Tuesday, September 11, 2012

ဘာသာခြားများ မေးခွန်းများအတွက် အဖြေများ (၁၂)


Caha ya နှင့် အပြန်အလှန်

 10.6.2011

Caha ya: စာမှာ islammyanmar ဆိုက်က လူတွေကို စိတ်ပညာနဲ့ လှည့်စားနေတဲ့ ဦးဌေးလွင်ဦး  ဆိုသူ တစ်ဦးရဲ့ စိတ်လှည့်စားမှု အယူများ ဖြစ်တယ်လို့ ရေးတယ်။

U Htay Lwin Oo: မိတ်ဆွေတို့ မိရိုးဖလာအချုပ်အနှောင်ထဲမှ ကင်းပါစေ၊ ပညာဗဟုသုတများ တိုးပါစေလို့။
11.6.2011

Caha ya: အိုင်စတိုင်းလ်က ပြောတယ်- ကမ္ဘာမှာ ဖန်ဆင်းရှင် ၀ါဒပျောက်ဆုံးလိမ့်မယ်- သဘာဝတရားကို ကိုယ်စားပြုတဲ့ သဘာဝနဲ့ ကိုက်ညီတဲ့ ဗုဒ္ဓဘာသာ တစ်ခုပဲ နောက်ဆုံး ရပ်တည်လာလိမ့်မယ်-။ ဒါကို islammyanmar ဆိုက်မှာ ထည့်ပေးပါ။

U Htay Lwin Oo: ကျွန်တော်လည်း သဘာဝနဲ့ ကိုက်ညီတဲ့ ဘာသာတရားကို လက်ခံချင်ပါတယ်။ လေ့လည်း လေ့လာနေပါတယ်။ တကယ်လို့ အိုင်စတိုင်းပြောသလို ဗုဒ္ဓဘာသာက သဘာဝနဲ့ကိုက်ညီသလား မကိုက်ညီ ဘူးလား ကျွန်တော်ကိုယ်တိုင် မသိသေးပါ။ ဒါကြောင့် မိတ်ဆွေအနေနဲ့ ကြိုးစားပြီး ကျွန်တော့ကို သက်သေ ပြပေးနိုင်ရင် ကျေးဇူးတင်ပါတယ်။ ဒီအတွက်လည်း လေ့လာလိုပါတယ်။

26.6.2011

Caha ya: The religion of the future will be a cosmic religion. It should transcend personal God and avoid dogma and theology. Covering both the natural and the spiritual, it should be based on
a religious sense arising from the experience of all things natural and spiritual as a meaningful unity. Buddhism answers this description. If there is any religion that could cope with modern scientific needs it would be Buddhism. (Albert Einstein)

U Htay Lwin Oo: မင်္ဂလာပါ။
မောင်ရင့် ၀ိရိယကို အသိအမှတ်ပြုပါတယ်။ မောင်ရင်ထင်တဲ့ အမှန်တရားမှာ - သူတစ်ပါးအပေါ် စေတနာ ထားတာကိုလည်း လေးစားပါတယ်။ ရွှေမှန်ရင် မှတ်ကျောက်တင်ခံရဲရမှာပေါ့။ ဦးလေးဘက်ကလည်း မောင်ရင့် ကို စေတနာ ထားပါရစေ- အမှန်တရားကို သိမြင်ပါစေလို့ မေတ္တာထားပါရစေ-၊ လူလူချင် စေတနာ မေတ္တာ ထားတာ မမှားဘူးထင်ပါတယ်။ အိုင်စတိုင်းက ရူပသင်္ချာရှင်ပါ။ ဘာသာရေးပညာရှင် မဟုတ်ပေဘူး။ သူက ဂျူး ဘာသာဝင်ဖြစ်တယ်။ ဘာသာရေးကို သူ့မိရိုးဖလာလောက်ပဲ သိခဲ့တယ်။ သူ့မိရိုးဖလာ ဂျူးလူမျိုးတွေ က ခံစား ယုံကြည်တဲ့ ဖန်ဆင်းရှင်ဘုရားဆိုတာ တိုရာဟ်ကျမ်းမှာ ပုံဖေါ်တဲ့ ဣိသရေလူမျိုးတို့ ကိုယ်ပိုင်ဘုရားနဲ့  သူ့ ပတ်ဝန်းကျင်ကပြောဆိုနေတဲ့ ရှေးရောမလူမျိုးတို့ဖွင့်ဆိုတဲ့ ကောင်းကင်နိုင်ငံတော်က ဘုရားမျှသာ ဖြစ်ပါ တယ်။ သူ့အနေနဲ့ အစ္စလာမ်သာသနာရဲ့ဒသနနဲ့ ပရမတ်ဘုရားဆိုတာကို သိမှမသိခဲ့တာပဲ။ ပြီးတော့ ပိဋကတ် ကျမ်းစာကိုလည်း အစအဆုံးမဖတ်နိုင်ခဲ့ကြောင်း သူ့စကားကသက်သေပြပါတယ်။ ဒီကမ္ဘာမှာ ပိဋကတ် ကျမ်းစာ လောက် သဘာဝမကျတဲ့ကျမ်း အခြားကျမ်းစာရှိတယ်လို့ မောင်ရင်ထင်လို့လား။ ကွန်မြူနစ်တွေခေတ်စားတဲ့ ကာလမှာ အိုင်စတိုင်းက ကြီးပြင်းခဲ့တယ်။ ကွန်မြူနစ်ခေါင်းဆောင်ကြီး ကားလ်မစ်လည်း ဂျူးပါ။ ဆိုဗီယက် ယူနီယံဖခင်ကြီး လီနင်လည်း ဂျူးပဲလေ။- ဂျူးလူမျိုးက lobby လုပ်တဲ့နေရာမှာ သိပ်ထူးချွန်တယ်။ အဲ့ဒီကာလ မှာ ပိဋကတ်ကို စေ့စုံအောင် မဖတ်ဘူးရှာတဲ့ ဗုဒ္ဓဘာသာခေါင်းစဉ်အောက်က ပညာရှင်တွေက ကြားဘူးနားဝ အလိုက်သင့်တရားလေးများကို သဘာဝကျကျ မွမ်းမံပြီး ဘာသာရေး အဖြေတွေပေးခဲ့တာကိုပဲ အိုင်စတိုင်းက ကောက်ချက်ချပြောခဲ့တဲ့ စကားပါ။ ဒါကိုလည်း အိုင်စတိုင်းပြောတဲ့ Buddhism answers this description က ထောက်ပြနေတယ်- မောင်ရင်။ ပိဋကတ်တော်လာ စာပေများဟာ တစ်ကယ့် သဘာဝယုတ္တိနဲ့ ကိုက်ညီသလား မကိုက်ညီဘူးလား- မောင်ရင်ကိုယ်တိုင် လေ့လာပါ။ မောင်ရင်လက်ခံထားတဲ့ ဗုဒ္ဓအဆုံးအမ အရပဲ “သူများ ပြောတိုင်းလည်း မယုံနဲ့၊ ဆရာသမားမိဘပြောတိုင်းလည်း မယုံနဲ့၊ ငါဘုရားဟောတိုင်းလည်း မယုံ နဲ့- လက်တွေ့ နဲ့ ကိုက်ညီမှ ယုံကြည်ပါ-” လို့ ပြောထားတဲ့ ကာလာမသုတ်ကို မောင်ရင် ပြန်သတိရပါ။ သို့မဟုတ် မောင်ရင်က ဦးလေးကို ဆွေးနွေးချင်တယ်ဆိုရင်လည်း ခွင့်ပြုပါတယ်။ သို့သော်- မောင်ရင့် နာမည်ရင်း၊ လိပ်စာ မှန်ပေးရ ပါလိမ့်မယ်။ ဘာသာရေးကို ဆွေးနွေးတာကြောင့် ရိုးသားပွင့်လင်း၊ ယဉ်ကျေးဘို့တော့ လိုတယ်နော်။ ပစ်စာ သဘောမျိုးတော့ ဦးလေးဆီကို ပစ်မလာဘို့ ဦးလေး မေတ္တာရပ်ခံတယ်။

မောင်ရင့်အနေနဲ့ အမှန်တကယ် သဘာဝယုတ္တိကိုပဲ လက်ခံလိုတယ်ဆိုရင် မောင်ရင့်လို လူမျိုးကို လှိုက်လှိုက် လှဲလှဲကြိုဆိုနေမှာပါ။
လေးစားစွာဖြင့်
ဌေးလွင်ဦး

27.6.2011
Caha ya: အောင်ဆန်း မော်လမြိုင်

U Htay Lwin Oo: မင်္ဂလာပါ။
အမည်နာမနဲ့ မွေးရပ်ကို သိရလို့ ကျေးဇူးတင်ပါတယ်။ အမှန်တရားကို ရှာဖွေနေသူ ဖြစ်ရင် ကြိုဆိုပါတယ်။ ကျွန် တော့နာမည်နဲ့ လိပ်စာကတော့ ဆိုက်မှာ ဖေါ်ပြပြီးသားပါ။

အမှန်တရားမှာ -
(၁) သူများပြောပါများလို့-- မှန်တယ်လို့ ထင်တဲ့ အမှန်တရား

(၂) လိမ်ပါများလို့ အဲ့ဒီလိမ်လည်ခြင်းက ကိုယ်ကိုယ်တိုင် မှန်တယ်လို့ ထင်မှတ်တဲ့ အမှန်တရား

(၃) မိရိုးဖလာအစွဲကြောင့်- နှတ်မရနိုင်တဲ့ အစွဲနဲ့ မှန်တယ်လို့ ထင်နေတဲ့ အမှန်တရား နဲ့

(၄) ပကတိစစ်စစ် ကိုယ်တိုင်သိ အမှန်တရား- ရယ်လို့ ရှိပါတယ်။

နံပါတ် (၁)က (၃) ထိက ထင်မှတ်တဲ့ အမှန်တရားဖြစ်ပြီး (၄)ကသာ အမှန်တရား စင်စစ် ဖြစ်ပါတယ်။ အဲ့ဒီ ပက တိအမှန်က သိပ်ခါးပါတယ်။ နံပါတ် ၁ က ၃ ထိ ပန်းဘဲဖိုမှာ သံချေးခွာသလို အခွာခံနိုင်မှ နံပါတ် ၄ ကို စမြင် လိမ့်မယ်။ ဒါတောင် မြင်ယုံပဲ ရှိဦးမှာ လက်ခံနိုင်မှာ မဟုတ်ဘူး။ လက်ခံနိုင်ဘို့ရာ ထူခြားတဲ့ သူရဲကောင်း သတ္တိ ရှိဘို့တော့ လိုလိမ့်မယ်။

မောင်ရင် စဉ်းစားပါ။ ဦးလေးကတော့ ပကတိ သစ္စာကို သိထားသူလို့ ၀န်ခံပါရစေ။ ဒီတော့ ဦးလေးဆီကို မောင် ရင် မတိုင်မှီက လူပေါင်းများစွာ လာခဲ့ပါပြီ။ သူတို့ခမြာတွေ ခိုင်ခန့်တဲ့ ကျောက်တောင်လို သစ္စာ တရားကို မြှားနဲ့ ပစ်သလို- သူတို့ရဲ့ မြှားဦးတွေပွန်းပဲ့ပြီး ပြန်သွားကြတယ်။ ဒီတော့- ဦးလေးနဲ့ ဆွေးနွေးမယ်ဆိုရင် ဦးလေးလို သတ္တိမျိုးတော့ ရှိဘို့လိုတယ်။ မငြင်းဆန်နိုင်တာကို လက်ခံရဲတဲ့သတ္တိပါ။ မငြင်းဆန်နိုင်လို့ ကပ်ဖက်ခံတာ။ မငြင်း ဆန်နိုင်လို့ ဆဲဆိုသွားတယ်။ မငြင်းဆန်နိုင်လို့ ရှောင်ထွက်သွားတာ- မငြင်းဆန်နိုင်လို့ ကျွန်တော့ထက်သိတဲ့ လူတွေဆီမှာ မေးဦးမယ်ဆိုပြီး- အကြောင်းပြတာမျိုး ဆိုရင်တော့ လူသားဖြစ်ခြင်းရဲ့ ဂုဏ်သိက္ခာကျပါတယ်။ ဦးလေးကတော့ လူသားဖြစ်ခြင်း ဂုဏ်သိက္ခာအကျမခံဘူး။ လူ့ဘ၀တိုတိုလေးမှာ မှန်တာကိုပဲလက်ခံ မယ် ဆိုတာ မွေးရာပါ သတ္တိလို့ ပြောပါရစေ။ မောင်ရင်မှာလည်း အဲ့ဒီလို သတ္တိမျိုး ရှိနိုင်မယ်ဆိုရင် ဆွေးနွေးပါ။

ဆွေးနွေးမယ်ဆိုရင်တော့ ကြိုဆိုပါတယ်။

မဆွေးနွေးဘူးဆိုရင်လည်း- ဦးလေးအနေနဲ့ ပကတိ သစ္စာတရားကို တိုင်တည်ပြီး- မောင်ရင့်ကို ရိုသားဖြူစင်စွာ မေတ္တာထားပါရစေ--၊ မောင်ရင့်အနေနဲ့ ကုလားဘုန်းကြီး၊ ဗမာဘုန်းကြီးတွေ ပြောတဲ့ သာသနာကို ပစ်ပါယ်ပြီး အစ္စလာမ်သာသနာကို လက်ခံလိုက်ပါ။ မောင်ရင့်ဘ၀ရော- သားစဉ်မြေးဆက်ဘ၀ရော ရိုးရိုးနေရင် ပီတိရသကို ခံစားရပါလိမ့်မယ်။ ၀ိပဿနာကို ကျင့်ရင် ၀ိမုတ္တိရသကို အလွယ်ကူဆုံးနည်းနဲ့ အမြန်ဆုံး ဆိုက်မြိုက်ပါလိမ့်မယ်။

မေတ္တာကြီးစွာဖြင့်
ဌေးလွင်ဦး

29.6.2011
Caha ya: ကျွန်တော့်ထက်အသက်အနေနဲ့ ကြီးတဲ့ အတွက် ကိုလွင်ဦးလို့ ပဲ ခေါ်ပါမယ်။ ပကတိ သစ္စာ ဆိုပြီး ကိုလွင်ဦးရဲ့ စာမှာရေးထားတယ်။ ကိုလွင်ဦးတို့ မှာ သတ်မှတ်ထားတဲ့ သစ္စာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သိပါရ စေ။ ကိုလွင်ဦးကို ကျွန်တော်ကြည့်တာ ဗုဒ္ဓဘာသာကို ခေတ်နဲ့ အညီလိုက်ပြောင်းနေတဲ့ အရှေ့ အာရှက လူတွေ နဲ့ သွားတူနေပြီ။ ပြန်လည်သုံးသပ်စေလိုပါတယ်။

29.6.2011
U Htay Lwin Oo: ဟုတ်ကဲ့- ခက်တော့ခက်ပြီ။ ကရင်ကြီးကို ဘာလူမျိုးလဲ မေးသလို ဖြစ်နေမလားပဲ။ သစ္စာ ဆိုတဲ့ အဓိပ္ပါယ်ကို မေးတော့- သစ္စာဆိုတာ မြန်မာများနားလည်တဲ့ မြန်မာစကားဖြစ်နေပြီပဲဗျာ။ ဒါပေမယ့် နားလည်ခံစားမှုကို မေးတာထင်ပါတယ်။  ဖေါက်ပြန်ပြောင်းလည်းမှု မရှိခြင်း၊ အစဉ်တည်မြဲခြင်း (အစဉ်တည်မြဲ တယ်ဆိုလို့ အနတ္တနဲ့ မရောစေချင်ပါ။) လို့ပဲ ပြောရမှာပေါ့။ ဒီနေရာမှာ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ တွေ ဖယ်လိုက်ရင် သစ္စာ ဟာ အမည်နာမကင်းတဲ့ သစ္စာ ဖြစ်သွားလိမ့်မယ်။ အဲ့ဒီအတွက် ဝေါဟာရမရှိတော့ ပကတိ သစ္စာလို့ ပြောလိုက်ရတာပဲလေ။

ဘုန်းကြီးတိုင်းက ခေတ်လူတွေ နားလည်အောင် ခေတ်နဲ့အညီ တရားဟောရတယ်၊ ခေတ်ပေါ် ဖြစ်ပျက် နေတာ နဲ့ ဥပမာပေးပြောရတယ် ဆိုတာများ မမေ့သင့်ဘူးဗျာ။ ဘယ်လိုပြောပြော သစ္စာဟာ သစ္စာပါပဲ။ တရားဟာ တရားပါပဲ။ ပရမတ်ဟာ ပရမတ်ပါပဲ။ အကိုးအကားမရှိဘဲ- အထောက်အထားမရှိဘဲ - ဒါကတော့ ကိုယ်တော် ဂေါတမပြောတာ။ ဒါကတော့ ကိုယ်တော်ယေရှုပြောတာ၊ ဒါကတော့ ကိုယ်တော်မုဟမ္မဒ်ပြောတာလို့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ပြောချင်ရာ ပြောလို့တော့ မရဘူးဗျာ။

ပြောချင်ရာကို ပြောလိုရင်တော့- ပြောလိုသူဟာ အဆိုပါ ကိုယ်တော်များ ပြောဆိုခဲ့တဲ့ အမည်နာမများအောက် ကင်းရှင်းစွာ သီးသန့်ပြောဆိုခွင့်ပဲ ရှိပါတယ်။ သူပြောတာကို ကြိုက်တဲ့သူက လက်ခံပါစေပေါ့။
ပကတိအမှန်ဟာ မောင်ပိုင်စီးထားခြင်း လောင်းရိပ်များမှ ကင်းစင်ပါတယ်။-

ကျမ္မာချမ်းသာပါစေ

29.6.2011
Caha ya: အ. သုဒ္ဓသီလော ဒုပ္ပညော

ကျေးဇူးတင်ပါတယ် ကိုလွင်ဦး။ ကျွန်တော်တွေ့ ဖူးတဲ့ ရခိုင်မူဆလင်တွေမှာ ကိုလွင်ဦးက စိတ်ဓါတ်အရ အခြား သူတွေထက် နည်းနည်းမြတ်ပါတယ်။ ဆိုဒ်ထဲက ကလေးဆန်တဲ့ စကားတွေက ကိုလွင်ဦး တစ်ဦးတစ်ယောက် ထဲ ရေးထားတဲ့ စာသားမဟုတ်ဘူးဆိုတာ ကျွန်တော်မေးလ်နဲ့ အပြန်အလှန်ပြောဖြစ်ပြီးသိတယ်။ ဘာသာပြောင်း ကြေးပြောကြမလားဆိုတာပြောင်းသင့်တယ်ထင်တယ်။ ကိုယ်ကမလုပ်နိုင်ပဲ ရေးတာမကောင်းပါ။
အသုဘခန္ဓာကြီးအတွက် အကုသိုလ်နဲ့လုပ်မကျွေးပါနဲ့ အများစားပြီး တစ်ယောက်ထဲခံရလိမ့်မယ်။

29.6.2011
U Htay Lwin Oo: တစ်စုံတစ်ယောက်က ဦးဌေးလွင်ဦးနဲ့ ရိုးသားဖြောင်မတ် ယဉ်ကျေးစွာ ဆွေးနွေးလို့- ဦးဌေးလွင်ဦးက ရှုံးနိမ့်သွားတဲ့အခါမှာ အဲ့ဒီစာသားက ဖြုတ်ပြီးသား ဖြစ်သွားမှာပါ။ ဒီကြော်ငြာကို ကြော်ငြာခဲ့တာ ၂ နှစ်ပြည့်သွားပါပြီ။ ဒီအတွက် မစိုးရိမ်ပါနဲ့။ အခုလောလောဆယ်တော့- ဦးဌေးလွင်ဦးကို ဆွေးနွေးသူတွေက နောက်ဆုတ်သွားတာချည်းပါပဲ။ အခုမောင်ရင်လည်း ဆွေးနွေးမလား၊ ဆဲမလား- ဆွေးနွေးမယ်ဆိုရင် ဘာသာ ပြောင်းကြေးမှ ဆွေးနွေးမှာပါ။ (နို့မဟုတ်ရင် ဦးဌေးလွင်ဦးမှာ အချိန်မရဘူးဗျာ။) ဆဲမယ်ဆိုရင်တော့-- ဆဲဗျာ- ကြိုက်သလောက်သာဆဲ။ စိတ်ရှိလက်ရှိသာ ထိုင်ဆဲနေလိုက်တော့။ နောက်ကွယ်မှာလည်း ကြိုက်သလို ၀ါဒဖြန့် လို့ရပါတယ်။ အဲ့ဒီအတွက် ဦးဌေးလွင်ဦးက ဘယ်သူ့ကိုမှ မေတ္တာမဲ့မှာ မဟုတ်ပါ။- ကိုယ့် အလုပ်ကို ဆက်လုပ် နေမှာပါ။
ကျမ္မာချမ်းသာပါစေ-

30.6.2011
Caha ya: အခုပြောနေတဲ့ သူဟာ ကိုလွင်ဦးမဟုတ်ဘူးလို့ သာ ပြောချင်ပါတယ်။ ကျွန်တော်ဆွေးနွေးနေတဲ့ အရာတစ်ခုကို ဆဲဆိုနေတယ်လို့ များနားထဲ ထင်မှတ်ရင်တော့ မှားလိုက်မယ် ကိုလွင်ဦး။ ရုတ်ရင်းကြမ်းတမ်း သောစကားကိုမပြောဆိုရဆိုတဲ့ စည်းမျဉ်းတစ်ခု ကို ကျွန်တော်နားလည်သလို ကိုလွင်ဦးလည်း နားလည်လိမ့် မယ်ထင်ပါတယ်။ ဒေါသကို ထိန်းပါ။ စာမှာသာ မေတ္တာလို့  သုံးထားပေမဲ့ ကိုလွင်ဦးရဲ့ ဒေါသကို ကျွန်တော်မြင် နေရတယ်။
 အ. သုဒ္ဓသီလော ဒုပ္ပညော

30.6.2011
U Htay Lwin Oo: သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များ ဖြစ်တဲ့ ကိုယ်တော်ဂေါတမ၊ ကိုယ်တော်ယေရှု၊ ကိုယ်တော် မုဟမ္မဒ်တို့က မိမိတို့မှန်ကန်ကြောင်း အာမခံချက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့ကို လိုက်ရသူတွေက ယုံကြည်မှု အပြည့်နဲ့ လိုက်ခဲ့တာပါ။ အဲ့ဒီ အာမခံချက် “စံ” ကို ထိလာရင်- သူတို့လည်း ခုခံခဲ့တာပဲ- မဟုတ် လား။ (ဘရု ဇတ်ကို ကြည့်ပါ။) ဒါကို ဒေါသလို့ သတ်မှတ်မှာလား။

