Saturday, June 23, 2012

Online, Burmese Attack a Minority (ဘာသာပြန်)


၂၃ ဇွန်လ ၂၀၁၂ စနေနေ့ ‘စင်္ကာပူနိုင်ငံ’ နေ့စဉ်ထုတ် ‘တူဒေး’ သတင်းစာမှ ဆောင်းပါးဖြစ်ပါတယ်။ ‘အမေရိက နိုင်ငံ ထုတ် နိုင်ငံတကာသိ ထင်ရှားကြော်ကြားတဲ့ ‘နယူးရော့တိုင်း’ သတင်းစာမှတဆင့် ပူးတွဲဖော်ပြထားခြင်းဖြစ်ပါတယ်။
Saturday, June 23 2012
ရေးသားသူ – Thomas Fuller
ဆောင်းပါးအမည် – Online, Burmese Attack a Minority
ရည်ညွှန်: - http://www.todayonline.com/PDFViewer/PDF/20120623/2306NYP061.pdf


 
ရခိုင်ပဋိပက္ခကြောင့် စစ်တွေမြို့တွင် မီးလောင်နေသည့် မြင်ကွင်း
Photo-AFP

မြန်မာအစိုးရသစ်ဟာ ပြီ:ခဲ့တဲ့နှစ်အတွင်း တင်းကျပ်တဲ့ စာပေစိစစ်ရေး ဆင်ဆာမူဝါဒများ လျှော့ပေါ့ဖျက်သိမ်းပေး ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံသားများဟာ ယခင်စစ်အစိုးရအောက် ပိတ်ပင်တားမြစ်ထားခဲ့တဲ့ အမြောက်အမြားသော ဝက်ဘ်ဆိုက် များနှင့် အခြားအွန်လိုင်း အရင်းအမြစ်များကို လွတ်လပ်စွာအသုံးပြုခွင့် ရရှိလာကြပါတယ်။

ဆင်းရဲမွဲတေမှုနက်ရှိုင်းပြီး လူဦးရေ ၅၅- သန်းခန့် ရှိတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ်သို့ တဖြည်းဖြည်း ပြောင်းလဲ လာသော်လည်: လူနည်းစုဖြစ်တဲ့ မွတ်စလင်တို့ (အထူးသဖြင့် ‘ရိုဟင်ဂျာ’ လို့ ခေါ်တဲ့ အနောက်ဘက်ဒေသနေ တိုင်းရင်း သားမွတ်စလင်လူမျိုးစု) အပေါ် ခက်ထန်စွာ အမုန်းပွါး တိုက်ခိုက် ရေးသားမှုများရှိလာပြီး မကြာသေးမီက အနောက်ဘက် ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ လူဦးရေ ၂-ဒါဇင်မက ထိခိုက်သေဆုံးခဲ့ရတဲ့ လူမျိုးရေး အဓိကရုန်းကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။ အောင်မြင်ထင်ရှားတဲ့ မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Eleven Media Group ရဲ့ FaceBook စာမျက်နှာပေါ် မကြာသေးမီက ရိုဟင်ဂျာလူမျိုး အလောင်းတစ်ခုတွေ့ရှိကြောင်း သတင်းပါလာတဲ့အခါ ‘ပြည့်ဖြိုးအောင်’ အမည်ရတဲ့ စာရှုသူတစ်ဦးက ‘ဒီလိုသတင်းမျိုး စောင့်နေတာ အတော်ကြာပြီ’ လို့ ကွန်မန့်ရေးပါတယ်။ အခြားတစ်ဦး ‘ကိုညီ’ ဆိုသူက ‘သူသေရုံနဲ့ မလုံ လောက်သေးဘူး’ လို့ရေးခဲ့တဲ့အပြင် ရိုင်းစိုင်းစွာလဲ ဆဲဆိုသွားပါတယ်။

အင်တာနက်ပေါ်မှာ ရိုဟင်ဂျာ မွတ်စလင်လူမျိုးများကို ခွေး၊ သူခိုး၊ အကြမ်းဖက်သမား စတာတွေအပြင် အခြားသေး နုပ်ရင့် သီးတဲ့ အသုံးအနှုန်းများနဲ့လည်: တိုင်းထွာကြပါတယ်။ ကွန်မန့်ရေးသူများက ‘ဒီလူမျိုးတွေကို အမြစ်ပြတ်ရှင်းပြစ်ဖို့ အစိုးရ သစ်ကို တိုက်တွန်းတဲ့ ရေးသားမှုများအပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများကိုတောင် မကျေနပ်မှုများကို ထုတ်ဖော် ပြခဲ့ ကြပါတယ်။ အစိုးရ သတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူ ၂၉-ဦး သေဆုံးခဲ့ပြီး အိုး အိမ်ပေါင်း ၂၅၀၀-ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ အစီရင်ခံချက်အရ လူဦးရေ ၃၀၀၀၀-ခန့် အိုး မဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့လည်: သိရပါတယ်။ ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းဟာ ရခိုင်ပြည်နယ်မှာသာ ဖြစ်ခဲ့တာဆိုသည့်တိုင် အင် တာနက်ပေါ်ရှိ ရေးသားမှုများ၊ ကွန်မန့်များနဲ့ ဘလော့ဂ်များမှာ ရိုဟင်ဂျာလူနည်းစုကိုသာမက နိုင်ငံအနှံ့အပြားရှိနေတဲ့ မွတ်စလင်အားလုံးအပေါ် မုန်းတီးတိုက်ခိုက်စော်ကားကြတာကို အထင်အရှားတွေ့ရပါတယ်။ ဦးသိန်:စိန် အစိုးရသစ်ဟာ အခြေအနေ ပိုမိုဆိုးရွားပြန့်နှံ့ မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ အသင့်လျော်တဲ့ ဓာတ်ပုံဖော်ပြခဲ့တဲ့အတွက် လျှပ်တ ပြတ်ဂျာနယ်ကိုလည်: အရေးယူပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်: အင်တာနက်ပေါ်မှာတော့ဖြင့် အဓိကရုန်းဟာ ရိုဟင်ဂျာ လူမျိုးများကိုသာမက အစ္စလာမ်ဘာသာဝင်များ အပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားကြပါတယ်။ အခြား ဘာသာ ဝင်များ၊ အခြားဘာသာ စကားစာပေများ၊ အသားအရောင် ကွဲပြားမှုကအစ ရှုံ့ချ ရေးသားကြပါတယ်။

