Tuesday, May 29, 2012

သမိုင်းဟူသည် (ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့် ကျမ်းငယ်)

၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာ "ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်" လို့ အမည်ရတဲ့ စာအုပ်တစ်အုပ် ထက်ရှိခဲ့ပါပြီ။ အဲဒီ စာအုပ်ကိုရေးသားတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော် ရဲ့ဘွဲ့အမည်ကတော့ ဘဒ္ဒန္တကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော်ကတော့ အဲဒီစာအုပ်ကို သမိုင်းစာအုပ်လို့ ဆိုထားပါတယ်။ စာအုပ် မျက်နှာဖုံးမှာ ကို "သမိုင်းရေးတာ မအအောင်လို့ပါ" လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။

အဲဒီစာအုပ်ကို အစအဆုံး သေချာ အနုလုံပဋိလုံ ဖတ်ကြည့်ပြီးနောက် အလွန်ကို ဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်း ကြီးစွာ လည်း ဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်....... စာရေးသူ ဆရာတော်ဟာ သမိုင်းပညာ ရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင် မဟုတ်ဟုသာ ယူဆမိပါသည်။) အတွက် သမိုင်းကြောင်းတွေကို နားမလည်တာ၊ အလွဲအမှားတွေ ရေးတာ ဟာ မထူးဆန်းလှပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ်ပညာ တတ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီးတစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခဲ့တဲ့ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန် (အငြိမ်းစား သမိုင်း ပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထား ပါတယ်။) ဖြစ်နေ လို့ပါဘဲ။

အဲဒီ သမိုင်းစာအုပ်ဆိုတဲ့ စာအုပ် အမှာစာစာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်း ဖြတ်ပေးခဲ့တဲ့
ဆရာကြီးများရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီ အမည်စာရင်းပါ ဆရာကြီးများရဲ့ အမည်တွေကို ကူးယူဖော်ပြပေးချင် ပါတယ်။


၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်
၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘဲဂျွန်
၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်
၎။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်း အုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊
၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ) ဆရာကြီး ဦးထွန်းအောင်ချိန်

အဲဒီလို ခေတ်ပညာတတ် လူကြီးလူကောင်း ဆရာကြီးများနဲ့ ခရစ်ယျာန် အဖွဲ့အစည်းတွေက လေးစားအပ်တဲ့ ပညာရှင်များ ကိုယ် တိုင်က စာမူကို ဖတ်ရှုတည်းဖြတ်ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်းအကြောင်းအရာ အတော်များများဟာ အလွဲကြီး လွဲနေကြောင်း သိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့် ဝမ်းနည်း မိပါတော့တယ်။

ကျွန်တော် သမိုင်းပညာရှင်တစ်ဦး လုံးဝမဟုတ်ပါဘူး။ သို့သော် သမိုင်းပညာရပ်နဲ့ ပညာရှင်တွေကို ချစ်ခင်ပါတယ်၊ လေးစားပါ တယ်။ ဒါကြောင့် သမိုင်းပညာရပ်ကို အလွတ်တမ်း လေ့လာလိုက်စား ဖြစ်ပါတယ်။ ကျွန်တော် လေးစားရတဲ့ မြန်မာနိုင်ငံက သမိုင်း ပညာရှင်ကြီး တွေထဲက ပညာရှင်ကြီးအချို့ရဲ့ အမည် တွေကိုရွတ်ပြရရင်ဖြင့်.....

၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း
၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်
၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်
၎။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း
၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်

စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်း ကျွန်တော် သမိုင်းအပေါ် သစ္စာ တည်ချင်ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့မှာ အလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေ လိုက် ရင်တော့ သမိုင်းကို သစ္စာဖောက်တ့၊ဲ မတည်ကြည် မဖြောင့်မတ်တဲ့ လူသားတစ်ယောက်အဖြစ်ကို ရောက်ရှိသွား မှာဘဲလို့ ခံယူ ထားပါတယ်။ အဲဒီအဖြစ်မျိုး ရောက်မှာကိုတော့အလွန်ရွံကြာက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာ သာအယူဝါဒ တစ်ခုကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင်ရာလိုက်ပြီး အလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကို သိသိကြီးနဲ့ အမှန်ပြင်မပေးမိရင် နောင်လာနောက် သား မျိုးဆက်တွေအပေါ် ကြီးမားစွာ လွန် ကျူးခြင်းဘဲဖြစ်မယ်ဆိုတာ ဖြောင့်မတ်တဲ့ လူသားတိုင်း သဘောတူမယ်လို့ ယုံကြည်မိပါတယ်။

ဒေါင်းရန်-
ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့် ကျမ်းငယ်)
ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် ( ဘဒ္ဒန္တကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ရေးသားထားသည့် မူရင်း အလွဲသမိုင်း စာအုပ်)

Scribd မှ တိုက်ရိုက် ဖတ်ရန်-
ကလစ် နှိပ်ဖတ်ပါ-

ရဲရင့်သစ္စာ

Credit: ရဲရင့်သစ္စာ
Source: MMSY


ကျွန်တော် ကြိုက်တဲ့ ဒေါက်တာသန်းထွန်းရဲ့ စာသားလေးတချို့ ကူးထည့်ပေးလိုက်တယ်-


သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)

သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။ (ဒေါက်တာ သန်းထွန်း)

Thamine Hu The

23 comments:

  1. မြန်မာ့သမိုင်းကို ကုလား လာဝင်မပါတာကောင်းတယ်ကွာ အေးဆေးနေပါ မင်းတို့ကုလားတွေ ရှုပ်တာများလာပြီ လူယုတ်မာမျိုး ကုလားတွေ

    ReplyDelete
  2. မင်းတို့ကုလားတွေ ဘာမှ သေချာ မသိဘဲ တတ်ယောင်ကန်းနဲ့ ဘာသာရေးပါ စော်ကားနေတယ် တော်တော် ယားနေလား ဖိုက်မလားကွ

    ReplyDelete
    Replies
    1. ဖိုက်ရအောင် ကျွန်တော်တို့တွေဟာ လူမိုက် မဟုတ်ပါဗျာ... သမိုင်းကို အထောက်အထား အတိအကျနဲ့ ပြန်ချေပထားတာကို စာဖတ်ပရိသတ်များကို သိအောင် ပြန်လည် တင်ပြခြင်းပါ..

      အဲဒါကို ကျွန်တော်တို့ရဲ့ ပြန်ရှင်းလင်း ချေပချက်ဟာ မှားယွင်းနေတယ်... လိမ်ညာထားတယ် ဆိုရင်လည်း အထောက်အထားနှင့် တကွ ပြန်လည် ချေပ ဆွေးနွေးနိုင် ပါတယ်..

