Tuesday, June 5, 2012

ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သတ်ပြီး သတင်းမီဒီယာများအပေါ် indepth analysis အသေးစိတ်ခွဲခြမ်းကြည့်ရာဝယ်



မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပျက်လျက်ရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး သတင်းမီဒီယာများအပေါ် indept analysis လုပ်ထားခြင်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ကိစ္စရပ်နှစ်ခုအပေါ်မှာ အခြေခံပြီး ပြည်သူလူထုတွေဟာ မိမိတို့စိတ်တွင်းခံစားချက်တွေကို ငြိမ်းချမ်းစွာဖော်ထုတ်ရတဲ့ အဖြစ်၊ တရား ဥပဒေစိုးမိုးစေရေး တောင်းဆိုရတဲ့အဖြစ်တွေဆီ အခြေအနေတစ်ရပ်က တွန်းပို့လိုက်ပါတယ်။

ကမ္ဘာ့မီဒီယာတွေရဲ့ headlines တွေဆီမသွားမီ လော့ဂျစ်ကျကျသုံးသပ်ကြည့်ကြပါမယ်။ ဖေ့စ်ဘွတ်ခ်ခေါ်တဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းကွန်မန့်တွေ အပြန်အလှန်ပေးကြပါတယ်။ အချို့လည်း တော်တော်ဆိုးပါတယ်။

ကိုမြအေး ဘာကြောင့် အပြင်ထွက်လာသလဲဆိုတာနဲ့ပတ်သတ်ပြီး ကွန်မန့်တွေပေးထားပါ တယ်။ မုဒိန်းကျင့် လူသတ်မှုကို အခြေခံ ပြီး အပြစ်မဲ့ (အညာသားများအပါအ၀င်) လူ ၁၁ ဦးကို မသေမချင်း ရိုက်သတ်ပြစ်လိုက်တယ်။ နောက်ဆက်တွဲဘာဖြစ်မလဲ။ မုဒိန်းကျင့်လူ သတ်မှု၊ အဲဒီအတွက်တရားစီရင်ဆဲ၊ လက်စားချေမှုကြောင့် အပြစ်မဲ့ ၁၀ ဦးအသတ်ခံရ၊ minority  အစုများ တဲ့နေရာတွေမှာ ထပ်ပြီးလက်စားချေမှု တွေမဖြစ်လာနိုင်ဘူးလား။ ဒီလိုတွေ ဆက်ဖြစ်နေရင် ဒီမိုကရေစီရေးထိခိုက်မှာကြောင့် ကိုမြအေး အပြင်ထွက်လာတာ ပါ။ နိုင်ငံတော်အဆင့်ဖြစ်လာနိုင်တဲ့ ပဋိပက္ခကို ဟန့်တားဖို့ အပြင်ထွက်လာတာပါ။ မုဒိန်း ကျင့်လူသတ်မှုအတွက် ဘာမှအပြစ်မရှိတဲ့ အပြစ်မဲ့ ၁၁ ဦးကို ရိုက်သတ်လိုက်တာ မှန်တယ်လို့ ယူဆနေတဲ့ ကွန်မန့်များကတော့ စိတ်ပျက်ဖွယ်ရာများပါပဲ။

အခုကျွန်တော်တို့ နိုင်ငံတကာမီဒီယာများကို လေ့လာပါမယ်။

ဘီဘီစီသတင်းဌာနက အခုလိုခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ “Muslims Killed in attack in Burma’s Rakhine Province” ၊ “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မွတ်စလင်မ်များ တိုက်ခိုက်သတ် ဖြတ်ခံရ”။

ဘီဘီစီသတင်းရဲ့ လူစုလူဝေးဖြင့် တိုက်ခိုက်ကြခြင်းဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ ဖော်ပြထားတာ က-

”More than 100 people beat and killed those people,” a resident told AFP news agency. “The residents even torched the bus.”