ရိုဟင်ဂျာများကို ‘ဘင်္ဂါလီ’ လို့လည်: သူတို့က ခေါ်ဆိုကြပါတယ်။ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ အ ပြင် နေထိုင်ခွင့်၊ ခရီးသွားခွင့်၊ မြေယာ ပိုင်ဆိုင်ခွင့်များသာမက လက်ထပ်ထိမ်းမြားခွင့်ကိုလည်: မတရားသဖြင့် ထိန်းချုပ် ထားခြင်းခံရပါတယ်။ ဒီ့အပြင် ဥပဒေမဲ့ မတရား စေခိုင်းခြင်းနဲ့ အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်း များလည်: ရှိပါတယ်။
သူတို့ကို မြန်မာနိုင်ငံကဲ့သို့ပဲ ဘင်္ဂလားနိုင်ငံကလည်: အသိအမှတ်မပြုပါ။ ဇွန်က ၁၅-ရက် ဂျီနီဗာမြို့မှာ ကုလသမဂ္ဂ အရာ ရှိများကပြောဆိုရာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားနယ်စောင့်တပ်တွေက ပြန်မောင်းထုတ် ခဲ့တယ်လို့သိရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးအဖွဲ့က အမျိုးသမီးများ၊ ကလေးငယ်များနဲ့ ဒဏ်ရာရရှိထားသူများပါရှိတဲ့ စားနပ် ရိက္ခာမဲ့ ဒီလှေသင်္ဘောတွေဟာ နိုင်ငံနှစ်ခုကြား ‘နဖ်’ မြစ်တလျောက် မျောလွင့်နေတယ်လို့ ပြောပါတယ်။ အင်တာနက် ပေါ်မှာတော့ မြန်မာလူမျိုးတွေဟာ ‘ဒီရိုဟင်ဂျာတွေကို အပြီးရှင်းပစ်၊ မောင်းထုတ်ပစ်’ လို့ ကြွေးကြော်နေကြပါတယ်။ ဒီ ထက်တောင်ပိုပြီး ဆိုးရွားစွာရေးကြပါတယ်။ ဇွန်လ ၁၄-ရက်နေ့မှာ EMG က မြစ်တလျောက်မျောပါလာတဲ့ အမျိုးသမီး လူ သေအလောင်းကို ရေးသားဖော်ပြတဲ့အခါ စာရှုသူ အမျိုးသမီးတစ်ဦးက ”လူမျိုးဘာသာ’ မဖော်ပြတဲ့အတွက် ဘယ်လို ခံစား ရမှန်း မသိ’ ကြောင်း၊ အခြားသူတစ်ဦးကလည်: ‘ဘာလူမျိုးမှန်းမသိတော့ ဝမ်းနည်းရမလား၊ ပျော်ရမလား မသိဘူး’ လို့ ပြောသွားကြပါတယ်။

ဘန်ကောက်မြို့အခြေစိုက် ‘Poypiti Amatatham’ နှင့် ဂျီနီဗာအခြေစိုက် ‘Nick Cumming-Bruce’ တို့ရဲ့ သတင်း တင်ပြ ချက်ပါ။

ဘာသာပြန် – လင်းယုန်နက် (ခြင်္သေ့မြို့တော်)
Source: MMSY

ဘင်္ဂလီနဲ့ ရိုဟင်ဂျာ အထိကရုန်း

ပြုပြင်ပြောင်းလဲရေး ခေတ်တစ်ခုကို ဖြတ်သန်းနေစဉ်မှာ စေတနာနဲ့ ဆောင်ရွက်ပေးနေသူများကို အနှောင့်အယှက် ဖြစ်စေ မယ့်ပွဲ ရခိုင်ပြည်နယ်က စတင်ခဲ့တယ်။ ရခိုင်တစ်မျိုးလုံး တစ်နယ်လုံး နာမည် ပျက်ရတော့တယ်။

ပြသနာက ရာဇ၀တ်မှု၊ ဒီအမှုမျိုးကို မြန်မာတစ်နိုင်ငံလုံးမှာ ဒီတစ်မှုတည်း ဖြစ်ခဲ့တာ မဟုတ်၊ မြန်မာနိုင်ငံက ထောင်တွေထဲ မှာ ကြည့်လိုက်ရင် မုဒိန်းမှု၊ မုဒိန်းလူသတ်မှု၊ မုဒိန်းလူသတ် ပစ္စည်းလုမှု၊ မုဒိန်း လူသတ် ပစ္စည်းလု အလောင်းဖျောက်မှု- အမျိုးမျိုးကို ကျူးလွန်သူ အများစုဟာ လူ့သဘာဝ လူများစု ကြီးထဲပဲ ဖြစ်တတ်တယ်။ လူများတော့ အမှုများတဲ့ သဘောပါ။ ရာဇ၀တ်ကောင်ကို ရာဇ၀တ်မှုအတိုင်း စီရင်တာကို ဘယ်သူကမှ မကျေမနပ် မဖြစ်ခဲ့ဘူး၊ ရာဇ၀တ်ကောင်တိုင်းကိုလည်း ဥပဒေအရ အရေးယူ ထောင်ချနေတာပဲ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စပါ။

ဒါပေမယ့် ရခိုင်ပြည်နယ် ကျောက်ထရံရွာက ရာဇ၀တ်မှုကို ဘာသာရေးအဖြစ် ဖန်တီးလိုက်တာ ဘယ်သူလဲ၊ မီဒီယာလို့ ပြောကြတယ်။ ဒီလိုဆိုရင် မီဒီယာက- ပြောလိုက်ယုံနဲ့ လူတွေက လိုက်လုပ် သလား- ဆိုတာ မေးစရာ ဖြစ်လာပြန်တယ်။ မီဒီယာ- ဆိုတာ သတင်းထုတ်ပြန်တဲ့ အုပ်စုဖြစ်သလို၊ ပြသနာတစ်ခုကို မီးလောင်စေဘို့ မီးစချပေးတဲ့ အရာလည်း ဖြစ် တယ်။ ဒါပေမယ့် နဂိုက ဓါတ်ခံ လောင်စာ မရှိရင် ဘယ်လောက် မီးရှို့ရှို့- လောင်ဘို့ ဆိုတာ မဖြစ်နိုင်ဘူး။

ရခိုင်နယ်မှာ--၊ ရခိုင်လို့ ခေါ်ဆိုအပ်တဲ့ လူသားများက ရခိုင်ပြည်ရဲ့ အလယ်ပိုင်းမှာ နေတာများတယ်။ တောင်ပိုင်း သံတွဲက ဂွမြို့ထိ ဗမာများနေတယ်။ (မှတ်ပုံတင်မှာ နှစ်ပေါင်းများစွာ လူမျိုး ရခိုင်လို့ ရေးသားရပေမယ့် မိမိကိုယ်မိမိ ဗမာလို့သာ ခံယူ တယ်၊ ဗမာစကားကိုပဲ ပြောဆိုတယ်၊ ရခိုင်များကို ဓါတ်ခံ သဘောအားဖြင့် ငြိုငြင်မှုရှိတယ်။)

