Wednesday, September 19, 2012

ဘာသာခြားများ မေးခွန်းများအတွက် အဖြေများ (၁၄)

မေးမြန်းသူ- ညီညီ (jsmithnyinyi@gmail.com)
ဖြေကြားသူ- ဦးဌေးလွင်ဦး (htaylwinoo@islammyanmar.com)

ဖန်ဆင်းရှင်ကို လက်မခံသူတစ်ယောက်မှ မေးမြန်းလာသည်မှာ ဖန်ဆင်းရှင်က အရာအားလုံးကို ဖန်ဆင်းသည်ဆိုလျှင် လော ကတွင် ဖြစ်ပေါ်နေသောမကောင်းမူများ၊ မညီမျှမူများ၊ ဒုက္ခများ၊ မတရားမူများကို ဖန်ဆင်းရှင်က ဖြစ်ပေါ်စေပါသလား။ ဖန် ဆင်းရှင်သည် လူသားများဧ။် ခ၀ပ်ကိုးကွယ်မူများကို လိုအပ်ပါသလော။
ဒီအကြောင်းကို http://www.islaminmyanmar.com ထဲက သာသနာ့ ဒသန ဆွေးနွေးမှုများ အောက်မှာ အလ္လာဟ်က လူတွေကို ဖန်ဆင်းပြီး ကစားနေသလား ဆိုတာကို ဖတ်ကြည့်ပါ… အသေးစိတ် ရှင်းလင်းထားပြီး ဖြစ်ပါတယ်…
Scribd ကနေ တိုက်ရိုက်ဖတ်ချင်တယ်ဆိုရင်လည်း http://www.scribd.com/doc/83173399/Is-Allah-Playing-With-Humans ဒီလင့်ခ်လေးမှာ ကလစ်နှိပ်ကာ တိုက်ရိုက် ဖတ်လို့ရနိုင်ပါတယ်....

မည်သည့်အတွက်ကြောင့် ကမ္ဘာလောကနှင့် လူသားများကို ဖန်ဆင်းပါသနည်း။

ကမ္ဘာမှာ လူတွေကို ကိုယ်စားဘုရားဖြစ်စေဘို့ ဖြစ်တယ်။ တနည်းအားဖြင့် လူတွေကို လူ ပီသလာစေဘို့ ဖြစ်တယ်။ နောက် ဆုံးပန်းတိုင်က လာခဲ့ရာဇစ်မြစ်ဆီသို့ တစ်လုံးတစ်ဝတည်း ပြန်လည်ဖြစ်စေဘို့ ဖြစ်ပါတယ်။
ဉာဏ်စဉ်ဆောင်များရဲ့ နောက်လိုက်များကို အဲ့ဒီ ဉာဏ်စဉ်ဆောင်ရဲ့ အွမ္မတ် (နောက်လိုက်များ) လို့ ခေါ်ပါတယ်။ အစ္စလာမ် ရော အစ္စလာမ် မဟုတ်သူရော- လူသားအားလုံးကို ကုရ်အာန်ကျမ်းတော်မှာ အို- လူသားများလို့ ခေါ်ဆိုပြီး ပြောပါတယ်-။ မူဆလင်များကို ပြောရင်- အို ယုံကြည်သူများလို့ ပြောပါတယ်။ အိုယုံကြည်သူများလို့ ပြောတိုင်းမှာ သီလပညတ်တွေကို ချမှတ်ပေးပါတယ်။ အိုလူသားများလို့ ပြော တိုင်းမှာ လူသားကျင့်ဝတ်တွေကို ပြောဆိုပါတယ်။ ဘယ်ဉာဏ်စဉ်ဆောင်ကိုမှ မှားတယ်လို့ ကုရ်အာန်က မပြောဘူး။ တပည့်နောက်လိုက်များရဲ့ အချင်းချင်း မနာလိုဝန်တိုမှုကြောင့် ဂိုဏ်းတွေကွဲခဲ့ရတယ်။ မင်းတို့ အဲ့လို မဖြစ်စေနဲ့လို့ ဆုံးမတာတော့ရှိတယ်။ တပည့်နောက် လိုက်များရဲ့ တရားတော်အပေါ်မှာ ဖေါက်ပြားမှုကြောင့် ဉာဏ်စဉ်ဆောင် ဟောပြောခဲ့ရာ မူလဓမ္မမှ လွဲချော်သွားခဲ့ရတာ ရှိတယ်။ မင်းတို့တွေ အဲ့လိုမဖြစ်စေနဲ့လို့ ဆုံးမတာ ရှိတယ်။ ဉာဏ်စဉ်ဆောင်တိုင်းဟာ သူ့ခေတ် သူ့ကာလမှာ မိရိုးဖလာ အမှောင်ထုကြီးကို အခက်အခဲမျိုးစုံ- ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ပြီး အမှန်တရားအတွက် ရပ်တည်ခဲ့ရတယ်။ မင်းတို့လည်း အဲ့သလို ရပ်တည်ကြလို့ ဆုံးမတယ်။ အဲ့ဒီ ဉာဏ်စဉ်ဆောင်တိုင်းမှာ အသက်ပေးရပ်တည်တဲ့ လက်ရင်းသာဝက တပည့်တော်ကြီးများ ရှိတယ်။ အဲ့ဒီ သာဝကကြီးများဟာ လူသားတွေအတွက် သက်သေခံ- စံနမူနာပြုထိုက်သူတွေ ဖြစ်တယ်လို့ ကုရ်အာန်က သွန်သင်တယ်။
လူသားတွေကြားမှာ ဘုရားတစ်ဆူဝါဒကို ထူထောင်ဘို့- လူလူချင်း ညီရင်းအစ်ကိုလိုနေဘို့၊ အယူမတူတိုင်း ရန်သူလို့ မသတ်မှတ်ဘို့၊ လူတစ်ချို့က လူသားတွေရဲ့ ငြိမ်းချမ်းရေးကို စော်ကားလာရင်တော်လှန်ဘို့- ဂျူးဘုရားကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း၊ ဘုန်းတော် ကြီးကျောင်း၊ ဗလီစတဲ့ ဘုရားတရား သတိရရာနေရာများကို စော်ကားရန်ရှာလာသူတိုင်းကို တော်လှန်ဘို့- ကုရ်အာန်ကျမ်းတော်က သွန်သင်ပါတယ်။
ကျန်တဲ့- လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဥပဒေ တွေကတော့ အများကြီးပေါ့ဗျာ။ ဒီမှာလည်း မူဆလင်ဟုတ်သူနဲ့ မ ဟုတ်သူ ဆိုပြီး ဥပဒေက တစ်ဘက်စောင်းနင်း မရှိဘူး။ လေ့လာကြည့်ပေါ့။
ချစ်ခင်စွာဖြင့်

