Saturday, May 26, 2012
အစ္စလာမ်ဘာသာဝင်တို့အတွက် စဉ်းစားစရာ မေးခွန်းများအတွက် အဖြေများ
အစ္စလာမ်ဘာသာဝင်တို့အတွက် စဉ်းစားစရာ မေးခွန်းများ ဆိုပြီး မေးလ် ပို့လာသည့် အမေးများ အပေါ် ပြန်လည် ဖြေဆိုသည်...
မေးထားသည့်မေးခွန်းများ-
၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်ရှင် ဘယ်မှာ နေပါသနည်း?
၂. အလ္လာဟ်ရှင် ကို မည်သူဖန်ဆင်း ခဲ့သနည်း? အလ္လာဟ်ရှင် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်ရှင်၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။
၃. ထာဝရဘုရားလို့ မြန်မာတွေသိနေတဲ့ God နှင့် ဟိန္ဒူဘုရား ဗြဟ္မဏကြီးတို့ကလည်း ဒီကမ္ဘာကြီးကို သူတို့ ဖန်ဆင်းထားတယ် လို့ ပြောနေကြပါတယ် ။ သူတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုကလည်း (အိုဘားမားကြီးအပါအဝင်ပေါ့) ထောက်ခံနေကြပါတယ် ။ ဒီကမ္ဘာအပြားကြီးကို အဲသည် ဖန်ဆင်းရှင်နှစ်ပါးနှင့် အလ္လာဟ်ရှင် တို့ အတူတူပူးပေါင်းပြီး ဖန်ဆင်းကြတာလား ။ တစ်ပိုင်းစီခွဲပြီး ဖန်ဆင်းခဲ့တာလား ၊ကိုရန်ကျမ်းစာအထောက်အထားနှင့်တကွ ရှင်းပြပေးပါ ။
၎. မွေးဖွားလာစကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။
၅. အလ္လာဟ်ရှင်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?
၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး ကြုံတွေ့နေရပါသည် ။ အလ္လာဟ်ရှင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိလို့ ဘာအစွမ်းအစမှ မရှိလို့ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါသနည်း?
၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုး သည် သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာပါသည် ။ ဒါကြောင့် လူသားတို့ကို ဖန်ဆင်းသော အလ္လာဟ်ရှင်သည် ချမ်းသာကိုပေးသလား ။ ဆင်းရဲကိုပေးသလား ဆိုတာ ဖြေကြားပေးပါ။
၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါကမည်သူကမှမလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခဆိုး ကြီးကိုပါဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? အလ္လာဟ်ရှင်၏ မေတ္တာကို ရှင်းပြပါ။
၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟုလူတိုင်းသိကြပါသည်။သင်ကိုယ်တိုင်လဲဒုက္ခရှိတာငြင်းချက်မရှိ သေချာပါ၏ ။ဒုက္ခဖြစ်စေနိုင်သည့် ဒီခန္ဓာကိုအလ္လာဟ်ရှင်ကဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ် အောင်ပြုလုပ်သူမှာ အလ္လာဟ်ရှင်ပင် ဖြစ်မနေ ဘူးလား? ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစားပြီးဖြေကြည့်ပါ။
၁ဝ. အလ္လာဟ်ရှင်သာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်း ဒုက္ခ စီးပွါးရေး လူမူရေး ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူငြင်းနိုင်ပါသနည်း။ စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။
၁၁. အလ္လာဟ်ရှင်သည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘဝကို ကြမ်းတမ်းစေ သနည်း? မအိုမနာ မသေသော ဂျန္နတ်သုခဘုံသို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေသနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့် ကိုက်ညီအောင် သုံးနှုံးဖြေကြားပေးပါ။
၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် အလ္လာဟ်ရှင်၏ အလိုတော် အတိုင်းသာ ဖြစ်သည် ဟုဆိုပါက၊ သူတပါး၏ စော်ကားခံရသော အမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် အလ္လာဟ်ရှင်၏ အလိုတော် အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပေသည် ။ ဒီလိုဆိုပါက အလ္လာဟ်ရှင်၏ ဂရုဏာတော်က မည်သို့နည်း?
၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တတန်ခိုးတော် ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း? အလ္လာဟ်ရှင်၏ တန်ခိုးတော်က မည်သို့နည်း?
၁၆. ကိုယ့်ဟာကိုရှာစားပြီး အလ္လာဟ်ရှင်ကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍ ပြည့်စုံခြင်းကို အလ္လာဟ်ရှင် ပေးသည်ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။သင် မရှာထားပါက အစားအစာရပါမည်လော။ သင်စီးပွါးမရှာပါက ပြည့်စုံပါမည်လား ။ ထိုသို့ (စားရခြင်း၊ ပြည့်စုံ ရခြင်း အကျိုးတရားတို့တွင် အလ္လာဟ်ရှင်၏ လုပ်ဆောင်ချက်ရှိပါသလား) ရှိပါက ဖော်ပြပါ။ ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူးတင် ရာရောက် မနေဘူးလား၊ သဘာဝကျအောင်စဉ်းစားဖြေကြားပေးပါ။
၁၈. အလ္လာဟ်ရှင်သည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာဂြိလ်အသီးသီးမှ ဂြိလ်သားများ ဤကမ္ဘာသို့ရောက် ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို သိပ္ပံသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေရပါသည် ။ ထိုဂြိလ်သားများကို အလ္လာဟ်ရှင်ဖန်ဆင်း ခဲ့သလား ။ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
၁၉.သိပ္ပံစမ်းသပ်မှုတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း အလ္လာဟ်ရှင်၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေသကဲသို့ သက်ရောက်နေ ပါသည် ။ ထို့ ကြောင့် သိပ္ပံပညာက မှားသည်ဟုပြောမလား ။ ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ် ရှိရှိ ငြင်းချက်ထုတ်ပါ။
------------------------------------------------------
၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်ရှင် ဘယ်မှာ နေပါသနည်း?
ဒီမေးခွန်းမျိုး မေးသူဟာ အဖြေကို နားလည်ဘို့ အတွက် ပညတ်နဲ့ ပရမတ်ကို အရင် ခွဲခြားသိနိုင်အား ရှိရပါမယ်။
အလ္လာဟ် ဆိုတာက ပရမတ်ဖြစ်တယ်။ ကမ္ဘာ၊ အာကသ၊ စကြာဝဠာ၊ လူ နတ် ဗြဟ္မာ ဆိုတာတွေက ဖြစ်တည်လာပြီးမှ သတ်မှတ် နားလည်ယူတဲ့ ပညတ်များ ဖြစ်တယ်။ ပညတ်တိုင်းက တွေ့ရှိချက် တစ်ခုစီကြောင့် ခေါ်တွင်လာတဲ့ အရာများ သာ ဖြစ်တယ်။ ဥပမာ- လေထဲမှာ အောက်စီဂျင်ဓါတ်က ရှိနေခဲ့ပြီး ဖြစ်တယ်။ ဒါပေမယ့် အောက်စီဂျင်၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ဆိုတဲ့ အရာများကို မတွေ့ရှိမှီကာလက လေထဲမှာ ရှိနေတဲ့ ဟိုက်ဒြိုဂျင်၊ အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဆိုတဲ့ အရာများ အတွက် အမည်နာမ ပညတ်မရှိဘူး။ အမည်ပညတ်မရှိမှီကလည်း အဲ့ဒီ အရာများဟာ ရှိနေတာပဲ။ အမည် ပညတ်ရှိပြီးရင်လည်း အဲ့ဒီအရာများက ရှိနေတာပဲ။ ရှိတယ်လို့ စကားလုံးနဲ့ပြောနိုင်သည် ဖြစ်စေ၊ ရှိတယ်လို့ စကားလုံးနဲ့ မပြောနိုင်သည် ဖြစ်စေ- “ရှိကို ရှိနေတဲ့ သဘောတရားက” ပရမတ်ဖြစ်တယ်။ ဒါကို ဉာဏ်စဉ်ဆောင်တွေက “ပရမတ်ဘုရား၊ (ဉာဏ်မြင့်မှ သိနိုင်လို့) ဉာဏ်ဘုရား၊ အလ္လာဟ်”လို့ အခြားသူများ အတွက် အမည်နာမ ပညတ်ပေးခြင်း ဖြစ်တယ်။
ဒီနေရာမှာ အောက်စီဂျင်ဟာ လေထဲမှာ ရှိတယ်- လို့ ပြောလို့၊ လေရှိမှ အောက်စီဂျင်ရှိရမယ်လို့ သတ်မှတ်လို့ မရဘူး။ အလားတူ ပဲ ကောင်းကင်နဲ့ ကမ္ဘာမြေ ဆိုတဲ့ ဖြစ်တည်မှု ပညတ်ရှိမှ ပရမတ်ဖြစ်တဲ့ အလ္လာဟ်က ရှိရမယ်လို့ ပြောဆိုလို့ မရဘူး။- ဒါကြောင့် အလ္လာဟ်ကို တစ်ကယ် စိတ်စေတနာ ဖြူစင်စွာနဲ့သိလိုရင် ပညတ်၊ ပရမတ်ကို အရင်အဦး ခွဲမြင်အောင် လေ့လာပါ။
ဒီမေးခွန်းကိုမေးသူဟာ ကောင်းကင်နဲ့ မြေကြီး မဖြစ်လာမှီ ဓမ္မ ဘယ်မှာ ရှိခဲ့သလဲ၊ နိဗ္ဗာန် ဘယ်မှာ ရှိခဲ့သလဲ ဖြေပေးဘို့ တောင်းဆိုပါ တယ်။
၂. အလ္လာဟ်ရှင်ကို မည်သူဖန်ဆင်း ခဲ့သနည်း? အလ္လာဟ်ရှင် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်ရှင်၏ အတ္ထုပ္ပတ္တိကို ဖော်ပြပါ။
အတ္တုပ္ပတ္တိ ဆိုတာ ကိုယ်ရေးရာဇ၀င် သမိုင်းကို ခေါ်ဆိုတယ်။ ကိုယ်ရေးရာဇ၀င် သမိုင်းဆိုတာ ပညတ်ကိုယ်ထည် ရှိမှ ဖြစ်တည်လာခဲ့တာ ပါ။ ဥပမာ- ဒီ ဘီလူးရုပ်က ဘယ်လို ဖြစ်လာသလဲ ဆိုတာမျိုးပေါ့။ ဒီလို မေးရင် ဘယ်ကာလက၊ ဘယ်လို ပန်းပုဆရာက၊ ဘယ်သစ်သား အမျိုးအစားနဲ့ ဘာကြောင့်၊ ဘာ့အတွက် ဘာရည်ရွယ်ချက်နဲ့ ထုဆစ်တာလို့ ပြောနိုင်လိမ့်မယ်။ အလားတူပဲ လူခန္ဓာကိုယ် ဖြစ်တည်လာတဲ့ လူတစ်ဦး ဥပမာ၊ ရှင်ဂေါတမ၊ ယေရှုခရစ်နဲ့ ကိုယ်တော် မုဟမ္မဒ်တို့ လူသားများ ဆိုရင် ဘယ်မျိုးရိုး၊ ဘယ်မိဘ၊ ဘယ်ကာလက၊ ဘယ်လို မွေးခဲ့တယ်၊ ဘယ်လိုကျင့်ခဲ့တယ်၊ ဘယ်လို အနစ်နာခံခဲ့တယ်၊ ဘယ်လို ပရိနိဗ္ဗာန်ပြုခဲ့တယ်-လို့ ဖေါ်ပြနိုင်လိမ့်မယ်။ ဒီလို ဖေါ်ပြနိုင်ခြင်းက ပညတ်ကိုယ် ထည်ရှိနေလို့သာ ဖြစ်တယ်။
ပရမတ် ဆိုတာ ကိုယ်ထည်မရှိပါ။ ကိုယ်ထည်ပညတ်ကိုလည်း ကိုယ်စားမပြုပါ။ ပရမတ်စစ်စစ်မှာ မိဘ၊ စတင်ဖြစ်တည် စေတဲ့အရာ ဓါတ်ခံ၊ အိုနာခြင်း၊ သေဆုံးခြင်းများ မရှိပါ။ သေချာပေါက် နားလည်လိုရင် ပဋိသမ္ဘိဒါမဂ်မှာ ဖေါ်ပြတဲ့ “သော ဘဂ၀ါ သယမ္ဘူတိ- အကြင်မြတ်စွာ ဘုရားသည် အလိုလို ဖြစ်တော်မူ၏” ဆိုတဲ့ စကားလုံးကို သက်ဆိုင်ရာ ပညတ်တတ် ဘုန်းကြီးတစ်ပါးပါး ဆီမှာ မေးကြည့် ပါ။