ရခိုင်ပြည် အလယ်ပိုင်း တောင်ကုတ်ကစ- ဘရုံကာ ကျွန်းများထိ ရခိုင်လူမျိုးများ နေထိုင်တယ်။ လူငယ် အများစု အရက် ကြိုက်တယ်၊ သွေးပူတတ်တယ်၊ သွေးဆူတတ်တယ်၊- ရခိုင်ပြည်မြောက်ပိုင်း မှာ ရခိုင်အမည်ခံ ဘင်္ဂလီများ နေထိုင်တယ်။ ဒီလိုပြောရင် စစ်တွေက မောင်းတောထိ ရှိနေတဲ့ ရခိုင် ဆိုသူများက ဒေါသဖြစ်မှာ သေချာတယ်။

လူဆိုတာ ဘာသာကို လိမ်လို့ရမယ်၊ ရုပ်ရည်ကို လိမ်လို့ မရဘူး၊ စစ်တွေမြို့ကို သွားကြည့်လိုက်ပါ-၊ ရခိုင်လို့ ပြောနေသူတွေ ရာနှုန်း ဘယ်လောက်က ရခိုင်ရုပ်ထွက်ပါသလဲ။ ကိုယ်တွေ့ လေ့လာကြည့်ပါ။ လူနည်းစု တရုတ်ကပြား အနည်းအပါးက- အသားဖြူတယ်-၊ ဗမာ-ရခိုင် ရုပ်ဖြစ်တယ်။ ကျန်ရခိုင်လို့ ဆိုသူများက အသားမဲတယ်၊ အသားညိုတယ်၊ နှာခေါင်းချွန်တယ်- ခပ်ကြမ်းကြမ်းပြောရရင် အားလုံး ကုလားချည်းပါပဲ။ သူတို့ပြောနေတဲ့ ရခိုင်စကားဆိုတာလည်း- စင်စစ်ရခိုင်စကား မဟုတ် ပါ။ ကုလားသံ ကုလားလေယူလေသိမ်းနဲ့ ပြောနေတဲ့ ရခိုင်စကားသာဖြစ်သာ ဖြစ်တယ်။ ခြုံပြောရင် (အင်မတန် လူနည်းစု လေး လောက်ပဲ ရခိုင်အစစ် ရှိနိုင်တယ်။)

ရခိုင်ပြည်နယ်အတွင်း အနေနီး- ဒေသချင်းစပ်နေပါလျှက် သူတို့က ဘာဖြစ်လို့ ရုပ်ရော၊ စကားသံရော လုံးဝနီးပါး မတူညီ အောင် ကွာခြားနေပါသလဲ။ လူမျိုးဆိုတာ ဇာတိဖျောက်လို့ မရပါ။ ရမ်းဗြဲကျွန်းနဲ့ မိုင်ပေါင်းများစွာ ကွာခြားပြီး- ဆက်စပ်မှု လုံးဝမရှိတဲ့ ဧရာဝတီတိုင်း ဖျာပုံဒေသရှိ ရခိုင်များကို ကြည့်ပါ။ သူတို့တွေက စကားရော၊ ရုပ်ပါ ရခိုင်အစစ်များနဲ့ တူညီနေပါ တယ်။ ဆင်နေပါတယ်။

တစ်ကယ်တော့ စစ်တွေဒေသ အပါအ၀င် ရခိုင်မြောက်ပိုင်း ရခိုင်အမည်ခံများက ဘင်္ဂလီကုလားများသာ ဖြစ်တယ်ဆိုတာ- ရုပ်ရည်ရော၊ အကျင့်စရိုက်ရော၊ အသံရောက သက်သေဖြစ်နေပါတယ်။ “ငါ စစ်တွေမှာ ကောလိပ်တက်တော့၊ အစ္စလာမ် သာသနာကို လက်ခံလို့ ငါ့ကို ကုလားလို့ ပြောသူ တစ်ချို့ ရှိတယ်။ ငါက “ငါကုလားလား၊ မင်းကုလားလား- မင်းရုပ်ကိုမင်း မှန်မှာ ပြန်ကြည့်လိုက်ပါ” ပြောတော့- နောက်ပိုင်း အသံတွေ ပိတ်သွားတယ်။ အခုလည်း- စစ်တွေ ရခိုင်များကို ကိုယ့်ရုပ် ကိုယ် မှန်ထောင် ကြည့်ခိုင်းလိုက်ပါ။ ဒါလောက် လက်တွေ့- သက်သေခိုင်လုံတဲ့ အချက်မရှိနိုင်တော့ဘူး။ ဒါမှ မဟုတ် မြန်မာနိုင်ငံက မီဒီယာ ဆိုသူတွေ စစ်တွေမြို့ကို သွားရောက်ပြီး- အားမနာတမ်း မှတ်တမ်းတင်ခိုင်း ကြည့်လိုက်ပါ။ မြို၊ ခမွီး၊ သက်၊ ချင်းနဲ့ တရုတ်ကပြားတွေကို ဓါတ်ပုံရိုက်ယူလာပြီး- စစ်တွေ ရခိုင်လို့ ပြောရင်တော့- တစ်မျိုးပေါ့လေ။

တိုင်းရင်းသားများက ရိုးတယ် သူ့လယ်နဲ့သူ၊ သူ့တောင်ယာနဲ့သူ၊ သူချောင်းနဲ့သူ ရှာဖွေစားသောက် နေထိုင်တာများတယ်။ အာဏာရယူနည်းကို သတိမရသူများတယ်။ မြန်မာပြည်မမှာ တရုတ်များဝင်လာပြီး အာဏာရအောင်ယူတတ်သလို၊ ရခိုင် ပြည်မှာလည်း ဘင်္ဂလီများဝင်လာပြီး အာဏာရအောင် ဖန်တီး တတ်တယ်။ ရခိုင်ပြည်နယ်ရဲ့ အာဏာအရှိဆုံး ရာထူး- ပြည် နယ်ကောင်စီ ဥက္ကဌအဖြစ် ဘင်္ဂလားသား စစ်စစ် ဗိုလ်မှုးကျော်မောင် နေရာယူသွားတာကိုပဲ ကြည့်ပါ။ (ပါတီကောင်စီခေတ် ကုန်သွားပေမယ့် သမိုင်းက ဖျက်လို့ မပျက်သေးဘူး၊) သူကောင်စီ ပြည်နယ်ကောင်စီ ဥက္ကဌဖြစ်ဘို့ သူ့နယ်မှာ သူ့ကို ထောက်ခံတဲ့ ဘင်္ဂလီ ဘယ်လောက်များသလဲ ဆင်ခြင်ကြည့်ပါ။ (တိုင်းရင်းသား ရခိုင်တွေက အနောက်သားကို မကြည်ဖြူ ဘူး ဆိုတာလည်း ထည့်တွက်ပါ။)