The reason for the attack is unclear, but some residents say it was a revenge attack following the rape and murder of a Buddhist girl in another part of the province last month.

(ဘာသာပြန်) “လူအယောက်၁၀၀ ကျော်လောက်ဝိုင်းရိုက်ပြီး သတ်ပြစ်လိုက်ကြတာပါ။ အဲဒီအနားမှာ နေထိုင်တဲ့ လူတွေက ဘတ်စ်ကားကို မီးနဲ့ တောင် ရှို့လိုက်ကြသေးတယ်” လို့ တောင်ကုတ် မြို့ခံတစ်ဦးက အေအက်ဖ် ပီသတင်းဌာနကို ပြောပါတယ်။

တိုက်ခိုက်မှု ဘယ်လိုဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့ နောက်ခံအကြောင်းကတော့ မရှင်းမလင်းအနေ အထားပါ ပဲ။ ဒါပေမယ့် မြို့ခံအချို့ ကတော့ ပြည်နယ်အတွင်း အခြားတစ်နေရာမှာဖြစ်ပျက်ခဲ့ တဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ဦးအား မတော်မတရားပြုကျင့် သတ်ဖြတ်ခဲ့တာကြောင့် လက်စားချေ ကြခြင်းဖြစ်ကြောင်း ပြောကြပါတယ်။

အခုတစ်ခါ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကို လေ့လာပါမယ်။ ရိုက်တာကတော့ “Buddhist vigilantes kill 9 Muslims in Myanmar violence” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ “ဘာသာရေး မုန်းတီးမှုအခြေခံ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ် ၉ ဦး ကို မြန်မာပြည်တွင်း တိုက်ခိုက်မှု၌ သတ် ဖြတ်” လို့ ယေဘုယျဘာသာပြန်ဆို နားလည်နိုင်ပါတယ်။

သတင်းကို အခုလို အစချီဖော်ပြထားပါတယ် -

The bus was besieged near Taunggoke town in the western state of Rakhine on Sunday evening by a group who blamed some of its passengers for the murder of a Buddhist woman a week ago, said local residents and politicians. One of those killed was travelling in a separate car.

(ဘာသာပြန်) “တနင်္ဂနွေညနေပိုင်းလောက်အချိန်က ရခိုင်ပြည်နယ်အနောက်ဘက် တောင်ကုတ်မြို့အနီးမှာ ဘတ်စ် ကားကို ဝိုင်းဝန်းပိတ်ဆို့လိုက် ကြပါတယ်။ ပိတ်ဆို့လိုက် တဲ့သူတွေကတော့ ဘတ်စ်ကားပေါ်မှာ လွန်ခဲ့ တဲ့တစ်ပတ်က ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးကို မုဒိန်းမှုကျူးလွန်သွား တဲ့ တရားခံပါကြောင်း ဆိုကြတယ်”လို့ ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေ က ပြောဆိုကြပါတယ်။

ရေဒီယို ဩစတေးလျကတော့ ခုလို ခေါင်းစဉ်တပ်ခဲ့ပါတယ်။ “Nine dead in mob attack in Burma” ၊ “မြန်မာပြည်တွင် လူစု လူဝေးဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံး”။

သတင်းကို တင်ပြထားရာမှာ ကောက်နုတ်သင့်တဲ့အချက်တစ်ချက်ကတော့ -

Clashes between Buddhists and Muslims occur periodically in Burma and Rakhine state, which borders Bangladesh, is a flashpoint for tensions.

“We all have a duty to control the situation, no matter who is involved or which religion they are,” said Aye Maung, an MP for the Rakhine Nationalities Development Party.

“We all are living here together. We, as well as the government, have the duty to control it,” he told AFP.