ကမ္ဘမှာလူတွေကိုကိုယ်စားဘုရားဖြစ်စေဖို့ပြောတယ်ဆိုတာဘာကိုဆိုလိုဘာသလဲ။
လူတိုင်းဟာ လူ ဘုရားဖြစ်ခွင့်ရှိတဲ့ ဇစ်မြစ်ဓါတ်ခံ ပါဝင်တယ်။ အဲ့ဒီ ဓါတ်ခံကို နည်းလမ်းမှန် လေ့ကျင့်နိုင်ရင် လူသားတိုင်း မှာ ဘုရားဖြစ်ပိုင်ခွင့် အခွင့်အရေး ရှိတယ်။ လောကရဲ့ ကဏ္ဍ တစ်ခုချင်းစီမှာ အဲ့ဒီ ကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဘုရားလေးတွေ သော်လည်းကောင်း ဖြစ်နိုင်တယ်။ လူဘုရား တစ်ပါးချင်းရဲ့ ဂုဏ်ရည်တွေကို မိတ်ဆွေ သိနိုင်မှာပါ။

နောက်ဆုံးပန်းတိုင်က လာခဲ့ရာဇစ်မြစ်ဆီသို့ တစ်လုံးတစ်ဝတည်းပြန်လည်စေဖို့ ဆိုတာကကော ဘာကိုဆိုလို ဘာသလဲ။
လူတွေက သုံးဆယ့် တစ်ဘုံထဲကို မရောက်မှီ ဘယ်အခြေအနေမှာ ရှိခဲ့ပါသလဲ။ အဲ့ဒီ အခြေအနေက ဘယ်လိုကြောင့် သုံး ဆယ့်တစ်ဘုံထဲမှာ ဖြစ်လာရပါသလဲ။ မိတ်ဆွေ စဉ်းစားကြည့်ပေးပါ။ ဒါဆို နဂိုအစနဲ့ နောက်ဆုံး အဆုံးရဲ့သဘောကို မိတ် ဆွေ စတင်နားလည်လာပါလိမ့်မယ်။

