Wednesday, November 29, 2017

ရတနာပုံမန္တလေးနန်းတွင်းထဲက ရွှေပန္နက်ဗလီ ကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ခဲ့

ရတနာပုံမန္တလေးနန်းတွင်းထဲက ရွှေပန္နက်ဗလီ ကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ခဲ့
==============================================
အမရပူရ မှာ ရှိတဲ့ ရွှေနန်းတော်ကို ရတနာပုံ မန္တလေးရွှေ့မြို့တော်သစ်ကြီးရှိရာနေရာဆီသို့ရွှေ့ပြောင်းဖို့ မင်းတုန်းမင်းတြားကြီး ကဆုံးဖြတ်တော်မူလိုက်တဲ့အခါမှာ နန်းတော်ရာနဲ့ နန်း မြို့တော်ကို တည်ဆောက်ဖို့တာဝန်ယူရတဲ့ ပညာရှင်တွေ (ဒီကနေ့စကားအခေါ်နဲ့ ဆိုရင် ဆောက်လုပ်ရေးအင်ဂျင်နီ ယာတွေ) ဟာ အဲ့ဒီခေတ်က မင်းတုန်းမင်းကြီးရဲ့ တပ်မတော်ထဲ က အသိပညာရှင်၊ အတတ်ပညာရှင် မြန်မာမွတ်စလင်မ် ပသီ ကြီးးတွေဖြစ်ပါတယ်။

အဲ့ဒီကာလဟာ ခရစ်သက္ကရစ် ၁၈၅၇ ကဆိုတော့ အခုကာလနဲ့ တွက်စစ်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၁၅၇နှစ်ရှိပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

စတင်တည်ဆောက်ဖို့နေပူကြဲကြဲကြီးတွေအောက်မှာ တိုင်းတာရေးလုပ်ငန်းတွေ တစ်နေ့တာ တကုပ်ကုပ်လုပ်ကြ။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓလေ့အရ နေ့စဉ် ၀တ်ပြုရတဲ့ ငါးကြီမ် ၀တ်တတ်မှု ကိုလည်း သူ့အချိန်ကျလာပြီဆိုရင် ကြုံရာနေရာလေးမှာ စုပြီး ၀တ် ပြုကြတာမျိုးပေါ့။

များမကြာမီမှာပဲ ဒါကို သတိထားမိသွားတဲ့ မင်းတုန်းမင်းကြီးက မောင်မင်းတို့ နေပူကြီးထဲဝတ်ပြုနေကြရတာတော့ မတော်လှပေဘူး။ မင်းတို့ ၀တ်ပြုဖို့ ဗလီလေးတစ်လုံးအရင်တည်ေ ဆာက်စေ ဆိုပြီး အမိန့်တော်နဲ့ ပေးသနားခဲ့တဲ့အခါမှာ မန္တလေးနန်းတွင်းထဲမှာ ရွှေပန္နက် ဗလီ ဆိုပြီး စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ဆိုရမယ်ဆိုရင် မန္တလေး နန်းတော်ကြီးတောင် မပြီးစီးခင်မှာ ဒီဗလီလေးက ဦးစွာပေါ်ပေါက်ခဲ့ တာပါလို့ ဆိုရင် မှားမယ်မထင်ပါါဘုး။ မင်းတုန်းမင်းရဲ့ ရွှေနန်းတော်ထက်တောင် ပိုပြီး အ သက်ကြီးပါ တယ်။ အစဉ်အဆက် သမိုင်းအမွေအနှစ်အဖြစ် နှစ်ပေါင်းရာချီ၊တည်တံ့လာခဲ့ ပြီးတဲ့ သည်ဗလီဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးအပြီး အာဏာသိမ်းကာ တက်လာတဲ့ စစ်တပ် အစိုးရဟာ နန်းတွင်းထဲမှာ တပ်ရင်းတပ်ဖွဲ့တွေ ၀င်ရောက်တပ်စွဲ လိုက်ပြီးတဲ့ နောက်မှာတော့ ၁၉၉၀ ကျော် ကာလတွေမှာ အခုလိုပဲ တစတစ နဲ့ ဖျက်စီးအစဖျောက် ခြင်း ကို ခံလိုက်ရပါတော့တယ်။