ဒီမေးခွန်းကို မေးသူ အနေနဲ့ ဓမ္မရဲ့ အတ္ထုပ္ပတ္တိ၊ နိဗ္ဗာန်ရဲ့ အတ္တုပတ္တိကို ဖေါ်ပြပေးဘို့ တောင်းဆိုပါတယ်။ သူများကို မေးရင် ကိုယ့်ဘက်ကို လည်း ဖြေပေးရမယ် ဆိုတဲ့ ၀တ္တရားကို မမေ့စေလိုပါ။
၃. ထာဝရဘုရားလို့ မြန်မာတွေသိနေတဲ့ God နှင့် ဟိန္ဒူဘုရား ဗြဟ္မဏကြီးတို့ကလည်း ဒီကမ္ဘာကြီးကို သူတို့ ဖန်ဆင်း ထားတယ် လို့ ပြောနေကြပါတယ်။ သူတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုကလည်း (အိုဘားမားကြီး အပါအဝင်ပေါ့)  ထောက်ခံနေကြပါတယ် ။ ဒီကမ္ဘာအပြားကြီးကို အဲသည် ဖန်ဆင်းရှင် နှစ်ပါးနှင့် အလ္လာဟ်ရှင် တို့ အတူတူပူးပေါင်းပြီး ဖန်ဆင်းကြတာလား ။ တစ်ပိုင်းစီခွဲပြီး ဖန်ဆင်းခဲ့တာလား၊ ကိုရန် ကျမ်းစာ အထောက်အထားနှင့်တကွ ရှင်းပြပေးပါ။
အလ္လာဟ် ဆိုတဲ့ ဝေါဟာရက အရှေ့အလည်ပိုင်းဒေသသားများ နားလည်မှု လွယ်ကူအောင် ပြောဆိုတဲ့ သက်ဆိုင်ရာ ဉာဏ်စဉ်ဆောင် တို့က ပညတ်ပေးတဲ့ ဂုဏ်နာမ ဖြစ်ပါတယ်။ ပရမတ်ဘုရားလို့ အနက်ကို ပေးတယ်။ အရှေ့အလယ် ပိုင်းမှာ ပွင့်ပေါ်တဲ့ ဉာဏ်စဉ်ဆောင် တိုင်းက အဲ့ဒီ ဂုဏ်တော်နဲ့ ခေါ်ဆိုရင့်ကျူးကြတယ်။ (ဂျူးများက အီလိုဟင်မ် လို့ခေါ်တယ်။ ခရစ်တော်က ဧလိ လို့ခေါ်တယ်။
အာရ်ရဗ်များက အလ္လာဟ်လို့ခေါ်တယ်။ ထားဝယ်၊ ရခိုင်၊ မြန်မာတို့လို ဒေသလိုက် အသံကွဲများသာ ဖြစ်တယ်။) ဘာသာတရားများက နယ်မြေဒေသတစ်လျှောက် ကျယ်ပြန့်လာတော့ လူတွေက သက် ဆိုင်ရာ ဘာသာစကားများနဲ့ ဘာသာပြန်ဆိုကြတယ်။ အရှေ့အလယ် ပိုင်းရဲ့ အနောက်ဘက်မှ (ဥရောပသားများက) God လို့ ပြန်ဆိုတယ်။ အရှေ့အလယ်ပိုင်းရဲ့ အရှေ့ပိုင်း အန္ဒိယဘက်ကလူသားများက ဗြဟ္မာ လို့ ပြန်ဆိုတယ်။သူ့စကားနဲ့ သူ နီးစပ်အောင် ပြန်ဆိုစေခြင်းဖြစ်တယ်။ ဒီလို ပြန်ဆိုမှုအတွက် ကုရ်အံကျမ်းတော်က ခွင့်ပြုထားတယ်။ ၁၇း ၁၁၀ မှာ ကြည့်ပါ။ သပ္ပါယ်သော မည်သည့်ဂုဏ်နာမဖြင့် မဆို ခေါ်ဆိုနိုင်ကြောင်း တွေ့ရလိမ့်မယ်။
ဒီနေရာမှာ ဗြဟ္မာ ဆိုတဲ့ စကားလုံးက အစ္စလာမ် သာသနာမပေါ်မှီကတည်းက ရှိနေခဲ့တယ်လို့ စောဒက တက်နိုင်တယ်။ အပေါ် ရှင်းပြ ချက်ကို သေချာဖတ်ပါ။ အရှေ့အလယ်ပိုင်း ဒေသတွင် ပေါ်ထွန်းခဲ့သော ဘာသာများအားလုံးလို့ သုံးထားပါတယ်။ သမိုင်းကို သေချာပြန် လိုက်ရင် အိန္ဒိယမှာ ရှိတဲ့ ဘာသာတရားများက ရှေးအီဂျစ်အယူများက ဆင်းသက်လာများ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာသာပြန် စကားလုံးတွေက ကာလကြာလာတဲ့အခါ သီးခြားနားလည်မှု အဓိပ္ပါယ်ကို ဆောင်လာပါတယ်။ ဥပမာ အိန္ဒိယ ဘာသာရေးတစ်လျှောက်မှာ “ဘဂ၀” ဆိုတာ ဖန်ဆင်းရှင်ကို ရင့်ကျူးတဲ့ နာမဖြစ်တယ်။ လူထဲက ဘုရား အဆင့်ရောက်တယ်လို့ သူတို့သတ်မှတ်တဲ့ လူများကိုလည်း ဘဂ၀ နဲ့ တစ်လုံးတစ်ဝတည်း ဖြစ်သွားလို့ “ဘဂ၀” လို့ပဲ ခေါ်ကြတယ်။ ဘယ်လိုဖြစ်ဖြစ် ဘဂ၀ လို့ ခေါ်ဆိုတိုင်း ဖန်ဆင်းရှင် ရှိတယ် ဆိုတဲ့ အဓိပ္ပါယ်ကို အိန္ဒိယသားတိုင်း နားလည် နေတယ်။ နားလည်နေဆဲ ဖြစ်တယ်။ လက်ရှိလည်း သုံးနှုံးပြောဆိုနေတယ်။ ဒါပေမယ့် မြန်မာတွေက ဘဂ၀ ကို “မြတ်စွာ ဘုရား”လို့ ဘာသာပြန်လိုက်တယ်။ ရှင်ဂေါတမ ကိုယ်တိုင်ကလည်း သူဟာ တစ်ခြားသော သူ့ရှေ့မှ ပြောခဲ့တဲ့ ဘဂ၀ အဆင့်ရှိ လူသားများကဲ့သို့ အဆင့်ရောက်သွားပြီ ဖြစ်ကြောင်း ရင့်ကျူးခဲ့တယ်။ ဒါကြောင့် သူ့ကိုယ်သူ ဘဂ၀ လို့ ပြောဆိုခဲ့ တယ်။ တစ်နည်းအားဖြင့် သူဟာ ပရမတ်နဲ့ တစ်သားတည်း ဖြစ်နေတယ်လို့ ပြောဆိုခြင်း ဖြစ်တယ်။ ဒီစကားလုံးကိုယ်တိုင် က သူဟာ ဖန်ဆင်းရှင် ဘဂ၀ ကို လက်ခံကြောင်း ၀န်ခံခြင်း ဖြစ်တယ်။ သူသာ ဘဂ၀ ဆိုတဲ့ စကားလုံးကို လက်မခံခဲ့ရင် သူ့ကိုယ်သူလည်း ဘဂ၀ လို့ ပြောခဲ့မှာ မဟုတ်ပါ။ သူ့ပါးစပ်ကလည်း ဘဂ၀ ဆိုတာကို အတည်ပြု ပြောခဲ့မှာ မဟုတ်ပါ။ ဥပမာ “ဘုရင်” စနစ်ကို လက်မခံတော့တဲ့ တိုင်းပြည်ခေါင်းအချုပ်အခေါင် တစ်ဦးက သူ့ကိုယ်သူ “ဘုရင်” လို့ ပြောတော့မှာ မဟုတ်ပါ။ သူ့ကိုယ်သူ “သမ္မတ” “အဓိပတိ” “၀န်ကြီးချုပ်” စသည်ဖြင့် ပြောတော့မှာ ဖြစ်တယ်။ သဗ္ဗညုဉာဏ်ရတဲ့ ၀န်ခံတဲ့ ပုဂ္ဂိုလ်တစ်ပါးက ဒီလောက် စကားလုံး ရွေးချယ်မှု ညံ့မှာ မဟုတ်ဘူးလေ။
ဒါပေမယ့် ဘဂ၀ ကို မြန်မာတွေက “မြတ်စွာဘုရား” ဆိုပြီး ဘာသာပြန်လိုက်တယ်။ ကာလကြာလာတော့ “ဘဂ၀” ရဲ့ ပကတိ အနက်သဘော ပျက်ပျယ်သွားပြီး- ရှင်ဂေါတမသည်သာ “ဘဂ၀” ဖြစ်တယ်။ တစ်ကယ့် ဖန်ဆင်းရှင် “ဘဂ၀” မရှိဘူးလို့ ပြင်းပြင်းထန်ထန် ခံငြင်းတဲ့ အဆင့်ထိ ရောက်လာတယ်။ ပိဋကတ်ကို ကျေညက်အောင် မဖတ်ဘူးဘဲ- ဖန်ဆင်းရှင်မုန်း ကွန်မြူနစ် ဓမ္မစရိယများရဲ့ အာဘော်ကိုသာ လိုက်မိနေတဲ့ လူများက ပိုဆိုးတော့တာပေါ့။
အလားတူပဲ အီလိုဟင်မ်၊ ဧလိ၊ အလ္လာဟ်ဆိုတဲ့ ဖန်ဆင်းရှင်ကိုယ်စားပြု စကားလုံးများကို သက်ဆိုင်ရာ ဘာသာစကား တွေနဲ့ ဘာသာပြန် လိုက်ရာက နောက်ပိုင်းမှာ “ဖန်ဆင်းရှင်” ဆိုတဲ့ အဓိပ္ပါယ်တော့ တူတယ်-၊ ဒါပေမယ့် ခံစားချက်မတူညီ တဲ့ သဘောတရားတွေ ဖြစ်လာပါ တယ်။
ဘယ်လို ဘာသာပြန်ပြန် “ဖန်ဆင်းရှင်” ဆိုတဲ့ သဘောတရားကို ကိုယ်စားပြုရင်- အားလုံးက တစ်ဆူတည်းကို ဘာသာပြန်ယူတဲ့ စကား လုံးသာ ဖြစ်တယ်။ book ကို မြန်မာက စာအုပ်ပြောတယ်၊ အရ်ဗီက ကီတာ့ဗ် လို့ပြောတယ်။ စကားလုံးကွဲလို့ အဓိပ္ပါယ်ကွဲသွာခြင်း မဟုတ် ပါ။ တစ်ဆူတည်း ဖြစ်လို့ ဖန်ဆင်းခံအားလုံးရဲ့ ဇစ်မြစ်ဖန်ဆင်းရှင်ဟာ အတူတူပဲ ဖြစ်ပါတယ်။
ဒီမေးခွန်းကို မေးသူ အနေနဲ့ “သော ဘဂ၀ါ သယမ္ဘူတိ” အကြင်မြတ်စွာ ဘုရားသည် အလိုလို ဖြစ်တော်မူ၏ ဆိုတဲ့ ၀ါကျ ထဲက “ဘဂ၀” ဆိုတဲ့ အဓိပ္ပါယ် ရင်းမြစ်၊ ဘယ်လိုခံစားမှုကြောင့် ဖြစ်လာတဲ့ ဝေါဟာရ ဖြစ်တယ် ဆိုတာ မူရင်း ဟင်ဒီကျမ်း စာများကို ကိုးကား ပြီး ဖြေပေးဘို့ တောင်းဆိုပါတယ်။
၎. မွေးဖွားလာစကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။
ပညတ်မှာ ကွဲပြားနေခြင်းသာ ဖြစ်တယ်။ ဒါဟာ ပညတ်ရလွယ်ကူအောင် နိယာမပြဌာန်းပေးထားခြင်းသာ ဖြစ်တယ်။ ပရမတ်မှာ အတူတူပါပဲ။ (ဘာသာတရားကို အနက်ထိ လေ့လာလိုက်ပါ။)
ဒီမေးခွန်းကို မေးသူအနေနဲ့ လူတွေ တစ်ဦးနဲ့ တစ်ဦး မတူညီရတာ ဘာကြောင့် ဖြစ်တယ် ဆိုတာ ဗုဒ္ဓဘာသာ (ပိဋကတ်) အရ ဖြေပေးဘို့ တောင်းဆိုပါတယ်။ ဖြေဆိုရာမှာ “အရာရာသည် ရှေးဘ၀ကံကြောင့်ချည်း မဟုတ်၊” ဆိုတဲ့ အင်္ဂုတ္ထိုရ်လာ ရှင်ဂေါတမရဲ့ စကားကို မမေ့ဘို့လည်း သတိပေးလိုပါတယ်။
၅. အလ္လာဟ်ရှင်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?
ကမ္ဘာမှာ လူတွေကို ကိုယ်စားဘုရားဖြစ်စေဘို့ ဖြစ်တယ်။ တနည်းအားဖြင့် လူတွေကို လူ ပီသလာစေဘို့ ဖြစ်တယ်။ နောက်ဆုံးပန်းတိုင်က လာခဲ့ရာ ဇစ်မြစ်ဆီသို့ တစ်လုံးတစ်ဝတည်း ပြန်လည်ဖြစ်စေဘို့ ဖြစ်ပါတယ်။
ဉာဏ်စဉ်ဆောင်များရဲ့ နောက်လိုက်များကို အဲ့ဒီ ဉာဏ်စဉ်ဆောင်ရဲ့ အွမ္မတ် (နောက်လိုက်များ) လို့ ခေါ်ပါတယ်။ အစ္စလာမ်ရော အစ္စလာမ် မဟုတ်သူရော- လူသားအားလုံးကို ကုရ်အာန်ကျမ်းတော်မှာ အို- လူသားများလို့ ခေါ်ဆိုပြီး ပြောပါတယ်-။ မူဆလင်များကို ပြောရင်- အို ယုံကြည်သူများလို့ ပြောပါတယ်။ အိုယုံကြည်သူများလို့ ပြောတိုင်းမှာ သီလပညတ်တွေကို ချမှတ်ပေးပါတယ်။ အိုလူသားများလို့ ပြော တိုင်းမှာ လူသားကျင့်ဝတ်တွေကို ပြောဆိုပါတယ်။ ဘယ်ဉာဏ်စဉ်ဆောင်ကိုမှ မှားတယ်လို့ ကုရ်အာန်က မပြောဘူး။ တပည့်နောက်လိုက် များရဲ့ အချင်းချင်း မနာလိုဝန်တိုမှုကြောင့် ဂိုဏ်းတွေကွဲခဲ့ရတယ်။ မင်းတို့ အဲ့လို မဖြစ်စေနဲ့လို့ ဆုံးမတာတော့ရှိတယ်။ တပည့်နောက် လိုက်များရဲ့ တရားတော်အပေါ်မှာ ဖေါက်ပြားမှုကြောင့် ဉာဏ်စဉ် ဆောင်ဟောပြောခဲ့ရာ မူလဓမ္မမှ လွဲချော်သွားခဲ့ရတာ ရှိတယ်။ မင်းတို့တွေ အဲ့လို မဖြစ်စေနဲ့လို့ ဆုံးမတာ ရှိတယ်။ ဉာဏ်စဉ်ဆောင်တိုင်းဟာ သူ့ခေတ် သူ့ကာလမှာ မိရိုးဖလာ အမှောင်ထုကြီးကို အခက်အခဲမျိုးစုံ- ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ပြီး အမှန်တရားအတွက် ရပ်တည်ခဲ့ရတယ်။ မင်းတို့လည်း အဲ့သလို ရပ်တည်ကြလို့ ဆုံးမတယ်။ အဲ့ဒီ ဉာဏ်စဉ်ဆောင်တိုင်းမှာ အသက်ပေးရပ်တည်တဲ့ လက်ရင်းသာဝက တပည့်တော်ကြီးများ ရှိတယ်။ အဲ့ဒီ သာဝကကြီးများ ဟာ လူသားတွေအတွက် သက်သေခံ- စံနမူနာပြုထိုက်သူတွေ ဖြစ်တယ်လို့ ကုရ်အာန်က သွန်သင်တယ်။
လူသားတွေကြားမှာ ဘုရားတစ်ဆူဝါဒကို ထူထောင်ဘို့- လူလူချင်း ညီရင်းအစ်ကိုလိုနေဘို့၊ အယူမတူတိုင်း ရန်သူလို့ မသတ်မှတ်ဘို့၊ လူတစ်ချို့က လူသားတွေရဲ့ ငြိမ်းချမ်းရေးကို စော်ကားလာရင်တော်လှန်ဘို့- ဂျူးဘုရားကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း၊ ဘုန်းတော် ကြီးကျောင်း၊ ဗလီ စတဲ့ ဘုရား တရား သတိရရာ နေရာများကို စော်ကားရန်ရှာလာသူတိုင်းကို တော်လှန်ဘို့- ကုရ်အာန်ကျမ်းတော်က သွန်သင်ပါတယ်။
ကျန်တဲ့- လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဥပဒေ တွေကတော့ အများကြီးပေါ့ဗျာ။ ဒီမှာလည်း မူဆလင်ဟုတ်သူနဲ့ မဟုတ်သူ ဆိုပြီး ဥပဒေက တစ်ဘက်စောင်းနင်း မရှိဘူး။ လေ့လာကြည့်ပေါ့ဗျာ။
အခုနောက်ပိုင်း အစ္စလာမ်မဟုတ်သူတွေက ကုရ်အာန်ကို ဖြတ်ညှပ်ကပ်လုပ်ပြီး အစ္စလာမ် မုန်းတီးရေး မှိုင်းသွင်းလာတာတွေ   တွေ့ရပါတယ်... အဲ့လိုမျိုးတွေဖတ်မိသိမိရင်လည်း အမြဲတမ်း ပြန်လည်မေးမြန်းနိုင်ပါတယ်...
