ကျမ်းတော်မြတ်ကုရ်အာန် အာရဗီ-မြန်မာ(ဘာသာပြန်)
MP3 အသံဖိုင် (ကုရ်အာန် တစ်အုပ်လုံး အစဆုံး)
.
ကုရ်အာန် တစ်အာယသ် ကို အာရဗီလို ဖတ်ပြီးတိုင်း ၄င်း၏ မြန်မာဘာသာပြန် အဓိပ္ပါယ်ကို ဖတ်ပြထားသည်။
.
ယခုကဲ့သို့ မြန်မာဘာသာပြန်ကို အစဆုံး အသံဖတ်သည့် MP3 Audio Version မှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပါသည်။
.
စာဖတ်ရန် အခက်အခဲရှိသည့် သက်ကြီးရွယ်အိုများ၊ အမြင်အာရုံမသန်စွမ်းသူများ အနေဖြင့်
ကျမ်းတော်မြတ်ကုရ်အာန်ကို နားထောင်ရုံဖြင့် အဓိပ္ပါယ်နှင့် တကွ သိရှိနားလည်နိုင်တော့မှာဖြစ်ပါတယ်။
.
ကျမ်းတော်မြတ် ကုရ်အာန် မြန်မာ ဘာသာပြန်သူပြုစုသူနှင့် အသံဖတ်ပြသူ
အလ်ဟာဂ်ျ မော်လာနာ ဟာဖွိဇ် ကာရီ ဟာရှင်မ် တင်မြင့်- မက္ကီ အလ်ဟနဖီ
(ကျောင်းအုပ်ဆရာကြီး )
ကုရ်အာန်ရေးရာကောလိပ်၊ ဒလ၊ ရန်ကုန်
.
အောက်ဖော်ပြ လင့်ခ်များတွင် Download ယူနိုင်ပါတယ်။
Smart Phone အသုံးပြုသူများအနေဖြင့် မိမိတို့ ဖုန်းအတွင်း Download ကူးယူပြီး Mp3 Player အသုံးပြုပြီးအလွယ်တကူ နားထောင်နိုင်ပါတယ်။
.
စုစုပေါင်း စူရဟ် ၁၁၄ ပုဒ် အတွက် File Size စုစုပေါင်းမှာ 2.7 GB ရှိပါတယ်။ တစ်ပုဒ်ချင်းဆီ Download ယူနိုင်ပါတယ်။
..
Google Drive=> https://goo.gl/i3ha8A
.
Media Fire => Link
.
Box =>https://app.box.com/s/vgfo072luda2nl1owl26hh700r2qwddr
=======================
MMSY Quran Web Application ကို အောက်ဖော်ပြပါလင့်ခ်မှာ သွားရောက်ပြိးလေ့လာဖတ်ရှုနိုင်ပါတယ်။
လတ်တလောတွင် မြန်မာ ဘာသာပြန် (၂) မျိုး ဖြင့် ဖတ်ရှုနိုင်ပါသည်။
http://quran.mmsy.info/app/
Showing posts with label စာအုပ်စင်. Show all posts
Showing posts with label စာအုပ်စင်. Show all posts
Thursday, June 29, 2017
ကျမ်းတော်မြတ်ကုရ်အာန် အာရဗီ-မြန်မာ(ဘာသာပြန်) MP3 အသံဖိုင်
Monday, October 14, 2013
Friday, September 20, 2013
စာအုပ်များ ဒေါင်းရန်
မြန်မာမွတ်စလင်တို့၏
သမိုင်း