ဒါတွေ ဖျက်စီးလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာရှိတဲ့ အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်မ် တွေဟာ အင်္ဂလိပ်ကိုလိုနီခေတ်ကမှ ကုလားပြည်က ၀င်ရောက်လာခဲ့ကြ သူတွေလို့ နောင်မှာ အတင်းအကြပ်စွပ်စွဲပြီး ၎င်းတို့ရဲ့ နိုင်ငံသားအခွင့်အရေးကို ညစ်ပတ်စွာ ရုပ်သိမ်းချင်လို့ပါပဲ။ အခုလည်း ဒါမျူိုးတွေကို ပေါ်ပေါ်ထင်ထင် လုပ်လာနေပါပြီ။

ရခိုင်ပြည်နယ်မြောက်ဦးမှာ ရှိတဲ့ နှစ်ပေါင်း ၄၅၀ ကျော်က ရှေးဟောင်းဗလီကြီးကိုလည်း ဒီ စစ်အစိုးရ တက်လာပြီးတဲ့ခေတ်ကာလမှာပဲ ဒီအတိုင်းပဲ ဖျက်စီးပစ်ခဲ့တာပါပဲ။ စစ်တွေမြို့က ရှေးဟောင်း ဗလီကြီးတွေကိုလည်း ဒီနည်းနှင်နှင် အထောက်အထားတွေဖျောက်ဖျက်တဲ့ အနေနဲ့ ဖျက်စီးပစ်ခဲ့ကြအပြီးမှာမှ အခု သူတို့တွင်တွင် ၀ါဒဖြန့်နေကြသလို ရိုဟင်ဂျာ ဆိုတာ ခိုးဝင် ဘင်္ဂလားကုလားတွေပါလို့ စွပ်စွဲကြတာပါပဲ။

ပညာအဆင့်အတန်းလွန်စွာ နိမ့်ကျလှပြီး စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ခဲ့ကြလို့ ကမ္ဘာမှာ ဘယ်သူပြောပြော ၊ ပြောသမျှကို မိမိတို့ဖြစ်စေချင်ကြသည့်အတိုင်း အဂတိ တရား လေးပါးဖြင့် အလွယ်ယုံကြည်လေ့ရှိကြသူ ဗုဒ္ဓဘာသာဟု အမည်ခံထားကြသူ လူများစု မှာ လည်း  အခွင့်အရေးသမား စစ်အုပ်စုဝင်များ၏ နှပ်ကြောင်းပေး ၀ါဒမှိုင်း တိုက်သမျှအား ယုံကြည်မြဲ  ယုံကြည်နေမြဲသာ ။

လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် ၀န်းကျင်က ဖျက်စီးမြေမြုပ်ဖျောက်ဖျက်ပစ်ခဲ့တဲ့ သမိုင်းမှန် တစ်ကွက် အကြောင်း ကို ဒီနေ့ မြန်မာပြည်က အလယ်အလတ်ကျပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာ တစ်ဦးကို သွားပြောကြည့်လိုက်ပါ။ ခင်ဗျားဟာ လိမ်နေတာပါလို့ သူတို့ပြောပါလိမ့်မယ်။ သူတို့ကိုယ်တိုင်လည်း ရိုးရိုးသားသားမသိရှာကြတာကတစ်ကြောင်း  ဖက်ဆစ်အင်အားစုများက အမှန် ကိုအမှား၊ အမှားကို အမှန် လိမ်ညာ ၀ါဒဖြန့်ထားလို့ တချို့က အမှန်ကို သိကြပါသော်ငြားလည်း မွတ်စလင်မ်တွေဟာ လိမ်ညာနေကြတာလို့ပဲ   ပိတ်ပြီးပြောပါလိမ့်မယ်။

နောင်နှစ်ပေါင်းသုံးဆယ်လောက်ထပ်ကြာသွားမယ်ဆိုရင်တော့ ဒီလိုပဲ နန်းတွင်းမှာ ဗလီရှိခဲ့ဘူးကြောင်း ခင်ဗျားသွားပြောမိရင် ခင်ဗျားဟာ အရူးပဲလို့ သူတို့ပြောကောင်း ပြောကြပါလိမ့်မယ်။ ဒါဟာ သမိုင်းအထောက်အထားတွေကို  ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ပစ်ပြီး  အင်းအားနည်းပါးသူ လူမျိုးစုငယ်တွေအပေါ် ကြံရွယ်ချက်ရှိရှိ လုပ်ကြံနေမှုပါ။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထောက်အထားတွေကို လည်း အလားတူဖျောက်ဖျက်ဖို့ကြိုးစားနေကြတာတွေဟာလည်း သတိမူစရာပဲဖြစ်ပါတယ်။

