Showing posts with label ရုပ်သံ. Show all posts
Showing posts with label ရုပ်သံ. Show all posts

Wednesday, September 25, 2013

အစ္စလာမ်ဘာသာဝင်များ၏၀တ်ပြုမှု အတွက် ဖိတ်ခေါ်သံကိုစော်ကားနေသည့်၉၆၉ဘုန်ကြီးများ­အတွက်

၉၆၉ဘုန်ကြီးများမှ အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုမှု အတွက် ဖိတ်ခေါ်သံကိုစော်ကားနေသည်အပေါ် ဦးအေးလွင်၏ အမြင်

၉၆၉ဘုန်ကြီးများမှ အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုမှု အတွက် ဖိတ်ခေါ်သံကိုစော်ကားနေသည်အပေါ် ၀ါးခယ်မ မောင်မင်းနိုင်မှ ၀တ်ပြုသံအား ဘာသာပြန် ရှင်းလင်းချက်-
အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ် Marble Collegiate Church အတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး ပွဲ တစ်ခုအတွင်း အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုမှု အတွက် ဖိတ်ခေါ်သံ ပြုခဲ့ပုံ (အင်္ဂလိပ်စာတန်းထိုး)
နေ့စဉ်(5)ကြိမ် ဗလီများမှ ၀တ်ြ့ပုရန်အတွက် ဖတ်ခေါ်သော အာဇန် အသံ၏ အဓိပ္ပါယ်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။­။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။­။။။။။။။။။။။။။။။။။။။
. 
-အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.....

-အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.....

-အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.....

-အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.....

-အလ္လာဟ်အသျွှင်မြတ်မှတပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သော အသျှင်မရှိကြောင်းကို ကျတော်မျိးသက်သေခံအပ်ပါသည်။

-အလ္လာဟ်အသျွှင်မြတ်မှတပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သော အသျှင်မရှိကြောင်းကို ကျတော်မျိးသက်သေခံအပ်ပါသည်။

-မုဟမ္မဒ်သခင် (ဆွလလ္လားဟု အလိုင်းဟိစ္စလာမ်) သည် အလ္လာဟ်အသျှင်မြတ်၏ စေလွတ်ခြင်းခံရသော တမန်တော်ဖြစ်ကြာင်းကျွန်တော်မျိုးသက်သေခံအ­ပ်ပါသည်......

-မုဟမ္မဒ်သခင် (ဆွလလ္လားဟု အလိုင်းဟိစ္စလာမ်) သည် အလ္လာဟ်အသျှင်မြတ်၏ စေလွတ်ခြင်းခံရသောတမန်တော်ဖြစ်ကြာင်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်......

-ခ၀ပ်ကိုးကွယ်မှုအတွက် လာကြကုန်တော့ 

-ခ၀ပ်ကိုးကွယ်မှုအတွက် လာကြကုန်တော့

-အောင်မြင်မှုဆီသို့ လှမ်းလာကြလော့....

-အောင်မြင်မှုဆီသို လှမ်းလာကြလော့....

-အလ္လာဟ်အသျှင်သာလျှင် အကြီးကျယ်ဆုံး ဖြစ်ပါတယ်

-အလ္လာဟ်အသျှင်သာလျှင် အကြီးကျယ်ဆုံး ဖြစ်ပါတယ်

ထိုအသျှင်မြတ်မှတပါး အခြားခ၀ပ်ကိုးကွယ်ထိုက်သော အသျှင်မရှိ .


Royal Rose Press Conference

Royal Rose Press Conference (June 14, 2013)

သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသည့် စာနယ်ဇင်း ရှင်းလင်းပွဲ ရုပ်သံမှတ်တမ်းများ-


Unity for Peace Networks' Press Conference on Misconceptions about Islam and Myanmar Muslims

Unity for Peace Network's Press Conference မှ အစ္စလာမ့်ဘာသာအပေါ် အထင်အမြင် လွဲမှားနေမှု့များအား ဖြေရှင်းသည့် သတင်းစာရှင်းလင်းပွဲ ရုပ်/သံ မှတ်တမ်းများ-


