Friday, July 28, 2017

သမိုင်းကပြောသော ဓါတ်ပုံ

ခသ်နာပွဲဟုထင်ရသော ပွဲအတွက် ရိုက်ကူထားသည့်ပုံကို နိုင်ငံခြားထုတ်Burma tourist guideတွင်
၁၉၀၀ပြည့်နှစ်ဟုဖေါ်ပြထားသည်။ဘေးဖက်တွင်ရပ်ထားသောကလေးငယ်များသည် အက်ျကန် ဟုခေါ်သော ဝတ်စုံ နှင့်ဦးထုပ်ဆောင်း ထားသည် ကိုတွေ့ရသည်။ မြန်မာမွတ်စလင်မ်တို့၏ ခသ်နာပွဲဓလေ့ဟုဆိုရပါမည်။

Copy from: Javeed Than


Wednesday, July 26, 2017

ဘင်္ဂလီ ဘယ်သူလဲ?

ဘင်္ဂလီ ဘယ်သူလဲ့၊ Who is Bengali? Buddha လည်း ဘင်္ဂလီ
******************************************************

1) Collin Dictionary အရ
-------------------------------
၁) ဘင်္ဂလားဒေရှ် (သို့) အိန္ဒီယပိုင် အနောက်ဘင်္ဂလားနယ်တွင် အဓိက နေထိုင်သော လူမျိုးစုကို ဘင်္ဂလီဟုခေါ်သည်။ အနောက် ဘင်္ဂလားတွင် ဟိန္ဒူဘာသာဝင် အဓိက နေထိုင်ပြီး အရှေ့ဘင်္ဂလား နှင့် ဘင်္ဂလားဒေရှ်တွင် မူစလင်များ အဓိက နေထိုင်သည်။

၂) ဘင်္ဂလားတွင် မွေးဖွားသူ (သို့) ဘင်္ဂလားတွင် နေထိုင်သူ။
၃) ဘင်္ဂလားတွင် အင်ဒိုအာရီယန် စကားကိုပြောကြသည်။

2) Oxford Dictionary အရ
----------------------------------
၁) ဘင်္ဂလားတွင် မွေးဖွားသူကို ဘင်္ဂလီဟုခေါ်သည်။

3) Merriam Webster Dictionary အရ
-------------------------------------------------

ဘင်္ဂလားဒေရှ် (သို့) အိန္ဒီယပိုင် အနောက်ဘင်္ဂလား တွင် မွေးဖွားသူ (သို့) နေထိုင်သူကို ဘင်္ဂလီဟုခေါ်သည်။

Buddha Gautama
---------------------------

Buddha Gautama ၏ မိခင်ဘာသာ စကားမှာ Magadhi Prakit ဘာသာစကားဖြစ်သည်။ ဗုဒ္ဓ၏ မွေးဖွားရာ Magdha နယ်သည် အိန္ဒိယအရှေ့ပိုင်း Rajagraha (ရာဇင်္ဂြိုဟ်), Patali Putra (ပါတလီ ပုတ္တရာ), Bihar, Nepal နှင့် ဘင်္ဂလားဒေရှ် တို့ဖြင့် ဖွဲ့စည်းထားပြီး BC 558 မှ BC491 အထိ Bimbisara (ဗိမ္ဘိသာရ) နှင့် ၄င်းကို ဆက်ခံသူ Ajatashatru (အာဇာတရှတ္တရူ) တို့ အုပ်ချုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဦးနှောက် မိုင်းတိုက်ခံရပြီး မသိနားမလည်းသော ငနွားများနှင့် သိသိနဲ့လိမ်နေသော လူလိမ်များက အစ္စလာမ်ဘာသာ မှန်လျင် ခိုးဝင် ဘင်္ဂလီ ဘင်္ဂလီ ပုတီးစိပ်နေကြသည်။ အမှန်မှာ ဗုဒ္ဓကို တမ်းတခြင်းပင် ဖြစ်သည်။

မူရင်းတင်သူအား Credit ပေးပါသည်။


Saturday, July 22, 2017

သမိုင်းပြန်သင်ဦး သီတာဂူ

#သမိုင်းပြန်သင်အုန်း_သီတဂူ

ပုဂံခေတ်သူရဲကောင်း ဗျတ်ဝိ၊ ဗျတ္တ ညီနောင်နှင့် ရွှေဖျဉ်းညီနောင်

မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံတော်ကြီးဖြစ်သည့် ပုဂံခေတ် ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်းတင်ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။ [၅၁] ( မျိုးနွယ် အမည် ဗျတ် ကို အီရတ်၊ အာရေဗျ နှင့် အချို့သောအိန္ဒိယမြောက်ပိုင်းသား စူရတီ မွတ်စလင်တို့အကြားတွင် ယနေ့တိုင်တွေ့ရှိ ရသည်။) ထို အာရပ် မွတ်စလင် နှစ်ဦးသည်သထုံရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။

ထိုသူ နှစ်ဦး သည် အရပ်အမောင်းမြင့်မား ခံ့ညား ကြပြီး လျှင်မြန်ဖြတ်လတ် သန်မာသလို ရဲစွမ်းသတ္တိ လည်း ရှိ ၏ ဟု ပြောစမှတ် တွင်ခဲ့သည်။
ထို ဗျတ် ညီနောင်နှစ်ဦးအကြောင်းဖော်ပြထားသော မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီနောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့သောဘုန်းကြီးဆွမ်းစားရန် စီစဉ်ထားသော ဇော်ဂျီ အသေ (ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီးနောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြထားသည်။ သထုံ ဘုရင် သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား ၎င်း ၏ ဇနီးမယား၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။

ညီငယ်ဖြစ်သူသည် ပုဂံသို့ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီးအပါးတော်တွင်ဝင်ရောက်ခိုလှုံခစားခဲ့သည်။ သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သို့ တစ်နေ့လျှင် ဆယ်ကြိမ် သွား၍ ပန်းများကို ယူလာရလေ့ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်းပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက်ထွန်းကားခဲ့သည်။[၅၂] မြန်မာ့သမိုင်း ၏ မှတ်တမ်း တစ်ခု ဖြစ်သည့် မှန်နန်းရာဇဝင် တွင်လည်းမြန်မာနိုင်ငံသို့မွတ်စလင်တို့စတင် ရောက်ရှိသည့် ဒေသနှင့်ကာလကို ပထမမြန်မာနိုင်ငံတော်ကြီး (မြန်မာအင်ပါယာ)
တွင်းခရစ်သကရာဇ် ၁၀၅၀ ခန့် ဟု ပြဆိုသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော အာရပ်ညီနောင်နှစ်ဦးတို့သည်သထုံ သို့ရောက်ရှိခဲ့ ကြောင်း ၊[၈][၅၃] သထုံ ဘုရင် သည် ထိုညီနောင် ၏ အစွမ်းသတ္တိ ကို ထိတ်လန့်မိပြီး အစ်ကိုဖြစ်သူ ဗျတ်ဝိ ကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း ၊[၅၄] အငယ်ဖြစ်သူ ဗျတ္တ သည် ပုဂံ သို့ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီး ထံတွင် ခိုလှုံခစား ခဲ့ကြောင်း ၊[၅၄] ပုပ္ပါး အရပ်ရှိ မိန်းမပျိုတစ်ဦးနှင့် အကြောင်းပါခဲ့ပြီး ရွှေဖျဉ်းညီနောင် ဟု တွင်သော သားနှစ်ဦးထွန်းကားခဲ့ကြောင်း ကို လည်းအဆိုပါ မှန်နန်းရာဇဝင်တွင် ဖော်ပြထားသည်။[၅၄]

ရွှဖျင်းညီနောင်

နောက်ပိုင်းတွင် ရွှေဖျင်းညီနောင်တို့သည် လည်း အနော်ရထာမင်းထံပါးတွင် သူရဲကောင်းစစ်သည်တော် အဖြစ်အမှုတော် ထမ်းခဲ့ကြသည်။ ရန်သူ့နယ်မြေအတွင်းစည်းသို့ လျှို့ဝှက်ထိုးဖောက်ဝင်ရောက်ရသော အထူးစစ်သည် အဖြစ်ပင် အမှုတော် ထမ်းခဲ့ကြသည်။ ၎င်းတို့သည် တရုတ်ဘုရင် ဥတည်ဘွား ၏ ကိုယ်ရံတော်အစောင့်အရှောက်တပ်များ ကို လျှို့ဝှက် ထိုးဖောက်၍ ဥတည်ဘွား ၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့်
မျဉ်းသုံးကြောင်းဆွဲခဲ့ပြီး နံရံပေါ်တွင်လည်း အနော်ရထာမင်းကြီး၏ရာဇသံ ကို ရေးထားခဲ့သည့် အဖြစ်အကြောင်း နောက်ပိုင်းတွင် ပိုမို ထင်ရှားကျော်ကြားလာခဲ့သည်။ ထိုအကြောင်းခြင်းရာကြောင့် အင်အား စွမ်းပကား ကြီးမားလှသော တရုတ် စစ်တပ်ကြီးနှင့် တရုတ်ဘုရင်ကြီး တို့သည် ကြောက်ရွံ့ ထိတ်လန့်၍ မြန်မာတို့နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ [55] ပုဂံပြည် ဦးတည်ဘွားတို့ အကြား အရေးတော်ပုံ
တွင် အောင်မြင်စွာအမှုတော်ထမ်းခဲ့ သော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့သည် ကွပ်မျက်ခြင်းခံခဲ့ကြရသည် ။ မန္တလေးမြို့ ၏ မြောက်ဖက် တောင်ပြုန်းအရပ်တွင် တည်ထားမည့် စေတီ တစ်ဆူ ဌာပနာ ဆောက်လုပ် ရာတွင် ၎င်းတို့ ပါဝင် ရန် ငြင်းပယ်ခဲ့ သဖြင့် ရာဇမာန်ရှခြင်း ခံခဲ့ကြရသည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။ [56]
ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ်စာနေရာကို အနော်ရထာမင်းကြီး မြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရထာမင်းကြီးသည် အမှုသွားအမှုလာကို စုံစမ်းကြားနာစစ်ဆေးတော်မူပြီးနောက် ၎င်းညီနောင်နှစ်ဦးအားအမိန့်တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင်တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။
၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာမင်းကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေခဲ့သည်။ ဤသို့ ဖြစ်ရခြင်း မှာ ရွှေဖျင်းညီနောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်က တော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။ အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များကရွှေဖျင်းညီနောင်တို့သည် အနော်ရထာမင်းကြီးအား သစ္စ္စာစောင့်သိစွာ အမှုတော်ထမ်းခဲ့သော်လည်း
မတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ်ချက်ကို ဖော်ပြ သည့်အနေဖြင့် တော်ဝင်ဖောင်တော် ၏ တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော် ရွေ့လျားမရ ဖြစ်နေသည်ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက်တင်ကြသောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီးတစ်ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ် ပသ စေသည်။ [57]
စွမ်းပကားကြီးမား စိုးရိမ်ဖွယ်ရာ သော ပြိုင်ဘက် တို့အား သတ်ဖြတ် ရှင်းလင်း ပြီးနောက် အသတ်ဖြတ်ခံ တို့ အား ကြည်ညိုသော ဘက်တော်သား မိတ်ဆွေ များ ကျေနပ်နှစ်သိမ့်စေရန် အလို့ငှါ သေပြီးသောသူတို့ ၏ အစိမ်းနတ် ကို လူတို့ကိုးကွယ် ရာ အဖြစ် သမုတ်၍ နတ်ကွန်း ဆောက်လုပ်ခြင်း အလေ့သည်ရှေးမြန်မာဘုရင်တို့ ပြုလေ့ပြု ထ ရှိသော ရာဇ ပရိယာယ် တစ်မျိုးသာလျှင် ဖြစ်သည်။ ဤသို့ဖြင့် တောင်ပြုန်း
ရွာသည် ငါးရက် ခန့်စည်ကားသော ပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာ ဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့ မြောက်ဖက် ၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီးနတ်ကွန်း ၂၀၀၀ နီးပါးသည် ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထားခြင်း ဖြစ်သည်။ [58] ယနေ့တိုင် အယုံအကြည်ရှိသူများ သည်
နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြသည်။ ထို ကိုးကွယ်သူ များသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှ ဝက်သားကို သယ်ဆောင်သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်းခံသည့်
အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။[59]