နောင်မှာ ဘယ်အထောက်အထားတွေကို ဘယ်လိုဖျောက်ဖျက်ပစ်ပြီး ဘာတွေထပ်ပြီး ကျွန် တော်များ မြန်မာမွတ်စလင်မ် လူမှုအသိုင်းအ၀ိုင်း နဲ့ လူနည်းစုလူမျိုးတွေ၊ လုနည်းစု ဘာသာဝင်တွေအပေါ် ဆက်ညစ်ပတ်ပြီး၊ ယုတ်မာစွာ ကြံစည်ကြဥိးမယ်ဆိုတာ ကတော့ ဆက်လက်ပြီး သတိကြီးစွာ စောင့်ကြည့်ရမှာသာဖြစ်ကြောင်း နှိုးဆော်အပ်ပါတယ်ခင်ဗျာ။

(ရောဘတ်အယ်လ်ဟို့စ်)

photo credits : ဦးမောင်မောင်(ရွှေကရ၀ိတ်) Maung Maung Skw နှင့် Dameio Ekoto


Monday, November 13, 2017

နာလန္ဒတက္ကသိုလ်သမိုင်းအမှန်

နာလန္ဒတက္ကသိုလ်သမိုင်းအမှန်
===================

ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးဖြစ်တဲ့ အိန္ဒိယကုလားပြည်ဘီဟာရ်
ပြည်နယ်က နာလန္ဒတက္ကသိုလ်ကြီးကို မွတ်စ်လင်မ်တွေကဘယ်လို
တိုက်ခိုက်ဖျက်စီးခဲ့လို့ အိန္ဒိယကုလားပြည်ကြီးမှာ ထေရဝါဒ
ဗုဒ္ဓဘာသာကွယ်ခဲ့ရခြင်းဖြစ်ပါတယ်ဆိုပြီးဝါဒဖြန့်နေသူတွေ
ဟာမုသာဝါဒီသာဖြစ်ကြောင်းပါ။

အိန္ဒိယမှာ အေဒီ (၅၀၀) ကျော်ကစပြီး မဟာယနတက္ကသိုလ်ကြီးတွေ
ပေါ် ပေါက်လာခဲ့ပါတယ်။ အဲဒီ တက္ကသိုလ်ကြီးတွေဟာ ထေရဝါဒ
တက္ကသိုလ်ကြီး တွေ လုံးဝမဟုတ်ဘဲ၊ ထေရဝါဒနဲ့ မအပ်စပ် တဲ့ မဟာ
ယန အယူဝါဒတွေကို ဖြန့်ချီ တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ အေဒီ
(၉၀၀) နောက်ပိုင်းမှာတော့အဲဒီတက္ကသိုလ်တွေ ဟာ ဝဇီရယာန အရည်းကြီးအယူကိုဖြန့်ချီတဲ့ ဗဟိုဌာနကြီး တွေဖြစ်လာပါတော့တယ်။ အဲဒီတက္ကသိုလ်ကြီးတွေမှာထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေကတော့
ဘီဟာရ် နယ်ရှိနာလန္ဒတက္ကသိုလ်၊အိန္ဒိယအနောက်ပိုင်းမှာရှိတဲ့ဝလဘိ
တက္ကသိုလ်၊ ဘီဟာရ် နယ်ရှိ ဝိက္ကမသီလာ (ဗိက်ရမ် ရှီလာ) တက္ကသိုလ် ၊
ဘင်္ဂလား ပြည်မြောက်ပိုင်းရှိ ဇဂဒ္ဒလ (Jagaddala) တက္ကသိုလ်၊ ဘီဟာရ်
နယ်ရှိ ဩဒန္တပူရီ တက္ကသိုလ် တို့ဘဲ ဖြစ်ကြပါတယ်။