အရှင်မြတ်သည် မိမိအလိုတော်ရှိသော သူအား လမ်းမှားစေတော်မူ၍။ မိမိအလိုတော်ရှိသောသူကို လမ်းမှန်သို့ ညွှန်ပြ တော်မူသည် (743း1) ဟု ကုန်အာန်တွင် ဆိုထားပါသည်။ သို့သော် ကုန်အာန်အရပင် ကျွန်ုပ်တို့ သိရသည်မှာ အလ္လာဟ် အရှင်မြတ်သည် လူသားကို ဆင်ခြင်တုံတရား၊ အသိဉာဏ် လွပ်လပ်စွာ ရွေးချယ်နိုင်သော စိတ်အလိုဆန္ဒကို ပေးထား တော်မူပြီး အကောင်းနှင့် အဆိုးကို မိမိဆန္ဒအလျောက် ရွေးချယ်ခွင့်ပြုထားပါသည်။ သို့ဖြစ်လျင် အဆိုပါနှစ်ခုကို မည်သို့ပြန် လည်သင့် မြတ်ဟပ်စပ်နိုင်မည်နည်း။
မိုင်းယရှားအ် ဆိုတဲ့ စကားလုံးက- ကြိုတင်ပြထားပြီး ပြဌာန်းချက်အတိုင်း စံချိန်ပြည့်မှီခြင်းကို ခေါ်ဆိုပါတယ်။ ဥပမာ အပူ ချိန် ဒီဂရီ ဘယ်လောက်မှာ ရေဟာ အရေပျော်မယ်၊ အပူချိန် ဒီဂရီ ဘယ်လောက်မှာ ရေဟာ အခဲ ဖြစ်မယ်-၊ ဆိုတာ လော ကထဲမှာ သတ်မှတ်ပြီး ပြဌာန်းချက် ဥပဒေ ဖြစ်ပါတယ်။ အလားတူပဲ- အမှန်နဲ့ အမှားမှာ ဒီဂရီ ရှိပါတယ်။ ဥပမာ လူတစ်ဦး ဟာ ကားရဲ့ မောင်းသူ လက်ကိုင်ကွင်းကို ဘယ်လောက်လှည့်လိုက်ရင် လမ်းကချော်သွားမယ်၊ ဘယ်လောက် တည့်လိုက် ရင် လမ်းမှန်ပေါ် ရောက်မယ်ဆိုတာက ကြိုတင်ပြဌာန်းချက်ဖြစ်တယ်။ (ကားမှာ တပ်ဆင်ပြီး ဆုံလည်နဲ့ လမ်းရဲ့ အကွေ့ အချိုးဟာ အဲ့ဒီကားသမား ကားမမောင်းမှီကတည်းက ရှိနေတဲ့ အရာဖြစ်တယ်။) ဒီမှာ ကားမောင်းသူက- သူ့ဉာဏ် အလျှောက် မောင်းဘို့လည်း လိုတယ်။ (ဒါပေမယ့် ကောင်းမောင်းသူရဲ့ လုပ်ဆောင်ခြင်းက လမ်းတည်ရှိမှု၊ ကားဆုံလည် တည်ရှိမှုထက် နောက်ကျတယ်နော်။)- ဒီလိုပဲ မိုင်းယရှားအုလ္လာဟ် ဆိုတာက အလ္လာဟ်အရှင်က လောကအတွက် ကြိုတင် ပြဌာန်းပြီး ဓမ္မ၊ ဥပဒေ၊ သီအိုရီ-ရဲ့ ဒီဂရီ စံချိန် ဖြစ်တယ်။ အဲ့ဒီမှာ လူတစ်ဦးက ဘယ်လောက်မှားချင်လည်း မှားလို့ ရသလို၊ ဘယ်လောက် မှန်ချင်လည်း မှန်လို့ရတယ်။ (မှားချင်မှု၊ မှန်ချင်မှု “ချင်” ဆိုတဲ့ ဆန္ဒက တစ်သီးပုဂ္ဂလ အသိဉာဏ်ပေါ်မှာ မူ တည်တယ်။) အဲ့ဒီဆန္ဒက ကြိုတင်ရှိပြီး စံချိန်ကို ဘယ်လောက်ချိုးဖေါက်သလဲ ဆိုတာက လူတစ်ဦးချင်းပေါ် မူတည်ပါ တယ်။ (အခြားသတ္တ၀ါများမှာ အဲ့ဒီ အခွင့်အရေး မရပါ။) (စံချိန် အလျှောက် ဆိုတဲ့ စကားလုံးကို islammyanmar.com ထဲ က ကုရ်အံဘာသာပြန် အောက်ခြေ ၂း၇၀ မှာ ကြည့်ပါ။) နားမလည်ရင် ဆက်လက် ဆွေးနွေးနိုင်ပါတယ်။

သေဆုံးမည့်အချိန် သေဆုံးမည့်ပုံစံသည် သတ်မှတ်ပြီးဖြစ်လျင် လူသတ်သမားသည် မည်ကဲ့သို့ အပြစ်ထိုက် နေသနည်း။
လူတစ်ဦးဟာ ဓါတ်ခဲတစ်လုံးလိုပါပဲ။ ဓါတ်ခဲမှာ ဓါတ်ခဲကိုယ်ထည်ရှိလို့ ဓါတ်အား ဆိုတာတည် နေတယ်။ အဲ့လိုပဲ လူမှာ ခန္ဓာ ဆိုတာ ရှိလို့ အသက်က ခန္ဓာမှာ တည်နေတယ်။ ဓါတ်ခဲကို ထုတ်လုပ်တဲ့ ကုပ္မဏီက ၁ နှစ်ခံမယ်- သတ်မှတ်ချိန်နဲ့ ထုတ်ပေးလိုက်တယ်။ (တစ်ကယ်လို့ အသုံးပြုအား ဘယ်လောက်ရှိရင် ဘယ်လိုခံနိုင်ရည်ရှိတယ်။ မသုံးပဲ ထားရင် ၁ နှစ်ခံ မယ် စသည် ဖြင့်ပေါ့။)--။ ဒီမှာ ဓါတ်ခဲကို ကားနင်းသွားတယ် ဆိုပါတော့--၊ ကုပ္မဏီ သတ်မှတ်ထားသလို မဟုတ်ဘဲ- ဓါတ် အားက အားကုန်သွားပါမယ်။ ဒါက မီးစာကုန် ဆီခန်း မဟုတ်ဘူး။ ခန္ဓာပျက်သွား လို့ သူ့မှာ တည်တဲ့အား တည်မနေနိုင် တော့တာပါ။
အလားတူပဲ လူကို သက်တမ်းနဲ့ အလ္လာဟ်အရှင်က ပြဌာန်းထားတယ်။ ဒါကို လူတစ်ဦးက အခြား လူတစ်ဦး တည်နေမယ့် အသက်ကို တည်မနေနိုင်အောင် ခန္ဓာကို ဖျက်ဆီးလိုက်တယ်။- ဆိုရင် အဲ့ဒီ ဖျက်ဆီးတဲ့သူမှာ အပြစ်ရှိပါတယ်။ ကိုယ့် ကိုယ်ကို ဖျက်ဆီးရင်လည်း ကိုယ်ကိုယ်တိုင် အပြစ်ရှိပါတယ်။

