Thursday, August 23, 2012

အစ္စလာမ်အတွက် သက်သေခံချက်များ


သန္ဓေသားဗေဒ ပညာရှင် ဒေါက်တာ ကီယာဗ် အလ် မိုးရ် Keith L. Moore ၏ သက်သေခံချက်


ခန္ဓာဗေဒနှင့် သန္ဓေသားဗေဒ ပညာရပ်များ၌ ကမ္ဘာ့ အထင် ကရ ပညာရှင် တစ်ဦးလည်းဖြစ်၊ လူသား၏ တိုးတက်ဖွံ့ဖြိုး ဖြစ်စဉ် The Developing Human စာအုပ်၏ စာရေး ဆရာလည်း ဖြစ်သော သိက္ခာရ အငြိမ်းစား ပါမောက္ခ ကီ ယာဗ် အလ် မိုးရ် Keith L. Moore က ၁၉၈၂ ခုနှစ် ဆော်ဒီအာရေဗျနိုင်ငံ ဒင်မန် ဆေးပညာရှင်များ ညီလာခံ တွင် `ကျွန်ုပ်အနေဖြင့် လူသား ဖြစ်စဉ်နှင့် စပ်လျှဉ်း ကုရ် အံ ကျမ်း၌ ဖေါ်ပြချက်များကို လွန်စွာ ဘ၀င်ကျမိပါသည်။ ဤသို့ ဖေါ်ပြချက်သည်- ဤအကြောင်းအရာများနှင့် စပ် လျှဉ်း၍ လူသားတို့ ဗဟုသုတ ရှိမလာမှီ နှစ်ရာစုပေါင်း များစွာကပင် မုဟမ္မဒ်အား ပရမတ်ဘုရားရှင် (အလ္လာဟ်) က အသိပေးခဲ့ခြင်းသာ ဖြစ်ရပေမည်။

ဤသည်ပင် မုဟမ္မဒ်သည် သဗ္ဗညုဉာဏ်ကို ဆွတ်ခူးရရှိသည် ပရမတ် ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်ကိုဖြစ်သည်ဟု ကျွန်ုပ် အတွက် ခိုင်မာသော သက်သေတစ်ရပ်ပင် ဖြစ်၏၊ ဖွင့်ဟကြေငြာ- သက်သေခံခဲ့ပေသည်။  အယ်မိုးရ်၏ လူသား၏ တိုးတက်ဖွံ့ဖြိုးဖြစ်စဉ် The Developing Human စာအုပ်အား ကမ္ဘာ့ဘာသာ စကား ကြီး ရှစ်မျိုးဖြင့် ဘာသာပြန် ခဲ့၍၊ အမေရိကန်ပြည်ထောင်စု အထူကော်မီတီမှ သိပ္ပံဆိုင်ရာ ကိုးကားကျမ်းအဖြစ် ရွေး ချယ် ခဲ့ပေသည်။ ဒေါက်တာ ကီယာဗ် အလ် မိုးရ် သည် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ်မှ အနုမာန ဇီဝဗေဒနှင့် ခန္ဓာဗေဒ သိက္ခာရ အငြိမ်းစား တစ်ဦးဖြစ်၍၊ ထိ၌ သူသည် ဆေးပညာဆိုင်ရာ အခြေ ခံ သိပ္ပံဌာနမှ ဦးဆောင်တစ်ဦး ဖြစ်ခဲ့၍။ ခန္ဓာဗေဒဆိုရာ ဌာန၌ ဥက္ကဌအဖြစ် ၈ နှစ်ကြာ ထမ်းဆောင်ခဲ့ပေသည်။

သူသည် ၁၉၈၄ ခုနှစ်တွင် ကနေ ဒါ နိုင်ငံ ခန္ဓာဗေဒပညာရှင်များ အစည်းအရုံးမှ ခန္ဓာဗေဒနှင့် ပတ်သက်သော အထူးဂုဏ်ထူးဆောင်ဘွဲ့  the J.C.B. Grant Award ကို ရရှိခဲ့ပေသည်။ သူသည် ကနေဒါနိုင်ငံ၊ အမေရိကန်နိုင်ငံ ရှိ ခန္ဓာဗေဒပညာရှင်များ အစည်းရုံးများ နှင့် ဇီဝ သိပ္ပံ သမဂ္ဂ မှ ခန္ဓာဗေဒ ပညာရှင်များအား ညွှန် ကြားလမ်းပြမှု များစွာ ပြုလုပ်ခဲ့ပေသည်။