အခုလို မေးမြန်းလာသူ မိတ်ဆွေကို ကျနော်ဖြေရင်းနဲ့ တင်ပြခဲ့တဲ့ ကုရ်အာန် အပိုဒ်တွေကို ကြည့်ရင် လူတွေပြောသလို မတရားမှု တွေ မပါဘူးဆိုတာ အနည်းငယ်တော့ သတိထားမိမှာပါ...
ဒီမေးခွန်းကို မေးသူအနေနဲ့ ဗုဒ္ဓဘာသာအရ လူတွေဟာ ဘာကြောင့် ဖြစ်လာရသလဲ ဆိုတာကို ဖြေပေးစေလိုတယ်။ ဖြေဆိုတဲ့အခါမှာ အင်္ဂုတ္ထိုရ်နီကယ်လာ ရှင်ဂေါတမ ပြောတဲ့ “အရာရာသည် အကြောင်းဇစ်မြစ် မရှိဘဲ ဖြစ်လာခြင်း မဟုတ် ဆိုတဲ့ အချက်ကို လည်း မမေ့စေလိုပါ။”  
၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး ကြုံတွေ့နေရပါသည်။
ချမ်းသာ ဆင်းရဲကို ဘာနဲ့ ခွဲခြားပါသလဲ။ လူပီသ သွားရင် ချမ်းသာ ဆင်းရဲ ဆိုတဲ့ မာယာတွေက ကင်းလွတ်သွားပါတယ်။ ခန္ဓာရှိတိုင်း ဆင်းရဲ ရှိတယ် ဆိုရင် ကျောက်ခဲမှာကော ဆင်းရဲ ရှိပါသလား။ (မြေကြီးတို့ ကျောက်ခဲတို့မှာ အသက်မရှိဘူး မပြောနဲ့နော်- ပါရာဇိကံကို သေချာအောင် ဖတ်ကြည့်လိုက်ဦး၊) 
ဒီမေးခွန်းကို မေးသူ အနေနဲ့ ဗုဒ္ဓဘာသာအရ လူမှန်ရင် လွတ်မြောက်ခြင်း ၀ိမုတ္တိ ရှိ- မရှိ ဖြေပေးစေလိုတယ်။
အလ္လာဟ်ရှင် ဖြစ်စေလိုသည့် ချမ်းသာ မဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိလို့ ဘာ အစွမ်းအစမှ မရှိလို့ ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါသနည်း?
လူတိုင်းကို ဘုရားဖြစ်ပိုင်ခွင့် နိယာမပြဌာန်းပြီး ဖြစ်တယ်။ လူတိုင်းက ဘုရား မဖြစ်တာဟာ လူတွေရဲ့ ရေသာခိုမှု၊ မသိမှု အ၀ိဇ္ဇာကြောင့် သာ ဖြစ်တယ်။ လူသားကို တိရိစ္ဆာတစ်ကောင်လို ဘာအတွေးအခေါ်မှ မရှိစေဘဲ- ဖြစ်တည်မပေးထားခြင်း ကိုယ်တိုင်က အလ္လာဟ်ဟာ ကရုဏာရှင် ဖြစ်ကြောင်း သက်သေဖြစ်ပါတယ်။ တိရိစ္ဆာန်တစ်ကောင် ဘ၀ ဆိုရင်- လှေပေါ်မှာ တင်သွားတဲ့ နွားတစ်ကောင်လိုပဲ။ ရေ လည်း ကူးစရာမလို၊ လမ်းလည်း လျှောက်စရာ မလိုဘဲ ဟိုဘက်ကမ်းကို အလိုလို ရောက်သွားလိမ့်မယ်။ လူကိုတွေကိုလည်း မွေးလာစေ၊ ကြီးလာစေ၊ မေထုံမှီဝဲစေ၊ စားစေ၊ အိပ်စေ၊ အသက်ရင့် လာစေ၊ သေသွားစေ ဆိုတဲ့ ဘာမှ မတွေးတဲ့ အလိုက်သင့် လောကကြီးထဲ မှာ ဖြစ်တည်ထားပေးမှ-၊ အဲ့ဒါကို ကရဏာမဲ့ တယ်၊ ပြဌာန်းရှင်က တန်ခိုးမဲ့တယ်လို့ ပြောနိုင်မှာပါ။
ဒီမေးခွန်းကို မေးသူအနေနဲ့ “ကြိုးစားရင် ဘုရားတောင် ဖြစ်တယ်” လို့ ပြောနေတဲ့ ဗုဒ္ဓဘာသာမှာ ရှင်ဂေါတမ နောက်ပိုင်း ဒီကမ္ဘာ မှာ နောက်ထပ် လူဘုရား ပွင့်ပေါ်တယ် ဆိုတာ လက်မခံပြန်ဘူး၊ (ပွင့်ပေါ်သမျှ ဘုရားတွေကို မဖြစ်နိုင်တဲ့ ယုတ္တိမဲ့ တဲ့ ခုနှစ်တွေ၊ သက်တမ်းတွေ၊ ဒဏ္ဍာရီထဲကို ပို့ပို့ပစ်လိုက်တာက) ဘာကြောင့်လဲ ဖြေပေးပါ။
၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးသည် သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခ မကင်းကြောင်း သေချာပါသည်။ ဒါကြောင့် လူသားတို့ကို ဖန်ဆင်းသော အလ္လာဟ်ရှင်သည် ချမ်းသာကို ပေးသလား ။ ဆင်းရဲကို ပေးသလား ဆိုတာ ဖြေကြားပေးပါ။
ချမ်းသာ၊ ဆင်းရဲကို ဘယ်လို ခွဲခြားသလဲ၊ ကျောက်ခဲမှာကော ဒုက္ခ ရှိသလား အပေါ်မှာ မေး၊ ဖြေ ထားပြီး ဖြစ်ပါတယ်။
၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါကမည်သူကမှ မလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်းဒုက္ခ ဆိုးကြီးကိုပါ ဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? အလ္လာဟ်ရှင်၏ မေတ္တာကို ရှင်းပြပါ။
အိုခြင်း နာခြင်း သေခြင်း ဆိုတာ ရွှေ့လျှော်ဖြစ်စဉ် ပညတ်မျှသာ ဖြစ်တယ်။ ဘယ်ဘာသာမှာမှ သေခြင်းဆိုတာ မရှိဘူး ဆိုတာလောက်ကို မသိသေးဘဲ ဘာဖြစ်လို့ ဘာသာရေးကို ဆွေးနွေးလိုတာလဲ။ ဘယ်ဘာသာမှာမှ သေတယ် ဆိုတာကို မပြောပါ။ နောင်ဘ၀ ဆိုတာကို ပဲ ပြောပါတယ်။ နောင်ဘ၀ ဆိုတာလည်း ရွှေ့လျှောဖြစ်စဉ်ထဲက ပညတ်မျှသာ ဖြစ်သေး တယ်။
မေးခွန်းမေးသူကို ပြန်မေးပါမယ်။ ဗုဒ္ဓဘာသာမှာ အို နာ သေ- ဆိုပြီး သေခြင်း ရှိတယ် ဆိုတာ ပြောနေပြီး နောက် တစ်ဘက်မှာ နတ်ပြည်၊ နိဗ္ဗာန်၊ ငရဲတို့ကို ဘာလို့ ပြောနေတာလဲ။ တစ်ကယ်သေသွားခဲ့ရင် နတ်ပြည်မှာ စံ စရာ၊ ငရဲမှာ ခံစရာ၊ နိဗ္ဗာန် (၀ိမုတ္တိ ဖြစ်စရာ) ဘာလို့ လိုနေသေးတာလဲ။ ဖြေပေးပါ။
၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်း သိကြပါသည်။ သင်ကိုယ်တိုင်လဲဒုက္ခရှိတာငြင်းချက်မရှိ သေချာပါ၏။ ဒုက္ခဖြစ် စေနိုင်သည့် ဒီခန္ဓာကို အလ္လာဟ်ရှင်ကဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ  အလ္လာဟ်ရှင်ပင်ဖြစ်မနေ ဘူးလား? ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစားပြီး ဖြေကြည့်ပါ။
မေးခွန်းတွေ ထပ်နေပါတယ်။ မေးခွန်းများကို စဉ်းစားပြီး မေးမြန်းဆွေးနွေးစေလိုတယ်။ စကားစပ်လို့ “ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်း သိကြပါသည်။” လို့ ပြောထားပါတယ်။ လူတိုင်း ဆိုတာက ကမ္ဘာရှိ လူအားလုံးကို ပြောနေပါသလား။ ဒီလိုပြောရင် မှားပါလိမ့် မယ်။ မြန်မာပြည်က လူသားတွေရဲ့ ခံစားချက်နဲ့ ကမ္ဘာ့လူသားတွေရဲ့ ခံစားချက် မတူညီပါ။ ဒါကြောင့် မေးခွန်း မေးတိုင်းမှာ ချင့်ချိန်မေးမြန်းဆွေးနွေးသင့်ပါတယ်။
မေးခွန်းမေးသူ အနေနဲ့ ကျေးဇူးရှင် ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုး၊ ဘယ်လို အဆင့်၊ ဘယ်လို မေတ္တာ၊ ဘယ်လို ဒီဂရီနဲ့ ခံစားပြီး သတ်မှတ်ပါ သလဲ အရင် ဖြေပေးပါ။ 
၁ဝ. အလ္လာဟ်ရှင်သာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမူရေး ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူငြင်းနိုင်ပါသနည်း။ စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။
ဒုက္ခ ဆိုတဲ့ ခံစားချက်က ဘာကြောင့် ဖြစ်လာသလဲ။ ဘယ်လို အရာကို ဒုက္ခရယ်လို့သတ်မှတ်တာလဲ။ အရင်ဖြေပေး စေလို တယ်။ တော တိရိစ္ဆာန်တွေမှာ စီးပွားရေး၊ တိရိစ္ဆာန်မှုရေး၊ ပညာရေး၊ ကျမ္မာရေး အိမ်ထောင်ရေး၊ သားရေး သမီးရေး အိုရေး၊ နာရေး၊ သေရေး- ဆိုတဲ့ ဒုက္ခအစုတွေကို ခံစားမှု ဖြစ်ပေါ်ပါသလား။ သဘာဝကျကျ အရင်ဖြေပေးစေလိုတယ်။ မေးခွန်းတွေ ထပ်နေလွန်းလို့ပါ။
၁၁. အလ္လာဟ်ရှင်သည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘဝကို ကြမ်းတမ်းစေ သနည်း? မအိုမနာ မသေသော ဂျန္နတ်သုခဘုံသို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေ သနည်း?  အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့် ကိုက်ညီအောင် သုံးနှုံးဖြေကြားပေးပါ။
၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် အလ္လာဟ်ရှင်၏ အလိုတော် အတိုင်းသာ ဖြစ်သည် ဟုဆိုပါက၊ သူတပါး၏ စော်ကားခံရသောအမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် အလ္လာဟ်ရှင်၏ အလိုတော် အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပေသည် ။ ဒီလိုဆိုပါက အလ္လာဟ်ရှင်၏ ဂရုဏာတော်က မည်သို့နည်း?
ဒီမေးခွန်းတွေက အကြောင်းအရာထပ်ပြန်တစ်လဲလဲ ဖြစ်နေပါတယ်။ အပေါ်က မေး၊ ဖြေများကို ပြန်လည် ဆွေးနွေးပြီးမှ ထပ်ဆင့် ဆွေးနွေးပါ။
၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူဆိုးမိုက်လာ ရသည်ဟု ဆိုပါက အနန္တတန်ခိုးတော် ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့်သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း? အလ္လာဟ်ရှင်၏ တန်ခိုးတော်က မည်သို့နည်း?