Friday, September 20, 2013

နွားကို သနားသော၊ နွားကို ကျေးဇူးရှင်ဟု ဟစ်ကြွေးနေသူများသို့-



ကမ္ဘာပေါ်မှာ တိရိစ္ဆာန်ကိုဖြစ်စေ၊ လူကိုဖြစ်စေ သတ်ပုံသတ်နည်း အမျိုးမျိုးရှိတယ်...
လူကိုသတ်တာက သေဒဏ်ကျလို့ သတ်တာအပြင် အကြောင်းအရင်း အမျိုးမျိုးကြောင့် သတ်ကြတယ်။

သေဒဏ်ဆိုရင်လည်း လျှပ်စစ်ကုလားထိုင်၊ ကြိုးမိန့် ၊ သေနတ်နဲ့ ပစ်သတ်၊ အရှင်လတ်လတ် မြေမြှပ်သတ်၊ ခေါင်းဖြတ်သတ် စသဖြင့်ပေါ့လေ...

တိရိစ္ဆာန်တွေကျတော့ အပြစ်မရှိပဲ ဘာလို့ သတ်ဖြတ်ကြတာလည်း... အဲ့ဒီအချက်က ပွိုင့်ပဲ...

အစ္စလာမ်ဘာသာမှာ တိရိစ္ဆာန်ဆိုတာ လူတွေစားသောက်အသက်ရှင်ဖို့ အတွက် ဖန်ဆင်းပေးထားတာဖြစ်တယ်... တိရိစ္ဆာန်အားလုံးကို စားချင်တိုင်းလည်း စားလို့ မရဘူး...ဖန်ဆင်းရှင်ဖန်ဆင်းထားတဲ့ အရာအားလုံးမှာ အကျိုးနဲ့ အကြောင်းရှိတယ်... လူစားဖို့ ဖန်ဆင်းထားတာရှိသလို အညစ်အကြေး သန့် ရှင်းဖို့ ဖန်ဆင်းထားတဲ့ တိရိစ္ဆာန်(ဥပမာ ၀က်)တွေလည်း ရှိတယ်...

အစ္စလာမ်မှာ ရှောင်ရှားရတဲ့ အသားတွေအများအပြားရှိတယ်... ခရစ်ယန်မှာဆိုရင် ကျနော် သိရသလောက် သွေးစားလို့ မရဘူး... ဗုဒ္ဓဘာသာမှာဆိုရင် ကျနော် သိရသလောက် ဘာမှမရှောင်ခိုင်းထားဘူး... သတ္တ၀ါတွေအပေါ် မေတ္တာထားပြီး သတ်သတ်လွတ်စားချင်စားပေါ့လေ... ဟိန္ဒူဘာသာမှာကတော့ ရှုပ်တယ်... သတ်သတ်လွတ်စားတာနဲ့ ၊ ခြေလေးချောင်း ရှောင်တာနဲ့ ၊ အမဲသားတစ်မျိုးပဲမစားတာနဲ့ ၊ ဆိတ်တွေခေါင်းဖြတ်သတ်တာနဲ့ ... အစုံပဲဗျာ ဒါတွေကတော့ ဘာသာတရား တွေမှာ ဆောင်ရန်ရှောင်ရန်ပေါ့လေ...

နောက်ပြီး ယဇ်ပူဇော်တာတွေလည်း ရှိတယ်ဗျ...ကြားဖူးကြမှာပါ အထူးအထွေမပြောတော့ဘူး... ဒီလင့်ခ်မှာကြည့်ပါ
http://www.ethnobiomed.com/content/5/1/23

နောက်ပြီးတော့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဒါမှမဟုတ် ပျော်ပွဲရွှင်ပွဲ ပွဲတော်အဖြစ် တိရိစ္ဆာန်တွေကို အပျော် သတ်ဖြတ်ကြတဲ့ ပွဲတွေလည်းရှိတယ်... ဥပမာ ဘရာဇီးယဇ်ပူဇော်ပွဲ၊ စပိန်နွားရိုင်းသတ်ပွဲ၊ တရုတ်ဝက်သတ်ပွဲ (ပုံတွင်ရှု)