      အခုလည်း ကျွန်တော်တို့တင်ထားတာ ကျွန်တော်တို့ရဲ့ ချေပချက် စာအုပ်တအုပ်တည်း မဟုတ်ဘဲ မူရင်းစာအုပ်ကိုပါ တွဲတင်ထားတာပါ... ဒါဟာ ကျွန်တော်တို့တွေဟာ လူလိမ်လား? လူညာလား ဒါမှမဟုတ် လူမှန်လား ဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်မှန် ကို ဖော်ကျူးနေပါတယ်..

      ကျွန်တော်တို့က တစ်ဦးနဲ့ တစ်ဦး ဘာသာတစ်ခုနဲ့ တစ်ခု မမျှမတ ပုတ်ခတ်ပြော ဆိုတာမျိုးကိုပဲ ကာကွယ်ဘို့ ကြိုးစားခြင်းပါ။ ဘယ်သာကိုမှ မဟုတ်တမ်းတရား စွပ်စွဲ ပုတ်ခတ်နေခြင်းများ မဟုတ်ပါ။

      ကျွန်တော်တို့ကလည်း ရှင်းချင်လို့ လိုက်ရှင်းနေရတာ မဟုတ်ပါ။ ကျွန်တော်တို့ လက်ခံယုံကြည်ထားတဲ့ သာသနာကို ဖျက်လိုဖျက်ဆီး လုပ်နေသူများကို ပြန်လည် ဖြေရှင်းနေရခြင်းပါ...

      လက်ရှိ မိတ်ဆွေရေးသွားတဲ့ ကွန့်မန့်ကိုဘဲ ကြည့်ပါ... မိတ်ဆွေရဲ့ အဆင့်အတန်းကို ဖော်ညွှန်းနေပါတယ်... စာဖတ်ပရိသတ်က မိတ်ဆွေ ဘယ်အဆင့်အတန်းရှိ သလဲဆိုတာ သတ်မှတ်ပေးသွားပါလိမ့်မယ်...

      တခုပြောချင်တာက- လူတွေဟာ ဘယ်မျိုးရိုး-၊ ဘယ်လိုသွန်သင်ခဲ့တဲ့ ဆရာတော်များဆီက ဆင်းသက်လာတယ်ဆိုတာ ကိုယ့်ကိုယ်တိုင်ပဲ ဖော်ပြကြပါတယ် ဆိုတာဘဲ...

      Delete
    2. ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာမှရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာမှ အသက် ၂၆ နှစ် အရွယ်သာ ရှိသေးသော
      မသီတာထွေးကို မေလ ၂၈ ရက်နေ့က မုဒိမ်းကျင့်ပြီးနောက် ရက်ရက်စက်စက်
      သတ်ဖြတ် လိုက်ရသည်။ မသီတာထွေးကို မေလ ၂၈ ရက်နေ့က မုဒိမ်းကျင့်ပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ် လိုက်သည်။(ပုံ)
      မုဒိမ်းကျင့်သူ(၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။
      မင်းတို့သတင်းတွေ တော်တော် ကြီးနေပြီ

      Delete
    3. ခရစ်ယာန်ဘုရားကျောင်း၌ ကချင်အမျိုးသမီးအား မြန်မာစစ်တပ်မှ အဓ္ဓမပြုကျင့်
      သောကြာနေ့၊ မေလ 18 ရက် 2012 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

      မြန်မာအစိုးရစစ်သားများမှ ဖမ်းဆီးရိုက်နက်ပြီး အုပ်စုလိုက် အဓ္ဓမပြုကျင့်ခြင်းကို ခံရသော အသက် ၄၈ နှစ် ဒေါ်ငွှါးမီ။
      လုပီရွာမှ ကလေး (၁၂)ယောက်၏ အဘွား ဒေါ်ငွှါးမီ (နာမည်အစစ် မဟုတ်)သည် မေလ ၁ ရက်နေ့တွင် သူ့မ၏ရွာသို့ မြန်မာစစ်တပ် ခမရ ၃၄၇ နှင့် ခလရ ၁၁၈ ပူပေါင်းစစ်ကြောင်းမှ စစ်သားများ ၀င်လာသည် ကိုကြောက်ရွံ့သဖြင့် ရွာ ဘုရားကျောင်းဝင်းတွင် သူမတဦးတည်း တိမ်းရှာင်နေစဉ် စစ်သားများတွေ့ရှိပြီး ဖမ်းဆီး ရိုက်နက်၊ ဓါးမြောက်ဖြင့်ထိုးကာ သတိလစ်သည်ထိ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

      အစိုးရစစ်သားများမှ ၎င်း အမျိုးသမီး၏ခန္ဒာကိုယ် နေရာမရွေး ထုနက်ရိုက်နက်ပြီးနောက် သူမ လဲကျသွားစဉ် အ၀တ်အစားများချွတ်ပြီး စစ်သားများ ၀ိုင်းရံထားကာ အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့သည်ဟု ထုတ်ပြန်ချက် ကဆိုသည်။

      ဒေါ်ငွှါးမီအား အဓ္ဓမပြုကျင့်နေသည်ကို မြင်တွေ့ခဲ့သည့် ကိုယ်တပိုင်းသေနေသော ဇနီးသည်အား ကျောပိုးလာသူ အသက် (၅၉)နှစ် ဦးယိုးတဂွေ ကိုလည်း အစိုးရစစ်သားများ ဖမ်းဆီးကာ ငွှါးမီနှင့်မလှမ်း မကမ်းရှိ သစ်ပင်တွင်ချည်တုတ်ထားပြီး တုတ်နှင့်ရိုက်၊ သေနတ်ဒင်နှင့်ထု၊ ညာဘက်ပါးနှင့် နံရိုးတွေမှာ ဓားနှင့်ထိုးပြီး ဘယ်ဘက်ပေါင်တွင် ဓါးမြောင်နဲ့ ထိုးခဲ့သည်ဟု အစီရင်ခံစာက ဖေါ်ပြသည်။

      သုံးရက်ကြာ မြန်မာစစ်သားများ ထိုသို့ကျူးလွန်ပြုလုပ်ပြီး ပစ်ထားခဲ့သည့် သတိရလိုက်၊ မရလိုက်မေ့မျော နေသည့် ဒေါ်ငွှါးမီနှင့် ဦးယိုးတဂွေ တို့အား မေလ ၄ ရက်နေ့တွင် အခြားရွာသားများတွေ့ရှိပြီး နီးစပ်ရာ ပန်ဝါဆေးရုံသို့ ပို့လိုက်သည်။