(ဘာသာပြန်) ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်မ်များအကြား မြန်မာပြည်နဲ့ ရခိုင်ဒေသတို့မှာ တင်းမာငြိစွန်းမှုတွေ အမြဲလိုလိုဖြစ် တတ်ပါတယ်။ ရခိုင်ဒေသကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်ပြီး တင်းမာမှုတွေ အတွက် အမြဲမီးမောင်းထွန်းပြနေရတဲ့ ဒေသပါ။

“ဘယ်သူတွေ ပါဝင်ခဲ့ပါစေ၊ ဘယ်သူတွေက ဘယ်ဘာသာဝင်တွေပဲဖြစ်နေပါစေ။ အခြေအနေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့အားလုံး ဒီမှာအတူတကွနေထိုင် ကြတာပါ။ ကျွန်တော်တို့အပါအဝင် အစိုးရပိုင်းက လည်း ဒါမျိုးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါ တယ်။” လို့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် လွှတ်တော်အမတ် ဦးအေးမောင် က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

စင်ကာပူ နာမည်ကြီး straitstimes ကတော့ “At least 9 killed in mob attack in western Myanmar” ဆိုပြီး အုပ်ဖွဲ့တိုက်ခိုက် မှုကြောင့် မြန်မာနိုင်ငံအနောက်ပိုင်းတွင် လူကိုးဦးသေဆုံးလို့ ခေါင်းစဉ်တပ်ပါတယ်။ သတင်းကတော့ အကျဉ်းချုပ်လောက်ပဲဖြစ်ပါ တယ်။ တောင်ကုတ်မြို့မှာ ဒေသခံ ရခိုင်အမျိုးသားများက လူကိုးဦးကို သတ်ပြစ်လိုက်ကြတယ်၊ ကျွန်တော်တို့ အသေးစိတ် မသိ သေးပါလို့ အစိုးရတာဝန်ရှိသူများက ဆိုကြောင်း ဖော်ပြထားပါတယ်။

ဘန်ကောက်ပို့စ်ကတော့ “Nine dead in Myanmar mob attack: govt official” ဆိုပြီး မြန်မာပြည်က အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် လူကိုးဦးသေ ဆုံးကြောင်း အစိုးရပိုင်းက ပြောကြား ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ရေဒီယို ဩစတေးလျရဲ့ တင်ပြပုံနဲ့ ဆင်တူပါ တယ်။

အခုလို နိုင်ငံတကာမီဒီယာများရဲ့ ခေါင်းစဉ်များကို လေ့လာရခြင်း အကြောင်းရင်းကတော့ ဒီမီဒီယာတွေအားလုံးက ခိုင်မာတဲ့ မီဒီယာတွေဖြစ်ပြီး မြန်မာပြည်က တာဝန်ရှိသူများရဲ့ ပြောဆို မှုများအပေါ် အခြေခံခဲ့ကြတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။

နိုင်ငံပိုင် state media နဲ့ state newspaper တို့ရဲ့ သတင်းကြေညာချက်က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ နိုင်ငံတကာမီဒီ ယာတွေရဲ့ ဆက်သွယ်မေး မြန်းမှုများကို အဖြေပေးခဲ့တဲ့ အရင်းအမြစ်တွေကိုပဲ အခြေခံပါသလား။ ဒီမေးခွန်းဖြစ်ပေါ်လာရတာက “ကုလား” ဆိုတဲ့ စကားလုံးကြောင့်ပါ။

နိုင်ငံပိုင် state media နဲ့ state newspaper တွေမှာ “မွတ်စလင်ကုလား” ဆိုပြီး ထပ်ကာတလဲလဲ သုံးစွဲသွားပေမယ့် နိုင်ငံတကာ မီဒီယာတွေမှာ ဒီ derogatory term ကို ကိုယ်စားပြုတဲ့ စကားလုံး တစ်လုံးတောင် ရှာမတွေ့ရတာ ဘာကြောင့်ပါလဲ။ ကုလားဆိုတဲ့ စကားလုံးက နိုင်ငံတကာမှာ “Nigger” ဆိုတာနဲ့ ထပ်တူညီမျှပါပဲ။ နိုင်ငံတကာမှာ Nigger ဆိုတဲ့စကားလုံး သုံးစွဲဖော်ပြတဲ့ မီဒီယာ မရှိပါ။ လုံးဝမရှိပါ။