တချို့ ကျတော့ ထူးဆန်းတယ်...တိရိစ္ဆာန်တွေအော်ဟစ်ရုန်းကန်တာကို ဇိမ်ခံကြည့်ရတာတို့ ၊ အရှင်လတ်လတ် စားသောက်ရတာတို့ ကို ၀ါသနာထုံပြန်တယ်... ဥပမာ...ဂျပန်မှာ မျောက်အရှင်လတ်လတ် ဦးနှောက်ဖောက်စားတာမျိုး၊ တိရိစ္ဆာန်တွေကို အကြောင်းမဲ့ စားလည်းမစားပဲနဲ့ ရိုက်သတ်လိုက်တာမျိုး....(အပျော်တမ်း အမဲလိုက်တာပေါ့)

တချို့ ကျတော့လည်း ပိုက်ဆံရဖို့ အတွက်သတ်ကြတယ်...(မုဆိုးတွေပေါ့)

အစ္စလာမ်ဘာသာက တိရစ္ဆာန်များလည်လှီးသတ်ဖို့ ပြဌာန်းထားတယ်...
WHO က ပြဌာန်ထားသော နိုင်ငံတကာအတွက် တရားဝင်သားသတ်နည်းမှာ အစ္စလာမ်ဘာသာ ၀င်များ အသုံးပြုလျှက်ရှိသည့် လည်ပင်းလှီးဖြတ်(Halal) လုပ်သည့် နည်းလမ်းဖြစ်ပါတယ်...
ဘောင်ကျဉ်းကျဉ်းလေးမှကြည့်၍ ဝေဖန်နေသူများ နဲ့  လေ့လာလိုသူများ အောက်က ဗီဒီယိုကိုကြည့်ပါ...တိရိစ္ဆာန်တွေကို ဘယ်လို ရက်ရက်စက်စက်သတ်သလဲဆိုတာကို...
https://www.facebook.com/photo.php?v=126395897558456

ကျနော်တို့ အစ္စလာမ်ဘာသာမှာ တစ်နှစ်လျှင်တစ်ကြိမ် အမိန့် ပညတ်ချက်ကြောင့် ကုရ်ဘာနီခေါ် (လည်ပင်းလှီးဖြတ်ခြင်း မင်္ဂလာ) လုပ်လေ့ရှိတယ်...တိရိစ္ဆာန်တွေကို ရက်ရက်စက်စက် မသတ်ခိုင်းထားဘူး...လည်ပင်းကို သွေးကြောအပြတ်ဖြတ်၊ သွေးအကုန်ထွက်တာစောင့်ရင် နာကျဉ်မှုဒဏ်ကို အလွန်ဆုံးခံစားရ ၅မိနစ်ပဲပေါ့...မြန်မာနိုင်ငံမှာတော့ အဓိက ကုရ်ဘာနီလုပ်ကြတာ...နွားပေါ့ဗျာ၊ ဆိတ်နဲ့ ကျွဲတို့ ကလည်း အနည်းနဲ့ အများပါပါတယ်...

စဉ်းစားလို့ မရတာတစ်ခုက ကုရ်ဘာနီလုပ်တာကို ဘာဖြစ်လို့ နွားသတ်တယ်လို့ ပဲထင်ပြီး နွားမသတ်ဖို့ ကို အသည်းအသန် လှုံဆော်နေကြတာလည်းဗျာ...လွန်ခဲ့တဲ့ နှစ်လလောက်က ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ မှာ သားသတ်ခွင့်လိုင်စင်ကို ဘုန်းကြီးတွေဦးဆောင်ပြီး လိုက်သိမ်းတယ်၊ နွားမသတ်ရဘူးဆိုတော့ ကျန်တဲ့ အကောင်တွေသတ်လို့ ရတယ်ဆိုတဲ့သဘောလား...ပိတ်ပင်ရင်လည်း ဘယ်အကောင်မဆို မသတ်ရလို့ ပိတ်ပင်ပေါ့...မဟုတ်ဘူးလား...

