Tuesday, May 29, 2012

ဤဘလော့အား ဖန်တီးရသည့် အကြောင်းအရင်း


ကျွန်တော်တို့ ယုံကြည်လက်ခံ ကိုးကွယ်ရာဖြစ်သော အစ္စလာမ်ဘာသာအား ဦးတည်တိုက်ခိုက် စော်ကားသော အသုံးအ နှုံးများဖြင့် တင်ထားသော ဘလော့များ၊ ပိုတ်စ့်များ၊ ကွန့်မန်များမှာ တဖြည်းဖြည်း များသထက် များလာပြီး တိုင်းရင်းသား အစ္စလာမ်ဘာသာ ၀င်များအား စော်ကားခြင်း၊ နိုင်ငံခြားသားအဖြစ် စွပ်စွဲလာခြင်း၊ ဘာသာရေးနှင့် ပတ်သက်ပြီး မတော်တရော် မေးခွန်းများ မေးမြန်း လာခြင်း၊ စိတ်ဓါတ်ရေးရာ အလဲထိုးသည့် နည်းဗျူဟာကို သုံးလာသဖြင့် ထိုအရာများ အားလုံး ကို ဖြေရှင်းပေးရန် ဤဘလော့အား ဖန်တီး ရေးသားခဲ့ရခြင်း ဖြစ်ပါသည်။

ဤဘလော့သည် မည်သည့် ဘာသာ၊ သာသနာ၊ လူမျိုးကိုမျှ ပြန်လည် တုန့်ပြန် စော်ကားရန်ဟူသည့် ရည်ရွယ်ချက်မျိုး မရှိပါ။ လက်တလော အွန်လိုင်းတွင် အစ္စလာမ်ဘာသာအပေါ် စော်ကားမှု့များအား ပြန်လည်ဖြေရှင်းရင်းဖြင့် ဤဘလော့အား ၀င်ရောက် ဖတ်ရှုသူတိုင်းကို နားလည်စေရန် တချို့သော အမှန်တရားကို လစ်ဟပြခြင်း၊ ဘာသာတရား ၂ ခုကို နှိုင်းယှဉ်ပြီး ပြောရခြင်း၊ မြန် မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းများကို ရှင်းပြရင်းဖြင့် တဖက်လူကို ပြန်လည် စိတ်ခုစရာများ ဖြစ်ခဲ့လျှင် နားလည် ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

ကျွန်ုပ်၏ တင်ပြမှုတိုင်းကို လွတ်လပ်စွာ ပြန်လည် ဆွေးနွေးနိုင်ပါသည်။ ကျွန်ုပ်ဘက်မှလည်း အချိန်ကို ရသလောက် ပေးပါမည်။ သို့သော် အဓိပ္ပါယ်ရှိသော ဗဟုသုတဖြစ်စေသော ဆွေးနွေးမှုမျိုးသာ ဖြစ်စေလိုပါသည်။ လူတိုင်းတွင် အားနည်း ချက် အားသာချက် ရှိနိုင်သည် ထို့အတွက် ကျွန်ုပ်ဘက်မှ အပြည့်အ၀နားလည်ပေးရန် အစဉ်ကြိုးစားလျှက် ရှိပါသည်။

ကျွန်ုပ် တင်ပြသော ဘာသာရေး အတွေးအခေါ်များ၊ သမိုင်းအထောက်အထားများ မှားယွင်းပါသည်ဟု တန်ပြန် စောကြောလာ လျှင်- တစ်ကယ့် တိကျသော ဗဟုသုတ ရှိသူ၊ စေတနာကောင်းဖြင့် ဆွေးနွေးလိုသူ၊ အပြန်အလှန် ပွင့်လင်းသော ဗဟု သုတကို ဖလှယ်လိုသူ မည်သူနှင့်မဆို ပြန်လည် ဆွေးနွေးဖလှယ်ရန် အဆင့်သင့်ရှိ၍ islaminmyanmar.contact@gmail.com သို့ မေးလ်ပို့ ကာ ဆွေးနွေးနိုင်ပါသည်။ ဆွေးနွေးချက်မှန်သမျှကို တစ်လုံးမျှ မတည်းဖြတ်ဘဲ မူရင်းဆွေးနွေးချက်အတိုင်း အများ သူငှါ ဖတ်လို့ ရအောင် ဘလော့တွင် တင်ပြပေးသွားပါမည်။