ကျွန်တော် ဦးဌေးလွင်ဦးလည်း အယူပြောင်းကြေး ဆွေးနွေးမယ်ဆိုတာ- “အာမခံချက်- မှတ်ကျောက်” ဖြစ်ပါ တယ်။ နောင်လာနောက်သားများအတွက် အာမခံချက်ဖြစ်ပါတယ်။ အမှန်တရားကို မြတ်နိုးသူတွေအတွက် တန်ဘိုးထားအပ်တဲ့အရာ ဖြစ်ပါတယ်။ အဲ့ဒီ “စံ” ကို ပါယ်ဖျက်ဘို့ လိုလားသူတွေဟာ- သာသနာ့ဈေးကွက်မှာ အတုအယောင်ကို မှောင်ခိုသွင်းလိုတဲ့ သဘောသက်ရောက်ပါတယ်။

သာသနာရေးနဲ့ပတ်သက်ရင် ဦးဌေးလွင်ဦးအနေနဲ့ မလုပ်နိုင်တာကိုမပြောသလို၊ မပြောနိုင်တာကိုလည်း မလုပ်ပါ။ သာသနာရေးဆောင်ရွက်မှုဟာ နိုင်ငံရေး၊ အာဏာလုရေးမဟုတ်လို့ ဘယ်သူ့ကိုမှလည်း စိုးကြောက်မှု မရှိပါ။ ဒါကြောင့် ဦးဌေးလွင်ဦးက အီးမေးလ်လိပ်စာ၊ နေရပ်၊ အားလုံးက အစစ်အမှန်ဖြစ်ပါတယ်။ အခြားသော ကလောင်နာမည်နဲ့ ဖြစ်စေ- အခြားနာမည်ကိုသုံးပြီးဖြစ်စေ ဘာသာရေးဆွေးနွေးခြင်း၊ အခြားဖိုရမ်များတွင် ပြောဆိုရေးသားခြင်းမရှိပါ။ ဦးဌေးလွင်ဦးနဲ့ ဆွေးနွေးတိုင်ပင်လေ့ရှိတဲ့ ညီငယ်၊ ညီမငယ်များတော့ ရေးနိုင်ပါ တယ်။ ဒါ သူတို့ရဲ့ လွတ်လပ်ခွင့် ဖြစ်ပါတယ်။

မောင်ရင်ဟာ (အောင်ဆန်း- မော်လမြိုင်) ဆိုတာ ဟုတ် မဟုတ်ကိုသာ ဦးဌေးလွင်ဦးက သံသယ ဖြစ်ရမှာပါ။ ဘာကြောင့်ဆိုတော့ မောင်ရင့်ကို ဦးဌေးလွင်ဦးရဲ့အာရုံက သိနေသလိုပဲ။ ဒါပေမယ့် မသေချာတာကို သံသယ ဖြစ်ခြင်းဟာလည်း ယိုးစွပ်ခြင်း အကုသိုလ်ဖြစ်ပါတယ်။ အဲ့ဒီအမှုကို ဦးဌေးလွင်ဦး ရှောင်ပါတယ်။ မောင်ရင် မည်သူမည်ဝါဆိုတာ ဦးဌေးလွင်ဦးက လူတွေဆီမှာ စုံလည်း မစုံစမ်းပါ- ဦးဌေးလွင်ဦးရဲ့ ပရမတ်ဘုရားက အနိစ္စမဟုတ်ပါ။ လိုအပ်တဲ့အချိန်မှာ မောင်ရင်ဟာဘယ်သူ၊ ဘယ်မှာနေတယ်၊ ဘယ်လုပ်တယ်၊ ကလောင် နာမည်ဘယ်နှစ်မျိုးနဲ့ စာရေးတယ်ဆိုတာ ချက်ချင်းသိလို့ရပါတယ်။

မောင်ရင့်အနေနဲ့- အတုအယောင်တွေ သာသနာရေးထဲကို ရောစွပ်ဝင်ရောက်လာခြင်းမျိုးကို မမြတ်နိုးရင်- ဦးဌေးလွင်ဦး ဦးဆောင်ပြီးဖွင့်ထားတဲ့ islammyanmar.com ထဲက “အယူပြောင်းပေးကြေး ဆွေးနွေးဘို့ အသင့် ရှိတယ်၊” ဆိုတာကို မဖြုတ်စေသင့်ဘူး-။ သို့မဟုတ် အလားတူ အာမခံချက်မျိုး အခြားဆိုက်တစ်ခုမှာ အာမခံ ထားတာရှိတယ်ဆိုရင် ကြိုဆိုပါတယ်။ လိပ်စာပေးပါ။ ဦးဌေးလွင်ဦး သွားရောက်ဆွေးနွေးပါမယ်။ ဆွေးနွေးသမျှ ကို အများသိအောင်လည်း စာဖြန့်ပါမယ်။ ဦးဌေးလွင်ဦးက ရှုံးနိမ့်သွားရင် အဲ့ဒီအာမခံထားတဲ့ လူ ကိုယ်စားပြုတဲ့ သာသနာထဲကို ဦးဌေးလွင်ဦး တပည့်ခံဝင်ရောက်လိုက်ပါမယ်။ အဲ့ဒီ အတွက် လူသား သတ္တိ အပြည့်ရှိပါတယ် လို့ ထပ်ဆင့်အာမခံပါရစေ။

အခုလည်း- မောင်ရင့်ဆီမှာ ခွင့်တောင်းဦးမယ်-၊ မောင်ရင်ရဲ့ ပထမဦးဆုံးစာကအစ၊ ဦးဌေးလွင်ဦး ပြန်ခဲ့တာ- အားလုံး တစ်လုံးတစ်ဖဲ့မျှမပြုမပြင်ဘဲ- အများသူငါဖတ်နိုင်တဲ့ ပို့စ်တွေမှာဝေငှခွင့်ပြုပါ။ နို့မဟုတ်ရင် အပြန် အလှန် ပစ်စာသဘောမျိုး ဖြစ်နေပါတယ်။ နောက် ဆက်နွေးမယ်ဆိုရင်လည်း အများသိအောင် ပို့စ်တင်ပါမယ်။ မိမိပြောသမျှကို မိမိ တာဝန်ယူတယ်- ဆိုတာ ပေါ်လွင်စေချင်တယ်။

အသိအမှတ်ပြုလျှက်
ဌေးလွင်ဦး

1.7.2011
Caha ya: ကျွန်ုပ်ပြောသော စကားများသည်  ဆဲဆိုမှု အလျင်းမရှိပါ။ လွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်။ ကိုလွင်ဦးနဲ့ အပြန်အလှန် မေးမြန်းပြောကြားကြသည်များကို public post အနေဖြင့်တင်ချင်လိုပါက တင်နိုင်ပါ သည်။ တင်လိုပါက အပြန်အလှန်ပြောဆိုဆွေးနွေးခဲ့သည်များကို အကုန်တင်စေလိုပါတယ်။ ကျွန်တော် ခွင့်ပြု ပါတယ်။
လိုအပ်တဲ့အချိန်မှာ မောင်ရင်ဟာ ဘယ်သူ၊ ဘယ်မှာနေတယ်၊ ဘယ်လုပ်တယ်၊ ကလောင် နာမည် ဘယ်နှစ်မျိုးနဲ့ စာရေးတယ် ဆိုတာ ချက်ချင်း သိလို့ရပါတယ်။ ကျွန်တော့်အကြောင်းသိလိုက စုံစမ်းနိုင်ပါသည်။ 

အငြိုးဖွဲ့ ခြင်းကိုလက်မခံပါ။ မိတ်ဖွဲ့ ခြင်းသာလက်ခံသည်။

1.7.2011
U Htay Lwin Oo: မင်္ဂလာပါ။
လွတ်လပ်စွာ ဆွေးနွေးနိုင်ကြောင်း သိရလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ် တော့- ဦးဌေးလွင်ဦးဘက်က မောင်ရင်နဲ့ စတင်ဆွေးနွေးမယ့်ခေါင်းစဉ် မရှိသေးပါ။ မောင်ရင်က ဆွေးနွေးလိုတာ ရှိရင် ခေါင်းစဉ်တင်လို့ ရပါတယ်။ (အချိန်လည်းရမယ် ဆိုရင်ပေါ့။) ဆွေးနွေးသမျှကို public post အဖြစ်တင်ခွင့် ပေးတာကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဦးဌေးလွင်ဦးကို စိတ်ချပါ။ လုံးဝ- တည်းဖြတ်မှာ မဟုတ်ပါ။ မှတ်တမ်းတင်ရင်လည်း အရှိအရှိ အတိုင်းပဲ ဖြစ်စေရပါမယ်။

မောင်ရင့်အကြောင်းကို သိဘို့ မလိုသေးပါ။ ဒီအတွက်လည်း ဘယ်လိုမှ မခံစားရပါ။ အငြိုးအတေးဆိုတာတော့ မေ့လိုက်ပါ- ဦးဌေးလွင်ဦးဘက်က ရန်သူမရှိပါ။ ဒီဆိုက်ကိုဖွင့်ပြီး- ကိုယ့်ဒသနကို ကိုယ်ရေးတယ်- လူတွေကို မျက်လုံးပွင့်စေချင်တယ်။ ရေးသမျှကို အာမခံချက်ပေးတယ်။ ဒါကို မကျေနပ်တဲ့သူတွေက ဒသနအရ- စာပေ အရ မရှင်းဘဲ- ချောင်းရိုက်ခံရတာမျိုး ကြုံရတယ်။ မေးလ်ထဲက ဆဲဆိုတာမျိုးကြုံရတယ်။ ပုတ်ခတ်စော်ကား တာမျိုးခံရတယ်။ မဟုတ်သတင်းလွှင့်ခံရတယ်။ ဒီလို အောက်လမ်းနည်းတွေကို ဦးဌေးလွင်ဦး ကြုံရတာ များတော့- ရန်ကို ပြန်လည်မတုံ့ပြန်လိုပေမယ့်- ကြိုတင်ကာကွယ်ထားရတာတွေ ရှိပါတယ်။ ကိုယ်က အသုံး မကျလို့ ဖိနပ်ကို ကြုံသလိုချွတ်မိတယ်။ တစ်ခြားတစ်ဦးက ခိုးယူသွားတယ်- ဆိုရင်-၊ ခိုးသူရဲ့ ခိုးခြင်း အကုသိုလ် ကံဟာ မိမိရဲ့ ပေါ့လျှော့မှုကြောင့်လည်း ဖြစ်ရတယ်-လို့ ခံစားပါတယ်။ မိမိသာ မပေါ့ဆခဲ့ရင် သူ့ခမြာ ခိုးမှုကံကို ကျူးလွန်မှာ မဟုတ်ဘူးလေ။ ဒီ-သဘောပါ။

အယူအဆ တူရမယ်လို့ မည်သူ့ဦးနှောက်ကိုမှ မောင်ပိုင်မစီးပါ။ အယူအဆ မတူသော်လည်း ရန်သူမဟုတ်ပါ။ မိတ်ကောင်းဆွေကောင်းအဖြစ်- အစဉ်သတ်မှတ်လိုပါတယ်။ မတူတဲ့ အယူအဆများကိုလည်း လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
ဦးဌေးလွင်ဦး

2.7.2011
Caha ya: အမှိုက်ကစ ပြဿဒ်မီးလောင်တဲ့ဗျာ။ ဖိနပ်ကို ကြုံတဲ့နေရာမှာချွတ်တာ အကြောင်းမဟုတ်ပေမဲ့ ကြုံတဲ့ နေရာမှာအိပ်ရင်တော့ ကိုယ်ခ္ဓာအတွင်းမှာရှိတဲ့ ပစ္စည်းအခိုးခံရတတ်တယ်။ ပေါ့လျော့မှုသည် ဘယ် နေရာတွင်မှကောင်းလိမ့်မည်မဟုတ်ပါ။ ခေါင်းစဉ်တစ်ခုကို စဉ်းစားမရလျှင် ကျွန်တော်ကပဲ စပြီး ဆွေးနွေးပေး ပါမည်။ ကျွန်တော်မအားသေးတဲ့အတွက် ဒီအပတ်တော့ ဖြစ်မှာမဟုတ်ဘူး။ နောက်တစ်ပတ်ပေါ့ ကိုလွင်ဦး။
ကျေးဇူးတင်ပါသည်။

2.7.2011
U Htay Lwin Oo: ကောင်းပါတယ် မောင်ရင်- အဆင်ပြေတဲ့အခါမှာ၊ ဆွေးနွေးလိုတဲ့ အကြောင်းအရာ သို့မဟုတ် ကဏ္ဍကို ရွေးပါ။ သူ့အမြင် ကိုယ့်အမြင်ကို ဖလှယ်တာမျိုး- ဆိုရင်လည်း ဖြစ်တယ်။ ဒါမျိုးဆိုရင်တော့- အမြင် ချင်း ဗဟုသုတချင်း ဖလှယ်တာဖြစ်လို့- ဘယ်သူ့အယူဝါဒကိုမှ ဘယ်သူက လိုက်လျှောရမယ်လို့ ကတိမလိုပါ။ ဘာသာပြောင်းကြေး ဆိုတာကတော့ သိပ်ပြင်းလွန်းတယ်။ ဦးဌေးလွင်ဦးလည်း နားလည်ပါတယ်။ သို့သော် ဒါက ဦးဌေးလွင်ဦး ဘက်က သစ္စာပြုထားတာပါ။
နောက်စာတွေမှာ စာပြန်ရင် kohtaylwin@yahoo.com ကိုလည်း တွဲပို့ပေးပါ။ အခုအီးမေးလ်ကိုလည်း တွဲပို့ပါ။ တစ်ခါတစ်ရံ အီးမေးလ် (၂) ခုမှာ တစ်ခုကိုပဲ ဖွင့်ဖြစ်တာ များပါတယ်။

ဆွေးနွေးတာတို့- အမြင်ဖလှယ်တာတို့မှာ - ဘာသာရေးကျမ်းတွေကို ကိုးကားမယ်ဆိုရင် မောင်ရင် တင်ပြမယ့် ကုရ်အံကျမ်းချက်များကို ဦးဌေးလွင်ဦးကို တိုက်ရိုက် ဘာသာပြန်ခွင့် ရှင်းပြခွင့်ပေးရမယ်။ ဦးဌေးလွင်ဦး တင်ပြ မယ့် ပိဋကတ်ကျမ်းချက်များကိုလည်း မောင်ရင်က တိုက်ရိုက် ဘာသာပြန်ခွင့် ရှင်းပြခွင့် ရှိစေရမယ်။ (နို့မဟုတ် အထကထာ တွေ များလွန်းလို့ပါ၊) ရှင်းပြချက်တိုင်းမှာ အများနားလည်တဲ့ မြန်မာစကားနဲ့ပဲ ရှင်းပြရမယ်။ အင်္ဂလိပ် စကားပုံ၊ ပါဠိစကားပုံ၊ အာရ်ဗီစကားပုံ- အဆိုအမိန့်များကို ထည့်သွင်းဖေါ်ပြလိုရင် နောက်က မြန်မာ ပြန်ပေးရမယ်။ ခေါင်းစဉ် တစ်ခုကို တင်ရင် အဲ့ဒီ ခေါင်းစဉ်ကို ပြီးပြတ်အောင် ဆွေးနွေးရမယ်။ (ဆွေးနွေးရင်း ဥပမာနောက်ကို လိုက်ရင်း လမ်းကြောင်းလွဲသွားနိုင်လို့ပါ။)- ဒါတွေကို ဦးဌေးလွင်ဦးဘက်က တင်ပြတဲ့ စည်းကမ်းတွေပါ။ မောင်ရင်ဘက်ကလည်း စည်းကမ်းချက်များကို တင်ပြနိုင်ပါတယ်။

လေးစားစွာဖြင့်
ဦးဌေးလွင်ဦး

8.7.2011
Caha ya: သေပြီးသားခန္ဓာကို ကဖယ်လ်( အ၀တ်ဖြူနဲ့ထုပ်) တဲ့အကြောင်းကို ဆွေးနွေးချင်ပါတယ်။  အဘယ် ကြောင့် အသုဘ ခန္ဓာကို ထိုသို့ပြုသနည်း။

8.7.2011
U Htay Lwin Oo: New window ရုပ်ကလပ်တစ်ခုကို ဘယ်လိုမြှုပ်နှံရမယ်၊ အစ္စလာမ့် အလံကို ဘယ်ပုံဖြစ်စရေမယ်လို့ ကုရ်အံ ကျမ်းမှာ ဖေါ်ပြမထားသလို ဒါတွေဟာ ယုံကြည်ချက်နဲ့လည်း တိုက်ရိုက်မပတ်သက်ဘူး။- ဒါပေမယ့်  ကောင်းမွန်တဲ့ ယဉ်ကျေးမှုတစ်ခုဟာ အစ္စလာမ့်ပင်မဥပဒေ ကုရ်အံကို မထိခိုက်ဘူးဆိုရင် အဲ့ဒီ ယဉ်ကျေးမှု ပြုမူ ချက်များကို အစ္စလာမ်က ခွင့်ပြုပါတယ်။

ရှေးဟောင်းအာရဗ်များက လူတစ်ဦး သေဆုံးရင်- အဲ့ဒီ လူရဲ့ ဥစ္စာပစ္စည်းအားလုံးကို နောင်ဘ၀မှာ သုံးဘို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြှုပ်နှံမှုထဲမှာ ထည့်သွင်းမြှုပ်နှံခဲ့တာရှိသလို- ဒီထက်ရှေးကျတဲ့ ယဉ်ကျေးမှုများမှာ လူကုံ တန်၊ သို့မဟုတ် ဘုရင်တစ်ပါး သေဆုံးရင် သူ့ရဲ့ကျေးကျွန်တွေကိုပါသတ်ဖြတ်ပြီး သူဘေးမှာ မြှုပ်ပေး လိုက်ရ တယ်အထိရှိပါတယ်။ အဲ့ဒီစနစ်ကို ကိုယ်တော် မုဟမ္မဒ်လက်ထက်တော်မှာ တော်လှန်ဖျက်သိမ်းခဲ့ခြင်း ဖြစ်ပါ တယ်။

ကုရ်အံက လူသား (သက်ရှိ) အားလုံးဟာ ပထ၀ီက ဖြစ်တည်လာတယ်။ သူတို့အားလုံးဟာ ပထ၀ီပြန်ဖြစ်ရ မယ်။ သူတို့အားလုံးဟာ ဘာတန်ဘိုးမှမရှိဘူး။ လူရဲ့ ကိုယ်ကျင့်တရား၊ မေတ္တာ၊ စေတနာ၊ အနစ်နာခံမှုများ သည်သာ သူ့အတွက် ကျန်ရစ်မယ်လို့ သွန်သင်ပါတယ်။ လူဟာ မသေမှီ ကျင့်ကြံအားထုတ် လုပ်ဆောင်မှုများ သည်သာ သူ့အတွက်ဖြစ်ပြီး- သေသွားပြီးရင် သူ့ရုပ်ကလပ်အတွက် သူ့ကိစ္စမဟုတ်တော့ဘူး။ ကျန်ရစ်သူများရဲ့ ၀န်တာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ- ကျန်ရစ်သူများက အသုဘဈာပနကို မေတ္တာပို့ရမယ်။ ကောင်းမွန်စွာ ပြုလုပ်ပေးရမယ်လို့ ကုရ်အံက သွန်သင်ပါတယ်။ အ၀တ်ဖြူပတ်ရမယ်။ အနီပတ်ရမယ်လို့ မပြဌာန်းထားပါ။

လူသားတို့အတွက် စံပြခေါင်းဆောင်လို့ ဘွဲ့ကိုခံယူထားတဲ့ ကိုယ်တော်မုဟမ္မဒ်က ရုပ်ကလပ်များကို ဘယ်လို မြှုပ်နှံရမယ်လို့ လက်တွေ့ ဆောင်ရွက်ပြခဲ့ပါတယ်။ အဲ့ဒါတွေက-

(၁) ရုပ်ကလပ်တစ်ခုကို ဂုဏ်ပေးရမယ်။ ပစ်စလစ်ခတ် ခွေးသေ၀က်သေလို စွန့်ပစ်ခြင်းမပြုရ။

(၂) ဆင်းရဲ-ချမ်းသာ၊ သခင်-ကျွန်၊ အမျိုးသား- အမျိုးသမီး၊ လူထုနဲ့ အုပ်ချုပ်သူလို့ ခွဲခြားပြီး ဂုဏ်တုဂုဏ်ပြိုင် မဖြစ်စေရ- လူသားချင်း- တူညီတဲ့ အဆင့်နဲ့ ရုပ်ကလပ်ကို ကျနစွာ သိက္ခာပေးပြီး မြှုပ်နှံပေးရမယ်။

(၃) ရုပ်ကလပ်ရဲ့ အရှက်ကို မပေါ်စေရ။ (သေဆုံးသွားသူရဲ့ အ၀တ်ဟောင်းများကို ဓါး၊ ကပ်ကြေးဖြင့် အသာ အယာ ဖြတ်ညှပ်ပြီး (လူအသားကို မထိခိုက်အောင် ဖြတ်ညှပ်ပြီး) ရေချိုးရန် အသင့်ပြုလုပ်ထားတဲ့ အ၀တ် အစားဖြင့် အရှက်မပေါ်အောင် လဲလှယ်ပေးရမယ်။ ရုပ်ကလပ်ကို ရေချိုးစဉ် (ခါးပိုင်း) အရှက်ကို မပေါ်စေရ၊ အ၀တ်ထဲသို့ ရေချိုးသူ၏ လက်ကိုနှိုက်ပြီး ပွတ်သပ်ဆေးကြောပေးရမယ်။ ပြီးရင်- ကိုယ်ခန္ဓာကို ရေခြောက် အောင်သုတ်ပေးရမယ်။ ပြီးရင် အနံအသက်များ ပျောက်အောင် အမွေးနံ့သာ (ပေါင်ဒါမှုံ့) စသည်ဖြင့် လိမ်းပေး ရမယ်။ ပြီးမှ အ၀တ်ဖြူနဲ့ ရစ်ထုပ်ရမယ်။ (အဲ့ဒီ ဆောင်ရွက်မှု အားလုံးမှာ ရုပ်ကလပ်ရဲ့ အရှက်ကို လုံးဝဖေါ်ခြင်း မရှိရ။)