နွားကို မသတ်ရလို့ ပိတ်ပင်လည်း ကျနော်တို့ ကုရ်ဘာနီလုပ်စရာ အကောင်မရှိပဲ နေတော့မှာ မဟုတ်ဘူး...နွားမလုပ်ရရင် ဆိတ်၊ သိုး၊ ကျွဲ၊ ကုလားအုတ်တို့ ရှိတယ်...နွားကိုပဲ သဲကြီးမဲကြီးလိုက်တိုက်ခိုက်နေတာကလည်း စစ်ခွေးတွေ၊ သူတို့ လုပ်ရပ်ကို ထောက်ရှု့ မယ်ဆိုရင် အခုတလော တရုတ်ပြည်နဲ့ တခြားနိုင်ငံတွေကို အသားတင်ပို့ မယ်ဆိုတဲ့ သတင်း သဲ့သဲ့ကြားမိကြမယ်လို့ ထင်ပါတယ်..တင်လည်းတင်ပို့ နေပါတယ်..တရုတ်က စားစရာရရင် အကုန်စားမှာ... နောက်ဆုံးခွေးပါတင်ပို့ နေရတာ အားလုံးအသိ...

ဒီတော့ ဒီစစ်ခွေးတွေ..အစိုးရဖော်လန်ဖားတွေ နွားမသတ်ဖို့ ၊နွားကို သနားဖို့ လှုံ့ ဆော်နေတာက သူတို့ အကျိုးအမြတ်အတွက်ပဲ...ဘာဘာသာရေးမှ မလေးစားဘူး...လေးစားတယ်ဆိုရင် ၂၀၀၇မှာ သံဃာတွေ ခေါင်းကွဲခဲ့မှာ မဟုတ်ဘူး..

သူတို့ ကိုယ်ကျိုးအတွက်မပါရင် ဘာမှမလုပ်ဘူးဆိုတာ ယောင်ဝါးဝါးလေးတွေ မှတ်ထားကြပါ...

စာလည်းရှည်သွားပြီ...ရေးချင်သေးတာတွေအများကြီးရှိပေမယ့် ဒီလောက်နဲ့ ပဲ တော်သေးပြီ
(စတီ ဗင်)

နံမည်ကြီး ထမင်းငတ် မွတ်စ်လင်နိုင်ငံများ  (ကလစ်နှိပ်ဖတ် လေ့လာရန်)


ဆက်စပ်ရုပ်သံများ-

Thursday, December 8, 2011

9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?

September 11 ကတော့ ပြီးဆုံးသွားခဲ့ပါပြီ... ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြီးကလည်း ၁၀ နှစ်တောင် ပြည့်ခဲ့ပါပြီ.... ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာက 9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?

အရင် ဒီ Video လေးကို ကြည့်လိုက်ရအောင်နော်-



http://videos.oregonlive.com/2011/10/zero_an_investigation_into_911.html

(or)

My Video - DVD-Title1 - eSnips

(or)













Download လုပ်ချင်သူများအတွက်-


Download Links:
001 : http://www.mediafire.com/?1e1p739jo4bnc2y
002 : http://www.mediafire.com/?0wssgyb5dgphaes
အထက်ပါ zip folder ၂ ခုကို ဒေါင်းလုပ်လုပ်ပြီး zip ဖြည်ကာ Folder ၁ ခုထဲမှာ ပေါင်းထည့်လိုက်ရင် ပုံပါ အတိုင်း ဖိုင် ၄ ခု တွေ့ရလိမ့်မယ်..  gsplits ဆိုတဲ့ software ကို install လုပ်လိုက်ပါ.... ပြီးရင် ပွင့်လာတဲ့ software ကိုပိတ်ကာ folder ရှိ ၄ ဖိုင်ထဲမှ အပေါ်ဆုံးက disk1 icon ကို click နှိပ်လိုက်ရင် DVD-Title1 ဆိုတဲ့ mp4 ဖိုင်လေး တဖိုင်ရပါလိမ့်မယ်....