      ယခုချိန် အဓ္ဓမပြုကျင့်ခံရသည့်အမျိုးသမီးမှာ စိတ်ဝေဒနာခံစားနေပြီး လူများကိုမြင်တွေ့တိုင်း ကြောက်လန့်  ထိတ်လန့် ခြင်း၊ စကားပြောခြင်း မရှိပဲ စိတ်ဂနာမငြိမ်ဖြစ်နေခြင်းကြောင့် လုံခြုံသည့်ဆွေမျိုးနေအိမ်တွင် နေထိုင်စေသည်ဟု KWAT (Kachin Women’s Association of Thailand) မှ ဒေါ်ရှယ်လီဆိုင်းက ပြောသည်။

      “အစကတော့ သူ့မကို ကျမတို့ဆီကလူသွားပြီး ဒီကို (ထိုင်းနိုင်ငံ) ခေါ်လာဖို့လုပ်တယ်။ ဒါပေမဲ့ အခုသူက စိတ်ကရောင် ခြောက်ခြားဖြစ်နေတယ်။ ဒါကြောင့် ခေါ်လို့မဖြစ်ဘူးလေ။ အဲဒါကြောင့် လုံခြုံတဲ့ သူတို့ဆွေမျိုး တွေ အိမ်မှာ ပြုစုထားတယ်။” ဟု ပြောသည်။

      ဧပြီ ၂၇ တွင် လုပီ အခြေစိုက် နယ်ခြားစောင့် တပ်ရင်း ၁ဝဝ၂ နှင့် မြန်မာစစ်တပ် ပူးပေါင်း တပ်များက နယ်ခြားစောင့်တပ်ထိန်းချုပ်သော ပန်ဝါမြို့ကို ၀ိုင်းထားသည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ၎င်းရွာအနီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယင်းနောက် ယခုလို မြန်မာအစိုးရစစ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ် လာသည်။

      ယမန်နှစ် အောက်တိုဘာလက ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျား အား ပြန်ပြေးဆွဲပြီး အုပ်စုလိုက် အဓ္ဓပြု ကျင့်ခဲ့သည့် အစိုးရစစ်သားများကို အရေးယူပေးရန် နေပြည်တော် တရားရုံးချုပ်သို့ လျှောက်ထားသည့် အမှုကို တရားရုံးချုပ်က မတ်လက ပယ်ချခဲ့သည်။
      ယခု အပြုအမူပေါ် KWAT တာဝန်ခံ မ မွန်းနေလီ က “နေပြည်တော် တရားရုံးချုပ်ရဲ့ သတင်းစကားဟာ ရှင်းလင်းပါတယ်။ မြန်မာစစ်သားများ အရေးယူမခံရဘဲ တိုင်းရင်းသားအမျိုးသမီးများကို အဓ္ဓပြုကျင့်၊ သတ်ဖြတ် နိုင်ခြင်းပါပဲ။” ဟု ခေါ်ဆိုလိုက်သည်။

      ယမန်နှစ် ဇွန် ၉ ရက်မှစပြီး မြန်မာအစိုးရက ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ရာတွင် စစ်သားများ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓ္ဓပြုကျင့် သတ်ဖြတ်ခြင်းနှင့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ပြုလုပ်နေကြောင်း နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့များက အစီရင်ခံစာများ ထုတ်ဝေခဲ့သည်။

      အမျိုးသမီးများအား အဓ္ဓမပြုကျင့်ခြင်းအပေါ် လက်နက်သဖွယ်အသုံးပြုခြင်းနှင့် ကချင် ထိုးစစ်ကို ချက်ချင်း ရပ်ပေးရန် မြန်မာအစိုးရသို့ KWAT က တောင်းဆိုလိုက်သည်။
      http://burmese.bnionline.net/index.php/news/kng/10441-2012-05-18-14...

      Delete
    4. http://www.demowaiyan.org/2012/05/blog-post_06.html

      မွန်ပြည်နယ် အတွင်း လူကုန်ကူးမှုနှင့် ဆက်စပ်နေသော မိန်းကလေးငယ် အသတ်ခံရမှု ဆိုပြီး
      ပေးပို့လာတဲ့ စာအား ဖော်ပြလိုက်ပါတယ်..။

      အရာရာကို ဘာသာရေးနဲ့ လိုက်မတိုင်းနဲ့ ကိုယ့်လူ၊ ဘာသာတိုင်းမှာ ကောင်းတဲ့သူ ရှိသလို၊ မကောင်းတဲ့သူလည်း ပါစမြဲပါ... ဒါကို အသိဥာဏ်ရှိသူတိုင်း နားလည်ကြတယ်...

      Delete
    5. ရေနံချောင်းတွင် အမျိုးသမီးတဦးကို အဓမ္မပြုမှုဖြင့် စွပ်စွဲခံရသော ခလ၇ ၇၇ မှ တပ်သား မောင်မောင်ချေ

      http://www.thettantvillage.org/talks/5565658

      Delete
    6. ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ အသက် (၁၃)နှစ်အရွယ် မသန်မစွမ်း ဒုက္ခိတ အမျိုးသမီးငယ်လေးကို မြန်မာစစ်တပ်မှ အတင်းအဓမ္မ ပြုကျင့်-
      http://www.burmese.bnionline.net/index.php/news/kantarawaddy/1803-2009-05-18-18-29-35.html