ဒီတက္ကသိုလ်ကြီးတွေ ဟာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေလို့ယနေ့ခေတ်
ပုဂ္ဂိုလ်အချို့က ရောချ ဝါဒဖြန့်နေပေမဲ့ သမိုင်းကိုတစ်ကယ်လေ့လာ
ကြည့်ရင် သိရ မှာက အဲဒီတက္ကသိုလ်တွေ ဟာ ထေရဝါဒ အယူဝါဒကို
သင်ကြားပေးတဲ့ တက္ကသိုလ်တွေ လုံးဝ မဟုတ်ပါဘူး ဆိုတာပါ။ ထေရဝါဒ
အယူဝါဒ နဲ့လားလားမျှ မဆိုင် တဲ့ ၊ ဂေါတမဗုဒ္ဓကိုယ်တော် ဟောကြား
ခဲ့တဲ့သာသနာ ကို ပုံပျက်စေတဲ့တန္တရ မန္တရ ဝဇီရယာန စုန်း ကဝေ
အောက်လမ်း ဝါဒကို ဖြန့်ချီပေးတဲ့ ဗဟိုဌာနကြီးတွေသာ ဖြစ်ပါတယ်။
ကိုးကား-[မောင်အံ့ ၏ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး] ၊ [ဦးစိန်ထွန်း
(မာမက-သုတေသီ) ၏ ကမ္ဘာပတ်၍ ဘုရားရှာခြင်း]၊ [ရေစကြို အရှင်
ဧသိက ၏ ထေရဝါဒဗုဒ္ဓဘာသာ]၊[ရွှေကျင်ဆရာတော်၏ဗုဒ္ဓနိုင်ငံတော်
အတွဲ(၂)။] [D.G. Apte’s Universities in Ancient India]

ရာဇဂြိုဟ်အနီး ဘီဟာနယ် အတွင်းမှာရှိတဲ့ နာလန္ဒတက္ကသိုလ် ဟာ
ထေရ ဝါဒ ကိုသင်ကြားဖြန့်ချီတဲ့ တက္ကသိုလ်လုံးဝ မဟုတ်ဘဲ၊ တန္တရ
မန္တရ အယူတွေကို ပို့ချတဲ့ မဟာယန ဝဇီရယာန တက္ကသိုလ် သာဖြစ်
ကြောင်း ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်များရေးတဲ့ကျမ်းတွေကို ကိုးကားပြီး အထက်မှာရေးသားခဲ့ပါတယ်။ အဲဒီ တက္က သိုလ်ကြီး ကို အစ္စလာမ်
ဘာသာဝင် တူရကီစစ်ဗိုလ် မုဟမ္မဒ် ဘင်န်ဘခ် သီယာရ် ခိလ်ဂျီရဲ့စစ်
တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သမိုင်းဟာ ပါရှန်းသမိုင်းဆရာ မင်န်
ဟာ ဂျုဒ်ဒီးန်ဘင်န်စိရာဂ်ျ(မင်န်ဟာဂျေစီရာဂ်ျ)ရဲ့ သွဗကာသိနာစိရီ မှာရေးထားပါတယ်။ မြန်မာပြည် က စာရေးဆရာ အချို့က တော့ မသိ
နားမလည်စွာနဲ့ တူရကီရာဇဝင် ဆရာမင်ဟဇဒ် လို့ရေးသားကြပါတယ်။
သူ့ရဲ့ ရာဇဝင် စာအုပ်ကိုလည်း စာရေး ဆရာအချို့က "တဗကတအင်
နာဆီတီ" လို့ ရမ်းသမ်းရေးကြပါတယ်။  ဦးစိန်ထွန်း (မာမက-သုတေသီ)
က သူ့ရဲ့ကမ္ဘာပတ်၍ ဘုရားရှာခြင်း (၁၉၉၈ ထုတ်) စာမျက် နှာ ၂၇၃
မှာ "မင်ဟဇဒ်"၊ "တဗကတ အင်နာဆီတီ" လို့ရမ်းမှန်းရေးထားကြောင်း လေ့လာကြည့်နိုင်ပါတယ်။