ဒေါက်တာ ယိုချီဟိဒ ကိုဇိုင်း

ဂျပန်နိုင်ငံ တိုကျို၊ မိတက အမျိုးသား နက္ခတ္တဗေဒ စူးစမ်း ရေး အဖွဲ့ ညွှန်ကြားရေးမှုး ဖြစ်ခဲ့သော ဂျပန်နိုင်ငံ ဟွန်ဂို တို ကျို တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ယိုချီ ဟိဒ ကိုဇိုင်းက- `ကျွန်ုပ်အနေဖြင့် အလွန်တိကျ မှန်ကန် တဲ့ နက္ခတ္တ ဗေဒဆိုင်ရာ အချက်အလက်များကို ကုရ်အံ ကျမ်းမှာ တွေ့ရှိရလို့ ထိုကျမ်းကို အလွန် တလေးတစား ဖြစ်မိပါတယ်။



ပါမောက္ခ တီဂျာတတ် တက်ဂျာစင် Professor Tejatat Tejasen


ကျွန်ုပ်တို့ ခေတ်သစ် နက္ခတ္တဗေဒ ပညာရှင်တွေဟာ စကြာဝဠာလုံးဆိုင်ရာထဲက မပြောပလောက်တဲ့ အစိတ်အပိုင်းလေး ကိုပဲ လေ့လာနေရဆဲပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ အားကိုးအားထား ပြုနေရတဲ့ အနုကြည့် မှန် ပြောင်းတွေဆိုတာ စကြာဝဠာ ထဲက အစိတ်အပိုင်းလေး တစ်ခုကိုပဲ တွေ့မြင်နိုင်လို့ပါ။ ကုရ်အံကို အနုလုံ ပဋိလုံ ဆန်းစစ်လေ့လာခြင်းဖြင့် စကြာဝဠာအား စူးစမ်းလေ့လာ ခြင်း၌ အနာဂါတ် လမ်းစတွေရလိမ့်မယ်လို့ ကျွန်ုပ် မှတ်ယူပါတယ်။ 

ချင်းမိုင် တက္ကသိုလ် ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ဦးဆောင် ဖြစ်ခဲ့သော ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်မှ ခန္ဓာဗေဒ ဌာန ဥက္ကဌ ပါမေက္ခ တီဂျာတတ် တက်ဂျာစင်က ဆောင်ဒီ အာရေဗီးယား နိုင်ငံ ရီဒါ၌ ကျင်းပသော ရှစ်ကြိမ်မြောက် ဆေးဘက်ဆိုင်ရာ ညီလာခံတွင်- မတ်တပ်ထရပ်လျှက်၊-  လွန်ခဲ့သော ၃ နှစ်ကာလအတွင်း ကျွန်တော် ကုရ်အံကို စတင် စိတ်ဝင်စားခဲ့ပါတယ်

-- ကျွန်တော့ရဲ့လေ့လာ တွေ့ရှိချက်နဲ့ ဒီညီလာခံက သိလာရတဲ့ အချက်တွေ ဒါတွေဟာ အမှန်တရားပါလို့ သိပ္ပံနည်းကျ သက်သေပြခဲ့တာတွေဟာ-- အားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က ပြောထားတဲ့ ကုရ်အံထဲမှာ မှတ်တမ်း တင်ပြီးသားတွေရှိချည်း ဖြစ်နေပါတယ်။ မုဟမ္မဒ်ဟာ ရေးတတ် ဖတ်တတ်သူ မဟုတ်ခဲ့ဘူး၊ သူ့ကို ဖန်ဆင်းရှင်လို့ ဖြစ်နိုင်တဲ့ အရှင်က သဗ္ဗညုဉာဏ် ကိန်းဝပ်ချမှတ်ပေးရာ ပရမတ္ထသစ္စာကိုသာ မှီတည်အားထားခဲ့သူ ဖြစ်ပါတယ်။ ထိုဖန်ဆင်းတဲ့ အရှင်ဆိုတာ ပရမတ်ဘုရားရှင်သာဖြစ်ရပါမယ်။ ဒါကြောင့်- ကျွန်တော် ယုံကြည်ပါတယ်၊ ဒီအချိန်ဟာ- ပရမတ်ဘုရားရှင်  မှ အပ အခြား ဘုရားဟူ၍ မရှိ၊ မုဟမ္မဒ်သည် အရှင်၏ ဉာဏ်စဉ်တော်ဆောင်ဖြစ်၏ဟု သစ္စာဆိုရမယ့် အချိန် ဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ နိဂုံးပြောလိုတာက- ဤသို့ ထည်ဝါ ကြီးကျယ်တဲ့ ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက် အသိ အမှတ်ပြုပါတယ်။ ကျွန်တော်ကတော့ ဒီညီလာခံမှာ သိပ္ပံဆိုင်ရာ ရှုဒေါင့်၊ ဘာသာရေးဆိုင်ရာ ရှုဒေါင့်များအပြင်- တက် ရောက် ပါဝင်လာတဲ့ အထင်ကရ သိပ္ပံ ပညာရှင်ကြီးပေါင်းများစွာနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ ထိုအရာ အားလုံးထက် ပိုပြီး တန်ဘိုး မဖြတ်နိုင်သော ရရှိ မှုကတော့- မူဆလင် တစ်ဦးဖြစ်လာဘို့အတွက် `ပရမတ် ဘုရားရှင်မှ အပ အခြား ဘုရားဟူ သည်မရှိမုဟမ္မဒ်သည် အရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏ ဆိုတဲ့ လာအိလာဟ အိလ္လောဟ် မုဟမ္မဒ် ဒု ရစူလ်လို့လ္လာဟ် ဆိုတာပါပဲ။ 