ဒီနေရာမှာ အ၀တ်ဖြူကို ကိုယ်တော် မုဟမ္မဒ် လက်ထက်တော်ကပဲ စတင် အသုံးပြုခဲ့ပါတယ်။ ဘုရင်လည်း ဒီလို ပဲ ဖြစ်ရမယ်။ သူတောင်းစားလည်း ဒီလိုပဲ ဖြစ်ရမယ်။ (ကိုယ်တော်မုဟမ္မဒ်ကြီးကို ဈာပနပြုစဉ်ကလည်း ဒီလိုပဲ ပြုခဲ့ပါတယ်။) ချမ်းသာလွန်းလို့ စိန်ကျောက်နီလာချယ်တဲ့ အ၀တ်အစား- ပြုလုပ်ခွင့် မရှိသလို၊ ဆင်းရဲ လွန်းလို့ ဖျာလိပ်နဲ့ ရစ်ပတ် စွန့်ပစ်ရတဲ့ အဖြစ်မျိုးလည်း မဖြစ်စေရအောင် ကျန်ရစ်သူများက ဒီတာဝန်ကို ထမ်း ဆောင် ရပါတယ်။ ဒါလည်း အရှက်သိက္ခာကို ဖုံးကွယ်ပေးလိုက်ခြင်းပါ။ ရုပ်ကလပ်ဖြစ်သွားတဲ့အခါ- ဘယ်သူ့ကို မဆို အ၀တ်ဖြူနဲ့ ဖုံးကွယ်ပေးလိုက်တော့- သူဟာ ဆင်းရဲသလား၊ ကျေးကျွန်လား၊ သူကြွယ်လား- ဆိုတာ မရှိ တော့ဘူးလေ။ ဒီတော့ သူဆင်းရဲမိသားစုက ဖြစ်ခဲ့ရင်လည်း သူ့အတွက် သိက္ခာက အတူတူပဲ ဖြစ်သွားပါတယ်။

ရုပ်ကလပ်ကို မီးချို့ခြင်း၊ ဖျောက်ဖျက်ပစ်ခြင်း မပြုရ။- သချိုင်းမြေကို နှစ်ထပ်တူးရတယ်။ နှစ်ထပ်ဆိုတာက- ပထမ အကျယ်တူးရတယ်- အဲ့ဒီ အကျယ်က အနည်းဆုံး ၂ ပေ နက်ရပါမယ်။ အဲ့ဒီ အကျယ်ထဲမှာ ခေါင်းပုံစံ အကျဉ်းတူးရပါတယ်။ (ရုပ်ကလပ်ရဲ့ အရပ်- အရွယ်၊ အလိုက်ပါ။) ရုပ်ကလပ်ကို ခေါင်းပုံစံထဲမှာ အလျှားလိုက် ထည့်တဲ့အခါမှာ ကျောတစ်ပြင်လုံးနဲ့ မြေသားထိနေရပါမယ်။ ရစ်ထားတဲ့ အ၀တ်ဖြူပေါ်က စည်းထားတဲ့ စည်း ကြိုးကို ဖြုတ်ပေးထားရတယ်။ ပြီးတော့မှာ အပေါ်ကတွင်းကြီးကို ပျဉ်ပြားနဲ့ ကန့်လန့်စီပြီး ဖုံးရတယ်။ အဲ့လို ဖုံး လိုက်တော့ ရုပ်ကလပ်ပေါ်ကို ပြန်ဖို့တဲ့ မြေတွေ မကျနိုင်တော့ဘူး။ ရုပ်ကလပ်ဟာ မြေထဲမှာ သီးခြား ဂလိုင်လို မျိုးထဲမှာ ရှိနေစေတယ်။ ပြီးမှာ အပေါ်က မြေကျင်းကြီးကို ပြန်ဖို့ရတယ်။ ရုပ်ကလပ်ကို မြေချစဉ်- ကျန်ရစ်သူ တွေက- “မြေကြီးကလာတဲ့ ဥပတိ၊ မြေကြီးဆီကို ပြန်တော့၊ တစ်နေ့ ငါတို့လည်း ဒီလိုပဲ ပြန်ရမယ်။ မင်းတို့ ငါတို့ အားလုံး ဥပတိကင်းရာမှာ ပြန်ဆုံကြစို့-” လို့ ဆိုကြပါတယ်။ (ဖြစ်နိုင်ရင်တော့- ကြုံကြိုက်ရင် ကိုယ်တွေ့ သွား ရောက် လေ့လာကြည့်ပါ။)

အပေါ်က ဖြစ်စဉ် ပညတ် တစ်ခုချင်းစီမှာ အကျယ်ဖွင့် အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အားလုံးရဲ့ ဘုံသဘော တူညီချက်ကတော့- အညစ်အစွန်းမရှိ ဖြူစင်သန့်ရှင်းတဲ့ အ၀တ်အထည်နဲ့ လူသားရဲ့နောက်ဆုံးခရီးကို သိက္ခာရှိ ရှိ- စီမံပေးလိုက်တာ အကောင်းဆုံးပဲလို့- ဖြစ်ပါတယ်။

(အ၀တ်ဖြူပတ်ပတ်၊ အ၀တ်မဲပတ်ပတ်- သူ့ရဲ့ နိဗ္ဗာန်ရောက်ခြင်း ငရဲကျခြင်းနဲ့ လုံးဝ မသက်ဆိုင်ပါ။- အစ္စလာမ် မှာ ကယ်တင်ခံရခြင်း မရှိပါ။ သူဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ အပြုအမူ၊ စိတ်ဓါတ်၊ ကောင်းမှုများ၊ ဆိုးမှုများကသာ သူ့ရဲ့ အနာဂါတ်ကို စီမံသွားပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။)

လေးစားစွာဖြင့်
ဌေးလွင်ဦး

11.7.2011
Caha ya: အစ္စလာမ်ဘာသာတွင် အသုဘပို့ပြီး မြေပုံမှ ခြေလှမ်း (၄၂) အကွာသို့ ရောက်ပါက အာရဗီ ဘာ သာဖြင့် မေးသော မေးခွန်းသုံးခု ဖြေရသည် ဆိုသည်ကို ယုံကြည်ပါသလော။ သေသောသူသည် မြန်မာ ဘာသာစကားသာ တတ်သော (သို့ ) အာရဗီဘာသာ စကားကို မပြောတတ်သောသူဖြစ်ပါက ဘယ်သို့ နားလည်နိုင်မည်နည်း။ အဲဒီမေးခွန်းကို ကိုလွင်ဦးကိုသာမဟုတ် အခြားသူများကိုလည်း မေးခဲ့တဲ့ စကား ဖြစ်သည်။ ပြန်ဖြေသည်မှာ automatic အဲဒီအခါကျလျှင် အာရဗီလို ပြောတတ် သွားမည်တဲ့။ စကားပြန် ရှိတယ်လို့တော့ ကိုလွင်ဦး မဖြေလောက်ဘူးထင်တယ်။

U Htay Lwin Oo: ဒီအကြောင်းအရာများဟာ ကုရ်အံကျမ်းမှာ ပြဆိုထားခြင်းမရှိပါ။ ကုရ်အံမှာ မပါတာဆိုတော့ ယုံကြည်မှုနဲ့ မသက်ဆိုက်ပါ။ ဒီအချင်းအရာဟာ အစဉ်အလာ ဖြစ်ပါတယ်။ အစဉ်အလာဆိုပေမယ့် အလွန် ကောင်းမွန်တဲ့ ယဉ်ကျေးမှုလို့ နားလည်ရင် အဲ့ဒီလို အစဉ်အလာကို လူတိုင်း လက်ခံလာမှာပါ။ ကောင်းခြင်း အကြောင်းအရာများကို ပြောပြပါမယ်။

(၁) ကျွန်တော် ငယ်စဉ်က ကျွန်တော့ အမျိုးများ (ဗုဒ္ဓဘာသာများ) ဟာ လူသေအလောင်းနဲ့ ပတ်သက် ပြီး- ရိုမှု မရှိတာတွေ အများကြီး ရှိပါတယ်။ တွင်းတူးသူအများစုက သေရည်သေရက် သောက်စားကြပါတယ်။ ဆရာ တော် က အသုဘတရားနာရင် အဲ့ဒီအရက်သမားတွေက ရှေ့ဆုံးက တရားနာ ရေစက်ချကြတယ်။

(၂) ရုပ်ကလပ်ကို ထမ်းသွားရင် အလောင်းကစားကြတယ်။ (ရှေ့တိုးနောက်ဆုတ် ယိမ်းထိုးကြတယ်။) အချို့ဆို ရင် အသုဘမဏ္ဍာပ်တောင် ပြိုသွားတာမျိုးရှိပါတယ်။ မူးရူးနေရင် ပိုတောင်ဆိုးသေးတယ်။

(၃) ရုပ်ကလပ်ကို သဂြိုံလို့ မတော်တဆတူးထားတဲ့ တွင်းက အလျှားတိုနေခဲ့တယ်ဆိုရင် (အယူအဆ အရဆို ပြီး) တွင်းကို မတိုးချဲ့တော့ပဲ အဲ့ဒီအလောင်းကိုပဲ ခြေချိုးဖဲ့ တွင်းထဲကို ထည့်ပစ်တယ်။

(၄) မီးသဂြိုံလ်တယ် ဆိုရင်လည်း အဆီတွေ အသားတွေကို မီးလောင်စမှာ ကုန်းထသလို ဖြစ်လာတဲ့ အလောင်းကို ဒုတ်နဲ့ထိုး ၀ါးချွန်နဲ့ထိုး- အော်ကြဟစ်ကြဗျာ။ မြင်မကောင်းဘူး။

ဒီတော့ သေဆုံးသွားသူဟာ ကိုယ့်အမေ၊ ကိုယ့်အဖေ၊ ကိုယ့်ဆရာ၊ ကိုယ့်ကျေးဇူးရှင်- ဘာမှမရှိတော့ဘူး၊ လုပ်နေချင်တိုင်း လုပ်နေသလို ဖြစ်မနေဘူးလား။

ဒီလို ဓလေ့တွေ ဖြစ်မလာအောင် အစ္စလာမ် ဆရာတော်ကြီးတွေက ရုပ်ကလပ်ကို သယ်ပိုးသွားသူ၊ သယ်ဆောင်သွားသူတွေဟာ မသောက်စားရ၊ ရုပ်ကလပ်ကို မလေးမစားမပြုရ၊ ခြေလှမ်း ၄၂ မှာ- မင်း ကိုးကွယ်ယုံကြည်တဲ့ ဘုရားရှင်က ဘယ်သူလဲ။ မင်းရဲ့သာသနာက ဘာလဲ၊ မင်းကိုတရားပြခဲ့သူ ဘယ်သူလဲ- ဆိုပြီး မေးခွန်း ၃ ခု ကို အာရ်ဗီလိုမေးမယ်လို့ ဆရာကြီးတွေက သွန်သင်တယ်။ အစ္စလာမ် သာသနာရဲ့ မူရင်း မှတ်တမ်းက အာရ်ဗီဘာသာနဲ့ဖြစ်လို့ အဲ့ဒီ မေးခွန်းသုံးခုကို အာရ်ဗီလို မေးမယ်လို့ ဆရာကြီးတွေကို သွန်သင် တယ်။

ဒီနေရာမှာ- အလွန်ပညာပါတဲ့ မြှုပ်ကွက်တွေရှိတယ်။ ဒီလိုပြောထားတော့ နောက်လိုက်များက အဲ့ဒါကို အစွဲ ဖြစ်နေတယ်။ အာရ်ဗီစာဆိုတော့ ဘာသာရေးစာလို့ ထင်မှတ်တယ်။ ဘာသာရေးစာဆိုရင် လေးစားရမယ်။ တန်ဘိုးထားရမယ်လို့ နားလည်တယ်။ ဒီတော့ ရုပ်ကလပ်ကိုလည်း လေးစားပေးရမယ်လို့ စိတ်မှာ ဖြစ်စေတယ်။ နောက်တစ်ခုက လူသေဟာ သေသွားပြီဖြစ်လို့ သူ့မှာ ဘာတာဝန်မှမရှိတော့ပါ။ ဒါကို အစ္စလာမ်တိုင်းက လက်ခံတယ်။ ဒီတော့ လူသေကိုအကြောင်းပြပြီး လူရှင်တွေကို သံဝေဂယူတတ်အောင် သွန်သင်ခြင်းဖြစ်တယ်။ (လူရှင်တွေက အသုဘ လိုက်ပို့တာလေ)။

အခုခေတ် ဗုဒ္ဓဘာသာတွေ- စာမတတ် ပေမတတ်ဘဲ ထားပါ။ သူတို့ရဲ့ မိခင်စကား- မြန်မာ၊ ကရင်၊ ထိုင်း မဟုတ်တဲ့ ပါဠိစကားဖြစ်တဲ့ တောက်တိုမယ်ရ- အသူရာမေရိယတို့၊ ပါဏာတိပါတတို့ ၊ မုသာဝါဒတို့ကို အများစု က နားလည်နေတယ်မဟုတ်လား။ အလားတူပဲ အစ္စလာမ်တွေအများစုက စာတတ်တတ်မတတ်တတ်- တောက်တိုမယ်ရ အာရ်ဗီစာတိုပေစကို အလိုလိုနားလည်ပြီးသားဆိုတာတော့ ကိုအောင်ဆန်း လောက ယုတ္တိ ဗေဒနဲ့ နားလည်သင့်ပါတယ်။ မူဆလင်တွေက နေ့စဉ်နေ့တိုင်း ဘုရားဝတ်ပြုတာ၊ ဗလီက အာဿာန်ဆိုတာကို အာရ်ဗီလို ကြားဘူးနေကြပါ။ အလားတူပဲ အသုဘမဖြစ်ဘူးတဲ့ အိမ်မရှိတော့- အပေါ်က မေးမယ့် မေးခွန်း သုံးခု ဆိုတာလည်း- ကိုယ့်စကားလိုနားလည်နေပြီးဖြစ်ပါတယ်။ (မြန်မာများကို မင်း မေထုံမှုကို ရှောင်ကွာလို့ ပြော လိုက်ရင်- နားလည်သူ များနေသလိုပါ။)

ဒါတွေက အပို ရှင်းပြနေရသလို ဖြစ်နေတယ်။ သေသူကို မေးမှာဆိုတော့ ဘယ်သူမှ မကြားဘူးဘူးဗျာ။ ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ဘူး။ သို့သော် အဲ့ဒီလို သွန်သင်မှုကြောင့် လူသေရုပ်ကလပ်ကို လူရှင်တွေက သိက္ခာရှိရှိ- တင့်တင့်တယ်တယ်- ဈာပနပြုပေးလိုက်တာတော့ သေချာပါတယ်။

Caha ya: အ၀တ်ဖြူထုပ်ပြီး ကျနကျာ စာဖတ်ပြီး အဲဒီအ၀တ်ဖြူကို ပြန်ဖွင့်ပြီး အသုဘ ရှုမရဘူး။ အကုသိုလ် ရှိရင် သေသူမျက်နှာ မည်းသွားမည်။ အကုသိုလ်မရှိလျှင် ကြည့်ခွင့်ရှိသည်။ ရှိမရှိသိချင်လျှင် အဲဒီအချိန်မှာ ကြည့်လို့ရသည်။ ထိုစကားကိုကော ယုံကြည်ပါသလော။

U Htay Lwin Oo: မယုံကြည်ပါ။ ကိုအောင်ဆန်း ကြားဘူးတာ တစ်ခုခု လွဲချော်နေတယ် ထင်ပါတယ်။ ဂျနာဇာ ဆွလာ့တ် ခေါ် ရုပ်ကလပ်အား မေတ္တာပို့ခြင်း ပြီးနောက်- အ၀တ်ဖြူက ရစ်ပတ်ကြိုးများကို ဖြေရပါတယ်။ ပြီး နောက် မျက်နှာကိုဖွင့်ရပါတယ်။ ဖွင့်ပြီးမှာ ရုပ်ကလပ်ရဲ့ ဦးခေါင်းအောက်မှာ ခေါင်းအုံးလို မြေစာလေးကို ထည့် ပြီး ရုပ်ကလပ်ကို သက်သက်သာသာ အိပ်နေသလို နေရာချပေးရပါတယ်။ မြေမချမှီ ရုပ်ကလပ်ကို လူတိုင်း ကြည့်ဘို့ မျက်နှာကိုဖွင့်ပြပါတယ်။ (အချို့ အရပ်တွေမှာ အမျိုးသမီးရဲ့ ရုပ်ကလပ် သားရင်း၊ မောင်ရင်း၊ အဖေရင်း အမေရင်း၊ အစ်မရင်းတွေသာ ကြည့်ခွင့်ပေးပါတယ်။)

Caha ya: ခန္ဓာလေးပါး အကြောင်းဆွေးနွေးကြမယ်။ ဗုဒ္ဓဘာသာတရားဖြစ်တဲ့အတွက် ကိုလွင်ဦး သိသလောက် ကိုသာ ဆွေးနွေးနိုင်ပါတယ်။

U Htay Lwin Oo: ရင်းရင်းနှီးနှီးပြောရရင်- ဒါတွေဆွေးနွေးနေလို့ အချိန်ကုန်တာပဲ အဖတ်တင်မယ် ထင်တယ်။ ဆရာစဉ် အမျိုးမျိုးဖွင့်ဆိုနေတာတွေကို ငြင်းလည်း မငြင်းလိုဘူးဗျာ။ ခန္ဓာ နှစ်ပါး (ရုပ်၊ နာမ်)။ ခန္ဓာ ငါးပါး (ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ) စတာတွေ၊ စိတ်အမျိုးပေါင်း ဘယ်လောက်လို့ ပြောနေတာတွေ၊ ၀ိပဿ ဉာဏ် ဘယ်လောက်များတယ် ပြောနေတာတွေကို လိုက်နေရင်- ခေါင်းစဉ်ကျက်ရင်း၊ ဓါတ်ခွဲရင်း အချိန် ကုန်သွားလိမ့်မယ်- လို့ နားလည်ထားပါတယ်။

Caha ya: ခန္ဓနိဒ္ဒေသ (ခန္ဓာကို အကျယ်ပြခြင်း) ခန္ဓာလေးပါး
၁။ဝေဒနာက္ခန္ဓာ
၂။သညာက္ခန္ဓာ
၃။သင်္ခါရက္ခန္ဓာ
၎။ ၀ိညာဏက္ခန္ဓာ

U Htay Lwin Oo: ကိုအောင်ဆန်းက ဘုန်းကြီးထင်တယ်။ လူအများစုက ကိုယ့်ကိုထိမယ့် စကားလုံးကို ရှောင် တာ များတယ်လေ- ကျွန်တော် ငယ်ငယ်က ဘုန်းကြီးကျောင်းမှာနေတော့- ပဇင်းအချင်းချင်း- ကိုယ်တော် က တော့ ရူပက္ခန္ဓာပဲလို့ နောက်ပြောင်လေ့ရှိတယ်ဗျာ။ ဆိုလိုတာက ကိုယ်ကချည်း ယူတတ်တယ်။ ကိုယ်ရဘို့ပဲ   တရားဟောတယ်။ သူများကိုပေးဘို့- တရားမဟော၊ စိတ်မထားဘူးဆိုတဲ့ သဘောပါ။ အခုလည်း ကိုအောင်ဆန်းက ရူပက္ခန္ဓာကိုဖယ်ထားခဲ့ပြီး ခန္ဓာလေးပါးပဲ ဆွေးနွေးမယ်ဆိုတော့- တစ်ခုခုတော့ ဆားပေါ့သလို ဖြစ်မနေဘူးလား။ (ထားလိုက်ပါ။ ကျွန်တော့မှာ ဒီကိစ္စအတွက် အဲ့ဒီလောက် အချိန်မပေးနိုင်ဘူးဗျာ။ စိတ်မရှိပါ နဲ့)

ဗဟုသုတအနေနဲ့တော့ အနည်းငယ်ပြောလိုပါတယ်။ အစ္စလာမ်မှာ ခန္ဓာသုံးပါးပဲ ပြဆိုပါတယ်။ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ၊ ၀ိဉာဏခန္ဓာ လို့ခေါ်တယ်။ ရုပ်ဆိုတာတော့ ရှင်းနေဘို့မလိုဘူး ထင်ပါတယ်။ အခု မြင်နေရတဲ့ ရုက် ကလပ်ပေါ့ဗျာ။ နာမ်ကို နာ့ဖ်ဆ်လို့ခေါ်တယ်။ သူကရုပ်နဲ့ တည်မှီနေတဲ့ အသက်သဘောပါ။ ၀ိဉာဏ ဆိုတာတော့ ရူးဟ် လို့ခေါ်တယ်။ အဲ့ဒီ ၀ိဉာဏ ခန္ဓာကို လူသားသည်သာ ပိုင်ဆိုင်ပါတယ်။ ကျန်သတ္တ၀ါတွေက မပိုင်ဆိုင်ဘူးလို့ ဆိုတယ်။ ရူးဟ်ဟာ ရုပ်နဲ့နာမ်တွဲထားတဲ့ ခန္ဓာအစုဖြစ်တည်ပြီးမှ ကိန်းသက်ခံရတယ်။ သူက ရုပ်ရှိလို့ နာမ်ရှိတယ်။ နာမ်ရှိလို့ ရုပ်ဖြစ်တယ် ဆိုတာနဲ့ ကင်းလွတ်တယ်။ ရူးဟ်က ရုပ်ရော နာမ်ရောကို ဦးဆောင်တယ်။ သူဟာ အတ္တမဟုတ်သလို သဗေသင်္ခါယာ အနိစ္စာထဲမှာလည်း မပါဘူး။ ဒီရူးဟ် ကို ဖွံ့ထွား အောင်လုပ်ရင် ၀ိမုတ္တိ ဖြစ်တယ်။

ဒါတွေကို အသေးစိတ် လေ့လာလိုရင်--၊ ကိုအောင်ဆန်းအနေနဲ့ ကိုအောင်ဆန်းယုံကြည်နေတဲ့ - ကျမ်းဂန်ထဲက အနတ္တလက္ခဏ သုတ်ကို ကိုယ်ပိုင်ဒသနနဲ့ (ဆရာစွဲကင်းစွာ) အရင်အဦး ကြေလည်အောင် ကြည့်စေချင် တယ်။- ပြီးမှ ဆက်လက် ဆွေးနွေးတာပေါ့ဗျာ။