      Delete
    7. http://travelnewsworld.blogspot.com/2012/02/re_3826.html

      Delete
    8. ဘာသာတရားတစ်ခုရဲ့ စံနှုန်းတွေကို မိရိုးဖလာ အမည်ခံ ဘာသာဝင်တွေရဲ့ လုပ်ရပ်ဆိုးတွေနဲ့ တိုင်းတာလို့မရပါဘူး။ အစ္စလာမ်တရားတော်မှာ ဇေနာ မတရားကာမမှုကို လုံးဝတားမြစ်ထားပြီး မကျူးလွန်စေရန် တရားသော အိမ်ထောင်မှု၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဇိကိရ်ပြု အလ္လာဟ့်အား တမ်းတသတိရခြင်း၊ ကိုယ်ကျင့်တရား စသည့် အကျင့်ကောင်းများကို လမ်းညွှန်ထားပြီးဖြစ်ပါတယ်။ မတရားကာမမှုကျူးလွန်သူကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ ပြစ်ဒဏ်ပေးဖို့ ပြဌာန်းထားပြီးသားပါ။ မတရားသော လူအသက်သတ်ဖြတ်ခြင်းကိုလည်း လုံးဝတားမြစ်ထားပြီး ထိုကဲ့သို့ မတရားသဖြင့် အသက်တစ်ချောင်းအား သတ်ဖြတ်ခြင်းသည် လူသားအားလုံးကို သတ်ဖြတ်သကဲ့သို့ပင် (ကြည့် ကုရ်အာန်ကျမ်းတော်မြတ် ၅း၃၂)ဟု သွန်သင်ထားပြီး ပြင်းထန်စွာ အရေးယူဖို့လည်း မိန့်ကြားထားပြီးသားပါ။ အမည်ခံ မိရိုးဖလာ ကိုးကွယ်သူတွေရဲ့ လုပ်ရပ်ဆိုးကို ကြည့်ပြီး ဘာသာတရားတစ်ခုကို သွားဆုံးဖြတ်မယ်ဆို ဘယ်ဘာသာတရားမှ အကောင်းရှိမှာ မဟုတ်ပါဘူး။ အဲ့ဒီလို ဆုံးဖြတ်တဲ့ သူဟာလည်း မျက်မှန်စိမ်းတတ်ထားတဲ့ မျက်ကန်း အတ္တသမားပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံက ထောင်တွေထဲမှာ ဗုဒ္ဓဘာသာဝင်တိုင်းရင်းမိန်းကလေးတွေကို ဖျက်ဆီး သတ်ဖြတ်ပြီး ထောင်ကျနေတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ထုနဲ့ ဒေးပါ။ အဲ့ဒီလူတွေရဲ့ လုပ်ရပ်တွေ အတွက် ဗုဒ္ဓဘာသာကို သွားယိုးသူက ရူးနှမ်းသူသက်သက်ပဲ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ အစ္စလာမ်မှာလိုပဲ ဗုဒ္ဓဘာသာမှာလည်း သူတစ်ပါးသားမယားကို မပြစ်မှားဖို့ ငါးပါးသီလအနက် သီလတစ်ပါးအနေနဲ့ ဟောကြားသွန်သင်ထားပြီးဖြစ်လို့ပါပဲ။ လူဆိုးတွေရဲ့ လုပ်ရပ်နဲ့ ဘာသာတရားရဲ့ စစ်မှန်တဲ့ သွန်သင်မှုကို ခွဲခြားသိတတ်လောက်အောင်တော့ ဥာဏ်ရှိသင့်ပါတယ်။

      Delete
  3. http://goldenmyanmarparadise.ning.com/profiles/blogs/5620648:BlogPost:1346804?commentId=5620648%3AComment%3A1347399&xg_source=msg_com_blogpost

    ReplyDelete
    Replies
    1. Buddhist Youths Attacked Chin Christians in Chin State

      (Source: MIMU)

      28 May 2012: Nine local Buddhist youths interrupted a Christian service and physically attacked worshipers in Nga-Shaung (Ng' Ghong) village, Mindat Township of Chin State last Wednesday.

      The Chin Buddhists entered Pu Kee Law's house 'uninvited' where a worship service was held around 8pm at night by members of the Gospel Baptist Church (GBC), violently beating up the Christian leaders including Rev. Ling Thang, Rev. Ling Tam and Saya Mnai Ling.

      One of the local Christian leaders, who eye-witnessed the incident, said: "The Buddhist youths came into Pu Kee Law's house suddenly and ordered the worship service to stop. Then, they started attacking the worship leaders."

      "Some [Buddhist youths] grabbed Rev. Ling Thang's hairs, shook his head and punched him all over his body while others kicked Saya Mnai Ling, music leader. They hit and broke the guitar into pieces," added the Christian leader.

      Rev. Ling Thang, who is in his 50s, got minor head injuries while the 22 year-old Christian music leader was said to have his nose broken and bleeding in an unprovoked attack.

      The nine Buddhist youths led by Pu Mnai Khui Shing pointed their fingers at the Christian leader, saying: "You, Christians, said your God can save you, where is your God to save you now? We do not want Christians in this village. You all Christians get out of this village."

      Pu Kee Law was threatened to lock his house and get out of the village by Pu Mnai Khui Shing during the incident, according to an eye-witness.

      The 40-year-old house owner reported details of what had happened during the Christian worship service to the Mindat Police Station on 25 May 2012.

      Since last Saturday, three police officers have been assigned to start hunting down the nine Chin Buddhists in Nga-Shaung village and its surrounding areas.

      Buddhist leader Mnai Khui Shing has been accused of repeatedly throwing verbal abuses against local Christians and harassing some Christian family members in the past, according to local sources.

      One of the Chin Christian government employees said: "What had happened at the house of Pu Kee Law was unfair and discriminatory. He wants justice and reported the case to the police. As Burma has been claimed as a democratic country now, there must be freedom of worship."

      The Buddhist attackers include Pu Mnai Khui Shing, a married man in his 30s, Naing Thang, Thang Ha Om, Khui Shing Mang, Ha Thang and Khui Shing Ling in their 20s, and three teenagers, Mnai Khawlam, Om Hning and Kee Thung.

      Pu Mnai Khui Shing has been claimed to have intentionally recruited the other eight Buddhists to disrupt the worship service and commit violent assaults against Chin Christian worshipers.

      The fresh physical attack against Chin Christians took place while Rev. Ling Tam, a guest speaker, was preaching at a night worship service to a congregation of 15 Christian believers.

      Cho-Chin village, Nga-Shaung, in southern parts of Chin State is comprised of 92 households in two blocks, the old Nga-Shaung and the new Nga-Shaung (Mading or Mdüng) with 5 Christian families. The rest of the villagers are Animists and Buddhists with a Buddhist monk from Naungcho Town of Shan State working as their missionary since late 2011.
      ________________________________________

      Reporting by Jeremy Hoipang
      jeremyhoipang@rocketmail.com

      http://www.chinlandguardian.com/news-2009/1800-buddhist-youths-atta...

      Delete
    2. http://photayokeking.org/armyterrorist/43-armyterrorist/176-burmar-army

      Delete
  4. စကားနာလာထိုးမနေနဲ့ မင်းတို့ကုလားတွေလုပ်ရပ် တစ်ခု လင့်ပေးခဲ့တယ် သွားကြည့်ချင်ကြည့်လိုက် ပါးစပ်က ဘုရားဒဘုရား လက်က ကားယားကားယားတော့ လုပ်မနေနဲ့

    ReplyDelete
    Replies
    1. ပျက်စီးနေသော ဘာသာရေး လူတန်းစား

      http://islaminmyanmar.blogspot.de/2012/03/blog-post_7744.html

      Delete
  5. မင်းတို့ကောင်းမကောင်းဆိုတာ မသိတာလား လိမ်နေတာလား မသိရင်တော့ပြော ထပ်ပြမယ်။ ငါကတော့ အပြောကောင်းပြီး နောက်ကျောဓါးနဲ့ထိုးတဲ့ကောင်မဟုတ်ဘူး ဒဲ့ပဲ ဝေ့လည်ချောင်ပတ် စကားနာထိုးတဲ့ မင်းအထက်က ကွန်မန်းရေးတဲ့ AMuslim ဆိုတဲ့ကောင်လိုတော့ မဟုတ်ဘူးနော်။ ရိုးသားစွာ အမှန်ကိုပြောတဲ့ကောင်

    ReplyDelete
    Replies
    1. ရိုးသားတယ်တဲ့လား?