ဘလော့ပိုတ်စ့် တခုတွင် ကွန်မန့်ပေးလာလျှင် အဆင့်အတန်း မရှိဘဲ ရေးချင်ရာ ရေးသွားသော ကွန်မန့်များကို ပြန်လည် ဖြေပေး မည် မဟုတ်ပါ… အပြုသဘောဖြင့် မေးမြန်းသိရှိလိုသူမှန်သမျှကို အတတ်နိုင်ဆုံး လက်ခံ ဖြေကြားပေးပါမည်။

ကျွန်ုပ်အား ဆဲဆို၊ ပုတ်ခတ်၊ နောက်ကွယ်၌ မကောင်းဝါဒ ဖြန့်သော သူများလည်း “သူ့ထန်းလျှက် သူစားပါစေ” ဟုသာ သဘောထား ပါသည်။ ကျွန်ုပ်ဘက်မှ မည်သူ့ကိုမှ မစော်ကားပါ။ ကျွန်ုပ်တွေ့သိသော သစ္စာ (အမှန်တရား) အား လူသားထု ကြား၌ ချပြရာမှ တွန့်ဆုတ်သွားမည် မဟုတ်ပါ။ (အပြောချည်းသက်သက်သည် အလုပ်မဖြစ်၊ လက်တွေ့ ကျင့်ဆောင်ရန် လိုအပ်သည်-၊ ဖြစ်သကဲ့သို့။ လက်တွေ့ကျင့်ဆောင်နိုင်ရန် လက်တွေ့မှန်သော လမ်းစဉ်လည်း ဖြစ်ရန် အရေးကြီးပါသည်။ လက်တွေ့များတွင် မှားယွင်းနေပါလျှက် လိုက်နာကျင့်ဆောင်ခိုင်းသော မမြင်ကွယ်ရာမှ စိတ်ကူးပုံရိပ်များအား မည်သို့ စိတ် ချရမည်နည်း- ဟူသည်ကို စာဖတ်ပရိတ်သပ်များ သတိထားဆင်ခြင်နိုင်ကြစေရန် ရည်ရွယ်ပါသည်။)

မေးလ်တိုက်ရိုက်ပို့လိုလျှင်-

foxyform.com


သူရိယ

9 comments:

  1. အစ်စလမ်ဘာသာဝင်တိုင်းသည် ဘာသာမတူသောသူထံတွင် ဈေးမ၀ယ်ရ၊ မစားသောက်ရ၊ တခြားဘာသာ အမြတ်အစွန်းရစေသော လုပ်ငန်း မလုပ်ရဆိုတာ ရှိပါသလားခင်ဗျာ။ မြန်မာနိုင်ငံတွင် အစ်စလမ်ဘာသာဝင်တိုင်း ၀က်သားမစားရဥပဒေရှိပြီး အာရပ်နိုင်ငံ မွတ်စလင်ဥပဒေမှာ အရက်မသောက်ရဆိုသည်မှာ မှန်ပါသလား။ ဘာကြောင့်ပါလဲ။ ယျောက်ကျားအင်္ဂါ အရေခွဲဖြတ် (ရိုင်းလျှင် ခွင့်လွတ်ပါ) သည်မှာ ရောဂါပိုးများ မ၀င်ရောက်ရန်ဖြစ်ပါသလား။ ဘုရားသတ်မှတ်ချက်ကြောင့်ပါလား။
    ဘာသာမဲ့တစ်ယောက်....။ ဘာသာရှိသူများသာ ဘာသာရေးစစ်ပွဲများ ဖြစ်ပွားသည် ကိုလက်ခံပါသလား။