သို့ဖြင့် ရွှေဖျဉ်းညီနောင်တို့သည်မြန်မာနိုင်ငံတွင် ဘာသာရေး ယုံကြည်မှု ကြောင့် နှိပ်ကွပ် ခံရသည့် ဦးဆုံးသော မွတ်စလင်များအဖြစ်သို့
ရောက်ရှိခဲ့သည်။ အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည်တော်များနှင့် ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန် (တလိုင်း) တို့ ၏ မြို့တော် မုတ္တမ မြို့ အား အနော်ရထာမင်းကြီး စစ်ပြုတိုက်ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ် ခဲ့သည်။ [60]

Ref: http://en.wikipedia.org/wiki/Islam_in_Myanmar

Credit ​အေးမွန်


Thursday, July 13, 2017

ရွှေရိုးအက

အစ္စလာမ်ဘာသာဝင်​​နှင့်​မြန်​မာ့​​ရွှေရိုး
==================

ရွှေရိုးအကဟာဆိုရင်​အလွန်​အင်​မတန်​မှ
ထူးခြားမြူးပါးတဲ့မြန်​မာ့ရိုးရာအကဖြစ်​သည်​။
ရွှေရိုးအကရဲ့ထူးခြားချက်​က​တော့.....
သဘင်​ပညာရှင်​အဆင့်​မှသည်​​အောက်​ထစ်​ဆုံး
အရပ်​ထဲမှာသဘင်​ဝါသနာရုံသာရှိ​သော
အရပ်​သူအရပ်​သားများပါကပြနိုင်​​သော
ပညာရှင်​၊ဝါသနာရှင်​ရယ်​မဟူ....
ကချင်လျှင်​မည်​သူမဆိုကပြ​ဖျော်​​ဖြေလို့ရ​သော
အကတစ်​ခုဖြစ်​ခြင်းသည်​​ရွှေရိုးအက၏
အလွန်​ထူးခြား​သောအချက်​ပင်​ဖြစ်​သည်​။

မြူးပါးဖွယ်​အက
=======
ရွှေရိုးအကဟာ...
ဒိုးပတ်​ဝိုင်းရဲ့အတီးမြိုင်​မူမှာ
အကမြိုင်​​သော​ကြောင့်​....
မကတတ်​သူပင်​ဖြစ်​​စေဦး​တော့....
ဒိုးပတ်​သံမြိုင်​မြိုင်​မှာကြည့်​ရှု့သူများအ​နေနဲ့
မြူးတူးကြပါတယ်​။

ခေတ်​အလိုက်​ဆန်းသစ်​မူ့​ရှိခြင်း
===========
ရွှေရိုးအကဟာအခြား​သောအကများကဲ့သို့
ကကွက်​ပုံ​သေမရှိခြင်း​ကြောင့်​ပင်​.....
ကချင်​သလိုက၍ရသည်​။
ထိုသို့က၍ရ​သော​ကြောင့်​ပင်​..
အချုပ်​အ​နှောင်​၊စည်း​ဘောင်​​တွေမှလွတ်​​လပ်​​သော
စိတ်​ထဲရှိသမျှကို​ဖော်​ကျူးကပြ၍ရခြင်းပင်​ဖြစ်​သည်​။ကပြသူ၏စိတ်​ကဖြစ်​သမျှ​ဖော်​ကျူးကပြနိုင်​​သော
ကြောင့်​ကကွက်​မရိုးသွားပဲ​ခေတ်​နှင့်​အညီအမြဲဆန်းသစ်​လျှက်​ရှိသည်​။
ထို့​ကြောင့်​ပင်​....
တစ်​နှစ်​လာလည်း​ရွှေရိုး...
နောင်​တစ်​နှစ်​လာလည်း​ရွှေရိုး....
ထပ်ခါထပ်​ခါ​ရွှေရိုး​နေ​ပေမဲ့....
အမြဲဆန်းသစ်​​နေ​သော​ကြောင့်
ရွှေရိုးအားလူတို့မရိုးသွားပါ။
အား​ပေးမြဲပင်​ဖြစ်​သည်​။

====

အဆိုပါဂုဏ်​အင်္ဂါ​တွေနဲ့ပြည့်​စုံ​သော​ကြောင့်​ပင်
မြန်​မာတို့၏ပွဲလမ်းသဘင်​များ၌....
ရွှေရိုးနဲ့ဒိုးပတ်​ကားပါစမြဲပင်​ဖြစ်​သည်​။

အဆိုပါ​ရွှေရိုးအကသည်​....
မြန်​မာတို့၏သရုပ်
မြန်​မာတို့၏ပြယုဂ်
မြန်​မာတို့၏ရိုးရာအက
မြန်​မာတို့၏ဂုဏ်​ယူဖွယ်​အက
မြန်​မာတို့၏.....
မြန်​မာတို့၏...........
မြန်​မာတို့၏.............

ထို​မြန်​မာ့ရိုးရာ​ရွှေရိုးကကို
မြန်​မာပြည်​သားအစ္စလာမ်​နွယ်​ဖွား
ကာတွန်းဆရာရုပ်​ရှင်​ဟာသသရုပ်​​ဆောင်
ဦးဘက​လေးမှ``အဘ​ရေ´´ရုပ်​ရှင်​ဇာတ်​ကားတွင်
လူရိုးကြီးဦး​ရွှေအဖြစ်​သရုပ်​​ဆောင်​ရာမှ
ခါး​တောင်းကို​မြှောင်​​နေ​အောင်​ကျိုက်​ပြီး
ခါးကုန်းဟန်​ပြု၊​ခြေကိုဆတ်​​တောက်​ဆတ်​​တောက်​လုပ်​ကပုသိမ်​ထီး​လေးနဲ့စတင်​ကပြခဲ့ရာမှ....
#​ရွှေရိုးအကစတင်​ခဲ့​တော့သည်​။

သံ​ဝေဂယူဖွယ်​ပင်​တည်း....
မြန်​မာ့ရိုးရာဟု​ကြွေး​ကြော်​ရင်း
ယ​နေ့အချိန်​အထိပင်
ကြော်​ကြား၍ပြည်​ပနိုင်​ငံများ၌ပင်
မြန်​မာ့ရိုးရာအကအဖြစ်​တခမ်းတနားကပြ​နေကြ​သော​ရွှေရိုးအကသည်​....
သင်​နှင့်ကျွန်ုပ်​​​​​တို့မုန်းတီး​နေ​သော
အစ္စလာမ်​လူကြီးတစ်​​ယောက်​ကအစပြုခဲ့သတဲ့။

ကျွနု​ပ်​သည်​....
ရွှေရိုးအကကိုအစ္စလာမ်​လူကြီးတစ်​​ယောက်​ကစတင်​ခဲ့မူ့​ကြောင့်​ဟူ​သောအ​ကြောင်းပြချက်​နဲ့
ရွှေရိုးကိုမမုန်းနိုင်​ပါ....

ရွှေရိုးကိုမစွန့်​ပြစ်​နိုင်​ပါ။

ထို့အတူပင်​....
ဦးဘက​လေးကိုလည်း​မမုန်းနိုင်​ပါ။
ကျေးဇူးပင်​အထူးတင်​မိသည်​။

ထိုကဲ့သို့...
မြန်​မာ့ဂုဏ်​​ဆောင်​ကြ​သော
စွန့်​ဦးတီထွင်​သူမြန်မာပြည်ဖွားလူမျိုးခြား၊
ဘာသာခြားနိုင်​ငံသားအားလုံးကိုကျွနု​ပ်​မမုန်းနိုင်​ပါ
မစွန့်​နိုင်​ပါ........