      Delete
  6. အမျိုးသမီးများကို စော်ကားမှုအား လူမျိုးဘာသာ အခြေခံဖြင့် လှုံ့ဆော်တင်ပြခြင်း

    အမျိုးသမီးများကိုစော်ကားမှုအား လူမျိုးဘာသာအခြေခံဖြင့်လုံ့ ဆော်တင်ပြခြင်းသည် တရားဥပဒေစိုးမိုးရေးလား၊ စနစ်ဆိုးသက်ဆိုးရှည်ရေးလား။

    မြန်မာအစိုးရ ခေတ်အဆက်ဆက်တွင် နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း ဘာသာရေး ပြသနာများဖန်တီးကာ နိုင်ငံရေး အာရုဏ်လွဲပေးလျက်ရှိ သည်။ ပြည်သူများက အစိုးရကို ဆန့် ကျင်လာပြီဆိုလျှင် မငြိမ်မသက်ဖြစ်လာပြီဆိုလျှင် ဘာသာရေးပြသနာ မီးထွန်းရှာကာ အာရုဏ်လွဲပေးလျက်ရှိ ရာ ယခုအချိန်တွင် မြန်မာအစိုးရသည် ပြည်သူများ လျှပ်စစ်မီးရရှိရေးဆန္̕ဓပြမှုများ အပြင် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်နေမှုများအပေါ် အခဲ မကျေမှုများနှင့် ပတ်သက်ပြီး အကျပ်တွေ့ နေဟန်ရှိသည်။ သို့ ရှိရာ လူမျိုးရေး ဘာသာရေး ပြသနာများ အစပေးလာမည်ကို အထူးသတိထားရန်လို သည်။

    အစိုးရ လုပ်ထုံးလုပ်နည်းတခုမှာ မြန်မာအမျိုးသမီးများအား ကုလားများ စော်ကားသွားသည်ဆိုသည့် သတင်းဖြန့် ကာ အစပျိုးပေးတတ်သဖြင့် ယခု သမယတွင် ဤကဲ့သို့  အဖြစ်များကို အထူးဂရုပြုရမည်။ ဂရုပြုရမည့် နည်းလမ်းတွင် ရာဇ၀တ်မှုပေါ်လာပါက ရာဇ၀တ်မှုကို ရာဇ၀တ်မှုကဲ့သို့ သာ သတင်း များတွင်ဖော်ပြဆွေးနွေးရမည်။ လူမျိုးရေး ဘာသာရေးများ ဆွဲချိတ်၍ ပြည်သူများအား လှုံ့ဆော်၍ လူမျိုးရေး ဘာသာရေး ပြသနာဖြစ်လာပါက အစိုးရ ထောင်ချောင်မိသည့်အပြင် တိုင်းပြည်ငြိမ်းချမ်းရေးလမ်းကြောင်းမှ ဆွဲချသူများလည်းဖြစ်ပေမည်။ ဤကိစ္စနှင့်ပတ်သက်ပြီး မိမိ၏ ၂၀၀၇ ခုနှစ် ဆောင်းပါးဖြင့် ပြန်လည် ဆွေးနွေးတင်ပြလိုသည်။

    အမျိုးသမီးများအား မတရားပြုကျင့်မှုသည် လူမျိုးတူ ဘာသာတူများအချင်းချင်းအတွင်း၌ဖြစ်တတ်သကဲ့သို့ လူမျိုးမတူ၊ ဘာသာမတူသူများမှပြုကျင့် သည်လည်းဖြစ်တတ်သည်။ ဘာသာလူမျိုးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အမျိုးသမီးတဦးဦး သို့ မဟုတ် တစ်စုကိုမတရားပြုကျင့်သည်ဆိုလျှင် ထိုပြု ကျင့်မှုမှာ ရာဇဝတ်မှုဖြစ်၍ ရာဇဝတ်ဥပဒေများအရ အရေးယူရမည်။ ထိုပြစ်မှုများကို ကိုယ်ကျင့်တရား အလွန်ယုတ်ညံ့သူများကသာ ကျူးလွန်တတ်ကြ သည်။

    ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူရန်မှာ အစိုးရ၏တာဝန်ဖြစ်သည်။ အစိုးရက အရေးမယူဘဲ လျစ်လျူရှုနေလျှင် အစိုးရအားတိုက်တွန်းနိုးဆော်ရပေ မည်။ သို့ ရာတွင် မြန်မာသတင်းများတွင် ရာဇ၀တ်မှုများကို ဘာသာလူမျိုးများဖြင့် ဖော်ပြလေ့ရှိသည်ကို သတိပြုမိသည်။

    ဒီလူမျိုး ဒီဘာသာဝင်တွေက ဒီလိုမတရားပြုကျင့်နေပါသည်လို့  ဖော်ပြခြင်းသည် လျော်ကန်မှုမရှိပေ။ တလွှဲဆံပင်ကောင်းရာကျသည်။ အမျိုးသမီးများ အား မတရားပြုကျင့်ခြင်းသည် ကျူးလွန်သူလူတစ်ဦးတစ်ယောက်နှင့်သာဆိုင်သည့် ကိစ္စဖြစ်သည်။ လူတစ်မျိုးလုံးနှင့်မဆိုင်၊ သူကိုးကွယ်သည့်ဘာသာ နှင့်လည်း မသက်ဆိုင်ပေ။ သူ့ ပြစ်မှုကြောင့် လူမျိုးရေး ဘာသာရေး ပြသနာများလည်း မဖြစ်သင့်ပါ။ ကျူးလွန်သူကိုသာ တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူရမည်။