သီတဂူဆရာတော် ပောာကြားသော တရားတော်တစ်ခုတွင်- အခြားဘာသာများတွင် သူတို့၏ ဘုရားသခင် (သို့) ဘာသာ ရေး ခေါင်းဆောင်များ၏ လူံဆော်မူကြောင့် ဘာသာရေးစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ဗုဒ္ဓကြောင့် မည့်သည့်စစ်ပွဲမှ မဖြစ်ပွားခဲ့၊ မည်သူ တစ်ဦးတစ်ယေက်မှ သွေးမစွန်းခဲ့ဟုဆိုသော စကားသည် မှန်ကန်ပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါ သည်။
အဲ့ဒီ ဆရာတော်က ဘယ်ဘာသာတရားကိုမှ မကြေညက်လို့ ပြောခြင်း ဖြစ်တယ်လို့ မှတ်ချက်ပေးလိုပါ တယ်။ သူပြောလို တဲ့ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး၊ ဟိန္ဒူများမှာ “လူတွေကို လိုက်သတ်နေဘို့ ဟောထားတဲ့ ကျမ်းချက် မရှိပါ။ (မူရင်းတွေမှာ ပြောတာပါ။ ဘာသာပြန်များ အထကထာများကတော့ သက်ဆိုင်ရာ ဘာသာပြန်သူရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။) သစ္စာတရား ကို တိုက်ခိုက်ရန်ရှာလာသူများကိုသာ သစ္စာတရားရဲ့ ရန်ဘက်အဖြစ် သတ်မှတ်ခံယူစေပြီး တော်လှန်စေဘို့ကိုပဲ သွန်သင် တာ ရှိပါတယ်။ ဗုဒ္ဓလို့ သူတို့ပြောနေတဲ့ ရှင်ဂေါတမလည်း တော်လှန်ရေး လုပ်ခဲ့တာပဲ။ သူနဲ့ ဂိုဏ်းမတူတဲ့ လူများ ဘုန်းကြီး ကျောင်း လာဆောက်တာကို ကျောင်းဆောက်ခွင့်မပြုဘို့ ကောသလမင်းကို အင်အားသုံး ခြိမ်းခြောက်ခဲ့တယ်။ ကောသလ မင်းက အဲ့ဒီ အတိုက်အခံကျောင်းကို ပိတ်ပေးခဲ့ရတယ်။ ပြီးတော့ လဇ္ဇီတိုင်းသားများကို အဇာရသတ်မင်းက မျိုးပြုတ် သတ်ဖြတ်မှာကို သူ့ကို တိုင်ပင်တော့ သူမတားမြစ်ခဲ့ဘူး။ သူက (အခြားပုဂ္ဂိုလ်များ ကိုယ်တော်မုဟမ္မဒ်၊ ကိုယ်တော်ယေရှု၊ ကိုယ်တော် မောရှေ တို့လို ဘုရင် မဟုတ်ဘူး၊) ဘာသာရေးကို သီးသန့်ကိုင်တဲ့ ဘာသာရေးခေါင်းဆောင် ဆိုတော့ နိုင်ငံ ရေးကို ကိုင်တဲ့ လူနဲ့ အာဏာကို ဝေယူထားတာ၊ သတ်စရာရှိရင် နိုင်ငံရေး သမားများကိုသာ အာဏာသုံး သတ်ဘို့ တွန်းပေးတာပါ။ (ဘရုဇတ် ကို ဖတ်ကြည့်ပါလို့ အဲ့ဒီ ဆရာတော်ကို ပြောပြလိုက် ပေါ့။)

ချစ်ခင်လေးစားစွာဖြင့်

9 comments:

  1. ဂျီဟတ်ဆိုတာဘာလဲဟင် ဘုန့်းကြီးကျောင်နား ကျောင်းဆောက်လိုက်ရင် ဘာတွေဖြစ်လာမှာ လဲ စဉ်းစားပါ မက်ကာမြို့ မှာဘုန်းကြီးကျောင်းဆောက်မယ်ဆိုပါစို့ ပြသနာဖြစ်ကုန်မှာပေါ့

    ReplyDelete
  2. ဒါနဲ့များ ဗုဒ်ဓကိုအလေးထားသလေး ဘာလေးနဲ့ မရှက်ဘူလား အော်ဘာသာရေးဆရာတွေဆိုတာ မိမိဘာသာကောင်းစားရေးအတွက် ယုတ်မာကြရတာပဲလေ အမှန်တရားအတွက်ကို ဟီးဟီး