သင်​တို့​ကော....?????
်​လက်ပံ သျှင်
(​ရွှေရိုးကိုမမုန်းနိုင်​ပါ)

မူရင်းတင်သူအား Credit ပေးပါသည်။


Wednesday, July 12, 2017

ကျောခိုင်းလိုက်ရသော မြန်မာပြည် (ဘာသာပြန် သတင်းဆောင်းပါး)

ကျောခိုင်းခံလိုက်ရသော မြန်မာပြည် (ဘာသာပြန်သတင်းဆောင်းပါး)

(ကျေးဇူးပြုပြီးစာရှည်လို့ ဆိုပြီး မကျော်သွားပါနဲ့ ။
သည်းခံပြီးဖတ်ဖြစ်အောင်တော့ဖတ်စေချင်ပါတယ်။)

ဇူလိုင်-၁၁၊ ၂၀၁၃ ဘာသာပြန်- မြင့်မိုရ်မောင်မောင် မူရင်းဆောင်းပါး- The Japan Times

ဖုန်တွေသဲတွေဖုံးလွှမ်းနေတဲ့ ဦးခေါင်းခွံ အပိုင်းအစတွေ၊ သွားတွေတွဲလျက်ရှိနေသေးတဲ့ မေးရိုးတစ်စုံရဲ့ အကျိုးအပဲ့တွေ၊ ၀ါးရင်းတုတ်နဲ့ရိုက်နှက်တိုက်ခိုက်ခံရပြီး မြေပေါ်လဲကျခိုက် အရှင်လတ်လတ်ဓာတ်ဆီလောင်းမီးရှို့ခံလိုက်ရတဲ့ ရုပ်အလောင်းတွေ လဲလျောင်းနေကြပါတယ်။

မြန်မာပြည်အလယ်ပိုင်း၊ မိတ္ထီလာမြို့ပေါ်၊ မတ်လ နံနက်ခင်းမှာ ဘုန်းတော်ကြီးတစ်ပါးသတ်ခံရတယ်ဆိုပြီး ဗုဒ္ဓဘာသာလူအုပ်စုတွေ ဒေါသပေါက်ကွဲသွားကြတယ်။ ကယ်တင်နိုင်ပါလျက်နဲ့ ဓားစားခံဖြစ်သွားသူများကတော့ အစဉ်အလာရှိတဲ့အစ္စလာမ့်ကျောင်းတစ်ကျောင်းက ဆရာနဲ့ကျောင်းသားတွေ ဖြစ်သွားခဲ့တယ်။ သူတို့ဟာ အဲ့ဒီအမှုနဲ့ ဘာမှမသက်ဆိုင်ကြတဲ့ မွတ်စ်လင်မ်တွေပါ။

သူတို့ရဲ့ရှင်သန်မှုနောက်ဆုံးအချိန်ပိုင်းလေးမှာ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ပြီး ကယ်ဆယ်စေခဲ့တယ်။ သူတို့ဟာ မီးလောင်နေတဲ့ကျောင်းဝင်းအတွင်းမှာ ရှိနေပြီး ဒေါသထွက်နေတဲ့လူအုပ်ကြီးက ၀ိုင်းရံထားတာ ခံနေရတယ်။ ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ခေါင်းပေါ်လက်တွေတင်လို့ ထွက်လာကြတဲ့အခါ လမ်းပေါ်မှာအသင့်ရပ်စောင့်နေတဲ့ ထရပ်ကားလေးစင်းပေါ် တက်စေခဲ့တယ်။

လမ်းတစ်ဝက်မှာတင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားတယ်။ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးခေတ်လွန် ခေါင်းဆောင်များက ဒီမိုကရေစီရောင်နီသစ်ထွန်းလင်းရမယ်လို့ ကတိက၀တ်ပြုလိုက်တဲ့ နှစ်နှစ်ကျော်ကာလအတွင်း အရှေ့တောင်အာရှမှာ အမှောင်မိုက်ဆုံးနေ့ရက်များထဲက တစ်ရက်ပါဘဲ။ ဆယ်ကျော်သက်အများစုပါဝင်နေတဲ့ မွတ်စ်လင်မ် ၃၆ ဦးကို ရဲတွေ၊ ဒေသအာဏာပိုင်တွေရဲ့မျက်စေ့ရှေ့မှာတင် ခုတ်သတ်လှီးဖြတ်ခဲ့ကြတယ်လေ။ တာဝန်ရှိသူများက တားမြစ်ခြင်း အလျဉ်း မရှိခဲ့ကြဘူး။

ကာကွယ်မှုနဲ့တရားမျှတမှု မခံစားရဘဲ လူနည်းစုဘာသာရေးအုပ်စုဝင်တွေအပေါ် လျစ်လျူရှုခဲ့တဲ့ ဒီအဖြစ်အပျက်က -ပြုပြင်ပြောင်းလဲရေးကတိက၀တ်ဟာ အပေါ်ယံသက်သက်သာဖြစ်ကြောင်း ပြသလိုက်တာပါဘဲ။

ဗုဒ္ဓဘာသာဝင်တွေ လွှမ်းမိုးကြီးစိုးနေတဲ့ ဒီတိုင်းပြည်က သမ္မတဟာ သေဆုံးသူတွေနဲ့ပတ်သက်ပြီး ၀မ်းနည်းကြောင်းပြောဆိုနှစ်သိမ့်ဖို့ မိတ္ထီလာကို လုံးဝ မလာရောက်ခဲ့ပေဘူး။ ဒီကုန်းစောင်းတွေရဲ့တစ်ဖက်ခြမ်းက ရုပ်အလောင်းပုံတွေနဲ့ပတ်သက်ပြီး အထောက်အထားစုဆောင်းဖို့၊ အခင်းဖြစ်နေရာကို ကြိုးတားထိန်းသိမ်းဖို့ ရဲဌာနက ဆောင်ရွက်ပြုလုပ်ခြင်း မရှိကြပါဘူး။ ကျောင်းသားတွေကို သေတဲ့အထိ ရိုက်နှက်ခုတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ဒုစရိုက်သား တွေဟာ တစ်ဦးတစ်ယောက်တည်းက ကျူးလွန်တာမဟုတ်ကြောင်း အွန်လိုင်းပေါ်က ဗီဒီယိုကလစ်ပ် တွေက သက်သေ အဖြစ် ရှိနေကြပါတယ်။

တရားမျှတမှုကင်းမဲ့ခြင်းဟာ ဗုဒ္ဓဘာသာဝင်တွေအကြား လွတ်လပ်စွာ ဒုစရိုက်ကျူးလွန်ဖို့၊ အကြမ်းဖက်မှု ပိုမို တိုးပွားလာဖို့ လမ်းကြောင်းပေးနေခြင်းသာဖြစ်တယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ပြန်လည်ပြုပြင်ရေးကို အားသွန်ခွန်စိုက်လုပ်မဲ့အစား အုပ်ချုပ်ရေးကဏ္ဍအားလုံးမှာ ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးတွေရဲ့အာဏာသြဇာ တည်မြဲရေး၊ လွှမ်းမိုးချုပ်ကိုင်ရေးသာလျှင် အလေးထားနေတယ်ဆိုတဲ့ အရှိတရားကို လှစ်ဟပြသနေခြင်း ဖြစ်တယ်။

“ မြန်မာနိုင်ငံမှာရှိနေတဲ့ ဥပဒေစည်းမျဉ်းအားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့အကျိုးအတွက်သာ ဖြစ်နေကြတယ်။ မွတ်စ်လင်မ်တွေအတွက် တရားမျှတမှုဖြစ်အောင် ဆောင်ရွက်ပေးထားတာမျိုး လုံးဝ မရှိတာကို ကျွန်မတို့သိပါတယ် ” လို့ မသီတာက ပြောပြပါတယ်။ မသီတာရဲ့ခင်ပွန်းက မိတ္ထီလာမှာ အသတ်ခံရသူများအနက် တစ်ဦးဖြစ်ပါတယ်။ အခြားသော ရှင်သန်လွတ်မြောက်လာခဲ့သူများအတိုင်း မိမိရဲ့နာမည်ရင်းကို မဖော်ပြဖို့ သူမက မေတ္တာရပ်ခံထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာက သိရှိတာနဲ့ ခေါ်ယူနှိပ်စက်ပြစ်ဒဏ်ချမှာကို စိုးကြောက်နေရလို့ပါဘဲ။

မတ်(၂၁) စုပြုံသတ်ဖြတ်မှုအကြောင်းကို လုံးစေ့ပတ်စေ့ပြောပြနိုင်ဖို့အတွက် ရှင်သန်လွတ်မြောက်လာသူ ၇ ဦး အပါအ၀င် မျက်မြင်သက်သေ ၁၀ ဦးနဲ့ ဆက်သွယ်တွေ့ဆုံခဲ့ပါတယ်။ လုံခြုံရေးဆိုတဲ့အကြောင်းရင်းကြောင့် သူတို့ နေအိမ်ပြင်ပမှာ ဆုံစည်းခဲ့ကြရတယ်။

မြို့ခံလူတစ်ချို့ရဲ့ရိုက်ကူးတင်ပြထားတဲ့ နေ့ရက်၊ အချိန်မှတ်တမ်းပါ ဗီဒီယိုကလစ်ပ်တွေ၊ လူထုမီဒီယာမှတ်တမ်းတွေ၊ ဒါဇင်နဲ့ချီတဲ့ဓာတ်ပုံတွေ၊ ပြည်တွင်းအာဏာပိုင်များရဲ့ ကွင်းဆင်းစစ်ဆေးချက်နဲ့သတင်းအချက်အလက်တွေကို ဘေးချလို့ အေပီသတင်းဌာနက သူတို့ရဲ့ထွက်ဆိုချက်တွေကို အပြန်ပြန်အလှန်လှန်စိစစ်သုံးသပ်အတည်ပြုခဲ့ပါတယ်။

