Monday, April 30, 2018

ဘာသာခြားတွေကြောင့် သာသနာကွယ်မယ် သာသနာကွယ်မယ် ပြောနေကြလို့ပါ။

ဘာသာခြားတွေကြောင့် သာသနာကွယ်မယ်သာသနာကွယ်မယ် ပြောနေကြလို့ပါ။

ကိုယ့်ရဲ့ ယုံကြည်ချက်အဆင့်အတန်း ဘယ်လောက်ခိုင်မာမှုရှိသလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။

အခြား ခရစ်ယာန်နိုင်ငံတွေအကြောင်းမပြောဘူး။
မင်းတို့က မွတ်စ်လင်မ်တွေကိုပဲ ရည်ရွယ်တိုက်ခိုက်နေလို့ မွတ်စ်လင်မ်နိုင်ငံတွေအကြောင်းပြောမယ်။

အစ္စလာမစ်နိုင်ငံတွေဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ကွာလာလမ်ပူ U.A.E နိုင်ငံရဲ့ ဒူဘိုင်း နဲ့ အဘူဒါဘီ
ကာတာနိုင်ငံရဲ့ ဒိုဟာတို့မှာ ကိုယ့်တိုင်းပြည်ထက်အနေအစားကောင်းလို့၊ ဝင်ငွေကောင်းလို့၊ တစ်ယောက်အလုပ်လုပ်ပြီး မြန်မာပြည်မှာ ကျန်တဲ့မိသားစုတွေကို ဝမ်းဝ ခါးလှအောင် ထောက်ပံ့နိုင်လို့
စီးပွားသွားရှာ အလုပ်သွားလုပ် မွတ်ကလားတွေဆီမှာ ကျွန်သွားခံနေတဲ့ဗမာ ဗုဒ္ဓဘာသာ ရခိုင် ဗုဒ္ဓဘာသာတွေ အများကြီးပဲ။

အဲ့ဒီသူတွေက သက်ဆိုင်ရာအစိုးရဆီမှာ သူတို့ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးတမ်းများနဲ့အညီ ယုံကြည် ကိုးကွယ်ရာတွေခွင့်ပြုပါဆိုလို့ သက်ဆိုင်ရာ မွတ်စ်လင်မ်အစိုးရတွေက ခွင်ပြုပေးထားသည့်အလျောက် ဘုရားစေတီ တည်ခွင့် ဘုန်းကြီးကျောင်းဆောက်ခွင့်ပေးပြီး သက်ဆိုင်ရာ အခမ်းအနားတွေလုပ်ပိုင်ခွင့်ပေးထားလို့ ဝါဆိုသင်္ကန်းကပ်တာ ကထိန်သင်္ကန်းကပ်တာ ပဒေသာပင်ခင်းတာ လှည့်လည်တာတွေ Fb မှာတောင် ဂုဏ်ယူဝံ့ကြွားစွာ တင်ကြ
Share ကြတာ Like ထောင်ချီ သာဓု Comment ရာချီရှိတာပါပဲ။ ဟို မြန်မာပြည်မှာ ကလားမုန်းတရားမီးမွေးပေးတဲ့ သင်္ကန်းခြုံ ကလားကိုယ်တော်ကြီးတောင် ဘုရားပန္နက်ချ ထီးတော်တင် ကြွသေးတာပဲ။

အဲ့ဒီ မွတ်စ်လင်မ်တိုင်းပြည်တွေမှာ ဗုဒ္ဓဘာသာ လွှမ်းမိုးပြီး အစ္စလာမ်ဘာသာ ကွယ်များသွားပြီလား?
ဖြေစမ်းပါဦး။

ဘာသာတစ်ခုကို အခြားဘာသာဝင်တွေက ကူးပြောင်းကိုးကွယ်တယ်ဆိုတာ အဲ့ဒီကူးပြောင်းကိုးကွယ်တဲ့ဘာသာတရားရဲ့အနှစ်သာရအလှတရားကို
နှစ်နှစ်ကာကာ သဘောပေါက်နားလည်လက်ခံသွားမှ၊ အဲ့ဒီအလှတရားက ထိုသူရဲ့နှလုံးသားကိုဖမ်းစားနိုင်မှ ကူးပြောင်းသွားကြတာလေ။