Caha ya: ၁ နှင့် ၁ ပေါင်းပါက ၂ ရတယ်ဆိုတာကို သချာင်္လို့ ခေါ်သလို ပေါင်းတတ်မြှောက်တတ်ရုံနဲ့တော့ သချာင်္ကိုတတ်သည်လို့ မထင်ပါ။ အသေးစိတ် ခွဲခြမ်းစိတ်ဖြာတတ်မှသာ သချာင်္၏အနှစ်သာရဟာ ရုပ်လုံးကြွ လာမည်။ ဘာသာရေးသည်လည်းထိုသဘောပင်မြင်၏။

U Htay Lwin Oo: အသေးစိတ် ခွဲခြမ်းလွန်းရင်- ခေါင်းစဉ်များကို လိုက်မှတ်နေရင်း ဘ၀ကုန်သွားပါလိမ့်မယ်။ ပြီးတော့ ခွဲခြမ်းစိတ်ဖြာတာကို ကျွမ်းကျင်တဲ့ ပညာရှင်ဆိုသူများက သူတို့လိုတာကို သူတို့ ဆွဲယူတတ်ပါတယ်။ ဥပမာ-- ကိုအောင်ဆန်းကို သင်္ချာတစ်ပုဒ်တွက်ပြမယ်ဗျာ။- ကျွန်တော်က သင်္ချာဆရာ ဆိုပါတော့-- ကျွန်တော် က ကျွန်တော့တပည့်တွေကို မင်းတို့အနေနဲ့-၊ ၂=၂ ဖြစ်လျှင် ၂=၁ ဖြစ်ကြောင်း သက်သေပြပါလို့ ပုစ္ဆာ တစ်ပုဒ်ပေးလိုက်မယ်။ သာမန်လူက ဘယ်တတ်မလဲ။ ပညာရှင်ဆိုတော့- သင်္ချာပညာကို သုံးပြီး လှည့်စား တော့မယ်။ တကယ်လည်း ယုတ္တိရှိရှိမြင်ရမယ်ဗျာ။-

ပေးထားချက်--- ၂= ၂။
နှစ်ဘက်လုံးကို (၂) ပေါင်းထည့်- ၂+၂=၂+၂
-------------------------------- - ---- ၄= ၄ ဖြစ်မယ်။
နှစ်ဘက်လုံးကို (၄) နှတ်မယ်။- ၄- ၄= ၄-၎
(၄-၄) သည် (၂x၂)  (၂-၂) နဲ့ညီတယ်။ ၂ (၂-၂) နဲ့လည်း ညီတယ်။
ဒါကြောင့်---------------  ၄-၄ = ၄-၄ ညီမျှခြင်း
------------------- (၂x၂) (၂-၂) = ၂ (၂-၂) ဖြစ်တယ်။ ဒီက
နှစ်ဘက်လုံးရှိ (၂-၂) ကို ချေလိုက်ရင်-- (၂x၂) = ၂ ဖြစ်တယ်။
ဒီတော့-----------------------                  ၄= ၂ ဖြစ်တယ်။
နှစ်ဘက်လုံးကို ၂ နဲ့ စားရင်-            ၂= ၁ ဖြစ်တယ်။

ကဲ သင်္ချာပညာအရ ဘာမှားသလဲ။ ဘာမှမမှားဘူးလို့ ၀န်ခံရလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံး အဖြေက လက်ခံ နိုင်သလား။ ဒါကြောင့် ခွဲခြမ်း စိတ်ဖြာလွန်းရင်လည်း ဘ၀ပဲကုန်သွားပါမယ်။ မိမိဘ၀ကို မိမိ မသတ်မိဘို့ အလွန် အရေးကြီးပါတယ်။

Caha ya: ကိုလွင်ဦးပြောတဲ့ အောက်ပါစကားများဟာ တချို့ သောအစ္စလာမ်တွေက ထိုကဲ့သို့ ခံယူသူနည်း တယ်။ ကျွန်တော့ပတ်ဝန်းကျင်မှာတွေ့ ရတဲ့ သူအများစုပေါ့။ မှန်ပါတယ်။ ကိုယ်ပြုသော ကံပဲ့တင်သံ ကိုယ့်ထံ ပြန်လာတာဓမ္မတာပါပဲ။

(အ၀တ်ဖြူပတ်ပတ်၊ အ၀တ်မဲပတ်ပတ်- သူ့ရဲ့ နိဗ္ဗာန်ရောက်ခြင်း ငရဲကျခြင်းနဲ့ လုံးဝ မသက်ဆိုင်ပါ။- အစ္စလာမ် မှာ ကယ်တင်ခံရခြင်းမရှိပါ။ သူဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ အပြုအမူ၊ စိတ်ဓါတ်၊ ကောင်းမှုများ၊ ဆိုးမှုများကသာ သူ့ရဲ့ အနာဂါတ်ကို စီမံသွားပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။)

U Htay Lwin Oo: အစ္စလာမ်ပညာတတ်များနဲ့ ဆရာတော်အများစုကြီးက လက်ခံပါတယ်။ ပတ်ဝန်းကျင်လူထု ဆိုတာတော့ သူ့ခမြာတွေမှာ မိရိုးဖလာတွေ များတယ်လေ။ မြန်မာဘုန်းကြီးတွေ နတ်ကိုးကွယ်ဘို့ မဟော မပြောပေမယ့်- မြန်မာအများစုကြီးက နတ်ကိုးကွယ်နေသလိုပေါ့။ ဒါတော့ နားလည်ပေး စေလိုပါတယ်။

ဆရာသင်သိ (အနုဗောဓဉာဏ်) နဲ့ ကိုယ်တွေ့သိ (ပဋိဝေဓဉာဏ်) လေးတော့-၊ ကိုအောင်ဆန်း ဆင်ခြင် စေလိုပါတယ်။
လေးစားစွာဖြင့်
ဌေးလွင်ဦး

15.7.2011
Caha ya: ပေးထားချက်--- ၂= ၂။နှစ်ဘက်လုံးကို (၂) ပေါင်းထည့်- ၂+၂=၂+၂-------------------------------- - ---- ၄= ၄ ဖြစ်မယ်။နှစ်ဘက်လုံးကို (၄) နှတ်မယ်။- ၄- ၄= ၄-၄(၄-၄) သည် (၂x၂)  (၂-၂) နဲ့ညီတယ်။ ၂ (၂-၂) နဲ့လည်း ညီတယ်။ဒါကြောင့်---------------  ၄-၄ = ၄-၄ ညီမျှခြင်း------------------- (၂x၂) (၂-၂) = ၂ (၂-၂) ဖြစ်တယ်။ ဒီက နှစ်ဘက်လုံးရှိ (၂-၂) ကို ချေလိုက်ရင်-- (၂x၂) = ၂ ဖြစ်တယ်။ဒီတော့-----------------------                  ၄= ၂ ဖြစ်တယ်။နှစ်ဘက်လုံးကို ၂ နဲ့ စားရင်-            ၂= ၁ ဖြစ်တယ်။ကဲ သင်္ချာပညာအရ ဘာမှားသလဲ။ ဘာမှမမှားဘူးလို့ ၀န်ခံရလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံး အဖြေက လက်ခံနိုင်သလား။ ဒါကြောင့် ခွဲခြမ်း စိတ်ဖြာလွန်းရင်လည်း ဘ၀ပဲကုန်သွားပါမယ်။ မိမိဘ၀ ကို မိမိ မသတ်မိဘို့ အလွန်အရေးကြီးပါတယ်။

အဲဒါတော့ကိုလွင်ဦးမှားနေပြီထင်တယ်။ ခွဲခြမ်းစိတ်ဖြာလွန်းရင် ဘ၀ပဲကုန်သွားပါမယ်။မိမိဘ၀ ကို မိမိ မသတ်မိ ဘို့ အလွန်အရေးကြီးပါတယ်။ ဆိုတဲ့စကားက အတ္တသမား တွေပြောတဲ့စကားလို့ ထင်တယ်။ ကိုလွင်ဦး ပြော သလို ဆိုရင် စွန့်  ဦးတီထွင်သူဆိုတာမျိုးဟာ ဒီကမ္ဘာမှာဘယ်ပေါ်ထွက်လာမလဲ။

ဝေဒနာက္ခန္ဓာ ဟူသည် စိတ် တွင်မှီသောချမ်းသာမှု၊ခံစားမှု ၊သာယာမှု တို့ မည်၏။ (ပဒ အမှတ် ၃-ဝေဒနာကြည့်)
သညာက္ခန္ဓာ ဟူသည် မှတ်သားမှု၊မှတ်သားပုံ အခြင်းအရာ၊ မှတ်သားတတ်မှု  တို့ မည်၏။ (ပဒ အမှတ် ၄- သညာကြည့်)
သင်္ခါရက္ခန္ဓာ ဟူသည် ထိတွေ့ မှု၊စေ့ဆော်မှု၊ကြံစည်မှု၊သုံးသပ်မှု၊နှစ်သက်မှု၊ဖြောင့်မတ်တည်ကြည်မှု၊သြတ္တပ္ပ၊တို့ မည်၏။
ဝိညာဏက္ခန္ဓာ ဟူသည် သိခြင်း၊သိမှု ၊မနာယတန၊မနိနြေ္ဒ၊ အထူးသိမှုအစု တို့မည်၏။

အကျယ်သိလိုပါက ဓမ္မသင်္ဂဏီပါဠိတော်တွင်ဖတ်ရှု့ နိုင်ပါသည်။

အောင်ဆန်း(မော်လမြိုင်)

U Htay Lwin Oo: စေတနာထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အထူးပဲကျေးဇူးတင်ပါတယ်။ ကိုအောင်ဆန်းကို တစ်ခုမေးပါရစေ- ပိဋကတ်တော်မှာ ခေါင်းစီးက မကြာခဏပါတဲ့၊ ဗုဒ္ဓဘာသာများကိုယ်တိုင် က ရွတ်ဆိုနေကြ-ဖြစ်တဲ့ “နမော တသ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဒသ” ဆိုတဲ့ ၀ါကျ (စကားစုက) ရှင်ဂေါတမကိုယ်တိုင် ရွတ်ဆိုပြခဲ့တာလား။ သို့မဟုတ် ဒီလို ရွတ်ဆိုကြလို့ သွန်သင်ပေးခဲ့တာလား။ သို့မဟုတ် သူ့တပည့်ကြီးများက သူ့ရှေ့မှာ သူပြောတာကို လိုက်ဖတ်ရင် ရွတ်ဆိုတာလား။ နောက်ပိုင်းဆရာကြီးများက တီထွင်ရွတ်ဆိုတာလား- အဲ့လိုတီထွင်ခဲ့ရင် ဘယ်ခေတ်ဘယ်ကာလက ဘယ်ဆရာတော်ကြီးက စတင်ရွတ်ဆို ခဲ့တာလဲ။-- ဆိုတာလေးသိပါရစေ။(ကျမ်းကိုး ကျမ်းကားလေးနဲ့ပေါ့ဗျာ- ကျမ်းကိုး မရှိလည်း ကိုအောင်ဆန်းရဲ့ ကိုယ်ပိုင် အမြင်ပေါ့ဗျာ။)
လေးစားစွာဖြင့်
ဌေးလွင်ဦး

18.7.2011
Caha ya: မြတ်ဗုဒ္ဓ အား ၀စ္ဆပရိဗိုဇ်” မေးသောမေးခွန်း(၁၀)ချက်
၁။ လောကသည် မြဲ၏။ ထိုအယူသာ မှန်သလော။
၂။ လောကသည် မမြဲ။ ထိုအယူသာ မှန်သလော။
၃။ လောကသည် အဆုံးရှိ၏။  ထိုအယူသာ မှန်သလော။
၎။ လောကသည် အဆုံးမရှိ။  ထိုအယူသာ မှန်သလော။
၅။ ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း။  ထိုအယူသာ မှန်သလော။
၆။ အသက်သည်တခြား၊ကိုယ်ကောင်သည်တခြားဖြစ်၏။ ထိုအယူသာ မှန်သလော။
၇။ သတ္တ၀ါသည် သေသည်မှနောက်ဖြစ်၏။  ထိုအယူသာ မှန်သလော။
၈။ သတ္တ၀ါသည်သေသည်မှနောက်မဖြစ်။  ထိုအယူသာ မှန်သလော။
၉။ သတ္တ၀ါသည်သေသည်မှနောက် ဖြစ်သည်၊ မဖြစ်လည်းမဖြစ်။  ထိုအယူသာ မှန်သလော။
၁၀။ သတ္တ၀ါသည်သေသည်မှနောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ထိုအယူသာ မှန်သ လော။

မြတ်ဗုဒ္ဓဖြေကြားပုံမှာ- ၀စ္ဆ—လောကသည်မြဲ၏၊ ထိုအယူသည်မှန်၏ (စသည်) ငါသည် ထိုသို့ အယူမရှိပါ။ ၀စ္ဆ - လောကသည် မြဲ၏ (စသော) ထိုအယူတို့သည် မိစ္ဆာအယူတည်း။ မိစ္ဆာဒိဌိတည်းဟူသော သံယောဇဉ်တည်း။ ဆင်းရဲနှင့် တကွဖြစ်၏။ ညှင်းဆဲခြင်းနှင့်တကွဖြစ်၏။ ပြင်းစွာပင်ပန်းခြင်းနှင့်တကွဖြစ်၏။ ငြီးငွေ့ ခြင်းကားမဖြစ်၊ တပ်မက်ကင်းခြင်းဌာမဖြစ်။ ချုပ်ခြင်းဌာမဖြစ်။ ငြိမ်းခြင်းဌာမဖြစ်။ အထူးသိခြင်းဌာမဖြစ်။ ထိုးထွင်း သိခြင်းဌာ မဖြစ်။ချုပ်ငြိမ်းခြင်းဌာမဖြစ်။

ထိုသို့လျှင် ဗုဒ္ဓသည် ထိုမေးခွန်းများကို အဖြေမပေးခဲ့ခြင်းမှာ ဒုက္ခမှလွတ်မြောက်ကြောင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဗုဒ္ဓကိုယ်တော်တိုင် မသိမမြင်ခြင်းကြောင့် မဟောခဲ့ခြင်းမဟုတ်ပေ။ (သံယုတ္တနိကာယ် သီသပါဝန သုတ်) တွင်ဖတ်ရှု့ ပါ။

ဗုဒ္ဓသည် ဒုက္ခ၏ အကြောင်းအရင်းကို ကိုယ်တိုင်တွေ့ ရှိပြီး ထိုဒုက္ခများကို ချုပ်ငြိမ်းစေသည့် နည်းလမ်းများကို ညွှန်ပြသူသာဖြစ်ပေသည်။ ရဟန်းတို့  ရှေးကလည်းကောင်း ယခုလည်းကောင်းငါသည် တစ်ခုတည်းသော အကြောင်းကိုသာဟောကြားပေသည်။ ယင်းကား ဒုက္ခ နှင့် ဒုက္ခမှ လွတ်ကြောင်းပေတည်း။
စကြာဝာအယူအဆများတွင် ဥာဏ်ကျက်စားခြင်းဖြင့် အချိန်မကုန်ပဲ သမုဒယ ချုပ်ငြိမ်းစေသည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားများကို အားထုတ်လျှင် လောကမှ လွန်မြောက်ရာ နိရောဓသစ္စာနိဗ္ဗာန်ကို ဦးတည်လျှောက်လှမ်း သင့်ကြပါသည်လို့ တိုက်တွန်းလိုက်ပါသည်။ အရှင်အရိယဓမ္မ (သုတေသနနှင့်ကျမ်းဌာန) ရဲ့ ဆောင်းပါးတစ်ပုဒ် ကို ကျွန်တော် ကိုလွင်ဦး အတွက်ပို့ ပေးလိုက်ပါတယ်။

မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်ကိုးပါးကို အကျဉ်းချုပ် ပြောသော ပါဠိစာပေ ဖြစ်ပါသည်။ ကျမ်းတတ် ဆရာတော်ကြီးများ ရေးသားခဲ့ခြင်းသာဖြစ်သည်။

အိုကေ။ ကိုလွင်ဦးပြောသလိုဆိုရင် အလ္လာဝက်ပတ်ဆိုတဲ့ စကားကို တမန်တော်မိုဟာမတ်တီထွင်တာလား၊ တခြားတမန်တော်တွေတီထွင်တာလား။ ကျမ်းကိုးရှိရင် ပြောပြစေချင်ပါတယ်။  

 ((၁၆)ရက်နေ့ ည ) ကိုလွင်ဦးတို့ ဘာသာအတွက် ရှရီပါဒတ် ည ဖြစ်တဲ့အတွက်   သတ္တ၀ါအားလုံး အေးချမ်း ပါစေ  လို့ ဆုတောင်းပေးပါတယ်။

ကိုလွင်ဦး ကျွန်တော်က လူဝတ်ကြောင်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ကိုလွင်ဦးထင်သလို ပါဠိစာပေ တတ်တိုင်း ဘုန်းကြီးမဖြစ်နိုင်ပါ။ ရဟန်းဖြစ်တာလွယ်ပေမဲ့ သံဃာဖြစ်ဖို့ ခဲယဉ်းလှပါတယ်။


 မေတ္တာရှေ့ ထား
အောင်ဆန်း(မော်လမြိုင်)

21.7.2011
U Htay Lwin Oo:  မင်္ဂလာပါ ကိုအောင်ဆန်း
စာပြန်နောက်ကျသွားတဲ့အတွက် စိတ်မရှိဘို့ မေတ္တာရပ်ခံပါတယ်။ (ဈေးဆိုင်တစ်ဘက်- အဆောက်အဦးအသစ် တစ်ခုဝယ်ထားပြီး ပြင်ဆင်နေရတာ တစ်ဘက်ကြောင့် အလုပ်များနေလို့ပါ) ကိုအောင်ဆန်းက ကျွန်တော့ အ ပေါ်မှာ မေတ္တာထားပြီး- တရားဓမ္မကို သိစေချင်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့ အယူအဆ က ယုတ္တိမရှိတာကို မယုံကြည်နိုင်ပါလို့ ကိုအောင်ဆန်းကို ပြောပြီးဖြစ်ပါတယ်။ ယုတ္တိရှိ မရှိဆိုတာလည်းသေချာ စီစစ်ဘို့ လိုပါလိမ့်မယ်။ ဘယ်အယူအဆကို မဆိုပေါ့ဗျာ။ ဗုဒ္ဓဘာသာ တစ်ခုတည်းကို စီစစ်ခြင်းမဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓ၀ါဒ ရော အစ္စလာမ်ဝါဒရောက ၀ိဘဇ္ဇ၀ါဒ (စီစစ်သုံးသပ်ဝေဖန်ပိုင်းခြား အပ်သော တရားဒေသနာ) လို့ ကြေငြာထားတော့ ဘယ်အရာကိုမဆို ပိုက်စိပ်တိုက် စီစစ်တာမှာလည်း ကိုအောင်ဆန်းဘက်က သည်းခံ ပေါ့။ အခု ကိုအောင်ဆန်း ပေးပို့တဲ့ တရားများကို အနည်းငယ် စီစစ်ခွင့်ပြုပါ။

မြတ်ဗုဒ္ဓ အား ၀စ္ဆပရိဗိုဇ်” မေးသောမေးခွန်း(၁၀)ချက်
၁။ လောကသည် မြဲ၏။ ထိုအယူသာ မှန်သလော။
၂။ လောကသည် မမြဲ။ ထိုအယူသာ မှန်သလော။
၃။ လောကသည် အဆုံးရှိ၏။ ထိုအယူသာ မှန်သလော။
၎။ လောကသည် အဆုံးမရှိ။ ထိုအယူသာ မှန်သလော။
၅။ ထိုအသက်သည်ပင် ထိုကိုယ်ကောင်တည်း။ ထိုအယူသာ မှန်သလော။
၆။ အသက်သည်တခြား၊ကိုယ်ကောင်သည်တခြားဖြစ်၏။ ထိုအယူသာ မှန်သလော။
၇။ သတ္တ၀ါသည် သေသည်မှနောက်ဖြစ်၏။ ထိုအယူသာ မှန်သလော။
၈။ သတ္တ၀ါသည်သေသည်မှနောက်မဖြစ်။ ထိုအယူသာ မှန်သလော။
၉။ သတ္တ၀ါသည်သေသည်မှနောက် ဖြစ်သည်၊ မဖြစ်လည်းမဖြစ်။ ထိုအယူသာ မှန်သလော။
၁၀။ သတ္တ၀ါသည်သေသည်မှနောက် ဖြစ်သည်လည်းမဟုတ်၊မဖြစ်သည်လည်းမဟုတထိုအယူသာ မှန်သလော။
မြတ်ဗုဒ္ဓ ဖြေကြားပုံမှာ- ၀စ္ဆ—လောကသည်မြဲ၏၊ထိုအယူသည်မှန်၏ (စသည်) ငါသည် ထိုသို့ အယူမရှိပါ။ ၀စ္ဆ - လောကသည် မြဲ၏(စသော)ထိုအယူတို့သည် မိစ္ဆာအယူတည်း။ မိစ္ဆာဒိဌိတည်းဟူသော သံယောဇဉ်တည်း။ ဆင်းရဲနှင့် တကွဖြစ်၏။ညှင်းဆဲခြင်းနှင့်တကွဖြစ်၏။ပြင်းစွာပင်ပန်းခြင်းနှင့်တကွဖြစ်၏။ငြီးငွေ့ ခြင်းကားမဖြစ်၊တပ်မက်ကင်းခြင်းဌာမဖြစ်။ ချုပ်ခြင်းဌာမဖြစ်။ငြိမ်းခြင်းဌာမဖြစ်။အထူးသိခြင်းဌာမဖြစ်။ထိုးထွင်း သိခြင်းဌာမဖြစ်။ချုပ်ငြိမ်းခြင်းဌာမဖြစ်။
ထိုသို့ လျှင်ဗုဒ္ဓ သည် ထိုမေးခွန်းများကို အဖြေမပေးခဲ့ခြင်းမှာ ဒုက္ခမှလွတ်မြောက်ကြောင်း မဟုတ်သောကြောင့်ဖြစ်သည်။ ဗုဒ္ဓကိုယ်တော်တိုင် မသိမမြင်ခြင်းကြောင့် မဟောခဲ့ခြင်းမဟုတ်ပေ။ (သံယုတ္တနိကာယ် သီသပါဝနသုတ်) တွင်ဖတ်ရှု့ပါ။

