Friday, September 20, 2013

နွားကို သနားသော၊ နွားကို ကျေးဇူးရှင်ဟု ဟစ်ကြွေးနေသူများသို့-



ကမ္ဘာပေါ်မှာ တိရိစ္ဆာန်ကိုဖြစ်စေ၊ လူကိုဖြစ်စေ သတ်ပုံသတ်နည်း အမျိုးမျိုးရှိတယ်...
လူကိုသတ်တာက သေဒဏ်ကျလို့ သတ်တာအပြင် အကြောင်းအရင်း အမျိုးမျိုးကြောင့် သတ်ကြတယ်။

သေဒဏ်ဆိုရင်လည်း လျှပ်စစ်ကုလားထိုင်၊ ကြိုးမိန့် ၊ သေနတ်နဲ့ ပစ်သတ်၊ အရှင်လတ်လတ် မြေမြှပ်သတ်၊ ခေါင်းဖြတ်သတ် စသဖြင့်ပေါ့လေ...

တိရိစ္ဆာန်တွေကျတော့ အပြစ်မရှိပဲ ဘာလို့ သတ်ဖြတ်ကြတာလည်း... အဲ့ဒီအချက်က ပွိုင့်ပဲ...

အစ္စလာမ်ဘာသာမှာ တိရိစ္ဆာန်ဆိုတာ လူတွေစားသောက်အသက်ရှင်ဖို့ အတွက် ဖန်ဆင်းပေးထားတာဖြစ်တယ်... တိရိစ္ဆာန်အားလုံးကို စားချင်တိုင်းလည်း စားလို့ မရဘူး...ဖန်ဆင်းရှင်ဖန်ဆင်းထားတဲ့ အရာအားလုံးမှာ အကျိုးနဲ့ အကြောင်းရှိတယ်... လူစားဖို့ ဖန်ဆင်းထားတာရှိသလို အညစ်အကြေး သန့် ရှင်းဖို့ ဖန်ဆင်းထားတဲ့ တိရိစ္ဆာန်(ဥပမာ ၀က်)တွေလည်း ရှိတယ်...

အစ္စလာမ်မှာ ရှောင်ရှားရတဲ့ အသားတွေအများအပြားရှိတယ်... ခရစ်ယန်မှာဆိုရင် ကျနော် သိရသလောက် သွေးစားလို့ မရဘူး... ဗုဒ္ဓဘာသာမှာဆိုရင် ကျနော် သိရသလောက် ဘာမှမရှောင်ခိုင်းထားဘူး... သတ္တ၀ါတွေအပေါ် မေတ္တာထားပြီး သတ်သတ်လွတ်စားချင်စားပေါ့လေ... ဟိန္ဒူဘာသာမှာကတော့ ရှုပ်တယ်... သတ်သတ်လွတ်စားတာနဲ့ ၊ ခြေလေးချောင်း ရှောင်တာနဲ့ ၊ အမဲသားတစ်မျိုးပဲမစားတာနဲ့ ၊ ဆိတ်တွေခေါင်းဖြတ်သတ်တာနဲ့ ... အစုံပဲဗျာ ဒါတွေကတော့ ဘာသာတရား တွေမှာ ဆောင်ရန်ရှောင်ရန်ပေါ့လေ...

နောက်ပြီး ယဇ်ပူဇော်တာတွေလည်း ရှိတယ်ဗျ...ကြားဖူးကြမှာပါ အထူးအထွေမပြောတော့ဘူး... ဒီလင့်ခ်မှာကြည့်ပါ
http://www.ethnobiomed.com/content/5/1/23

နောက်ပြီးတော့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဒါမှမဟုတ် ပျော်ပွဲရွှင်ပွဲ ပွဲတော်အဖြစ် တိရိစ္ဆာန်တွေကို အပျော် သတ်ဖြတ်ကြတဲ့ ပွဲတွေလည်းရှိတယ်... ဥပမာ ဘရာဇီးယဇ်ပူဇော်ပွဲ၊ စပိန်နွားရိုင်းသတ်ပွဲ၊ တရုတ်ဝက်သတ်ပွဲ (ပုံတွင်ရှု)