စုပြုံသတ်ဖြတ်ကြတဲ့နေ့မတိုင်မှီ တစ်ရက်အလို မင်္ဂလာဇေယုံအစ္စလာမ့်စာသင်ကျောင်းဘော်ဒါဆောင်ကသူတွေဟာ အရုဏ်မတက်ခင် အမှောင်ထုထဲကပျံ့လွင့်လာတဲ့ ၀တ်ပြုရေးဖိတ်ခေါ်သံကို ကြားခဲ့ကြရပါသေးတယ်။

မတ်လ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။ အိပ်မှုန်စုံမွှားကျောင်းသား ၁၂၀ ဦးက မိမိရဲ့မျက်လုံးတွေကို ပွတ်သပ်ပြီး၊ နှစ်ထပ်ကျောင်းဆောင်ကြီးရဲ့ကြမ်းပြင်မှာ ကန့်လန့်ဖြတ်ခင်းထားတဲ့ ဖျာချပ်တွေပေါ်ကနေ ထလာကြတယ်။

မိတ္ထီလာမွတ်စ်လင်မ်ရပ်ဝန်းထဲက ရိုးရိုးစင်းစင်းကျောင်းဝင်းနံရံများရဲ့နောက်ကွယ်မှာ ပုံရိပ်တစ်ခု ရှိနေတယ်။

အဲ့ဒီကျောင်းတက်ရောက်နေတဲ့ ဒေသတစ်ခွင်က ကျောင်းသားလေးတွေဟာ တစ်နေ့ကျယင် အစ္စလာမ့်ပညာရှင် သို့မဟုတ် ဓမ္မကထိက ဖြစ်လာလိမ့်မယ်ဆိုတဲ့ ကလေးမိဘများရဲ့ မျှော်လင့်ချက်ပါဘဲ။

ကျောင်းထဲမှာ ဘောလုံးကစားကွင်းတစ်ခု၊ ဗလီဝတ်ပြုဆောင်တစ်ခု နဲ့ ဆရာ ၁၀ ဦး ရှိတယ်။ လုံခြုံထိန်းသိမ်းမှု နဲ့ စည်းကမ်းကောင်းလှတယ်လို့ ကျော်ကြားတဲ့ ကျောင်း တစ်ကျောင်းဖြစ်တယ်။ စည်းကမ်းကြီးပေမယ့် ကြင်နာတတ်တဲ့ မုတ်ဆိတ်အမျှင်တန်းပိုင်ရှင် ကျောင်းအုပ်ဆရာကြီးက ကလေးတွေကို တစ်ပတ်တစ်ကြိမ်သာ ပြင်ပထွက်ခွင့် ပေးတတ်ပါတယ်။ မိတ္ထီလာမြို့နေ လူပေါင်း တစ်သိန်းထဲက သုံးပုံတစ်ပုံဟာ မွတ်စ်လင်မ်တွေပါ။ ဗုဒ္ဓဘာသာဝင်များနဲ့လည်း ငြိမ်းချမ်းချစ်ခင်စွာ အတူနေထိုင်မှု ရှိခဲ့ကြတယ်။ (မြန်မာပြည်တပြည်လုံးမှာတော့ မွတ်စလင်မ် လူဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၅% ရှိမယ်လို့ ခန့်မှန်းကြပါတယ်။)

သို့သော်လည်း ယမန်နှစ်၊ ဇွန်လမှာ တစ်ကြိမ် နဲ့အောက်တိုဘာလမှာတစ်ကြိမ် အနောက်ပိုင်းရခိုင်ပြည်နယ်အတွင်း လူပေါင်း ရာဂဏန်းလောက် သတ်ဖြတ်ခံရပြီး တစ်သိန်းလေးသောင်းကျော် ဌာနီပျောက်အိုးအိမ်မဲ့ဘ၀ရောက်စေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် မွတ်စ်လင်မ်တွေမှာ စိုးရိမ်မှုဝင်ရောက်လာလို့ သတိထားတဲ့အနေနဲ့ အဲ့ဒီကျောင်း (မဒရဆာ)ကို နှစ်ကြိမ်တိုင်တိုင် ယာယီပိတ်ပေးခဲ့သေးတယ်။

ရုန်းရင်းဆန်ခတ်မှုရဲ့သားကောင်အဖြစ် ရိုဟင်ဂျာမွတ်စ်လင်မ်တွေကို ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာသူဖြစ်သည့်တိုင်အောင် ဗုဒ္ဓဘာသာဝင်များစွာက သူတို့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူများရယ်လို့ အမြင်ထားရှိနေကြတယ်။ ဘုန်းတော်ကြီးများဦးဆောင်တဲ့ ၀ါဒဖြန့်လှုပ်ရှားမှုတစ်ရပ်ကြောင့် မွတ်စ်လင်မ်အားလုံးဟာ ဗုဒ္ဓယဉ်ကျေးမှုရဲ့ရန်သူများအဖြစ် အမြင်ရောထွေးလို့ မုန်းတီးစိတ်ဝင်ရောက်လာခဲ့ကြတယ်။

မတ်လ ၂၀ ရက်နေ့ ကျောင်းစတက်ချိန်မှာတော့ ကျောင်းသားတွေအကြား သတင်းအချို့ကြားသိပြောဆိုနေကြတယ်။ မြို့တစ်ဖက်ခြမ်းက မွတ်စ်လင်မ်ရွှေဆိုင်ပိုင်ရှင်တစ်ဦး နဲ့ ဗုဒ္ဓဘာသာဝင်ရွှေရောင်းသူတို့ အချင်းများရာကနေ ရာဂဏန်းရှိ လူအုပ်ဟာ ဆိုင်ကိုဖျက်ဆီးမီးရှို့တဲ့ အကြောင်းကိစ္စပါ။

အဲ့ဒီနေ့ နေ့လည်ကျတော့ မွတ်စ်လင်မ်အမျိုးသားတစ်စုက ဆိုင်ကယ်တစ်စီးပေါ်ပါလာတဲ့ ဘုန်းတော်ကြီးတစ်ပါးကို ဆွဲချပြီး မီးရှို့သတ်ဖြတ်လိုက်တယ်လို့ဆိုတယ်။ အဲ့ဒီနောက် ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေက အတုန့်အလှည့်အားဖြင့် မွတ်စ်လင်မ်တွေရဲ့ဆိုင်တွေ၊ လုပ်ငန်းတွေကို ဦးတည်ဖျက်ဆီးပါတော့တယ်။ မြို့ပေါ်မှာ ဗလီ ၁၃ လုံးရှိတဲ့အနက် ၁၂ လုံး ဖျက်ဆီးခံလိုက်ရတယ်။

မင်္ဂလာဇေယုံမှာ ဆရာတစ်ချို့ စာသင်တာ ရပ်ဆိုင်းပြီး အတန်းအားလုံးကို ဖျက်သိမ်းလိုက်တယ်။ ကျောင်းသားတွေဟာ ကျောင်းဆောင် ဒုတိယထပ်ဆီကို အပြေးအလွှားသွားရောက်ပြီး ပြူတင်းပေါက်တွေကနေ တုန်လှုပ်စွာ နဲ့ ငေးမောကြည့်ရှုနေကြတယ်။ လေထုထဲမှာ မည်းနက်နေတဲ့ မီးခိုးမှိုင်းလုံးတွေ အလိပ်လိုက် တက်လာနေတဲ့ မြင်ကွင်းကိုပေါ့။

နှစ်နာရီကြာပြီးတဲ့နောက် ညဥ့်စာစားသောက်ချိန်  စားသောက်ဆောင်ထဲမှာ ဆရာတစ်ဦးရဲ့ငိုရှိုက်သံ ဖုံးလွှမ်းသွားတယ်။ မီးလောင်ကျွမ်းတဲ့ သူ့မိသားစုအိမ်လေးထဲမှာ သူ့မိဘနှစ်ပါးလုံး ပါသွားခဲ့လို့ပါဘဲ။ ကျောင်းသားတစ်ချို့ဟာ မျိုမကျနိုင်တော့တဲ့ အစားအစာကို တွန်းဖယ်လိုက်ကြကုန်တယ်။

အပူရှိန်ပြင်းကောင်းကင်ထဲ နေမင်းကြီး မ၀င့်တ၀င် ငုပ်လျှိုးချိန်မှာ ဗုဒ္ဓဘာသာဝင်အစိုးရအရာရှိတစ်ဦးက ကျောင်းဆောင်အ၀င်ဝဆီ ရောက်လာပြီး ကျောင်းအုပ်ကို သူ့အနားခေါ်ယူလိုက်တယ်။

“ ခင်ဗျားရဲ့ကျောင်းသားတွေကို ဒီကနေ ခေါ်ထုတ်သွားပါ။ သူတို့ကို ဖွက်ထားဖို့လိုပြီ။ လူရမ်းကားတွေ ဒီညဥ့် လာလိမ့်မယ် ” လို့ သတိပေးပြောကြားလိုက်တယ်။

နေ၀င်ဆည်းဆာဝတ်ပြုချိန်ရောက်တော့ ကျောင်းအုပ်က ကျောင်းသားအားလုံးကို မှာကြားတယ်။ မိမိတို့ရဲ့အဖိုးတန် ပစ္စည်း၊ ငွေကြေး၊ မှတ်ပုံတင်တွေသိမ်းဆည်းပြီး ထွက်ခွာသွားကြဖို့ပါ။ ဒါ့အပြင် မွတ်စ်လင်မ်အဖြစ် သိရှိသတိထားမိစေမယ့် ဗလီဦးထုပ်၊ ၀တ်စုံ နဲ့ အဆောင်အယောင်မှန်သမျှ မဆင်ယင်ကြဖို့ကိုပါ ခိုင်းစေခဲ့တယ်။

ဘာကြောင့်လဲဆိုတာ ပြောစရာမလိုတော့တဲ့အတွက် ရှင်းပြမနေတော့ဘူး။

အမှောင်ထုကြီးစိုးလာတဲ့အခါ သူတို့ဟာ တစ်မျှော်သာသာနေရာက ၀က်လန်တောလို့ခေါ်တဲ့ မြက်ပင်ရှည်ဗွက်တောထဲကို အသံမထွက်အောင် တိတ်တဆိတ် သွားရောက်ပုန်းအောင်းခဲ့ကြတယ်။ မြက်ပင်ရှည်များက ဒုက္ခသည်ကျောင်းသားအားလုံးကို ဖုံးလွှမ်းထားခဲ့တယ်။