ဦးဌေးလွင်ဦး

3 comments:

  1. အေး သနားစရာ ကြယ်ကြည့် သူက ဟိန္ဒူ ဗေဒင် 3ပုံ ဖတ်မိသွား ရင် ဖြစ်ဖြစ် မာယာနတ္ခတ်ကျမ်းဖတ်မိရင် ဖြစ်ဖြစ် မင်းတို့ ကိုရ်အာန်ကျမ်းကို စွန့်သွားမှာ သေချာတယ် စကြာ=လည်ပတ်နေသော။ဝဠာ=အလုံး။ ဒါကြောင့် စကြာဝဠာဆိုတာ လည်နေတဲ့အလုံးပဲ ဒါကြောင့် Universe ကို အနန္တစကြာဝဠာလို့ ဘာသာပြန်ရတယ်
    ရှေးဘဝရှိကြောင်းက မှတ်မိသူတွေ စိတ်ညှို့ နည်းနဲ့ အသက်ပြန်လျော့သူတွေ အဂ္ဂါကေစီ ရဲ့ဆေးကုသူမှတ်တမ်း (အမေရိကားမှာ အဓိကရုန်းတောင်ဖြစ်တယ် သူမှန်သွားတယ်) မှာ လေ့လာနိုင်လို့ God ဖြစ်တဲ့ အလ္လာ သို့ ယေဟောဝါ စကားတမန်တော်တွေ အမှတ်မှားတာလားလို့ တောင် ထင်ရပါတယ် အမေရိကားမှာတော့ ရသေ့စိတ်ဖြေ ဖြေရှင်းလိုက်ရတယ်

    ReplyDelete
  2. ဗုဒ္ဓဟာ အလာထက် အရင်ပေါ်တာပါ မြတ်စွာဘုရားဟာ အရာအားလုံးကိုသိတဲ့ တစ်ဆူတည်းသော သဗ္ဗညုတ ညဏ်တော်ရှင်ပါ မိုဟာမက်ကို ဗုဒ္ဓ္ဒ္ဒဘုရားနှင့် မနှိုင်းကောင်းပါ မိုဟာမက်ကော ပြောတဲ့သူပါ သတ်မှတ်သူအပါအဝင် ငရဲကြီးရှစ်ထပ်ကို သွားရလိမ့်မယ် ဗုဒ္ဓဘုရားကို ဗြမာကတောင်ထိုင်ရှိခိုးရတာပါ အငယ်ဆုးဖြစ်တဲ့ အလာက ငါတို့ဘုရားရဲ့ ညီအငယ်ဆုံးပေါ့ သူက အကိုမိန့်ကြားတာကို ဆန့်ကျင်ချင်နေတာပါ ကိုးကွယ်မှု မမှားစေနဲ့နော် ဒေဝဒတ်လို မြေမျိုခံရလိမ့်မယ် စေတနာနဲ့ပြောတာပါ အလာရဲ့ အကို မြတ်စွာဘုရားကိုးကွယ်တဲ့ မန္တလေးက မိတ်ဆွေစစ်

    ReplyDelete
  3. ဗုဒ္ဓဟာ အလာထက် အရင်ပေါ်တာပါ မြတ်စွာဘုရားဟာ အရာအားလုံးကိုသိတဲ့ တစ်ဆူတည်းသော သဗ္ဗညုတ ညဏ်တော်ရှင်ပါ မိုဟာမက်ကို ဗုဒ္ဓ္ဒ္ဒဘုရားနှင့် မနှိုင်းကောင်းပါ မိုဟာမက်ကော ပြောတဲ့သူပါ သတ်မှတ်သူအပါအဝင် ငရဲကြီးရှစ်ထပ်ကို သွားရလိမ့်မယ် ဗုဒ္ဓဘုရားကို ဗြမာကတောင်ထိုင်ရှိခိုးရတာပါ အငယ်ဆုးဖြစ်တဲ့ အလာက ငါတို့ဘုရားရဲ့ ညီအငယ်ဆုံးပေါ့ သူက အကိုမိန့်ကြားတာကို ဆန့်ကျင်ချင်နေတာပါ ကိုးကွယ်မှု မမှားစေနဲ့နော် ဒေဝဒတ်လို မြေမျိုခံရလိမ့်မယ် စေတနာနဲ့ပြောတာပါ အလာရဲ့ အကို မြတ်စွာဘုရားကိုးကွယ်တဲ့ မန္တလေးက မိတ်ဆွေစစ်

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)