တချို့ ကျတော့ ထူးဆန်းတယ်...တိရိစ္ဆာန်တွေအော်ဟစ်ရုန်းကန်တာကို ဇိမ်ခံကြည့်ရတာတို့ ၊ အရှင်လတ်လတ် စားသောက်ရတာတို့ ကို ၀ါသနာထုံပြန်တယ်... ဥပမာ...ဂျပန်မှာ မျောက်အရှင်လတ်လတ် ဦးနှောက်ဖောက်စားတာမျိုး၊ တိရိစ္ဆာန်တွေကို အကြောင်းမဲ့ စားလည်းမစားပဲနဲ့ ရိုက်သတ်လိုက်တာမျိုး....(အပျော်တမ်း အမဲလိုက်တာပေါ့)

တချို့ ကျတော့လည်း ပိုက်ဆံရဖို့ အတွက်သတ်ကြတယ်...(မုဆိုးတွေပေါ့)

အစ္စလာမ်ဘာသာက တိရစ္ဆာန်များလည်လှီးသတ်ဖို့ ပြဌာန်းထားတယ်...
WHO က ပြဌာန်ထားသော နိုင်ငံတကာအတွက် တရားဝင်သားသတ်နည်းမှာ အစ္စလာမ်ဘာသာ ၀င်များ အသုံးပြုလျှက်ရှိသည့် လည်ပင်းလှီးဖြတ်(Halal) လုပ်သည့် နည်းလမ်းဖြစ်ပါတယ်...
ဘောင်ကျဉ်းကျဉ်းလေးမှကြည့်၍ ဝေဖန်နေသူများ နဲ့  လေ့လာလိုသူများ အောက်က ဗီဒီယိုကိုကြည့်ပါ...တိရိစ္ဆာန်တွေကို ဘယ်လို ရက်ရက်စက်စက်သတ်သလဲဆိုတာကို...
https://www.facebook.com/photo.php?v=126395897558456

ကျနော်တို့ အစ္စလာမ်ဘာသာမှာ တစ်နှစ်လျှင်တစ်ကြိမ် အမိန့် ပညတ်ချက်ကြောင့် ကုရ်ဘာနီခေါ် (လည်ပင်းလှီးဖြတ်ခြင်း မင်္ဂလာ) လုပ်လေ့ရှိတယ်...တိရိစ္ဆာန်တွေကို ရက်ရက်စက်စက် မသတ်ခိုင်းထားဘူး...လည်ပင်းကို သွေးကြောအပြတ်ဖြတ်၊ သွေးအကုန်ထွက်တာစောင့်ရင် နာကျဉ်မှုဒဏ်ကို အလွန်ဆုံးခံစားရ ၅မိနစ်ပဲပေါ့...မြန်မာနိုင်ငံမှာတော့ အဓိက ကုရ်ဘာနီလုပ်ကြတာ...နွားပေါ့ဗျာ၊ ဆိတ်နဲ့ ကျွဲတို့ ကလည်း အနည်းနဲ့ အများပါပါတယ်...

စဉ်းစားလို့ မရတာတစ်ခုက ကုရ်ဘာနီလုပ်တာကို ဘာဖြစ်လို့ နွားသတ်တယ်လို့ ပဲထင်ပြီး နွားမသတ်ဖို့ ကို အသည်းအသန် လှုံဆော်နေကြတာလည်းဗျာ...လွန်ခဲ့တဲ့ နှစ်လလောက်က ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ မှာ သားသတ်ခွင့်လိုင်စင်ကို ဘုန်းကြီးတွေဦးဆောင်ပြီး လိုက်သိမ်းတယ်၊ နွားမသတ်ရဘူးဆိုတော့ ကျန်တဲ့ အကောင်တွေသတ်လို့ ရတယ်ဆိုတဲ့သဘောလား...ပိတ်ပင်ရင်လည်း ဘယ်အကောင်မဆို မသတ်ရလို့ ပိတ်ပင်ပေါ့...မဟုတ်ဘူးလား...