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ (ပသီဦးကိုကိုလေး)
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ (ဦးဘရှင်)
ဗမာမွတ်စလင် လူမျိုးစုပြသနာ (ပသီဦးကိုကိုလေး)
ရွှေဘိုသခင်ကြီး လေးပါးရာဇ၀င်နှင့် နန်းမျိုးနွယ် (၃၇၀၀) အကျဉ်း
သံတော်ဦးတင်လွှာ (ဦးနု)
ဦးနု စီရင်အပ်သော သုံးခန်းကျမ်း
ထင်ပေါ်ကျော်ကြား မြန်မာမွတ်စလင်များ
တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ
ကမန်မျိုးနွယ်စု သမိုင်း
ဗမက (ဗမာမွတ်စလင်) ကြေငြာစာတမ်း
အစ္စလာမ်သာသနာအပေါ် အမြင်မှားမှုများအား ရှင်းလင်းချက်
၇၈၆ ဆိုတာ
ဗလီ ဆိုတာ
ဂျီဟာ့ဒ် ဆိုတာ
ခရူးစိတ် စစ်ပွဲများ
The Prince of Peace
စောဒကနှင့် အဖြေ (၁) ဒေါက်တာ ဇာကိရ်နာက်
စောဒကနှင့် အဖြေ (၂) ဒေါက်တာ ဇာကိရ်နာက်
အမျိုးပျောက်မှာ စိုးကြောက်စရာ ၀ါဒဖြန့်စာအုပ်အား ဖြေရှင်းချက်
သမိုင်းဟူသည် (ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့် ကျမ်းငယ်)
သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (အာဖဂန်တွင် ဗုဒ္ဓဘာသာကွယ်ပျောက်ရသည့် အကြောင်း ဆောင်ပါးအား ဖြေရှင်းချက်)
အစ္စလာမ်သာသနာထွက် ဦးဆန်းလွင်အတွက် ဖြေရှင်းချက်အကျဉ်း
ဦးအေးလွင်မှ အစ္စလာမ်သာသနာထွက် ဦးဆန်းလွင်အတွက်အိတ်ဖွင့်ပေးစာ
ဘိုဘိုကျော်ငြိမ်းသို့ ပေးစာ (ရောမသားပိုတ်စ့်အား ချေပချက်)
ကျော်စွာ ၁၀၀ မှ နံပါတ်တစ် တမန်တော် မိုဟာမဒ် (ဆွ)
၉/၁၁ ရဲ့ အဓိက တရားခံက ဘယ်သူလဲ?
ကိုယ်တော် မိုဟာမဒ် (ဆွ) ၏ အိမ်ထောင်ရေးဘဝ
အစ္စလာမ်နှင့် မြန်မာမွတ်စလင်တို့အပေါ် အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းချက် စာတမ်း (ဒေါက်တာမြင့်သိန်း)
ဦးနေမျိုးဝေ၏ကုရ်အာန်အပေါ်စွပ်စွဲချက်အား Bsc. ဦးအေးလွင်၏ တုန့်ပြန်ဖြေရှင်းချက်
သာသနာများ၏ သမိုင်း
အစ္စလာမ်သာသနာ သမိုင်း
ဗုဒ္ဓသာသသနာ သမိုင်း
ခရစ်ယာန်သာသနာ သမိုင်း
အစ္စလာမ်သာသနာ
အလ္လာဟ်က လူတွေကို ဖန်ဆင်းပြီး ကစားနေသလား?
ကျမ်းမြတ်ကုရ်အာန်ကို သဘောပေါက်နားလည်စွာ ရွတ်ဖတ်ဖို့ လိုအပ်ပါသလား?