နာလန္ဒတက္ကသိုလ်ကိုတူရကီစစ်ဗိုလ်ဘင်န်ဘခ်သီယာရ်ခိလ်ဂျီကမီးရှို့
ဖျက် ဆီးခဲ့ကြောင်း တန္တရ်မန္တရ် အရည်းကြီးမှော်ဆရာတွေအပါအဝင် အရည်းကြီးတပည့် (၁၀,၀၀၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သမိုင်း
ဟာ အထက်ပါ သွဗကာသိနာစိရီ မှာဘဲပါရှိပါတယ်။ အခြားဘယ်ရာဇဝင်
ကျမ်းမှာမှ မပါပါဘူး။ နောက်ပိုင်း ရာဇဝင် ဆရာတွေအနေနဲ့ အိန္ဒိယ
ပြည် ဘင်္ဂလားပြည်နယ်ရဲ့ သမိုင်းကို ရေးသားရာမှာ အဲဒီ သွဗကာသိ
နာစိရီ ကိုဘဲ ကိုးကားရေးကြတာဖြစ်ပါတယ်။ အဲဒီ ကျမ်းမှာလည်းဘဲ
ပါရှန်း ရာဇဝင်ဆရာကြီး မင်န်ဟာဂျေစီရာဂ်ျ က တူရကီစစ်ဗိုလ် ခိလ်ဂျီ
ရဲ့ လုပ်ရပ် ကို ရှုံ့ချ ရေးထားတာဖြစ်ပါတယ်။  ထောက်ခံရေးထားတာ
မဟုတ် ပါဘူး။ မင်န် ဟာဂျုဒ်ဒီးန် ဘင်န်စိရာဂ်ျ ရဲ့ သွဗကာသိနာစိရီ
ကို HG Raverty က အင်္ဂလိပ် ဘာသာပြန်ဆိုထားပါတယ်။ Bibliotheca
Indica Volume 44 မှာ အင်္ဂလိပ် ဘာသာပြန်အဖြစ်ရှိနေပါတယ်။
လက်လှမ်းမှီ တယ်ဆိုရင် ဖတ်ရှုလေ့လာကြည့်စေ လိုပါတယ်။

ဟိန္ဒူသေနမင်းဆက် (Sena Dynasty) ဘုရင်က နာလန္ဒတက္ကသိုလ်
ကို ခံတပ်ကြီးအဖြစ်ပြုပြီး ခုခံနေလို့သာ ခိလ်ဂျီရဲ့ စစ်တပ်က တိုက်ခိုက်
ရခြင်း ဖြစ် တယ် လို့အချို့ပညာ ရှင်တွေက ယူဆရေးသားထားတာတွေ ရှိပါသေးတယ်။ ကြီး မားတဲ့ အဆောက်အအုံကြီးကို ခံတပ်ကြီး အဖြစ် အသုံးချပြီးဟိန္ဒူဘုရင် ရဲ့စစ်သား တွေ တပ်စွဲခုခံတာ ဖြစ်နိုင်သလို၊
တန္တရ်မန္တရ် အရည်းကြီး မှော်ဆရာတွေ က အဆောက်အအုံကြီး ထဲက
နေ အစီအရင် အမျိုးစုံလုပ်ပြီး ဟန်ရေးပြနေလို့ ခိလ်ဂျီ ရဲ့ စစ်တပ်က
ရန်သူ့ခံတပ် အမှတ်နဲ့ တိုက်ခိုက် တာဖြစ်နိုင်ပါတယ်။ နာလန္ဒတက္ကသိုလ်
နဲ့ အပြိုင်ဖြစ်တဲ့၊ ဘီဟာရ် နယ်မှာရှိတဲ့ ဝိက္က မသီလာ(ဗိက်ရမ် ရှီလာ)
တက္ကသိုလ် ကို ဘင်န်ဘခ်သီယာရ်ခိလ်ဂျီရဲ့စစ်တပ်က တိုက်ခိုက်ခဲ့ခြင်း
ဟာ စစ် ခံတပ်အမှတ် နဲ့ မှားယွင်း တိုက်ခိုက်မိခြင်းသာဖြစ်ကြောင်း၊
စစ်ခံတပ် မဟုတ်မှန်း နောက်မှသာ သိရှိခဲ့ကြတယ်လို့ D.G. Apte က
သူ့ရဲ့ Universities in Ancient India၊ စာမျက်နှာ (၅၆) မှာရေးသား
ထားပါတယ်။

Credit: Ye Yint Thitsar


Friday, July 28, 2017

သမိုင်းကပြောသော ဓါတ်ပုံ

ခသ်နာပွဲဟုထင်ရသော ပွဲအတွက် ရိုက်ကူထားသည့်ပုံကို နိုင်ငံခြားထုတ်Burma tourist guideတွင်
၁၉၀၀ပြည့်နှစ်ဟုဖေါ်ပြထားသည်။ဘေးဖက်တွင်ရပ်ထားသောကလေးငယ်များသည် အက်ျကန် ဟုခေါ်သော ဝတ်စုံ နှင့်ဦးထုပ်ဆောင်း ထားသည် ကိုတွေ့ရသည်။ မြန်မာမွတ်စလင်မ်တို့၏ ခသ်နာပွဲဓလေ့ဟုဆိုရပါမည်။

Copy from: Javeed Than


Wednesday, July 26, 2017

ဘင်္ဂလီ ဘယ်သူလဲ?

