Saturday, May 26, 2012

လူမျိုးနှင့် ရိုဟင်ဂျာ ကိစ္စ စဉ်းစားစရာ


လူမျိုးတစ်မျိုးကို တိုင်းရင်းသား အဖြစ် သတ်မှတ်ဘို့ရာ ဆင်းသက်လာတဲ့ မျိုးနွယ်နဲ့ မသက်ဆိုင်ဘူးလို့ ဆင်ခြင်ရမှာပါ။ လူမျိုးတစ်မျိုး ရဲ့ ဒေသတစ်ခုမှာ နေခဲ့တဲ့ သက်တမ်းအားဖြင့်ပဲ သတ်မှတ်ရမှာပါ။ ရခိုင် သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ရခိုင်နိုင်ငံတော်ဟာ ဘီစီ ၃၃၂၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့တယ် ပြောတယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံ ဖြစ်တည်လာ မှုထက် နှစ်ပေါင်း လေးထောင် ကျော် စောနေတယ်။ မြန်မာနိုင်ငံက (အေဒီ ၁၀၁၄ လောက်မှ ဖြစ်တည်လာတာပါ။) ဒီလို ရှေ့ကျလှတဲ့ ရခိုင်သမိုင်း တစ်လျှောက်မှာ ရခိုင်းမင်း အဆက်ဆက်က ဒကား (ဒါ့ကာ)မင်းနဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်နေခဲ့ သိမ်းနေခဲ့တယ်။ အဓိကက စစ်တကောင်းနယ်မြေကို လုပွဲများ ဖြစ်တယ်။ များသောအားဖြင့် စစ်တကောင်းဟာ ရခိုင်လက်ထဲမှာ ရှိခဲ့တယ်။ ရခိုင်ဘုရင်ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိခဲ့တယ်။ ရခိုင်နိုင်ငံထဲက မူလဇစ်မြစ်လူမျိုးဖြစ်နေခဲ့တယ်။ ဒီတော့ သူတို့ဟာလည်း ရခိုင်နိုင်ငံအတွင်းမှာ သွားလာခွင့်ရ လူမျိုးဖြစ်ခဲ့တယ်။ နှစ်ပေါင်း ဘီစီ ၃၃၂၅ ခုကစပြီး မြန်မာ လွတ်လပ်ရေး မရမှီ အချိန်ထိ နှစ်ပေါင်း ၅၀၀၀ ကျော်နေခဲ့တဲ့ လူမျိုးဟာ သူနေထိုင်ရာ ရခိုင်နိုင်ငံ၊ ရခိုင်ဒေသတွင်းမှာ လွတ်လပ်စွာ နေထိုင်ခွင့် ရခဲ့တော့ ရခိုင်ဒေသတစ်လျှောက် ပြန့်နှံ့မှာပဲ။ မြန်မာပြည်မဘက်ကို မပြန့်ခဲ့တာက ရခိုင်ရိုးမကြီးကြောင့်သာ ဖြစ်လိမ့်မယ်။ လမ်းပန်း ဆက်သွယ်ရေး မကောင်းတဲ့ခေတ်မှာ ရခိုင်ရိုးမကြီး တားဆီးထားမယ်၊ ရခိုင်နဲ့ မြန်မာ နိုင်ငံမတူတော့ မြန်မာဟာ စစ်တကောင်းလူမျိုးတို့နဲ့ မသက်ဆိုင်တဲ့ နိုင်ငံဖြစ်ခဲ့တယ်။ ဒါကြောင့် မြန်မာဘက်ကို မပြန့်ခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ် ၁၀၀၀ ကျော်ကမှ ရောက်လာတဲ့- ထိုင်း-တရုတ်အနွယ်၊ တိဘက်မြန်မာ အနွယ်၊ မွန် ခမာ အနွယ်တွေကို မြန်မာနိုင်ငံမှာ တိုင်းရင်းသားလို့ သတ်မှတ်ရင်- လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်က လူမျိုးစုကို ဘယ်လို သတ်မှတ်မလဲ။ မြန်မာ တွေက ငါတို့နဲ့ မဆိုင်ဘူးလို့ ပြောရင် ရခိုင်ကိုလည်း ပြောပေါ့။ ရခိုင်ဟာ သီးခြားနိုင်ငံတစ်ခု ဖြစ်ခဲ့တာပဲ။ (ရခိုင်နိုင်ငံ၊ ယိုးဒယား နိုင်ငံ ဆိုတာတွေက မြန်မာနဲ့ သီးခြားနိုင်ငံတွေ ဖြစ်တယ်။ ရန်တပို စာချုပ်မှာမှ ယိုးဒယားက မြန်မာရန်က