အဲ့ဒီ မွတ်စ်လင်မ်တိုင်းပြည်မှာရောက်နေတဲ့ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို အခြားသူကို ရှင်းပြပြောဆို သာသနာပြုနိုင်ဖို့နေနေသာသာ သူတို့ကိုယ်တိုင်တောင် သေသေချာချာ နားလည်သဘောပေါက် ခံယူထားတာမရှိဘူး။

သူတို့နားလည်တာမိရိုးဖလာဗုဒ္ဓဘာသာ။ ငါတို့ နေနေတဲ့နေရာမှာ ရှိခိုးဦးချစရာ ဘုရားစေတီတည်ချင်တယ်၊ အခါကြီးရက်ကြီးတွေမှာ ဆွမ်းလှူ ရေစက်ချ တရားနာရန် ဘုန်းကြီးတစ်ပါးပါးရှိဖို့ ကျောင်းဆောက် သိမ်ဆောက်ချင်တယ်၊ ဘုရားတည် ရွှေချ ကျောင်းဆောက်ဘုန်းကြီးလှူရင် ကုသိုလ်ရတယ်၊ ဒီလောက်ပဲနားလည်တဲ့ လူစားအများစု။ ကျန်အချိန် မူးမယ် ပျော်မယ် ပါးမယ်။

အဲ့ဒီက ကျောင်းတွေမှာ ကျောင်းလာထိုင် သီတင်းလာသုံးတဲ့သံဃာတ်ေဆိုတာကလည်း ဒါယိကာ ဒါယိကာမတွေကိုတရားပြဖို့ထက် သူတို့ကို မြိုးမြိုးမြက်မြက်လှူဒါန်းရေးတရားသာတွင်တွင်ဟောကြတာကလား။

ဘာပဲပြောပြော အဲဒီတိုင်းပြည်တွေမှာ ကျောင်းထိုင်ရတာ မြန်မာပြည်ထက် လူအဆင့်အတန်း အများကြီးသာတော့ နေချင်ကြတယ်လေ။ အနည်းဆုံး ၂၄ နာရီမီးလာ ၂၄ နာရီ TV ဖွင့်ထားလို့ရတာတင် မြန်မာပြည်ထက်သာနေပြီလေ။

အဲ့ဒီတော့ ဒီဗုဒ္ဓဘာသာဟာ အဲ့ဒီနေရာဒေသကမွတ်စ်လင်မ်တွေရဲ့ နှလုံးသားကို ဘယ်လိုလုပ်သိမ်းပိုက်နိုင်မှာလဲ။

မွတ်စ်လင်မ်တွေက အဲ့ဒီဗုဒ္ဓဘာသာတွေ သူ့ဖာသာသူ ဘုရားပဲရှိခိုးခိုး တရားပဲနာနာ ပျော်ပွဲရွှင်ပွဲပဲလုပ်လုပ် စိတ်ကိုမဝင်စားကြဘူး။

ခွင့်ပြုချက်မရှိဘဲ ဘုရားရှိခိုးတယ်တို့ ခွင့်ပြုချက်မရှိဘဲ တရားဟောတယ်တို့ ခွင့်ပြုချက်မရှိဘဲ ဘာသာရေးအခမ်းအနားလုပ်တယ်တို့ဆိုပြီး လူအုပ်နဲ့လာဝိုင်း
ချိတ်ပိတ် ဆယ်ပေါင်တူနဲ့ထုဖြို ဘူလ်ဒိုဇာနဲ့ထိုး မီးရှို့
အစရှိတဲ့ ဖျက်လိုဖျက်ဆီး လူ့အရိုင်းအစိုင်းအောက်တန်းစားအပြုအမူတွေ တစ်ခါဘူးမျှ မလုပ်ကြဘူး။

အေးလေ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ကိုယ်ဘာသာကိုယ်ကိုးကွယ် သူတပါးဘာသာကိုဂုဏ်ပေးဘေးစားတတ်တဲ့ လူ့ယဉ်ကျေးတွေရဲ့ တိုင်းပြည်တွေကိုး......

Credit: Patrick Tan


No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)