နည်းနည်းတော့ ကြွားပါရစေ ဒီအပိုဒ်တွေ၊ ဒီတရားတွေက ကျွန်တော် ဖတ်မှတ်စီစစ်ပြီးသား ဝေဖန် စောကြော ပြီးသား ဖြစ်ပါတယ်။ ဒီတရားက လက်ပူတိုက်တရားလို့ ခေါ်ပါတယ်။ ဥပမာဗျာ- ဓါး နစ်လက်စီကိုင်ထားတဲ့ လူနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ပြေးခုတ်တဲ့အချိန်မှာ ဖြန်ဖြေသူက -- ဟေးဟေး- ခဏနေဦးကွ၊ မခုတ်ကြနဲ့၊ မင်းတို့တွေ ဒေါသတွေကို ထိန်းလိုက်၊ စိတ်ကို လျွှော့ချလိုက်၊ စိတ်ထိန်း၊ စိတ်ထိန်း- ဒေါသ ဖြစ်စရာတွေကို ပြန်မတွေးနဲ့၊ ဖြစ်ခဲ့တာကို မေ့ထားလိုက်လို့ လက်ပူတိုက် ရန်ဖြေခြင်းမျိုး ဖြစ်ပါတယ်။ ဒီလို ဖြေရှင်းမှုက နေရာတိုင်းမှာ လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ လူနှစ်ယောက်ရဲ့ ပြသနာ အရင်းအမြစ်ထိ မဖြေရှင်း ဘဲ ထားလိုက်ရင် ပြသနာက အေးသွားမှာ မဟုတ်ဘူးလေ။ ဒါကိုရော ကိုအောင်ဆန်း စဉ်းစားမိပါသလား။
ဗုဒ္ဓသည် ဒုက္ခ၏အကြောင်းအရင်းကို ကိုယ်တိုင်တွေ့ရှိပြီး ထိုဒုက္ခများကို ချုပ်ငြိမ်းစေသည့် နည်းလမ်းများကို ညွှန်ပြသူသာ ဖြစ်ပေသည်။ ရဟန်းတို့  ရှေးကလည်းကောင်း ယခုလည်းကောင်း ငါသည် တစ်ခုတည်းသော အကြောင်းကိုသာ ဟောကြားပေသည်။ ယင်းကား ဒုက္ခ နှင့် ဒုက္ခမှ လွတ် ကြောင်းပေတည်း။
ဒီနေရာမှာ မေးခွန်း (၃) ခုမေးမယ်နော်။ (၁) ဒုက္ခဆိုတာ ဘာကို ခေါ်ပါသလဲ။ (၂) ဒုက္ခချုပ်ငြိမ်းခြင်း တရားဆိုတာ ဘာကို ခေါ်သလဲ။ (၃) ဟောသူကိုယ်တိုင် ဒုက္ခက လွတ်မြောက်ခဲ့ပါသလား။

စကြာဝာအယူအဆများတွင် ဥာဏ်ကျက်စားခြင်းဖြင့် အချိန်မကုန်ပဲ သမုဒယ ချုပ်ငြိမ်းစေသည့် မဂ္ဂင်ရှစ်ပါးအကျင့်တရား များကို အားထုတ်လျှင် လောကမှ လွန်မြောက်ရာ နိရောဓသစ္စာနိဗ္ဗာန်ကို ဦးတည်လျှောက်လှမ်းသင့်ကြပါသည်လို့ တိုက် တွန်း လိုက်ပါသည်။
ကိုအောင်ဆန်း လေ့လာဆည်းပူး သိထားတဲ့ စကြာဝဠာ အယူအဆများ ဆိုတာ ဘယ်လိုပါလဲ။ ကိုအောင်ဆန်း ကိုယ်တိုင် ကျင့်ကြံနေတဲ့ (သို့မဟုတ်) ကျင့်ကြံအားထုတ်ဘို့ စိတ်ကူထားတဲ့ မဂ္ဂင် ၈ ပါးထဲက သမ္မသင်္ကပ (မှန်ကန်စွာ ဆင်ခြင်မှု)နဲ့ သုံးသပ်ပေးပါ။ ပြီးတော့ နိရောဓသစ္စာ နိဗ္ဗာန် ဆိုတာကို ကိုအောင်ဆန်းက ဘယ်လို ယုံကြည်ထားပါသလဲ။ ဘာကြောင့် ယုံကြည်ပါသလဲ။

အရှင်အရိယဓမ္မ (သုတေသနနှင့်ကျမ်းဌာန) ရဲ့ ဆောင်းပါးတစ်ပုဒ် ကို ကျွန်တော် ကိုလွင်ဦး အတွက်ပို့ ပေးလိုက်ပါတယ်။
ဘယ်သူရေးရေး- ကုလားရေးရေး၊ တရုတ်ရေးရေး- ယုတ္တိရှိမှ လက်ခံပါလို့ အကြံပေးလိုပါတယ်။ ဘာသာရေး သမားဆိုသူအများစု အထူးသဖြင့် ဘာသာရေးပညာရှင် အများစုက မိရိုးဖလာအစွဲကို အများကြိုက် အလိုက် သင့်ရေးတတ်ပါတယ်။ ဒါပေမယ့် ကိုအောင်ဆန်းလို လူသားတစ်ဦးအနေနဲ့- သမ္မဒိဌိ (မှန်ကန်စွာ မြင်တတ်မှု) ကို လက်ကိုင်ထားစေချင်ပါတယ်။ ဥပမာ- အိမ်ရှေ့က သရက်ပင်ကြီးက ခွေးတစ်ကောင် ပေါက်လာတယ်လို့ ယုတ္တိမဲ့ အယူအဆမျိုးကို လက်ခံထားရင် မိမိရဲ့ လူဖြစ်ရခြင်း ဂုဏ်သိက္ခာကို စော်ကားမိသလိုဖြစ်ပါတယ်။ ယုတ္တိ ရှိမရှိ ဆိုတာလည်း စီစစ်စေချင်ပါတယ်။

မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်ကိုးပါးကို အကျဉ်းချုပ် ပြောသော ပါဠိစာပေ ဖြစ်ပါသည်။ ကျမ်းတတ်ဆရာတော်ကြီးများ ရေးသားခဲ့ ခြင်းသာဖြစ်သည်။
မူဆလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ် ကျမ်းတတ် ဆရာတော်ကြီးများ ဆိုသူများက မိရိုးဖလာကို ပနက်ရိုက်တဲ့ နေရာမှာ အလွန်တရာမှ လိမ္မာကျွမ်းကျင်တယ် ဆိုတာလည်း သတိထားစေလိုပါတယ်။ ဆရာတော် ကြီးများ ပြောတာကို ကိုယ်တော်ဂေါတမတောင် လက်မခံခဲ့ဘူးနော်။

အိုကေ။ ကိုလွင်ဦးပြောသလိုဆိုရင် အလ္လာဝက်ပတ် ဆိုတဲ့ စကားကို တမန်တော်မိုဟာမတ် တီထွင်တာလား၊ တခြား တမန်တော်တွေ တီထွင်တာလား။ ကျမ်းကိုးရှိရင် ပြောပြစေချင်ပါတယ်။
မုဟမ္မဒ်ဆိုတာ အရိမေတ္တယျမြတ်စွာဘုရားဖြစ်တယ်။ (မယုံရင်နေပါ- သို့မဟုတ် ဆွေးနွေးလိုက ဆွေးနွေးနိုင်ပါ တယ်)။ သူ့ရင်မှာ ပထမဦးဆုံးကိန်းဝပ်တဲ့ ဉာဏ်စဉ်က “ဖတ်လော့၊ သင့်ကံကြမ္မာရှင်၏ နာမတော်ဖြင့် ဖတ်ရွတ် လော့၊” ဆိုတာ ဖြစ်တယ်။ (ကုရ်အံ ၉၆း၁) အဲ့ဒီ ကံကြမ္မာရှင်က အလ္လာဟ်ကို အမည်နာမအားဖြင့် အလ္လာဟ် (ပရမတ်ဘုရားရှင်) လို့ခေါ်တယ်။ အဲ့ဒီ အလ္လာဟ် (ပရမတ်ဘုရားရှင်) ဆိုတာ ဧကောဒိဖြစ်တယ်။ အစိန္တယျ ဖြစ်တယ်။ ကိုယ်ပွားမရှိ၊ ကိုယ်ပွားခံမဟုတ်၊ အရှင်နဲ့ ဂုဏ်ရည်တူ မရှိလို့ ကုရ်အံ ၁၁၂ မှာ ပြောတယ်။ ကုရ်အံမှာ ပြောတယ်ဆိုတာလည်း နားလည်စေချင်တာက ကိုယ်တော်မုဟမ္မဒ်ဆိုတာ လူသားတစ်ဦးပဲ သူ့ဘ၀မှာ လူသား ပီပီ စကားတွေအများကြီးပြောခဲ့တယ်။ တရားတွေ အများကြီးဟောခဲ့တယ်။ ဒါတွေကို ကုရ်အံမှာ မှတ်တမ်း မတင်ဘူး။ ကိုယ်တော်မုဟမ္မဒ်ရဲ့ဘ၀ အတ္တုပ္ပတ္တိကိုလည်း ကုရ်အံမှာ မှတ်တမ်းမပါဘူး။ ကိုယ့်တော်ဆီမှာ ကိန်းဝပ်တဲ့ ဉာဏ်စဉ်သိ ဓမ္မစစ်စစ်ကိုပဲ ကုရ်အံမှာ မှတ်တမ်းတင်ထားတယ်။ ဒါကြောင့် ကုရ်အံဆိုတာ လောက စကြာဝဠာအားလုံးအတွက် လူသားများသိသင့်သိထိုက်ရာ လောကနိယာမသီအိုရီများသာ ဖြစ်တယ်။ ဒီကုရ်အံ က ပဲ လူသားတွေဟာ ဆရာသခင်ကြီးတွေကို ဘ၀ပုံအပ် ယုံမှတ်မိမှာစိုးလို့ အလ္လာဟ်ဟု အာ့က်ဘာရ် (အလ္လာဟ်ဝတ်ပတ်- ဆိုတာ အသံထွက်လုံးဝမှားပါတယ်။) လို့ ပြောထားပါတယ်။ အဓိပ္ပါယ်က ပရမတ် ဘုရားရှင်သည် အကြီးကျယ်အမြင့်မြတ်ဆုံးဖြစ်၏ လို့ ရင့်ကျူးတာပါ။ လောကလူသားဘုရား၊ ဆရာ၊ ခေါင်းဆောင်တွေအပေါ်မှာ ပုဂ္ဂိုလ်စွဲ ဖြစ်တည်ပြီး လူသားရဲ့ ဉာဏ်ရည် ရပ်တန့်မသွားရအောင် သွန်သင်ချက်ပါ။ ကိုယ်တော်မုဟမ္မဒ်ကိုယ်တိုင်လည်း အဲ့ဒီ ရင့်ကျူးမှုကို ရင့်ကျူးရပါတယ်။ ကဲ ဒီလောက်ဆို အနည်းငယ် နားလည်လောက်မယ်လို့ ထင်ပါတယ်။ ကျွန်တော်မေးထားတဲ့ “နမောတသ အဂ္ဂ၀တော အရဟတော့ သမ္မာ သမ္ဗုဒ္ဓဿ” ဆိုတာ ကိုယ်တော်ဂေါတမကိုယ်တိုင် ရင့်ကျူးခဲ့တာလား၊ သို့မဟုတ် တပည့်တို့ ဒီလို ရင့်ကျူးကြလို့ သွန်သင်ပေးခဲ့တာလား၊ သို့မဟုတ် မည်သူက မည်သည့်ခေတ်မှာ တီထွင်ပြီး စတင်ရင့်ကျူးခဲ့တာလဲ- သိပါရ စေတော့ဗျာ။

((၁၆)ရက်နေ့ ည ) ကိုလွင်ဦးတို့ ဘာသာအတွက် ရှရီပါဒတ် ည ဖြစ်တဲ့အတွက်  သတ္တ၀ါအားလုံး အေးချမ်းပါစေ လို့ ဆုတောင်းပေးပါတယ်။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။ ကိုအောင်ဆန်းတို့လည်း ကျမ္မာချမ်းသာပါစေ။ ဒါနဲ့ နောက် ဗဟုသုတ တစ်ခု လက်ဆောင်ပေးပါရစေ။ ရှရီပါဒတ် လို့ မခေါ်ဘူးနော်။ လိုင်းယ်လာတု ဘာရ်ရာ့တ် လို့ခေါ်တယ်။ သို့သော် မလေးတို့ အင်ဒိုတို့မှာတော့ ခေါ်ချင်ခေါ်မယ်ထင်တယ်။ သူတို့က ကျက်သရေမင်္ဂလာကို ရှရီ (တြိ) လို့ ခေါ်တာကိုး။ လိုင်းယ်လာတု ဘာရ်ရာ့တ်( ဘာရ်ကတ်) ဆိုတာက ကျက်သရေမင်္ဂလာရှိသော ညလို့ ဖြစ်တယ်။ တကယ်တော့ ဒီလို အမှတ်တရ ညတွေ၊ နေ့ရက်တွေ၊ ဗုဒ္ဓဘာသာမှာ ဆိုလည်း သီတင်းကျွတ်လပြည့်ည၊ တန်ဆောင်တိုင်ည စသည်ဖြင့် ပြုလုပ်ပေးတယ် ဆိုတာက- နိုင်ငံတစ်ခုမှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့- ဘာနေ့ ညာနေ့- ဆိုပြီး လူထုကို လှုံ့ဆော် သတိပေးနေခြင်းသာ ဖြစ်ပါတယ်။ နမော်နမဲ့နဲ့ မေ့ပျောက်နေမှာ စိုးလို့ပါ။ တနည်းအားဖြင့် ဘုရားတရားကို နေ့စဉ် အချိန်မလပ် သတိမရနိုင်သူကို တစ်နေ့မှာ ငါးကြိမ် ဗလီတွေက သတိပေးတယ်။ ဒီထက်မေ့နေရင် တစ်ပါတ်မှာ တစ်ကြိမ် (သောကြာနေ့ပေါ့ဗျာ) သတိပေးတယ်။ ဒီထက်မေ့ပျောက်နေသေးတယ်ဆိုရင် တစ်နှစ်မှာ ၂ ကြိမ် အိးဒ်နေ့နဲ့ သတိပေးတယ်။ ကြားမှာ အခုလို ညတွေ ဘာတွေနဲ့သတိပေးတယ်။ ဒါပါပဲ။ တရား သဘောအရ အဲ့ဒီ နေ့တွေ ညတွေမှာမှ လူသားတွေအတွက် မင်္ဂလာရှိတာ မဟုတ်ပါ။ အချိန်မလပ် မင်္ဂလာ၊ ကျက်သရေရှိနေပါတယ်-။

ကိုလွင်ဦး ကျွန်တော်က လူဝတ်ကြောင်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။
ကိုလွင်ဦးထင်သလို ပါဠိစာပေ  တတ်တိုင်း ဘုန်းကြီးမဖြစ်နိုင်ပါ။ ရဟန်းဖြစ်တာလွယ်ပေမဲ့ သံဃာဖြစ်ဖို့ ခဲယဉ်းလှပါတယ်။
ကိုအောင်ဆန်းက ရူပက္ခန္ဓာ လို့ ဆိုတဲ့ (ဘုန်းကြီးချင်း နောက်ပြောင်နေတာကို) ချန်ခဲ့လို့ အဲ့ဒီ စကားလုံးလေးကို တည့်ပြောဘို့ စိတ်ကူးနဲ့ ပြောလိုက်တာပါ။ သံဃာဖြစ်ဘို့ မလွယ်ဘူးဆိုတာကို သိနေတဲ့ ကိုအောင်ဆန်းကို ကျေးဇူးတင်ပါတယ်။ (သံ- ဟနီတီတ သံဃော- သံသရာကို ပါယ်သတ်နိုင်သူမှ သံဃာ ဖြစ်တယ်) လို့ ဆိုထားတော့- လူတွေက ခက်တယ်ဗျာ။ လမ်းဘေးဆိုင်က အနီရောင် ပိတ်စကို သင်္ကန်းတို့ ပင့်သကူတို့ ကင်ပွန်းတပ်၊ ပြီးရင် ဟိန္ဒူမသာ (အသုဘ) မှာ ခေါင်းရိပ်သလိုရိပ်။ ဟိန္ဒူကုလားမတွေ ပတ်သလို ကင်ပွန်းတပ်ထားတဲ့ အနီရောင်အပတ်ကို ပတ်လိုက်ရင် သံဃာဖြစ်ပြီ ထင်- ကိုယ်တိုင်ကိုယ်တွေ့ မသိတဲ့ ဒုက္ခချုပ်ငြိမ်းရာတွေကို စိတ်ကူးယဉ်နဲ့ လျှောက်ပြော- ဆရာကြီး လုပ်နေသူတွေက များတာကိုး။ သူတို့တွေ အဖြစ်က သင်္ကန်းကို အီးနဲ့ပေါက် ဟိုဒင်းနဲ့ထိုး နေတာကလွဲ ဘာများဖြစ်ဦးမှာလဲ။ ဒါတွေကို ဘုမသိဘမသိ ထိုင်ရှိခိုးနေရတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအဖြစ်ကလည်း ဆိုးပါတယ်- ဘယ်ဘ၀က ၀ဋ်ကြွေးများလဲ မသိပါဘူးဗျာ။

မေတ္တာရှေ့ ထား
အောင်ဆန်း(မော်လမြိုင်)
မေတ္တာပိုကြီးလေ- အမှန်တရားအတွက် အသက်ပေးရဲလေပဲလေ။ အသက်မပေးမှီ အမှန်တရားဆိုတာ ဘာလဲ လို့ အရင်ဆန်းစစ်စေလိုပါတယ်။
ဌေးလွင်ဦး

22.7.2011
Caha ya: အ. သုဒ္ဓသီလော ဒုပ္ပညော
 အားလုံးသတ္တ၀ါဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ရှရီပါဒတ် လို့ မခေါ်ဘူးနော်။ လိုင်းယ်လာတု ဘာရ်ရာ့တ် လို့ခေါ်တယ်။ သို့သော် မလေးတို့ အင်ဒိုတို့မှာတော့ ခေါ်ချင်ခေါ် မယ်ထင်တယ်။ 
ကိုလွင်ဦး ရန်ကုန်မှာ သိပ်မနေခဲ့ဘူးထင်တယ်

လမ်းဘေးဆိုင်က အနီရောင် ပိတ်စကို သင်္ကန်းတို့ ပင့်သကူတို့ ကင်ပွန်းတပ်၊ ပြီးရင် ဟိန္ဒူမသာ (အသုဘ) မှာ ခေါင်းရိပ် သလိုရိပ်။ ဟိန္ဒူကုလားမတွေပတ်သလို ကင်ပွန်းတပ်ထားတဲ့ အနီရောင်အပတ်ကိုပတ်လိုက်ရင် သံဃာဖြစ်ပြီ ထင်- ကိုယ်တိုင်ကိုယ်တွေ့မသိတဲ့ ဒုက္ခချုပ်ငြိမ်းရာတွေကို စိတ်ကူးယဉ်နဲ့လျှောက်ပြော- ဆရာကြီး လုပ်နေသူတွေက များတာ ကိုး။ သူတို့တွေအဖြစ်က သင်္ကန်းကို အီးနဲ့ပေါက် ဟိုဒင်းနဲ့ထိုး နေတာကလွဲ ဘာများဖြစ်ဦးမှာလဲ။ ဒါတွေကို ဘုမသိဘမသိ ထိုင်ရှိခိုးနေရတဲ့ ကျွန်တော်တို့ မြန်မာလူမျိုး တွေအဖြစ်ကလည်း ဆိုးပါတယ်- ဘယ်ဘ၀က ၀ဋ်ကြွေးများလဲ မသိပါဘူးဗျာ။
ကိုလွင်ဦး အဲဒါနဲ့ပတ်သတ်ပြီး တစ်ခုလောက်ပြောချင်တယ်။ ကိုလွင်ဦး သေချာသုံးသပ်လိုပါတယ်။ Harji လုပ် ပြီး မိန်းမတွေရသလောက်ယူပြီး နောက်က ဘာသာရေးအထောက်အပံ့ယူနေတဲ့သူတွေကို   ဘယ်လိုပြောမလဲ ကိုလွင်ဦး။ ကာမဂုဏ်မေထုံထဲမှာပျော်ဝင်နေပြီး ဘာသာတစ်ခုကို သာသနာပြုနေတဲ့အထဲမှာ အစ္စလာမ် ဘာသာနဲ့ ဗုဒ္ဓဘာသာ ဘယ်ဘာသာ ရာခိုင်နှုန်းပိုများမယ်ထင်ပါသလဲ။  လမ်းဘေးဆိုင်တစ်ခုမှာ ဖြစ်သလိုချုပ် ထားတဲ့အရောင်မျိုးစုံနဲ့ဗလီဦးထုပ်တွေဆောင်း လမ်းတကာလှည့်လိမ်လည် တောင်းခံနေတဲ့ သူတွေကို ဘယ်လို ပြောမလဲ။ အဲဒါမပြောပါနဲ့  မကာမြို့ ကိုသွားပြီး တောင်းစားနေတဲ့ ဘာသာရေး ခုတုံးလုပ်ခဲ့ကြတဲ့ harji တွေ ဘယ်လောက်များလဲဆိုတာ ကိုလွင်ဦးလည်းမကြာခဏတွေ့ နေရမှာပါ။ 

