Monday, August 20, 2012

ကိုယ်တွေက ဘာလုပ်မှာလဲ?

ကမ္ဘာမှာ အစ္စလာမ်မစ် အင်ပါယာက ၇ ရာစုက စတင် ကျယ်ပြန့်လာခဲ့တယ်၊ ၁၄ ရာစုလောက်မှာ ဥရောပသားတွေ (ပထမ ဆုံး စပိန်) က ပညာတတ်လာတယ်-၊ ဒါလည်း မွတ်စလင်တွေ အုပ်ချုပ်ခဲ့တဲ့ စပိန်ရဲ့ ကော်ဒိုဗာ တက္ကသိုလ်ကြောင့်ပါ။ ပညာတတ်ပြီး အင်အားကြီးလာတော့ (ကိုယ်ထည်ကြီးလာရင် အကျီပိုကျယ်ဘို့ လိုသလို) နယ်မြေချဲ့ဘို့ လိုလာတယ်။ ဒီ တော့ သူတို့က အာဖရိကနဲ့ အာရှကို ထိုးဖေါက်လာတယ်၊ ဒါပေမယ့် အာဖရိက အာရှက အစ္စလာမ် အင်ပါယာထဲမှာ ရှိနေ လေတော့ သူတို့ တိုးမပေါက်ဘူး ဖြစ်နေတယ်။

ဒီအခါ စပိန်တို့က ပင်လယ်ပြင်ကို ထိုးဖေါက်ရင်း တောင်အမေရိကတိုက်ကို တွေ့သွားတယ်။ သူ့နောက်မှာ ပေါ်တူဂီ၊ ပြင် သစ်၊ အီတလီ၊ အင်္ဂလိပ် စသည်ဖြင့် ကြီးထွားလာတယ်။ သူတို့အချင်းချင်း လည်း နယ်မြေလုရင်း စစ်ဖြစ်သလို မွတ်စလင် ဆီက နယ်မြေများကိုလည်း လုယူလာတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အော်တိုမင် အင်ပါယာကို ဘယ်တုံးကမှ မနိုင်ခဲ့ဘူး။ ဒါပေမယ့် အိန္ဒိယဘက အခြမ်း မဂို အင်ပါယာကိုတော့ အင်္ဂလိပ်က နိုင်သွားတယ်။ ဒီလို မဂိုအင်ပါယာ ကျသွားတော့ မဂို အင်ပါယာထဲက မွတ်စလင်ပညာတတ်တွေက ငါတို့ ဘာလို့ ရှုံးနိမ့်ရသလဲ၊ သူတို့ကို ပြန်နိုင်အောင် ငါတို့ ဘယ်လို ကြိုးစားရ မလဲ စဉ်းစားတယ်၊ တွက်ချက်တယ်၊ ဒီလို တွက်တော့ ငါတို့ဟာ ပညာရေးမှာ နောက်ကျခဲ့ပြီ ဆိုတာကို သတိထားမိတယ်။ ပညာရေးနဲ့ အခြေခံဗျူဟာများကို ငါတို့က သူတို့ကို ပြန်လည်ကျော်ဖြတ်နိုင်ဘို့ နှစ်ပေါင်း ဘယ်လောက် ကြိုးစားရမလဲ ဆက်တွက်တော့ အနည်းဆုံး နှစ် ၄၀၀ လောက် ပြန်လိုက်ရမယ် ဆိုတာကို တွက်မိတယ်၊ အဲ့ဒီကာလက ၁၇ ရာစု ပါ။ ဒါ ကြောင့် မွတ်စလင်ပညာတတ်တွေက လူထုထဲမှာ ဘယ်လို မျိုးစေ့ပြန်ချမယ်- အဲ့ဒီမျိုးစေ့ အတွက် အတိုက်အခံတွေလည်း ရှိမယ်၊ အနှောင့်အယှက်တွေလည်း ရှိမယ်-၊ ဒီကြားထဲမှာ ဘယ်လိုမျိုး ရှင်သန်စေပြီး မျိုးစေ့ကို ပြန်လည် ပေါက်မြောက် အောင် မျိုးဆက်လိုက် ဘယ်လို မွေးမြူသယ်ပိုးသွားရမယ်ဆိုတဲ့ မူကို ချခဲ့တယ်။ ပြီးတော့ ၂၁ ရာစုမှာ ငါတို့ ပြန်နိုင်ရမယ် လို့ တွက်ခဲ့ တယ်။