    ReplyDelete
  3. ကိလေသာတို့ကို ဖျက်ဆီးချုပ်ငြိမ်းစေ တတ်သော သဘာဝတရားတို့၏ လက္ခဏာကို သိမြင်စေတတ်သော ဥာဏ်ပညာလည်းမရှိ ဒုစရိုက်တို့ကို ရွံ့ခြင်းမရှိ စိတ်စေတသိက်ရုပ်ပဋိစသမုပါဒပဌာန်းကမ္မဝိပါကပုဂ္ဂလပရမတ္ထလည်းရေးရေးမျှမနားလည် ထိုသူသည် လောကကိုလည်းကောင်းလောကုတ္တရာကိုလည်းကောင်း ကြံစည်၏။ အိုမိုက်ဖက် တရားဟူသည်ကျင့်ကြံမှသိမြင်၏။ ယခုဘဝ၌ မျက်မှောက်ပြုနိုင်၏။ မရေရာသောတမလွန်လောကကို လက်ငြိုးမညွှန်။ အကယ်၍ မလုပ်မနေရ စည်းကမ်းချပါက ဖောက်ဖျက်သူမှာ ကြီးစွာသောအကုသိုလ်ဖြစ်မည်။ ဘုရားရှင်တို့သည်ညွှန်ပြသူဆရာတို့သာတည်း သို့သော်အကောင်းဆုံးအရှင်းလင်းဆုံးတိုက်တွန်းသူများဖြစ်သည်။ သံသယဖြစ်ဖွယ် ကြားခံသူမလို ဆိုလိုတာက မင်းတို့အီစာခေါ်ယေရှုခေါ်ဂျီးဇက်ခရစ်ရဲ့ သမ္မာကျမ်းစာနဲ့ ရှေး ဓမ္မဟောင်းသစ်ကျမ်းတွေ ယုံကြည်သင်ကြားရင် ငါတို့ပြဿနာသိပ်မကြီးဘူး ဒါပေမဲ့အချင်းချင်းမယုံကြဘူး။ ကောင်းကင်တမန်နဲ့ဘုရားပေါ်တင် လှုပ်ရှားပြရင် ယုံစရာမလိုတော့ဘူးသိသွားလို့။ ဗုဒ္ဓက သိစရာတွေနဲ့အရင်ဆွဲပြီး အနုမာနတက္ကယုတ္တိလော့ဂျစ် ဒါမှမဟုတ်မျက်ကန်းယုံ နည်းနဲ့သူ့တရားကိုလက်ခံစေတယ်။ဒါကြောင့်လည်း ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်များညီလာခံမှာ မင်းတို့ဆရာတွေကပါမဲပေးလို့ အကောင်းဆုံး ဘာသာဖြစ် သွားတာပေါ့။ အစကနေအဆုံထိ ဘာမှသိစရာအနှစ်မပါဘဲ ယုံတာချည်းပဲဆိုတော့ ငါတို့ လို စဉ်းစားနိုင်တဲ့လူတွေက ရူးနေလို့ ယုံရမှာလား။ ငါတို့ က ကိုယ့်အသိဥာဏ် နဲ့သိတာကိုမယုံဘူး အနုမာနနည်းနဲ့လက်ခံသင့်တာကိုယုံတယ် အေးယုံဘဲယုံရမှာကိုတော့ မှတ်ထားလို့အဆင်ပြေရင်မှတ်ထားတယ် မင်းကရော ဘာဖြစ်လို့ လက်လွတ်စပယ် သမ္မာကျမ်းနဲ့တခြားကျမ်းတွေကို ယုတ္တိမရှိဘူးပြောရတာလည်း သိတာယုံတာမှတ်ထားတာခွဲပါလား သိတ်စော်ကားချင်နေလို့လား အေးသူများဝါဒတွေ မင်းဆရာသင်ပေးရင်တော့ လုံးဝမယုံနဲ့ အရှက်ကွဲလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးဆရာတွေရဲ့ သဘောကိုမင်းသိမှာပါ ဒါပေမဲ့ လုံဝကြီး ယုတ်မာနေကြတာတော့ မဟုတ်ဘူး ဗုဒ္ဓကသတ်ဖို့တွန်းအားပေးတယ်လို့ ပြောကတည်း မင်းဟာလူ့ငဖျင်း အယုံလွယ်သူလို့ ဝမ်းနည်းစွာယုံရပါ့မယ် ဆန္ဒဒေါသ သိတ်မများပါနဲ့ ဧဒင်ဥယာဉ်က အကောင်းအဆိုးကို သိကျွမ်းရာအပင်ကပန်းသီးမင်းဆီမှာ အစွမ်းမရှိတော့ဘူးနဲ့တူတယ်။ ဒီအသီးက တကယ်တော့ လူတွေရဲ့ သဘောအမျိုးမျိုးကို မသိလို့ စမ်းရတဲ့ သနားစရာသူ ကိုမွေးတဲ့မျောက်ကိုယ့်ပြန်ချောက်ခံရသူရဲ့ ဆိုလိုတာက ရိုစီဖာစာတန်ပြန်ဆန့်ကျင်ခံရတဲ့ သူရဲ့ ကြေကွဲစရာ ပန်းသီးလေးပါ။ အစကလည်းမစွမ်း အခုလည်းမစွမ်း နောင်လည်းမစွမ်း တဲ့အသီးလေ ဗိုက်တောင်မပြည့်ဘူး။ ငါ့စကားကြမ်းသွားရင် တောင်းပန်ပါတယ် ငါကလဲမင်းလိုဘဲ ကိုမှန်တယ်ထင်ရင် သူများကိုနှိပ်တတ်တယ်အညောင်းပြေလား။ခံရတော့