သတင်းအရင်းအမြစ်က တစ်နေရာတည်းကလာပြီး သတင်းတင်ဆက်ပုံ၊ စကားလုံးရွေးချယ်ပုံတွေ ကွာနေတာ ဘာကြောင့်ပါလဲ။

အခု ပြန်ကြားရေးညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က notes ကို လေ့လာပါမယ်။ ဦးရဲထွဋ်ရေးသားခဲ့တာက-

“အဲဒီလမ်းညွှန်ချက်များမှာ သတင်းများမှာ ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/မြင့် ဖော်ပြတာနဲ့ပတ်သက်ပြီးအောက်ပါအတိုင်း လိုက်နာဖို့သတ်မှတ်ထားပါတယ်-

၁။ လူတစ်ဦး၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ( အထူးသဖြင့် အဆိုးမြင်စေမယ့်၊ မကောင်းတဲ့သတင်းများ) နဲ့ပတ်သက်ပြီး ရေးသာရာမှာ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဇတ်နိမ့်/မြင့်များကို ရည်ညွှန်းရေးသားခြင်းမပြုဖို့သတိပြုရန်။

၂။ ပြစ်မှုများတွင် စွတ်စွဲခံရသူ သို့မဟုတ် နစ်နာသူ၏ မျိုးနွယ်၊ လူမျိုး၊ ဘာသာကို ရည်ညွှန်းရေးသားခြင်းမပြုရန်။

၃။ စကားလုံးများသုံးစွဲရာတွင် ဓမ္မအဓိဋ္ဌာန်ကျကျ ရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့် အသုံးအနှုန်းများကို ရှောင်ရှားရန်။

ဒါ့အပြင် Communal Dispute လို့ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ၊ ပဋိပက္ခများနဲ့ပတ်သက်ပြီး သတင်း ရေးသား တဲ့အခါ အောက်ပါအတိုင်းလမ်းညွှန်ထားတာတွေ့ရပါတယ်-….” စသဖြင့်ပါ။

ဦးရဲထွဋ့်က ဇွန်လ ၄ ရက် ည ၈ နာရီမှာ တင်ထားတာပါ။ အဲဒီအချိန်လောက်မှာပဲ နိုင်ငံပိုင်မီဒီယာ က “တရားခံ မောင်… အစ္စလာမ်၊ မွတ်စလင်ကုလားလူမျိုး” စတဲ့စကားလုံးတွေ တရစပ်သုံးပြီး သတင်းတင်ဆက်သွားတာ ကတော့ နိုင်ငံတကာမှာ ရှက်ဖွယ်လိလိ သတင်းတင်ဆက်ပုံမျိုးပါ။

နိုင်ငံပိုင်သတင်းစာက ခေါင်းစဉ်တပ်လိုက်ပုံက – “မွတ်စလင်ကုလား ၁၀ ဦးအသတ်ခံရ” ။

ဒီလိုပဲ ဇွန်လ ၃၀ ရက် တောင်ကုတ် လူသတ်မှုမတိုင်ခင်တုန်းက သတင်းတွေကို လေ့လာကြည့်ရ အောင်။

ရခိုင်းသတင်းဌာန နိရဉ္စရာသတင်း ဌာနရဲ့  မေလ ၂၉  ရက်နေ့ ထုတ် “ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ” ခေါင်းစဉ်ပါသတင်း တစ်ပုဒ်ထဲမှာတင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပေးတဲ့ စာလုံး၊ စာကြောင်းပေါင်းများစွာ ထည့်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းတွေကတော့-