သူတို့အများစုက ကျောင်းသားနဲ့ဆရာတွေဖြစ်ကြတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ကလေးငယ်အပါအ၀င် လူ ၁၀ ဦးကျော်လည်း သူတို့နဲ့အတူ လိုက်ခဲ့တယ်။ အဲ့ဒီထဲမှာ ကျောင်းသားဆရာတွေရဲ့အမျိုးတွေလည်း ပါသလို ကိုယ့်အိမ်ကိုယ့်ယာမှာမနေရဲအောင် ထိတ်လန့်တဲ့လူတစ်ချို့လည်း ပါဝင်တယ်။

သူတို့အားလုံး စကားတစ်ခွန်းတစ်ပါဒမှ မပြောဆိုကြဘဲ ရွှံ့ညွှန်ထဲမှာ ထိုင်နေခဲ့ကြတယ်။

သိပ်မကြာခင်မှာဘဲ ဒါဇင်နဲ့ချီတဲ့ ရာဂဏန်းရှိ လူအုပ်ကြီးက ကျောင်းရှေ့ကိုရောက်လာကြပြီး မကြားဝံ့မနာသာ ဟစ်အော်သံတွေကြားရတယ်။ သူတို့ရဲ့ဒေါသတွေ အရှိန်တက်ဆူပွက်နေကြတယ်။

ကျောင်းရှေ့မှာ အသံဗလံတွေ ဆူညံပွက်လောရိုက်ပြီးနောက် လူအုပ်ကြီးဟာ ကျောင်းထဲ ၀င်သွားကြတယ်။ တံခါးတွေကို ဆောင့်ကန်ပြီး ပြူတင်းပေါက်တွေကို ရိုက်ချိုးဖျက်ဆီးသံတွေ ကြားလိုက်ရတယ်။

မြက်တောထဲကအမှောင်ထုမှာ ရှဖီးအ် လို့ခေါ်တဲ့ဆရာတစ်ယောက် အစာအိမ်နာတဲ့ဒဏ် ခံနေရတယ်။ ဇနီးသည်ယူလာတဲ့ ပရုပ်ဆီလေးပွတ်ပြီး ဗိုက်ကို တင်းတင်းကြပ်ကြပ်ဖိကိုင်ထားတဲ့ကြားက စိတ်လှုပ်ရှားစွာနဲ့ ခပ်တိုးတိုးလေး ပြောလိုက်တယ်။

“ ငါတို့ကို သူတို့ တွေ့သွားယင် မလွယ်ဘူး။ ငါ ထမပြေးနိုင်တော့တာ မင်းသိပါတယ်နော် ”။

သုံးနှစ်သား ကလေးကိုလက်ထဲပွေ့ချီထားတဲ့ဇနီးဖြစ်သူ မသီတာက “ မစိုးရိမ်ပါနဲ့။ ကျွန်မတို့အတူရှိနေကြမယ်။ ကျွန်မ ရှင့်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး ” လို့ အားပေးရှာပါတယ်။

ရှည်လျားတဲ့ညဥ့်တာအတွင်းမှာ ကျောင်းကြီး မီးလောင်ပြာကျသွားတယ်။



နံနက် ၄ နာရီ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ တုံးခေါက်သံထွက်လာချိန်မှာပေါ့။ လူရမ်းကားအုပ်စုဟာ မြက်တောနားရောက်လာပြီး လက်နှိပ်ဓာတ်မီးနဲ့ထိုးရှာကြတယ်။ ဗုဒ္ဓဘာသာဝင်အချို့က လက်လုပ်မီးကွင်းတွေကို ခြုံအုပ်ထဲ ပစ်သွင်းကြတယ်။ “ ကုလားတွေ၊ ထွက်လာခဲ့ကြစမ်း ” လို့ မွတ်စ်လင်မ်တွေအပေါ် ချိုးနှိမ်ဖိနှိပ်တဲ့စကားလုံးနဲ့သူတို့ ဟစ်အော်နေကြတယ်။

မွတ်စ်လင်မ်တွေဟာ အနီးနားက မွတ်စ်လင်မ်လူချမ်းသာလုပ်ငန်းရှင်တစ်ဦးပိုင်အိမ်ဝင်းဆီ ပြေးကြတယ်။ တစ်ချို့က ၀ါးကပ်စည်းရိုးကို ချိုးဖြဲပြီး ပြေးဝင်သွားကြတယ်။ လူရမ်းကားအုပ်စုတွေက ထပ်ကြပ်မကွာ လိုက်လာကြတယ်။

မသီတာဟာ မိမိရဲ့နောက်က ကလေးငယ်တစ်ဦးရဲ့ စူးစူးဝါးဝါး အော်သံကိုကြားလိုက်ရတယ်။ အဲ့ဒီကောင်လေးဟာ သူ့လက်ကိုင်ဖုန်းလေးနဲ့ သူ့မိခင်ကို ခေါ်ယူဖို့ကြိုးစားနေတာပါ။ ဆက်မပြေးနိုင်တော့လို့ စက္ကန့်ပိုင်းလောက် ရပ်နားလိုက်မိတာလေ။

မင်္ဂလာဇေယုံဆီ အရုဏ်အလင်း စတင်သက်ရောက်လာချိန်။ အသက် ၂၁ နှစ်အရွယ် လူကောင်ထွားထွား အေးအေးဆေးဆေးနေတတ်တဲ့ ကျောင်းသားလေး မောင်ကိုကိုဟာ ကျောင်းဝင်းရဲ့ခြံစည်းရိုးကြားထဲကနေ ချောင်းကြည့်လိုက်တော့ တုန်လှုပ်မိန်းမောသွားရှာတယ်။ ပြင်ပကလူတွေ မီးကွင်းတွေ၊ တုတ်တွေ ဆွဲကိုင်လို့ တိုက်ခိုက်ဖို့ပြင်နေကြတာကိုး။

မတ်စောက်တဲ့ကုန်းစောင်းဘေးကလမ်းပေါ်မှာ စုရုံးနေကြတာ လူတစ်ရာကျော်လောက်ရှိမယ်။ အဲ့ဒီကုန်းစောင်းဟာ နဂိုကတည်းကရှိနေခဲ့ပေမယ့် ခုအချိန်မှာတော့ သူတို့ဟာ ဧရာမဒယ်အိုးတစ်ခုထဲ ရောက်နေသလိုဖြစ်တဲ့အတွက် ထွက်မပြေးနိုင်အောင် ပိတ်မိသွားရပါပြီ။

မောင်ကိုကိုအဖို့ ပါးပြင်နှစ်ဖက်ကနေ သွေးတွေစိမ့်ထွက်လာသလားလို့တောင် ခံစားမိပြီး အားအင်တွေ ဆုတ်ယုတ်ကုန်တယ်။ “ ငါတို့ဟာ တိရစ္ဆာန်တွေလို ပိတ်လှောင်ခံရပြီ ” လို့ အတွေးဝင်လာလေရဲ့။

ကျောင်းသားအချို့က သွေးရူးသွေးတန်းနဲ့ မိဘတွေ၊ ရဲတွေကို အကူအညီတောင်း အော်ဟစ်ခေါ်ယူကုန်ကြတယ်။ တစ်ချို့ကတော့ ကျယ်ကျယ်လောင်လောင် ကြွေးကြော်မှုတွေ ပြုကြတယ်။ ကျန်သူတွေကတော့ ပြင်ပကလူရမ်းကားတွေ ပစ်သွင်းလာတဲ့ ခဲလုံးတွေကနေ မိမိကိုယ်ကိုကာကွယ်နိုင်ဖို့ သစ်သားဗီရို စတဲ့ ရရာပစ္စည်းတွေကို ရွှေ့တွန်းနေရာချကုန်ကြတယ်။

နံနက် ၇း၃၀ နာရီလောက်မှာ အတိုက်အခံဥပဒေသမားဖြစ်တဲ့ ဦးဝင်းထိန် ရောက်လာတော့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင် အတော်များများကို ခေါင်းစွပ်တွေနဲ့တစ်ကွ တွေ့ရတယ်။ လုံထိန်းတွေမှာ ရိုင်ဖယ်သေနတ်တွေ၊ မီးခိုးရောင် ဒိုင်းလွှားတွေ ပါတယ်။ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးကို မွတ်စ်လင်မ်တွေဆီ မရောက်အောင် ကြားထဲမှာ တန်းစီပြီး ထိန်းသိမ်းထားကြတယ်။

အနီးအနားမှာရပ်ကြည့်နေတဲ့ ရဲဌာနအုပ်နဲ့ခရိုင်မှူးကို ဦးဝင်းထိန် တွေ့ခဲ့ရတယ်။ မြက်တောအုပ်အစွန်မှာ မွတ်စ်လင်မ် ရုပ်အလောင်းနှစ်ခုကိုလည်း မြင်လိုက်ရတယ်။ နောက်ထပ် ၄၅ မိနစ်အကြာကျတော့ လူအုပ်ကြီးထဲက အမျိုးသားတွေဟာ ခြုံပုတ်ထဲကနေ ကျောင်းသားငါးဦးထက်မနည်း ဆွဲထုတ်လာတယ်။ နေ့ခင်းကြောင်တောင်ကြီးမှာ တစ်ဦးချင်းစီကို မသေမချင်း ရိုက်နှက်ခုတ်ပိုင်းနေကြတာကို သွေးပျက်စဖွယ် တွေ့လိုက်ရပါတော့တယ်။

ရဲအရာရှိတွေဟာ အခင်းဖြစ်နေရာနဲ့ ခြေလှမ်းအနည်းငယ်အကွာအဝေးမှာ ခံစားချက်ကင်းမဲ့တဲ့မျက်နှာနဲ့တစ်ကွ အရုပ်တွေလို ရပ်နေခဲ့ကြတယ်။ လူအုပ်ကြီးကလည်း ရောမခေတ် လူသတ်ကွင်းကပရိသတ်တွေလို ၀ိုင်းဝန်းသြဘာပေးနေခဲ့တယ်။

