့ ဒီလိုဖြစ်ရတာ နားလည်ပေးနိုင်ပါတယ်… နိုင်ငံရေးလုပ်တဲ့ သာသနာ့ဝန်ဆောင်တွေ အများစုက ကျွန်တော်နဲ့ မကင်းဘူး။ အမျိုးသားရေးဝါဒီဖက်ကို အားသန်တဲ့ သာသနာ့ဝန်ဆောင်တွေကတော့ ကျွန်တော်နဲ့ မကင်းသူ လည်း ရှိတယ်… ကင်းသူလည်း ရှိတယ်… မကင်းသူတွေကလည်း မတတ်သာလို့သာ မလွန်ဆန်နိုင်တာ.. အတွင်းစိတ်က ကျွန်တော့်ကို မုန်းတယ်… မနာလို ဖြစ်ကြတယ်… ဖျာခင်း သာသနာ့ဝန်ဆောင်တွေကတော့ ပိုဆိုးတယ်… ကျောင်းလုတယ်၊ မိန်းမလိုက်စားတယ်၊ ချဲထိုးတယ်၊ ဘိန်းရောင်းတယ်သာသနာရေးရာနဲ့ မအပ်စပ်တဲ့နေရာ ထိုင်ခင်းတွေဆီ သွားတယ်. …(အခုခေတ်မှာ မြို့ပြ အများစုမှာ သံဃာနာယက အဖွဲ့မှာ လူကြီးနေရာ အများစုယူပြီး လုပ်စားကြတယ်…)

သူတို့တွေရဲ့ အပြစ်တွေကိုသိထားတဲ့ ကျွန်တော်ကို အလွန်မုန်းပေမယ့် လှန်လိုက်ရင် အပြစ်တွေပေါ်သွားမှာ စိုးလို့ သူတို့အပြစ်တွေကို ကျွန်တော်က မလှန်ရအောင် ကျွန်တော်ကိုကြောက်တယ်… အဆင်ပြေအောင်သာ ပေါင်းကြတယ်… ဒဲ့တိုးလာရင် ကျွန်တော်ကို ရှောင်တယ်… ကျွန်တော်ကလည်း လူမှန်ရင် စရိုက်ကိုသာ မကြိုက်တာရှိမယ်… လူသား အားလုံးကို မေတ္တာထားနိုင်တယ်။ လူတစ်ဦးတစ်ယောက် ဒုက္ခရောက် လေမလား လို့ စဉ်းစားပေးတယ်။
ဒါပေမယ့် နောက်လိုက် ဘာသာရေးယုံကြည်သူတွေကို သနားတယ်… အဲဒီအတွက် သိသင့်သလောက်ကို တော့ ပြောပြရတာပေါ့…

ဥပမာ- ရေး၊ ဘိတ်၊ ထားဝယ် တနင်္သာရီတိုင်း သံဃနာယက ဥက္ကဌ (မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃနာယက အဖွဲ့ ၀င်) ဦးနန္ဒမာလ- ဆိုရင် မယား လေးယောက်ရှိတယ်။ ဘိတ်မှာပဲ နေတယ်။- သူ့သားသမီးတွေတောင် ကြီးနေ ပြီ။ အဲ့ဒီ သာသနာ့ဝန်ဆောင်ရဲ့ အတွင်းလူက ကျွန်တော့သူငယ်ချင်း စစ်တွေဖက်က သာသနာ့ဝန်ဆောင်- ဒီအပြင် အဲ့ဒီသာသနာ့ဝန်ဆောင်က ကြုံတဲ့ မိန်းမကို အိပ်တယ်။ အလားတူပဲ အခုတော့ ဆုံးသွားပြီး တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ မှာ ချင်းပြည်နယ် ဖလန်းမြို့မှာ သာသနာ့ဝန်ဆောင်ဝတ်နဲ့ပဲ မယားရှိတယ်။ သူ့သမီးလည်း ကြီးနေပြီ။ မန္တလေး ရန်ကုန် ပုသိမ် ဖားအံက ဆရာတော်ကြီး ဆိုသူ တစ်ဦးချင်းမှာ မယားတွေရှိတယ်။ (သာသနာ့ဝန်ဆောင် ၁၀၀ မှာ ၆၀ မာတုကာမနဲ့ မကင်းဘူး)- အကုန် လိမ် နေကြတာ။ သာသနာဝန်ဆောင် လောကမှာ- များများလိမ်နိုင်သူက ဂုဏ်ပိုရှိတယ်-၊ သူတို့ အချင်းချင်းလည်း ငါက ဘယ်လောက်လိမ်တတ်ကြောင်း ၀င့်ကြွားလေ့ရှိတယ်။

