Wednesday, August 15, 2012

အကြမ်းဖက်သမားအများစုဟာ အစ္စလာမ္မစ်တွေဆိုတာ မဟုတ်မှန်

99.6 % အကြမ်းဖက်သမားဟာ အစ္စလာမ္မစ် မဟုတ်ကြောင်း ဥရောပရဲတပ်ဖွဲ့   (Europol) ထောက်ပြ

သြဂုတ် ၁၅၊ ၂၀၁၂


“မွတ်ဆလင်အားလုံးဟာအကြမ်းဖက်သမားမဟုတ်၊ သို့သော် အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေဖြစ်တယ်” ဆိုတဲ့ လက်သုံးစကားဟာ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးသူတွေ သုံးနေကြ ပေါ်ပြူလာစကားလုံးပေါ့။ ရှင်းရှင်း လင်း လင်း ပြောရရင်တော့ ဒါဟာ အချက်အလက်တွေအပေါ်တကယ်အခြေခံပြီး ပြောကြားတာနေမဟုတ်ပါဘူး။ FBI ရဲ့ တရား ဝင် ထုတ်ပြန်ချက်တွေ အရ US မှာဖြစ်တဲ့ အကြမ်းဖက်မှုတွေမှာ ၉၄% သော အကြမ်းဖက်သူတွေမှအပ ကျန်သူတွေသာ မွတ်ဆလင်တွေ ဖြစ်ကြပါတယ်တဲ့။ အမေရိကန်မြေပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေကို  ၁၉၈၀မှ ၂၀၀၅ အထိ မှတ် တမ်း ပြုစုဖော်ပြချက်တွေအရ  ၆ ရာခိုင်နှုန်းသော အကြမ်းဖက်လုပ်ရပ်တွေသာ မွတ်ဆလင်တွေနဲ့  သက်ဆိုင်ပါတယ်။ ကျန်တဲ့ ၉၄% ထဲမှာတော့ ၄၂% ကို လက်တင်အမေရိကသားတွေ၊ ၂၄% ကို လက်ဝဲအစွန်းရောက်အဖွဲ့ဝင်တွေ၊ ၇% ကို ဂျူးအစွန်းရောက်တွေ၊ ၅% ကိုကွန်မြူနစ်တွေနှင့် ၁၆% ကိုတော့ အခြားအဖွဲ့တွေကျူးလွန်တာလို့ ခွဲထုတ်နိုင်ပါတယ်။

တစ်ဖက်ကိုကြည့်ကြည့်ကြရအောင်။ ဥရောပရဲတပ်ဖွဲ့ ဖြစ်တဲ့ ယူရိုပိုလ် (Europol) တရားဝင်ဝဘ်ဆိုက် မှ နှစ်စဉ် ထုတ်ပြန် နေ တဲ့ ဥရောပအကြမ်းဖက်မှုအနေအထားနဲ့ ဖြစ်စဉ် အစီရင်ခံစာတွေကို ၂၀၀၇၀၈၀၉ နှစ်အလိုက်ထုတ်ပြန်တာကို လေ့လာရင်လည်း အကြမ်းဖက်သမားအများစုက မွတ်ဆလင်တွေပါလို့ အထောက်အပံ့ဖြစ် တဲ့အနေအထားမရှိပါဘူး။ တစ်စုံတစ်ယောက်က ၂၀၀၇ ထက်အရင် ရီပို့ထ်တွေကို ရှာဖွေနိုင်မယ်ဆိုရင် လေ့လာချက်ထဲမှာ ထည့်သွင်း ဖော်ပြနိုင် အောင် ပေးပို့နိုင်ပါတယ်။

အထက်ပါရလဒ်တွေက ဘယ်လိုနည်းနဲ့မှ အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေပါလို့ အထောက်အပံ့မဖြစ်ပါ။ အချက်အလက်တွေကို အနှစ်ချုပ်လိုက်ရင် ဥရောပမှာဖြစ်ပွါးခဲ့တဲ့ ၉၉.၆% သော အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို မွတ် ဆလင် မဟုတ်သူတွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ၈၄.၈% သော တိုက်ခိုက်မှုတွေကို ခွဲထွက်ရေးအုပ်စုတွေက ကျူး လွန်တာဖြစ်ပါတယ်။ လက်ဝဲဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာဆိုရင် အစ္စလာမ္မစ်အုပ်စု တွေထက် ၁၆ ဆ ပိုများ နေပါသေးတယ်။ ၂၀၀၆ ကနေ ၂၀၀၈ အထိ တိုက်ခိုက်ခံရမှုတွေမှာ ၀.၄% သာ အစွန်းရောက် မွတ်ဆလင်တွေ ပြုလုပ်ခဲ့ တာလို့ သတ်မှတ်နိုင်ပါတယ်။