-       ကျောက်ထရံ ကုလားရွာအနီးမှာ မုဒိမ်းကျင့်ခံရပြီး

-       မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး

-       ” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်”

-       တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ

နိရဉ္စရာသတင်းဌာနရဲ့  မေလ ၂၉  ရက်နေ့ ထုတ် “ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ” ခေါင်းစဉ်ပါ သတင်းမှာလည်း လူမျိုးရေး ဘာသာရေး စကားလုံးထပ်ပြီး ရေးသားထားပါတယ်။

-       သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

-       တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို

-       အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု

-       မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များ အားလည်း ဓါးဖြင့် ချေမွထားကြောင်း

မေလ ၃၁ ရက်နေ့ ထုတ် “မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ” ခေါင်းစဉ်ပါသတင်းမှာ

-       အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ

-       မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ

-       အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့်

-       စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီး ထားကြောင်း

ဇွန်လ ၂ ရက်နေ့ ထုတ် “ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ” ပါသတင်းမှာ-

-       ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို
 ရာဇ၀တ်မှုတွေကို လူမျိုးရေး ဘာသာရေး စကားလုံးချင်းထပ်ကာထပ်ကာ တွင်တွင်ရေးသားတင်ပြထားတဲ့ သတင်းတွေ ရခိုင်ပြည်မှာ ပျံ့ သွားပြီး ရခိုင်ပြည်သူတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။

အလားတူပဲ ဇွန်လ ၁ ရက်နေ့ ထုတ် အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို ခေါင်းစဉ်ပါ ဧရာဝတီ သတင်းမှာ-

-       အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊

-       ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိပြီး ကုလားများနှင့်ပတ်သက်၍ တိုင်တန်းချက်များကို သက်ဆိုင်ရာက တာဝန်ယူမှုမရှိသည့် စသဖြင့် ရေးသားထားပါတယ်။

ဒါကြောင့် မေလ ၃၀ ရက်နေ့ကတည်းက ထောင်သွင်းအကျဉ်းချခံရပြီးဖြစ်တဲ့ မုဒိန်းကောင်များကို အခြေခံပြီး ဇွန် ၃ ကျမှ လူသတ် ပွဲကြီးဖြစ်လာစေတာ ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဇွန် ၅ ရက်မှာ လူထုတွေ လမ်းပေါ်ထွက်လာပြီး တရားဥပဒေ စိုးမိုးရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ အခြေအနေထိ တွန်းပို့တာ ဘယ်မီဒီယာများပါလဲ။ ဒီလို မြန်မာနိုင်ငံတော်အစိုးရပိုင်မီဒီယာရဲ့ သတင်းတင်ဆက်ပုံမျိုးဟာ သွေးနားထင်ရောက်အောင် ဆွပေးတဲ့ သတင်းတင်ဆက်ပုံမျိုးဖြစ် ပါတယ်။ ဒါကို တာဝန်ယူပေးပါ။


ငြိမ်းချမ်းလှတဲ့ မြန်မာမွတ်စလင်မ်တွေကြောင့်သာ နိုင်ငံအဆင့်အဓိကရုဏ်းမဖြစ်တာပါ။

နိဂုံးချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်အမှားပြင်ဆင်ချက်ထည့် ထားတဲ့ ကိစ္စကို ပြောရမှာပါ။

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနခင်ဗျား – လူကြီးမင်းတို့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး သွေးခွဲသပ်လျှိုတဲ့ အသုံးအနှုံးများ အတွက် အမှားပြင်ဆင် ချက်က လုံလောက်ပြီလို့ ထင်မြင်ပါသလားခင်ဗျား။

ကျွန်တော်တို့ လိုအပ်နေတာ “Apology” လို့ ခေါ်တဲ့ တရားဝင်တောင်းပန်မှုပါ။

စင်္ကာပူ တူဒေးစ်သတင်းစာက ကျိုက်ထီးရိုးအကြောင်း မကောင်းရေးကြတော့ တောင်းပန်ပါလို့ ပြောခဲ့ကြတဲ့ မြန်မာတွေ၊ အခု ကိစ္စမှာလည်း နိုင်ငံကြီးသားပီသစွာ လက်တွဲဆောင်ရွက်ပေးကြပါ။