    ReplyDelete
  7. မြန်မာနိုင်ငံအတွင်းတွင် ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူလေ့ရှိသည်မှာငြင်းကွယ်၍မရပါ။ မြန်မာပြည်တွင် ဗမာလူမျိုးသည် လူများစုဖြစ်သည်။ အ စိုးရဝန်ထမ်းများမှာလည်း ဗမာအများစုဖြစ်သည်။ သို့သော် အမျိုးသမီးများကို မတော်မတရားကျူးလွန်သူသည် ဗမာဖြစ်နေပါက ဗမာလူမျိုးဖြစ်သည်ဆို ကာ လူမျိုးပေါ်အခြေခံ၍ အရေးမယူပါ။ လူမျိုးအခြေခံရအလည်း လျစ်လျူမရှုပါ။ ထို့ကြောင့် လူမျိုးအမည် ဘာသာအမည်ကိုင်ပြောခြင်းသည် ရာဇဝတ်မှု အား လူမျိုးရေး ဘာသာရေး ပဋိပက္ခဆီသို့ ဦး တည့်ပေးရာရောက်ပါသည်။ တကမ္ဘာလုံးက ဝိုင်းတိုက်နေသည့် Racism ကျူးလွန်ခြင်းဖြစ်သည်။

    Racism သည် မြန်မာတစ်မျိုးသားလုံး၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဖွံ့ ဖြိုးတိုးတက်ရေးနှင့် တရားမျှတ ရေးတို့ကို အဟန့်အတားဖြစ်စေသည်။ Anthropology (မနုသဗေဒ) (သို့ ) Political Psychology (နိုင်ငံရေး စိတ်ပညာ) ရှုထောင့်မှကြည့်လျှင် လူမျိုးတစ်မျိုး (သို့မဟုတ်) ဘာသာတစ်ခု အား မုန်းတီးသည့်စိတ်ဖန်တီးခြင်းသည် ထိုလူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းကိုသာ မုန်းတီးစေသည်သာမက၊ အခြားလူမျိုးများနှင့် ဘာသာများအ ကြားတွင်ပါ မုန်းတီးစိတ်ကိုဖန်တီးတတ် သည့်သဘာဝရှိသည်။ အဘယ်အကြောင့်ဆိုသော် ဖန်တီးပေးလိုက်သောစိတ်သည် “လူမျိုးမုန်းတီးစိတ်” ဖြစ် သည့်အတွက် မည်သည့်လူမျိုးအပေါ်တွင်မဆို ထိုစိတ်ကျရောက် တတ်သည်။ ထိုစိတ်သည် မိမိနှင့် မတူသည့်အုပ်စုတိုင်း (differences) အား စိမ်းကားသည့်စိတ်၊ မရင်းနှီးသည့်စိတ်၊ ရွံမုန်းသည့်စိတ်၊ မယုံကြည် ချင်သည့်စိတ်၊ မုန်းတီးစိတ် ၊ နှင့် မပူးပေါင်းဖယ် ခွာလိုသည့်စိတ် များကိုဖန်တီးပေး သည်။

    လူ့အဖွဲ့အစည်းထဲတွင် ထိုမုန်းတီးစိတ်များ ကိန်းအောင်းလာသည့်အခါ တိုင်းရင်းသားများ၊ ပြည်သူများကြားတွင် ညီညွတ်မှု နှင့် ရင်းနှီးနားလည်မှု၊ သည်းခံတတ်မှုတို့ ကို ဖျက်ဆီးစေတတ်ပါသည်။

    ဘာသာရေးမုန်းတီးမှုကိုဖန်တီးခြင်းသည် ဖိနှိပ်သူများအာဏာတည်မြဲရေး အတွက် အရေးပါသည့်  မဟာဗျူဟာအား အထောက် အကူပြုရာရောက်စေ သည်။ မြန်မာစစ်အစိုးရ ဆက်ဆက်တွင် ဘာသာရေးမုန်းတီးမှုဖန်တီး၍ အမြင်ကျဉ်း အစွန်းရောက်သူများ၏စိတ်တွင်း၌ မွတ်စလင်၊ ခရစ်ယာန်နှင့် တရုတ်မုန်းတီးရေးစိတ်ကို Reserve အဖြစ် သိုမှီးထားသည်။ နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း (သို့မဟုတ်) အစိုးရ၏ အာဏာကို ထိပါး မည့် နိုင်ငံရေးမငြိမ်သက်မှုပေါ်လာတိုင်း ထိုသိုမှီးထားပေးသော ဘာသာရေးမုန်းတီး စိတ်ကိုထုတ်သုံးကာ ပြည်သူများ၏ နိုင်ငံရေးအာရုံကို ဘာသာရေး ပဋိပက္ခဖက်သို့ အာရုံလွဲပြောင်းပေးလိုက်ခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံရေးလှုပ်ရှားမှု အားကျဆင်း သွားစေခဲ့သည်။ ဥပမာများ အမြောက်အများ ရှိပြီးဖြစ် သည်။ ၁၉၈ရ ငွေသိမ်းနောက်ပိုင်း ကုလား-ဗမာ အဓိကရုဏ်းများ၊ ဒီပဲယင်းအပြီး ဘာသာရေးအဓိကရုန်း ဖန်တီးပေးခဲ့ခြင်းများမှာ သာဓကများဖြစ်သည်။ ယခုအခါ လျှပ်စစ်မီးဆန္ခပြနေမှုများနှင့် ပတ်သက်၍ အစိုးရအကျပ်ရိုက်နေပုံထောက်၍ သတိထားသင့်သည်။

    နိဂုံးချုပ်ရလျှင် မိမိတို့၏တိုက်တွန်းနိုးဆော်ချက်၊ အသိပေးကြေညာချက်များသည် တိုင်းပြည် ငြိမ်းချမ်းတော့မည့်ဆဲဆဲတွင် လှည့်ဖျားခံလိုက်ရပြီး အစိုးရအလိုကျ နိုင်ငံရေးအာရုံလွဲပေးသည့်အဖြစ်မှ အထူးသတိပြု ရှောင်ရှားရမည်။ ရာဇ၀တ်မှုများ ကြုံလာပါက ရာဇ၀တ်မှုမဖြစ်သာ တင်ပြပြောဆိုပြီး လူမျိုးဘာသာများချိတ်ဆွဲတင်ပြပြောဆိုခြင်းဖြင့် လူမျိုးဘာသာပြသနာမသွင်သို့ မရောက်စေရန် အထူးဂရုပြုရမည်။