    ReplyDelete
  4. ညီညီကဘာသာခြားမဟုတ်လောက်ဘူး ဟုတ်ရင်တောင်ဖန်ဆင်းရှင်ကိုးကွယ်သူပဲဖြစ်မယ်။မှားစေချင်သူကိုမှားစေတယ်ဆိုတာက အချင်းချင်း ထာဝရရဲ့အလိုမှန်းသိပြီး အမုန်းမများအောင်ပြောတာ မြှားရဲ့ပစ်မှတ်ဆီဦးတည်ချက်နဲ့ လေးညို့အား ဘယ်ဟာက ပိုအရေးပါလဲ ဆန္ဒကိုငါတို့ရွေးချယ်ပုင်ခွင့် ဆို အသိဥာဏ်က ဘာလုပ်ဖို့လဲ စဉ်းစားပြီးဖြီးပါ လူတွေကမင်းပြောသလို အစဉ်အလာဘာသာရေးထဲ ဘောင်ခတ်ပိတ်မိနေကြတာပဲ မင်းကဖြီးထားတာတွေ ကို ခရူးဆိတ်ဒါတွေ ထောက်ပြခံချင်လွန်းလို့ ဆိုဒ်ထောင်တာလား

    ReplyDelete
  5. မွတ်ဆလင်ဆိုတာ..
    ။။။။။။။။။။။။။။။။။။။။။။။။
    ၁။ အတွေအခေါ်ထောင်ကြနေခြင်းမှကင်းလွတ်ကြပါစေဆိုပြီး.....
    အတွေးအခေါ်တွေထောင်ကြနေရင်.. မွတ်ဆလင်ဖြစ်တယ်။
    ၂။ ဘယ်လိုအကြောင်းအရာလေးကိုပဲဝေဖန်ထားဝေဖန်ထား....
    အဆင့်တန်းရှိရှိလာမဖြေရှင်းနိုင်ဘူးဆိုရင် မွတ်ဆလင်ဖြစ်တယ်..
    ၃။ ငြိမ်းချမ်းတဲ့ဘာသာဆိုပြီး...
    ကမ္ဘာကျော်အကြမ်းဖက်သမားတွေနဲ့ကျော်ကြားရင် မွတ်ဆလင်ဖြစ်တယ်
    ၄။ အရမ်းပြည့်စုံအောင်ဟောကြားထားတယ်လို့ပြောပြီး..
    နည်းနည်းလေးတောင်ဝေဖန်လို့မရရင်..မွတ်ဆလင်ဖြစ်တယ်
    ၅။ သိပံနည်းကြတယ်လို့ဇွတ်အော်နေပေမဲ့..
    ကမ္ဘာကို နေနဲ့လက ပါတ်တယ်ဆိုရင်..မွတ်ဆလင်ဖြစ်တယ်..
    ဒီအကြောင်းအရာတွေမမှန်ဘူးဆိုရင်...လာဖြေရှင်းနိုင်တယ်..http://www.facebook.com/profile.php?id=100004650095040