    ReplyDelete
    Replies
    1. လေးစားပါတယ် မိတ်ဆွေ၊ ကျွန်တော်က မိမိကိုယ်မိမိ ဘာသာတရားကို လက်ခံသူလို့ ခံယူထားပါတယ်။ မည်သည့် ဘာသာတရားကမှ- အခြားသူတစ်ဦးရဲ့ ဘာသာရှိခြင်း မရှိခြင်းကို ပုတ်ခတ်ခြင်း၊ မေးမြန်းခြင်းများ မရှိပါ။ ဒါကြောင့် မိတ်ဆွေလို ဘာသာမဲ့လို့ ခံယူသူများ (မိမိကိုယ်မိမိ ပြောသူများ)နဲ့လည်း ဘာသာရှိသူများက ရန်သူမဟုတ်ပါ။ ဒါပေမယ့် မိတ်ဆွေလို ဘာသာမဲ့ တစ်ဦးအနေနဲ့ ဘာသာကို ယုံကြည်သူတစ်ဦးအား မေးတဲ့ မေးခွန်းများက မဆီမလျှော် ဖြစ်နေပါတယ်။ မိတ်ဆွေနဲ့ ကျွန်တော်နဲ့ကြားမှာ “ဘာသာရေးသမားတွေက ဘာသာရေး ဆိုတာကို ဘာကြောင့် လက်ခံယုံကြည်တာလဲ၊” သို့မဟုတ် “ဘာသာတရား လိုအပ်သလား မလိုအပ်ဘူးလား” ဆိုတဲ့ ခေါင်းစီးမျိုးနဲ့သာ ဆွေးနွေးသင့်ပါတယ်။ ဒီလိုမျိုး မဆွေးနွေးမှီ- မိတ်ဆွေ အနေနဲ့ မိမိ ရပ်ရွာကို ခဏပြန်လိုက်ပါ၊ ပြီးရင် မိတ်ဆွေရဲ့ ငယ်ဆရာ (ရွာက ဆရာတော်)ဆီမှာ “အရှင်ဘုရားရေ- တပည့်တော်တော့- အရှင်ဘုရား ပြောပြောနေတဲ့ ဘာသာ ဆိုတာကို မယုံကြည်တော့ဘူးဗျ၊ အလကား အားလုံး လိမ်စားနေကြတာ၊ အလုပ်မလုပ်စားချင်လို့ ဘာသာရေး အရေခြုံ- လုပ်စားနေကြတာ၊ ဒီတော့ တပည့်တော်က ကိုယ့်ကိုယ်ကို “ဘာသာမဲ့” လို့ ခံယူလိုက်ပြီ၊” လို့ အရင်အဦး ကြေငြာလိုက်ပါ- မိတ်ဆွေ။ အဲ့လို မိမိကိုယ်မိမိ ရပ်သိရွာသိ ဘာသာမဲ့ တစ်ဦးလို့ ခံယူထားသူ ဖြစ်မှ ဘာသာမဲ့ ဆိုတဲ့ ခေါင်းစဉ်ကို သုံးစေချင်ပါ တယ်။ နို့မဟုတ်ရင် Net ပေါ်မှာ ဘာသာမဲ့ ဆိုတဲ့ စကားလုံးကို အလွဲသုံးစား လုပ်တာ များလွန်းလို့ပါ။

      Delete
  2. ကန့်ဘလူရှိ အစ်စလမ်တက်ကသိုလ်မှာ မြန်မာနိုင်ငံအတွင် အကြီးဆုံးဖြစ်ပါသလား။ ဇီးကုန်းမှ ဗလီသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပါသလား။ မြန်မာနိုင်ငံတွင် ဗလီကျောင်းများ တည်ဆောက်မှုတွင် နိုင်ငံတကာမှ အစ်စလမ်နိုင်ငံများရဲ့ အလှူငွေများဖြင့် တည်ဆောက်ပါသလား။ သိခြပါသည်။
    ဘာသာမဲ့.....။