ဒီနေရာမှာ မေးခွန်း (၃) ခုမေးမယ်နော်။ (၁) ဒုက္ခဆိုတာ ဘာကို ခေါ်ပါသလဲ။ (၂) ဒုက္ခချုပ်ငြိမ်းခြင်း တရားဆိုတာ ဘာကို ခေါ်သလဲ။ (၃) ဟောသူကိုယ်တိုင် ဒုက္ခက လွတ်မြောက်ခဲ့ပါသလား။
၁)ပဋိသန္ဓေတည်နေရခြင်း(ဇာတိ)သည်ဒုက္ခတည်း၊
အိုခြင်း(ဇရာ)သည်  ဒုက္ခတည်း၊
သေခြင်း(မရဏ)သည် ဒုက္ခတည်း၊
စိုးရိမ်ပူပန်ခြင်း(သောက)သည်ဒုက္ခတည်း၊
ငိုကြွေးခြင်း(ပရိဒေ၀)သည် ဒုက္ခတည်း၊
ကိုယ်ဆင်းရဲခြင်း(ဒုက္ခ)သည်ဒုက္ခတည်း၊
စိတ်ဆင်းရဲခြင်း(ဒေါမနဿ)သည် ဒုက္ခတည်း၊
ပြင်းစွာပူပန်ခြင်း(ဥပါယာသ)သည် ဒုက္ခတည်း၊
မချစ်ခင်မနှစ်သက်ဖွယ်တို့နှင့်တွေ့ဆုံပေါင်းသင်းရခြင်းသည် ဒုက္ခတည်း၊
ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊
အလိုရှိသည်ကို မရခြင်းသည်လည်း ဒုက္ခတည်း။
မဟာသတိပဋ္ဌာန်သုတ်ထဲတွင် ရှု့ ပါ။ 
(၂) ‘ဒုက္ခသည်သာလည်းကောင်း၊ ဒုက္ခ၏အစသည်လည်းကောင်း၊ ဒုက္ခ၏အဆုံးသည်လည်းကောင်း၊ ဒုက္ခချုပ် ငြိမ်းရာ အကျင့်သည်လည်းကောင်း ၊ဤခန္ဓာကိုယ်၌သာလျှင်ရှိ၏ ။’’ (သံယုတ်နိကာယ်၊ရောဟိတဿသုတ်) ဂင်္ဂါမြစ်ထဲ၌ ရေချိုးခြင်းဖြင်. မကောင်းမှုအညစ်အကြေး ကင်းစင်သည်ဟု ယူဆသော ဗြာဟ္မဏတစ်ဦးအား အပြစ်မတင်ဘဲ "ဤအယူမှာ သင်တို.၏ အယူဖြစ်သည်။ ငါ၏ သာသနာ၌မူ မဂ္ဂင်ရှစ်ပါးသည် ကိလေသာ အညစ်အကြေး စွန်.ပစ်ရာ ရေအိုင်ဖြစ်သည်" စသည်ဖြင်. ဟောကြား၏။( သံယုတ္တနိကာယ်၊ ဗြာဟ္မဏသံယုတ်၊ သင်္ဂါရဝဗြာဟ္မဏသုတ်) ‘‘ဘုရားတရားစကားကို များစွာပြောသော်လည်း မကျင့်ကြံသောသူသည် နွားကို ထိန်း ကျောင်းပါလျက် နွားနို့ အရသာ မခံစားရသော နွားကျောင်းသားနှင့်တူ၏ ။ ဘုရား တရား စကားအနည်းသာ ပြောသော်လည်း ကျင့်ကြံ သောသူကပိုမြတ်၏။’’ (ခုဒ္ဒကနိကာယ်၊ဓမ္မပဒဂါထာ-၁၉)

၃.နိဗ္ဗာန်ဆိုသည်မှာ.. တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်သောတရားဖြစ်သည်။

ကျွန်တော်မေးထားတဲ့ “နမောတသ အဂ္ဂ၀တော အရဟတော့ သမ္မာသမ္ဗုဒ္ဓဿ” ဆိုတာ ကိုယ်တော်ဂေါတမကိုယ်တိုင် ရင့်ကျူးခဲ့တာလား၊ သို့မဟုတ် တပည့်တို့ ဒီလို ရင့်ကျူးကြလို့ သွန်သင်ပေးခဲ့တာလား၊ သို့မဟုတ် မည်သူက မည်သည့် ခေတ်မှာ တီထွင်ပြီး စတင်ရင့်ကျူးခဲ့တာလဲ- သိပါရစေတော့ဗျာ။

ကိုလွင်ဦး ကျွန်တော်ဒီမေးခွန်းကို ဖြေပြီးပါပြီ။ ကိုလွင်ဦးကျွန်တော်ပို့ထားတဲ့ စာတွေအပေါ် သေချာနားမလည် လိုက်ဘူးထင်တယ်။ သံသယ လွန်ကဲစွာထားသော စိတ်ဖြင့် သော်လည်းကောင်း၊ ချီးမွမ်းခြင်း ထုံသော အစွန်း ရောက်စိတ်ဖြင့်လည်းကောင်း ပိဋကတ်ကျမ်းကိုဖြစ်စေ အဘယ်သော ကျမ်းဂန်ကိုမဆို မလေ့လာပါနှင့်။ ဗုဒ္ဓ လမ်းစဉ်သည် မဇ္ဈိမပဋိပဒါ  လမ်းစဉ်သာဖြစ်၏။

အောင်ဆန်း(မော်လမြိုင်)

23.7.2011
U Htay Lwin Oo:  ရှရီပါဒတ် လို့ မခေါ်ဘူးနော်။ လိုင်းယ်လာတု ဘာရ်ရာ့တ် လို့ခေါ်တယ်။ သို့သော် မလေးတို့ အင်ဒိုတို့ မှာတော့ ခေါ်ချင်ခေါ် မယ်ထင်တယ်။ 
ကိုလွင်ဦး ရန်ကုန်မှာ သိပ်မနေခဲ့ဘူးထင်တယ်။
သြော်- ခင်ဗျားက ရှာဗေ ဘရာ့တ် လို့ ရေးတာလား။

လမ်းဘေးဆိုင်က အနီရောင် ပိတ်စကို သင်္ကန်းတို့ ပင့်သကူတို့ ကင်ပွန်းတပ်၊ ပြီးရင် ဟိန္ဒူမသာ (အသုဘ) မှာ ခေါင်းရိပ် သလိုရိပ်။ ဟိန္ဒူကုလားမတွေပတ်သလို ကင်ပွန်းတပ်ထားတဲ့ အနီရောင်အပတ်ကိုပတ်လိုက်ရင် သံဃာဖြစ်ပြီ ထင်- ကိုယ်တိုင်ကိုယ်တွေ့မသိတဲ့ ဒုက္ခချုပ်ငြိမ်းရာတွေကို စိတ်ကူးယဉ်နဲ့လျှောက်ပြော- ဆရာကြီး လုပ်နေသူတွေက များတာ ကိုး။ သူတို့တွေအဖြစ်က သင်္ကန်းကို အီးနဲ့ပေါက် ဟိုဒင်းနဲ့ထိုး နေတာကလွဲ ဘာများဖြစ်ဦးမှာလဲ။ ဒါတွေကို ဘုမသိဘမသိ ထိုင်ရှိခိုးနေရတဲ့ ကျွန်တော်တို့ မြန်မာလူမျိုး တွေအဖြစ်ကလည်း ဆိုးပါတယ်- ဘယ်ဘ၀က ၀ဋ်ကြွေးများလဲ မသိပါဘူးဗျာ။
ကိုလွင်ဦး အဲဒါနဲ့ပတ်သတ်ပြီး တစ်ခုလောက်ပြောချင်တယ်။ ကိုလွင်ဦး သေချာသုံးသပ်လိုပါတယ်။ Harji လုပ် ပြီး မိန်းမ တွေရသလောက်ယူပြီး နောက်က ဘာသာရေးအထောက်အပံ့ယူနေတဲ့သူတွေကို   ဘယ်လိုပြောမလဲ
ငါတို့ဟာ သာမန်လူသားပါ။ မိန်းမယူခွင့်ရှိတယ်၊ သူတစ်ပါး မိန်းမယူမှာကိုလည်း မတားမြစ်ဘူး- အဲ့ဒီလိုလူမျိုးက မိန်းမယူတာနဲ့-၊ ငါတို့က ဘုရားသားတော်တွေဖြစ်တယ်- မိန်းမမယူရဘူး။ မေထုံမပြုဘူးဆိုပြီး တရားဝင် ကြွေးကျော်နေရင်း တိတ်တဆိပ် မိန်းမခိုးယူတာ၊ မေထုံမှီဝဲတာ၊ ဘယ်သူက အပြစ်ရှိမယ် ထင်သလဲ။

ကိုလွင်ဦး။ ကာမ ဂုဏ်မေထုံထဲမှာပျော်ဝင်နေပြီး ဘာသာတစ်ခုကို သာသနာပြုနေတဲ့အထဲမှာ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာ သာ ဘယ်ဘာသာ ရာခိုင်နှုန်းပိုများမယ်ထင်ပါသလဲ။
လူသားပီပီ အိမ်ထောင်ပြုခွင့်ရှိတဲ့ ဥပဒေဘောင်တွင်းက တရားဝင်ရပ်တည်ပြီး အိမ်ထောင်ပြုသူများနဲ့ အိမ် ထောင်ယက်သားပြုခြင်းကို မေထုံမှုဖြစ်ပါတယ်- မေထုံမှုကို ကျူးရင် ပါရာဇီကံ မြောက်ပါတယ်လို့ ခံယူထားတဲ့ လူက အိမ်ထောင်မှုပြုတာမှာ ဖေါက်ပြန်တယ် ခေါ်ပါတယ်။ ဖေါက်ပြန်သူရာနှုန်းကိုတွက်ရင် ဗုဒ္ဓဘာသာ ဘာသာရေး ဦးဆောင်က ပိုများတာ တွေ့ရလိမ့်မယ်။

လမ်းဘေးဆိုင်တစ်ခုမှာ ဖြစ်သလိုချုပ်ထားတဲ့အရောင်မျိုးစုံနဲ့ ဗလီဦးထုပ်တွေ ဆောင်း လမ်းတကာ လှည့်လိမ်လည် တောင်းခံနေတဲ့ သူတွေကို ဘယ်လို ပြောမလဲ။ အဲဒါမပြောပါနဲ့  မကာမြို့ ကိုသွားပြီး တောင်းစားနေတဲ့ ဘာသာရေး ခုတုံး လုပ်ခဲ့ကြတဲ့ harji တွေ ဘယ်လောက်များလဲဆိုတာ ကိုလွင်ဦးလည်းမကြာခဏတွေ့ နေရမှာပါ။

သေချာလေ့လာကြည့်လိုက် ဟာ့ဂ်ျကိုသွားတဲ့လူတွေဟာ ငွေပေါင်းဘယ်လောက်ကိုရင်းပြီး သွားရသလဲလို့- အဲ့ဒီငွေတွေကလည်း သူများဆီကတောင်းပြီး သွားခွင့်မရှိသလို။ ဘယ်သူကမှမလုပ်ကြဘူး။ အထူးသဖြင့် မြန်မာနိုင်ငံက ဟာ့ဂ်ျလုပ်ခွင့်ရဘို့ ငွေနဲ့ရင်းနေရတယ်။ မက္ကာဟ်မဒီနာမှာ လူဦးရေး သုံးသန်းလောက်ကို ဘယ်သူကမှ ငွေကြေးပိုက်ဆံတွေ ဝေပေးမနေဘူး။ ဧည့်သည်များစားသောက်ရေး လွယ်ကူစေဘို့ လာလှုတဲ့ လူတွေပဲရှိတယ်။ ဒါတောင်ဆိုင်တွေမှာ လူတိုးရတာ ကျပ်သိပ်လွန်းရင်း ဖြေရှင်းပေးတဲ့ သဘောလောက်ပဲ-
ကိုအောင်ဆန်းပြောသလို ဟာဂျီတွေတောင်းစားတယ်ပဲထားဦး ဟာဂျီဆိုတာလည်း ဘုန်းကြီးလူတန်းစားလို့ အစ္စလာမ်က မသတ်မှတ်ထားဘူး။ သူတို့က သာသနာလည်းမပြုဘူး။ သာသနာပြုချင်တဲ့သူက သူ့ဝါသနာနဲ့သူ ဟာဂျီဟုတ်ဟုတ် မဟုတ်ဟုတ် သာသနာပြုချင်ပြုတာပဲ။ သာသနာပြုတဲ့လူဆိုရင်တော့- တရားမ၀င်တဲ့ မေထုံမှု ကိုပြုတာကို သိပြီဆိုရင် အသိုင်းအ၀ိုင်းထဲက မောင်းထုတ်ပစ်တာပဲ။ အစ္စလာမ်တစ်ဦးဟာ သူ့ဟာသူ ဘယ် လောက်သာသနာပြုပြု သူ့ကိုဘုန်းကြီးလူတန်းစားလို့ မသတ်မှတ်ဘူး။ သူ့ကိုဦးထုပ်ဆောင်းလို့ မုတ်ဆိတ် ထားလို့ အကျီရှည်ဝတ်လို့ လေးစားရမယ် ကြည်ညိုရမယ် ဘာသာရေးလူတန်းစားလို့ သတ်မှတ်ရမယ်လို့ ဘယ် မူဆလင်ကမှ မခံယူဘူးဗျာ။ ဒါက လူမျိုးရေးအသွင်ကိုပဲ ဆောင်တယ်။ ကရင်က ကရင်ဝတ်စုံကို ၀တ်မယ်။ အိန္ဒိယမျိုးနွယ်က သူ့ရဲ့ အိန္ဒိယ၀တ်စုံကို ၀တ်မယ်- ဒါလောက်ပဲ။ သေချာလေ့လာပါ။

ဘုန်းကြီးလူတန်းစားဆိုတာက ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျူးဘာသာနဲ့ ခရစ်ယာန်ရိုမန်ကက်သလစ်၊ ခရစ်ယာန်အော့သိုဒေါ့မှာပဲ ရှိတယ်။ ခရစ်ယာန် ပရိုတက်စ်တင့်၊ ယေဟောဝါ၊ စနေ အသင်းတွေမှာ တောင် မရှိ ဘူး - မိမိကိုယ်မိမိ အခြားသူများထက် မြတ်သလိုခံစားပြောဆိုနေပြီး- မိမိစည်းကမ်းကို မိမိ မစောင့်နိုင်ဖြစ်နေ ကြတာလေ။ ပုဂ္ဂိုလ်ရေးတွေပါလာမှာ စိုးလို့ပါ။ ကျွန်တော် သိထားသလောက်တောင် တိုင်းသံဃနာယထဲက ပုဂ္ဂိုလ် (အမည်မပြောလိုတော့ဘူး) မှာတောင် ဘိတ်မြို့မှာ မယားလေးယောက် ယူထားတယ်။ တောင်တန်း သာသာနာပြုဆိုတဲ့ ပုဂ္ဂိုလ်က ချင်းတောင်၊ ဖလန်းမြို့နားက ဂေါ်ရခါးရွာမှာ မိန်းမရှိတယ်။ သမီးရှိတယ်။ မန်းတ လေးက ကျောင်းပေါင်းများစွာ- ဖဲ၊ ဖာ၊ အရက် အကုန်ရတာတွေရှိတယ်။ ရွာကတက်လာတဲ့ အမျိုးသားကောင်း သမီး ၁၆ နှစ်အရွယ်၊ ၁၅ နှစ်အရွယ်တွေ-နဲ့ ပျော်ချင်ရင် ဘုန်းကြီးတွေနဲ့ ချိတ်လို့ရတယ်။ ညနေခင်း- မှောင်စစမှာ ဘုန်းကြီးတစ်ဦး (တစ်ပါးလို့ မသုံးချင်ဘူး- နားလည်ပေးပါ) လမ်းဘေးက အအေးဆိုင်ထိုင်နေရင်- ခုံပေါ်မှာ ဖလူတိုပုလင်းထောင်ထားရင် ခုံအောက်မှာ ၀ိုင်ပုလင်းရှိတယ်။ ခုံပေါ်မှာ စပါကရင် ထောင်ထားရင် ခုံအောက်မှာ ဂျင်ပုလင်းရှိတယ်။ အရောင်တူတယ်လေ- ရောကျိတ်တာပေါ့။ ဒါကို လူတွေက သိနေတယ်။ မပြောရဲဘူးလေ။

ရုပ်ရှင် ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခကတောင် ဘုန်းကြီးက မုဒိန်းကျင့်ရင် ကျင့်ခံရတဲ့ အမျိုးသမီးမှာသာ အပြစ်ရှိတယ်။ ဘုန်းကြီးမှာ အပြစ်မရှိဘူးတဲ့- ဘာကြောင့်လဲဆိုတော့- မိန်းမတွေက အဲ့ဒီကို သွားလို့ ဖြစ်တာ တဲ့။
အဝေးကြီးတွေ ပြောနေတာ ခက်တယ်ဗျာ။ ကျွန်တော့ အနီအနားမှာ ဘုန်းကြီး ၇ ယေက်လောက်ရှိတယ်။ ၅ ယောက်က ရီးစားထားတယ်။ ဆော်နဲ့အိပ်တယ်။ တစ်မြို့လုံးကသိတယ်။ ဒါပေမယ့် ဗြောင်လိမ်တယ်။ ကျန်တဲ့ နှစ်ယောက်မှာ တစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ကျမ္မာရေးအားနည်းလို့ ဘယ်သူကမှ အရေးတယူမရှိသလို သူကိုယ်တိုင်ကလည်း ဘာဆိုဘာမှ စိတ်မ၀င်စားလို့ မိန်းမကိစ္စလွတ်တယ်။ နောက်တစ်ယောက်တော့- နမည်စစ ပျက်သေးတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က ဖုံးဖိပြီး နေရာပြန်ချပေးထားရတယ်။ (ကျွန်တော့ မြို့မှာ ဘုန်းကြီးကျောင်း ပျောက်သွားမှာ စိုးလို့)။ ကိုအောင်ဆန်းက စေတနာထားပြီး တရားပြဘို့ ကြိုးစားနေတဲ့ ကိုဌေးလွင်ဦးဆိုတဲ့ ပုဂ္ဂိုလ်ဟာ အထက်တန်းပြ အင်္ဂလိပ်စာဆရာလုပ်ခဲ့လို့ တပည့်တွေ အများကြီးရှိတယ်။ ဒါ့အပြင် တပည့်ထဲမှာ ဘုန်းကြီးတွေ၊ ဗလီဆရာတွေ၊ ခရစ်ယာန်ဓမ္မဆရာတွေ အများကြီးရှိတယ်။ မမှန်တာ တွေ့ရင် ဘယ်ဘာသာကိုမှ ဘယ်လူသားကိုမှ ချမ်းသာပေးမှာ မဟုတ်သလို၊ ကိုယ်က မမှန်ရင်လည်း ချက်ချင်း ပြုပြင်ရဲတဲ့ သတ္တိရှိတယ်။

ကျွန်တော့ဆိုက်ထဲက ဟာဂျီ ဆိုတဲ့ ကဗျာလေးကို ဖတ်ကြည့်ပါ။

ကိုအောင်ဆန်းက ကျွန်တော့ကို တရားပြချင်ရင် (သို့မဟုတ်) မိမိကလွဲ သူတစ်ပါးကို တရားပြချင်ရင်- သူတစ်ပါးက မိမိကို တရားပြလာရင် လက်ခံနိုင်မလား ဆိုတာကို အရင်စဉ်းစားပါ။ (တဘက်သတ် ငါပဲမှန်တယ်၊ ငါ့ဝါဒပဲမှန်တယ်- ဆိုတာမျိုး ဆိုရင်တော့ - အင်မတန် အတ္တကြီးတဲ့ အယူဖြစ်လို့ အဲ့လို အတ္တကြီးတဲ့ အယူကို စွဲမှတ်ထားလိုသူများ အတွက် ကျွန်တော် အချိန်ကုန် မခံနိုင်ဘူးဗျာ။)

ဒီနေရာမှာ မေးခွန်း (၃) ခုမေးမယ်နော်။ (၁) ဒုက္ခဆိုတာ ဘာကို ခေါ်ပါသလဲ။ (၂) ဒုက္ခချုပ်ငြိမ်းခြင်း တရားဆိုတာ ဘာကို ခေါ်သလဲ။ (၃) ဟောသူကိုယ်တိုင် ဒုက္ခက လွတ်မြောက်ခဲ့ပါသလား။
၁)ပဋိသန္ဓေတည်နေရခြင်း(ဇာတိ)သည်ဒုက္ခတည်း၊
အိုခြင်း(ဇရာ)သည်  ဒုက္ခတည်း၊
သေခြင်း(မရဏ)သည် ဒုက္ခတည်း၊
စိုးရိမ်ပူပန်ခြင်း(သောက)သည်ဒုက္ခတည်း၊
ငိုကြွေးခြင်း(ပရိဒေ၀)သည် ဒုက္ခတည်း၊
ကိုယ်ဆင်းရဲခြင်း(ဒုက္ခ)သည်ဒုက္ခတည်း၊
စိတ်ဆင်းရဲခြင်း(ဒေါမနဿ)သည် ဒုက္ခတည်း၊
ပြင်းစွာပူပန်ခြင်း(ဥပါယာသ)သည် ဒုက္ခတည်း၊
မချစ်ခင်မနှစ်သက်ဖွယ်တို့နှင့်တွေ့ဆုံပေါင်းသင်းရခြင်းသည် ဒုက္ခတည်း၊
ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊
အလိုရှိသည်ကို မရခြင်းသည်လည်း ဒုက္ခတည်း။
မဟာသတိပဋ္ဌာန်သုတ်ထဲတွင် ရှု့ ပါ။

(၂) ‘ဒုက္ခသည်သာလည်းကောင်း၊ ဒုက္ခ၏အစသည်လည်းကောင်း၊ ဒုက္ခ၏အဆုံးသည်လည်းကောင်း၊ ဒုက္ခချုပ် ငြိမ်းရာ အကျင့်သည်လည်းကောင်း ၊ဤခန္ဓာကိုယ်၌သာလျှင်ရှိ၏ ။’’ (သံယုတ်နိကာယ်၊ရောဟိတဿသုတ်) ဂင်္ဂါမြစ်ထဲ၌ ရေချိုးခြင်းဖြင်. မကောင်းမှုအညစ်အကြေး ကင်းစင်သည်ဟု ယူဆသော ဗြာဟ္မဏတစ်ဦးအား အပြစ်မတင်ဘဲ "ဤအယူမှာ သင်တို.၏ အယူဖြစ်သည်။ ငါ၏ သာသနာ၌မူ မဂ္ဂင်ရှစ်ပါးသည် ကိလေသာ အညစ်အကြေး စွန်.ပစ်ရာ ရေအိုင်ဖြစ်သည်" စသည်ဖြင်. ဟောကြား၏။( သံယုတ္တနိကာယ်၊ ဗြာဟ္မဏသံယုတ်၊ သင်္ဂါရဝဗြာဟ္မဏသုတ်) ‘‘ဘုရားတရားစကားကို များစွာ ပြောသော်လည်း မကျင့်ကြံသောသူသည် နွားကို ထိန်း ကျောင်းပါလျက် နွားနို့ အရသာ မခံစားရသော နွားကျောင်းသား နှင့်တူ၏ ။ ဘုရား တရား စကားအနည်းသာ ပြောသော်လည်း ကျင့်ကြံ သောသူကပိုမြတ်၏။’’ (ခုဒ္ဒကနိကာယ်၊ ဓမ္မပဒဂါထာ-၁၉) 