ဒီမေးခွန်းက အတော်လေး အဆင့်ရှိပါတယ်။ ဒီလို မေးခွန်းမျိုးကို အသိအမှတ်ပြုပါတယ်။ မိတ်ဆွေ အနေနဲ့ ဒီလို မေးခွန်းမျိုးကို အစာကျေညက်အောင် နားလည်လိုရင်၊ “လွတ်လပ်ခွင့် ဆိုတာ ဘာလဲ၊” ”အာဏာရှင် ဆိုတာ ဘာလဲ” ဆိုတာလေးကို နားလည် သလောက် ပြန်လည် ဆွေးနွေးစေလိုတယ်။  
၁၆. ကိုယ့်ဟာကို ရှာစားပြီး အလ္လာဟ်ရှင်ကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍ ပြည့်စုံခြင်းကို အလ္လာဟ်ရှင် ပေးသည် ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။ သင် မရှာထားပါက အစားအစာရပါမည်လော။ သင်စီးပွါးမရှာပါက ပြည့်စုံပါမည်လား။ ထိုသို့ (စားရခြင်း၊ ပြည့်စုံ ရခြင်း အကျိုးတရားတို့တွင် အလ္လာဟ်ရှင်၏ လုပ်ဆောင်ချက် ရှိပါသလား) ရှိပါက ဖော်ပြပါ။ ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူး တင် ရာ ရောက်မနေဘူးလား၊ သဘာဝကျအောင်စဉ်းစားဖြေကြားပေးပါ။
ဒါလည်း ကောင်းတဲ့ မေးခွန်းပါပဲ။ မိတ်ဆွေအနေနဲ့ ဉာဏ်၊ ဉာဏ်ဖြစ်တည်မှု၊ ဉာဏ်စဉ်ထိုးဖေါက်နိုင်မှုများကို ဘယ်ထိ နားလည်ထားပါ သလဲ။ လုံးဝ ထပ်ဆင့်ပံ့ပိုးဉာဏ်မရှိတဲ့ သန်း-ထောင်ပေါင်းများစွာသော တိရိစ္ဆာန်များ အနေနဲ့- စီးပွားရေး မရှိသလို ရိက္ခာအတွက် ကြို တင် ပြင်ဆင်ထားစရာလည်း မလိုအောင် သူတို့ဘ၀အတွက် ရိက္ခာရှိနေပါတယ်။ သူတို့မှာ စီးပွားရှာစားဘို့ ပညာသင်စရာလည်း မလိုပါ။ ဘယ်နေရာမှာ စားကျက်ရှိသလဲ သူတို့အနေနဲ့ အလိုလို သိနေပါတယ်။ လူတွေမှာမှ လိုအပ်နေတယ်။ အဲ့ဒါ ဘာကြောင့်လဲ- ဆိုတာကို အရင် စဉ်းစားပါ။ (စဉ်းစားမိသလောက်နဲ့ ဆက်ဆွေးနွေးပေးပါ။) နို့မဟုတ်ရင် ရှေးဘ၀ကံကြောင့် ကိုယ့်ဟာကိုယ် လူဖြစ်လာတာပဲ၊ မိဘဆိုတာလည်း မလိုအပ်ဘူး- ကျေးဇူးတင်စရာ မလိုဘူး ဆိုပြီး တလွဲကျေးဇူး ကန်းနေပါဦးမယ်။
၁၈. အလ္လာဟ်ရှင်သည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာ ဂြိုလ်အသီးသီးမှ ဂြိုလ်သားများ ဤကမ္ဘာသို့ရောက် ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို သိပ္ပံသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေ ရပါသည် ။ ထိုဂြိလ်သားများကို အလ္လာဟ်ရှင်ဖန်ဆင်းခဲ့သလား ။ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
တစ်ခု ဆိုရင် လုံလောက်သလား။ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် မိုးများနှင့် မြေအတွင်း ပြောဆိုသမျှကို သိနေတော်မူ၏” (ကုရ်အံ ၂၁း၎)။ လို့ ဆိုထားတယ်။ “ပြောဆိုသမျှ” ဆိုတဲ့ ဝေါဟာရကို “အလ်ကောင်းဝ်လို့- စကားပြောခြင်း”လို့ သုံးထား တယ်။ ဒီဝါကျမှာ မိုးများလို့ ဘာသာပြန်တဲ့ ဆမာ- အာကာသများ ဆိုတာကို အများကိန်းနဲ့ သုံးတယ်။ ဒီလိုကျမ်းချက်တွေ ကုရ်အံမှာ မြောက်များစွာ ဖေါ်ပြထားတယ်။ အာကာသများ ဆိုတာက- ကုရ်အံအရ အာကာသ တစ်ခု (မိုးကောင်းကင်လို့ သတ်မှတ်ဘွယ် တစ်ခုတိုင်းဟာ ကမ္ဘာမြေ တစ်ခုနဲ့ ကိုယ်စားပြုတယ်။ ဆိုလိုတာက မိုးကောင်းကင် တစ်ခုတိုင်းမှာ ကမ္ဘာမြေကဲ့သို့ တစ်ခုစီရှိတယ်။ အဲ့ဒီမှာ “စကားပြောတဲ့ သတ္တ၀ါတွေ” ရှိတယ်-လို့ ဆိုထားတယ်။ လူသားမျိုးဆက်ဟာ နောင်တစ်ချိန်မှာ အခြားဂြိုလ်တစ်ခုကို ပြောင်းရွှေ့သွားမယ်။ ဒီအခါ ဒီကမ္ဘာကိုသာ လူတွေနေတဲ့ အရာလို့ အယူသည်းနေ သူများက ကမ္ဘာမှာပဲ ကျန်ခဲ့ပြီး ပြောင်းရွှေ့သူများကို အရူးတွေ လို့ ပြောဆိုလိမ့်မယ်။ တားမြစ်လိမ့်မယ်၊ အနှောင့်အယှက် ပေးလိမ့်မယ်။- ဆိုတာကို ကုရ်အံရဲ့ ၁၄း ၄၈။ ၁၅း၁၄-၁၅ မှာပြောထားတယ်။
မွတ်စလင်တိုင်း (စာတတ်တတ်၊ မတတ်တတ် လက်ခံထားတာက- ဒီကမ္ဘာမှာ လူမျိုးဆက် ဖြစ်လာတာလည်း အခြား ဂြိလ်တစ်ခုကနေ ပြောင်းလာတာ ဖြစ်တယ် လို့ ဖြစ်တယ်။ ဒါကို သက်သေပြဘို့ မက္ကာဟ်မြို့မှာ အာဒံနဲ့ အတူပါလာတဲ့ ဥက္ကာခဲ တစ်ခုကို ထိန်းသိမ်းထားတယ်။ ဥက္ကာခဲ ဆိုတာ အခြားဂြိုလ်တစ်ခုက ကျောက်ခဲပါ။ ဒီကျောက်ခဲကို မြင်တွေ့ရရင် ငါ တို့ လူသားတွေဟာ အခြားဂြိုလ်တစ်ခုက လာခဲ့တာပါလား၊ နောက်တစ်ချိန် ဒီကမ္ဘာ နိဂုံးချုပ်မယ့် အချိန်မှာ ငါတို့ အနေနဲ့ အခြား ဂြိုလ်တစ်ခုကို ပြောင်းရမယ်ပါလားလို့ သတိရစေဘို့-ဖြစ်တယ်။ ဖျက်တော့မယ့် ရွာတစ်ရွာကို ထားခဲ့ပြီး နောက်ရွာသစ် တစ်ခုကို ပြောင်းသလိုပါပဲ။)
ဗုဒ္ဓဘာသာ ကျမ်းစာမှာ အဲ့ဒီလို ပြောထားတာ ရှိပါသလား။ ကမ္ဘာပျက်မယ်လို့တော့ ဗုဒ္ဓဘာသာအပါအ၀င် ဘာသာတိုင်းမှာ ပြောတယ်။ ကမ္ဘာပျက်သွားရင် မွေးကင်းစကလေးတွေလည်း အားလုံး ပါသွားရမလား။ ဒါဟာ ရှေ့ဘ၀ ကံကြောင့်ပဲလား။ ပြီးတော့ နောက်ထပ် ကမ္ဘာတစ်ခု ဖြစ်တည်လာမယ်။ ပြီးရင် လူတွေက အဲ့ဒီ ကမ္ဘာမှာ မှိုပေါက်သလို ပေါက်လာဦးမှာလား။ အဲ့လိုပေါက်လာပြီးမှ လူမျိုးပြန့်ပွား၊ ပြီးမှ ရှေ့ဘ၀ကံနောက်ဘ၀ကံ- ဒဏ္ဍာရီတွေကို ပြန်ပြောဦးမှာလား-၊ ယုတ္တိရှိရှိ ဖြေပေးပါ။
၁၉.သိပ္ပံစမ်းသပ်မှုတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း အလ္လာဟ်ရှင်၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေ သကဲသို့ သက်ရောက်နေပါသည်။ ထို့ကြောင့် သိပ္ပံပညာက မှားသည်ဟုပြောမလား ။ ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ် ရှိရှိ ငြင်းချက်ထုတ်ပါ။
ကမ္ဘာမှာ ကုရ်အံမှအပ အခြား ဘာသာရေးကျမ်း၊ နိုင်ငံရေးကျမ်း၊ သိပ္ပံပညာရပ်ကျမ်းများ၊ ဘာသာဗေဒဆိုင်ရာ ပညာရပ် ကျမ်းအားလုံးက မကြာခဏ ရှေ့နောက် မညီမညွတ်တဲ့ အဆိုတွေကို တင်ပြနေပါတယ်။ တနည်းအားဖြင့် ရှေ့တစ်မျိုး ပြောလိုက် မကြာမှီ ဘွာခတ် ပြီး နောက်တစ်မျိုးပြောလိုက်ချည်း ဖြစ်နေပါတယ်။ ဒီတော့ မကြာခဏ ဘွာခတ်နေတဲ့ အဆိုများကို လက်ခံမလား၊ သို့မဟုတ် တစ်သမတ်တည်း ယုတ္တိရှိရှိပြောနေတဲ့ ကျမ်းမြတ်ကုရ်အံ ကို လက်ခံမလား- ဆင်ခြင်ဉာဏ်ရှိတဲ့ လူတိုင်း ဆင်ခြင်လို့ ရပါတယ်။
ကုရ်အံထဲက ပြောတဲ့ စကားတစ်ခွန်းလောက် ယုတ္တိမရှိကြောင်း သက်သေပြပေးနိုင်မယ်ဆိုရင် မိတ်ဆွေနဲ့ ဘာသာပြောင်းကြေး ဆွေးနွေး ပါမယ်။ အဲ့ဒီ အတွက် ကြိုဆိုလျှက်ပါ။
သူရိယ
29 comments:
  1. လာပြန်ပြီ တမျိုး
    ReplyDelete
  2. မေးမယ်ဗျာ သတ္တ၀ါတွေကို ဘယ်သူဖန်ဆင်းလဲ ဘာအတွက်လဲ ဖြေပေးပါ။
    ReplyDelete
    Replies
    1. တစ်ကယ် စိတ်စေတနာ ဖြူစင်စွာနဲ့ သိလိုရင် (ကန့်လန်ခံနေခြင်း မဟုတ်ရင်) ဆွေးနွေးနေမှုများ ကို စောင့်ဖတ်စေလိုပါတယ်။
      Delete
    2. A Muslim တင်ထားသမျှ ညီမ mail သို့ ပို့ ပေးစေချင်ပါတယ် barzoyawinnihat@gmail.comပါ တကယ်ကို ကျေနပ်ဖွယ်ရာသက်သေပြချက်တွေနဲ့ အဖြေများဟာရှင်းလင်းပြတ်သားတိကျလှပါတယ် ဒီလို အမျိုးကောင်းသာသနာဖြန့် ဝေသူ A Muslimအတွက် အီမာန်ရှင်များနှင့်မဟုတ်သူများအတွက်ပါ နောင်တွင်ကုရ်အာန်နှင့်ပတ်သတ်၍ ဆင်ခြင်လိုက်နာကျင့်သုံးလျက် အေဘာဒတ်သ်ပြုလုပ်နိုင်ရန်ကြီးကျယ်မြင့်မြတ်သော ခွန်အားပေးသနားတော်မူပါယာအလ္လာဟ်
      Delete
  3. ဟုတ်တယ်ဗျို့ အာလာအရှင်မြတ်က ဘာအတွက် သူက ဘာရည်ရွယ်ချက်နဲ့ ဘာဖြစ်ချင်လို့ကျုပ်တို့ကိုဖန်ဆင်းရတာလဲဗျ သူကစားဖို့ လား သူ့ကိုဖျော်ဖြေဖို့လား သူ့ အယူဝါဒကို ယုံမဲ့သူပေါ်လာအောင်လား ။သူသာကျုပ်တို့ကိုမဖန်ဆင်းခဲ့ ရင် ကျုပ်တို့ ခုလို ဒုက္ခဖြစ်နေစရာအကြောင်းမရှိဘူးမဟုတ်လားဗျာ။ ဒီမေးခွန်းကို ကျွန်တော် အကြိမ်ကြိမ်မေးတယ် မဖြေဘူးဗျို့ ။ ကျွန်တော် ကလူပိန်းလိုပဲတွေးတတ်မေးတတ်လို့ပါဗျာ
    ReplyDelete
    Replies
    1. မိတ်ဆွေအနေနဲ့- ပညတ်ဘုရား ပရမတ်ဘုရားကို ဆွေးနွေးနေတဲ့ ဆွေးနွေးမှုများကို စောင့်ဖတ်ပေးပါ။ သို့မဟုတ်- မိတ်ဆွေအနေနဲ့ စောင့်မဖတ်နိုင်ဘူး ဆိုရင်- ဒုက္ခ၊ ဒုက္ခ လို့ ပြောနေတဲ့ ဒုက္ခ ဆိုတာ ဘာလဲ။ ဒုက္ခဆိုတဲ့ ခံစားချက်ကို မိတ်ဆွေရဲ့ ဘယ်အစိတ်အပိုင်းက ခံစားရပါလဲ- တတ်နိုင်သမျှ အရင်အဦး ရှင်းပြပေးပါ။
      Delete
  4. Facebook မှာ တယောက်က Zaw Naing ဆို သူ တယောက်က ဒီလို ပြန်မေးထားတယ်-
    Zaw Naing
    ၁။ အဖြေ။ ပရမတ် တရား။ မြေကြီးဟာ ပညတ်လို့ ဘာကြောင့်ပြောနိုင်သလဲ? ကောင်းကင်ဟာ ပညတ်လို့ ဘာကြောင့် ပြောနိုင်သလဲ? မြေကြီးလို့ ခေါ်ခေါ် အသ်လို့ပဲ ခေါ်ခေါ် ရှိနေတဲ့ တရားမို့လို့ ပရမတ်ဖြစ်ရတယ်ဆိုယင်......မြေကြီးလဲ ပရ မတ်ပဲ။ ဒီမြေကြီးကိုပဲ ပြောပြော အခြား ဂြိုလ်တခုက မြေကြီးကိုပဲ ကိုင်ပြောပြော မြေကြီး စတင် ဖြစ်တည်လာတာကို ဘယ် သူ တွေ့ဘူးလို့လဲ။ သိပ္မံပညာရှင်ဆိုသူတွေတောင် မြေကြီးဖြစ်တည်တာ မတွေ့ဘူးသေးဘူး။ အယူအဆနဲ့ မှန်းပြောနေတာ ပဲ ရှိသေးတယ်။
    ဒီမြေကြီးဟာ ရှိကိုရှိနေတဲ့တရား ဓမ္မတစ်ခု----ထိုနည်း၎င်းပဲ ကောင်းကင်ဟာ ဘယ်ဂြိုလ်မှာပဲ ဖြစ်ဖြစ် အထူအပါးပဲ ကွာ တယ် နဂို ဖြစ်တည်နေတဲ့ တရားဓမ္မတစ်ခု---- ကျနော်သည်လို ကြောင်းပြချက်ပေးလို့ ရှိနေတဲ့ မြေကြီးတို့ ကောင်းကင်တို့ (အောက်စီဂျင်အပါအ၀င်) ကို ပရမတ်တရားလို့ သတ်မှတ်ချင်တာမဟုတ်ပါဘူး။ .....ပရမတ်တရားဟာ ဖောက်ပြန် ပြောင်း လဲ ပျက်ဆီးခြင်းမရှိတဲ့ သဘောဆောင်ပါမှ ပရမတ်လို့ ကျနော်မြင်ပါတယ်။ ကျနော့ဉာဏ်စဉ်မှာ ဒီလို မြင်ပါတယ်။