    ReplyDelete

  6. ကဲ အလ္လာက အားလူံးကိုဖန်ဆင်းတယ်ဆိုတာကိုလက်ခံပြီပဲထား
    အဲဒီအလ္လာကိုဘယ်သူဖန်ဆင်းတာလဲ..?
    ကဲ အလ္လာက သူ့အလိုလို တစ်ခြားအရာတွေ ဘာမှမရှိခင်ကတည်းက ရှိနေတာကိုလက်ခံပြီပဲထား
    ဘာမှမရှိတဲ့နေရာမှာ သူတစ်ယောက် ထဲယောင်လည်လည် ပဲပြောမလား ငေါင်တောင်တောင်ပဲပြောမလား ဘာလုပ်နေတုန်း..?
    ကဲ အလ္လာက မေတ္တာတွေတသီတသန်းကြီးနဲ့ဖန်ဆင်းတယ်ပဲထား..
    သူဖန်ဆင်းတဲ့ဟာတွေ ဒီလောက်ကမောက် ကမ ဖြစ်နေတာ ကို သူဒီတိုင်းထိုင်ကြည့်နေလား.?
    ဘာမှမရှိသေးတဲ့ဟင်းလင်းပြင်ကြီးထဲမှာ..သူတစ်ယောက်ထဲပြင်းလို့ စင်္ကြာသဠာ ဆိုတာဖြစ်စေ ဂြိုဟ်တွေဖြစ်စေ ကဲထားပါတော့..လက်ခံပြီ ဒါပေမဲ့ ဘာမှမရှိတဲ့အရာအတိုင်းထားလိုက်ရင် လူဆိုတာမရှိလာရင် အရင်ထဲက ဘာမှမရှိလာရင် ..အိုရ နာရ သေရ ..အလိုမကြမှတွေ အလိုကြဖို့ကြိုးစားရမှုတွေ..ရှိလာမှာမဟုတ်ဘူး အဲဒီတော့ ဂရုဏာ မေတ္တာနဲ့ဖန်ဆင်းတယ်လို့ တော့လက်မခံဘူး သူတစ်ယောက်ထဲပြင်းလို့ ရသမျိုးစုံပေးတဲ့ လူလောကကြီးကိုဖန်ဆင်းတယ်လို့ပဲထင်တယ် သူအပြင်းပြေဖို့ ကပြအသုံးတော်ခံနေရတာကို ငါတို့က သူ့ကိုကျေးဇူးတင်ရမှာလား(ဘာကြောင့်ဒီလိုစွတ်ဆွဲသလဲဆိုရင်)?
    စဖန်တီးတည်းက လူတွေအားလုံးရင်ထဲကို အီမာန်ထည့်ပေးလိုက်လေ..ဘာလို့ယုံကြည်ခြင်းမယုံကြည်ခြင်းတွေ ထည့်ပေးထားတာလဲ?
    သူသာ စေတနာမေတ္တာရှိတယ်ဆိုရင် အစကတည်းက ကောင်းကင်ဘုံမှာ မတောင့်မတ မကြောင့်မကြ ထားပေါ့..လူတွေ ကမ္ဘာဦးအစက မီးကြောင့်အသက်လုကြရတယ် အစာအတွက် အသက်လုကြရတယ် တစ်အုပ်စုနဲ့တစ်အုပ်စု သတ်ကြတယ်. အချင်းချင်း ချစ်ခင်ကြတယ်.. သဘာဝဘေးအန္တရာယ်တွေကြောင့်လဲသေရတယ်. အကြောင်းအရာတွေအများကြီး ဒီမ္ဘာမှာ ဖြစ်ပျက်နေတာတွေကိုကြည့်...သူ့လိုဘေးကနေ ထိုင်ကြည့်ကြည့် အီမာန်ရှင်ရော အီမာန် ရှင် မဟုတ်တဲ့ကောင်တွေ ရော အသေဆိုးတွေနဲ့သေနေကြတယ် မထင်မှတ်ပဲသေကြတယ်
    မွေးလာကတည်းက အသေမွေးတာတွေရှိတယ် အများကြီးပဲနော် သဘာဝဘေးအန္တာရယ်တွေ..နဲ့သေကြတယ်ဘာသာရေးစစ်ပွဲတွေကြောင့်သေကြတယ် အကြောင်းအရာပေါင်းအများကြီး ရသပေါင်းအများကြီး ..ရသစုံ ဇတ်ကားတစ်ကားကို အပြင်းပြေထိုင်ကြည့်နေတာမဟုတ်ဘူးလား..အဲဒါမင်းတို့ ပြောသမျှလက်ခံပြီးမှ ရလာတဲ့မေးခွန်းနော် ..မင်းတို့ဘာသာမှာ အတိတ်ဘ၀ဆိုတာမရှိဘူး အခုဘ၀နဲ့ ကိယာမတ် ရောက်ရင် ရှင်ပြန်ထမြောက်ရာ ဘ၀ နှစ်ဘ၀ပဲရှိတယ်ဆိုတာ ဟုတ်လား..?
    ဟုတ်တယ်ဆိုရင်..တစ်ခုစဉ်းစား အခုမှ စဖြစ်တဲ့လူအခြင်းခြင်း တစ်ချို့က ချမ်းသာတယ် တစ်ချှိုကဆင်းရဲ. ..တစ်ချှို့က ရုပ်ချော တစ်ချို့က ရုပ်ဆိုး ...တစ်ချို့က ကျန်းမာတယ် တစ်ချို့က အနာရောဂါထူပြောတယ်.. တစ်ချို့က မွေးကတည်းကသေတယ် တစ်ချို့က အသက်ရှည်တယ်..အဲဒီမေးခွန်းတွေလောက်ပဲံစဉ်းစားပြီးဖြေ မင်းတို့အလ္လာ မျက်နှာလိုက်တာလား.. အခုမှစတဲ့ လူချင်းအတူတူကို ဘာလို့မျက်နှာလိုက်တာတုန်း..
    တစ်နေ့ကဖတ်လိုက်ရတဲ့သတင်းစာမှာ မွတ်ဆလင်အချင်းချင်း စစ်ဖြစ်ပြီး သတ်ထားကြတာ မိသားစု အကုန် အသတ်ခံရတယ် အသတ်ခံရတဲ့ အထဲမှာ ကလေးလေးတွေကအစပါတယ် ဒီကလေးတွေမှာ အီမာန်ဆိုတာ ဘာမှန်းတောင် သိဦးမှာမဟုတ်ဘူး အဲလို ကလေးတွေ သေပြီး နောက်ဆုံးတရားစီရင်ရာနေ့မှာဘာဖြစ်မှာလဲ..ငရဲလား ကောင်းကင်လား
    ကမ္ဘာပေါ်မှာ မင်းတို့ဘုရားဖန်ဆင်းတ.ယ်ဆိုတဲ့ ရှေးဦးလူသား အဖို အမ က စပြီး မွေးလာလိုက်သေသွားလိုက်နဲ့ လူပေါင်းများလှပြီ.. ဒီကောင်တွေ အခုထိစောင့်နေရတုန်းလား အဲဒီကောင်တွေ မိုဟာမက်မပေါ်ခင်တုန်းက အလ္လာဆိုတာ မသိခင်ကတည်းကသေသွားတဲ့ကောင်တွေ အတွက် ကောင်းကင်လားငရဲလား ..ဟိုးအစတည်းက စောင့်နေရတဲ့ကောင်တွေကတော့်သေပြီ ပဲတော်တော်ပျင်းနေမှာ..အရင်ကကောင်တွေကတော်ဦးမယ် အခုခေတ်ကောင်တွေများသေလို့ကတော့.. အွန်လိုင်းလဲမသုံးရဘူး ဖေ့ဖွတ်လဲမသုံးရဘူး..ဘာမှလဲမချိဘူးဆိုပြီးတော်တော်ပျင်းနေမှာ..ဒီကောင်တွေ...သေသွားတဲ့လူတွေရှင်ပြန်ထမြောက်ရင်ရော ဘယ်လိုရှင်ပြန်ထမြောက်မှာလဲ ...ကလေးအဖြစ်သေတဲ့လူ က ကလေးအဖြစ် ... လူကြီးအဖြစ်သေတဲ့လူက လူကြီးအဖြစ်လား..ဒါမှမဟုတ်တစ်ရွယ်ထဲလား....ကဲဖြေပေးကြပါ ...