    မှတ်ချက်။ ဤဆောင်းပါးပါအချက်နှင့် အမြင်များသည် စာရေးသူ၏ အမြင်များသာဖြစ်သည်။

    Source: http://news.mmsy.info/news/3051

    ReplyDelete
  8. တိုတိုပြောမယ် မသိချင်ယောင်ဆောင်ပြီး မနေနဲ့ ဘယ်နေရာမဆို ကုလားတွေ ဖျက်ဆီးတာ လူတွေသိနေပြီ စစ်တပ်က ဘာလုပ်တာ မင်းတို့ကုလားတွေ ဘာသာရေးစော်ကားစရာလား ပိဋကတ်နဲ့မဆိုင်တာတွေ မမှန်ဘဲရေးပြီး မင်းတို့ဘာသာရေးမစော်ကားရင် မြန်မာတွေ ကုလားမမုန်းတီးဘူး ကောင်းကောင်းနေရင် သူများအမြင်မကပ်ပါဘူး။ အဓိကရုဏ်းတွေက မင်းတို့ မစော်ကားရင် ဖြစ်စရာလား ခုတောင် အွန်လိုင်းကနေ စော်ကားနေရင် ပြီးတော့မယ်ထင်လား။ ဆိုက်တကာ လိုက်ပြီး အာချောင်တဲ့ သူရိယဆိုတဲ့ကောင်ရော ပြောပြီးရှောင်နေတယ် ကွန်မန်းတွေ ဖျောက်ထားတယ် အဲဒါ မင်းတို့ကုလား ရိုးသားတယ်တဲ့လား။ ၇၈၆ အဓိပ္ပါယ်ကရော အာဖဂန်က ဖေါက်ခွဲတဲ့ ရုပ်ပွါးတော်ကရော စစ်တိုက်ပြီး သိမ်းသွင်းတာရော တရုတ်က ပန်းသေး ဘယ်လိုစလာတာ။ ကုအန်ကျမ်းက ဘာသာခြားတွေသတ်ရင် မင်းတို့အတွက်ကောင်းမှုဆိုတာရော တခုရှိတယ် စစိတပ်မကောင်းကြောင်းပြောချင်ရင် အစတည်းက စစ်တပ်ကို တည့်ပြော မင်းတို့က လိုက်စော်ကားနေတာ ဟုတ်မဟုတ် ပြန်ကြည့်။

    ReplyDelete
    Replies
    1. အေးလေ ခင်ဗျာက ဒီလိုပြောမှတော့ ကျွန်တော်လည်း ပြန်ပြောရတာပေါ့..

      လက်ရှိ ကျွန်တော်တို့ ဘာသာဝင်တွေ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာ ဘာတွေ ဖျက်ဆီးခဲ့သလဲ ဆိုတာ အထောက်အထားနဲ့ ပြပေးပါ...

      ခင်ဗျာတို့ ဘာသာက ဘုရားသားတော်လို့ ခံယူထားတဲ့ သီလ၊ သမာဓိ ပျက်တဲ့ ဘုန်းကြီးတချို့ကတော့ဖြင့် ဘာတွေ ဖျက်ဆီးနေတယ်ဆိုတာ လင့်ခ်များမှာ ၀င်ကြည့်ဗျာ-
      http://www.facebook.com/media/set/?set=a.204697259570384.52783.204691892904254&type=1

      http://news.mmsy.info/news/2220

      http://news.mmsy.info/news/2266

      http://news.mmsy.info/news/2900

      http://www.myanmarmuslim.net/news.php?extend.668

      http://www.myanmarmuslim.net/news.php?extend.665

      http://www.myanmarmuslim.net/news.php?extend.659

      http://www.myanmarmuslim.net/news.php?extend.658

      ဒါတောင်မှ မြန်မာပြည် အနှံမှ မသိလိုက်ရတဲ့ အခုလိုဖြစ်စဉ်တွေဟာ အများကြီးပါ..
      မြင်တတ်ပါစေ..

      စစ်တပ်အကြောင်းပါ ထည့်ပြောရတာက မိတ်ဆွေတို့ဘဲ အစ္စလာမ်ဝင်ထဲက တယောက်ယောက် အမှားတခုခု လုပ်လိုက်တိုင်း အရာရာကို ဘာသာရေးနဲ့ လိုက်ချိတ်ပြီး ဘာသာတရား တခုလုံးကို စော်ကားနေတာလေ... အခုလည်း စစ်တပ်က ဗုဒ္ဓဘာသာဝင်တွေ များတယ်လေ... အဲဒီတော့ မိတ်ဆွေတို့ နားလည်အောင် မိတ်ဆွေတို့လိုဘဲ ဘာသာရေးနဲ့ လိုက်ချိတ်ပြီး ဖြေရှင်းရတာပေါ့ဗျာ...

      ဟုတ်ကဲ့ ကျွန်တော်တို့ မြန်မာပြည်က အစ္စလာမ်ဘာသာဝင်တွေက ကောင်းကောင်းပဲ နေပါတယ်.. အွန်လိုင်းမီဒီယာကို အသုံးချပြီး အစ္စလာမ်ကို စော်ကားတဲ့ Websites တွေဆို အများကြီးမှ အများကြီးပဲ... အစော်ကားခံရ လွန်းလို့ လိုက်ရှင်းနေရတာပါ... အားအားရားရား လိုက်ရှင်းနေခြင်းမဟုတ်ပါ..

      ၇၈၆ အဓိပ္ပါယ်က ဘလော့ရှင်က ဒီဆိုဒ်မှာ ရှင်းထားပြီးသားပါ..
      http://islaminmyanmar.blogspot.com/2010/12/blog-post_7672.html
      အဲဒီလင့်ခ်ကို ဖတ်ကြည့်ပါ..

      မမေးလည်းဖြေ (၂) – အာဖဂန်မှာ ရုပ်ပွားတော် ဖျက်တာ မြန်မာမွတ်စလင်မ်တွေလား
      http://news.mmsy.info/news/2431

      ကရူးစိတ် စစ်ပွဲများ
      http://www.mediafire.com/?akm5exhdbc8qm4i

      မမေးလည်းဖြေ (၃) – အစ္စလာမ်က ဘာသာမတူရင် သတ်ခိုင်းလား
      http://news.mmsy.info/news/2536

      အပြုသဘောနဲ့ တခြားသိလိုတာရှိရင် ဘလော့ရှင်က ဖြေကြားပေးမယ်လို့ ကြေငြာထားပြီးသားနော်..

      အမြင်မှန်ပါစေ...