အထက်ပါ Video ဖိုင်လေးကို ကြည့်ပြီးရင်တော့ သူငယ်ချင်းတို့ အတိုင်းအတာ တစ်ခုအထိ စဉ်းစား ချင့်ချိန်နိုင် ကြပါပြီ-

ဒါကိုဘဲ online က ခင်မင်ရင်နှီးခဲ့ရသူ သူငယ်ချင်း တစ်ယောက်နဲ့ ဆွေးနွေးဖြစ်တော့- သူက ဒီလိုဆိုပါတယ်-
အခုကျနော်သိလာတာတွေကိုလည်း ပိုသေချာအောင် မျှမျှတတ စဉ်းစားတတ်တဲ့သူငယ်ချင်း နိုင်ငံရေး နှံ့စပ် သူများ ရှိရင်လည်း မေးမြန်းကြည့်ပါ။ သတင်းမှန်ကို သိလာပါလိမ့်မယ်။ youtube ထဲမှာ 9/11 များကို ရိုက်ကြည့် ပြီး လေ့လာကြည့်ပါ။ အထူးသဖြင့် သိပ္ပံပညာရှင်တွေက ဘာပြောသလဲပေါ့။

9/11 ဖြစ်ပြီးမကြာမှီ- နယူးယောက်က ကျွန်တော့ မိတ်ဆွေတစ်ဦးပြန်လာတော့- သူ့ဆီမှာ စီဒီခွေတစ်ခုပါလာ တယ်။ နယူးယောက်က ရထားဘူတာတွေမှာ (အလကား) လိုက်ဝေတာတဲ့- အဲ့ဒီ အခွေထဲမှာ- အဆောက်အဦး ကြီးပြိုကျတဲ့စနစ်၊ ပင်တဂွန်မှာကျတဲ့ လေယဉ်ရဲ့ အင်ဂျင် အားလုံးကို တွက်ပြထားတယ်။ မှတ်မိသလောက်နဲ့ လက် ရှိအခြေအနေအားလုံးကို တတ်နိုင်သမျှ ပြန်ပြောပြမယ်။- အကုန်လုံး စဉ်းစားလို့ရအောင်ပါ။

(၁) အဆောက်အဦးက လေယာဉ်နဲ့တိုက်လို့ တစ်ခုလုံး ၀ုန်းကနဲ့ မပြိုနိုင်ဘူး။

(၂) အဲ့ဒီအောက်က အဆောက်အဦးပြိုစေဘို့ ဗုံး ၁၃ လုံးကွဲတယ်။ (ဖုံးထားတဲ့ သတင်း- နောက်ပိုင်း ပေါ်လာမယ်)

(၃) ဒုတိယလေယဉ်တိုက်ဘို့ မီနစ် ၃၀ ကွာတယ်။ အဲ့ဒီ ပထမလေယဉ်တိုက်တော့ သမ္မကြီးကို အကြောင်း ကြား တယ်။ သမ္မတကြီးက အရေးယူဘို့ မပြောဘူး။ ဖလော်ရီဒါမှာရှိတဲ့ မူလတန်းကျောင်းလေးမှာ ကလေးတွေ ရွတ်ဆို နေတဲ့ ကဗျာများကို ဘာမှ မဖြစ်သလို ဆက်လက်နားထောင်နေတယ်။

(၄) ဒုတိယ လေယဉ်တိုက်တယ်။ အဆောက်အဦး ပြိုကျတယ်။ ပြီးမှ သမ္မတကြီးက အရေးယူပါလို့ ပြောခဲ့တယ်။

(၅) သမ္မတကြီးက ဖလော်ရီဒါမှာပြောခဲ့တဲ့စကားများနဲ့ ၀ါရှင်တန်မှာပြောတဲ့စကား ရှေ့နောက်မညီလို့ သ တင်းထောက်တွေက ၀ိုင်းမေးတာကို ပြန် မဖြေနိုင်ခဲ့ဘူး။

(၆) ပင်တဂွန် စစ်ဌာနချုပ်မှာ လေယဉ်တစ်စီးကျတယ်။ အဲ့ဒီ လေယဉ်အင်ဂျင်ကို အ၀တ်နဲ့အုပ်ပြီး ထမ်းထုတ် သွား တာ- လူလေးယောက်ပဲ ဖြစ်တယ်။ သူတို့ ပြောတဲ့ ခရီသည် လေယဉ်ဆိုရင် အင်ဂျင်ကို လူလေးယောက် ထမ်း ထုတ်လို့ မနိုင်ဘူး။ သတင်းထောက်တွေကို အဲ့ဒီ လေယဉ်အင်ဂျင် အပိုင်းအစများကို ဓါတ်ပုံရိုက်ခွင့် မပေးဘူး။