    ReplyDelete
  3. တစ်ခု လောက်မေးချင်ပါတယ် ရှင် . ကျွန်မ က ဗုဒ္ဓဘာသာ တစ်ယောက်ပါ . ကျွန်မ ကြားဖူးတာ ရှိလို့ပါ . အစ္စလာမ် ဘာသာဝင် ယောင်္ကျား တစ်ယောက်က တရားဝင် အမျိုး သမီး လေး ယောက်(သေသေချာချာတော့ မသိပါ) ယူလို့ရတယ်လို့ ကြား ဖူးပါတယ် . အဲဒါ တကယ်ပဲလား ? အမှန်တိုင်းဆို ကျွန်မ တို့ ရှေးခေတ် ဘုရင် တွေလည်း မိဖုရား အများကြီး ရှိတာပါပဲ . သိချင် ယုံ သက်သက် ပါ . စာထဲမှာ အမှား ပါရင်လည်း ခွင့်လွှတ် စေချင်ပါတယ် ရှင် ..

    ReplyDelete
    Replies
    1. ဘာသာတရားတိုင်းမှာ ချွင်းချက် အခြေအနေဆိုတာ ရှိပါတယ်။ ဥပမာ- ရဟန်းတွေအနေနဲ့ မွန်းလွဲရင် ဆွမ်းဘုန်းပေးလို့ မရတော့ဘူး ဆိုတဲ့ ၀ိနည်းရှိပေမယ့် မကျမ္မာစဉ်- ဆေးဆွမ်းဆိုတာ ဘုန်းပေးခွင့် ရှိနေပြန်ပါတယ်။ ဘယ်ဘာသာကို မဆို အပြစ်နဲ့ မြင်တတ်သူတစ်ဦးက ချွင်းချက် ဖေါ်ပြတဲ့ အခြေ အနေများကို အပြည့်အစုံ မဖေါ်ပြဘဲ- တစ်လုံးတစ်ချို့ကိုပဲ သီးသန့်ရွေးထုတ် ၀ါဒဖြန့်နေကြတာပါ။ ကမ္ဘာ့ ဘာသာတရားထဲမှာ “တစ်လင်တစ်မယား စနစ်ကို ဥပဒေနဲ့ ပြဌာန်းပေးတာ” အစ္စလာမ်တစ်ခုပဲ ရှိပါတယ်။ ကုရ်အံ ၄း၁၂၉။ အဲ့ဒီ မတိုင်မှီက ကမ္ဘာမှာ မဟာဖိုဝါဒ ကြီးစိုးနေပြီး- ယောကျားကောင်း မောင်းမ တစ်ထောင်လို့ ခံယူလျှက်- ယောက်ျားတစ်ဦးက မိန်းမပေါင်းများစွာကို ယူနေကြတာပါ။ အခုလည်း ညီမအနေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို စနစ်တစ်ကျလေ့လာကြည့်စေလိုတယ်။ မြန်မာ နိုင်ငံ မြောက်ပိုင်းက ၀င်လာတဲ့ လူတွေက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးထိ တစ်မြို့တစ် ယောက် မြန်မာမတွေကို မိန်းမအဖြစ် (သို့မဟုတ်) အငယ်အနှောင်းအဖြစ်ယူထားတာ မရေမတွက်နိုင် ပါ။ ဘာအထောက်အထားမှ မရှိဘဲ ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် ပေါင်းနေကြတာပဲ။ အစ္စလာမ်မှာ တရားဝင် ဇနီးကလွဲ အခြားတစ်ဦးကို အဲ့လို ယူခွင့်မရှိပါ၊ ကာမပျော်ပါးခွင့်လည်း မရှိပါ။ အစ္စလာမ် ဥပဒေ စီးမိုးရာဒေသများမှာ သေဒဏ်ပေးပြစ်ပါတယ်။