ဘင်္ဂလီရခိုင်များက စစ်တွေရှိ တရုတ်ကပြားများကို ပေါင်းထားတယ်၊ နိုင်ငံခြားသား အတူတူပဲလေ။ ဗုဒ္ဓဘာသာကို အကြောင်းပြပြီး ပေါင်းလိုက်တယ်။ ကျန်တိုင်းရင်းသားများကို ဘာသာရေးနဲ့ မှိုင်းတိုက်လိုက်တယ်။ အာဏာရှိ ပိုက်ဆံရှိတဲ့ လူတွေက ဘုန်းကြီးကျောင်း ဆောက်ပေးတယ်၊ စေတီပုတိုး တည်ပေးတယ်။- တိုင်းရင်းသားများက ကျေနပ်နေတော့ တယ်။

ဒီကတစ်ဆင့် ရခိုင်တစ်ပြည်နယ်လုံးကို လွှမ်းမိုးနိုင်ဘို့-၊ ဗုဒ္ဓဘာသာများတဲ့ အရပ်တွေမှာ လူမွေးခဲ့တယ်။ အဓိက သူတို့ရ သွားတဲ့ နယ်က တောင်ကုတ်လို့ ဆိုနိုင်တယ်။ တောင်ကုတ်မြို့က သမိုင်းစဉ် တစ်လျှောက် ဘာပြသနာမှ မရှိခဲ့ဘူး။ ၁၉၈၂ ကျော်လောက်မှ တရုတ်ကပြား ကျောက်တောင်ဆိုတဲ့ လူတစ်ဦးကို ဘင်္ဂလီရခိုင်များက မွေးလို့ရခဲ့တယ်။ ကျောက်တောင် ဟာ နေ့ချင်း၊ ညချင်း ချမ်းသာလာတယ်၊ ချမ်းသာလာတော့ သြဇာရှိလာတယ်။ တိုင်းရင်းသား မဟုတ်တော့ ဒေသကို မညှာ၊ ဒေသတွင်း ထွက်သမျှ သယံဇာတများကို ဘင်္ဂလားဒေ့ရှ်ဘက်ကို မှောင်ခို အကြီးအကျယ် လုပ်ခဲ့တယ်။ ဟိုမှာ သူ့ရဲ့ ဆရာသမား ဘင်္ဂလီရခိုင်တွေ ကူညီနေတာကိုး။ ဒီလိုနဲ့ တောင်ကုတ်မြို့မှာ မွတ်စလင်မုန်းတီးရေးကို စတင်မျိုးစေ့ချခဲ့ တယ်။-

အခုလည်း ကျောက်ထရံက ရာဇ၀တ်မှု တစ်ခုကို ကျောက်တောင်ရဲ့ မျိုးစေ့များက ထပ်ဆင့် ဖေါက်ခွဲ ပေးလိုက်တယ်။ အဲ့ဒီ အတွက် ကျူးကျော်သူ ဘင်္ဂလီရခိုင်များက နောက်က လောင်စာ ထည့်ပြီးသား ဖြစ်နေတယ်။- ဒီပြသနာကို အကြောင်းပြပြီး စစ်တွေမှာ အကြီးအကျယ် ပုံကြီးချဲ့လိုက်တယ်။ ကျန်ဒေသများ (ဥပမာ- မောင်းတော) က သွေးဆူတုံးခဏ ဖြစ်ခဲ့ပေမယ့်၊ နေ့ချင်းညချင်း ပြန်ငြိမ်းသွားနိုင်ပြီး- စစ်တွေမှာ ဘာကြောင့် မငြိမ်းနိုင်သလဲ- ဆိုတာက သက်သေဖြစ်နေတယ်။

သူတို့က သူတို့သမိုင်းကို ဖျောက်ပြီး ရခိုင်အဖြစ်ခံယူ-၊ တစ်ကယ့်တိုင်းရင်းသား အစစ်ဖြစ်တဲ့ မွတ်စလင်များကို ခပ်တည် တည်နဲ့ မောင်းထုတ်ဘို့ ကြိုးစားခြင်း ဖြစ်တယ်။ ဒီအဖြစ်က နိုင်ငံအတွင်း ကျူးကျော်ခြင်းသာမက၊ နယ်မြေကိုပါ လုယူခြင်း ဖြစ်နေတယ်။

ဘင်္ဂလီများဟာ တစ်ခြားတစ်ဘက်မှာ ပြည်ပအင်အားစုတွေကို နောက်ကွယ်က ပံ့ပိုးပြီး နိုင်ငံခွဲထွက် ရေးကိုပါ လှုံ့ဆော်ပေး နေတယ်။ ဒီလိုလှုံ့ဆော်တာမှာ ရည်ရွယ်ချက် ၂ ခုရှိတယ်။ (၁) က ရခိုင်ဗုဒ္ဓ ဘာသာတွေအကြား- ဗမာကိုမုန်းပြီး ညီညွတ် လာအောင်- သူတို့ ဘင်္ဂလီ ဗုဒ္ဓဘာသာများကို အားကိုးလာအောင် ဖြစ်တယ်။ (၂) က သူတို့ကိုယ် ဘင်္ဂလီလို့ လူထုက မမြင်လေအောင် မွတ်စလင်တွေကို ဘင်္ဂလီတွေလို့ ပုံအောထိုးချထားနိုင်အောင် ဖြစ်တယ်။

ဒီဖြစ်စဉ်အားလုံးကို ပြန်ကြည့်ရင် ငါတို့ တိုင်းရင်းသား ရခိုင်တွေရော၊ မြန်မာတစ်နိုင်ငံလုံးပါ- တရုတ် ကပြားများနဲ့ ဘင်္ဂလီ ရခိုင်တို့ရဲ့ ၀ါဒဖြန့်မှုအောက်မှာ အကြီးအကျယ်ခံလိုက်ရတယ် ဆိုတာပါ။ ရခိုင်စစ်စစ် တိုင်းရင်းသားများနဲ့ မြန်မာနိုင်ငံသား များကို ခုတုံးလုပ်ပြီး- ဘင်္ဂလီများက ရိုဟင်ဂျာများကို ပြသနာရှာတဲ့ပွဲသာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်အရေးအခင်းဟာ ဘင်္ဂလီနဲ့ ရိုဟင်ဂျာတို့ရဲ့ အထိက ရုန်းလို့ မှတ်တမ်းတင်ရမှာပါ။

