ကုလားဆီရောက်သွားတဲ့တကျပ်က
ကျောက်ကပ်ဆေးရုံကြီး ဖြစ်သွားတယ်
ဟာဂျီမ ဒေါ်ပုရယ်...!
ကုလားဆီရောက်သွားတဲ့ ပညာရေးက
အမျိုးသားပညာရေးဖြစ်သွားတယ်
ဦးရာဇတ်ရယ်...!
ကုလားလက်ထဲရောက်သွားတဲ့
သေနတ်တွေ အမြောက်တွေနဲ့
ဗြိတိသျှ နေမဝင်အင်ပါယာ ကို
အန်တုခဲ့ပါတယ်
ကုန်းဘောင်မင်းဆက်ရယ်....!
ကုလားလက်ထဲရောက်သွားတဲ့
စာအုပ်စိမ်းကြီးကို တရွက်ချင်းစီ
ဆွဲဖြဲခဲ့တာပဲ ဦးကိုနီရယ်.....!
ကုလားဦးဆောင်ခဲ့တဲ့
ကျောင်းသားသမဂ္ဂသမိုင်းမှာ
အုပ်ချုပ်သူ အစိုးရကို
တော်လှန်ခဲ့တာပဲ
ဦးရာရှစ်ရယ်....!
ကုလားလက်ထဲ
လုပ်ပိုင်ခွင့်လေးတခုရတော့
ဦးပိန်တံတားရယ်လို့
ကမ္ဘာက သိသွားတယ်
တောင်သမန်ရယ်....!
Aung San Myo
No comments:
Post a Comment
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)