      ကုရ်အံ ၄း၃ မှာ “အကယ်၍ သင်တို့သည် မိဘမဲ့များနှင့် စပ်လျှဉ်း၍ ညီမျှနိုင်မည် မဟုတ်ဟု စိုးရိမ် မကင်း ဖြစ်ကြလျှင် သင်တို့ သဘောကျသော အမျိုးသမီးများမှ နှစ်ဦးဖြစ်စေ၊ သုံးဦးဖြစ်စေ၊ လေးဦးဖြစ်စေ သိမ်းဆည်းကြလော့၊ သို့သော် တရားမျှတနိုင်မည် မဟုတ်ဟု ကြောက်ရွံမိလျှင် တစ်ဦးတည်း သို့မဟုတ် သင်တို့၏ သြဇာလွှမ်းမိုးသူသာ ဖြစ်စေရမည်၊” ဒီဝါကျက သင်တို့သည် ဆိုတဲ့ စကားလုံး၊ သိမ်းဆည်းကြလော့ ဆိုတဲ့ စကားလုံးများကို နားလည်မှု လွဲမှားအောင် ဘာသာပြန်ခဲ့ တာကြောင့် တစ်ချို့ ကိစ္စတွေမှာ နားလည်မှု လွဲနေတာပါ။ သင်တို့သည် ဆိုတဲ့ စကားလုံးက (ယောက်ျား၊ မိန်းမ အားလုံးကို ညွှန်းပါတယ်။) ယောက်ျားတစ်မျိုးတည်းကို ညွှန်းခြင်း မဟုတ်ပါ။ သိမ်းဆည်းတယ် ဆိုတဲ့ စကားလုံး (နေကာဟ်)ကို (ဖိုမ ကာမဆက်ဆံခြင်းဖြင့် နှောင်ဖွဲ့တည်ဆောက် သည်) ဆိုတဲ့ သဘော ဘာသာပြန်တာလည်း လွဲချော်ပါတယ်။ နေကာဟ် ရဲ့ အနက်သဘောက နှောင်ဖွဲ့တည်ဆောက်သည် (ဥပမာ- စာချုပ်စာတမ်းဖြင့် သားသမီးအဖြစ် မွေးစားခြင်း၊ အမွေဆက်ခံသူ အဖြစ် မွေးစားခြင်း၊ ခံစားပိုင်ခွင့်ရှိသူ အရိုက်အရာ ဆက်ခံခွင့်ရှိသူ အဖြစ် တိတိကျကျ သတ်မှတ်ခြင်းတို့ ဖြစ်ပါတယ်။) ကုရ်အံမှာ “သင်တို့ မပေါင်းသင်းရသေးသော ဇနီးမိန်းမ များ ဆိုတဲ့ အသုံးကို ၂း ၂၃၆။ ၄း၂၃ မှာ တိတိကျကျပြောထားပါတယ်။ အစ္စလာမ်ဥပဒေအရ ဇနီးမိန်းမ ဖြစ်ဘို့ရာ နေကာဟ် ပြုဘို့ မရှိမဖြစ် လိုအပ်ပါတယ်။ နေကာဟ်ပြုထားမှ ပေါင်းဖေါ်ကြင်ဘက် အဖြစ် သတ်မှတ်ပေမယ့် ပေါင်းဖေါ်ကြင်ဘက်တိုင်းသည် ကာမဆက်ဆံခြင်းဖြင့် ပေါင်းဖေါ်ကြင်ဘက် ဖြစ်စေရမယ်လို့ ဆိုမထားပါ။ ပေါင်းဖေါ်ကြင်ဘက်တိုင်းကို ဇောင်းဂျွန်လို့ သုံးပြီး သားသမီးအဖြစ်၊ မောင်နှမအဖြစ်၊ အစုအဖွဲ့အဖြစ် စုဖွဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီစကားလုံးကို ၅၁း၄၉ မှာ ကြည့်နိုင်ပါတယ်။