အမျိုးသမီးတစ်ယောက်က “ သူတို့ကို အပြတ်သာရှင်းပစ် ” လို့ အော်ဟစ်တယ်။ နောက်တစ်ဦးကလည်း “ သူတို့အားလုံးကို သတ်သာသတ်။ ငါတို့အားလုံး ဗမာ့သတ္တိပြရမယ် ” လို့ ဟစ်ကြွေးပြန်တယ်။

ဦးဝင်းထိန်မှာ ပျို့အန်တော့မတတ် ခံစားလိုက်ရတယ်။ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဆယ်စုနှစ် နှစ်ခု အကျဉ်းကျနှိပ်စက်ခံခဲ့ရသည့်တိုင်အောင် ဒီလိုအဖြစ်မျိုး လုံးလုံးလျားလျား မတွေ့မြင်ခဲ့ဖူးလို့ဖြစ်တယ်။

ဒါနဲ့ သူက မွတ်စ်လင်မ်တွေကို အသက်ချမ်းသာခွင့်ပေးကြဖို့ လူတွေကို ဖြောင်းဖျတဲ့အခါ လူရမ်းကားအုပ်စုတွေက သူ့အပေါ် အန္တရာယ်ပြုမတတ်ဖြစ်ကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ကဆိုယင် “ သူတို့ကို ကာကွယ်ဖို့ ခင်ဗျား ဘာလို့ကြိုးစားနေရတာလဲ။ ဘာလဲ – ခင်ဗျားက မွတ်စ်လင်မ်တွေကိုချစ်မြတ်နိုးနေသူလား ” ဆိုပြီး တူးတူးခါးခါးကို ပြောဆိုလာတယ်။ ရဲအရာရှိတစ်ယောက်က ဦးဝင်းထိန်ကို ရှောင်စေလိုက်တယ်။

ခဏတဖြုတ်နေပြီးတဲ့အခါ ဘုန်းတော်ကြီးတစ်ပါးနဲ့အတူ ရဲတပ်ဖွဲ့ဝင် လေးဦး ရောက်လာကြတယ်။ ပိတ်မိနေတဲ့ မွတ်စ်လင်မ်တွေကို လမ်းလျှောက်ထွက်လာပြီး ကုန်းစောင်းပေါ်က ရဲကားတွေဆီ ကာကွယ်ပို့ဆောင်ပေးဖို့ဖြစ်တယ်။

“ ငါတို့ မင်းတို့ကို ကာကွယ်ပေးမယ်။ ဒါပေမယ့် ကျောင်းသားတွေအနေနဲ့ ကြွေးကြော်တာကို ရပ်လိုက်ပါ။ ခဲလုံး၊ တုတ် စတဲ့ လက်နက်တွေကို လွှတ်ချလိုက်ပါ ” လို့ အရာရှိတစ်ဦးက ပြောဆိုတယ်။

ဆရာတွေက ဘာဆက်လုပ်မလဲလို့ အငြင်းအခုံ ဖြစ်ကြတယ်။ ဘေးကြပ်နံကြပ်အချိန်ဆိုတာ သူတို့ နားလည်ကြတယ်။ လူအုပ်ကြီးက ၀ါးလုံးရှည်ကိုမီးစာတွေနဲ့တွဲရှို့လို့ စည်းရိုးကိုကျော်ပြီး ပစ်သွင်းနေကြတယ်။ ဧရာမမီးခြစ်ဆံလိုမျိုးပေါ့။ ကျောင်းဝင်းကြီးမှာ လိမ္မော်မီးတောက်တွေ ထတောက်လာပြီး မည်းနက်တဲ့မီးခိုးလုံးတွေ လေထုထဲ လိပ်တက်လာကြပြီ။

အဲ့ဒီနောက် မွတ်စ်လင်မ်တွေဟာ စစ်အကျဉ်းသားတွေလို ခေါင်းပေါ်လက်တင်လို့ ကိုယ်စီထွက်လာခဲ့ကြရတယ်။

စားတော့ဝါးတော့မတတ် ၀ိုင်းရံနေကြတဲ့လူတန်းကြီးကြားက ဖုန်ထူလမ်းကျဉ်းလေးအတိုင်း သူတို့ကို ရဲတွေ ဦးဆောင်ခေါ်ထုတ်သွားတယ်။ ချက်ခြင်းဆိုသလို လမ်းပိတ်ထားဖို့ အသင့်စောင့်ဆိုင်းနေကြတဲ့ ဒေါသအိုး ဗုဒ္ဓဘာသာဝင်လူတစ်စုက သူတို့ကို ခဲတွေနဲ့ဝိုင်းပစ်ခဲ့ကြတယ်။

နောက်က တသီတတန်းကြီးလိုက်လာကြသူများဟာ ငရဲခန်းအစောင့်တွေလား မှတ်ရတယ်။ မပြေးလိုက်နဲ့- အမိဖမ်းမယ်၊ မလဲကျလိုက်နဲ့ – ပြန်ထလာနိုင်မှာမဟုတ်ဘူး၊ မရပ်လိုက်နဲ့- အသက်ပျောက်သွားမယ် ဆိုတဲ့ သွေးပျက်စရာကောင်းလွန်းတဲ့စည်းမျဉ်းတွေကြားကနေ တန်းစီထွက်လာရသလိုပါဘဲ။

ရဲတွေကို သေနတ်ကို မိုးပေါ်ထောင်လို့ အချက်ပေါင်းများစွာ ပစ်ဖောက်နေပေမယ့်လည်း လူအုပ်ကတော့ တိုက်ခိုက်နေခဲ့ကြတယ်။ ဆရာတစ်ဦးမြေပေါ်လဲကျသွားတယ်။ တုန်လှုပ်ချောက်ခြားနေတဲ့ ကျောင်းသားများက သူ့ခန္ဓာကိုယ်ပေါ် တက်နင်းလျှောက်လှမ်းသွားရတဲ့အခါ သူ့မျက်နှာတစ်ခုလုံး မြေကြီးထဲ ပြားပြားဝပ်ထားခဲ့ရတယ်။

သူငယ်ချင်းတစ်ဦးရဲ့နဖူးကို ထွန်ခြစ်တစ်ခုထိမှန်သွားတာ တွေ့ရတော့ မောင်ကိုကိုဟာ သူ့ကို ဆွဲထူဖို့ကြိုးစားတော့ ဒါးကိုင်ထားတဲ့ အမျိုးသားငါးဦးက သူ့ကိုမြေပေါ်ဆွဲချလိုက်တယ်။ အဲ့ဒီနောက် လူအုပ်ကြီးက သူ့ကိုဓားတွေနဲ့ အနောက်ကနေ ၀ိုင်းခုတ်ကြတယ်။ သူ့ကျောပြင်မှာ ဓားဒဏ်ရာနက်နက် ခြောက်ချက်ရသွားပြီး သူ့အင်္ကျီအ၀ါရောင်လေး သွေးတွေရွှဲရွှဲစိုသွားကုန်တယ်။ လဲကျသွားပြီး မှောင်အတိကျသွားခဲ့တယ်(မေ့မြောသွားခဲ့တယ်)။

ရဲအရာရှိတစ်ဦးရဲ့မျက်နှာကို ခဲတစ်လုံးလာမှန်တော့ မတော်တဆ သေနတ်မောင်းဖြုတ်မိသွားတယ်။ ဗုဒ္ဓဘာသာဝင် လူရမ်းကားတစ်ဦးရဲ့ခြေထောက်ကို ထိမှန်သွားခဲ့တယ်။ အဲ့ဒီသေနတ်သံက မောင်ကိုကို့ကို သတိရလာစေတယ်။ မသေသေးဘူးဆိုတာသိတာနဲ့ ကုန်းရုန်းထပြီး ရှေ့လူအုပ်နောက် အမြန်ပြေးလိုက်ခဲ့ရပါတယ်။

ထရပ်ကားတွေဆီသွားရာလမ်းတစ်ဝက်မှာ ဗုဒ္ဓဘာသာဝင်လူအုပ်အကြားထဲ မောင်းသွင်းခံရတယ်။ ရဲတွေက မွတ်စ်လင်မ် တွေကို မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ခိုင်းကြတယ်။

လူအုပ်ကြီးက သူတို့ကို ၀ိုင်းဝန်းလှောင်ပြောင်ဆဲဆိုပြီး ပါးရိုက်ကြတယ်။ သူတို့ရဲ့ဦးခေါင်းတွေကို အမျိုးသမီးအများအပြားက အဓမ္မ၀ပ်တွားစေပြီး ဗုဒ္ဓဘာသာဝင်တွေ လက်အုပ်ချီရှိခိုးဦးချသလို လုပ်ခိုင်းခဲ့ကြတယ်။ သူတို့တစ်တွေဟာ အစ္စလာမ်က မစားရလို့တားမြစ်ထားတဲ့ဝက်သားတွေကို မွတ်စ်လင်မ်တို့ရဲ့ ပါးစပ်ထဲ ထိုးထည့်ခဲ့ကြသေးတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူများမှ စုစည်းကောက်ယူထားတဲ့ သက်သေထွက်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကျောင်းသားတစ်ဦးရဲ့ဦးခေါင်းကို အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်အိပ်ဇောပိုက်နဲ့လွှဲရိုက်တယ်။ နောက်လူတစ်ဦးက ဆိုင်ကယ်ချိန်းကြိုးနဲ့ ထပ်ရိုက်ပြီး၊ တတိယလူက ရင်ဘတ်ကို ဓားနဲ့ထိုးချလိုက်တယ်။

“ သူတို့ကို ဒီမှာ မသတ်နဲ့။ သူတို့ဝိညာဉ်တွေ ဒီနေရာမှာ စွဲပြီး မကျွတ်ဘဲနေလိမ့်မယ်။ သတ်ချင်ယင် လမ်းပေါ်ရောက်မှ သတ်ကြ ” ဆိုပြီး ဘုန်းကြီးတစ်ဦးက အဲ့ဒီလူတွေကိုအော်ငေါက်ခဲ့တယ်။

