Tuesday, June 5, 2012

မမေးလည်းဖြေ (၂) – အာဖဂန်မှာ ရုပ်ပွားတော် ဖျက်တာ မြန်မာမွတ်စလင်မ်တွေလား

အာဖဂန်က တာလီဘန်တွေ ဗုဒ္ဓရုပ်ပွားတော်ကို လောင်ချာနဲ့  ထုဖျက်ဆီးလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာပြည်က မွတ်စလင်မ်တွေကို တဖက်သက် စွပ်စွဲဆဲဆိုနေတာ အများအသိပါပဲ။ တာလီဘန်တွေ စစ်သွေးကြွပြီး ထင်ရာစိုင်း တာ မြန်မာပြည်က မွတ်စလင်မ်တွေ ရဲ့ အပြစ်လား။ သူတို့ ကို ကျနော်တို့ က လုပ်ခိုင်းတာလား။ ကျနော်တို့ ကိုယ်စား သူတို့ လုပ်ပေးခဲ့တာလား။

တာလီဘန်နဲ့ မြန်မာမွတ်စလင်မ် ဘာမှမဆိုင်ဘူး။ လူမျိုးမတူဘူး ဘာသာစကားလည်းမတူဘူး။ ဆွေမျိုးတွေလည်း မဟုတ်ဘူး။ နိုင်ငံရေးခံယူ ချက် လည်းမတူဘူး။ ယဉ်ကျေးမှုခြင်းလည်းမတူဘူး။ တာလီဘန်တွေ သွေးအေး စစ်ပွဲဒဏ်ကြောင့် ပါဝါလုကြရင်း ဘာသာရေး အစွန်းရောက်တွေဖြစ် ပြီး ထင်ရာစိုင်းတာ မိုင်ရာပေါင်းများစွာက ကျနော်တို့  အပြစ်လား။ တာလီဘန်တွေ ကိုမွေးပေးခဲ့တဲ့ CIA ကိုသာ အပြစ်မတင်သင့်ဘူးလား။ မဆီမဆိုင် မြန်မာမွတ်စလင်မ်တွေကို ထိုင်ဆဲနေမဲ့အစား တာလီဘန်ကိုသာ သွားမတိုက်သင့်ဘူးလား။

တာလီဘန်တွေ အဲ့ဒီရုပ်ပွားတော်ဖျက်ဆီးတုန်းက ကျနော်တို့ တွေကန့်ကွက်ခဲ့ တယ်။ ကမ္ဘာအနှံ့ က မွတ်စလင်မ်တွေလည်း ဆန္ဓပြခဲ့တယ်။ အခုလည်း ဗုဒ္ဓဘာသာကိုစော်ကားတဲ့ ကိစ္စတွေရှိလာရင် မွတ်စလင်မ်တွေ ကန့်ကွက် တယ်။ Rude Buddha ဆိုတဲ့ ဗုဒ္ဓကို တဏာသမားအနေနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်း (ဒီမှာ) ကို မွတ်စလင်မ်တွေ ကန့် ကွက်ခဲ့တယ် (ဒီမှာဖတ်ပါ)။ ရွေဝါရောင် တုန်း ကလည်း သံဃာတော်တွေကို မွတ်စလင်မ်တွေ ၀ိုင်းရံခဲ့တယ်။

ကဲ ဒါနဲ့ သူတို့ လည်း အစ္စလာမ်ဘာသာဝင်တွေပဲဆိုတာနဲ့  သူတို့ လုပ်သမျှ ကျနော်တို့ တာဝန်၊ ကျနော်တို့ အပြစ်ဖြစ်သွား ရော လား?

ဒီလိုဆို မေးမယ်။ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးအခင်းတုန်းက ဘုန်းကြီးတွေအကြမ်းဖက်ခံရတဲ့ကိစ္စအတွက်   မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိလား။ အဲ့ဒါ လူမျိုးတူ ဘာသာတူ စကားတူ ဒေသတူချင်းတွေပဲ။

နောက်တခု — စစ်အစိုးရခေတ်တုန်းက တိုင်းရင်းသားဒေသတွေမှာ ရွာမီးရှို့ ၊ လူသတ်၊ မုဒိန်းကျင့်၊ ရွာသားတွေ မောင်းထုတ် အကုန်လုပ်တယ်။ အခုလဲ ကချင်ဒေသမှာဖြစ်နေတုန်းပါပဲ။

ဒီကိစ္စ ၂ ခုလုံးအတွက် မြန်မာပြည်က ဗမာတွေနဲ့  ဗုဒ္ဓဘာသာဝင်တွေအားလုံး အပြစ်ရှိလား။ အပြစ်ပေးမယ်ဆိုရင် ဗမာဗုဒ္ဓဘာသာ တိုင်း အပြစ်ခံကြရမှာလား။ စဉ်းစားကြပါ။ မြန်မာတွေ ခေါင်းဒီလောက်မတုံးပါဘူး။

အစ္စလာမ်က ဘာသာမတူရင်သတ်ဆိုတဲ့ အမိန့် ရှိတယ်လို့  တလွဲစပင် မပြောပါနဲ့ ။ မမေးလည်းဖြေ ပါမယ်။ အစ္စလာမ်မှာ ကျူးကျော်စစ်၊ ကိုယ်ကစ မတရားလုပ်တာကို လုံးဝ (လုံးဝ) ခွင့်မလွတ်ဘူးဆိုတာ အတိအလင်း မိန့် ထားပါတယ်။ နံပတ် (၃) မှာ ဆက်ဖတ်ပါ။

[မှတ်ချက် - စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်]

Credit: နေမျိုး
Source: MMSY

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)