အစ္စလာမ်အေးရိပ်ဆာယာသို့ ပြန်လည် ခိုဝင်လာကြသူများ
သာသနာ အဖျက်လုပ်ရပ်များ
မီဒီယာလောကပေါ်မှ ဘာသာတရား (၁)
မီဒီယာလောကပေါ်မှ ဘာသာတရား (၂)
အကြမ်းဖက်သမား ဦးသုဇန
မွတ်စလင် ဗလီများ ဖျက်ဆီးခံရမှု့သတင်း
ကုရ်အာန် (မြန်မာဘာသာပြန်များ)
ကုရ်အာန် မြန်မာဘာသာပြန် (ဦးဌေးလွင်ဦး)
ကုရ်အာန် မြန်မာဘာသာပြန် (ဟာရှင်မ် တင်မြင့်)
ကုရ်အာန် မြန်မာဘာသာပြန် (ဂါဇီဟာရှင်မ်)
ကုရ်အာန် မြန်မာဘာသာပြန် အတွဲ (၁) (ဆော်ဒီဘုရင် ဖာ့ဒ်)
ကုရ်အာန် မြန်မာဘာသာပြန် အတွဲ (၂) (ဆော်ဒီဘုရင် ဖာ့ဒ်)
အာရဗီ မြန်မာ အဘိဓါန်
အာရဗီ သဒ္ဒါ (ျမန္မာ)
ပိဋိကတ်
ပိဋိကတ် မြန်မာဘာသာပြန်
ပါဋိ-မြန်မာ-အင်္ဂလိပ် အဘိဓါန် (ဦးဟုတ်စိန်)
ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ
ဘိုင်ဘယ်လ်
ခရစ်ယန် ဘိုင်ဘယ်လ် မြန်မာဘာသာပြန်
အစ္စလာမ် စာအုပ်စင်
MMSY အစ္စလာမ့် စာအုပ်စင်

Thursday, August 23, 2012
Tuesday, August 14, 2012
ရခိုင်ပြည်နယ်မှ-မူဆလင်များအရေးနှင့်ပတ်သက်၍-သက်ဆိုင်ရာ-၀န်ကြီးများ၏-လွှတ်တော်အတွင်းမေးခွန်းများရှင်းလင်းဖြေကြားချက်အပေါ်-သုံးသပ်ချက်
102678063-ရခိုင်ပြည်နယ်မှ-မူဆလင်များအရေးနှင့်ပတ်သက်၍-သက်ဆိုင်ရာ-၀န်ကြီးများ၏-လွှတ်တော်အတွင်းမေးခွန်းများရှ...
Click here for Download
Wednesday, July 25, 2012
မြန်မာမွတ်စလင်တို့၏ သမိုင်းဆိုင်ရာအထောက်အထားများ (ငြိမ်းချမ်းလုလင်)
What-is-Myammar-Muslim-Proposal-to-Change-1982-Myanmar-Citizenship-Act
What-is-Myammar-Muslim-Proposal-to-Change-1982-Myanmar-Citizenship-Act (မြန်မာမွတ်စလင်တို့၏ သမိုင်းဆိုင်ရာ ...
Mediafire Download Link
What-is-Myammar-Muslim-Proposal-to-Change-1982-Myanmar-Citizenship-Act (မြန်မာမွတ်စလင်တို့၏ သမိုင်းဆိုင်ရာ ...
Mediafire Download Link
Thursday, June 21, 2012
ရခိုင်အရေးအခင်းအပေါ် ပြန်လည်သုံးသပ်ဝေဖန်ချက် ဆောင်းပါးများ စုစည်းမှု့
ဤစာတမ်းပါ
ဆောင်ပါးများမှာ စာတမ်းပြုစုသူ ရေးသားတင်ပြသော ဆောင်ပါးများမဟုတ်ဘဲ
ဖြစ်ပျက်သွားသော ရခိုင် ပြည်နယ် အရေးအခင်းကာလအတွင်း အင်တာနက်စာမျက်နှာများပေါ်မှာ
ဆောင်ပါးရှင်အသီးသီးရဲ့ ရခိုင်ပြည်နယ် အရေး အခင်း အပေါ် ဝေဖန်ထောက်ပြထားတဲ့
ဆောင်ပါးများစွာကို စုစည်းထားခြင်းသာ ဖြစ်ပါတယ်…
ဤစာတမ်းပြုစုသူ အနေနှင့် စာဖတ်ပရိသတ်များ ထိုရက်၊ ထိုကာလအတွင်း ဖတ်ရှုခဲ့ရသော ဆောင်ပါးများစွာကို တစု တ စည်းတည်း ပြန်လည်ဖတ်ရှုကာ ဖြစ်ပျက်ခဲ့သော အရေးအခင်းများအပေါ် ပြန်လည် ဝေဖန်သုံးသပ်နိုင်ရန် ရည်ရွယ်ပါလို့ စာတမ်းပြုစုသူက ဆိုထားပါတယ်-
Mediafire က ဒေါင်းရန် ကလစ်နှိပ်ပါ-
Media vs Religious 2

Tuesday, May 29, 2012
သမိုင်းဟူသည် (ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့် ကျမ်းငယ်)
၂၀၁၂
ခုနှစ် မြန်မာနိုင်ငံမှာ "ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်"