အမျိုးသမီးနဲ့ကလေးတွေကို ၀ိုင်းရံပြီး အယင်ခေါ်ထုတ်သွားဖို့ ဘုန်းကြီးတွေက ရဲတွေကို ခိုင်းစေခဲ့တယ်။ မသီတာက သူ့ခင်ပွန်းကိုဆွဲထုတ်ဖို့ငြင်းဆန်တဲ့အခါ ဗုဒ္ဓဘာသာဝင်အမျိုးသားတစ်ယောက်က သူ့မျက်နှာကို လက်ဝါးနဲ့တွန်းဖယ်ပြီး ခွဲထုတ်လိုက်တယ်။ နောက်လူတစ်ဦးက သုံးနှစ်အရွယ်သူမရဲ့သားကလေးကို ကြမ်းတမ်းစွာ ဖျစ်ညှစ်ခဲ့လို့ သူမက “ သူနို့စို့အရွယ်ပဲ ရှိသေးတယ်။ သူ့ကိုလွှတ်ပေးပါ ” လို့ အော်ဟစ်ပြီး ဆွဲပြေးခဲ့ရတယ်။

ရုန်းရင်းဆန်ခတ်ရှုပ်ထွေးနေချိန်မှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးက မသီတာရဲ့ဆယ်ကျော်သက်ရွယ်သမီးနှစ်ဦးကို ကမန်းကတန်းဆွဲခေါ်ထုတ်သွားတယ်။ မေတ္တာကရုဏာနဲ့ သူမအိမ်ကို ခေါ်ယူသွားပြီး စောင့်ရှောက်ပေးထားခဲ့တယ်။ ရက်အတန်ကြာတဲ့နောက် သူမနဲ့သမီးနှစ်ဦးတို့ဟာ အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ကြပါတယ်။

မသီတာနဲ့အတူ အမျိုးသမီးနဲ့ကလေးတွေ ၁၀ဦးလောက်က တောင်ကုန်းပေါ်တက်နေကြချိန်မှာ တုတ်တရမ်းရမ်းနဲ့ ၀ိုင်းရံနေတဲ့လူအုပ်ကြီးကို လုံထိန်းရဲတွေက လက်ချည်းဗလာနဲ့ တွန်းထုတ်နေကြလေရဲ့။ အေပီသတင်းဌာနရဲ့ မှတ်တမ်းဗီဒီယိုတစ်ခုမှာ လူတစ်ဦးက “ မလုပ်ကြနဲ့။ အဲ့ဒီထဲမှာ ကလေးတွေလည်း ပါနေတယ် ” လို့ လူအုပ်ကြီးကို ဟစ်အော်တားဆီးတာ တွေ့ရတယ်။

ဒါပေမယ့် အကြမ်းဖက်မှုက ဆက်ဖြစ်နေခဲ့တယ်။

ဗုဒ္ဓဘာသာဝင်တွေက ၀က်လန်တောကို ဆက်ရှင်းကြတယ်။ အရွတ်ခန်း လို့ခေါ်တဲ့ ပိန်ပိန်ပါးပါး အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေးကို မြက်ခင်းပြင်ပေါ် ဆွဲထုတ်လာကြတယ်။ ဗီဒီယိုမြင်ကွင်းတစ်ခုမှာ အမည်မသိလူငယ်နှစ်ဦးထက်မနည်း ပါဝင်ကြောင်း တွေ့ရတယ်။ အဲ့ဒီထဲက ဘောလုံးဝါသနာအိုး မိတ္ထီလာမြို့ခံတစ်ဦးဟာဆိုယင် တုတ်ရှည်တွေ၊ သွေးစွန်းဓားတွေကိုင်ဆောင်ထားတဲ့ လူကိုးဦးက ၂၄ ချက်အထိ ရိုက်နှက်ထိုးခုတ်ခဲ့တယ်။ ဘုန်းကြီးတစ်ဦးက ငါးချက်တိတိ ပါဝင်လက်စွမ်းပြခဲ့တယ်။

ကျောင်းသားလေးကို သတ်ဖြတ်နေစဉ် ပွဲကြည့်ပရိသတ်ဗုဒ္ဓဘာသာဝင်တစ်ဦးက ကုန်းစောင်းပေါ်ကနေ “ ကြည့်ကြပါဦး၊ ဟိုမှာ ဟိုမှာ ” လို့ အော်ဟစ်ခဲ့တယ်။ “ ရဲတွေက အဲ့ဒီနေရာကို ဆင်းသွားကြပေမယ့် ဘာမှ မဆောင်ရွက်ပေးခဲ့ကြဘူး ”။

သူမရဲ့ခင်ပွန်းကို မသီတာ နောက်ဆုံးမြင်တွေ့လိုက်ရပုံက ဒီလိုပါ။ ခင်ပွန်းသည် ရှဖီးအ်ဟာ ရဲတွေရဲ့ဘေးမှာ မျှော်လင့်တကြီးရပ်စောင့်နေတဲ့ သူမရှိရာ တောင်ကုန်းလမ်းအတိုင်း ခက်ခက်ခဲခဲ တက်လာနေခဲ့တယ်။ သူ့တစ်ဖက်တစ်ချက်မှာ ဆရာနှစ်ဦးက ထိန်းကိုင်ထားပေးနေကြတယ်။ ရှဖီးအ်ရဲ့မျက်နှာက သွေးဆုတ်ဖြူရော်နေပါပြီ။ ခြေကုန်လက်ပန်းကျနေပြီး လွတ်လမ်းမမြင်နိုင်ရှာတော့ပါဘူး။ အဲ့ဒီအခိုက်မှာ သူမတို့နဲ့ သူတို့အကြား တောင်စောင်းမှာ လူအုပ်ကြီး ဖုံးလွှမ်းသွားခဲ့တယ်။ တောင်ကုန်းတစ်ဖက်ခြမ်းကနေ “ ကုလားတွေကိုသတ်၊ တစ်ယောက်မှ ချန်မထားနဲ့ ”၊  “ သူတို့ကိုအပြတ်ရှင်းပစ်၊ သူတို့ဟာ အယုတ်တမာတွေဘဲ ” ဆိုတဲ့ အမုန်းတရားဖုံးလွှမ်းနေတဲ့ အော်သံတွေကိုသာ မသီတာ ကြားလိုက်ရပါတော့တယ်။

အဲ့ဒီအောက်ဖက် အချို့နေရာမှာ ကျောင်းသားအများအပြားက အလွတ်ရုန်းထွက်ပြေးခဲ့ကြတယ်။ သူတို့ကို လူအုပ်တွေက လိုက်ဖမ်းခဲ့ကြတယ်။

လူတစ်ဦးက အသက် ၁၄ နှစ်အရွယ် အဗူဗကရ်ရဲ့ပါးစောင်းကို ၀ါးရင်းတုတ်နဲ့ မနားမနေဆက်တိုက် ရိုက်နှက်ခဲ့တယ်။ နောက်တစ်ဦးက နှစ်ဖက်ချွန်ဓားမြှောင်နဲ့ ခြေထောက်နောက်ပိုင်းကို ထိုးခွဲဖြတ်တောက်နေခဲ့တယ်။ ဒီအဖြစ်တစ်ရက်အကြို ညစာစားချိန်မှာ ငိုကြွေးခဲ့တဲ့ ကျောင်းဆရာ အာရိဖ်ကိုတော့ နောက်တစ်ယောက်က အဖန်တလဲလဲ ရိုက်နှက်နေခဲ့တာ မြေပြင်ပေါ်လဲကျသွားတဲ့အထိပါဘဲ။

တောင်ကုန်းရဲ့နှစ်ဖက်စလုံးမှာ ရဲတွေက ဘာမှမလှုပ်မရှား ရပ်ကြည့်နေခဲ့ကြတယ်။ တောင်စောင်းအောက်ဖက်မှာ သူတို့နဲ့အတူထိုင်နေတဲ့ ချာတိတ်လေးတစ်ယောက်က အပေါ်ကိုမော့ကြည့်လိုက်တော့ အရာရှိတစ်ယောက်က ကလေးရဲ့ခေါင်းကိုဖိချပြီး “ မင်းမျက်လုံး အပေါ်လှန်မကြည့်နဲ့ ” ကို အော်ငေါက်ခဲ့တယ်။

အသား မီးလောင်ကျွမ်းတဲ့အနံ့တွေ ရလာတော့ မသီတာဟာ အနီးမှာရပ်နေတဲ့ ရဲအရာရှိခြေကိုဖက်ပြီး “ အစ်ကိုရေ။ လုပ်ပါဦး။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကျေးဇူးပြုပြီး …….. ” လို့ဆိုတဲ့အခါ အရာရှိက “ ဒီမိန်းမ၊ ပါးစပ်ပိတ်ထားစမ်း၊ ခေါင်းကိုငုံ့ထား၊ မင်းတို့ပါ ဒီနေရာမှာတင် သေသွားနိုင်တယ်ဆိုတာ မသိဘူးလား ” လို့ ဖြေကြားလိုက်ပါတယ်။

အခြေအနေအနည်းငယ်ငြိမ်သက်သွားတော့မှ ဒါဇင်နဲ့ချီတဲ့ ရဲတပ်သားတွေက တောင်ထိပ်ပေါ်နောက်ဆုံးကျန်မွတ်စ်လင်မ်တွေကို ကာကွယ်ဖို့ အင်အားဖြည့်ရောက်လာခဲ့တယ်။ ပြီးတော့ သူတို့ကို ထရပ်ကားတွေပေါ် တင်ဆောင်သွားကြတယ်။

သူတို့ကို ခေါ်ထုတ်သွားချိန်မှာ မိမိဟာ မိတ္ထီလာကို ဘယ်တော့မှ ပြန်မလာအပ်တော့ကြောင်း မောင်ကိုကို သိလိုက်ပါတယ် “ ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ် ကယ်တင်လိုက်လို့သာ အသက်ရှင်ကျန်ရစ်ခဲ့တာပါ ”။