      Delete
    2. ကျန်ခဲ့လို့ နည်းနည်း ဖြည့်စွက်ပေးလိုက်အုံးမယ်-

      ဘလော့ပေါ်မှာ ဘလော့ရှင်က ၀ီကီက သာသနာ သမိုင်းတွေကို ဘာသာပြန်ပြီး တင်ပေးထားတယ်- အဲဒီမှာ တရုတ်တို့ တခြားနိုင်ငံတွေကို အစ္စလာမ်သာသနာ ဘယ်လို ပြန့်ပွားခဲ့သလဲဆိုတာ ပါတယ်။
      ဒေါင်းဖတ်ဖို့လင့်ခ်-
      http://islammyanmar.com/yahoo_site_admin/assets/docs/MH.206152029.pdf

      တရုတ်ပြည်က အစ္စလာမ်အကြောင်း သီးသန့်ဖတ်ချင်ရင် Scribd က လင်ခ်ပေးမယ်-
      http://www.scribd.com/doc/20275876/Islam-in-China-Audio

      Delete
    3. မီဒီယာတွေမှာ ဘာသာရေးနဲ့ လိုက်ချိတ်ပြီး ဖော်ပြနေတာတွေကို မခံနိုင်တော့လို့ မြန်မာတွေ ရခိုင်ကို ကျူးကျော်ခဲ့တဲ့ သမိုင်းလေးပါ ထည့်ရေးပေးမယ်ဗျာ...

      ရခိုင်ပြည် ကျွန်သက် အနှစ် (၂၂၆) နှစ် ကြာသောအခါမြန်မာကျူးကျော်စစ်ကို (၄၅) ရက် ကြာကြာ ခုခံတိုက်ခိုက်ပြီးနောက် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ရခိုင်ပြည် ကြီးနှင့်တကွ ရုပ်ရှင်တော်မဟာမြတ်မုနီ အသိမ်းခံလိုက်ရသည်။

      မြန်မာများသည် ရခိုင့်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊ ဘုန်းတော်ကြီးကျောင်း အကြီး (၃၀)၊ အငယ် (၃၀၀၀) ကျော်ကို မီးရှိုးဖျက်ဆီးခဲ့သည်။

      ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသေကောင်များဖြင့် ပြန့်ကြဲလျှက်ရှိသည်။ နှစ်ပေါင်း (၅၀၀၀) ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်လာခဲ့သော ရခိုင်နိုင်ငံတော်၌ တိုင်းသားပြည်သူများမှာ ကူမည့်သူမရှိ လွတ်ရာကို ထွက်ပြေးကြရသည်။

      မြန်မာများသည် ပုခက်တွင်းသား ခလေးသူငယ်များကို မချန်သတ်ဖြတ်သည်။ ရခိုင်မှတ်တမ်း၌ “ကလေးသူငယ်၊ အစိတ်ကေရို့၊ ပြုံးရယ်ရွှင်ဘိ၊ မိမသိကို၊ မွီးမိထံမှ၊ ယူပြီးမှလျှင်၊ လက်ကိုကိုင်မြှောက်၊ ကောင်းခင်ရောက်က၊ အောက်မှတဖန်၊ ဓါးကိုလှန်၍၊ ခံပြန်ပြုခါ၊ မြှောက်လီမှာလျှင်၊ ကျလာမလွဲ၊ နှစ်စိပ်ကွဲ၍၊ ရဲရဲသွီးစက်၊ အအူထွက်၏။" တဲ့။

      တချက်မြီ၌၊ လှံကိုစိုက်၍၊ လံလိုက်တုံလျှင်၊ ရင်ကဝင်၏” ဟူ၍ တွိရပါသည်။ အသတ်ခံခဲ့ ရသော ရခိုင်သားများကို “တင်းဝပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်လူအလောင်း” ဟူ၍ မှတ်တမ်းတင်ထားခဲ့သည်။ ဂဏန်းသင်္ချာအလို (၇) သန်းကျော်သည်။

      မြန်မာများသတ်ဖြတ်ခသည်ကို အစွဲပြု၍ ဂေါင်းပုံပြင် (မြောက်ဦး)၊ လူသတ်ဂျိုင် (မြောက်ဦး)၊ ရီတက်ရီကျသောအခါ သောင်ပြင်တွင် အစုလိုက်အပြုံလိုက် ချိုင်နှောင်၍ သတ်ခသောကြောင့် ရီအကျတွင် ဖြူနီသော အလောင်းကောင်များကို မြင် ရသောကြောင့် ပေါက်ဖဲ့ရွာ (မန်အောင်၊) လက်များကိုဖြစ်၍ တောင်နှယ်ပုံထားသောကြောင့် လက်ပုံတောင် (မာန်အောင်)၊ ရီကန်တွင် လူအပြည့်သတ်၍ ပုံထားသောကြောင့် သီဘေးကန် (ပေါက်တော)၊ အချေငယ်များကို ရီကျရီတက်ချိန်တွင် ခြံလှောင်၍ သတ်ခသောကြောင့် ခြံလှောင်ချောင်း (မာန်အောင်)၊ ခြံပြင် (မောင်တော)၊ သွီးချောင် (တောင်ကုတ်)၊ လူ့အသားတစ်များကို ခွတ်ဖြတ်၍ပုံထားသောကြောင့် အသားပုံရွာ (ပုဏ္ဏားကျွန်း) စသည့်စသည့်ဖြင့် နာမတွင်သည်။

      နှစ်ပေါင်း (၄၀) လုံးလုံး ရခိုင်အမျိုးတုံးလားအောင် သတ်ဖြတ်ခသည်။ မာန်အောင်မြို့ တမြို့တည်းတွင် အသတ်ခံခရသည်ကို မှတ်တမ်းတင်ထားသည်မှာ “လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်း၊ တသိန်းမှန်း၏၊ မယွန်းထိုခါ၊ သီကုန်ပါ၏၊ သိမ်းကာယူက၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောက်ျားနှင့်၊ မပြားမှန်ထ၊ လူမိန်းမကို၊ ရွီကြလီသော်၊ နှစ်သိန်းကျော်၏၊ ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်း” ဟူ၍ဖြစ်သည်

      (၁၈၂၆) ခုနှစ် ဗြိတိသျှလက်အောက် ကျရောက်ရသောအခါ မြန်မာလက်အောက် နှစ် (၄၀) ငရဲစခန်းသည် တခန်းရပ်ခသည်။ ကျူးကျော်သူမြန်မာများကိုမောင်းထုတ်၍ အင်္ဂလိပ်ရို့က တဖန်အုပ်ချုပ်သည်။ သို့သော်အင်္ဂလိပ်အုပ်ချုပ်ချိန်တွင် ရခိုင်ပြည်၌ လူမကျန်တော့ပေ။

      ရခိုင်နိုင်ငံတော်တခုလုံးသည် သုသာန်တစပြင်ပမာ တောကြီးမျက်မဲဖြစ်နီလီတော့သည်။အင်္ဂလိပ်အကာအကွယ်ကြောင့် သီကံမရောက်သတ်မပျောက်ပဲ ရခိုင်တချို့ ဘင်္ဂလားနယ်တွင် ကျန်ရစ်သည်။

      Delete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)