Tuesday, September 11, 2012

ဘာသာခြားများ မေးခွန်းများအတွက် အဖြေများ (၁၁)


မေးမြန်းသူ- ညီညီ (jsmithnyinyi@gmail.com)
ဖြေကြားသူ- ဦးဌေးလွင်ဦး (htaylwinoo@islammyanmar.com)

မေး
1။ အစ္စလမ်ဘာသာတွင် အမျိုးသမ္မီးလေးယေက် ယူခွင့်ပြုထားခြင်းမှာ အဘယ်ကြောင့်နည်း?
  တမန်တော်မုဟမ်မဒ် တွင်အဘယ်ကြေင့် ဇနီးကြင်ယာ (11) ယေက် ရှိရသနည်း?

2။ အမျိုးသမ္မီးများ ဘုရ်ကာအ်ဝတ်ခိုင်းခြင်း၊ အပြင်ထွက် အလုပ်မလုပ်ခိုင်းခြင်းမှာ အဘယ်ကြောင့်နည်း?

လေးစားစွာဖြင့်-
ညီညီ

ဖြ

1။ အစ္စလမ်ဘာသာတွင် အမျိုးသမ္မီးလေးယေက် ယူခွင့်ပြုထားခြင်းမှာ အဘယ်ကြောင့်နည်း?
  တမန်တော်မုဟမ်မဒ် တွင်အဘယ်ကြေင့် ဇနီးကြင်ယာ (11) ယေက် ရှိရသနည်း?
ကိုယ်တော်မုဟမဒ္ဒ်၏ အိမ်ထောင်ရေးဘ၀ ဆိုတာကို ဖတ်ကြည့်ပါ။ ညီညီ သိလိုတဲ့ မေးခွန်း (၁) အတွက် အဖြေတွေ ရှိပါတယ်။ ပြီးမှ စိတ်မကျေနပ်သေးရင် ပြန်လည် မေးမြန်းပါ။

2။ အမျိုးသမ္မီးများဘုရ်ကာအ်ဝတ်ခိုင်းခြင်း၊ အပြင်ထွက် အလုပ်မလုပ်ခိုင်းခြင်းမှာအဘယ်ကြေင့်နည်း။
ဒီအကြောင်းကိုလည်း စာအုပ်စင် ကဏ္ဍ ထဲက Two Koran စာအုပ်ထဲမှာ ရှင်းထားပါတယ်။ အင်္ဂလိပ်လို ဖြစ်နေတာရယ်၊ စာအုပ်က ၀ယ်မှ ဖတ်လို့ ရမှာရယ် ဆိုတော့- အခုပဲ နည်းနည်း ရှင်းပြလိုက်ပါမယ်။

ဘုရ်ခါ ဆိုတာ အာရ်ဗီစကား မဟုတ်ပါ။ ဒါကြောင့် ဘိုရ်ခါ ဆိုတဲ့ စကားလုံး ကုရ်အံကျမ်းတော်မှာ ဖေါ်ပြမထားပါ။ ကျမ်းတော်မှာ ခိုမိုရ် (အထဲခံ အင်္ကျီ) နဲ့ ဂျာလ်ဘီးဆ် (အပေါ်ခံ အင်္ကျီ) ဆိုပြီး အမျိုးသမီးများ အတွက် ပြဌာန်းထား ပါတယ်။ (အာရ်ဗီလို မတတ်ရင် http://www.islammyanmar.com/ ထဲက ကျမ်းမြတ်ကုရ်အံ ကို ဖွင့်ပါ၊ ပြီးရင် ဓမ္မခန္ဓာ ၂၄ ကို ဖွင့်ပါ။ ကျမ်းချက်အမှတ် ၃၁ နဲ့ အောက်ခြေရှင်းချက်ကို ဖတ်ကြည့်ပါ။)