ရှည်လျားတဲ့အိပ်မက်ဆိုးကနေလွတ်မြောက်လာသူများကို ရဲဌာနတစ်ခုဆီပို့ဆောင်ခဲ့ကြတယ်။ ရေတောင်းသောက်တဲ့အခါ အရာရှိတစ်ဦးမက သူတို့ကို ရေတိုက်ကြတယ်။

ရှင်သန်ကျန်ရစ်တဲ့ မွတ်စ်လင်မ် ၁၂၀ ဦးထဲမှာ ကျောင်းသား ၉၀ နဲ့ ဆရာလေးဦး ပါဝင်တယ်။ သူတို့ဟာ အခြားမြို့က မိသားစုဆွေမျိုးတွေနဲ့ ပြန်လည်မဆုံစည်းမှီအထိ ရဲစခန်းမှာ ရက်အတန်ကြာနေထိုင်ခဲ့ကြတယ်။

မိသားစုဝင်တွေ၊ သက်သေတွေနဲ့ မေးမြန်းစိစစ်ပြီးတဲ့နောက် စုစုပေါင်း ကျောင်းသား ၃၂ ဦးနဲ့ဆရာလေးဦး သေဆုံးခဲ့တယ်လို့ ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။

ကယ်ထုတ်ရေးအတွက် အမိန့်ထုတ်ခဲ့တဲ့ ပြည်နယ်လုံခြုံရေးမှူး ကာနယ် အောင်ကျော်မိုးက လမ်းခုလတ်မှာ လူ ၁၀ ဦး သို့မဟုတ် ၁၅ ဦး သေဆုံးရတယ်လို့ ဆိုတယ်။ ဒါပေမယ့် အေပီသတင်းဌာနကရရှိထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ အဲ့ဒီအဆိုနဲ့ ဆန့်ကျင်လို့နေပါတယ်။ သတ်ဖြတ်မှုပြီးတဲ့နောက် အမည်မဖော်လိုသူမျက်မြင်သက်သေများက ဒေသတွင်းလှည့်လည်ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတွေပါ။ ဗီဒီယိုမှတ်တမ်းနှစ်ခုထဲမှာတင် လူအသေအပျောက် ၂၈ ဦးအထိ ပါဝင်နေပါတယ်။ ရုပ်အလောင်းအများစုရဲ့လက်တွေဟာ မိုးပေါ်ထောင်နေပြီး မီးလောင်ကျွမ်းထားတာတွေ့ရတယ်။ လူတစ်ဦးဆိုယင် ခေါင်းဖြတ်ခံထားရတယ်။

ရုပ်အလောင်းတစ်ခုအနီးလူတွေဖြတ်သန်းသွားလာရာမှာ “ ဟေ့။ ဒါက ကလေး(ရဲ့အလောင်း)လား ” လို့ တစ်ယောက်က မေးတယ်။ နောက်လူတစ်ယောက်က “ ဘယ်ကလာ။ အဲ့ဒါ ပိုင်းဖြတ်ခံထားရတာလေ ” လို့ ရယ်ပြောပြောခဲ့တဲ့အသံတွေကို ဗီဒီယိုရိုက်ချက်တွေထဲမှာ ကြားရပါတယ်။

အဲ့ဒီနေ့က ရဲတွေကိုင်တွယ်ထားကြတဲ့ သေနတ်တွေ၊ ရိုင်ဖယ်တွေကို လူရမ်းကားအုပ်စုတွေကိုင်တွယ်ထားကြတဲ့ သာမန်အသုံးအဆောင်လက်နက်တွေက ယှဉ်နိုင်စွမ်း မရှိကြပါဘူး။ ဒါပေမယ့် လူ ၁၀၀ ကျော်ကို ကယ်ထုတ်တဲ့အချိန်မှာ ဒါဇင်နဲ့ချီတဲ့သတ်ဖြတ်မှုကြီးကို မတားမြစ်ခဲ့ကြဘူး။

“ သူတို့ဆီမှာ စိတ်နှစ်ခွဖြစ်နေတာကို ကျွန်တော်တို့ သိလိုက်ရပါတယ်။ တစ်ချို့ဟာ ကျွန်တော်တို့ကို ကယ်တင်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး ကျွန်တော်တို့သေမှာကိုဘဲ စောင့်ကြည့်ခဲ့တာပါ ” လို့ ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။

ဥပဒေသမား ဦးဝင်းထိန်က အကြောင်းရင်းနှစ်ရပ်ရှိနိုင်ခဲ့ကြောင်း သုံးသပ်တယ် “ ရဲတွေဟာ အထက်ကပစ်မိန့် လုံးဝ မရတာ ဖြစ်မယ်။ ဒါမှမဟုတ် ဘာဆိုဘာမှမလုပ်ဖို့ အထက်က အမိန့်ရောက်နေတာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ် ”။



ဒေသလုံခြုံရေးမှူး ဦးအောင်ကျော်မိုးကတော့ အထက်ကပစ်မိန့်ပေးထားတယ်လို့ အတိုက်အခံဆိုပါတယ်။ သို့ပေမင့် ရဲတွေ မပစ်ခတ်ရတာက ပစ်လိုက်လို့ရှိယင် လူအုပ်ရဲ့ဒေါသကို ဆွလိုက်သလိုဖြစ်ပြီး အခြေအနေ ပိုမိုဆိုးရွားသွားနိုင်တယ်လို့ သူက ပြောတယ်။

ဆက်လက်ပြီးတော့လည်း “ အခင်းဖြစ်တဲ့နေရာဆီ ရဲတပ်သား ၂၀၀ ကို စေလွှတ်ခဲ့တယ်။ လူအုပ်ကြီးက သူ့တို့ထက် အဆမတန် အင်အားများပြားနေခဲ့တယ်။ မွတ်စ်လင်မ်တွေ သေကြေရတာက တစ်ချို့လူတွေ ထွက်ပြေးကြလို့ဖြစ်တယ်။ သူတို့က ခြေဦးတည့်ရာ တကွဲတပြားပြေးကြတော့ ကျွန်တော်တို့တပ်သားတွေက လူတစ်ဦးချင်းနောက်ကို မလိုက်နိုင်ခဲ့ကြဘူး။ ကျန်တဲ့သူတွေကို စောင့်ရှောက်နေတဲ့အပေါ် သူတို့ သတိထားမိဖို့ကောင်းတယ်။ လက်တွေ့ရင်ဆိုင်မှုတွေမှာ အချို့ကိစ္စတွေက ရှင်းပြရသိပ်ခက်ပါတယ် ” လို့ ရှင်းလင်းပါတယ်။

ဦးအောင်ကျော်မိုးနဲ့ မိနစ် ၅၀ အကြာ အင်တာဗျူးခဲ့ရာမှာ သူက ရဲတွေရဲ့ဆောင်ရွက်ချက်အပေါ် အားရကျေနပ်တယ်လို့ ဆိုခဲ့တယ်။ ဒါပေမယ့် “ အသေးစိတ်လိုက်မမေးပါနဲ့။ ဒါဟာ မသင့်လျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ၀တ္ထုရေးနေတာမဟုတ်ဘူး၊ ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး။ ခင်ဗျားတို့ သိစရာမလိုဘူး ” လို့ ငါးကြိမ်တိုင်တိုင် ဒေါသသံနဲ့ ပြောခဲ့တယ်။

မိတ္ထီလာအကြမ်းဖက်မှုအတွက် ပထမဆုံး အရေးယူစီရင်ခံလိုက်ရတာက ဗုဒ္ဓဘာသာဝင်လူရမ်းကားတွေ မဟုတ်ဘဲ မွတ်စ်လင်မ်တွေ ဖြစ်နေခဲ့တယ်။

ဧပြီလ ၁၁ ရက်မှာ ရွှေဆိုင်ပိုင်ရှင်နဲ့ဝန်ထမ်းနှစ်ဦးကို တရားရုံးတစ်ခုက ခိုးမှု၊ အနာတရဖြစ်စေမှုနဲ့ ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ပေးခဲ့တယ်။ မေလ ၂၁ ရက်မှာ အဲ့ဒီတရားရုံးကပဲ မွတ်စ်လင်မ် ၇ ဦးကို အခင်းစတင်ဖြစ်ပွားတဲ့နေ့က ဘုန်းကြီးသတ်မှုကိစ္စနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ အသီးသီး စီရင်ချက်ချခဲ့ပြန်တယ်။

တရားခံရှေ့နေ ဦးဥာဏ်မြင့်အဆိုအရ ဇွန်လ ၂၈ ရက်မှာတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးကို မိတ္ထီလာမြို့တွင်း မွတ်စ်လင်မ် တစ်ဦးကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင် ၁၄ ဦးကို မင်္ဂလာဇေယုံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်။ အချို့ဟာ လူသတ်မှုနဲ့အကျုံးဝင်သော်လည်း ဒီနေ့ထက်ထိ စီရင်ချက် မချမှတ်သေးကြောင်း “ တရားမျှတမှုကို အချိန်က သက်သေပြမှာပါ။ တရားရုံးတွေက ဘယ်အုပ်စုကိုမှ မျက်နှာမလိုက် အစွဲမထားဘဲ အမှုကို စစ်ဆေးစီရင်နေပါတယ် ” လို့ သူက ပြောပြပါတယ်။

လုံခြုံရေးအကြီးအမှူး ဦးအောင်ကျော်မိုး က ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးဟာ မိတ္ထီလာဒေသခံတွေ ဖြစ်တယ် ဆိုတာကလွဲလို့ အသေးစိတ်ပြောကြားမှု မရှိပါဘူး။ အခြား ဘယ်ရဲတပ်ဖွဲ့ဝင်ကမှလည်း လိုလိုလားလား ထုတ်ဖော်ပြောကြားမှု မရှိတာကိုတွေ့ကြရပါတယ်။

(တဂ်တွဲထား၍အဆင်မပြေသူများ အသိမပေးပဲ
တဂ်ဖြုတ်နိုင်ပါတယ်)

credit:SoeLwinOo