Thursday, August 23, 2012

အလ်ဖာဃာနီ (အေဒီ ၉ ရာစု)

အဟ်မဒ် အိဗ်နိ မုဟမ္မဒ်ဘင် ကဿာ အလ် ဖာဃာနီ

 အလ် ဖာဃာနီ၏ ရုပ်ပုံ (ဖာ့ဂ်ဂိုနာ)

အနောက်နိုင်ငံများမှ အလ်ဖရာဂါနာ့စ် ဟု သိသော အဟ်မဒ် အိဗ်နိ မုဟမ္မဒ်ဘင် ကဿာ အလ် ဖာဃာနီသည် ပါရှန်း လူမျိုး တစ်ဦး ဖြစ်သည်။ သူသည် အေဒီ (၉) ရာစုတွင် ကျော်ကြားသော နက္ခတ္တဗေဒ ပညာရှင် တစ်ဦး ဖြစ်သည်။

သူသည် ဘဂ္ဂဒတ်မှ အလ်မာမွန် ထောက်ပံ့မှုအောက်မှ ကမ္ဘာမြေကြီး၏ ထုထည်အား တိုင်းတာရေး သိပ္ပံပညာရှင်များ အဖွဲ့တွင် ပါဝင်ခဲ့သည်။ သူ၏ ပြဌာန်းချက် နက္ခတ်များ သွားလာ လှုပ်ရှားမှု- နက္ခတ္တဗေဒ အခြေခံစာအုပ် အေဒီ ၈၃၃ ခုနှစ်ခန့်မှ ရေးသားခဲ့သည်။ သူ၏ ခန့်မှန်း သတ်မှတ်ချက် အပေါ်ယံ ၁ ဒီဂရီသည် ၅၆.၂/၃ မိုင် ဆိုသည်မှာ ရောမမှ သတ်မှတ်သည့် ၆၀.၂/၃ မိုင်ဆိုသည်ထက် ပိုမိုနီးစပ်ခဲ့သည်။ ခရစ်တိုဖာ ကိုလံဘတ်သည် အလ်ဖာဃာနီ၏ သတ်မှတ်မှု အား အသုံးပြုခဲ့သည်။

အလ်ဖာဃာနီ ဒီဂရီသတ်မှတ်မှု စံ ၅၆.၂/၃ မိုင်သည် ကီလိုမီတာအားဖြင့် ၁၁၁.၈ ကီလိုမီတာ ဖြစ်၍ ကမ္ဘာ၏အ၀န်းမှာ ၄၀၂၄၈ ကီလိုမီတာရှိ၍ ယခုခေတ်သစ် သိပ္ပံပညာရှင်များ၏ စံမှာ ၁၁၁.၃ ကီလိုမီတာသည် ဒီဂရီတစ်ခုဖြစ်၍ ကမ္ဘာ၏ အ၀န်းမှာ ၄၀၀၆၈ ကီလိုမီတာ ဖြစ်သည်။ အလွန်တရာ နီးစပ်၍ လေးစားဘွယ် ကောင်းတော့သည်ဟု သိပ္ပံပညာရှင်များက အသိအမှတ်ပြုကြပေသည်။

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)