လို့ အမည်ရတဲ့ စာအုပ်တစ်အုပ် ထက်ရှိခဲ့ပါပြီ။ အဲဒီ စာအုပ်ကိုရေးသားတဲ့ ပုဂ္ဂိုလ်ဟာ
ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော် ရဲ့ဘွဲ့အမည်ကတော့ ဘဒ္ဒန္တကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော်ကတော့ အဲဒီစာအုပ်ကို
သမိုင်းစာအုပ်လို့ ဆိုထားပါတယ်။ စာအုပ် မျက်နှာဖုံးမှာ ကို "သမိုင်းရေးတာ
မအအောင်လို့ပါ" လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။
အဲဒီစာအုပ်ကို အစအဆုံး သေချာ အနုလုံပဋိလုံ ဖတ်ကြည့်ပြီးနောက် အလွန်ကို ဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်း ကြီးစွာ လည်း ဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်....... စာရေးသူ ဆရာတော်ဟာ သမိုင်းပညာ ရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင် မဟုတ်ဟုသာ ယူဆမိပါသည်။) အတွက် သမိုင်းကြောင်းတွေကို နားမလည်တာ၊ အလွဲအမှားတွေ ရေးတာ ဟာ မထူးဆန်းလှပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ်ပညာ တတ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီးတစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခဲ့တဲ့ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန် (အငြိမ်းစား သမိုင်း ပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထား ပါတယ်။) ဖြစ်နေ လို့ပါဘဲ။
အဲဒီ သမိုင်းစာအုပ်ဆိုတဲ့ စာအုပ် အမှာစာစာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်း ဖြတ်ပေးခဲ့တဲ့
ဆရာကြီးများရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီ အမည်စာရင်းပါ ဆရာကြီးများရဲ့ အမည်တွေကို ကူးယူဖော်ပြပေးချင် ပါတယ်။
၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်
၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘဲဂျွန်
၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်
၎။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်း အုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊
၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ) ဆရာကြီး ဦးထွန်းအောင်ချိန်
အဲဒီလို ခေတ်ပညာတတ် လူကြီးလူကောင်း ဆရာကြီးများနဲ့ ခရစ်ယျာန် အဖွဲ့အစည်းတွေက လေးစားအပ်တဲ့ ပညာရှင်များ ကိုယ် တိုင်က စာမူကို ဖတ်ရှုတည်းဖြတ်ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်းအကြောင်းအရာ အတော်များများဟာ အလွဲကြီး လွဲနေကြောင်း သိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့် ဝမ်းနည်း မိပါတော့တယ်။
ကျွန်တော် သမိုင်းပညာရှင်တစ်ဦး လုံးဝမဟုတ်ပါဘူး။ သို့သော် သမိုင်းပညာရပ်နဲ့ ပညာရှင်တွေကို ချစ်ခင်ပါတယ်၊ လေးစားပါ တယ်။ ဒါကြောင့် သမိုင်းပညာရပ်ကို အလွတ်တမ်း လေ့လာလိုက်စား ဖြစ်ပါတယ်။ ကျွန်တော် လေးစားရတဲ့ မြန်မာနိုင်ငံက သမိုင်း ပညာရှင်ကြီး တွေထဲက ပညာရှင်ကြီးအချို့ရဲ့ အမည် တွေကိုရွတ်ပြရရင်ဖြင့်.....
၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း
၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်
၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်
၎။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း
၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်
စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်း ကျွန်တော် သမိုင်းအပေါ် သစ္စာ တည်ချင်ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့မှာ အလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေ လိုက် ရင်တော့ သမိုင်းကို သစ္စာဖောက်တ့၊ဲ မတည်ကြည် မဖြောင့်မတ်တဲ့ လူသားတစ်ယောက်အဖြစ်ကို ရောက်ရှိသွား မှာဘဲလို့ ခံယူ ထားပါတယ်။ အဲဒီအဖြစ်မျိုး ရောက်မှာကိုတော့အလွန်ရွံကြာက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာ သာအယူဝါဒ တစ်ခုကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင်ရာလိုက်ပြီး အလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကို သိသိကြီးနဲ့ အမှန်ပြင်မပေးမိရင် နောင်လာနောက် သား မျိုးဆက်တွေအပေါ် ကြီးမားစွာ လွန် ကျူးခြင်းဘဲဖြစ်မယ်ဆိုတာ ဖြောင့်မတ်တဲ့ လူသားတိုင်း သဘောတူမယ်လို့ ယုံကြည်မိပါတယ်။
ဒေါင်းရန်-
ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့် ကျမ်းငယ်)
ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် ( ဘဒ္ဒန္တကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ရေးသားထားသည့် မူရင်း အလွဲသမိုင်း စာအုပ်)
Scribd မှ တိုက်ရိုက် ဖတ်ရန်-
ကလစ် နှိပ်ဖတ်ပါ-
ရဲရင့်သစ္စာ
Credit: ရဲရင့်သစ္စာ
Source: MMSY
ကျွန်တော် ကြိုက်တဲ့ ဒေါက်တာသန်းထွန်းရဲ့ စာသားလေးတချို့ ကူးထည့်ပေးလိုက်တယ်-
Thamine Hu The

သမိုင်းမှတ်တမ်းတင်သူတွေဟာ
အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့
ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ
မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။
သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
သမိုင်းသုတေသနမှာ သက်သက်ညှာညှာ
ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ
ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့
ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။ (ဒေါက်တာ သန်းထွန်း)
Saturday, May 26, 2012
အစ္စလာမ့် ဒဿနကျမ်း (The Philosophy of the Teachings of Islam)
ကျမ်းမြတ်ကိုရန်မှ အလ္လာဟ်ရှင်မြတ်၏ အမိန့်တော်လမ်းညွှန်ချက်များကို
နားလည်ဖတ်ရှူလိုသူများအတွက်-
အစ္စလာမ့် ဒဿနကျမ်း (The Philosophy of the Teachings of Islam)
ဒေါင်းရန်-http://www.mediafire.com/view/?dzvcg1cbptts9pp
ဤကျမ်းနှင့် ပတ်သက်၍ မှတ်ချက်စကားများ-
ဤကျမ်းနှင့် ပတ်သက်၍ မှတ်ချက်စကားများ-
ဤကျမ်းသည် အစ္စလာမ်ဘာသာများသာ ဖတ်ရန်မဟုတ်၊ လူကောင်း လူမြတ်
ဖြစ်လိုသူမှန်က အထပ်ထပ်ဖတ်အပ်သော ကျမ်းဖြစ်လေရာ ဘာသာကျမ်းစာဖြစ်ခြင်းသာမက လူဟူသမျှနှင့်ဆိုင်သော
ကျမ်းစာ ဖြစ်ပေသည်။
(ဆရာကြီး ပီမိုးနင်း)
ဘာသာရေး ဗဟုသုတ စုဆောင်းသူများနှင့် မိုဟမ္မဒ်ဘာသာဝင်မြန်မာတို့တွင်
ဤစာအုပ်သည် များစွာ အရေးပါ၍ အရာရောက်လိမ့်မည် ဖြစ်ပါကြောင်း ထိုစာအုပ်၌ လူများသေပြီးနောက်
တည်ရှိနိုင်သည်၊ မရှိနိုင်သည်။ ရုပ်နှင့် နာမ်သည် မည်ကဲ့သို့ဖြစ်လာသည်။ မည်ကဲ့သို့
ဆက်သွယ်သည် စသော ပြဿနာများကို ကုရ်အာန်ကျမ်းအရ ဖြေကြားထားသည်ကို တွေ့ရှိရသဖြင့် မိမိတို့ဘာသာနှင့်
တူညီချက်၊ ကွဲလွဲချက်များကို နှိုင်းယှဉ်ကြည့်ရန် ကောင်းသော စာအုပ်ကလေး ဖြစ်သည်။
(ဒီးဒုတ် ဦးဘချို)
Subscribe to:
Comments (Atom)