ဘင်္ဂလီ ဘယ်သူလဲ့၊ Who is Bengali? Buddha လည်း ဘင်္ဂလီ
******************************************************

1) Collin Dictionary အရ
-------------------------------
၁) ဘင်္ဂလားဒေရှ် (သို့) အိန္ဒီယပိုင် အနောက်ဘင်္ဂလားနယ်တွင် အဓိက နေထိုင်သော လူမျိုးစုကို ဘင်္ဂလီဟုခေါ်သည်။ အနောက် ဘင်္ဂလားတွင် ဟိန္ဒူဘာသာဝင် အဓိက နေထိုင်ပြီး အရှေ့ဘင်္ဂလား နှင့် ဘင်္ဂလားဒေရှ်တွင် မူစလင်များ အဓိက နေထိုင်သည်။

၂) ဘင်္ဂလားတွင် မွေးဖွားသူ (သို့) ဘင်္ဂလားတွင် နေထိုင်သူ။
၃) ဘင်္ဂလားတွင် အင်ဒိုအာရီယန် စကားကိုပြောကြသည်။

2) Oxford Dictionary အရ
----------------------------------
၁) ဘင်္ဂလားတွင် မွေးဖွားသူကို ဘင်္ဂလီဟုခေါ်သည်။

3) Merriam Webster Dictionary အရ
-------------------------------------------------

ဘင်္ဂလားဒေရှ် (သို့) အိန္ဒီယပိုင် အနောက်ဘင်္ဂလား တွင် မွေးဖွားသူ (သို့) နေထိုင်သူကို ဘင်္ဂလီဟုခေါ်သည်။

Buddha Gautama
---------------------------

Buddha Gautama ၏ မိခင်ဘာသာ စကားမှာ Magadhi Prakit ဘာသာစကားဖြစ်သည်။ ဗုဒ္ဓ၏ မွေးဖွားရာ Magdha နယ်သည် အိန္ဒိယအရှေ့ပိုင်း Rajagraha (ရာဇင်္ဂြိုဟ်), Patali Putra (ပါတလီ ပုတ္တရာ), Bihar, Nepal နှင့် ဘင်္ဂလားဒေရှ် တို့ဖြင့် ဖွဲ့စည်းထားပြီး BC 558 မှ BC491 အထိ Bimbisara (ဗိမ္ဘိသာရ) နှင့် ၄င်းကို ဆက်ခံသူ Ajatashatru (အာဇာတရှတ္တရူ) တို့ အုပ်ချုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဦးနှောက် မိုင်းတိုက်ခံရပြီး မသိနားမလည်းသော ငနွားများနှင့် သိသိနဲ့လိမ်နေသော လူလိမ်များက အစ္စလာမ်ဘာသာ မှန်လျင် ခိုးဝင် ဘင်္ဂလီ ဘင်္ဂလီ ပုတီးစိပ်နေကြသည်။ အမှန်မှာ ဗုဒ္ဓကို တမ်းတခြင်းပင် ဖြစ်သည်။

မူရင်းတင်သူအား Credit ပေးပါသည်။


Saturday, July 22, 2017

သမိုင်းပြန်သင်ဦး သီတာဂူ

#သမိုင်းပြန်သင်အုန်း_သီတဂူ

ပုဂံခေတ်သူရဲကောင်း ဗျတ်ဝိ၊ ဗျတ္တ ညီနောင်နှင့် ရွှေဖျဉ်းညီနောင်

မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံတော်ကြီးဖြစ်သည့် ပုဂံခေတ် ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်းတင်ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။ [၅၁] ( မျိုးနွယ် အမည် ဗျတ် ကို အီရတ်၊ အာရေဗျ နှင့် အချို့သောအိန္ဒိယမြောက်ပိုင်းသား စူရတီ မွတ်စလင်တို့အကြားတွင် ယနေ့တိုင်တွေ့ရှိ ရသည်။) ထို အာရပ် မွတ်စလင် နှစ်ဦးသည်သထုံရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။