    ဒါကြောင့် အောက်ဆီဂျင်က ဖဲရပ်အောက်ဆိုဒ်ပြောင်းသွားနိုင်တဲ့ သဘောရှိနေလို့ အောက်ဆီဂျင်ကို ပရမတ် မခေါ်ပါဘူး။ ပရမတ်တရား တခုဟာ ကမ္ဘာမြေ ဖြစ်မလာသလို---ကောင်းကင်လည်း ဖြစ်မသွားနိုင်ပါဘူး။ ပရမတ်သဘောဟာ သင်္ခါရ သဘော မဆောင်တော့လို့ ဘာကိုမျှ မဖန်ဆင်း မတီထွင်တော့ပါဘူး။ နိဗ္ဖာန်လို ပြောပြောနေတဲ့ ဘာသာမှာ ပရမတ် ဆိုက် သွားယင် ဘယ်သူကိုမှ ဘာကိုမှ ဖန်တီးလုပ်ကြံ ယူငင်တာမျိုးမရှိလို့ ဘာသက်ရောက်မှုမှ မရှိလို့ ငြိမ်းအေးသွားတယ် ဆို တာပါ။ ပရမတ်ဟာ ဖန်တီး သေးတယ်ဆိုယင်----ဖြစ်လာတဲ့ အရာအသစ်သစ်တွေ ဖောက်ပြန်လို့ အခြားသူတွေ ထိခိုက် ရ ပါတယ်။ ဖန်တီးယူတာ သင်္ခါရပါ။ သင်္ခါရ ရှိယင် ဒုက္ခရှိတာ အသေအချာပါ။ နူးကလီးယား ဆိုတဲ့ သင်္ခါရရှိလာယင် ဒုက္ခ ပင်လယ်ဝေရမှာ သေချာသလိုပါပဲ။ သင်္ခါရတွေ မရှိတဲ့ တရားဓမ္မ ဟာ အင်္သခတ ဆိုရတဲ့ နိဗ္ဖာန်ပါ။
    (၂) အလိုလို ဖြစ်ခြင်းဟာ ဘဂ၀ါ ဆိုတဲ့ စကားလုံးကြောင့် မဟုတ်ပါဘူး။ လူကဘုရားဖြစ်တာ အချွန်အတက်တွေ ထူးပြီး ထွက်လာတာ မဟုတ်ဘူး။ လူပုံသဏ္ဍာန် ပဲ..... အတွေးအမြင် ပြောင်းတာပါ။ ဘုရားဖြစ်တာ ရုပ်အဓိက မကျပါဘူး အသိ ဉာဏ် အဓိကပါ။ ဘယ်ဆရာကမှ သင်ပေးတာ မဟုတ်ပဲ သဘောတရား ဓမ္မ တို့ကို အလိုလို သိလာတာကြောင့် ဘုရား အသိဥာဏ် အလိုလို သိရတယ် (ဘယ်သူပေးတာမှ မဟုတ်ဘူး-နတ်ပေးတာ-ဗြဟ္မာပေးတာ-အလ္လာဟ်ပေးတာမဟုတ်ဘူး) ဆိုသောကြောင့် ဟိန္ဒုမြစ်ဝှမ်းနေကြသူများ အသုံးအရ အလွယ်တကူနားလည်အောင် ဘဂ၀ါ လို့ သုံးလိုက်တာ။ စကား အ ရာ ပညတ်ပါ----မဖောက်မပြန်မှန်တဲ့ အသိဉာဏ်က ဘုရားသဏ္ဍာန်က တရားဓမ္မတွေပါ။ ကျုပ်သိတဲ့တရားက ဘယ်ကျမ်း ဘယ်ဆရာ စကားကိုမှ ယူမသုံးဘူး ကျုပ် ဉာဏ်ထဲသိတာလောက်နဲ့ပဲ ဖြေသွားမယ်ဗျာ........ စကားမှာ တရား အနှစ်ကို မရှာနဲ့ ---- ခန္ခာမှာ တရားအနှစ်ကို ရှာလို့ ကြုံတုန်း တိုက်တွန်းလိုက်ဦးမယ်။
    (၃) မေးခွန်းက တော်တော်ရှုပ်တယ်...... စကားလုံးတွေဟာ ပညတ်တွေဖြစ်တာမို့ သဘောအမှန်ထွက်ဖို့ ခက်ပါတယ်..... ဒါကို အချိန်အကုန်ခံ မရှင်းပါရစေနဲ့လို့ ဘာ ဉာဏ်ရင့်သန်မှုကိုမျှ အကျိုးပေးမှာမဟုတ်ပါဘူး။ ထပ်သရီးဆိုတာ ၀က်သား ကို ပြောတာ သုံးထပ်သား အပြားမဟုတ် ဆိုတာလို ရှုပ်ကုန်တာပဲ အဖတ်တင်မယ်။
    ဒီစာမျက်နှာလေးမှာပါ-
    http://www.facebook.com/groups/404948659530773/463937096965262/?notif_t=group_comment
    ReplyDelete
  5. အဲဒီအတွက် ပြန်ဖြေပေးလိုက်တာက-
    မိတ်ဆွေ တရားရှာမယ့် ခန္ဓာကိုယ်ဟာလည်း ပညတ်ပဲ။ မိတ်ဆွေပြောသွားတဲ့ မြေကမ္ဘာ၊ လေကမ္ဘာ၊ ရေကမ္ဘာ၊ မီးကမ္ဘာ၊ အာကာသများဟာလည်း ပညတ်ပဲ။ ကျွန်တော်တို့က ရှင်းချင်လွန်းလို့ ရှင်းနေတာ မဟုတ်ပါ။ ကျွန်တော်တို့ လက်ခံ ယုံ ကြည်ထားတဲ့ သာသနာနဲ့ ပရမတ်ဘုရားရှင်ကို စော်ကား၊ ပုတ်ခတ်တဲ့ သရော်မေးခွန်းများ မေးလာလို့-၊ မေးလာသူများကို သာ “မိတ်ဆွေတို့ ဘာသာမှာ မိတ်တွေတို့ ကြေညက်အောင် အရင်အဦးလေ့လာပါ-” ဆိုတဲ့ သဘော၊ ပြန်လည် ဆွေးနွေး ထားခြင်း၊ စောကြော ထား ခြင်းသာ ဖြစ်ပါတယ်။
    (၁) မိတ်ဆွေ မဖတ်ချင်ရယ်တောင်- တစ်ကယ့် ၀ိပဿနာမှာ စိတ်ဘ၀င်ရှိတဲ့ လူများ ဖတ်မိစေဘို့ ရည်ရွယ်ပါတယ်။
    မိတ်ဆွေပြောတဲ့ (အခုဖြစ်တည်နေတဲ့ မြေ၊ ကောင်းကင်) လို့ ဆိုလိုတာ မဟုတ်တဲ့ ရှေးဦးက ရှိခဲ့ရာ သဘောတရားသည် ပရမတ် ဆိုတာ အတော်လေးကို နီးကပ်ပါတယ်။ ဒီနေရာမှာ မိတ်ဆွေ ဆင်ခြင်သင့်တာက အခုဖြစ်တည်လာတဲ့ ပညတ်ရုပ် ဆောင် မြေ၊ ကမ္ဘာ၊ အာကာသများဟာ သူ့ထက် ရှေ့ကျတဲ့ လက်လှမ်းမမှီလို့ ပရမတ်လို့ သတ်မှတ်နိုင်တဲ့ အရာကမှ ဖြစ် တာ လာခဲ့တာ မဟုတ်လား-။ ဒီတော့ မံသမျက်လုံးနဲ့ မမြင်ရတဲ့၊ မမြင်နိုင်တဲ့ အရှိသဘောတရား သည်သာ ပရမတ် ဖြစ်ပါ တယ်။ အဲ့ဒီ ပရမတ်မှာ အဆင့်ရှိနေသေးတယ်။ ဆက်လက်လေ့လာပါ။
    ဆိုလိုတာက- ပရမတ်- အဖြစ် ပရမတ်ဖြစ်နေတဲ့ သဘောတရား-၊ ပညတ်ဖြစ်လာဘို့ ပရမတ်ဖြစ်နေတဲ့ သဘောတရား လို့ အခြေခံနှစ်ခု ရှိပါတယ်။ ဒီမှာလည်း အဆင့်ဆင့်ရှိပါသေးတယ်။ ဉာဏ်မြင့်ရင် မြင့်သလို သိနိုင်အား ရှိပါတယ်။ ပညတ် ဖြစ် လာစေဘို့ ပရမတ် ဖြစ်နေတဲ့ သဘောက အရာရာတိုင်းမှာ အဲ့ဒီ ပညတ်နဲ့ ပရမတ်ဒွန်တွဲနေတယ်။ အသေးဆုံး ပရမံဏုမြူ မှာလည်း ဒွန်တွဲနေတယ်။ အရှိဖြစ် လာစေဘို့ အရှိတရားလို့ ခေါ်ပါတယ်။ အဲ့ဒါကို အာရ်ဗီလို ဆွေဖတ့်သ်လို့ ခေါ်တယ်။ အဲ့ ဒီ အရှိက ပညတ်များက သူနဲ့ဒွန်တွဲနေတဲ့ ပရမတ် (မရှိဘူးလို့ ထင်ရတဲ့ သဘောတရား) ကို ပြန်လည် ရောက်သွား ခြင်းကို နိဗ္ဗာန် (အာရ်ဗီလို ဆလာမတ်သ် လို့ခေါ်တဲ့ သန္တိသုခ) လို့ခေါ်တယ်။
    လောကမှ ဖြစ်စဉ်အားလုံးဟာ- စည်းဘောင်ထဲမှာ စနစ်တကျရှိတယ်- ဒါကို ဖေါက်ပြန်ပြောင်းလဲခြင်း ကင်းတဲ့ လောကဓမ္မ လို့ ခေါ်တယ်။ အာရ်ဗီလို ဒါ့ဘ်ဗားရ် လို့ခေါ်တယ်။
    ReplyDelete
  6. ဒီမှာ ပရမတ်က ပညတ်ဖြစ်တည်လာစေခြင်းဟာ ဒါ့ဘ်ဗားရ် (လောကဓမ္မ) ဖြစ်တယ်။ အနီးဆုံး ဥပမာပေးမယ်- မိတ်ဆွေ ဆိုတဲ့ လူတစ်ဦး ဖြစ်တည်လာခြင်းဟာ မိတ်ဆွေကိုယ်တိုင် ဖန်တီးယူခြင်း မဟုတ်၊ မိတ်ဆွေရဲ့ မိဘများကလည်း ဖန်တီး ပေးခြင်း မဟုတ်ဘူး။ (မိတ်ဆွေရဲ့ မိဘများက သူတို့ဆီမှာ ဖြစ်တည်လာတဲ့ မျိုးစေ့တစ်စေ့ကို ပေးသူကပေး၊ ယူသူကယူပြီး သိမ်းထားပေးလိုက်ခြင်းသာ ဖြစ်တယ်။ အဲ့ဒီ မျိုးစေ့ကိုလည်း ပေးချင်စိတ်၊ ယူချင်စိတ် မက်မောစိတ်များ ဖြစ်စေဘို့ လော ကဓမ္မက ထဲမှာ ပြဌာန်းပြီး ဖြစ်တယ်။ အဲ့ဒီ လိုချက်မက်မောစိတ်များက မိဘ ဖြစ်တဲ့ လူသားကို တာဝန်ထမ်း ဆောင်စေ တယ်။ (ကလေးရဘို့ မရည်ရွယ်ပေမယ့်- ရမက်က ရောဖက်ပေးလိုက်လို့-၊ ယူရတာမျိုးကို ဆိုလိုတယ်။) (အကန်း၊ အကျိုး၊ အရူး၊ အပေါများ ဖြစ်ထွန်းလာရင်လည်း ယူရတာပဲ-။ ဒီကိစ္စကို ဆွေးနွေးလိုရင် ဆက်လက်ဆွေးနွေးပါမယ်။)
    ဒီလို ဖြစ်စဉ်နိယာမ (လောကဓမ္မ ခေါ် ဒါ့ဘ်ဗားရ်) ဟာ ပရမတ်အဖြစ်တည်တဲ့ ပရမတ်က ပြဌာန်း ထားပြီး နိယာမ ဖြစ် တယ်။) မိတ်ဆွေ နားလည်အောင် ဆက်ရှင်းပါမယ်။ လူသားက ကွန်ပြူတာကို တီထွင်တယ်-၊ ထားပါတော့။ အဲ့ဒီ ကွန်ပြူ တာကို လူသားရဲ့ ဘက်က ဖန်တီးတာလား၊ စိတ်က ဖန်တီးတာလား၊ လေ့လာထားတဲ့ ပညာက ဖန်တီးတာလား။ အသိ ဉာဏ်က ဖန်တီးတာလား၊ ဆိုတာ ဆင်ခြင်ကြည့်ပါ။ အသိဉာဏ်က ဆိုတာကို ဆင်ခြင်မိပါလိမ့်မယ်။ အဲ့ဒီ ဉာဏ်ဆိုတာမှာ၊ သိဉာဏ်၊ ထပ်ဆင့်ပံ့ပိုးဉာဏ်၊ ဖြတ်ကနဲအာရုံရဉာဏ် ဆိုတာတွေ ရှိသေးတယ်။ (ဒါက လူဘုရားလို့ ဘာကြောင့် သတ် မှတ်သလဲ ဆိုတာကို စိတ်ဝင်စားရင် ဆွေးနွေးပေးပါမယ်။)
    အဓိက ဆိုလိုတာက- အရာတစ်ခု ဖြစ်တည်လာဘို့အတွက်နဲ့ ဖြစ်တည်လာတဲ့ မဖေါက်ပြန်စေဘို့ (မဖေါက်ပြန်ဘူး ဆိုတာ က မသေဘူး ပြောတာ မဟုတ်ဘူး။ သူဖြစ်စဉ်အလျှောက် ဖြစ်နေစေဘို့ကို ဆိုလိုတာပါ။) အဲ့ဒါကို သြဇာလွှမ်းတဲ့ ဉာဏ် ဆို တာ ရှိနေတယ်။ အဲ့ဒီ ဉာဏ်ဟာ အခုလူတွေ ဆင်ခြင်နေတဲ့ ပညတ်ထဲက ဉာဏ်မဟုတ်ဘူး။ မိတ်ဆွေပြောသလို ပညတ် တိုင်းမှာ နဂိုအရှိတရား ပရမတ်ရှိနေတယ် ဆိုသလို-၊ ပရမတ် ဉာဏ် ဆိုတာ ရှိနေတယ်။ ပရမတ် ဉာဏ်မှာ နောက်ဆင့် နောက်ဆင့်-- ပရမတ် ဖြစ်နေတဲ့ ပရမတ်သဘော ပရမတ် ဉာဏ်ဇစ်မြစ်ဆိုတာ ရှိနေတယ်။ အဲ့ဒီ အဆင့်ထိ ဆင်ခြင်မိရင် မိတ်ဆွေအနေနဲ့ ပရမတ်ဘုရား ဆိုတာကို ဆင်ခြင်မိလာမှာပါ။ ဒါကြောင့် တစ်ကယ်တမ်း မိတ်ဆွေကိုယ်တိုင်က မမှီသေး တဲ့ အရာ၊ သို့မဟုတ် မသိသေးတဲ့အရာကို လုံးဝ မရှိဘူးလို့ မငြင်းဆိုသင့်ဘူး။ အဲ့ဒီလို လူသားများဟာ ကိုယ့်တက်လမ်းကို ကိုယ်ကိုယ်တိုင် ပိတ်ဆို့ ထားသူများသာ ဖြစ်ပါတယ်။
    (၂) ဘဂ၀ နဲ့ ပတ်သက်လို့ မိတ်ဆွေ စာကို အသေချာ မဖတ်မိဘူး ထင်ပါတယ်။ သို့မဟုတ် ကျွန်တော် ရေးသားတာများ ကွင်းဆက်မမိ ဖြစ်နေသလားလို့ ကျွန်တော့ကို ကျွန်တော်လည်း သုံးသပ်ပါတယ်။ (က) “သော ဘဂ၀ါ သယမ္ဘူတိ” ဆိုတဲ့ ၀ါကျက ဘဂ၀ါ (ဘဂ၀) ဆိုတာ “အလိုလိုဖြစ်တော်မူသည်” ဆိုတဲ့ လုံးကောက်ကို ပေးတယ်လို့ ကျွန်တော် မဆိုလိုပါ။ အဲ့ ဒီဝါကျမှာ အလိုလို ဖြစ်တော်မူသည် ဆိုတဲ့ အဓိပ္ပါယ်ကို သယမ္ဘူတိ (သယံ + ဘူ+ အတ္တိ) (သယံ+ဘူ+ကွိ) ဆိုတဲ့ စကား လုံးက ပေးပါတယ်။ အဓိပ္ပါယ်က အလိုလို သိတော်မူသည်လို့ မပေးပါ။ အလိုလို ဖြစ်တည်တော်မူသည်လို့ပဲ ပေးပါတယ်။ ဒီ စကားလုံးကို အလိုလို သဘော ဖြစ်တယ်လို့ ခံစားနေတဲ့ ဓါတ်သတ္တုများ၊ ကျောက်မျက် ရတနာများ အတွက်လည်း သယံ ဇာတ (သယံ = အလိုလို၊ ဇာတ (ဇာတိ) ဇာတိအားဖြင့် ဖြစ်သည်) လို့ ပြောဆိုခြင်းပါ။ လူသား တစ်စုံတစ်ဦးက ဓါတ်ခွဲခန်း ထဲမှာ ပြုလုပ်တဲ့ ရွှေ သို့မဟုတ် သတ္တု တစ်ခုခု ကို အဲ့လို မခေါ်ပါ။
    ဘဂ၀ ဆိုတာက အဆိုပါ- လူထုကြီး တစ်ရပ်လုံး နားလည်ခံစား ရင့်ကျူးတဲ့ ဖန်ဆင်းရှင်ဘုရားကို ခေါ်တဲ့ ဂုဏ်နာမတော် ဖြစ်ပါတယ်။ ဒါကိုပဲ ရှင်ဂေါတမက သူကိုယ်တိုင် ရင့်ကျူးခဲ့တယ်လို့ ပြောတာပါ။
    အပေါ်က ပြောတဲ့ သော ဘဂ၀ါ သယမ္ဘူတိ (ဆိုတာက အကြင် ဖန်ဆင်းရှင်ဟု ရင့်ကျူးတသသော ဘုရားသည် အလိုလို ဖြစ်တော်မူ၏- လို့ပဲ အဓိပ္ပါယ်ကို ပေးပါတယ်။ ဒါကို မြန်မာမှုပြုပြီး- အကြင် မြတ်စွာဘုရား (ရှင်ဂေါတမ) သည်- (ဆရာမ ကူဘဲ) အလိုလို (သိတော်မူသော ဘုရား) ဖြစ်၏- လို့ ရေးပြပြောဆိုခြင်းက မူရင်းဝါကျမှာ မပါတဲ့ ဝေါဟာရများ (ရှင်ဂေါတ မ) (ဆရာမကူဘဲ) (သိတော်မူ သောဘုရား) ကို ထည့်သွင်းပြီး- မျိုးရိုးစဉ်ဆက် မှိုင်းတိုက်လိုက်ခြင်းသာ ဖြစ်ပါတယ်။ သယမ္ဘူတိ ဆိုတဲ့ စကားလုံးထဲမှာ အသိ ကို ဖေါ်ပြတဲ့ စကားလုံး လုံးဝ မပါပါ။ သယံ (သွယမ်) = ဇာတ သာ ဖြစ်တယ်။ သယံ (သွယမ်)= ဉာဏ မဟုတ်ပါ။ ဘူတ = (နေရာကို ပြဆိုတဲ့ သဘော) အခြေခံ အကြောင်းချက်၊ (မူလဘူတဇာတိ)၊ မူလ ဖြစ်ပေါ်မှု အကြောင်းရင်း ဇစ်မြစ် ကိုပြောဆိုခြင်း ဖြစ်တယ်။ မိတ်ဆွေတို့ အနေနဲ့- ပိဋကတ်ကို သေချာတိကျအောင် လေ့လာစေလိုတယ်။
    လိုအပ်ရင် ဆက်လက်ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။
    ReplyDelete
  7. မွတ်ဆလင်တွေ
    ဘာ့ကြောင့် ၀က်သားကို မစားပြီး...