နိုင်ငံကြီးသား ဘာသာခြားမြန်မာများခင်ဗျား။ ပူးပေါင်းပါဝင်လက်တွဲကူညီကြရင်း Racial Harmony, Religious Harmony များဖွံ့ဖြိုးပြီး လူမျိုးခြားအချင်းချင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အင်အားစိုက်ထုတ်ပေးကြပါ လို့ မေတ္တာရပ်ခံ လိုက်ရပါတယ်။

Credit & Source: MMSY

4 comments:

  1. ၃-၅-၂၀၁၂ ညအချိန်တွင် အသက်(၃)နှစ်သာရှိသေးသည့် လူမမယ်အရွယ် သမီးကလေးတစ်ဦးအား အောင်နိုင် (၃၅နှစ်)က လူမဆန်စွာ မုဒိမ်းကျင့်ပြီးနောက် ပဲခူးမြို့၊ မဇင်းချောင်းရေစပ်နား၌ ပစ်ချထားခဲ့သော ပြစ်မှုတစ်ခု ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းအပိုင်၌ ပေါ်ပေါက်ခဲ့ပါသည်။ (ဤအကြောင်းကို ထိုအချိန်က ထုတ်ဝေခဲ့သော ဂျာနယ်တစ်ချို့၌ တွေ့ရပါသည်။ ဥပမာ-စောင့်ကြည့် ၁၅-၅-၂၀၁၂) သို့သော် ဤ အဖြစ်အပျက်၌ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်လေးမှာ အသက်(၃)နှစ်သာ ရှိသေးသည့်အပြင် လူမဆန်စွာ ကျူးလွန်သူ ကိုအောင်နိုင်မှာလည်း ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ရာ မည်သူကမျှ
    “ဒီလူတွေကြောင့် ဗုဒ္ဓဘာ သာ သိက္ခာကျရတယ်။ အများအထင်သေးစရာ ဖြစ်ရတယ်”ဟု အရေးတယူ ပြောဆိုရေးသားခြင်း မျိုးကို မဖတ်လိုက်ရ။ မကြားလိုက်ရသလို ပဲခူးမြို့ရှိ မည်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးကမျှ ကိုအောင်နိုင်နှင့် သူ့အိမ်ရှေ့သွား၍ “အသားထဲကလောက်ကောင်”၊ “နင့်ကြောင့် ဗုဒ္ဓဘာသာ ဗမာလူမျိုး ဘယ်လောက်ထိခိုက်ရသလဲဆိုပြီး ရှုတ်ပြောဆိုမှုကိုလည်း မခံစားလိုက်ကြရပါ။ တရားခံအောင်နိုင်ကိုသာ လျှင် ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းသာ ရှိပါသည်။