(၇) ပစ်ချလိုက်တယ်ဆိုတဲ့ လေယဉ်ကတော့ သတင်းလောက်ပဲ ပါတယ်။ ဘာလေယဉ်မှန်း မသိဘူး။ (ပြော တော့ ခရီးသည်တင် လေ ယဉ်လို့ ပြောတယ်။

မဖြစ်မှီနဲ့ ဖြစ်ပြီး အခြေအနေများ
လေယဉ်နဲ့ မတိုက်မှီ တစ်လ အလိုက အမေရိကန်နိုင်ငံ နယူးယောက်၊ မင်ဟယ်တန် (အဆောက်အဦး ရှိရာမြို့) အနီးမှာ ဒီအဆောက်အဦးကို စက်တင်ဘာလအတွင်း မနက် ၉ နာရီ မတီးမှီ မလာပါနဲ့လို့ ကြိုတင်စာဖြန့်ဝေတယ်။ အဲ့မှာရှိတဲ့ မြန်မာတွေလည်း အဲ့ဒီစာကို ရခဲ့တယ်။ အဲ့ဒီမြို့ထဲမှာ မြန်မာပြည်သား တရုတ်လူမျိုးပိုင်တဲ့ sun hotel ရှိ တယ်။ မြန်မာသင်္ဘောသားတွေ အများစု တည်းခိုတယ်။ ကျွန်တော့မိတ်ဆွေ သင်္ဘောသားတစ်ဦးလည်း အဲ့စာကို ရခဲ့တယ် ပြောတယ်။-

အဆောက်အဦးမှာ ဂျူးလူမျိုးတွေ ထောင်ချီပြီး အလုပ်လုပ်ကိုင်တယ်။ မြန်မာတွေလည်း ရှိတယ်။ မူဆ လင်တွေလည်း ရှိတယ်။ ၀န်ထမ်းတွေပါ။ တကယ်ဖြစ်မယ့်နေ့မှာ ၀န်ထမ်းဂျူး အဲ့သည်ဂျူး တစ်ယောက်မှ အ ဆောက်အဦးကို မလာခဲ့ဘူး။ ဒါကြောင့် သေတဲ့ အထဲမှာ ဂျူး တစ်ယောက်မှ မပါခဲ့ဘူး။

ဖြစ်သွားပြီးနောက်ပိုင်း-- အမှုကို စစ်ဆေးဘို့ ခုံးရုံးဖွဲ့ခဲ့တယ်။ အဖွဲ့ ဥက္ကဌက ယခင်အမေရိကန်နိုင်ငံခြားရေး ၀န် ကြီးဟောင်း ဟင်နရီ ကက်ဆင်းဂျား ဖြစ်တယ်။ သူက အမှုကို စုံစမ်းစစ်ဆေးရင်း- အမှုက ဂျူးတွေနဲ့ အမေရိကန် အစိုးရပိုင်း ထိပ်သီးတွေဆီကို ပတ်လာခဲ့တယ်။ ဒါကြောင့် ဒီအမှုကို သူ ဆက်လက် မကိုင်တွယ်တော့ပါဘူးလို့ တ ရားဝင်ကြေငြာပြီး နှတ်ထွက်သွားခဲ့တယ်။ အခုအချိန်ထိ အမှုက တန်းလန်းကြီး ဖြစ်နေပါတယ်။

အမေရိကန်အစိုးရက ထိုးချတဲ့ (လေယဉ်ထဲပါ အသေခံတိုက်သူ) မုဟမ္မဒ် အာ့ခ်တားက- သူဟာ အီဂျစ်မှာ ရှိ နေပါတယ်။ ကျောင်းတက်နေပါတယ်လို့ ပြောပါတယ်။ ခင်ဗျားတို့ စွပ်စွဲတာ လူမှားနေပြီလို့ ပြောပါတယ်။ (သူ ကတော့ အမေရိကန်ကို လာခဲ့တယ်။ ပြန်ခဲ့တာ ၈ လရှိပါပြီတဲ့)။