ထိုသူ နှစ်ဦး သည် အရပ်အမောင်းမြင့်မား ခံ့ညား ကြပြီး လျှင်မြန်ဖြတ်လတ် သန်မာသလို ရဲစွမ်းသတ္တိ လည်း ရှိ ၏ ဟု ပြောစမှတ် တွင်ခဲ့သည်။
ထို ဗျတ် ညီနောင်နှစ်ဦးအကြောင်းဖော်ပြထားသော မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီနောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့သောဘုန်းကြီးဆွမ်းစားရန် စီစဉ်ထားသော ဇော်ဂျီ အသေ (ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီးနောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြထားသည်။ သထုံ ဘုရင် သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား ၎င်း ၏ ဇနီးမယား၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။

ညီငယ်ဖြစ်သူသည် ပုဂံသို့ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီးအပါးတော်တွင်ဝင်ရောက်ခိုလှုံခစားခဲ့သည်။ သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သို့ တစ်နေ့လျှင် ဆယ်ကြိမ် သွား၍ ပန်းများကို ယူလာရလေ့ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်းပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက်ထွန်းကားခဲ့သည်။[၅၂] မြန်မာ့သမိုင်း ၏ မှတ်တမ်း တစ်ခု ဖြစ်သည့် မှန်နန်းရာဇဝင် တွင်လည်းမြန်မာနိုင်ငံသို့မွတ်စလင်တို့စတင် ရောက်ရှိသည့် ဒေသနှင့်ကာလကို ပထမမြန်မာနိုင်ငံတော်ကြီး (မြန်မာအင်ပါယာ)
တွင်းခရစ်သကရာဇ် ၁၀၅၀ ခန့် ဟု ပြဆိုသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော အာရပ်ညီနောင်နှစ်ဦးတို့သည်သထုံ သို့ရောက်ရှိခဲ့ ကြောင်း ၊[၈][၅၃] သထုံ ဘုရင် သည် ထိုညီနောင် ၏ အစွမ်းသတ္တိ ကို ထိတ်လန့်မိပြီး အစ်ကိုဖြစ်သူ ဗျတ်ဝိ ကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း ၊[၅၄] အငယ်ဖြစ်သူ ဗျတ္တ သည် ပုဂံ သို့ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီး ထံတွင် ခိုလှုံခစား ခဲ့ကြောင်း ၊[၅၄] ပုပ္ပါး အရပ်ရှိ မိန်းမပျိုတစ်ဦးနှင့် အကြောင်းပါခဲ့ပြီး ရွှေဖျဉ်းညီနောင် ဟု တွင်သော သားနှစ်ဦးထွန်းကားခဲ့ကြောင်း ကို လည်းအဆိုပါ မှန်နန်းရာဇဝင်တွင် ဖော်ပြထားသည်။[၅၄]