ဥရောပမှာ ဖြစ်ပွါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ တရားဝင်စာရင်း ဇယားတွေကို အောက်မှာ ဆက်လက် ဖော်ပြထား ပါ တယ်။


၂၀၀၆ ခုနှစ် စာရင်းဇယား
၂၀၀၇ ခုနှစ် စာရင်းဇယား
၂၀၀၈ ခုနှစ် စာရင်းဇယား
ရီပို့ထ်အရ ၂၀၀၈ခုနှစ်အတွင်းမှာ UK နိုင်ငံအတွင်းမှာ အစ္စလာမ္မစ်တိုက်ခိုက်မှုတစ်ခုရှိတာကို အပေါ်က ၂၀၀၈ ခုနှစ် စာ ရင်းဇယားမှာ ထည့်သွင်းမဖော်ပြထားပေမဲ့ အောက်က ဘားဂရပ်(ဖ) မှာတော့ ထည့်သွင်းတွက်ချက်ဖော်ပြထားပါတယ်။

အပေါ်က စာရင်းဇယားတွေကို ကြည့်လိုက်တာနဲ့ အကြမ်းသမားအများစုဟာ မွတ်ဆလင်တွေပါလို့ ဝါဒဖြန့်နေတာတွေ ဟာ ယုတ္တိမတန်ဘူးဆိုတာ လွယ်လွယ်ကူကူကောက်ချက်ချနိုင်ပါတယ်။ ဒါဟာအမှန်တရားစစ်စစ်ပဲဖြစ်ပါတယ်။
 အထက်ပါ ဒေတာတွေကို စုစည်းပြီး ၂၀၀၆ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ ဥရောပနိုင်ငံတွေမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သက်ဆိုင်ရာဂရုပ်အလိုက် ခွဲထုတ်ဖော်ပြချက်ဘားဂရပ်(ဖ)ပါ။

၂၀၀၉ ခုနှစ် ယူရိုပိုလ်ရီပို့ထ် စာမျက်နှာ (၇) မှာ အောက်ပါအတိုင်းအနှစ်ချုပ်ထားပါတယ်။

အစ္စလာမ္မစ်အကြမ်းဖက်တွေဟာ ကမာနဲ့အဝှမ်းမှာ အကြီးအကျယ် ဖြစ်ပွါးနေတယ် ဆိုသော်လည်း အချက်အလက်တွေ အရတော့ EU အနေနဲ့ ၂၀၀၈ ခုနှစ် အတွင်းမှာ UK မှာ ဗုံးခွဲတိုက်ခိုက်မှု တစ်ကြိမ်သာ တိုက်ခိုက်ခံခဲ့ရပါတယ်။ ခွဲထွက်ရေး အကြမ်းဖက်သမားတွေသာ ဥရောပတစ်လွှားမှာ အဓိကအကြမ်းဖက်သူတွေ ဖြစ်ပါတယ်။

အဓိက အကြမ်းဖက်သမားတွေကတော့ စပိန်နှင့်ဖရန့်စ်က ဘက်စ်ခွဲထွက်ရေးသမားများ၊ ဖရန့်စ်မှ ကော်ဆီကန် ခွဲထွက် ရေးသမားများ ဖြစ်ပါတယ်။ ETA (ဘက်စ်ခွဲထွက်ရေးသမားများ) နှင့် FARC (ကိုလံဘီယာခွဲထွက်ရေးသမားများ) ကြားက ဆက်ဆံရေးအနေထားတွေက အီးယူအတွင်းက ခွဲထွက်ရေးသမားတွေဟာ အီးယူပြင်ပမှာ မိတ်ဆွေအဖွဲ့အစည်းတွေနဲ့ ပေါင်းကူးဆက်ဆံမှုပြုလုပ်ရှာဖွေပါတယ်။ UK မှာတော့ အိုင်းရစ်ရှ်ခွဲထွက်ရေးသမားတွေဖြစ်တဲ့ RIRA နဲ့ CIRA တို့ဟာ အခြားလက်နက်ကိုင်အဖွဲ့တွေဟာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေကြူးလွန်လျှက်ရှိနေပါတယ်။