လွတ်သွားသလို၊ ရခိုင်က အင်္ဂလိပ်အောက်ကို ရောက်သွားခဲ့ရတယ်။) ရခိုင်ကို မြန်မာနိုင်ငံက တိုင်းရင်းသား သတ်မှတ်ရင် ရခိုင်နိုင်ငံတွင်း ရှိတဲ့ လူမျိုးအားလုံးကိုလည်း တိုင်းရင်းသား အဖြစ် သတ်မှတ်ရပါမယ်။ အခု ရိုဟင်ဂျာပြောနေတဲ့ လူမျိုးနဲ့ မြန်မာကြီး (မာရ်မာကီး)၊ ဒိုင်း နက် လူမျိုးတို့ဟာ လူမျိုးတူတယ်၊ ဘာသာစကားတူတယ်၊ ဓလေ့ထုံးတမ်းတူတယ် (ဘာသာကွဲနေလို့ အနည်းအပါး မဆိုစလောက် ကွဲနေတာပဲ ရှိတယ်။) မြန်မာလူမျိုးနဲ့ ဒိုင်းနက် လူမျိုးကိုတော့ မွတ်စလင်မဟုတ်လို့ တိုင်းရင်းသား အဖြစ် သတ်မှတ်ပြီး ရိုဟင်ဂျာခေါ်ခေါ်၊ စစ်တကောင်းမျိုးနွယ်ပြောပြော- အဲ့ဒီ လူတွေကိုမှ တိုင်းရင်းသား အဖြစ် မသတ်မှတ်တာဟာ ရိုးသားမှုများ မဟုတ်ပါ။ နောက်ဆုံး ရခိုင်မင်းတွေ ဖမ်းလာတဲ့ စစ်တကောင်းမျိုးနွယ် သုံ့ပန်းတွေကရော ဘယ်ရောက်ကုန်သလဲ။ ဒါတွေကိုပါ စဉ်းစားရပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်လာလို့ ရိုဟင်ဂျာနဲ့ စစ်တကောင်း လူမျိုးတူပါတယ်- ဆိုတာ ကြီးကျယ်လောက်တဲ့ ပြသနာ မဟုတ်ပါ။ ချင်းလူမျိုးများလည်း အိန္ဒိယမှာ အများကြီး ရှိပါတယ်။ မီဇိုဇန်ပြည်နယ်ကြီး တစ်ခုလုံး ချင်းလူများစုပါ။ ဒါက လွတ်လပ်ရေး ရစဉ် နိုင်ငံကို ခြံထိုး ဘော်ဒါလိုင်း သတ်မှတ်လိုက်လို့ နဂိုနေခဲ့တဲ့ လူမျိုးဟာ ဟိုဘက်၊ ဒီဘက် အခွဲခံလိုက်ရခြင်းသာ ဖြစ်ပါတယ်။ ချင်း တွေ အိန္ဒိယဘက်ကို ပါသွားလို့ မြန်မာပြည်က ချင်းကို တိုင်းရင်းသား မပေးဘူး ဆိုတာမျိုး- ဆိုရင် စစ်တကောင်းလူမျိုး ဘင်္ဂလား ဒေ့ရှ်ကို ပါသွားလို့ ကျန်နေတဲ့ မြန်မာနိုင်ငံက စစ်နွယ်ဝင် ရိုဟင်ဂျာတွေကိုလည်း တိုင်းရင်းသား မပေးဘူး ဆိုတာ ကြား ကောင်းပါတယ်။ အလားတူ ရခိုင်တွေလည်း ဘင်္ဂလားဒေ့ရှ်ကို လူဦးရေ သန်းချီ ပါသွားတာပဲ။ လက်ရှိ ပြည်ပဒေသ အခြေစိုက် Arakan League for Democracy (ALD) အဖွဲ့ရဲ့ အမေရိကန် (ALD) အဖွဲ့ခွဲ ဥက္ကဌ (မောင်ချစ်) ဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင်အစစ်ပဲ။ သူ့မိ၊ သူ့ဘ၊ သူ့ဆွေမျိုး၊ သူ့လက်ရှိမိန်းမ အားလုံးက ကော့ဘဇားဒေသမှာ နေတာပဲ။ ရခိုင်ကိုတော့ ဘာ ကြောင့်တိုင်းရင်းသား ပေးသလဲ။ စစ်တကောင်း လူမျိုးတွေ ၀င်လာမှာ ကြောက်လို့ ရိုဟင်ဂျာကို တိုင်းရင်းသား မပေးဘူး ဆိုရင်- မွန်ခမာ မျိုးနွယ် ကမ်ဘောဒီယားတွေ၊ ထိုင်း တရုတ် မျိုးနွယ် ယိုးဒယား အိစံ လော မြောင် လူမျိုးတွေ တိဘက်မြန်မာ မျိုးနွယ် တရုတ်ပြည်ရှိ ကျန်နေတဲ့ မျိုးနွယ်တွေက မြန်မာနိုင်ငံထဲကို ၀င်ရောက် ပူးပေါင်းလာမှာတော့ မကြောက်ဘူးလား။ ဒါတွေကို မျှမျှ တတ စဉ်းစားပေးရပါမယ်။

