Monday, November 13, 2017

နာလန္ဒတက္ကသိုလ်သမိုင်းအမှန်

နာလန္ဒတက္ကသိုလ်သမိုင်းအမှန်
===================

ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးဖြစ်တဲ့ အိန္ဒိယကုလားပြည်ဘီဟာရ်
ပြည်နယ်က နာလန္ဒတက္ကသိုလ်ကြီးကို မွတ်စ်လင်မ်တွေကဘယ်လို
တိုက်ခိုက်ဖျက်စီးခဲ့လို့ အိန္ဒိယကုလားပြည်ကြီးမှာ ထေရဝါဒ
ဗုဒ္ဓဘာသာကွယ်ခဲ့ရခြင်းဖြစ်ပါတယ်ဆိုပြီးဝါဒဖြန့်နေသူတွေ
ဟာမုသာဝါဒီသာဖြစ်ကြောင်းပါ။

အိန္ဒိယမှာ အေဒီ (၅၀၀) ကျော်ကစပြီး မဟာယနတက္ကသိုလ်ကြီးတွေ
ပေါ် ပေါက်လာခဲ့ပါတယ်။ အဲဒီ တက္ကသိုလ်ကြီးတွေဟာ ထေရဝါဒ
တက္ကသိုလ်ကြီး တွေ လုံးဝမဟုတ်ဘဲ၊ ထေရဝါဒနဲ့ မအပ်စပ် တဲ့ မဟာ
ယန အယူဝါဒတွေကို ဖြန့်ချီ တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ အေဒီ
(၉၀၀) နောက်ပိုင်းမှာတော့အဲဒီတက္ကသိုလ်တွေ ဟာ ဝဇီရယာန အရည်းကြီးအယူကိုဖြန့်ချီတဲ့ ဗဟိုဌာနကြီး တွေဖြစ်လာပါတော့တယ်။ အဲဒီတက္ကသိုလ်ကြီးတွေမှာထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေကတော့
ဘီဟာရ် နယ်ရှိနာလန္ဒတက္ကသိုလ်၊အိန္ဒိယအနောက်ပိုင်းမှာရှိတဲ့ဝလဘိ
တက္ကသိုလ်၊ ဘီဟာရ် နယ်ရှိ ဝိက္ကမသီလာ (ဗိက်ရမ် ရှီလာ) တက္ကသိုလ် ၊
ဘင်္ဂလား ပြည်မြောက်ပိုင်းရှိ ဇဂဒ္ဒလ (Jagaddala) တက္ကသိုလ်၊ ဘီဟာရ်
နယ်ရှိ ဩဒန္တပူရီ တက္ကသိုလ် တို့ဘဲ ဖြစ်ကြပါတယ်။

ဒီတက္ကသိုလ်ကြီးတွေ ဟာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေလို့ယနေ့ခေတ်
ပုဂ္ဂိုလ်အချို့က ရောချ ဝါဒဖြန့်နေပေမဲ့ သမိုင်းကိုတစ်ကယ်လေ့လာ
ကြည့်ရင် သိရ မှာက အဲဒီတက္ကသိုလ်တွေ ဟာ ထေရဝါဒ အယူဝါဒကို
သင်ကြားပေးတဲ့ တက္ကသိုလ်တွေ လုံးဝ မဟုတ်ပါဘူး ဆိုတာပါ။ ထေရဝါဒ
အယူဝါဒ နဲ့လားလားမျှ မဆိုင် တဲ့ ၊ ဂေါတမဗုဒ္ဓကိုယ်တော် ဟောကြား
ခဲ့တဲ့သာသနာ ကို ပုံပျက်စေတဲ့တန္တရ မန္တရ ဝဇီရယာန စုန်း ကဝေ
အောက်လမ်း ဝါဒကို ဖြန့်ချီပေးတဲ့ ဗဟိုဌာနကြီးတွေသာ ဖြစ်ပါတယ်။
ကိုးကား-[မောင်အံ့ ၏ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး] ၊ [ဦးစိန်ထွန်း
(မာမက-သုတေသီ) ၏ ကမ္ဘာပတ်၍ ဘုရားရှာခြင်း]၊ [ရေစကြို အရှင်
ဧသိက ၏ ထေရဝါဒဗုဒ္ဓဘာသာ]၊[ရွှေကျင်ဆရာတော်၏ဗုဒ္ဓနိုင်ငံတော်
အတွဲ(၂)။] [D.G. Apte’s Universities in Ancient India]

ရာဇဂြိုဟ်အနီး ဘီဟာနယ် အတွင်းမှာရှိတဲ့ နာလန္ဒတက္ကသိုလ် ဟာ
ထေရ ဝါဒ ကိုသင်ကြားဖြန့်ချီတဲ့ တက္ကသိုလ်လုံးဝ မဟုတ်ဘဲ၊ တန္တရ
မန္တရ အယူတွေကို ပို့ချတဲ့ မဟာယန ဝဇီရယာန တက္ကသိုလ် သာဖြစ်
ကြောင်း ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်များရေးတဲ့ကျမ်းတွေကို ကိုးကားပြီး အထက်မှာရေးသားခဲ့ပါတယ်။ အဲဒီ တက္က သိုလ်ကြီး ကို အစ္စလာမ်
ဘာသာဝင် တူရကီစစ်ဗိုလ် မုဟမ္မဒ် ဘင်န်ဘခ် သီယာရ် ခိလ်ဂျီရဲ့စစ်
တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သမိုင်းဟာ ပါရှန်းသမိုင်းဆရာ မင်န်
ဟာ ဂျုဒ်ဒီးန်ဘင်န်စိရာဂ်ျ(မင်န်ဟာဂျေစီရာဂ်ျ)ရဲ့ သွဗကာသိနာစိရီ မှာရေးထားပါတယ်။ မြန်မာပြည် က စာရေးဆရာ အချို့က တော့ မသိ
နားမလည်စွာနဲ့ တူရကီရာဇဝင် ဆရာမင်ဟဇဒ် လို့ရေးသားကြပါတယ်။
သူ့ရဲ့ ရာဇဝင် စာအုပ်ကိုလည်း စာရေး ဆရာအချို့က "တဗကတအင်
နာဆီတီ" လို့ ရမ်းသမ်းရေးကြပါတယ်။  ဦးစိန်ထွန်း (မာမက-သုတေသီ)
က သူ့ရဲ့ကမ္ဘာပတ်၍ ဘုရားရှာခြင်း (၁၉၉၈ ထုတ်) စာမျက် နှာ ၂၇၃
မှာ "မင်ဟဇဒ်"၊ "တဗကတ အင်နာဆီတီ" လို့ရမ်းမှန်းရေးထားကြောင်း လေ့လာကြည့်နိုင်ပါတယ်။