ဒီကနေ့ လက်ယာအစွန်းရောက်တွေရဲ့ လွှမ်းမိုးမှုဝါဒဖြန့်မှုတွေကြောင့် လူအများစုက အစ္စလာမ္မစ် အကြမ်းဖက်သမား ဆို သည်မှာ အနောက်ကမာကို အဓိကခြိမ်းခြောက်နေသော အကြမ်းဖက်သမားများအဖြစ် အမြင်ရောက်နေကြတယ်။ တ ကယ်တမ်းကျတော့ အနောက်ကမာက အစ္စလာမ္မစ်ကြမ်းဖက်သမားဆိုတာထက် တခြားသောအဖွဲ့အစည်းတွေက အ ကြမ်းဖက်မှုတွေ ပိုပြီးလုပ်ဆောင်နေကြပြီး အစ္စလာမ္မစ်တွေထက် အဆပေါင်းများစွာ ပိုမိုလုပ်ဆောင်နေကြတာပါ။ ဒါကို အ ခြားအဖွဲ့တွေရဲ့ အကြမ်းဖက်မှုကို မျက်ကွယ်ပြုပြီး အစ္စလာမ္မစ်တွေကို ပိုပြီးအာရုံစိုက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒဖြန့် နေကြတာဖြစ်ပါတယ်။ ဒါမှလည်း အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေဆိုတဲ့ အနေအထားမျိုး ပြောလို့ဆိုလို့ ကောင်းမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် US မှာအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၆% ဥရောပမှာဆိုရင်တော့ တစ်ရာခိုင်နှုံးရဲ့တစ်ဝက်တောင်မပြည့်တဲ့ အစ္စ လာမ္မ္မစ်တွေရဲ့ တိုက်ခိုက်မှုတွေကို မတော်မတရားပုံကြီးချဲ့ပြီး လူထုကိုကြောက်လန့်အောင် ခြောက်လှန့်ပြီး မလိုလားအပ် တဲ့ အကြောက်တရားတွေ ဖြန့်ဝေနေတာဟာ လုံးဝကိုမဖြစ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး လူထုအနေနဲ့လည်း ဒါကိုထုတ်ဖော် ပြီး ပကတိအခြေအနေမှန်ကို သဘောပေါက်နားလည်ရန်ကြိုးစားသင့်ပါတယ်။

တကယ်တော့ အနောက်ဥရောပရဲ့ လူနည်းစုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ အကြမ်းဖက်သမားဆိုတဲ့ ခေါင်းစဉ် တစ်ခုတင်ပြီး ဘာသာကွဲတွေရဲ့ အထင်အမြင်လွဲမှားမှု၊ အကြောက်တရားတိုးပွါးမှုနဲ့ ထိရှလွယ်မှုတွေ တိုးပွါးစေရုံ သက် သက်ပဲ ဖြစ်ပွါးစေတာပါ။ အစ္စလာမ်ဘာသာဝင်တွေ ဘက်ကလည်း အဲ့ဒီလိုမျိုး ရူးနှမ်းနှမ်းနဲ့ မဟုတ်မမှန် စွတ်စွဲပြောကြား ချက်တွေအပေါ်မှာ အချက်အလက်အမှန်တွေနဲ့ အဖြစ်မှန်တွေကိုအခြေခံပြီး ပြန်လည်ချေပပြောဆိုသင့်ပါတယ်။

ကိုးကား - Europol Report: All Terrorists are Muslims…Except the 99.6% that Aren’t
Credit: ဖိုးသောကြာ 
Source: MMSY

1 comment:

  1. ဒါဆိုအယ်​လ်​ခိုင်​ဒါအကြမ်းဖက်​သမား တာလီဘန်​ တမီရ်​သူပုန်​ ISစစ်​​သွေးကြွ ဘိုကိုဟာရမ်​ ​တွေကဘာ​တွေလဲသူတို့​နောက်​ဆုံးရည်​မှန်းချက်​ကအစ္စာလာမ်​မစ်​နိုင်​ငံတည်​​ထောင့်​ဖို့ပဲမဟုတ်​လား ဒါက​တော့ဂျီဟက်​ပါလို့လာမ​ပြောနဲ့ ​နောက်​ပြီးဝါဒလွဲ​နေတဲ့အစ္စလာမ်​​တွေပါလို့မ​ပြောနဲ့ မင်းတို့ဆန်​နီနဲ့ရှီးဟိုက်​အချင်းချင်​​တောင်​သတ်​​နေကြတာအစ္စလာမ်​ကငြိ​မ်​ချမ်းပါတယ်​လို့မ​ပြောနဲ့

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)