၃.နိဗ္ဗာန်ဆိုသည်မှာ.. တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်သောတရားဖြစ်သည်။
ဒီအတွက် အလွန်ကျေးဇူးတင်ပါတယ်။ မှတ်ထားပါမယ်။ ကိုအောင်ဆန်းပြောတဲ့ အကြောင်းအရာများဟာ လက်တွေ့ယုတ္တိနဲ့ ကိုက်ညီသလား မကိုက်ညီမလား သမ္မာဒိဌိ၊ သမ္မာ သင်္ကပ၊ နဲ ၀ိဘဇ္ဇ၀ါဒ (အပြန်အလှန် စီစစ် ခြင်းဝါဒ) နဲ့ စစ်ဆေးခံနိုင်ပါ့မလား။ လက်တွေ့နဲ့ မကိုက်ညီရင် စိတ်ကူးယဉ်ပဲ ဖြစ်လိမ့်မယ်။ အကြောင်းအရာ တစ်ခုကို ပြောသူကိုယ်တိုင်က အဲ့ဒီအကြောင်းအရာအတိုင်းလုပ်မပြနိုင်ရင် ပြောသူဟာ လူလိမ်သာ ဖြစ်လိမ့် မယ်။ ဥပမာ- ကျွန်တော်က ကားဆိုတာ ဒီလိုမောင်း၊ ဟိုလိုကွေ့ဆိုပြီး ကိုအောင်ဆန်းကို ပါးစပ်က သင်ပေး တယ်။ သင်ပေးသူ ကျွန်တော်ကိုယ်တိုင်က ကားမမောင်းတတ်ဘူးဆိုရင်- ကျွန်တော့ရဲ့ သင်ပေးခြင်းပညာကို အားကိုးထိုက်သလား မထိုက်ဘူးလား- ကိုအောင်ဆန်း မှန်ကန်စွာ (သမ္မာ သင်္ကပ) ဆင်ခြင်မှုနဲ့ ပြန်လည် ဆွေးနွေးပေးပါ။ ဒီလူကို ငါယုံတယ်။ ငါ့မိဘလည်းယုံတယ်။ သူဘာပြောပြော စီစစ်နေရာမလိုဘူး အားလုံးကို ငါယုံတယ်။ ဒီလူပြောသမျှကိုပဲ  ပုဂ္ဂိုလ်စွဲနဲ့ ခုခံကာကွယ်မယ်ဆိုရင် အဲ့လိုလူစားမျိုးနဲ့ ဆွေးနွေးနေလို့ အချိန် ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ ကိုအောင်ဆန်း။

ကိုလွင်ဦး ကျွန်တော်ဒီမေးခွန်းကို ဖြေပြီးပါပြီ။ ကိုလွင်ဦးကျွန်တော်ပို့ထားတဲ့ စာတွေအပေါ် သေချာနားမလည်လိုက်ဘူး ထင်တယ်။ သံသယ လွန်ကဲစွာထားသောစိတ်ဖြင့် သော်လည်းကောင်း၊ ချီးမွမ်းခြင်းထုံသော အစွန်းရောက်စိတ်ဖြင့် လည်း ကောင်း ပိဋကတ်ကျမ်းကိုဖြစ်စေ အဘယ်သော ကျမ်းဂန်ကိုမဆို မလေ့လာပါနှင့်။ ဗုဒ္ဓ လမ်းစဉ်သည် မဇ္ဈိမပဋိပဒါ လမ်းစဉ် သာဖြစ်၏။

ကျမ်းတတ်ပုဂ္ဂိုလ်ကြီးများက ရေးခဲ့တယ်ဆိုတာက ပိဋကတ်တစ်အုပ်လုံး ဖြစ်ပါတယ်။ ကိုအောင်ဆန်း ဖြေတဲ့ အဖြေက တိကျမှု မရှိဘူးလေ။ ကျမ်းတတ်ပုဂ္ဂိုလ်ကြီးများကို ဒီလိုဆိုကြလို့ “နမောတသ” ဂေါတမက သင်ခဲ့ သလား မေးနေတာပါ။ ဒါမှမဟုတ် ကျမ်းပြုပုဂ္ဂိုလ်ကြီးများက သူတို့သဘောနဲ့ သူတို့ ပုဂ္ဂိုလ်ရေး ကြည်ညိုလို့ ပုဂ္ဂိုလ်ရေး သိဒ္ဓိတင် ရေးသားခဲ့တာလားလို့ သေချာကွဲပြားအောင်ပါ။ (ဆန္ဒရှိမှ ဖြေပါ)။
လေးစားလျှက်

25.7.2011
Caha ya: ကိုလွင်ဦး ပုဂ္ဂိုလ်စွဲရှိနေသည့်သူ၊ ငါဆရာဆိုပြီးမာန်ထောင်နေသည့်သူ၊ ငါတို့ ဘာသာကသာ အမှန် ဆိုတဲ့သူကို ကျွန်တော်က ဆက်ဆွေးနွေးမနေချင်ပါ။

ပြန်စမ်းစစ်ကြည့်ပါ။ တမန်တော်မိုဟာမတ်သည် သူလိုက်နာနိုင်သည့် နည်းလမ်းများကိုသာ အလ္လာလ် အရှင်မြတ် ပြောကြားခဲ့သည်ဟူပြီး ရေးခဲ့ခြင်းလော။ ဥပမာ မိန်းမကိစ္စများကို သူ့တွင်အပြစ်မရှိစေရန် ကျမ်းပြု သူအား ရေးခိုင်းခဲ့ခြင်းလော။ ကိုရမ်ကျမ်းသည် ပုဂ္ဂိုလ်စွဲ လုံးဝကင်းလွတ်ပါသလော။ ဟာဂျီဆိုတာ ကိုလွင်ဦး ဆိုဒ်တွင် ရဟန်းပြုခြင်းသကဲ့သို့  ဖြစ်သည်ဟူပြီး အဘယ်ကြောင့်ရေးခဲ့သနည်း။ ရုပ်ပုံ၊ ဆင်းတုတော်ပုံ၊ တွေကို ကိုးကွယ်ခြင်းမပြုရဟု ဆိုထားသော ကိုရမ်ကျမ်းက အဘယ်ကြောင့်  ဥက္ကာခဲတစ်လုံးကို ရုပ်ပုံ၊ ဆင်းတုတော် ကဲ့သို့  ကိုးကွယ်ခိုင်းပါသနည်း။

27.7.2011
U Htay Lwin Oo:  ကိုလွင်ဦး ပုဂ္ဂိုလ်စွဲရှိနေသည့်သူ၊ ငါဆရာဆိုပြီးမာန်ထောင်နေသည့်သူ၊ ငါတို့ ဘာသာကသာ အမှန်ဆို တဲ့သူကို ကျွန်တော်က ဆက်ဆွေးနွေးမနေချင်ပါ။
ပြန်စမ်းစစ်ကြည့်ပါ။ တမန်တော်မိုဟာမတ်သည် သူလိုက်နာနိုင်သည့် နည်းလမ်းများကိုသာ အလ္လာလ်အရှင်မြတ် ပြောကြား ခဲ့သည်ဟူပြီး ရေးခဲ့ခြင်းလော။ ဥပမာ မိန်းမကိစ္စများကို သူ့တွင်အပြစ်မရှိစေရန် ကျမ်းပြု သူအား ရေးခိုင်းခဲ့ခြင်းလော။

ကိုအောင်ဆန်းက ကျွန်တော်ဘာသာပြန်တဲ့ကျမ်းက ဟာဂျီကိုတော့ ဖတ်တယ်။ ကျွန်တော့ ဆိုက်ထဲက ကိုယ်တော်မုဟမ္မဒ်နဲ့ အိမ်ထောင်ရေးဘ၀ဆိုတာတော့ မဖတ်ဘူးထင်တယ်။ စာအုပ်စင်ကဏ္ဍမှာ ရှိတယ် ဖတ် ကြည့်လိုက်ပါ။

ဒါနဲ့ စကားကြုံလို့ပြောမယ်ဗျာ- ကိုယ်တော်မုဟမ္မဒ် မိန်းမယူခဲ့တာ ဘယ်နှစ်ယောက်လို့ ကြားဘူးသလဲ။ ဂေါတမ ကတော့ ၈၄၀၀၀ ကျော်တယ်နော်။ နောက်ဆုံးထိ မိန်းမငါးယောက် သားငါးယောက်ရှိခဲ့တယ်။ ဒါတွေကို ကော ကိုအောင်ဆန်း သိပါသလား၊ မသိခဲ့ရင် Wife of Gautama ဆိုပြီး google ထဲမှာ ရိုက်ကြည့်လိုက်ပါ။

နဲနဲ ဆက်ပြောမယ်။ ယောက်ျားတစ်ယောက် မိန်းမယူတယ်ဆိုတာ ယုတ္တိဗေဒနဲ့ ကိုက်ညီတယ်။ ယောက်ျား တစ်ယောက် မိန်းမမယူဘဲ ယောကျားချင်းယူရင်သာ ယုတ္တိဗေဒနဲ့ မကိုက်ညီတာပါ။ နောက်တစ်ခုက ကိုအောင်ဆန်းမှာ အသုံးမပြုတဲ့ အထုပ်ကြီးတစ်ထုပ်ရှိတယ်ဆိုရင်- အဲ့ဒီအထုပ်ကြီးကို ဘ၀တစ်လျှောက် သွားရ မယ့်ခရီးအတွက် ထမ်းပြီးသွားနေရတာ ၀န်မလေးဘူးလား။

အဲ့ဒီအထုပ်ကြီးကို ထမ်းရတာ လေးမှန်းသိတော့- လူမသိအောင် ခိုးပြီးကြိတ်နေတဲ့ ဘုန်းကြီးတွေက အများကြီး နော်။ ဘုန်းကြီးချင်း ဖုံးဖိထားတာပါ။ မြန်မာနိုင်ငံကျော် ဆရာတော်ကြီးတွေဖြစ်တဲ့ ရန်ကုန် သိမ်ဖြူဆရာတော်။ နိုင်ငံကျော် အထင်ကရ ၀ိပဿနာတရားပြ ဆရာတော်ကြီး ပုပ္ပါးဆရာတော် ဦးပရန၀သိဒ္ဓိ၊ မန်းတလေး နန်း တွင်း- နန်းဦးဆရာတော်ကြီး အပါအ၀င် မြို့တိုင်းနယ်တိုင်းလိုလိုက ဘုန်းကြီးပေါင်း ၁၀၀ ကျော်က-- အမျိုး သမီးပေါင်းများစွာနဲ့ ၀န်ထုပ်ဖြေရတယ်လေ။ ဘုန်းကြီးချင်း ဖုံးဖိထားပေမယ့်- နိုင်ငံတော်ကတော့ အရေးယူ လိုက်ရတယ်လေ။ ဟိုးလေး တကျော်ဗျာ။ ကိုအောင်ဆန်းတော့ ငယ်ဦးမယ်ထင်တယ်။ အခုခေတ်မှာလည်း အများကြီးပါ။ ဒါတွေက သဘာဝကို ဆန့်ကျင်ခိုင်းလို့ ဖြစ်ရတာလေ။ လူသားမှာ ဘာအပြစ်ရှိလို့လဲ။ ကျွန်တော် လည်း အပြစ်မတင်ဘူး - ဒါပေမယ့် ကိုအောင်ဆန်းအနေနဲ့ သူတစ်ပါးဘာသာကို မတော်မတရား ပြောဆိုရင် ကိုယ့်ဘက်ကိုလည်း ပြန်ကြည့်တတ်အောင် သတိဖေါ်ပေးခြင်းသာ ဖြစ်ပါတယ်။

ကိုရမ်ကျမ်းသည် ပုဂ္ဂိုလ်စွဲ လုံးဝကင်းလွတ်ပါသလော။
သေချာလေ့လာလိုက်ပါ။ ကုရ်အံကျမ်းမှာ ကိုယ်တော်မုဟမ္မဒ်ရဲ့ အမည်နာမတောင် လေးကြိမ်ပဲ ဖေါ်ပြတယ်။ သူ့ အဖေ၊ သူ့အမေ၊ သူ့ဇနီး၊ သူ့သားသမီး နာမည်များ လုံးဝမပါသလို၊ သူ့ရဲ့ ကိုယ်ရေးရာဇ၀င်လည်း လုံးဝဖေါ်ပြ မထားဘူး။ ပုဂ္ဂိုလ်ရေး လုံးဝလုံးဝ ကင်းရှင်းပါတယ်။ သူကိုယ်တိုင်က ကုရ်အံကျမ်းပါ ဥပဒေတိုင်းကို လိုက်နာ ရပါတယ်။ ပိဋကတ်က ဥပဒေတိုင်းကို ဂေါတမကိုယ်တိုင် လိုက်နာခဲ့ပါသလား။

ဟာဂျီဆိုတာ ကိုလွင်ဦးဆိုဒ်တွင် ရဟန်းပြုခြင်းသကဲ့သို့ ဖြစ်သည်ဟူပြီး အဘယ်ကြောင့်ရေးခဲ့သနည်း။
ရဟန်းပြုတယ် သာသနာ့ဘောင်ဝင်တယ်၊ ပရိဝါ့သ်ပြုတယ်ဆိုတာ ဗုဒ္ဓဘာသာမတိုင်မှီ ကတည်းက အစဉ် အလာနဲ့ ရှိခဲ့တယ်။ နည်းနာမတူတာပဲ ရှိတယ်နော်။ ဂေါတမကိုယ်တိုင် ရဟန်းစ၀တ်ခဲ့ရတယ်။ မေ့ထားမလို့ လား- အလားတူပဲ ရှင်သာရိပုတ္တရာတို့၊ ရှင်မောက္ကလာန်တို့ အားလုံးက ဂေါတမက ရဟန်းပြုပေးခဲ့တာ မဟုတ် ဘူးလေ။ သူ့ဆရာ သူ့အစဉ်အလာနဲ့ ရဟန်းပြုခဲ့တာပဲ။ ဘာလဲ ကိုအောင်ဆန်းက ရဟန်းဆိုတာ ဗုဒ္ဓဘာသာ ဘုန်းကြီးပဲဖြစ်ရမယ်လို့ မူပိုင်ဆွဲမလို့လား။

ရုပ်ပုံ၊ ဆင်းတုတော်ပုံတွေကို ကိုးကွယ်ခြင်းမပြုရဟုဆိုထားသော ကိုရမ်ကျမ်းက အဘယ်ကြောင့် ဥက္ကာခဲတစ်လုံးကို ရုပ်ပုံ၊ ဆင်းတုတော်ကဲ့သို့  ကိုးကွယ်ခိုင်းပါသနည်း။
သေချာလေ့လာပါဦး- ရမ်းတုတ်နေတာ- ရမ်းတုတ်သူကိုးကွယ်တဲ့ဘာသာကို ထိခိုက်စေပါတယ်။ ခင်ဗျားတို့ ကိုးကွယ်တဲ့ဘာသာတရားက “မသိတာကို ရမ်းတုတ်ပြီး ဟုတ်ဟုတ် မဟုတ်ဟုတ်ပြော၊” လို့ သွန်သင်ထားပါ သလားဆိုရင်- ဘယ်လိုဖြေမလဲ။

ကိုးကွယ်တာ၊ ဆည်းကပ်တာ၊ ရှိခိုးတာ၊ မျက်နှာမူတာ၊ ဘယ်လိုကွာသလဲ၊ ဘယ်လိုအနှစ်သာရ ရှိသလဲ။ အရင် သိအောင် လေ့လာပါ။

မူဆလင်တွေမှာ ဗုဒ္ဓဘာသာများ နားလည်ခံစားထားသလို ဘုရားရှိခိုးခြင်း မရှိဘူး။ ဆွလာ့သ်ပြုတယ် ဆိုတာ ရှိတယ်။ (နားလည်လွယ်အောင် သူ့ရွာနဲ့ သူ့ဓလေ့ ပမာပေးပြောဆိုတာကို ဘုရားရှိခိုးတယ် ထင်နေတာကိုး)

ပြီးတော့ တစ်ကမ္ဘာလုံးက အစ္စလာမ်သာသနာဝင်များ ညီညွတ်စေဘို့ ဆွလာ့သ်ဝတ်ပြုတဲ့အခါမှာ ကာအ်ဘာ ၀တ်ကျောင်းဘက်ကို လှည့်ခိုင်းတယ်။ အဲ့ဒီ ကာ့အ်ဘာကျောင်းကို ရှိခိုးတာ မဟုတ်သလို၊ ကာအ်ဘာထဲမှာ ရှိတဲ့ ဇာန်ဇာန်ရေးတွင်း၊ ကာ့အ်ကျောင်းကို ဆောက်ထားတဲ့ အုပ်ခဲ၊ သံ၊ ပနက်တိုင်၊ အုတ်ကာခဲတွေကို ရှိခိုးခိုင်း တာလည်း မဟုတ်ဘူး။ အုတ်ခဲ၊ ကျောက်ခဲ၊ စကျင်ကျောက်၊ ရှိသမျှသော ကျောက်၊ သစ်သား၊ ဖေါ့၊ အမှိုက် သရိုက်နဲ့ပြုလုပ်ထားတဲ့ စက္ကူ၊ ပလပ်စတစ်မျိုးစုံနဲ့ ပုံသဏ္ဍာန်မျိုးစုံ ထုဆစ်ဘုရားဆိုပြီး ကိုးကွယ်ရှိခိုး- ဆွမ်းကွမ်း ကပ်နေသူတွေက သူတို့အပြစ်ကိုလွှဲချဘို့ရာ မူဆလင်တွေအတွက် လုပ်ဇာတ်ခင်းထားတာကို ကိုအောင်ဆန်း လိုက်ယုံနေတယ်ဆိုရင်- ကိုအောင်ဆန်းမှာ လူဆိုတဲ့ ဂုဏ်ရည်ယုတ်လျှော့ပါတယ်ဗျာ။

အဲ့ဒီ လူတွေက သူတို့အိမ်ရှေ့က ဘူးပင်မှာ ပိန္နဲသီး သီးပါတယ်ဆိုရင်လည်း ကိုအောင်ဆန်း လိုက်ယုံမှာပဲလား။
ကုလားပြောပြော၊ တရုတ်ပြောပြော - ဘိန်းစားပြောပြော၊ ဘုန်းကြီးပြောပြော- ပြောတဲ့ စကားကို ယုတ္တိဗေဒနဲ့ ဆင်ခြင်ပြီး လက်တွေ့ယုတ္တိနဲ့ မှန်တယ်ဆိုရင် ယုံပေါ့။

ယုတ္တိရှိရှိ မရှိရှိ ငါ့ဆရာပြောရင် ယုံမယ်ဆိုရင် ကိုအောင်ဆန်းလို လူစားမျိုးနဲ့ ဘယ်လို စကားပြောလို့ရမှာလဲ။
ကျွန်တော်နဲ့ စကားပြောလို ဆွေးနွေးလိုရင် ယုတ္တိရှိပြီး လူသားတွေအတွက် အကျိုးရှိမယ့် စကားတွေကိုပဲ ပြော ပါဗျာ။ ဘ၀ဟာ တိုလွန်းလို့ပါ။

ဒါနဲ့ ကျွန်တော်ဖတ်ခိုင်းတာက ကဗျာကဏ္ဍထဲမှာ ဟာဂျီတွေကိုသရော်ထားတဲ့ ကဗျာကိုပြောတာပါ၊ ပြန်ဖတ် ကြည့်နော်။

ဌေးလွင်ဦး

31.7.2011
Caha ya: နမောတသ ဘဂ၀တော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ ဆိုသည့် ပါဠိအပိုဒ်သည် ဗုဒ္ဓဘုရား ဟော ကြားခဲ့ခြင်း၊ ရင့်ကျူးခဲ့ခြင်းမဟုတ်ပါ။ ကျမ်းတတ်ပုဂ္ဂိုလ်များရေးခဲ့ခြင်းဖြစ်သည်ဟု ကျွန်ုပ်ပြောခဲ့ပြီးပါပြီ။ ဘုရား ဂုဏ်တော်ကိုးပါးကို အကျဉ်းချုပ်ရေးထားသော ပါဠိအပိုဒ်ဖြစ်သည်။
ဗုဒ္ဓ ဘုရားရင့်ကျူးခဲ့သည်မှာ ငါသာလျှင်အကြီးကျယ်ဆုံး၊ ငါသာလျှင်အမြင့်မြတ်ဆုံးဆိုသည့် စကားကို အမိဝမ်း တွင်းမှ ထွက်ပြီး ခြေ ၇ လှမ်းအပြီး ပြောကြားခဲ့သည်။  အလ္လာဝက်ပတ် (အာရဗီစာ မသင်ခဲ့သည့်အတွက် သတ် ပုံများမှားလျှင်ခွင့်လွှတ်ပါ) ဆိုသည်ကို  အလ္လာကိုယ်တိုင်ရင့်ကျူးခဲ့ခြင်းလော။ ကိုလွင်ဦးဖြေထားတဲ့အထဲမှာ တမန်တော်မိုဟာမတ်ကိုယ်တိုင်ရင့်ကျူးတယ်လို့ ဆိုပါတယ်။ ကျွန်တော်မေးတာနှင့်အဖြေတလွှဲဖြစ်နေပါသည်။ ပြန်ဖြေကြားစေလိုပါတယ်။

ကိုရ်အံကျမ်းက အဘယ်ကြောင့်  ဥက္ကာခဲ တစ်လုံးကို ရုပ်ပုံ၊ ဆင်းတုတော်ကဲ့သို့  ကိုးကွယ်ခိုင်းပါသနည်း။  attachment file တွင်ရှု့ ပါ။

လာမဲ့ ရက်တွင် ကိုလွင်ဦးတို့ ဘာသာ အတွက် ၀ါရှောင်လဖြစ်သည့်အတွက် ကျွန်တော့်ဆီ မေးလ်ပြန်မပို့ လို့ ရပါတယ်။ အေးအေးချမ်းချမ်း ပဲ ဥပုသ် စောင့်ပါ။
သတ္တ၀ါအားလုံးချမ်းသာကိုယ်စိတ်မြဲပါစေ။
အ. သုဒ္ဓသီလော ဒုပ္ပညော

အောင်ဆန်း(မော်လမြိုင်)