      Delete
    2. အထက်က ပြောခဲ့တဲ့ ၄း၃ မှာ “သင်တို့သည် မိဘမဲ့များနှင့်စပ်လျှဉ်း၍-----၊ စိုးရိမ်ခဲ့သော်---၊” ဆိုတဲ့ စကားလုံးက အဖြေထွက်ပြီးသားပါ။ မိဘမဲ့ ကလေးသူများကို ပရမ်းပတာ မဖြစ်စေဘို့၊ အဲ့ဒီ အထဲမှာ အမျိုးသမီးများရဲ့ ဘ၀များက ပိုမိုအရေးကြီးလို့ အဲ့ဒီ အခြေအနေမဲ့ အမျိုးသမီးလေးများ၊ မျှော်ကိုးရာမဲ့ အမျိုးသမီးလေးများထဲက မိမိက သဘောကျတဲ့ (မခိုးတတ်၊ မ၀ှက်တတ်၊ လိမ္မာတဲ့) မိန်းကလေးများ ထဲက နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ လေးယောက်ဖြစ်စေ (ဖြစ်စေ- ဆိုတဲ့ စကားက အဆုံး မရှိဘူး၊ အယောက် တစ်ထောင်၊ တစ်သောင်း- များစွာ)ကို သားသမီးလို မွေးစားခွင့်ရှိတယ်။ မွေးစား သူဟာလည်း အမျိုးသားက ဖြစ်စေ၊ အမျိုးသမီးက ဖြစ်စေ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ချမ်းသာ တဲ့ အမျိုးသမီးကြီး ဟာဂျီမကြီး ဒေါ်စောရွှေက မိဘမဲ့ မိန်းကလေးထိန်းသိမ်းရေးကျောင်း ကန်တော် လေးမှာ ဖွင့်ပေးခဲ့ပြီး အခုထိ လည်ပတ်နေပါတယ်။ အဲ့ဒီ မိဘမဲ့ ကလေးတွေမှာ အချို့ကလည်း မိဘက စောစော ကွယ်လွန်သွားပေမယ့် - အမွေပစ္စည်းများ ကျန်ခဲ့နိုင်တယ်။ အဲ့ဒီ အမွေပစ္စည်းကျန်ခဲ့ရင် အမွေကိုလည်း စောင့်ရှောက်ပေးထားရမယ်။ သူ အရွယ်ရောက်လို့ သူ့ဥစ္စာကို သူထိန်းသိမ်းနိုင်ပြီ ဆိုရင် အမွေတွေကို ပြန်ပေးရပါမယ်။- ၄း၆ ကို ဆက်ကြည့်စေလိုပါတယ်။ တစ်ကယ်လို့ ကလေးက စိတ်ချို့ယွင်းမယ်၊ ကျမ္မာရေးချို့ယွင်းမယ် ဥစ္စာပစ္စည်းကို မထိန်းသိမ်း မစောင့်ရှောက်နိုင်ဘူး ဆိုရင် သူ့လက်ထဲကို ဥစ္စာပစ္စည်းများ မပေးဘဲ- သူ့ကိုပဲ ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ရပါမယ်။ ၄း၅။

      အဲ့လို နှစ်ယောက်၊ သုံးယောက်၊ လေးယောက်-----။ မွေးစာစောင့်ရှောက်နိုင်ဘို့ အင်အားမရှိရင်၊ တစ်ဦးတစ်ယောက်လောက် မွေးစားရမယ်။ ဒါမှ မတတ်နိုင်ရင် ဆင်းရဲနွမ်းပါးလွန်းပြီး ကိုယ့်စကားကို နားထောင်မယ့်သူကို မွေးစားရမယ်လို့ ၄း၃ မှာဆက်လက်သွန်သင်ပါတယ်။ (ဒါတွေက လိုအပ်တဲ့ အခြေအနေမှာ ဆောင်ရွက်ရမယ့် ကိစ္စတွေပါ။ ဥပမာ- မြန်မာပြည် နာဂစ်မုန်တိုင်းမှာ မိဘတွေ ပါသွားတော့ ကလေးတွေကို ပစ်ထားရမလား-။ ဒီလို အခြေအနေမျိုးမှာ စောင့်ရှောက်ပေးဘို့ သွန်သင်ချက်ဖြစ်ပါတယ်။) ဒါတွေကို ဇီယွန်ဝါဒီတွေက တစ်လွဲဘာသာပြန် ၀ါဒဖြန့်ပြီး မွတ်စလင် တွေက မိန်းမတွေ လျှောက်ယူနေတဲ့ ပုံစံ ဖြစ်အောင် ပုံသွင်းနေတာပါ။ မီဒီယာက သူတို့ လက်ထဲမှာ ဆိုတော့ ၀ါဒဖြန့်နိုင်သူက ပိုပြီး အားကောင်းတာပေါ့။