ရွှဖျင်းညီနောင်

နောက်ပိုင်းတွင် ရွှေဖျင်းညီနောင်တို့သည် လည်း အနော်ရထာမင်းထံပါးတွင် သူရဲကောင်းစစ်သည်တော် အဖြစ်အမှုတော် ထမ်းခဲ့ကြသည်။ ရန်သူ့နယ်မြေအတွင်းစည်းသို့ လျှို့ဝှက်ထိုးဖောက်ဝင်ရောက်ရသော အထူးစစ်သည် အဖြစ်ပင် အမှုတော် ထမ်းခဲ့ကြသည်။ ၎င်းတို့သည် တရုတ်ဘုရင် ဥတည်ဘွား ၏ ကိုယ်ရံတော်အစောင့်အရှောက်တပ်များ ကို လျှို့ဝှက် ထိုးဖောက်၍ ဥတည်ဘွား ၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့်
မျဉ်းသုံးကြောင်းဆွဲခဲ့ပြီး နံရံပေါ်တွင်လည်း အနော်ရထာမင်းကြီး၏ရာဇသံ ကို ရေးထားခဲ့သည့် အဖြစ်အကြောင်း နောက်ပိုင်းတွင် ပိုမို ထင်ရှားကျော်ကြားလာခဲ့သည်။ ထိုအကြောင်းခြင်းရာကြောင့် အင်အား စွမ်းပကား ကြီးမားလှသော တရုတ် စစ်တပ်ကြီးနှင့် တရုတ်ဘုရင်ကြီး တို့သည် ကြောက်ရွံ့ ထိတ်လန့်၍ မြန်မာတို့နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ [55] ပုဂံပြည် ဦးတည်ဘွားတို့ အကြား အရေးတော်ပုံ
တွင် အောင်မြင်စွာအမှုတော်ထမ်းခဲ့ သော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့သည် ကွပ်မျက်ခြင်းခံခဲ့ကြရသည် ။ မန္တလေးမြို့ ၏ မြောက်ဖက် တောင်ပြုန်းအရပ်တွင် တည်ထားမည့် စေတီ တစ်ဆူ ဌာပနာ ဆောက်လုပ် ရာတွင် ၎င်းတို့ ပါဝင် ရန် ငြင်းပယ်ခဲ့ သဖြင့် ရာဇမာန်ရှခြင်း ခံခဲ့ကြရသည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။ [56]
ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ်စာနေရာကို အနော်ရထာမင်းကြီး မြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရထာမင်းကြီးသည် အမှုသွားအမှုလာကို စုံစမ်းကြားနာစစ်ဆေးတော်မူပြီးနောက် ၎င်းညီနောင်နှစ်ဦးအားအမိန့်တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင်တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။
၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာမင်းကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေခဲ့သည်။ ဤသို့ ဖြစ်ရခြင်း မှာ ရွှေဖျင်းညီနောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်က တော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။ အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များကရွှေဖျင်းညီနောင်တို့သည် အနော်ရထာမင်းကြီးအား သစ္စ္စာစောင့်သိစွာ အမှုတော်ထမ်းခဲ့သော်လည်း
မတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ်ချက်ကို ဖော်ပြ သည့်အနေဖြင့် တော်ဝင်ဖောင်တော် ၏ တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော် ရွေ့လျားမရ ဖြစ်နေသည်ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက်တင်ကြသောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီးတစ်ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ် ပသ စေသည်။ [57]
စွမ်းပကားကြီးမား စိုးရိမ်ဖွယ်ရာ သော ပြိုင်ဘက် တို့အား သတ်ဖြတ် ရှင်းလင်း ပြီးနောက် အသတ်ဖြတ်ခံ တို့ အား ကြည်ညိုသော ဘက်တော်သား မိတ်ဆွေ များ ကျေနပ်နှစ်သိမ့်စေရန် အလို့ငှါ သေပြီးသောသူတို့ ၏ အစိမ်းနတ် ကို လူတို့ကိုးကွယ် ရာ အဖြစ် သမုတ်၍ နတ်ကွန်း ဆောက်လုပ်ခြင်း အလေ့သည်ရှေးမြန်မာဘုရင်တို့ ပြုလေ့ပြု ထ ရှိသော ရာဇ ပရိယာယ် တစ်မျိုးသာလျှင် ဖြစ်သည်။ ဤသို့ဖြင့် တောင်ပြုန်း
ရွာသည် ငါးရက် ခန့်စည်ကားသော ပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာ ဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့ မြောက်ဖက် ၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီးနတ်ကွန်း ၂၀၀၀ နီးပါးသည် ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထားခြင်း ဖြစ်သည်။ [58] ယနေ့တိုင် အယုံအကြည်ရှိသူများ သည်
နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြသည်။ ထို ကိုးကွယ်သူ များသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှ ဝက်သားကို သယ်ဆောင်သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်းခံသည့်
အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။[59]

သို့ဖြင့် ရွှေဖျဉ်းညီနောင်တို့သည်မြန်မာနိုင်ငံတွင် ဘာသာရေး ယုံကြည်မှု ကြောင့် နှိပ်ကွပ် ခံရသည့် ဦးဆုံးသော မွတ်စလင်များအဖြစ်သို့
ရောက်ရှိခဲ့သည်။ အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည်တော်များနှင့် ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန် (တလိုင်း) တို့ ၏ မြို့တော် မုတ္တမ မြို့ အား အနော်ရထာမင်းကြီး စစ်ပြုတိုက်ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ် ခဲ့သည်။ [60]

Ref: http://en.wikipedia.org/wiki/Islam_in_Myanmar

Credit ​အေးမွန်