ဒီကမ္ဘာမှာ ယဉ်ကျေးပြီး အိနြေ္ဒရှိတဲ့ အမျိုးသမီးတိုင်း အောက်ခံအင်္ကျီနဲ့ အပေါ်ခံအင်္ကျီ ၀တ်နေကြပါပြီ။ ဒါကိုအစ္စလာမ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကပဲ ဥပဒေတစ်ရပ် ပြဌာန်းပြီး သွန်သင်ပေးတာပါ။ အဲ့ဒီ ဥပဒေကို အပြစ်မကင်းတဲ့ ဥပဒေ မျိုး ဖြစ်တယ်လို့ ညီညီ မြင်ပါသလား။ အဲ့လို မြင်မယ် ဆိုရင်တော့ အခုခေတ် မြန်မာစာသင်ကျောင်းတွေမှာ ကျောင်းသူတွေကို ၀တ်စားစေဘို့ ညွှန်ကြားချက်များကိုလည်း အပြစ်မကင်းဘူးလို့ ဆိုရမှာပါ။ ညီညီရဲ့ အမေ၊ အမ၊ နှမ ကိုယ်တိုင်လည်း အင်္ကျီ နှစ်ထပ်ဝတ်မှာပါပဲ။ ရိုးရိုးလေး မြင်ကြည့်ပါ။

ဒီနေရာမှာ ပြောစရာရှိတာက မွတ်ဆလင်အမျိုးသမီးတွေက တစ်ကိုယ်လုံး ခြုံထားတယ်ပေါ့ဗျာ။- ဒါက သူ့ရဲ့ ဒေသ ဆိုင်ရာ ယဉ်ကျေးမှု အလောက် အပေါ်အင်္ကျီဆိုတဲ့ အသုံးကို ဘာသာပြန်ထားတာပါ။ “အိမ်” ဆိုတဲ့ ဝေါဟာရကို နိုင်ငံ တစ်ခုခုနဲ့ တစ်ခု နားလည်မှု မတူညီဘူး- မြန်မာတွေ မြင်နေတဲ့ “အိမ်” ဆိုတဲ့ အဆောက်အဦးက အရှေ့အလယ်ပိုင်းက လူတွေ၊ အနောက်နိုင်ငံက ချမ်းသာသူတွေက “တဲ” လောက်ပဲ မြင်ကြတယ်။ ဆိုလိုတာက ဒေသဆိုင်ရာ ဘ၀ ဖြတ်သန်း ထိတွေ့မှုပေါ်မှာ ဝေါဟာရ အဓိပ္ပါယ်တွေကို နားလည်ပုံ ကွဲတယ် ဆိုလိုတာပါ။ အလားတူပဲ- အလွန်အေး တဲ့ အရပ်ဒေသက လူတွေက နားလည်ထားတဲ့ အပေါ်ယံ အင်္ကျီနဲ့ အလွန်ပူတဲ့ အရပ်ဒေသက လူတွေ နားလည်ထားတဲ့ အပေါ်ယံ အင်္ကျီ ဆိုတာ ခံစားနားလည်မှု ကွာခြားနိုင်ပါတယ်။

နောက်တစ်ခု အလုပ်အကိုင်ပေါ့။ အစ္စလာမ် သာသနာမှာ လူတစ်ဦး တစ်ယောက်ကို ပူဇော်ပသပြီး အခန့်သား ထိုင်ကျွေး ထားခြင်း အလုပ်ကို တားမြစ်ထားပါတယ်။ အမျိုးသမီး ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ ဘာသာရေးဝန်ဆောင် ဖြစ်စေ၊ ကာယ ဉာဏ ၀န်ဆောင်များ ဖြစ်စေ- အလုပ်မလုပ်ရင် ထမင်းကျွေးထားခွင့်- လစာပေးထားခွင့် မရှိပါ။ (ရုပ်၊ စိတ်- ဒုက္ခိတ မှ လွဲ ပြီးပေါ့။)