(ဒါတွေကို ဖေါ်ထုတ်လို့ ငါ့ကို ဆဲချင်ဆဲပါစေ၊ သတ်ချင်သတ်ပါစေ၊ ငါ ကရုစိုက်မှာ မဟုတ်ပါ။ တစ်ကယ့် term ၀င် လက် တွေ့ ဘယ်သူနဲ့မဆို ဆွေးနွေးနိုင်ကြောင်း အာမခံပါတယ်။- တိုင်းရင်းသားစစ်စစ် ရခိုင်များ၊ မြန်မာနိုင်ငံကိုချစ်တဲ့ မြန်မာ နိုင်ငံသားများ၊ အမှန်တစ်ကယ် ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို လူလိုသားများ၊ တစ်ကယ့်သမိုင်းအမှန်ကို ဖေါ်ထုတ်လိုတဲ့ ဖြူစင်တဲ့ သမိုင်းပညာရှင်များအတွက် အထောက်အပံ့ဖြစ်စေဘို့ပဲ ရည်ရွယ်ပါတယ်။ ငါရေးတဲ့သမိုင်း မှန်ကန်ကြောင်း အချိန် ကာလ တစ်ခုမှာ အဖြေပေါ်လာမှာပါ။)
ဌေးလွင်ဦး

Friday, June 22, 2012

Eleven media: အမှန်တရားဆိုတာ

Photo-Google

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပျက်နေခဲ့တာတွေထဲက အကြောင်းတစ်ခုကတော့ တော်တော်လေး မသင့်မြတ်ဘူး ထင်လို့ ဒီစာရေးတယ်ပေါ့ဗျာ။

ဂျာနယ်လစ်နဲ့ ကျင့်ဝတ်(၃)ဆိုပြီးတော့ ပြီးခဲ့တဲ့တပတ်က weekly eleven စာ ၂၆ မှာပါလာပါတယ်။ “ကောင်းခြင်းနဲ့ဆိုးခြင်းကြားမှာ ၊ အမှန်နဲ့အမှားကြားမှာ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားမှာ ဂျာနယ်လစ်ဇင်ဟာ ကြားနေမှာ မဟုတ်ဘူး။ ကြားနေမှုက အမှန်တရားလောက် အရေးမပါဘူးဆိုတာကို ထင်သာမြင်သာအောင် ထုတ်နုတ်ပြထားပါတယ်။” တဲ့ဗျာ။ အဲ-ရည်ညွှန်းမှာတော့ Ethnics for Journalists (2nd Edition) by Richard Keeble ကို ပေးထားပါတယ်။

Out of Context လိုသလောက်ဖြတ်ယူပြီး ကိုယ့်သဘောနဲ့ထပ်တူဖြစ်အောင်လုပ်ယူဖော်ပြထားတာမျိုးတွေပါ။ ခုဆောင်းပါးမှာတော့ အဲဒီကိစ္စအကျယ်မပြောတော့ပါဘူး။ လိုရင်းကိုပဲ သွားကြတာပေါ့ဗျာ။ အဲ- ကြားနေမှုက အမှန်တရားလောက် အရေးမပါဆို တာလေးတော့ မှတ်ထားပေးပါလို့ မေတ္တာရပ်ပါရစေ။

လိုရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားပြုခွင့်ရှိမရှိနဲ့စပ်လျဉ်းပြီး ဖြေကြားချက်ကို ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာကြီးက စာဖတ်ပရိသတ်ကို ဖြစ်သလို သဘောထား၊ လိုသလို ၀ိသေသပြုပြီး အလိုကျအသုံးတော်ခံခိုင်းခဲ့ပုံပါ။

ဒီနေရာမှာ လုံးဝကို ရှင်းရှင်းလင်းလင်းသိထားစေလိုတာက ကျွန်တော်တို့ အနေနဲ့ရိုဟင်ဂျာကို ကိုယ်စားမပြု သလို ရိုဟင်ဂျာ အရေး ဆောင်ရွက်နေတာလည်းမဟုတ်ဆိုတာပါ။

ဒါက အော်စလိုမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေသွားတဲ့ ရိုဟင်ဂျာနိုင်ငံသားပြုခွင့် ရှိနိုင်မရှိနိုင်နဲ့ ပတ်သတ်တဲ့အဖြေ ဗွီဒီယိုဖိုင်ပါ။



ဒေါ်အောင်ဆန်းစုကြည်အဖြေကို ၁၆း၁၀ လောက်ကနေ စကြည့်နိုင်ပါတယ်။

မေးခွန်းမေးတဲ့ပုဂ္ဂိုလ်က ဒီရိုဟင်ဂျာပြဿနာရဲ့ အရင်းအမြစ်နဲ့ဆက်စပ်ပြီး မေးခွန်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုက်အခံခေါင်းဆောင်လည်း ဖြစ်တာကြောင့် အစားထိုးအဖြေအသစ်တစ်ခု ရဖို့ မေးတာပါလို့ လည်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေက -

I spoke for rule of law. And rule of law covers rules of citizenship as well. This is what I mean by saying the root of the problem is lack of rule of law. We are not certain exactly what the requirements of citizenship laws are. I will mention one particular case of one of our candidates for the last by-election who was disqualified because in accordance with the election regulations, all candidates have to be born of nationals, both parents must be nationals. This candidate of ours, his parents, both of them are Burmese nationals when he was born. But later, his father took another nationality. And on those grounds, he was disqualified as a candidate. ….. Even with regard to citizenship we are not clear what the laws really are. Rule of law, if you have very clear as to who are the citizens of the country under the citizenship laws and who qualified, then there would not be this problem which is always coming up there is an accusation, some people do not belong in Bangladesh and some people do not belong in Burma. Bangladesh says that they are not ours and Burma says that they are not ours and these poor people get shuffled around.  So we have to have rule of law, we have to know what the law is. We have to make sure that it is properly implemented.

