ယုံကြည်မှုနဲ့ အချိန် Chronology
တဖုဿနဲ့ ဘလ္လိက ညီနောင် ရွှေတိဂုံတည်တဲ့ ဇာတ်လမ်းနဲ့ အာဖဂန် ညီအစ်ကို Tapassu and Bhallikaတို့ အာဖဂန်နစ္စတန်မှာ ဘုရားတည်တဲ့ မဟာယာနကျမ်းပါ အဖြစ်အပျက်တွေနဲ့ သွားတူနေတာကို စိတ်ဝင်စားစရာ တွေ့ရတယ်။ ဘုရားတည်တဲ့အခါ ဗုဒ္ဓပေးသနားတဲ့ ဆံတော်ရှစ်ဆူကို ဌာပနာတာတောင် တူလိုက်သေးတယ်။
ဒီအတိုင်းပဲ မဟော်သဓါ တရားစီရင်ခဏ်းတွေကလည်း သူ့ထက်အနှစ်လေးရာလောက် စောတဲ့ တမန်တော် စူလိုင်မန် (ရှောလမုန်မင်းကြီး)ရဲ့ ဖြစ်စဉ်တွေနဲ့ သွားတူနေပြန်တယ်။
ဒါကြောင့် ဘာသာရေး၊ ယဉ်ကျေးမှုတွေကို မူပိုင် မလုပ်ကြနဲ့။ မူပိုင်လုပ်လို့ မရဘူးလို့ ခဏခဏ သတိပေးနေရတာပါ။
အမှန်က ဘာသာရေးတွေ၊ ယဉ်ကျေးမှုတွေဆိုတာ လူသားအားလုံးရဲ့ ဘုံပိုင်ပစ္စည်းတွေပါ။ လူမိုက်တွေသာ မိုက်မဲလွန်းလို့ ငါပိုင်လုပ်နေကြတာ။
https://studybuddhism.com/en/advanced-studies/history-culture/buddhism-in-central-asia/history-of-buddhism-in-afghanistan
Copy from: Aung Tin
No comments:
Post a Comment
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)