အမျိုးသမီးတွေကို အိမ်ထဲမှာပဲ ထားရမယ်လို့ ကုရ်အံကျမ်းတော်မှာ လုံးဝ ပြဌာန်းထားခြင်း မရှိပါ။ ခေတ်ကာလ အလျှောက် ခေတ် အခြေအနေ အလျှောက် အချို့နိုင်ငံတွေ၊ အချို့ ဒေသတွေမှာ အမျိုးသမီးများက အိမ်ထဲမှာ အိမ်မှုကိစ္စများကို တာဝန် ယူ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ အမျိုးသား ဖြစ်သူက တစ်အိမ်လုံးရဲ့ စားဝတ်နေရေး အတွက် ဦးဆောင် ရှာဖွေနေစဉ်မှာ အမျိုး သမီး ဖြစ်သူက ချက်ရေး ပြုတ်ရေး၊ ကလေးများ ပြုစု စောင့်ရှောက်ရေး အပါအ၀င် အိမ်မှု ကိစ္စများကို တာဝန်ယူ ပြီး လုပ်ဆောင်တဲ့ အလုပ်ခွဲခြား လုပ်ကိုင်ခြင်းသာ ဖြစ်ပါတယ်။ ချက်ဘို့ ပြုတ်ဘို့ စီမံကွက်ကဲပြီး နေ့စဉ် ချက်ပြုတ်ရတဲ့ အလုပ်ကို ညီညီ ကိုယ်တိုင် လုပ်ကြည့်ပါ။- အဲ့ဒီ အလုပ်ဟာ ကြီးကျယ်တဲ့ အလုပ် ဖြစ်တယ် ဆိုတာ ကိုယ်တိုင် သိသွားပါလိမ့်မယ်။ ဒီနေ့ ဘာဟင်း ချက်ရမလဲလို့ နေ့စဉ် စဉ်းစားရတဲ့ အလုပ်ကို လျှော့ မတွက်မိဘို့ လိုပါတယ်။

နောက်တစ်ခုက စစ်တွင်းကာလ အခြေအနေပါ။ ဗဟုသုတ အဖြစ်မှတ်ထားပါ။ ဒုတိယ ကမ္ဘာစစ်ကာလမှာ မြန်မာ အမျိုး သမီးပေါင်းများစွာ၊ ကိုးရီးယား အမျိုးသမီးပေါင်း များစွာ မုဒိန်းကျင့် ခံလိုက်ရပါတယ်။ ဂျာမဏီနိုင်ငံ ဘာလင်မြို့ကို မဟာ မိတ်တပ်များ သိမ်းတော့ ဂျာမန် အမျိုးသမီးတစ်ဦးဟာ တစ်နေ့မှာ အနည်း ဆုံး ၇ ကြိမ် မုဒိန်းကျင့်ခံရပါတယ်။ အခုလော လောဆယ် မြန်မာနိုင်ငံရဲ့ စစ်ဇုံ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးပေါင်း များစွာ ရှိနေပါတယ်။ (ဒါတောင် အခုခေတ်မှာ လူ့အခွင့်အရေးက အော်ဟစ်နေလို့ပါ။)

ဒီလို နေရာမျိုးမှာနေရသူများက မိမိရဲ့ မအေ၊ နှမ၊ သမီး များကို အတတ်နိုင်ဆုံး ဘေးကင်းလုံခြုံအောင် ထားမှာပါပဲ။ ကိုယ် ချင်းစာကြည့်ပေါ့။

နောက်ဆုံး ဗဟုသုတ တစ်ခုပြောပါမယ်။ လက်ရှိ အမေရိကန်မှာ နေ့စဉ် မုဒိန်းမှုပေါင်း ၅၀၀ လောက် ရှိနေတယ်။ မုဒိန်းကျင့် ခံရတဲ့ အမျိုးသမီးများကို စုံစမ်းတော့ ၉၀ ရာနှုန်းက ဖင်ပေါ်ခေါင်းပေါ် နေတဲ့ sexy အမျိုးသမီးတွေ ဖြစ်တယ်။ ထူခြားတာက ဘုရ်ခါ ခြုံထားတဲ့ အမေရိကန် မွတ်ဆလင် အမျိုးသမီးများ မုဒိန်းကျင့်ခံရခြင်း ရာနှုန်း လုံးဝ မရှိပါ။

အမေရိကန်နိုင်ငံသားထဲက အစ္စလာမ်ဘာသနာကို ကူးပြောင်းသူ နေ့စဉ် ၄၀၀ ကျော်လောက် ရှိနေတယ်။ အဲ့ဒီမှာ အမျိုးသမီး တွေ၊ တက္ကသိုလ်ကျောင်းသူတွေလည်း အများကြီးပါ။ သူတို့ကိုယ်တိုင်လည်း ၀န်ခံတာက- အရင် sexy အ၀တ်ကို ၀တ်စဉ်က “ဟေ့-၀ါး” လိုက်လုပ်ခံရတာ များစွာ ရှိတယ်။ အခု ဘုရ်ခါခြုံလိုက်တဲ့ အချိန်ကစ အဲ့ဒီ အန္တရာယ် လုံးဝ ကင်းသွားတယ် ဆိုတာပဲ။

ညီညီ ကိုယ်တိုင်လည်း ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပေါ့။

လေးစားလျှက်

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)