ဒေါ်အောင်ဆန်းစုကြည်က ကနဦးမှာ တရားဥပဒေစိုးမိုးရေးက အဓိက အရင်းအမြစ်ပဲဆိုတာကို ထိမိရိုးရှင်းစွာ ဖြေကြားခဲ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို မြန်မာမှုပြုရရင် -

“ကျမ တရားဥပဒေစိုးမိုးရေးအကြောင်း ပြောခဲ့တယ်။ ဒီတရားဥပဒေစိုးမိုးရေးထဲမှာပဲ နိုင်ငံသားဖြစ်ခွင့်ဥပဒေကလည်း အကျုံးဝင်နေပါတယ်။ ဒါကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်ဖြစ်တယ်လို့ ကျမဆိုလိုတာပါ။ နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေမှာ ဘာတွေလိုအပ်နေသလဲဆိုတာ ကျမတို့ တိကျသေချာခြင်း မရှိသေးဘူး။ (တနည်း – နိုင်ငံသားဖြစ်နိုင်ဖို့ ဥပဒေထဲမှာ ဘာတွေလိုအပ်သလဲဆိုတာ ဂဃနဏပြဌာန်းထားခြင်းမရှိသေးဘူး။) ”…. အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အလ်ဒီကိုယ်စားလှယ်တစ်ယောက် အပယ်ခံခဲ့ရတာကို ဥပမာပေးပြောသွားခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်က မွေးတုန်းကတော့ အဖေရော အမေရော မြန်မာနိုင်ငံသားတွေဖြစ်နေခဲ့ပါတယ်။ အဲ- နောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူက တခြားနိုင်ငံသားခံယူသွားတယ်ဆိုပြီး သူ့ကို ပယ်ခဲ့တာပါ။ ပါတီကိုယ်စားလှယ်ဖြစ်ခွင့် ဥပဒေမှာကျ ဖခင်ရော မိခင်ပါ နိုင်ငံသားဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။ …………

ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ဖြေကြားတာက “နိုင်ငံသားဖြစ်ခွင့်ရှိခြင်းကိစ္စမှာတောင် ကျမတို့ဟာ ဥပဒေဘယ်လို ရှိလဲဆိုတာ မရှင်းလင်းသေးပါဘူး။ တရားဥပဒေစိုးမိုးရေးမှာ ခင်ဗျားအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိရေးဥပဒေအောက်မှာ ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားတွေ၊ ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီသူတွေဆိုတာ အလွန်ရှင်းရှင်းလင်းလင်း ဖြစ်နေရပါမယ်။ ဒါမှသာ ဒီလိုပြဿနာမျိုးတွေ ရှိမလာမှာပါ။  (ပြဿနာဆိုတာမှာ) ဒီစွပ်စွဲမှုက အမြဲတမ်းဘယ်လို တက်လာသလဲဆိုတော့ တချို့ကိုတော့ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က ပိုင်တာမဟုတ်ဘူး၊ တချို့ကိုတော့ဖြင့် မြန်မာနိုင်ငံက ပိုင်တာမဟုတ်ဘူး (တနည်း တချို့ကတော့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်ဘူး၊ တချို့ကတော့ မြန်မာနိုင်ငံသားမဟုတ်ဘူး) ဆိုပြီးတော့ပါ။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေက ကျွန်တော်တို့ နိုင်ငံသားမဟုတ် ဘူး၊ မြန်မာဘက်ကလည်း ဒီလူတွေက ကျွန်တော်တို့နိုင်ငံသားမဟုတ်ဘူး ဆိုပြီးပြောနေကြတော့ ဒီသနားစရာကောင်းတဲ့လူစုက ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ဖြစ်နေရပါတယ်။ ဒါကြောင့် ကျမတို့က တရားဥပဒေစိုးမိုးရေးရှိရမယ်၊ တရားဥပဒေဆိုတာ ဘာလဲဆိုပြီးသိရမယ်။ ဒီဥပဒေကို စနစ်ကျစွာ အကောင်အထည်ဖော်ဖြစ်အောင် အသေအချာဆောင်ရွက်ရမယ်။”

အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားတဲ့အခါ မေးခွန်းမေးသူ အမေရိကန် ရုပ်သံဌာနတစ်ခုရဲ့ ရီပိုတာဖြစ်သူက ဆက်ပြီး အထွန့်တက်ပါတယ်။

သူအထွန့်တက်ပုံက -

What should it be with regarding to the citizenship? Are they or they are not?

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြောခဲ့တဲ့အဖြေက -
I do not know.

ဒီနေရာမှာ ကျွန်တော်တို့ စာဖတ်သူကို လုံးဝရှင်းရှင်းလင်းလင်းဖြစ်သွားစေဖို့ အမေးအဖြေကို ဒုတိယမ္ပိ ဖော်ပြပေးပါ့မယ်။

အမေး – What should it be with regard to the citizenship? Are they or they are not?
သူတို့က နိုင်ငံသားဖြစ်သင့် မဖြစ်သင့်နဲ့ စပ်လျဥ်းပြီး ဘယ်လိုမျိုးပါသလဲ။ သူတို့က (နိုင်ငံသား)လား (နိုင်ငံသား)မဟုတ်ဘူးလား။

အဖြေ – I do not know.
ကျမမသိဘူး။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတာက -

I do not know because when you talk about the Rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who says that those people who claim to be Rohingyas are not the ones who are actually native to Burma. But who are just come over recently from Bangladesh. But, on the other hand, Bangladesh says No. They don’t want them as refugees because they are not native to Bangladesh and they come over from Burma. So how do we sort this out without “RULE OF LAW”, without proper Immigration Processes, without proper policy, without properly implementation of laws. This is why I said the root of all is “The RULE OF LAW” going back to many decades, not going back just to the crime that is just committed a couple of months ago.

မြန်မာပြန် – ကျမ မသိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားအနေနဲ့ ရိုဟင်ဂျာအကြောင်းပြောတဲ့အခါ ကျမတို့ ဘယ်သူတွေအကြောင်း ခင်ဗျားပြောနေသလဲဆိုတာ တော်တော်ကလေး မသေမချာဖြစ်နေပါတယ်။ ကျမပြောခဲ့သလိုပါပဲ၊ ကျမတို့ ဘယ်သူတွေကို ရည်ညွှန်းနေသလဲဆိုတဲ့နေရာမှာ ပြဿနာရှိနေပါတယ်။ တချို့က ရိုဟင်ဂျာလို့ကိုယ့်ကိုကိုယ်ပြောနေကြသူတွေ ဟာတော့ဖြင့် မြန်မာနိုင်ငံသားတွေမဟုတ်လို့ ဆိုကြတယ်၊ သူတို့က ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မကြာသေးမီကမှ ရောက်လာကြ သူတွေလို့ ဆိုကြတယ်။ ဒါပေမယ့် နောက်တဘက်မှာတော့ ဘင်္ဂလားဒေ့ရှ်ကလည်း မဟုတ်ဘူး၊ သူတို့ကို ဒုက္ခသည်အနေနဲ့ (ကျနော်တို့) လက်မခံနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ (ရိုဟင်ဂျာ)တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေမဟုတ်ဘူး၊ သူတို့က မြန်မာဘက်က လာကြသူတွေလို့ ဆိုတယ်။ ဒီတော့ တရားဥပဒေစိုးမိုးခြင်းမရှိဘဲ ၊ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေ စနစ်တကျဆောင်ရွက်ခြင်းမရှိဘဲ၊ စနစ်ကျတဲ့ ပေါ်လစီမရှိဘဲ၊ ဥပဒေကို စနစ်တကျအကောင်အထည်ဖော်ခြင်းမရှိဘဲ ဒီကိစ္စကို ဘယ်လို ရှင်းထုတ်မလဲ။ ဒါကြောင့် ကျမက ဒီကိစ္စအားလုံးရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးရေးလို့ ပြောခဲ့တာပါ။ ဒါကလည်း ဆယ်စုနှစ်များစွာကတည်းက (ဖြစ်နေခဲ့တာပါ။) လွန်ခဲ့တဲ့ နှစ်လလောက်က ရာဇ၀တ်မှုကျူးလွန်တဲ့ (ပြဿနာ) ကနေ စလာခဲ့တာ မဟုတ်ဘူး။