ဒီအထဲမှာ သမရိုးကျ သာသနာ့ဝန်ဆောင်တွေတော့ အပြစ်ကင်းတယ်။ သူတို့တွေက များသောအားဖြင့် တော ဒေသတွေမှာ များတယ်။ ဒါတောင် ကျောင်းလုတာတွေ ရှိသေးတယ်။ အင်မတန်အနည်းစုလေးလောက်ပဲ သူ သင်ဘူး သိဘူးတဲ့ တရားလေးနဲ့ ကျင့်ကြံ နေထိုင်သူတွေ ရှိတယ်။ ဒါကြောင့် ဒီလောက်ပျက်စီးနေတဲ့ သာသနာ့ဝန်ဆောင် တွေက လူထုကို လှည့်စားပြီး ကျွန်စိတ်သွင်းထားကြတယ်ဆိုတော့ လူထုကလည်း လှည့်စားမခံရဖို့လိုတယ်… အဲသလို ဘာသာရေး အရေးခြုံကာ လူထုကို လိမ်လည်လှည့်ဖျားပြီး ပျက်စီးနေကြတဲ့ သာသနာ့ဝန်ဆောင်တွေကို သတိထားစေဖို့နဲ့ အဲသလို သာသနာ့ဝန်ဆောင်တွေကို ရှောင်ရှားကြစေလိုပါတယ်…

မိမိတို့ရဲ့  ဘာသာတရား ရေရှည်ခိုင်မြဲဖို့ရာ အဲသလိုပျက်စီးနေတဲ့ သာသနာ့ဝန်ဆောင် လူတန်းစားများကို တိုက်ထုတ်ပစ် ကြဖို့အတွက် တင်ပြပေးလိုက်ရပါတယ်…

မှတ်ချက်။    ။ မည်သူ့ကိုမျှ တုန့်ပြန်စော်ကားလိုခြင်းမဟုတ်ဘဲ... အရှိကို အရှိအတိုင်း တင်ပြပြီး မိမိတို့ ဘာသာ၊ သာသနာ တိုးတက်ရေးလမ်းကြောင်းမှာ အနှောင့်အယှက်၊ အဟန့်အတား ပြုစေမယ့် အရာများကို ဖယ်ရှားနိုင်ဖို့ရာ စေတနာ သန့်သန့်ဖြင့် ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်...

ဒီနေရာမှာ ဘာသာတခုကို ဦးတည်ပြီး တိုက်ခိုက်မှု့လုံးဝမဟုတ်ပါ... ကျန်ဘာသာဝင်တိုင်းမှာလည်း ထိုကဲ့သို့သော သာသနာ ကို ညစ်နွမ်းအောင်လုပ်နေသော  ပျက်စီးနေသော ဘာသာရေး လူတန်းစား ဆိုတာ ရှိကြပါတယ်.... ခရစ်ယန် ဖာသာများ၊ ဗလီ ဆရာမျာထဲမှလည်း ထိုကဲ့သို့သော အကျင့်ပျက် သာသနာ့ဝန်ဆောင်တွေ အများကြီးရှိပါတယ်... ထို အကျင့်ပျက် သာသနာ့ ၀န်ဆောင်မှန်သမျှကို အားလုံးပဲ ၀ိုင်းဝန်းပြီးတော့ ရှင်းထုတ်စေချင်ပါတယ်...


စိတ်အနှောင့်အယှက် ဖြစ်မိသွားပါက ခွင့်လွှတ်ပေးစေလိုပါတယ်.... အပြာရောင်လင့်ခ်များကို ကလစ်နှိပ်ကာ ဆက်လက် ကြည့်ရှုစေလိုပါတယ်.... (ထို အပြာရောင် လင့်ခ်များကို အခြေခံကာ မိမိထင်မြင်ယူဆချက်ဖြင့် ရေးခြင်းမဟုတ်ဘဲ၊ မိမိတွေ့မြင်သိရှိ နားလည်ထားသော အဆိုကို စာဖတ်သူများ နားလည်သဘောပေါက်အောင် အပြာရောင်လင့်ခ်များဖြင့် တွဲပေးခြင်း သဘောရိုးမျှသာဖြစ်ပါတယ်....)

ဖတ်စရာ စာအုပ်လေး

3 comments:

  1. ကာလနေ ဝိတရံဒေါသော ပါလနေ ဗဟဝေါဂုဏာ ဓိတုယာကြိယံနိစ္စံ ပဿ န္တု
    သုဌုမာတရေ။

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. ဗုဒ္ဓဘာသာဝင်၁ယောက်အနေနဲ့ဒီပို့စ်ကို လက်ခံတယ်။အဲဒီလိုသာသနာအေ၇ခြုံတွေကြောင့် ဗုဒ္ဓသာသနာကိုလက်ညှိးထိုးခံနေရတာ။ပျက်စီးနေတဲ့အကုန်လုံးကို သာသနာထဲကမောင်းထုတ်ဘို့ကောင်းပီ။သာသနာ့မဟာနာယကတွေထဲမှာလဲ အဲလိုတွေပါနေတော့ပိုဆိုးတာပေါ့။ပြောရတော့ခက်သား မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်းမှာတောင် ဒေ၀ဒတ်တို့တသိုက်ရှိနေကြသေးတာပဲ။တကယ်သာသနာဝန်ဆောင်နေကြတဲ့ ရဟန်းတော်တွေကို လေးစားတတ်ရင် ကျေနပ်ပါတယ်။

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)