    စက်မှု မဖွံ့ဖြိုးခင်က လူတွေကို
    သေကာနီး အချိန်ထိ လုပ်ကျွေးနေတဲ့
    နွားကျတော့ လည်လှီးပြီး ကုသိုလ် ယူလည်းဆိုတာ
    သိပါရစေ မိတ်ဆွေ....
    ReplyDelete
    Replies
    1. ကျွန်တော် တင်ထားပြီးသား ပိုတ်စ့်တွေ ဖြစ်တဲ့-
      ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ (၄)
      http://islaminmyanmar.blogspot.de/2012/03/blog-post_8805.html
      နဲ့
      ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ (၅)
      http://islaminmyanmar.blogspot.de/2012/03/blog-post_6395.html
      အဲဒီ ပိုတ်စ့် (၂) ခု မှာ မိတ်ဆွေ သိလိုတဲ့ အဖြေတွေ ပါပါတယ်... ဖတ်လို ဆွေးနွေးလို သေးတယ်ဆိုရင် thuriya.yangon@gmail.com ကို မေးလ် ပို့ နိုင်ပါတယ်...
      Delete
  8. Facebook က ကိုသန်းဇော်လေးဆိုတဲ့ မိတ်ဆွေက အောက်က လင့်ခ်လေးမှာ
    http://www.facebook.com/groups/356945211025313/
    ဒီလိုလေး ကွန့်မန့်ပြန်ပေးပါတယ်-
    Ko Thuriya ခင်ဗျာ...... ကျွန်တော်တခုလောက်မေးပါရစေ။ ကုရ်အံကျမ်းစာထဲက အကျင့်တွေအတိုင်း တသွေမသိမ်းလိုက်နာကျင့်ကြံတဲ့လူတွေ အနေနဲ့ မသေခင်စပ်ကြား မည်ကဲ့သို့ အကျိုးတွေရရှိနိုင်ပါသလဲ။ အခုကမ္ဘာမှာ အဲဒီလိုကျင့်သုံးပြီး အကျိုးထူးတွေရသောသူများ ရှိပါသလား။ နောက် အဲဒီအကျင့်တွေကို ဘယ်နှစ်မျိုးလောက်အမျိုးအစားခွဲလို့ရလဲ။
    ReplyDelete
    Replies
    1. အဲဒီအတွက် ဒီလိုလေး ပြန်ဖြေခဲ့ပါတယ်-
      ဒီလိုလူတွေ အများကြီးပါ။ (တစ်ခုတော့ ရှိတယ် ထုံးစံအတိုင်း ဘာသာတိုင်းမှာ လူတစ်သန်းမှာ တစ်ဦးပေါ့ဗျာ)၊ မွတ်စလင်က လူဦးရေများတယ် ဆိုတော့ အများကြီးလို့ သုံးလိုက်တာ-၊ ဒီပုဂ္ဂိုလ်တွေက အလ္လာဟ်ကို တွေ့သိခွင့်ရသွားတယ်။ အဲ့ဒီ အဆင့်က ၀ိ မုတ္တိ (လွတ်မြောက်မှု အဆင့်ဖြစ်တယ်။) ဒီမှာလည်း အဆင့်တွေ ရှိပါတယ်။ လေ့ကျင့်မှု နည်းဟန်ကတော့ (ဗုဒ္ဓဘာသာမှာ လယ်တီ၊ မိုးကုတ် စသဖြင့် ကွဲသလို) ကွဲပြားမှု အနည်းငယ်စီ ရှိတယ်။ ဒါပေမယ့် အတူတူပါပဲ။ တစ်ကယ်တမ်းတော့ ၀ိပဿနာ ဆိုတာ ဘာသာတရားတိုင်း တူညီပါတယ်။ နောက်ဆုံး “ငါ” ဆိုတဲ့ အရာ ပျောက်အောင် လေ့ကျင့်တာပဲလေ။ ပညတ်စကားနဲ့ ဘာမှကို မရှိတော့တာပါ။ ဒီတော့ တူသွားတာပေါ့။
      Delete
  9. မိတ်ဆွေကြီး ကိုသန်းဇော်လေးက ဒီလိုလေး ပြန်မေးလာပြန်ပါတယ်-
    ဟုတ်ကဲ့ပါ....... အလ္လာဟ်ကိုတွေ့သိခွင့်ရသွားတယ်ဆိုတော့. .. သူတို့နဲ့ သာမန်လူတွေနဲ့ ဘယ်လိုများကွားခြားသွားပါသလဲ။
    ဗုဒ္ဓဘာသာနဲ့ နှိုင်းယှဉ်ပြသွားတဲ့အတွက် ကျွန်တော်လည်းနှိုင်းယှဉ်ပြီးမေး ပါမယ် (ဥပမာ - ဗုဒ္ဓဘာသာမှာတော့ ဗုဒ္ဓနည်းအတိုင်း ကျင့်ကြံကြတဲ့ ပုဂ္ဂိုလ်တွေထဲက တချို့ဟာ သေဆုံးတဲ့အခါမှာ အပုတ်နံ့၊ အပုတ်ရည်တွေ မထွက်ဘဲ ကိုယ်ခန္ဓာပျော့ပျော့ပျောင်းပျောင်းပဲရှိပါတယ်။ အစ္စလာမ် ဘာ သာမှာရော ဘယ်လိုရှိပါသလဲခင်ဗျာ။)
    နောက်တခုက ဗုဒ္ဓဘာသာမှာ မြတ်စွာဘုရားတိုက်ရိုက်ဟောထားတဲ့ ကမ္မ ဋ္ဌာန်းနည်းက (၄၀) ရှိပါတယ်။ အဲဒီတော့ အစ္စလာမ်ဘာသာမှာလည်း အလ္လာဟ်ရှင်မြတ် တိုက်ရိုက်ဟောထားတဲ့ နည်းက ဘယ်နှစ်ခုလောက် ရှိပါသလဲ။
    ReplyDelete
    Replies
    1. ကိုသန်းဇော်လေးရဲ့ အမေးကို ဒီလိုလေး ပြန်ဖြေပေးခဲ့ ပြန်ပါတယ်-
      ဒီအဆင့်လောက် ဘယ်ဟုတ်မလဲ။ ဒါက လွယ်လှပါတယ်။ လူသားဆိုတာ မြေကြီးက ဖြစ်လာ တယ်။ ပထ၀ီဓါတ်ခံကို ဆိုလိုပါတယ်။ မြေကြီးဆိုတာ ရေနဲ့ ဖျော်လိုက်ရင် ပျော်သွားတယ်။
      တနည်းအားဖြင့် ရေများရင် မြေက ပျော်သွားပါတယ်။ ဒါပေမယ့် မြေကို အိုးပုံလုပ်ပြီး ကျက်အောင် ဖုတ်လိုက်ရင် အဲ့ဒီ မြေကပဲ မြေအိုးဖြစ်သွားပြီး ရေကို ထည့်လို့ရတယ်။ တနည်း အားဖြင့် ရေကြောင့် သူ မပျက်စီးတော့ဘူးလေ။ ဒါကြောင့် အစ္စလာမ်က လူရဲ့ ဖြစ်တည်မှု မှာ မြေကို အဆင့်ဆင့် ဖေါ်ပြထားတယ်။ မြေမှ၊ မြေပျော့မှ၊ အိုးခတ်မြေမှ စသည်ဖြင့်ပြော တယ်။ လူ ပကတိ ဖြစ်လာတဲ့ လူတွေက သူ့ရုပ်ကလပ်ဟာ မပုပ်သိုးတော့ဘူးပေါ့။ ဒါမျိုးက အစ္စလာမ်မှာ အများကြီးပါ။
      မိတ်ဆွေအနေနဲ့ နအဖ ခေတ်က သချိုင်းတွေကို ဖျက်ခဲ့တဲ့ သမိုင်းမှာ မွတ်စလင် သချိုင်းတွေ ဖျက်တော့ ပကတိ မပုပ်မသိုး ရုပ်အလောင်း ဘယ်လောက် ပြန်ရသလဲ လျှို့ဝှက်မှတ်တမ်း ကို ရှာဖတ်သင့်တယ်။ တောင်ကြီး မွတ်စလင် သချိုင်းတစ်ခုတည်းက ရုပ်အလောင်းပေါင်း ၆၀ လောက် ပြန်ရတယ်။ အချို့ဆို ကွယ်လွန်သွားတာ နှစ် ၂၀ ကျော်ပြီပေါ့။--။ ဒီထက် လက်တွေ့ကို ပြောပြမယ် သွားကြည့်နိုင်အောင်ပေါ့။ ရန်ကုန် ကန်တော်လေး မွတ်စလင်သချိုင်း၊ သိမ်ဖြူဘုန်းကြီးကျောင်း နောက်တည့်တည့်မှာ သကြားဘာဘာ လို့ခေါ်တဲ့ ဆရာကြီးရဲ့ ရုပ်ကလပ်ကို မြေမြှုပ်ထားတာနှစ်ပေါင်း ၃၀ ကျော်သွားပြီ။ သူ သက်ရှိစဉ်က သကြားဂိုဒေါင်နား မှာ နေလို့ သကြား ဘာဘာ လို့ခေါ်တယ်။။ သူက သကြားကို အများနဲ့ မတူ စားပြတယ်။ သူခန္ဓာဝန်ချသွားတော့လည်း သူ့တစ်ပည့်တွေက သူ့ကို သတိရတဲ့အနေနဲ့ သကြားလေးတွေ ယူသွားပြီး သူ့မြေစာပုံပေါ်မှာ သွားပုံကြတယ်။ သကြားဆိုတာ ပုရွက်ဆိတ်စားမယ်၊ ပျားစားမယ်။ နောက်ဆုံး အမိုးအကာမရှိ လဟာပြင်မှာ မိုးရွာရင် ပျော်ကျသွားမယ်။- အခုတော့ လူရဲ့ ရုပ်ကလပ်ကို ထားတော့ သူ့အပေါ်မှာ ပုံထားတဲ့ သကြားတွေတောင် ဒီအတိုင်းကြီးပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကပဲ ပုံလာလိုက်တာ သကြားက အပုံလိုက်ကြီး ဖြစ်နေ တယ်။ အောက်ဆုံးအလွှာတွေက ကျောက်ခဲလိုပဲ။ အလယ်လောက်မှာ ရေညှိတွေ တက်နေတယ်။ မိတ်ဆွေ သွားလေ့လာလိုက်ပါ။
      Delete
    2. မြန်မာပြည်ရဲ့ နာမည်ကြီး ကွန်ဖူးဆရာ ကွန်ဖူးစိုးမြင့် (ဗုဒ္ဓဘာသာပါ) သူက အဲ့ဒီ ဆရာကြီးရဲ့ ရုပ်ကလပ်ဘေးမှာ အမြဲတရား ထိုင်လေ့ရှိတယ်။ သူ့ကို မေးကြည့်တော့ သူ့အတွက် ဒီပုဂ္ဂိုလ်ဟာ ဘုရားပဲတဲ့။ တစ်နေ့ သူ ဗိုလ်အောင်ကျော်လမ်းမှာ လမ်းလျှောက်လာရင် အဲ့ဒီ ဘိုးတော်နဲ့တွေ့တယ်ပေါ့။ ဘိုးတော်က သူ့ကိုလည်း မသိဘဲ “သားက ကွန်ဖူးဆရာပါလား။ ပါပါ့ ကို ထိုးကြည့်စမ်းကွာ”လို့ ပြောတော့ ကွန်ဖူး စိုးမြင့်က ထိုးလိုယ်တယ်ပေါ့။ ဘိုးတော်က သူလက် ညှိုလေး၊ လက်ခလယ်လေး နှစ်ချောင်းနဲ့ ထိုးတဲ့လက်ကို ဖမ်းလိုက်တယ်။ အဲ့ဒီမှာ သူ့တစ်သက်ကျင့်ခဲ့တဲ့ အတွင်းအားထက် အဆပေါင်းများစွာ စွမ်းအားရှိတဲ့ အတွင်းအားကို ခံစားလိုက်ရတယ်တဲ့။” အဲ့ဒီနေ့ကစ အဲ့ဒီ ဘိုးတော်ဟာ သူ့ဘ၀မှာ အလွန်ကြီးကျယ်သူ ဖြစ်သွားတော့တယ် ဆိုပဲ။ ဒါ အကျဉ်းချုပ်ပြော တာပါ။
      လက်ရှိ လက်တွေ့ ဘ၀မှာလည်း ဒီလို ပုဂ္ဂိုလ်တွေ အများကြီးပါ။ သူတို့ လောကို ပစ်ထား လိုက်ပြီ။ သူတို့ကို လူတွေက အရူးတစ်ယောက်လို မြင်အောင် နေလေ့ရှိတယ်။ များသော အားဖြင့် မွတ်စလင်သချိုင်းတွေမှာ နေလေ့ရှိတယ်။ ဒါက ခန္ဓာကိုယ်ကို နိုင်တဲ့အဆင့်ပါ။ ဒီထက်တွေလည်း အများကြီး အများကြီးပါ။
      ဒါမျိုးက ဘာသာတိုင်းမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာသာရေး ဆွေးနွေးမှုထဲမှာ ဒီလို ယုတ္တိလွန်တွေကို မဆွေးနွေးသေးပဲ-၊ ဥပဒေပိုင်း ဆိုင်ရာတွေကိုပဲ ဆွေးနွေးသင့်တယ်။ ယုတ္တိလွန်တွေကို ဆွေးနွေးမယ့် အဆင့်က တစ်ဆင့် ဖြစ်လာမှာပါ။ အခု ကျွန်တော် ဖြေရှင်းဆွေးနွေးနေတာကလည်း မွတ်စလင်တွေ လက်ခံထားတဲ့ အလ္လာဟ် ဆိုတာ ဘာလဲ၊ ဘယ်လိုလဲ၊ အတ္ထုပ္ပတ္တိက ဘာလဲ စသည်ဖြင့် သရော်ပုတ်ခတ်လာလို့-၊ ပုတ်ခတ်သူများကို မသိမိုက်လျှက် အကုသိုလ် သင့်မှာ စိုးလို့ ကိုယ်မသိရင် မသိဘူးအတိုင်းနေပါ။ မပုတ်ခတ်ပါနဲ့လို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