တစ်ဘက်မှာ ရိုဟင်ဂျာကလည်း မိမိကိုယ်မိမိ တိဘက်မြန်မာတွေ ဖြစ်တယ်လို့ ပြောစရာ မလိုပါ။ စစ်တကောင်းမျိုးနွယ် ဆိုရင် ကော ဘာဖြစ်သလဲ။ ဘာမျိုးနွယ် ဖြစ်ဖြစ် ဘယ်ဒေသမှာ နေထိုင်ခဲ့တာ နှစ်ပေါင်း ဘယ်လောက် ကြာပြီ ဆိုတဲ့ ကာလနဲ့ပဲ ဆုံး ဖြတ်ရမှာပါ။

4 comments:

  1. ရိုဟင်ဂျာ အကြောင်း သိချင်ရင်-

    http://myanmarrohingyalibrary.blogspot.se/

    အဲဒီမှာ သွားဖတ်ကြည့်ဗျာ.. တော်တော် စုံတယ်...

    ReplyDelete
  2. မိတ်ဆွေ တစ်ရွာလုံးနဲ့တစ်ယောက်ဆိုသော စကားပုံတစ်ခုရှိတယ် ။ တစ်ယောက်ကို တစ်၇ွာလုံးကတည့်အောင်မပေါင်းနိုင်တာ တစ်ရွာလုံးလွန်လား။
    ကမ္ဘာ့ စံနှုန်းတွေနဲ့ ယှဉ်ထိုးကြည့်ပါ။

    ReplyDelete
  3. အစ္စလာမ်ဘာသာကိုက သွေးစွန်းနေတာ ကို သွေးစွန်းနေကြောင်းဖင်ပိတ်မငြင်းစေချင်ဘူး။တမာန်တော် မိုဟာမက် ဆွလ္လာလာဟူ အလိုင်ဟိဝစ္စလာမ် ကိုယ်တိုင် ကိုယ်ကျင့်တရားတွေဟာ ကမ္ဘာ့စံနှုန်းနဲ့ ထိုးကြည့်ရင် ကျက်သရေယုတ်တယ်။ ပေါ်တင်ပြောတာနော်။
    ကြိုက်တဲ့နေရာကပြော ။ ကမ္ဘာမှာထစ်ခနဲဆို မူဆလင်၊အစ္စလာမ်တွေပဲ။
    သူတို့နဲ့နယ်မြေချင်းထိစပ်တဲ့ တိုင်းနိုင်ငံတိုင်း ကြီးလန့်စာစားနေနေရတယ်။
    ဒီရေမှာနေ ဒီရေကိုသောက် ဒီလူမျိုးယုံကြည် ကိုးကွယ်မူ့ကို ဖျက်လို့ဖျက်စီးလုပ်ချင်နေတာ အားပေးလက်ခံစရာ အကြောင်းမရှိဘူး။
    မကျေနပ်သေးရင် ငါ့မေးလ်ထဲလာပြော။အားလုံးရှင်းရဲတယ်။အကုန်ကျက်သရေတုန်းတဲ့ အကျင့်အကျန်တွေပဲ။လင့်တွေလည်းပေးလို့ရတယ်။ ကိုယ့်ကိုရအန်ကျမ်း ကိုယ်နားလည်အောင်ဖက် ဘာသာတရားလား မျက်ကန်းယုံကြည်မူ့ ဆန်ဆန် စစ်ဥပဒေသမျိုးလားဆိုတာ။ငါတော့ ဘာသာတရားလို့ လက်ခံပေးရမှာတောင် အော့နှလုံးနာတယ်။

    ReplyDelete
    Replies
    1. yin nwe မင်းကပါလေရာ ငပိချက်ကြီးလား

      Delete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)