အမေရိကန်အစိုးရက ဘင်လာဒင်ကို ထိုးချတယ်။ သူက အာဖဂန်ကို ၀င်ချင်တယ်လေ။ အာဖဂန်ကို ဘာကြောင့် ၀င်ချင်ရသလဲ။ သူက ကာဇက်စတန်က ရေနံနဲ့ ဂစ်ကို သယ်ယူဘို့ အာဖဂန်ကို ပိုက်လိုင်း ဖြတ်ဖေါက်ရမယ်။ ဒါကြောင့် တာလီဘန် နိုင်ငံခြားရေးဝန်ကြီးကို နယူးယောက်ကို ခေါ်ယူပြီး ဆွေးနွေးခဲ့ တယ်။ အကောက် ခွန်ကိစ္စ အပေးအယူ မတည့်ခဲ့ဘူး။ ပြီးတော့ အာဖဂန်က ကြေးနီးနဲ့ ယူရေနီယံ ထွက်တယ်။ အာဖဂန်ကို သူ့သြ ဇာ သွပ်သွင်းနိုင်ရင် တရုတ်နဲ့ ရုရှားကိုလည်း လှမ်းထောက်ထားလို့ ရတယ်။- (တွက်ထားတာတွေကတော့ မျိုးစုံ ပေါ့ဗျာ)။

အမေရိကန်နိုင်ငံတွင်းမှာ နောက်ကွယ်က ကိုင်ထားတဲ့ ဂျူးတွေ ကိုလည်း အမေရိကန်လူမျိုးတွေက အတိုးကြီး စားမှုနဲ့ မုန်းတီးမှု မြင့်တက်လာခဲ့တယ်။ ဂျူးတွေကလည်း သူတို့ကို မုန်းမယ့်အစား မူဆလင်ကိုမုန်းဘို့ အာရုံ လွှဲ ချင်တယ်။ (ဂျူးအားလုံးတော့ မဟုတ်ဘူးနော်- အဓိက ကြိုးကိုင် ဇီယွန်ဝါဒီတွေပါ)။ ဒီနှစ်ခု ပေါင်းစပ်ပြီး ဘင်လာဒင်ကို ထိုးချလိုက်ရင် ဘင်လာဒင် ခိုလှုံ နေတဲ့ အာဖဂန်ကို သူတို့ တိုက်လို့ ရမယ်လေ။
အာဖဂန် ခေါင်းဆောင် မူလာအိုမာက - ဘင်လာဒင် ဖြစ်ကြောင်း တိကျတဲ့ သက်သေပြပါ။ တိကျခဲ့ရင် ငါကိုယ် တိုင်ဖမ်းပြီး မင်းတို့လက်ထဲကို အပ်မယ်လို့ ပြောခဲ့တယ်။ သူတို့ကတိကျတဲ့ သက်သေမပြနိုင်ဘူး။ (အာလ်ဂျဇီး ရာဟ် တသင်းဌာနက တရားဝင်ပြောခဲ့တယ်။) နောက်ဆုံး ဘင်လာဒင်ကို သူတို့ အရှင်ဖမ်းမိတယ်။ (မကြာသေး မှီကပါ) ဒါပေမယ့် အသေမိတယ်ပြောပြီး အလောင်းဖျောက်ပစ်လိုက်တယ်။ (အဖြေက ရေထဲကို ပစ်ချလိုက် တာတဲ့)။ အထူးလေ့ကျင့်ထားတဲ့ အထူးကွန်မင်ဒို ၁၀ ယောက်က တိုက်ခန်းထဲမှာ လှောင်ပိတ်နေတဲ့ (တောထဲ မှာလို ထွက်မပြေးနိုင်တဲ့) လက်နက်မဲ့ လူတစ်ယောက်ကို အသေမိတယ်ဆိုတာကော ယုတ္တိရှိရဲ့လား။ အရှင်ဖမ်း ပြီး လူသိရှင်ကြား ခုံရုံးတင်ပါလား။ ဒီတော့ အမှုက အမှန်ပေါ်လာမယ်လေ။ ဒီလို အဖြစ်မခံနိုင်တော့ နှတ်ပိတ် လိုက်တာပေါ့။ ဘင်လာဒင်ရဲ့ ရန်သူတော်ကြီးလို့ သိထားတဲ့ သမ္မကြီး ဂျော့ဘုခ်ျက “ဘင်လာဒင် သေပြီဆိုပြီး ကြည်နူးမနေသင့်ဘူး၊ သူဟာ တရားခံအစစ် ဖြစ်တယ် မဖြစ်ဘူးဆိုတာ ခုံရုံးတင် စစ်ဆေးခြင်း မပြုရသေးသလို၊ ဆုံးဖြတ်ချက်လည်း မချရသေးဘူး၊ ငါကတော့ ဘယ်ထောက်လှမ်းရေးကိုမှ အယုံ အကြည်မရှိဘူး၊” လို့ ဖလော် ရီဒါ- သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ မကြာသေးပါ။ what Bush said about Bin Ladin ဆိုပြီး နက်မှာ ရှာကြည့်ပါ။