ဥရောပ သားများကလည်း သိနေတယ်၊ သူတို့မှာ ကုရ်အံရှိနေတယ်၊ အခြေခံယုံကြည်မှု စနစ်ကျပြီး ယုံကြည်မှုမှာ အသက် ပေးရဲတယ်- ဒါကြောင့် ဒီမွတ်စလင်တွေ ပြန်ထလာမယ်ဆိုတာကို တွက်နိုင်ခဲ့တယ်။ ဒါကြောင့် မွတ်စလင်တွေကြားမှာ အ ချင်းချင်း သွေးကွဲနေအောင်- ယုံကြည်မှုများမှာ ယိမ်းချော်သွားအောင် သူတို့ကိုယ်တိုင်က ကုရ်အံကို သူတို့လိုသလို ဘာ သာပြန်ပြီး သူတို့ သြဇာလွှမ်းရာ ဒေသ အားလုံးမှာ ဖြန့်ချီခဲ့တယ်။ အဲ့ဒီ အချိန်က သူတို့မှာ အာဏာရှိတယ်၊ ပိုက်ဆံရှိတယ်၊ လုပ်ပိုင်ခွင့်ရှိတယ်။ ဒီတော့ သူတို့ ပိုပြီး လုပ်နိုင်တာပေါ့။ ကုရ်အံကို ဘာသာပြန်တဲ့ ခရစ်ယာန် ဆရာတော်များက ပါလ်မာ၊ ဆေးလ်၊ ရော့ဒ်ဝလ်၊ ဒါဝိတ်၊နဲ့ ပက်သော တို့ ဖြစ်ခဲ့တယ်။ ဒီအတွက် ရံပုံငွေကို အင်္ဂလိပ်အစိုးရက ပေးခဲ့တယ်။ နောက်ပိုင်း မှာ ဒါဝိတ်နဲ့ ပက်သောက အစ္စလာမ်ကို တစ်ကယ်ယုံကြည်သွားပြီး သူတို့ရဲ့ project တွေကို ဖေါ်ချခဲ့တယ်။ ဖေါ်ချချိန်က ၁၉၄၇ ခုနှစ် ပါ။ ဒါပေမယ့် ခရစ်ယာန် သာသနာပြုများက မွတ်စလင်တွေကို ပုံပြင်တွေထဲမှာ ထားနေတဲ့ ၀ါဒများကို နောက် ကွယ်က ဆက်လက် အားပေး ထားတယ်။ ပြီးတော့ မွတ်စလင်နိုင်ငံတွေ နလန်မထူနိုင်အောင် ဆက်လက် ဖိထားတယ်။
ဥပမာ- မြန်မာပြည်မှာ အစိုးရရဲ့ အတိုက်အခံဟာ NLD ဆိုရင် NLD မကောင်းကြောင်းကိုပဲ အစိုးရက ၀ါဒ ဖြန့်ချီမှာပါ။ အ လားတူပဲ မွတ်စလင်အင်အားထွားလာမှာကို ကြောက်တဲ့ အုပ်စုအားလုံးက မွတ်စလင်ဆိုတာ ဘီလူးလို သရဲလို မြင်နေ အောင် နည်းမျိုးစုံနဲ့ ၀ါဒဖြန့်လိမ့်မယ်။ ဆိုဗီယက်ယူနီယံကို ပြိုင်ဘို့ အမေရိကက စတားဝါး တောင် အတုဖန်တီးသေးတာပဲ။

တစ်ကယ်တော့ ဘာသာတရားတိုင်းက ကိုယ့်အယူမှာ ကိုယ် စွဲမြဲကြပါတယ်။ ဘာသာတိုင်းမှာ စာပေအင်အားနည်းသူတွေ မျိုးချစ် တွေရှိနေတယ်။ သူတို့နိုင်ငံကို ကျူးကျော်ရင် အသေခံတိုက်မယ့် လူတွေက ဘာသာတိုင်း နိုင်ငံတိုင်းမှာ ရှိနေတယ်။ အဲ့လို လူမျိုး တွေကိုချည်း မီးမောင်းထိုးပြပြီး ဘာသာတရား တစ်ခုလုံးကို ကမ္ဘာက အမြင်စောင်းအောင် သူတို့ကပဲ ဖန်တီး တာပါ။ ဒါမှ သူတို့ကို အခြားသူတွေက အမြင်မစောင်းတော့ပဲ သူတို့ အင်ပါယာကို လွယ်ကူစွာ ချဲ့နိုင်မှာပါ။

ဒါကို ကိုယ်တွေက ပညာတတ်ဘို့လိုတယ်။ သူတို့ကို သာသနာ ပြန်လည်ပြုနိုင်ဘို့ လိုတယ်။ အဓိက သူတို့နှလုံးသားကို ထိ အောင် ပစ်နိုင်ဘို့ လိုပါမယ်။ ဒီလိုမျိုး ကြိုးစားနေသူများကလည်း ကမ္ဘာနဲ့အ၀ှမ်း ပေါ်ထွက်လာပါပြီ။ ညီနောင်တို့လည်း အဲ့ လို ကြိုးစားစေချင်တယ်။

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)