      ကမ္မဌာန်းနည်း ၄၀၊ ၅၀ ဆိုတာတွေက နဂိုရှိပြီးသား နည်းတွေကို ကိုယ်တော်ဂေါတမက အသိအမှတ်ပြုပေးလိုက်တာပါ။ များသော အားဖြင့် ရှင်သာရိပုတ္တရာရဲ့ ခွင့်ပြုချက်များ ဖြစ်ပါ တယ်။ သေချာအောင် လေ့လာကြည့်ပါ။ (ဒါတွေကို မစောကြော မဝေဖန်လိုပါ။- အားသန်ရာကို လုပ်ပါစေ။)
      လေးစားလျှက်- သူရိယ
      Delete
  10. ကိုသန်းဇော်လေးရဲ့ တန်ပြန်စောကြောမှု့-
    ဆွေးနွေးပေးထားတာ ဗဟုသုတရပါတယ်။ ဒါပေမယ့် ကျွန်တော်ဆွေးနွေးထားတဲ့ သာမန်လူတွေနဲ့ (အစ္စလာမ်ဘာသာမကိုးကွယ်သူတွေ၊ မိရိုးဘာလာကိုးကွယ်သူတွေ) အလ္လာဟ်ကို တွေ့ရှိသွားသူတွေရဲ့ သိသာထင်ရှားတဲ့ ကွာခြားချက်တွေကို ပြောပေးလို့ရမလား ခင်ဗျာ။ (ကမ္မဌာန်းနည်း ၄၀၊ ၅၀ ဆိုတာတွေက နဂိုရှိပြီးသား နည်းတွေကို ကိုယ်တော်ဂေါတမက အသိအမှတ်ပြုပေးလိုက်တာပါ။) ဟုတ်ကဲ့ပါ........ အဲဒီလိုပဲ အလ္လာဟ်ရှင်မြတ်အသိအမှတ်ပြု လက်ခံထားတဲ့ (သို့) သီးခြား လမ်းညွှန်ထားတဲ့ ကျင့်စဉ်နည်းလမ်းတွေ ဘယ်နှစ်ခုလောက်ရှိလဲဆိုတာကို မေးတာပါ။
    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ကိုသန်းဇော်လေး ပြန်ဖြေပါ့မယ်-
      ကျွန်တော်တို့ အနေနဲ့က ပထမဆုံး မေးခွန်းများ မေးထားတဲ့ ကောင်းကင်နဲ့ မြေကြီးကို မဖန်ဆင်းမှီ အလ္လာဟ် ဘယ်မှာ နေသလဲ ဆိုတာကို နားလည်နိုင်ဘို့ ပညတ်တွေ မဖြစ်မှီ ပရမတ်က ဘယ်မှာ ရှိသလဲဆိုတာ အရင် ရှင်းနေရတာပါ။ အဲ့ဒီ ကိစ္စကို အပြန် နားလည်ပေးနိုင်တဲ့ အဆင့်ကို ရောက်ပြီးရင် ကျင့်ဆောင်မှုပိုင်းကို ဆက်ဆွေးနွေးမှာ ပါ။ ဆွေးလည်း ဆွေးနွေး သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ လက်တွေ့ မကျင့်ဆောင်တဲ့ အပြောသက်သက်ကို အစ္စလာမ်က လုံးဝ တားမြစ်ထားပါတယ်။ ကျင့်ဆောင်မှုပိုင်းက အရေးကြီးတဲ့ အထဲမှာ ပါဝင်ပါတယ်။
      ကျင့်ဆောင်မှုပိုင်းမှာ လက်တွေ့ကျင့်ဆောင်ရသူတွေအကြား နည်းစနစ် ကွဲပြားမှုတွေ ရှိပါတယ်။ အဲ့ဒီ နည်းစနစ်တွေကို လွတ်လပ်စွာ ခွင့်ပြုပါတယ်။ ကျင့်စဉ်ရဲ့ နောက်ဆုံး အဆင့်ကို ရောက် လာတဲ့အခါ အခုပြောနေတဲ့ “ဘာသာတရား” ဆိုတာ မရှိတော့ပါ။ ဗုဒ္ဓဘာသာထဲက ဖြစ်စေ၊ ဟိန္ဒူထဲက ဖြစ်စေ၊ ခရစ်ယာန်ထဲက ဖြစ်စေ၊ ဂျူးထဲက ဖြစ်စေ၊ အစ္စလာမ်ထဲက ဖြစ်စေ- ဘယ်ခေါင်းစဉ်က မဆို တစ်ကယ်ကျင့်ကြံသူဟာ ပေါက်မြောက်နိုင်ပါတယ်။ ဒါကို အစ္စလာမ်က အတိအကျ ပြောဆိုပါတယ်။ ကုရ်အံ ၂း၆၂။ ကုရ်အံ ၂၂း၄၀ မှာလည်း တစ်ကယ်လက်တွေ့ ကျင့်ဆောင်နေတဲ့ မည်သည့်ဘာသာက ဘုရားကျောင်းများကို မဆို မဖျက်ဆီးရ၊ မနှောင့်ယှက် ရ၊ ဖျက်ဆီးနှောင့်ရှက်တဲ့ လူများကို လူဆိုးလူမိုက်များ အဖြစ် သတ်မှတ်ပြီး အသက်ပေး တော် လှန်တဲ့ အဆင့်ထိ ကျင့်ကြံရမယ်လို့ သွန်သင်ထားပါတယ်။
      Delete
    2. ဗုဒ္ဓဘာသာထဲက (အနီးစပ်ဆုံး မြန်မာပြည်မှာ) ပရမတ် ဘုရားကို တွေ့ပြီလို့ ၀န်ခံသွားတဲ့ ဆရာတော်က သဲအင်းဂူ ဆရာတော် ဖြစ်ကြောင်း သူ့ရဲ့ ဟောပြောဝန်ခံတာကို ကြားဘူး ဖတ်ဘူးပါတယ်။ ကျွန်တော်ကိုယ်တိုင် ဆရာတော်နဲ့ မဆုံဘူးတော့ တိကျတဲ့ သက်သေခံချက် ကို မပေးနိုင်ပါ။ ဒါပေမယ့် ဆရာတော်ရဲ့ ဟောပြောတဲ့ လေသံ၊ ပြောနည်းပြောဟန်၊ သွန်သင်မှုများကို ထောက်ချင့်ကြည့်ရင် ကျွန်တော် ကြုံဘူးတဲ့ မွတ်စလင်ထဲက ၀န်ခံသူများရဲ့ လေသံမျိုး၊ ပြောနည်းပြောဟန်မျိုးကို သွားတွေ့ပါတယ်။ ဒါကြောင့် ဟုတ်တယ်လို့ အသိအမှတ်ပြုပါတယ်။ မိတ်ဆွေအနေနဲ့ ဗဟုသုတ အဖြစ် ထပ်ဆင့် သိစေလိုတာက မွတ်စ လင်တွေဟာ ဘယ်ဘာသာက ကျင့်ကြံအားထုတ်သူကိုမဆို ဘယ်တော့မှ မပုတ်ခတ်ပါ။ ဒီတင်မက တတ်အားသမျှ ထောက်ပံ့ကူညီတာ များပါတယ်။
      ပရမတ်ဘုရားထိ ကိန်းဆိုက်သိမြင်သူများက အခြားသူများနဲ့ ကွဲပြားတဲ့ လက္ခဏာတွေ အများကြီး ရှိပါတယ်။ ဖြေးဖြေးချင်း ဆွေးနွေး လေ့လာယူပါ။ နို့မဟုတ်ရင် အတုတွေနဲ့ ထိနေမှာ စိုးလို့ပါ။ အချို့အကွက်တွေက မျက်လှည့်ဆရာများလည်း လုပ် ဆောင်နိုင်တာတွေ ရှိပါတယ်။
      Delete
  11. ကိုသန်းဇော်လေးရဲ့ ပြန်လည် ဆွေးနွေးချက်-
    လေးစားမှုနဲ့ ဆွေးနွေးပေးကြတဲ့ မိတ်ဆွေများကို ချီးကျူးလေးစားပါတယ်။ (Ko Thuriya , ကို Moe Theim ) Ko Thuriya ဆက်ဆွေးနွေးပေးမယ့် ကျင့်ကြံမှု အပိုင်းတွေကို စောင့်မျှော်လျက်ပါ။ ကို Moe Theim ရေ online ပေါ်မှာဆွေးနွေးကြတဲ့ လူတွေကတော့ လက်တွေ့ကျင့်ကြံအားထုတ်ရင် အားထုတ်ကြမယ်၊ ပေါက်မြောက်တဲ့ သူကတော့ မရှိနိုင်ပါဘူး။ (မြတ်စွာဘုရားက တရားကိုသိရှိသွားတဲ့ အခါမှာ တော်ထဲမှာနေပါသလား။နန်းတော်ကိုပြန်လာပါသလားခင်ဗျာ။ဘယ်နေရာမှာ သူဟောပြောရမဲ့သူ ရှိနေလဲ အဲ့ဒီနေရာကိုပဲပြန်လာပါတယ်။ဒါဆိုရင် ကိုသန်းဇော်လေး ကျွန်တော်ပြောတာကို လက်ခံနိုင်မလား ခင်ဗျာ။) မြတ်စွာဘုရားက ဘုရားရှင်တို့ရဲ့တာဝန်၊ ဘုရားရှင်တို့ရဲ့မဟာဂရုဏာတော်အတိုင်း လူတွေကို တရားပြဖို့ လာရတာပါ။ ဘုရားရှင်ရဲ့ ဆန္ဒတော်ကတော့ လူတို့နဲ့ကင်းရာမှာနေပြီး၊ တရားချမ်းသာနဲ့ သာ နေလိုတာပါ။ သာမန် အရိယာပုဂ္ဂိုလ်တွေတောင် လူတို့ဝေးရာကိုအလိုရှိပါတယ်........ ကျွန်တော်တို့လို သာမန်ပုဂ္ဂိုလ်တွေသာ။။။။။။။။။။
    http://www.facebook.com/groups/356945211025313/
    ReplyDelete
    Replies
    1. မှန်ပါတယ်။ တစ်ကယ်စိတ်သမာဓိကို ကျင့်ကြံနေစဉ်မှာ အတတ်နိုင်ဆုံး ဆိတ်ငြိမ်ဘို့ လိုပါတယ်။ အစ္စလာမ်မှာတော့ ဒီလို ကျင့်ကြံနိုင်ဘို့ အတွက် ပထမဦးစွာ လူတွေကို ဆွလာ့သ်ဆိုတဲ့ ကျင့်စဉ်နဲ့ တစ်နေ့မှာ ငါးကြိမ် နေ့စဉ် တည်ဆောက်စေပါတယ်။ ဥပုသ်သီလကိုလည်း အစာရှောင်ရေရှောင် ကျင့်စေပါတယ်။ ဒီအထဲမှာမှ စကားပြောရင် ဘယ်လိုပြော၊ စီးပွားရေး လုပ်ရင် ဘယ်လိုလုပ်၊ လူမှုရေးကို ဘယ်လိုလုပ်၊ အစားအသောက်ကို ဘယ်လိုစား- ဆိုတဲ့ အပေါ်ယံလေးတွေကို ဆက်တိုက် သွန်သင်ပါတယ်။ (ဒါတွေက စစ်တပ်တစ်ခုမှာ ဘယ်ညာ သင်တန်းမောင်းတဲ့ သဘောပါ။) အမြဲတမ်း သတိရှိနေအောင် သတိပဌာန်လို့ခေါ်တယ်။ ဒီလို လူပေါင်းများစွာထဲကမှ တကယ်တမ်း စိတ်သမာဓိ အားကောင်းဘို့ ရည်သန်တဲ့ လူတွေက စီစစ်ပြီး ပေါ်လာပါတယ်။ (ဆိုလိုတာက လူတိုင်းဟာ ၀ါသနာ မတူညီပါ။) စိတ်သမာဓိ အားကောင်းဘို့ ပရမတ်ဘုရားရှင်ရဲ့ ဂုဏ်တော်ကို အာနာပါဏထဲမှာထည့်ပြီး အကြိမ်ပေါင်း များစွာ လေ့ကျင့်ရပါတယ်။ ဂုဏ်တော်ဆိုတာ မှတ်ခြင်း တစ်မျိုးပါ။ အဲ့ဒီ ဘုရားကို တသခြင်း မဟုတ်ပါ။ အပြင်စိတ်တွေ လုံးဝ ငြိမ်သွား ငြိမ်းသွားအောင်ကျင့်ဆောင်ခြင်းပါ။ ဒီမှာ စိတ်အစဉ် မြင့်လာသည်နှင့်အမျှ ထိန်းပေးမယ့် ဆရာလိုပါတယ်။ (ဆရာက ကျင့်ကြံသူများ ထက် မြင့်နေဘို့ လိုပါတယ်။) နို့မဟုတ်ရင် မြင့်တက်သွားတဲ့ ဈာန်စိတ်မှာသာယာပြီး တဏှာဖက်သွားတတ်ပါတယ်။- ဒီလို ကျင့်နေစဉ်ကာလမှာ အားလုံးဟာ အနိစ္စ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမြဲသတိမလစ်စေအောင် ပြုကျင့်ရတယ်။ ဒါကို ဖနာ လို့ခေါ်ပါတယ်။
      ဒီလို ကျင့်စဉ်မှာလည်း ရှေ့စိတ်ကို နောက်စိတ်က လိုက်မမှီရင် လွဲချော်တတ်တယ်။ တနည်းအားဖြင့် သာမဓိပဲ အားကောင်း သွားပြီး (တန်ခိုးမြင့်ချင်မြင့်လာမယ်) သူ့မှာ ဉာဏ်စဉ်ပေါက်မြောက်မှုဘက်ကို သိမ်လှီသွားနိုင်တယ်။ နို့မဟုတ် စိတ်မနိုင်ဘဲ ဖေါက်သွားနိုင် တယ်။ ဒါကြောင့် ဒီအဆင့်တွေကို ကျင့်ရင် ကိုယ့်ကို ထိန်းပေးနိုင်မယ့် တစ်ကယ့် ဆရာစစ်၊ ဆရာကောင်း လိုနေပါတယ်။ အဲ့ဒီ အဆင့်တွေမှာ ဘာသာတရားဟာ ခေါင်းစဉ်မရှိပါ။ ဒါပေမယ့် လူတစ်သန်းမှာ တစ်ယောက်မျှသာ တရား ပေါက်နိုင်ပါတယ်။ ကျန်သူများက လမ်းခုလပ်မှာ ကျန်နေတတ်တယ်။ အချို့က စိတ်ဖေါက်သွားတယ်။ (ဒါတွေက ကျွန်တော့ ကိုယ်တွေ့ကို မြောက်များစွာ ကြုံခဲ့ပါပြီ။)
      Delete