အဓိက အကျဆုံး နောက်တစ်ချက်က- အီရန်သမ္မတ အမာဒီနဂျစ်က ၂၀၁၀ ကုလသမဂ္ဂ ကွန်ဖရင့်မှာ- 9/11 ဟာ လုပ်ဇတ်ဖြစ်တယ်။ အမေရိကန်က မူဆလင် နိုင်ငံတွေကို ကျူးကျော်လိုလို့ ဇတ်လမ်းဆင်ခဲ့တာ ဖြစ်တယ် လို့ နယူးယောက် ကုလရုံးမှာ ကမ္ဘာ့နိုင်ငံများ အားလုံးရှေ့မှာ ဗြောင်ပြောခဲ့တယ်။ ဒါကို သမ္မတ အိုဘားမားက စကားကို မဆင်မခြင် ပြောတယ်လို့ပြောတော့- သူက ခင်ဗျားတို့အနေနဲ့ ကုလသမဂ္ဂကို ခုံရုံးဖွင့်ခိုင်းပြီး ဒီကိံစ္စကို စစ်ဆေးပါ။ ကျုပ်တို့ဆီမှာ အဆောက်အဦးကို အောက်က ဗုံး ၁၃ လုံးခွဲခဲ့တဲ့ အချက်အလက် အထောက်အထား အပြည့်အစုံရှိတယ်လို့ ပြန်ပြောတယ်။ သမ္မတအိုဘားမားက ဘာမှ မပြောနိုင်ဘူးလေ။ အီရန်သမ္မတဟာ အ ဆောက်အဦးပျက်နားကို ကိုယ်တိုင်သွားခဲ့တယ်။ အဲ့ဒီမှာ သူ့ကို ကြိုဆိုသူတွေအများကြီးပါ။ အထောက်အထား အများကြီးကိုလည်း သူ့ကိုပေးခဲ့တယ်။ ဒါကို အမေရိကန်မီဒီယာတိုင်း (အထူးသဖြင့် နယူးယောက်မှာ ကျက်စား တဲ့ သတင်းဌာနတိုင်း သိပါတယ်။) ဘာဖြစ်လို့ ဒီကိစ္စတွေကို ဖုံးကွယ်ထားတာလဲ။- ကဲ ဒီလောက်ဆို စဉ်းစားလို့ ရမယ် ထင်ပါတယ်။ သက်ဆိုင်ရာ အထောက်အထားတွေကိုတော့ ကျွန်တော် အခုပြောတာထဲက သိချင်တဲ့ အပိုဒ်များကို အင်္ဂလိပ်လိုအဆင်ပြေသလို ပြန်ပြီး gooole မှာ ရှာကြည့်ပါ။ အများစုကို တွေ့ရပါလိမ့်မယ်။
ဒီလောက်ဆို အဖြေထွက်နိုင်ပါတယ်..

9-11 American Human Rights Final
 ဟော်လီးဝုဒ်ကပြောတဲ့ ၉-၁၁ ဇာတ်လမ်း (ကလစ်နှိပ် ဖတ်ပါ)

Credit: MMSY (မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ) မိသားစုမှ စုပေါင်းဆောင်ရွက်ထားသော ပရောဂျက်တခုဖြစ်ပါသည်။