    ReplyDelete
    Replies
    1. မင်းနဲ့ ဆွေးနွေးချင်တယ် သူငယ်ချင်း
      www.facebook.com/saytan.shytan

      Delete
  7. မိုဟာမက်လို လူမျိုးကို တမာန်တော်အဖြစ်လက်ခံမဲံ့အစား ယေရှုကို တမာန်တော်အဖြစ်လက်ခံပြီး..ယေရှုရဲ့ထာဝရဘုရားကို ပဲယုံကြည်လိုက်တော့မယ်..မိုဟာမက်ဆိုတာ ၈ နှစ်သမီးကို ထိမ်းမြားပေါင်းသင်းတဲ့လူ..လူသား တွေရဲ့အဆင့်အတန်းဆိုတဲ့ပေတံနဲ့တိုင်းရင်တောင်..အသက်မပြည့်သေးတဲ့မိန်းကလေးကို ပေါင်းသင်းတဲ့လူစား..အဲဒီကောင်ရဲ့ဝါဒတွေကို လက်ခံပေးရမှာ..ဆောရီးပဲ..ငါမင်းပြောသလိုပဲပြန်ပြောလိုက်မယ်..မင်းရဲ့အဆင့်အတန်းဟာ မင်းတို့မွတ်တွေရဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်ဆိုတာ ထင်သာမြင်သာရှိပါတယ်...ငါက စကားသိပ်မပြောတတ်လို့..သူများမေးခွန်းလေးတွေပဲတင်ပေးခဲ့တယ်...မဟုတ်ဘူးဆိုရင် အဲဒီဖေ့ဖွတ်အကောင့်မှာ သွားဖြေရှင်းလူမြင်သူမြင်သွားပြောပေါ့..ဌေးလွင်ဦးရယ်..ဟိုက အားလုံးကို ကြိုဆိုပါတယ်တဲ့..မင်းလောက်တော်င အသက်မကြီးသေးဘူးနော်... ၂၅ နှစ်ပဲံရှိသေးတဲ့ကောင်လေး..မင်းတို့မွတ်တွေကြောင့်သာမဟုတ်ရင် ဘာသာရေးစစ်ပွဲဆိုတာတောင်..ရှိလာမှာမဟုတ်ဘူး..အရူးရဲံ့ မင်းပြောတာကို မင်းတို့မွတ်အခြင်းခြင်းပဲယုံမယ်..တစ်ခြားဘယ်ကောင်မှမယုံဘူး..စကားတတ်တိုင်းရှောက်ပြောမနေနဲ့..

    ReplyDelete
  8. မိုဟာမက်က အိုင်အေရှားကို နေကာဖက်ပြီးပေါင်းတာလို့ဖြေရင်တော့..နေကာဖတ်တယ်ဆိုတာ တရားဝင်မုဒိန်းကျင့်ခွင့်လားလို့မေးရတော့မှာပဲ..ကိုယ့် ဘာသာရဲ့အညှီအဟောက်တွေ ကို ဖုံးစမ်း ဖုံးစမ်း...ဆင်သေ ကို ခွေးသရေ နဲ့ဖုံးသလိုပဲနေမှာကွ...

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)