နာလန္ဒတက္ကသိုလ်ကိုတူရကီစစ်ဗိုလ်ဘင်န်ဘခ်သီယာရ်ခိလ်ဂျီကမီးရှို့
ဖျက် ဆီးခဲ့ကြောင်း တန္တရ်မန္တရ် အရည်းကြီးမှော်ဆရာတွေအပါအဝင် အရည်းကြီးတပည့် (၁၀,၀၀၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သမိုင်း
ဟာ အထက်ပါ သွဗကာသိနာစိရီ မှာဘဲပါရှိပါတယ်။ အခြားဘယ်ရာဇဝင်
ကျမ်းမှာမှ မပါပါဘူး။ နောက်ပိုင်း ရာဇဝင် ဆရာတွေအနေနဲ့ အိန္ဒိယ
ပြည် ဘင်္ဂလားပြည်နယ်ရဲ့ သမိုင်းကို ရေးသားရာမှာ အဲဒီ သွဗကာသိ
နာစိရီ ကိုဘဲ ကိုးကားရေးကြတာဖြစ်ပါတယ်။ အဲဒီ ကျမ်းမှာလည်းဘဲ
ပါရှန်း ရာဇဝင်ဆရာကြီး မင်န်ဟာဂျေစီရာဂ်ျ က တူရကီစစ်ဗိုလ် ခိလ်ဂျီ
ရဲ့ လုပ်ရပ် ကို ရှုံ့ချ ရေးထားတာဖြစ်ပါတယ်။  ထောက်ခံရေးထားတာ
မဟုတ် ပါဘူး။ မင်န် ဟာဂျုဒ်ဒီးန် ဘင်န်စိရာဂ်ျ ရဲ့ သွဗကာသိနာစိရီ
ကို HG Raverty က အင်္ဂလိပ် ဘာသာပြန်ဆိုထားပါတယ်။ Bibliotheca
Indica Volume 44 မှာ အင်္ဂလိပ် ဘာသာပြန်အဖြစ်ရှိနေပါတယ်။
လက်လှမ်းမှီ တယ်ဆိုရင် ဖတ်ရှုလေ့လာကြည့်စေ လိုပါတယ်။

ဟိန္ဒူသေနမင်းဆက် (Sena Dynasty) ဘုရင်က နာလန္ဒတက္ကသိုလ်
ကို ခံတပ်ကြီးအဖြစ်ပြုပြီး ခုခံနေလို့သာ ခိလ်ဂျီရဲ့ စစ်တပ်က တိုက်ခိုက်
ရခြင်း ဖြစ် တယ် လို့အချို့ပညာ ရှင်တွေက ယူဆရေးသားထားတာတွေ ရှိပါသေးတယ်။ ကြီး မားတဲ့ အဆောက်အအုံကြီးကို ခံတပ်ကြီး အဖြစ် အသုံးချပြီးဟိန္ဒူဘုရင် ရဲ့စစ်သား တွေ တပ်စွဲခုခံတာ ဖြစ်နိုင်သလို၊
တန္တရ်မန္တရ် အရည်းကြီး မှော်ဆရာတွေ က အဆောက်အအုံကြီး ထဲက
နေ အစီအရင် အမျိုးစုံလုပ်ပြီး ဟန်ရေးပြနေလို့ ခိလ်ဂျီ ရဲ့ စစ်တပ်က
ရန်သူ့ခံတပ် အမှတ်နဲ့ တိုက်ခိုက် တာဖြစ်နိုင်ပါတယ်။ နာလန္ဒတက္ကသိုလ်
နဲ့ အပြိုင်ဖြစ်တဲ့၊ ဘီဟာရ် နယ်မှာရှိတဲ့ ဝိက္က မသီလာ(ဗိက်ရမ် ရှီလာ)
တက္ကသိုလ် ကို ဘင်န်ဘခ်သီယာရ်ခိလ်ဂျီရဲ့စစ်တပ်က တိုက်ခိုက်ခဲ့ခြင်း
ဟာ စစ် ခံတပ်အမှတ် နဲ့ မှားယွင်း တိုက်ခိုက်မိခြင်းသာဖြစ်ကြောင်း၊
စစ်ခံတပ် မဟုတ်မှန်း နောက်မှသာ သိရှိခဲ့ကြတယ်လို့ D.G. Apte က
သူ့ရဲ့ Universities in Ancient India၊ စာမျက်နှာ (၅၆) မှာရေးသား
ထားပါတယ်။

Credit: Ye Yint Thitsar


No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)