ကဲအခု ပထမအဖြေနဲ့ တဆက်တည်းလာတဲ့ ဒုတိယအဖြေ။ ပထမအဖြေကို သဘောမကျတဲ့ မေးခွန်းထုတ်သူက ဆက်မေးတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်ဖြေတဲ့ ဒုတိယအဖြေကို Out of context လုပ်ပြီး သဘောကျဘာသာပြန်မယ်ဆိုရင်တော့ အလွဲကြီး လွဲပါပြီ။

အလဲဗင်းဂရုမြန်မာပြန်တာက ဒုတိယအဖြေတစ်ခုတည်းကို ကွက်ပြီးပြန်ထားတာပါ။ ပြန်ထားတော့လည်းဗျာ။ ဒီိလိုဖြစ်နေပါတယ်။

“ရှင်ပြောတဲ့ရိုဟင်ဂျာဆိုတာ ကျမ မသိဘူး။ ဘယ်သူ  ဘယ်ဝါဆိုတာကို ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။ ကျမပြောခဲ့သလိုပဲ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။ ရိုဟင်ဂျာဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့ တချို့က ပြောဆိုကြတယ်။”

“who you are talking about” ဆိုတာနဲ့ “we don’t know who they are” ဆိုတာ လုံးဝကွဲပြားခြားနားတဲ့အဓိပ္ပါယ်ပါ။

အလဲဗင်းမီဒီယာဂရုခင်ဗျား။ ခင်ဗျားတို့ဘာသာပြန်လိုက်တဲ့ စကားလုံးများရဲ့ မူရင်းက ဒီလိုပါ။

I do not know because when you talk about the Rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who says that those people who claim to be Rohingyas are not the ones who are actually native to Burma.But who are just come over recently from Bangladesh.

အဓိပ္ပါယ်က ရှင်းရှင်းလင်းလင်းကြီးပါပဲ။ “ပထမ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးဖို့လိုတယ်၊ ဘာကြောင့်လဲဆိုရင် ဥပဒေကသာ ဘယ်သူကတော့ဖြင့်နိုင်ငံသား၊ ဘယ်သူကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီတယ်စသဖြင့်ဆုံးဖြတ်နိုင်မယ်။ အဲသလိုဖြေတယ်၊ ဒါကို မေးခွန်းမေးသူက ရိုဟင်ဂျာက နိုင်ငံသားဟုတ်လားမဟုတ်လားထပ်မေးတယ်။ 

ဒီအခါ ဒေါ်အောင်ဆန်းစုကြည်က ကျမမသိဘူး၊ ခင်ဗျားပြောတဲ့ရိုဟင်ဂျာကို ဘယ်ဥပဒေနဲ့ ဆုံးဖြတ်ပြီးနိုင်ငံသားဟုတ်တယ်၊ မဟုတ်ဘူး အဆုံးအဖြတ်ပေးနိုင်မလဲ၊ သူမှန်တယ်၊ ငါမှန်တယ်ဆိုပြီး တဖက်တမျိုးစီ ပြောနေကြတာပဲ၊ ဒါကြောင့်ကျမက အဆုံးအဖြတ်ပေးမယ့် ဥပဒေရှိဖို့၊ စိုးမိုးဖို့၊ လူဝင်မှုကြီးကြပ်ရေးကဏ္ဍတွေ စနစ်ကျဖို့က အဓိကပါလို့ ပြောခဲ့တာပေါ့” လို့ ဖြေကြားပါတယ်။

ဒီလိုရှင်းရှင်းကြီးဖြစ်နေတဲ့ အဓိပ္ပါယ်ကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် လှည့်စားတဲ့ မီဒီယာကြီးခင်ဗျား။ အမှန်တရားဆိုတာ ကြားမနေလဲရပါတယ်လို့ ပြောခဲ့တဲ့မီဒီယာကြီးခင်ဗျား။ ဒေါ်အောင်ဆန်းစုကြည်ချပြခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိတရားဥပဒေကိစ္စတွေကို မီဒီယာကြီးအနေနဲ့ စာဖတ်ပရိသတ်ကို ချပြပေးခဲ့ဖူးပါသလား။ ဘယ်နှစ်ကြိမ်လောက် ချပြပေးဖူးပါသလဲ။

ကဲအခု၊ အထက်မှာ ကျနော်ပြောတဲ့ အဓိပ္ပါယ်မျိုးကိုသာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါဆိုတာကို ပိုမိုခိုင်မာစေဖို့ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေး တက္ကသိုလ် (London school of economics and politics) မှာ ဆွေးနွေးခဲ့တဲ့ -



ဒီဘိတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြောဆိုဆွေးနွေးသွားသလဲဆိုတာက အနည်းငယ်သုံးသပ်ပါမယ်။ တရားဥပဒေစိုးမိုးရေး အတွက် procedure နဲ့ transitions အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။ အဲ – Burma law is obsolete. မြန်မာ့ဥပဒေက ဒိတ်အောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာကတော့ မှတ်သားစရာပါပဲ။


ဒေါ်အောင်ဆန်းစုကြည်က Statelessness in Burma ၊ မြန်မာပြည်က နိုင်ငံသားဖြစ်ခွင့်မရှိဘဲ ယောင်ခြောက်ဆယ်ဖြစ်သူများ အတွက် We can base in rule of Law ၊ ကျမတို့ တရားဥပဒေစိုးမိုးရေးကို အခြေခံနိုင်တယ်၊ ဒီလိုအခြေခံတဲ့နေရာမှာ Two aspects  ၊  ရှုထောင့်နှစ်မျိုးရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

1) The law of citizenship. What are the citizenship laws in Burma like? Are these just? Are these in line with internationally acceptable standard? ဒေါ်အောင်ဆန်းစုကြည်က

မြန်မာပြည်က နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေက ဘယ်လိုမျိုးပါလဲ။ အဲဒီဥပဒေက တရားမျှတရဲ့လား၊ ဒီဥပဒေက နိုင်ငံတကာက လက်ခံနိုင်မယ့် စံပုံဆန်တွေနဲ့ရော ကိုက်ညီနေလား ဆိုပြီး မေးခွန်းထုတ်ပါတယ်။

အဲ နံပါတ် ၂ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက procedural ပါ။ ဘိုလိုကတော့ အကြမ်းဖျင်း ဒီလိုမျိုးပါ။   How do the immigration authorities work? How do the police work? How do the court work?

လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေ ဘယ်လိုအလုပ်လုပ်ပါသလဲ၊ ရဲတွေ ဘယ်လို အလုပ်လုပ်နေပါသလဲ၊ တရားရုံးတွေ ဘယ်လိုအလုပ် လုပ်နေပါသလဲ။ (ဒါတွေက procedural တွေပါတဲ့)

These two are essential to find why stateless persons are stateless. Whether there is not something that can be done to assure the position within the rule of law.

ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အချက် ၂ ချက်ကတော့ နိုင်ငံမဲ့နေသူတွေ ဘာကြောင့် နိုင်ငံမဲ့နေသလဲဆိုတာ ရှာဖွေဖို့ အဓိကနည်းလမ်း ၂ သွယ်ပါလို့ ပြောသွားခဲ့ပါတယ်။ ဒီအချက် ၂ ချက်ကို အခြေခံခြင်းဖြင့် (ဒီနိုင်ငံမဲ့နေသူများ) အတွက် အခြေအနေတစ်ခုကို တရားဥပဒေအတွင်းမှာပဲ တိကျသေချာစွာ အဆုံးအဖြတ်ပေးဖို့ (ဥပဒေ အမျိုးအစားတစ်ခု) ရှိမနေဘူးလားဆိုတာကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီတော့ဗျား။ ကောက်ချက်ကတော့ ဒီလိုချပါတယ်။ အလဲဗင်းမီဒီယာက ဘာသာပြန်ဆောင်းပါးရှင်များအနေနဲ့ ဒီလို out of context လုပ်တာကတော့ အမှန်တရားကနေ သွေဖယ်ပြီး ပြည်သူကို လှည့်စားတယ်လို့ပဲ ပြောရမှာပါ။ တခြားနည်းလမ်းမရှိပါ။
ဗွီဒီယိုဖိုင်များကို အသေအချာနားသောတဆင်ကြည့်ကြပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာမရေးမီ ဗွီဒီယိုဖိုင်တွေကို အနည်းဆုံး ၃ ခေါက်ထပ်မနည်း နားထောင်ခဲ့ပါတယ်။ တခြားတတ်ကျွမ်းသူများဆီကလည်း သဘောထား မေးမြန်းခဲ့ ပါတယ်။

အလဲဗင်းမီဒီယာက ဒီလင့်ခ် (http://goo.gl/a219B) ကို တင်အပြီး မိနစ်အနည်းငယ်အကြာမှာပဲ ဒီလို ဖြုတ်ချပြစ်ခဲ့ ပါတယ်။
 
ဒါနဲ့ မခံမရပ်နိုင်တဲ့ အမှန်တရားလိုလားသူအချို့က ဇဝေဇ၀ါဖြစ်ပြီး ကျနော့်ဆီ ဆက်သွယ်လာပါတယ်။ သူတို့ထဲက တစ်ယောက်က အလဲဗင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မက်ဆေ့ခ်ျပို့ပြီး ဘာလို့ အထက်ပါလင့်ခ်ကို ဖျက်ချရသလဲဆိုတာ မေးမြန်းခဲ့ပါတယ်တဲ့။ (ပုံမှ Article #14161 not found ဆိုသည့်စာသားအား သတိပြုကြပါ)

အဲ မိနစ်အနည်းငယ်ကြာလေတော့ အထက်ပါလင့်က ပြန်ပြီး အလုပ်လုပ်လာပါတယ်။ အခုလက်ရှိလည်း အဲဒိလင့်ခ်က အလုပ်လုပ်တုန်းပါ။

Link address ကတော့-
http://news-eleven.com/index.php?option=com_content&view=article&id=14161:2012-06-20-03-05-17&catid=42:2009-11-10-07-36-59&Itemid=112


ဒီတော့ဗျား။ ကျွန်တော်လေ့လာဖူးတဲ့ The most successful propaganda technique ဆိုတာလေး ကြုံကြိုက်တုန်း တင်ပြပါရစေ။ မူရင်းကတော့ ဒီမှာပါ။ (http://www.freerepublic.com/focus/f-news/1530401/posts)

နံပါတ် ၃ မှာ ပြောထားတာက-

# 3. Misinformation: This is a subtle technique, it involves reporting information in such a way that the final message of the story is not true, it’s what the propagandist wants you to believe.

သက်ပြင်းရှည်ကြီးပဲ ချမိပါတယ်ဗျား။(အင်္ဂလိပ်လိုပဲ နားလည်တော်မူကြပါကုန်) ဒီတော့ဗျား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေက မြန်မာ့လက်ရှိ ဥပဒေသည် နိုင်ငံတကာစံချိန်တွေနဲ့ မကိုက်ညီဘဲ နိုင်ငံသားဖြစ်ခွင့်၊ မည်သူသည်နိုင်ငံသား၊ မည်သူသည်နိုင်ငံသားမဟုတ်ဆိုတာတောင် မခွဲခြားပေးနိုင်တဲ့ဥပဒေဖြစ်နေတယ်ဆိုတာကိုသာ conclude လုပ် ယူနိုင်ပါတယ်။ အလဲဗင်းကြီးပြောသလို “ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာသည် နိုင်ငံသားမဟုတ်” ဆိုပြီး ဒဲ့ပြောလိုက်သလိုလို ဘာလိုလိုညာလိုလို conclude လုပ်လို့လုံးဝမရပါ။

ဒါကို မြန်မာစာဖတ်ပရိသတ် (အင်္ဂလိပ်နားမလည်ကြတဲ့) က သဘောမပေါက်နိုင်ပဲ အလဲဗင်းပေ့ခ်ျမှာ ဟာ.. အမေစုက ပြောလိုက်ပီဟေ့ စသဖြင့် ကွန်မန့်တွေရေးကြတာ အဓိက misinform လုပ်ထားတဲ့ အလဲဗင်းမှာ တာဝန်ရှိပါတယ်။

နောက်ဆုံးမေးချင်တာကတော့ – အလဲဗင်းမီဒီယာအုပ်စုခင်ဗျား။ နောင်ကြီးတို့မှာ အမှန်တရားဆိုတာကို ထူးထူးခြားခြားလေးများ Define လုပ်ထားရင် ကျွန်တော်တို့ကိုလည်း ဗဟုသုတအဖြစ် ဝေမျှပေးပါလို့ ရိုးသားစွာတောင်းဆိုလိုက်ပါတယ်ခင်ဗျား။

Credit: Daniel Shane
Source: MMSY