    အလားတူပင် ၃-၁၁-၂၀၀၉တွင် ရန်ကုန်မြို့မှ (၃၆)မိုင်သာ ကွာဝေးသော ပဲခူးတိုင်း၊ အင်းတကော် ကျေးရွာ တွင် အသက်(၇နှစ်)အရွယ် မအေးနှင်းလှိုင်အမည်ရှိ Grade-2 ကျောင်းသူ သမီးငယ်လေးတစ်ဦး လူမဆန် သော သူနှစ်ဦး၏ ဖမ်းဆီး အဓမ္မပြုကျင့်မှုကို ခံခဲ့ရသဖြင့် မိဘများက ပြန်တွေ့ချိန်တွင် သမီးငယ် လေးမှာ သတိလစ်နေသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ခဲ့ရာတွင် သမီးငယ်လေး အခြေအနေမှာ စိုးရိမ် စရာဖြစ်နေလို့ ရန်ကုန်ဆေးရုံကြီးကိုသာ သွားသင့်ကြောင်း ပြောသဖြင့် ရန်ကုန် အမျိုးသမီးဆေးရုံကြီးသို့ ခေါ်ဆောင်လာခဲ့ကြပါသည်။ (၇နှစ်)အရွယ်ရှိ မအေးနှင်းလှိုင်မှ
    မွတ်စလင်သမီးကလေး တစ်ဦးဖြစ်ပြီး လူမဆန်သော မုဒိမ်းကောင် နှစ်ဦးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြရာ ဘယ်မွတ်စလင်ကမှ တစ်ခြားမဆိုင် သော ဗုဒ္ဓဘာသာဝင်များကို ရန်ရှာခြင်း၊ ပုတ်ခတ်စော်ကားခြင်းများ မရှိခဲ့ကြပါ။

    ReplyDelete
  2. တည်ဆဲဥပဒေအရသာ ထိုလူမဆန်သူ နှစ်ဦးသည် ထောင်ဒဏ် (၈)နှစ်၊ ထောင်ဒဏ်(၇)နှစ် အသီးသီး ကျသွားခဲ့ကြပါသည်။ အံ့သြစရာကောင်းတာလား၊ နတ်စောင့်တာလားတော့ မသိပါ။ ထိုလူမဆန်သော သူနှစ်ဦး၏ သတင်းကို ဘယ်သတင်း၊ ဘယ်ဂျာနယ်၌မှပင် မပါရှိခဲ့ပါ။ ယုတ်စွအဆုံး “မှုခင်း”ဂျာနယ်များ၌ပင် မပါရှိပါ။

    “သူတော်ကောင်းကို နတ်စောင့်သည်”ဟူ၍သာ ကြားဖူးပါသည်။
    “စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ အလစ်ကိုချောင်း တစ်ဖက်သားရဲ့ အငိုက်ကို---”
    ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ် စတေးရရှာတယ်။ သေတပန်ပြောင်းဘ၀ကို အရိုင်းပန်းငယ် မလွန်ဆန်နိုင် ဆက်သရုံပဲ”
    စိုင်းထီးဆိုင်၏ ကျော်ကြားလှသော တေးတစ်ပုဒ်ဖြစ်သည့် “မောင့်အရိုင်းပန်း”
    သီချင်းသည် ရှမ်းအမျိုးသမီး လေးများ Rape လုပ်ခံရသည့် ကိစ္စနှင့် ပတ်သက်နေသည်ဟု ယူဆပြောဆိုကြပါသည်။ တပ်မတော်သား တစ်ချို့က ပြုခဲ့ကြတာပါဟု ပြောကြပါသည်။

    ReplyDelete
  3. http://www.weeklyeleven.com/index.php?option=com_content&view=article&id=14008:2012-06-08-08-10-01&catid=42:2009-11-10-07-36-59&Itemid=112
    အဲဒီ လင့်ခ်လေးကို ဝင်ကြည့်ပါဦး။
    ဒီက အစ်ကိုတွေ ဘယ်လို ထင်မြင်ချက်ပေးမလဲဆိုတာကို သိချင်လို့ ဒီပေ့ခ်ျလေးကို ဘွတ်ခ်မာ့ခ်လုပ်ပြီး စောင့်ကြည့်နေပါ့မယ်။
    အခုတစ်ကြိမ်မှာရော ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူများက ဘယ်ဘက်ကနေ ရပ်တည်မလဲလို့ သိချင်ရုံသက်သက်ပါ။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ ကျွန်တော်တို့ရဲ့ သဘောထားထုတ်ပြန်ချက်ကို-

      http://islaminmyanmar.blogspot.com/2012/06/blog-post_08.html

      မှာ ဖတ်ကြည့်ပေးပါ ခင်ဗျာ....

      Delete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)