နွားကို မသတ်ရလို့ ပိတ်ပင်လည်း ကျနော်တို့ ကုရ်ဘာနီလုပ်စရာ အကောင်မရှိပဲ နေတော့မှာ မဟုတ်ဘူး...နွားမလုပ်ရရင် ဆိတ်၊ သိုး၊ ကျွဲ၊ ကုလားအုတ်တို့ ရှိတယ်...နွားကိုပဲ သဲကြီးမဲကြီးလိုက်တိုက်ခိုက်နေတာကလည်း စစ်ခွေးတွေ၊ သူတို့ လုပ်ရပ်ကို ထောက်ရှု့ မယ်ဆိုရင် အခုတလော တရုတ်ပြည်နဲ့ တခြားနိုင်ငံတွေကို အသားတင်ပို့ မယ်ဆိုတဲ့ သတင်း သဲ့သဲ့ကြားမိကြမယ်လို့ ထင်ပါတယ်..တင်လည်းတင်ပို့ နေပါတယ်..တရုတ်က စားစရာရရင် အကုန်စားမှာ... နောက်ဆုံးခွေးပါတင်ပို့ နေရတာ အားလုံးအသိ...

ဒီတော့ ဒီစစ်ခွေးတွေ..အစိုးရဖော်လန်ဖားတွေ နွားမသတ်ဖို့ ၊နွားကို သနားဖို့ လှုံ့ ဆော်နေတာက သူတို့ အကျိုးအမြတ်အတွက်ပဲ...ဘာဘာသာရေးမှ မလေးစားဘူး...လေးစားတယ်ဆိုရင် ၂၀၀၇မှာ သံဃာတွေ ခေါင်းကွဲခဲ့မှာ မဟုတ်ဘူး..

သူတို့ ကိုယ်ကျိုးအတွက်မပါရင် ဘာမှမလုပ်ဘူးဆိုတာ ယောင်ဝါးဝါးလေးတွေ မှတ်ထားကြပါ...

စာလည်းရှည်သွားပြီ...ရေးချင်သေးတာတွေအများကြီးရှိပေမယ့် ဒီလောက်နဲ့ ပဲ တော်သေးပြီ
(စတီ ဗင်)

နံမည်ကြီး ထမင်းငတ် မွတ်စ်လင်နိုင်ငံများ  (ကလစ်နှိပ်ဖတ် လေ့လာရန်)


ဆက်စပ်ရုပ်သံများ-

1 comment:

  1. လူကြီးမင်းတို့ ဘာသာမှာ တိရိစ္ဆာန်တွေကို ဘယ်လိုသတ်ပါလို့ပြောထားပေမယ့် ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာတော့ သူတပါးအသက်ကို သတ်ခိုင်းဖို့နေနေသာသာ သူတပါးနာကြင်စေအောင်တော့ မလုပ်မဖို့ သွင်သင်ထားပါတယ် လူကြီးမင်းရေးထားသလို ဘယ်အသားကိုတော့စားပါ ဘာအသားကိုတော့ မစားပါနဲ့လို့လဲ လို့လဲဘာမှသင်ပြမထားပါဘူး ဘယ်အသားမှမရှောင်ခိုင်းထားပါဘူးဆိုတဲ့ စကားလုံးလဲ မရှိပါဘူး သားသတ်လွတ်စားခြင်းကတော့ ရဟန်းသင်္ဃာတော်တွေကိုပဲ လူသားတွေ လှူသောဒါနအပေါ် စိတ်မှာယွင်းမိမှာဆိုးရိမ်သောအတွက်သာ လှူဒါန်းတဲ့ ဆွမ်းကိုပဲဘုန်းပေးခိုင်းခဲ့ပ့တယ် လူကြီးမင်းပြောခဲ့ အကျိုး/အကြောင်း ဆိုတာကတော့ လောကနိယာမတစ်ခုပါပဲ လူကြီးမင်းအနေနဲ့ ကြောင်း/ကျိုး နိယာမအကြောင်းကို တကယ်သိချင်ပါတယ် ဆိုရင်တော့ ဗုဒ္ဓဘာသာကို ပိုပြီးလေ့လာကြည့်စေချင်ပါတယ် ရှေ့တွင်၎င်း အလယ်တွင်၎င်း နောက်ဆုံးပိုင်းတွင်၎င်း လူကြီးမင်း အနေနဲ့ ထောက်ပြပြောဆိုနိုင်ပါတယ် ကမ္ဘာပေါ်တွင် ဘာသာရေးအရ ဝေဖန်ခံနိုင်ပြီး လူကြီးမင်းတို့ လက်ခံနိုင်မည့်/ရမည့် အဖြေမျိုးကို ရှာဖွေတွေ့ရှိပါလိမ့်မည်

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)