2.8.2011
U Htay Lwin Oo:  နမောတသ ဘဂ၀တော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ ဆိုသည့် ပါဠိအပိုဒ်သည် ဗုဒ္ဓဘုရား ဟောကြားခဲ့ခြင်း၊ ရင့်ကျူးခဲ့ခြင်းမဟုတ်ပါ။ ကျမ်းတတ်ပုဂ္ဂိုလ်များရေးခဲ့ခြင်းဖြစ်သည်ဟု ကျွန်ုပ်ပြောခဲ့ပြီးပါပြီ။ ဘုရား ဂုဏ် တော် ကိုးပါးကို အကျဉ်းချုပ်ရေးထားသော ပါဠိအပိုဒ်ဖြစ်သည်။
ဒါဆို အခု ကိုအောင်ဆန်း ယုံကြည်လက်ခံနေရတဲ့ ဗုဒ္ဓဘာသာက ကိုယ်တော်ဂေါတမကိုယ်တိုင်က ပြောဆို ဆုံးမ လမ်းပြခဲ့တာ မဟုတ်ဘဲ။ ကိုယ်တော်ဂေါတမရဲ့ နာမည်ကိုသုံးပြီး ကျမ်းတတ်ပုဂ္ဂိုလ်များက ညွှန်ပြတဲ့ အတိုင်း နှလုံးပိုက် လိုက်နာနေရတယ်ပေါ့။ အဲ့လို အဓိပ္ပါယ် ဖြစ်နေတယ်။

ဗုဒ္ဓ ဘုရားရင့်ကျူးခဲ့သည်မှာ ငါသာလျှင်အကြီးကျယ်ဆုံး၊ငါသာလျှင်အမြင့်မြတ်ဆုံးဆိုသည့် စကားကို အမိဝမ်းတွင်းမှထွက် ပြီး ခြေ ၇ လှမ်းအပြီး ပြောကြားခဲ့သည်။
ဒါလည်း အဲ့ဒီ ကျမ်းတတ်ပုဂ္ဂိုလ်များက ရေးခဲ့တာပဲ မဟုတ်လား။ ဒီလိုရေးသား မှတ်တမ်းတင်တာ မှန်ပါတယ်လို့ ကိုအောင်ဆန်းကိုယ်တိုင်က ဘုရားအဖြစ် လက်ခံထားတဲ့ ကိုယ်တော်ဂေါတမက မှတ်ချက်ပေးခဲ့ပါသလား။

အလ္လာဝက်ပတ် (အာရဗီစာ မသင်ခဲ့သည့်အတွက် သတ်ပုံများလျှင်ခွင့်လွှတ်ပါ) ဆိုသည်ကို အလ္လာကိုယ်တိုင် ရင့်ကျူးခဲ့ ခြင်းလော။
နောက်တစ်ခါ ကျွန်တော့ဆီကို စာပြန်ရင် အလ္လာဟ်ဟုအာ့ဂ်ဘာရ် လို့ ရေးပါ။ အခုအသိပေးပြီ ဖြစ်တယ်။ မသိမှီက အသံထွက်ကို လိုက်ရေးမိခြင်းက ဗွေယူစရာ မဟုတ်ပေမယ့်၊ သိပြီးမှာ ဆက်မှားရင် ရည်ရွယ်ချက်နဲ့ မှားတာဖြစ်လို့ တမင်းကြံရွယ်ခြင်းလို့ ဖြစ်ပါတယ်။

ကိုလွင်ဦးဖြေထားတဲ့အထဲမှာ တမန်တော်မိုဟာမတ်ကိုယ်တိုင် ရင့်ကျူးတယ်လို့ ဆိုပါတယ်။ ကျွန်တော်မေးတာနှင့် အဖြေ တလွှဲဖြစ်နေပါသည်။ ပြန်ဖြေကြားစေလိုပါတယ်။
ကိုအောင်ဆန်း အနေနဲ့ - အလ္လာဟ်နဲ့ ရစူလ် (ဉာဏ်စဉ်ဆောင်)ကို ဂေါတမနဲ့ တပည့်သာဝကများလို ထင်မှတ် ထားတယ်- ထင်တယ်။

အလ္လာဟ်ဆိုတာ- ပရမတ်ဘုရား၊ ဉာဏ်ဘုရား၊ အစိန္တယျဘုရား- စကားလုံးအားဖြင့် မည်သို့မှ တုနှိုင်း ဆင်ခြင် သုံးသပ်ဖေါ်ပြ၍ မရသော ဘုရားလို့ အရှေ့အလယ်ပိုင်းမှာ အစဉ်အလာနဲ့ကို လက်ခံထားပါတယ်။ - ရစူလ် ဆို တာက လူသားထဲက သမ္မာသမ္ဗုဒ္ဓ အဆင့်ထိဖြစ်တဲ့ ပုဂ္ဂိုလ်ကို ခေါ်တယ်။ ကမ္ဘာမှာ ရစူလ် ခေါ် သမ္မာသမ္ဗုဒ္ဓတွေ အများကြီး ခေတ်အဆက်ဆက်နဲ့ ပွင့်ပေါ်ခဲ့တယ်။ သူတို့က သူတို့ရဲ့ ဉာဏ်အားမှာ (အချို့ ဗုဒ္ဓဘာသာ ဆရာ တော်ကြီးများက ဦးခေါင်းမှာလို့ သုံးပါတယ်)- ပရမတ်ဇစ်မြစ် ဘုရား၊ ဉာဏ်ဘုရား (အလ္လာဟ်) ဆီမှ ဉာဏ်ဓါတ် တော်တွေ ကိန်းဝပ်ပေးပါတယ်။ သို့မဟုတ် လူသားက ဉာဏ်စဉ်မြင့်လာပြီး ဇစ်မြစ် ဉာဏ်ဘုရားရဲ့ ဓါတ်တော် ကြီးကို ကိန်းဆိုက် သိမြင်ခွင့်ရှိတယ်။ လူဘုရားတွေက ဉာဏ်စဉ်ပွင့်လင်းပြီး လောကဓမ္မကို ဖတ်နိုင်တဲ့ အဆင့် မှာ နောက်လိုက် တပည့်များကို လောကမှာ နေထိုင်ကျင့်ကြံနည်းကို သွန်သင်ပြသပေးတယ်။ လူဘုရားဆိုတာ က ခေတ်အလိုက် ဒေသအလိုက် လူမျိုးအုပ်စုအလိုက် ပွင့်ပေါ်နိုင်တဲ့ ပညတ်ဘုရားဖြစ်တယ်။ အမြဲ ပရမတ် တည်နေတာ မဟုတ်ပါ။ ဒါကြောင့် လူဘုရားကို- အာရ်ဗီသဒ္ဒါမှာ ဟုအာ့ဂ်ဘားရ် ဆိုတဲ့ ဒီဂရီအဆင့်နဲ့ မဖေါ်ပြ ဘူး။ (အာရ်ဗီသဒ္ဒါမှာ- လူသားနဲ့ လောက အတွက်သုံးတဲ့ သဒ္ဒါက အင်္ဂလိပ်၊ မြန်မာတို့လိုပဲ- ကြီးသည်၊ ပို၍ ကြီးသည်၊ အကြီးဆုံး လို့ အဆင့် သုံးဆင့်ရှိတယ်။ အာ့ဂ်ဘားရု၊ အာ့ဂ်ဘာရာနိ၊ အာ့ဂ်ဘာရူးန- လို့ သုံးတယ်။  အမြဲပရမတ်တည်နေတဲ့ အသင်္ခတ ဉာဏ်ဘုရား အခေါ်အဝေါ် ဂုဏ်တော်အားဖြင့် အလ္လာဟ်ကို ဟုအာ့ဂ်ဘာရ် လို့ သီးခြားသုံးတယ်။ ဒီဝေါဟာရ တစ်ခုတည်း မဟုတ်ဘူး- အလ္လာဟ်နဲ့ ပတ်သက်ပြီး သုံးတဲ့ ဝေါဟာရတိုင်းဟာ သီးခြား ဖြစ်တယ်။

ဒါကြောင့်- လူဘုရား (ပညတ်ဘုရား) နဲ့ ဉာဏ်ဘုရား (ပရမတ်ဘုရား) ကို စာဖတ်လိုက်တာနဲ့ ချက်ချင်း ခွဲသိတယ်။ “ငါသည် အလ္လာဟ်ဖြစ်၏ ငါမှအပ အခြာဘုရားဟူ၍ မထားကြလင့်၊” ဆိုတဲ့ စကားလုံးက ဉာဏ်စဉ်ရ လူသားပညတ်ဘုရားရဲ့ နှတ်က ထွက်လာတာပဲ။ ဒါပေမယ့် အဲ့ဒီအခြေအနေမှာ ပြောတဲ့ နာမ်စား “ငါ” ဆိုတာ ပြောနေသူ လူသားပညတ်ဘုရားကို မရည်ညွှန်းဘူး၊ မရည်ညွှန်းကြောင်းလည်း အာရ်ဗီသဒ္ဒါက ခွဲခြားပြီးသား ဖြစ်တယ်။

ကျွန်တော်တို့က ကိုယ်တော်မုဟမ္မဒ်ကို နောက်ဆုံးပွင့် အရိမတ္တေယျ မြတ်စွာဘုရားလို့ လက်ခံတယ်။ သူ ကိုယ် တိုင်ပြောပြသွန်သင်မှုက တိကျခိုင်လုံစွာ ရှိတယ်။ (သူကပြောပါတယ်လို့ အမည်မသိ နောက်ပေါက် ဆရာကြီး များက တီထွင်ပြောဆိုခဲ့တာ မဟုတ်ဘူး)- သူဉာဏ်စဉ်ကိန်းဝပ်စဉ်သိမြင်တဲ့ လောကဓမ္မ၊ ဉာဏ်စဉ်သိဓမ္မကို သူ့ မျက်မှောက် တိကျစွာ မှတ်တမ်းတင်တယ်။- ဒီမှတ်တမ်းကို အစ္စလာမ် သာသနာဝင်တွေက အသက်ပေး စောင့် ရှောက်ထားတယ်။ အလွန်အင်အားကြီးတဲ့ မူဆလင်ကို မနာလိုရန်ပြုသူတွေက ခေတ်အဆက်ဆက်မှာ နည်းမျိုးစုံနဲ့ ကိုယ်တော်မုဟမ္မဒ်ရဲ့ ဉာဏ်စဉ် (၀ဟီယ်) ဖြင့် သိသော ဉာဏ်စဉ်သိ ဓမ္မ (ကျမ်းမြတ်ကုရ်အံ) ကို ဖျက်ဆီးဘို့၊ စာကြောင်း စာသား အစားထိုးဘို့- ကြိုးစားခဲ့တယ်။ ကြိုးစားနေတယ်။ ဒါပေမယ့်-- ဘယ်တော့မှာ သူတို့လုပ်လို့ မရခဲ့ဘူး။

သူ့ပါးစပ်က ရင့်ကျူးတဲ့ အလ္လာဟ်ဟုအာ့ဂ်ဘားရ် ဆိုတာ သူ့ကိုယ်သူ မရည်ညွှန်းဘူး၊ တုနှိုင်းဖေါ် ပြနိုင်စွမ်း မရှိတဲ့ အသင်္ခတ ပရမတ် ဉာဏ်ဘုရားကို ရည်ညွှန်းတယ်။

“ငါ” ဆိုတဲ့ တိုက်ရိုက် နာမ်စား နှစ်မျိုးရှိကြောင်း သိလိုရင် ကိုယ်တော်ဂေါတမက ၀က္ကလိမထေရ်ကို ပြောတဲ့ စကားကို လေ့လာဆန်းစစ်ကြည့်ပါ။ “၀က္ကလိ ငါအား စေ့စေ့ကြည့်နေသော်လည်း ငါ့ကို မြင်သည် မမည်။ - ဓမ္မကို မသိလျှင် ငါ့ကို မသိနိုင်၊ ဓမ္မကို သိမှ ငါ့ကိုသိမယ်--” လို့ ပြောခဲ့တာလေ။ တကယ်တမ်း ၀က္ကလိ ကြည့် နေတာက ဂေါတမဆိုတဲ့ ပုဂ္ဂိုလ်ကိုပဲ မဟုတ်ဘူးလား။ အကြည့်ခံနေရတဲ့ ပုဂ္ဂိုလ်ဂေါတမက သင်က ငါ့ကို မမြင် လို့ ပြောနေတယ်။ ဒီအချိန်မှာ သူပြောနေတဲ့ “ငါ” ဆိုတာ သူမဟုတ်တဲ့ “ငါ” ဆိုတာ နားလည်ပါ။ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းပြီး ဥပမာ ပေးမယ်။ စုန်းပူးခံနေရသူကို မှော်ဆရာက ကြိမ်နဲ့ ရိုက်တော့ “ငါ့ကို မရိုက်ပါနဲ့- ငါ ထွက်ပေးပါ့မယ်” လို့ ပြောစဉ်မှာ ပြောနေတဲ့ “ငါ” ဆိုတာ ပါးစပ်လှုပ်နေတဲ့ လူနာဖြစ်ပါသလား။ ဆိုတာ စဉ်စား ပါ။

အစ္စလာမ်က ဉာဏ်ဘုရားနဲ့ လူဘုရားကို သီးခြားခွဲပြီး ဖြစ်တယ်။ နောက်လိုက် ပညာရှင်များက ဉာဏ်ဘုရားနဲ့ လူဘုရားကို ရောစပ်လို့ မရနိုင်အောင် ပညတ်ကျမ်း ကုရ်အံကလည်း ခိုင်မာစွာ တည်ရှိတယ်။ (ဒါတောင် အချို့ က တွဲဘို့ ကြိုးစားသူတွေ ရှိသေးတယ်နော်- နောက်ကြုံရင် ဗဟုသုတ အဖြစ် ဝေငှပေးမယ်။)

အခု ကိုအောင်ဆန်း လက်ခံထားတဲ့ ဗုဒ္ဓဘာသာက ကိုယ်တော်ဂေါတမရဲ့ ဉာဏ်စဉ်သိ ဓမ္မကို သီးသန့် ခိုင်မာစွာ မှတ်တမ်းမတင်ခဲ့တော့-၊ နောက်ပေါက်လက်ထက်တွေမှာမှ မှတ်တမ်းတင်ရတာ အကုန်ရော ကုန်ပါပြီ။ (ရိုးရိုး သားသားဝန်ခံပါ။) ဉာဏ်ဘုရားနဲ့ လူဘုရားရောသွားပြီလေ။ ပြန်လည်ထုတ်ဖေါ် ပြောဆိုတဲ့ ဆရာတော် ကြီးများလည်း ၀ိနိစ္စယထိကုန်တာပဲ။ အမှန်ကို ဖေါ်ထုတ်မယ့် ဆရာတော်ကြီးများက ၀ိနိစ္စယ ထိကုန်တော့- ရေများရေနိုင် မီးများ မီးနိုင်- နောက်လိုက်လူထုမှာတော့ အနိုင်ရသူများ၏ အောက်မှာ လည်စင်းခံတော့ပေါ့ဗျာ။
(မရှင်းတာ ရှိရင် ပြန်မေးပါ။)

ကိုရ်အံကျမ်းက အဘယ်ကြောင့် ဥက္ကာခဲ တစ်လုံးကို ရုပ်ပုံ၊ ဆင်းတုတော်ကဲ့သို့  ကိုးကွယ်ခိုင်းပါသနည်း။ attachment file တွင်ရှု့ ပါ။
တွဲပို့တဲ့ ပုံကို ကြည့်ပြီးပါပြီ။

ကိုအောင်ဆန်း သိထားသင့်တဲ့ အချက်များကို ပြောပြမယ်။

(၁) ကျောက်တုံးက လူတစ်ယောက် ထမ်းလို့ရတဲ့အရွယ် ဖြစ်တယ်။ ဒီတော့ အဲ့ဒီကျောက်တုံးကို မပျောက် ပျက်ရအောင် စတီးဘောင်နဲ့ကွပ်ပြီး ကာ့ဘ်ကျောင်း (အဆောက်အဦးရဲ့နံရံမှာ မူလီနဲ့ ကပ်ထားရတယ်။) ကိုအောင်ဆန်းပေးပို့တဲ့ ပုံမှာ ကျောက်တုံးကို စတီးဘောင်နဲ့ ကွပ်ထားတာ တွေ့လိမ့်မယ်။

မပျောက်ပျက်အောင် စောင့်ရှောက်ရတဲ့ အကြောင်းရင်းက ဒီကျောက်တုံးဟာ ကိုယ်တော်မုဟမ္မဒ် မတိုင်မှီ ရှေး ပဝေဏသီကတည်းက ရှိနေခဲ့တယ်။ အစဉ်အလာနဲ့ကိုရှိခဲ့ပြီး ကမ္ဘာ့ပထမဆုံး လူသားတွေဟာ အခြားဂြိုလ် တစ်ခုက ပြောင်းရွှေ့လာခဲ့တာလို့ အစဉ်အလာနဲ့ကို နားလည်လက်ခံထားတယ်။ အဲ့ဒီအတွက် အမှတ်တရ- သက်သေဖြစ်တဲ့ ဒီကျောက်ခဲကို မပျောက်ပျက်ရအောင် သိမ်းထားတာပါ။

ဒီအချက်ကိုက အစ္စလာမ်သာသနာဟာ အလွန်ထူးခြားနေတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ သိပ္ပံပညာဆိုတာ မပေါ်မှီကတည်းက ဒီကမ္ဘာဟာ သီးခြားတစ်ခုတည်း မဟုတ်ဘူး၊ ကောင်းကင်မှာ (သူတို့ခေတ်က ကောင်းကင် လို့ ခေါ်ခဲ့တဲ့ အာကာသ အာရ်ဗီစကားနဲ့ ဆမာ) မှာ အခြား သက်ရှိနေတဲ့ ဂြိုလ်တွေ ရှိသေးတယ် ဆိုတာ သက်သေခံနေတယ်။
နောက်ဆုံး ဒီကမ္ဘာပျက်သွားရင်လည်း လူသားမျိုးဆက်ဟာ နောက်ကမ္ဘာတစ်ခုကို ပြောင်းရွှေ့သွားမှာပဲ။

ကျွန်တော်ဘာသာပြန်ထားတဲ့ ကုရ်အံရဲ့ ဓမ္မခန္ဓာ ၁၄ နောက်ဆုံးအပိုဒ်နဲ့ အောက်ခြေရှင်းချက်ကို ကြည့်ပါ။--
ကိုအောင်ဆန်းပို့တဲ့ နောက်ပုံတစ်ခုက-- ဟာ့ဂ်ျပြုနေသူတွေက ကျောက်တုံးကို ကြည့်နေပုံ  ဖြစ်တယ်။ လက် အုပ်ချီ ရှိခိုးနေတာ မဟုတ်ဘူးနော်။ ဘိုးဘွားစဉ်ဆက် အမှတ်တရသိမ်းဆည်းခဲ့တဲ့ ကျောက်တုံးကို အလွန် ဝေးလံတဲ့ အရပ်ကလူတွေ လာခိုက်- ကြုံခိုက် ကြည့်ရှုတာကို ရှိးခိုးပသတယ်လို့များ ကိုအောင်ဆန်း ထင်ပါ သလား။ ဟာ့ဂ်ျလုပ်သူ လူဦးရေး သုံးသန်းလောက်က လူတစ်ယောက်မလို့ရတဲ့ အရွယ် ကျောက်တုံးကို ကြည့် လိုစိတ်ရှိရင် တိုးဝှေ့ပြီး ကြိတ်ကြိတ်တိုး ကြည့်ရမှာပဲ။  သတင်းထောက်တွေများ ပါလာရင် ပိုဆိုးဦးမယ်။ ဒေါင့် မျိုးစုံက ဓါတ်ပုံရိုက်ဘို့ ကြိတ်ကြိတ်တိုးနေမှာပဲ။ ဒါကို ဘယ်လိုလုပ် ကိုးကွယ်နေတယ်လို့ ကိုအောင်ဆန်းက မှတ်ချက်ပေးလိုက်တာလဲ။ တိုးဝှေ့ပြီး တစ်ယောက်လက်ကို တစ်ယောက်ကိုင်နေတယ်။ ဒါကို ဓါတ်ပုံဆရာက ဘေးက ရိုက်လိုက်တော့ ဓါတ်ပုံထဲက အလယ်လူရဲ့ လက်က ဘေးတိုက်အနေအထားမှာ မြန်မာများထင်မြင်တဲ့ လက်အုပ်ချီ ပုံစံမြင်ရတယ်။ ဒါကိုမှတ်ချက်ပေးတာလား။

ဓါတ်ပုံကိုလည်း အသေခြာ ကြည့်စေလိုပါတယ်။ ပိုဆိုးတာက မူဆလင်တွေဟာ လက်အုပ်ချီရှိခိုးလေ့ မရှိဘူး။ တကယ်လို့ လက်အုပ်ချီမိရင်တောင် အဲ့ဒီ အမူအယာကို ရှိခိုးတယ်လို့ ကမ္ဘာ့မူဆလင်တွေက မသိဘူး၊ မခံစားတတ်ဘူး၊ ဆိုတာလည်း ကိုအောင်ဆန်း ဆက်လက်လေ့လာစေလိုတယ်။

လာမဲ့ ရက်တွင် ကိုလွင်ဦးတို့ ဘာသာအတွက် ၀ါရှောင်လဖြစ်သည့်အတွက် ကျွန်တော့်ဆီ မေးလ်ပြန်မပို့ လို့ ရပါတယ်။ အေးအေးချမ်းချမ်း ပဲ ဥပုသ် စောင့်ပါ။
သတ္တ၀ါအားလုံးချမ်းသာကိုယ်စိတ်မြဲပါစေ။
အေးဗျာ- နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အမေရိကန် မြောက်ပိုင်းမှာ နေ၀င်နေထွက် အချိန်အရ-မနက် ၄ နာရီက ည ၈း၃၀ ထိ ဥပုသ်သီလ စောင့်ရတော့- လူတော့ နည်းနည်း ပန်းတယ်ဗျာ။ ဒါပေမယ့် သိလိုတာများ ရှိရင် စာပို့ထားပါ။

အတွေးအခေါ်များ ထောင်ကျနေခြင်းမှ လွတ်ကင်းပါစေ။

ဌေးလွင်ဦး

(မှတ်ချက်။   Caha ya ဖက်မှ ဆက်လက် မေးမြန်းလာခြင်း မရှိတော့ပါ.... )

1 comment:

  1. ကိုငှေးလွင်ဦးရေ www.faithfreedom.org မှာ
    Dr.ali sina က islam တွေ ကို စိန်ခေါ်ပြီး
    Debate လုပ်ဖို့ပြောတာ ၁၀ နှစ်တောင် ကျော်ပြီ ။။ ဘယ် islam မှ မချေပနိုင်ဘူး zakir naik အပါအဝင်ပေါ့ ။ သွားချေပ ကြည့်ပါလား ဗျ ။

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)