    2. တရားရပြီ ဆိုတော့လည်း- အလုပ်က နှစ်မျိုးရှိသေးတယ်။ မိမိကိုယ်တိုင် တရားမှာ ပျော်မွေ့ သလို-။ သတ္တ၀ါတွေကို လည်း တရားထဲကို ပို့ဆောင်ရတော့မှာပါ။ သတ္တ၀ါတွေကို ပစ်ပါယ် ထားခြင်းဟာ “ပါဏာတိပါတ” တစ်မျိုးထဲမှာပါဝင်ပါတယ်။ “သူတစ်ပါး၏ ဘ၀ကို အရင်စလို ပစ်ပါယ်လိုက်ခြင်း” လို့ အဓိပ္ပါယ်ကို ပေးပါတယ်။
      ဒီမှာ
      (၁) အကုသိုလ်စီးနေသူများကို အကုသိုလ်မှ ကင်းအောင် ပြုပေးခြင်း-။ ဥပမာ မသိဘဲ လျှက် သို့မဟုတ် သူတစ်ပါးအား ပုတ်ခတ်ချင်ဇောနဲ့ သူတစ်ပါးရဲ့ အယူအဆ၊ သူတစ်ပါးရဲ့ ဘာသာများကို ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းသည်လည်း အကုသိုလ်ဖြစ်တယ်။
      (၂) လူလူချင်း ချစ်ခင်ညီညွတ်စွာ နေထိုင်ရေးကို ဖြိုခွဲတဲ့ အလေ့အကျင့်၊ ရန်လိုတဲ့ အလေ့ အကျင့်များဟာလည်း အကုသိုလ် ဖြစ်တယ်။
      (၃) တစ်ကယ့် ဉာဏ်စဉ်ဆောင်ဖြစ်တဲ့ ကိုယ်တော်ဂေါတမ၊ ကိုယ်တော်ယေရှု၊ ကိုယ်တော် မုဟမ္မဒ်- စတဲ့ ပုဂ္ဂိုလ်တို့အား စော်ကားပုတ်ခတ်ခြင်းဟာလည်း အကုသိုလ်ဖြစ်တယ်။
      (၄) ပြည်သူလူထု ငတ်မွတ်ခေါင်းပါးမှုဘေးကို ကြုံနေစဉ် မိမိသာ ကောင်းစားရေးဝါဒ စိတ်ရှိခြင်းဟာလည်း အကုသိုလ်ဖြစ်တယ်။
      (၅) အေးချမ်းသာယာတဲ့ အသိုက်အမြုံ (နိုင်ငံတစ်ခု)ကို ခွဲခြားလိုစိတ် ရှိခြင်းဟာလည်း အကုသိုလ်ဖြစ်တယ်။
      များစွာပါပဲ။ ဒီလို အကုသိုလ်တွေကို ဘယ်လို လျှော့ပါးလာအောင် လုပ်ဆောင်မလဲ ဆိုတဲ့ နည်းလမ်းများ လူထုကို ဖွင့်ပေးရပါမယ်။ သွန်သင်ပေးရပါမယ်။ လမ်းပြပေးရပါမယ်။ (သူတစ်ပါးကိုချည်း ပြောနေလို့ မရဘူး ကိုယ်ကိုယ်တိုင်က လက်တွေ့ လုပ်ဆောင်ပြနေရ မှာ ဖြစ်တယ်။) ဒါတွေလည်း အများကြီးပါ။
      Delete
    3. အခု မိတ်ဆွေပြောသလို အွန်လိုင်းမှာ ကျင့်ကြံမှု သမာဓိမရှိပါ။ ဒါပေမယ့် ကျင့်ကြံလိုစိတ် ရှိလာအောင်၊ အကုသိုလ်စိတ်များ ကင်းလာအောင် ပြောဆိုရှင်းလင်းဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ်။ နို့မဟုတ် ဒီအတိုင်း လွှတ်ထားရင် အကုသိုလ်စိတ် ဖုံးဖိထားသူများရဲ့ သြ၀ါဒများ၊ လှုံ့ဆော်ချက်များက လူထုကို စိမ့်ဝင်နိုင်ပါတယ်။
      မိတ်ဆွေကဲ့သို့ တစ်ကယ့် သမာဓိကိုသာ အာရုံကျသူများကိုလည်း အွန်လိုင်းထဲမှာ ဓမ္မမိတ်ဆွေအဖြစ် တွေ့လာရနိုင်ပါတယ်။ မိတ်ဆွေလို ပုဂ္ဂိုလ်မျိုးတွေကို ကြိုဆိုပါတယ်။
      ကျွန်တော်မကြာခဏ ပြောနေပါတယ်။ ဘာသာရေးရဲ့ နောက်ဆုံး အဆင့်များမှာ ခေါင်းစဉ် မရှိပါ။ မယုံရင် မိတ်ဆွေးအနေနဲ့ မိတ်ဆွေယုံကြည်ရာ ဘာသာအတိုင်း အာနာပါဏ ကျင့်ကြည့်ပါ။ နောက်ဆုံးမှာ အကုန်ပျောက်သွားတဲ့ အဆင့်ကို ရောက်လာမယ်။ မိတ်ဆွေရဲ့ အသိအာရုံထဲက ဗုဒ္ဓလည်း ပျောက်သွားမယ်၊ အလ္လာဟ်လည်း ပျောက်သွားမယ်။
      အဲ့ဒီ “ငါ” ပျောက်သွားတဲ့ အဆင့်မှာ တစ်ခု (စကားလုံးနဲ့ ဖေါ်မပြောနိုင်တဲ့ တစ်ခု) ကိန်းဆိုက်လိမ့်မယ်။ အဲ့ဒီ အခါမှာ ပကတိအဖြူထည်လို့ ပြောရမယ့် အခြေအနေကို ရောက် လာလိမ့်မယ်။ လောက စကားလုံးနဲ့ ဘာမှ မရှိတော့ပါ။ ဒါပေမယ့် ပရမတ်ပဲ ရှိနေလိမ့်မယ်။
      လူအားလုံးဟာ အတူတူပါပဲ။ လောကီအာဏာလုမှု အောက်မှာ ကွဲပြားနေတဲ့ ခွဲခြားခံနေရတဲ့ မျိုးနွယ်များ၊ လိင်ဖို လိင်မများ၊ ဆင်းရဲ ချမ်းသာများကို ဘာသာရေးခေါင်းစဉ်များ- ဒီလူတွေကို ဘယ်လို သွန်သင်မလဲ ဆိုတာတာ မိတ်ဆွေကိုယ်တိုင် ဆင်ခြင်ပေါ့။ (လိုအပ်ရင် တရားရနိုင်တဲ့ ဘယ်စကားလုံး ဘယ်ဥပမာ ဘယ်လေသံနဲ့ မဆို စကားပြောရတော့မှာပဲ ဆိုတာ တွေ့လာပါလိမ့်မယ်။ ဓါတ်ခံကတော့ ဘယ်သူ့ကိုမှ မနစ်နာစေလိုတဲ့ စေတနာ နဲ့ မေတ္တာပဲအရေးကြီးပါတယ်။
      လေးစားစွာဖြင့်
      သူရိယ
      http://www.facebook.com/groups/356945211025313/
      Delete
  12. ကျန်ဆွေးနွေးချက်များကို Facebook မှာ ၀င်ရောက် ဖတ်ရှု ဆွေးနွေးနိုင်ပါကြောင်း-
    http://www.facebook.com/groups/356945211025313/permalink/358428110877023/
    ReplyDelete
  13. ဘာနည်းလမ်းမှ မရှိရင် မရှိပါဘူးလို့ဖြောင့်ဖြောင့်မှန်မှန်ဝန်ခံရင်လေးစားမိပါဦးမယ်။ အခုကျတော့
    ReplyDelete
  14. အတိတ်ဘ၀က ပါရမီရှိခဲ့လို့ အကျိုးပေးကောင်းပြီး ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်ကြီးထဲမှာလူလာဖြစ်
    ခွင့်ရကြပြီး အခြားအထုံအစွဲအလမ်းတစ်ခုကြောင့် အစ္စလာမ် ခရစ်ယာန် အစရှိသော ဘာသာခြားမိဘများ ၀င်စားရသောလူချို့သည် ဗုဒ္ဓ၀ါဒတွင်ရှိသော ၀ိပဿနာအကြောင်းကို တွေ့ခွင့်ဖတ်ခွင့်ရပြီးလျှင် မိမိတို့၏
    မွေးရာပါအတ္တကို မခြေဖျက်နိုင်သဖြင့် ဘာသာကူးပြောင်းခြင်းမပြုနိုင် မပြုရဲကြစေကာမူ မည်သူ့ကိုမှအသိ
    မခံဘဲကြိတ်၍ ကမ္မဋ္ဌာန်းတရားများကို အစ္စလာမ်ယောင်၊ ခရစယာန်ယောင်ပြုကာ ခိုးချောင်ခိုးဝှက်ကျင့်ကြံ
    ကြလျှက် မိမိတို့၏ဘ၀ကို အဆုံးသတ်ကြရရှာလေသည်။ ထိုအခါ ထန်းလျက်စားမိသောသူသည် မည်သည့်ဘာသာ မည်သည့်လူမျိုးဖြစ်စေကာမူ အချို့အရသာကိုခံစားသွားရသကဲ့သို့ ၎င်းတို့သည်လည်း တစ်စုံတစ်ခုသော အကျိုးကိုရရှိသွားသည်သာ။ သို့သော် ဤဖြစ်ရပ်မျိုးသည်လွန်စွာ အခြေခံကျလေ၏။ အထင်ကြီးလောက် မက်မောလောက်သော ကိစ္စကားမဟုတ်ပါပေ။
    ReplyDelete
    Replies
    1. မင်္ဂလာပါ ကိုမြတ်သုခ
      မိတ်ဆွေ ရေးသားတဲ့ ရိုင်းစိုင်းသောဘာသာတရားတစ်ခုကို ယုံကြည်သောသူဖြစ်စေကာမူ ဆိုတဲ့ စာကြောင်းဟာ မိတ်ဆွေရဲ့ စိတ်ဓါတ်ဟာ အင်မတန်မှကို အောက်တန်းကျ လွန်းကြောင်း ဖော်ပြနေပါတယ်.... ဘာသာတရားတခုကို မိမိကိုယ်တိုင် အတွင်းကျကျ လေ့ လာနိုင်အောင် မရှိဘဲ လက်ရှိအမြင်၊ ကြားဖူးနားဝတွေနဲ့ ဘာသာတရားတခုကို စော်ကားနေခြင်းဟာ မိတ်ဆွေရဲ့ အဆင့်အတန်းနဲ့ ယုံကြည်မှုတွေဟာ လစ်ဟပြနေပါတယ်...
      ကျွန်တော် ဘာသာတရားများအားလုံးကို လေ့လာပြီးမှ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်သူပါ...
      မည်သူနှင့်မဆို ဘာသာရေး အယူပြောင်းကြေး ဆွေးနွေးဖို့လည်း အဆင့်သင့်ပါ...
      မိတ်ဆွေရဲ့ သိမ်ဖြင်းတဲ့ အသုံးအနှုံးနဲ့ စော်ကားလိုက်တဲ့ ဘာသာတရားဖက်မှ မားမားမတ်မတ် ရပ်တည်ကာ မိတ်ဆွေတို့ နူးညံသိမ်မွေ့ပါတယ်ဆိုတဲ့ ဘာသာတရားအား ဆွေးနွေးပါ့ရစေ...
      ဆွေးနွေးမယ်ဆိုရင် လူယဉ်ကျေးဖြစ်ဖို့တော့ လိုပါလိမ်မယ်.... အချိန်ရရင် ဒီကွန်မန့်အတွက် စာပြန်ပေးပါအုံးမယ်...
      သူရိယ
      Delete
    2. မြတ်သုခ အနေနဲ့ တစ်ခြားတစ်ဦးကို အတ္တကြီးတယ်လို့ ပြောင်းပြန်ပြောနေတယ်ဗျာ။
      နိုင်ငံရေးလုပ်- အဓိကရုန်းများမှာ ဦးဆောင်ပြီး ဘာသာခြားများကို ရိုတ်ထောင်း သတ်ဖြတ်တတ်တဲ့ ဘုန်းကြီးများကို ကြည့်ရင် ဗုဒ္ဓဘာသာ ဆိုတာလည်း ရွံစရာ ဖြစ်နေပါတယ်။ ဒီလိုပဲ ဘယ်ဘာသာမှာ မဆို သိမ်မွေ့စွာ နေထိုင်ပြောဆိုဘို့ သွန်သင်တာချည်းပါပဲ။ ဒီလို သင်နေလျှက်နဲ့ နိုင်ငံရေး ထဲပါဝင်တဲ့ လူတစ်စုကိုကြည့်ပြီး- အစ္စလာမ်တွေက မကောင်းဘူး ဆိုးတယ်- လို့ ကြားဘူးနားဝကို အခြေခံပြီး မဆင်မခြင် လျှောက်ပြောနေကော- ဗုဒ္ဓ၀ါဒအရ အာပတ်ကင်းရဲ့လား။
      ကျွန်တော်ရဲ့ ပြောဆိုမှုများဟာ အစ္စလာမ်သာသနာက သွန်သင်တဲ့ ပြောဆိုမှုများ ဖြစ်ပြီး- မြတ်သုခရဲ့ ပြောဆိုမှုများက ဗုဒ္ဓဘာသာရဲ့ ပြောဆိုမှုများ ဖြစ်တယ် ဆိုတာ အခြေခံကျကျ နားလည်သင့်ပါတယ်။
      Delete
  15. a muslim ဆွေးနွေးချင်ပါတယ်။ စစ်မှန်တဲ့ အယူဝါဒကို လက်ခံပြောင်းလဲစေချင်ပါတယ်။ကိုရအာန်ကျမ်းချက်တွေကို လည်း ဖက်ပြီးလောက်မှာပါ။ဘာသာပေါင်းစုံလေ့လာပြီးမှ ၀င်လာတယ်လို့ပြောတယ်။စစ်နဲ့စခဲ့တဲ့ ဘာသာတရားကို သိနိုင်လောက်မှာပါ။ ဆက်ဆွေးနွေးချင်ပါတယ်။
    ReplyDelete
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)