      အခု လက်တွေ့ ညီမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ မွတ်စလင်ထဲက မိန်းမအများယူထားသူ လူဦးရေနဲ့ မွတ်စလင်ထဲက မိန်းမအများ ယူထားသူ သို့မဟုတ် အငယ်အနှောင်းထားသူ၊ သို့မဟုတ် နောက်ကွယ်မှာ ဖေါက်ပြန်နေသူ လူဦးရေ--၊ ဘယ်လူဦးရေက ပိုမို များပြားပါသလဲ။ လက်တွေ့ လေ့လာပြီးရင် ပြန်လည်ဆွေးနွေးနိုင်ပါတယ်။

      Delete
  4. အင်း ကျွန်တော်လည်း ကြားဖူးတယ်။ ၄ ယောက် ယူခွင့် ရှိတယ်တဲ့။ ဘာကြောင့်ပါလဲခင်ဗျာ....

    ReplyDelete
  5. ဗုဒ်ဓ ဘာသာမှာဆိုရင် ဘာမှမပြောထားပေမဲ့ သိကြားမင်းရဲ့ မိန်းမတွေကို ကြည့်ခြင်းအားဖြင့် အကန့်အသတ်မရှိ ဆိုတာထက် မကန့်သတ်ထားဘူးလို့ အားလုံးကိုသိစေချင်ပါတယ် ကာမကိတ်စတွေမှာ မဖောက်ပြားရင် ရ ပါတယ်၊ ပြည့်တန်ဆာ အလုပ်ဟာဆိုရင် 5ပါးသီလ ဖောက်ဖျက်သေးပါ မယုံရင် ကြိုက်ရာဆရာတော်မေးကြည့် ပါ ၊ညစ်ညမ်းတာတော့ဖြစ်တာပေါ့

    ReplyDelete
  6. ဘာပဲပြောပြော မင်းက အရှက်မရှိဘာမှရေရေလည်လည် ဗုဒ္ဓဘာသာကို နားမလည်ပဲ လျှောက်ဖြီးနေတာအသိသာကြီးပါ
    သိစရာ၅မျိုးကိုဗုဒ္ဓအကုန်သိတာ အကုန်ရဲ့အဓိပ္ပာယ်မသိပဲ ''သူ့ကိုအကုန်သိတယ်လို့မစွတ်စွဲနဲ့နော် မသိဘူးဝန်ခံထားတာရှိတယ်'' လို့မင်းပြောတာဖလသမာပတ်ဝင်စားနေ တုန်းရုပ်အချို့နဲ့နာမ်တွေချုပ်နေတာ ဘယ်စိတ်တွေဖြစ်ဦးမှာလဲ သိစရာ၅မျိုးအပြင်သူသိချင်တာအကုန်သိတယ်
    အေးဒါတွေမင်း ဂုဏ်၉ပါးမလေ့လာမိလို့ပါလို့ ဆင်ခြေပေးရင် ဘယ်နယ်ကြောင့် အဂ္ဂည ဥပ္ပါဒ နဲ့ ထေရီထေရာ ပိတကတ်တွေ ကိုမင်းတို့ ယူဆချင်သလို တစ်ဝက်တပြက် ယူပြီ မသိတဲ့သူတွေကို အထင်မှားအောင်လုပ်နေရတာလဲ တော်တော်ယုတ်မာကြတာပဲ

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)