Sunday, May 19, 2019

မြန်မာမွတ်စလင်တွေ သမိုင်းမရိုင်းခဲ့ပါ

(၁) ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားခဲ့သော တရားရတနာကျမ်း ပိဋိကတ်သုံးပုံကို သထုံပြည် ကနေ ပုဂံသို့ရောက်အောင် ဦးဆောင်ခဲ့သူများထဲတွင် ကျန်စစ်သားမင်း၊ ငထွေးရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီးအပြင် အစ္စလာမ်ဘာသာဝင် “ဗျတ္တ” လည်းပါဝင်ခဲ့သည်။ (၂) ၁၉၄၈ခု ဇန်န၀ါရီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခြင်း၏အဓိက အကြောင်းရင်းမှာ တောင်တန်းမြေပြန့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကြောင့် ဖြစ်သည်။ တိုင်းရင်းသားများ၊ စည်းလုံးညီညွတ်သွားရခြင်း၏ နောက်ခံအကြောင်းရင်းသည် “ပင်လုံစာချုပ်” ကြောင့်ဖြစ်သည်။ ထိုပင်လုံစာချုပ်ကြီး အောင်မြင်စွာချုပ်ဆိုနိုင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အနီးကပ် ဆုံး အစစ၊ အရာရာ ကူညီပံ့ပိုးပေးခဲ့သူမှာ သံအမတ်ကြီး မြန်မာမွတ်စလင် ဦးဖေခင် ဖြစ်သည်။ (၃) လွတ်လပ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်တို့နှင့် ဖက်ဆစ်ဂျပန်တို့အား တိုင်းရင်းသားများနှင့်အတူ ရရာလက်နက်စွဲကိုင်ကာ အသက်၊ သွေး စွန့်လွှတ်လှူဒါန်းခဲ့ကြသူတွေထဲမှာ မြန်မာမွတ်စလင်များ ပါဝင်ခဲ့ကြတာကို သမိုင်းသက်သေ၊ အခိုင်အမာ ရှိပါသည်။ သို့သော် ယနေ့တိုင်ပြည်နယ်ခွဲထွက်ရေး၊ လက်နက်ကိုင် တော်လှန်ရေးတို့ကို လုံးဝ၊ အလျဉ်း မလုပ်ခဲ့ကြတဲ့ သူတွေထဲမှာ မြန်မာမွတ်စလင်များ ပါဝင်ခဲ့ကြပါသည်။ (၄) ၂၀၁၅ခု နိုဝင်ဘာလ(၈)ရက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် မွတ်စလင် အများစု နေထိုင်ရာမြို့နယ် များတွင် မွတ်စလင်ကိုယ်စားပြု ပါတီများဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ သို့သော် ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားသိမြင်ကြသော အဓိကနှင့် သာမညကိုဝေဖန် ပိုင်းခြားတက်သော မြန်မာ မွတ်စလင်များသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ပုံအောကာ မဲပေးခဲ့ကြပါသည်။ (၅) ၁၉၉၀ခု မေလရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့သော် လည်း ထိုစဉ်က “နဝတ” စစ်အစိုးရသည် အနိုင်ရပါတီအား အာဏာမလွှဲပြောင်း ပေးလဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်ထိန်းသိမ်းထားပြီး နိုင်ငံပိုင်သတင်းစာများ ရုပ်သံမီဒီယာများကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သိက္ခာကျဆင်းစေသည့် ကာတွန်းများ၊ ဆောင်းပါးများ၊ ရုပ်မြင်သံကြားဇာတ်လမ်းများကို စစ်အာဏာရှင်များ အလိုကျ၊ ကြိုးဆွဲရာ ကခဲ့ကြတဲ့သူတွေထဲမှာ မြန်မာမွတ်စလင် လုံးဝ မပါဝင်ခဲ့ကြပေ။ (၆) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များကို တွေ့ရာ သင်္ချိုင်း၊ ဓားမဆိုင်း “ဒီပဲယင်း” မဟာလူသတ်ပွဲကြီးမှာ အာဏာရှင် ပါးကွက်သား၊ ခါးပိုက်ဆောင်ကြေးစားလူမိုက်၊ စွမ်းအားရှင်တွေထဲမှာ မြန်မာမွတ်စလင် များ လုံးဝ၊ လုံးဝမပါဝင်ခဲ့ကြပေ။ (၇) ၂၀၀၇ ခု ရွှေဝါရောင် အရေးအခင်းမှာ ပြည်သူ့ဘက်တော်သား၊ သံဃာတော် အရှင်သူမြတ်များက၊ မေတ္တာသုတ်ရွတ်ဆိုပြီးမြို့အနှံ့စီတန်း၊ လှည့်လည်ဆန္ဒပြ ကြရာတွင် ဆန္ဒပြသံဃာတော်များအား ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်ရုံတင်မက ဂုဏ်သိက္ခာ ညိုးနွမ်းအောင် မြန်မာ့ရာဇဝင်သမိုင်း ရိုင်းခဲ့ကြတဲ့သူတွေထဲမှာ မြန်မာမွတ်စလင်များ လုံးဝမပါခဲ့ကြပေ။ (၈) သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျေးဇူးရှင်တောင်သူဦးကြီးများ၏ လယ်ယာများကို အာဏာပိုင်များနှင့်ပေါင်းပြီး သူခိုးဈေးပေးပြီး မတရားသိမ်းယူသည့် ခရိုနီများတွင်လည်းကောင်း၊ ဆန္ဒပြ တောင်သူလယ်သမားများအား၊ မတရား၊ ဖမ်းဆီး၊ အရေးယူအပြစ်ပေးသည့် သူများထဲတွင် မြန်မာမွတ်စ လင်များ မပါဝင်ခဲ့ကြပေ။ (၉) သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကျောင်းသားအရေး ဆန္ဒပြနေကြသည့် လူအုပ်ကြီးအား စွမ်းအားရှင်လူမိုက်များ အားကိုးပြီး လူဆိုး၊ သူခိုး၊ ရာဇဝတ်သားများ ပမာ၊ သဘောထားပြီး ရက်ရက်စက်စက် ဖမ်းဆီးနှိပ်ကွပ်သည့်သူများတွင်လည်းကောင်း၊ လက်ပံတောင်းတောင် အရေးအခင်းတွင် ဆန္ဒပြ၊ သပိတ်မှောက်၊ သံဃာတော်များအား မီးလောင်ဗုံးသုံးပြီး ချေမုန်းပစ်ခဲ့ကြတဲ့ နိုင်ငံခြားသား တရုတ်စီးပွားရေးကို ကာကွယ်ခဲ့ကြတဲ့ သူတွေထဲမှာ မြန်မာမွတ်စလင်တွေ မပါဝင်ခဲ့ကြပါဖူး။ (၁၀) မြန်မာမွတ်စလင်တွေဟာ ခေတ်ကာလ သမိုင်းတစ်လျှောက်မှာ အေးအတူ၊ ပူအမျှ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လာကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုန်းကြီးကျောင်းတွေ စေတီပုထိုးတွေ၊ သိမ်တွေကို မဖျက်ဆီးခဲ့သလို အခြား မတူကွဲပြား ညီနောင်တွေရဲ့ ဘာသာရေးစာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦးတွေကိုလည်း ဖျက်လို၊ ဖျက်ဆီး မလုပ်ခဲ့ကြပါ။ (၁၁) မြန်မာမွတ်စလင်တွေဟာ မြန်မာလူထုပိုင် မြေပေါ်၊ မြေအောက်၊ ရေပေါ် ရေအောက်၊ သယံဇာတ တွင်းထွက်များကို ကိုယ်ကျိုးအတွက်၊ လူတစ်စုအ တွက်၊ ပြည်ပသို့ ခိုးထုတ်ရောင်းချတဲ့ လိုင်စင်ရ သူခိုးတွေထဲမှာလည်း လုံးဝ ပါဝင်ခြင်း မရှိပါ။ (၁၂) လူ့ကျင့်ဝတ် အမြင့်ဆုံးဂုဏ်ကို ထိခိုက်မယ့် ဘုရားမကြိုက် နတ်မကြိုက်တဲ့ အရက်ဆိုင်များ ဖွင့်ခြင်း၊ လောင်းကစားဝိုင်းများ ထောင်ခြင်း၊ KTV များ၊ Message အနှိပ်ခန်းများ၊ တရားမဝင်လိင်ဖျော် ဖြေခန်းများဖွင့်၍ အမျိုးကောင်း၊ သားသမီးများကို ဖျက်ဆီးနေကြသူတွေထဲမှာ မြန်မာမွတ်စလင်များ လုံးဝမပါပါ။ (၁၃) မြန်မာမွတ်စလင်များသည် “လက်လှုပ်မှ၊ ပါးစပ်လှုပ်ရသည့်” အခြေခံလူတန်း များနှင့် ပတ်သက်၍ ဂုတ်သွေးစုတ်၊ အမြတ်ထုတ်၊ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် “အတိုး၊ အညွှန့်” ပေးစားခြင်းလုပ်ငန်း၊ “အပေါင်ဆိုင်” လုပ်ငန်းများကို ဘာသာတရားယုံကြည်ချက်အရ မလုပ်ဆောင်ကြပါ။ အထက်ပါ စီးပွားရေးလုပ်ငန်းများသည် “ရေနစ်သူကို၊ ဝါးကူလို့ပေးသည့် ပုံစံမျိုး” မဖြစ်ဘဲ “အတိုးနွံ့၊ အပေါင်နွံ့ထဲမှာ ရုန်းမထွက်နိုင်တော့ဘဲ ဘဝနိဂုံးချုပ်ရမည့် “လူနာမျက်ဖြူဆိုက် လေ၊ ဆရာကြိုက်လေ” စီးပွားရေးများဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T ) ရေးသားသည့် ” မြန်မာမွတ်စလင်သမိုင်း မရိုင်းခဲ့ပါ” ဆောင်းပါး မှ ကောက်နှုပ်သည်။ Pacific BaThein #Redirect