ဆော်ဒီမှာ ဘာလို့ ဘုန်းကြီးကျောင်း ဆောက်မရသလဲ...?
ဆရာတော် အစကတော့ မရေးတော့ဘူး လို့ပဲ တွေးထားတာ ခုဟာက ဟိုနေရာလဲ တွေ့ ဒီနေရာလဲ တွေ့ဆိုလို့ နဲနဲလေးတော့ သိအောင်ရေးမယ်ဆိုပြီး အောက်က စာလေး ရေးလိုက်ပါတယ်။
ခု လောလောဆယ် ဒီနိုင်ငံမှာ ဗမာလူမျိုးတွေ လက်ကိုင်ထားတဲ့ စကားလေး နှစ်လုံးက
""မက္ကာဟ်မှာ ဘုရားတည်လို့ရသလားတဲ့"""
""ဆော်ဒီမှာ ဘုန်းကြီးကျောင်းဆောက်လို့ရသလားတဲ့""
တို့ ဗမာနိုင်ငံမှာ ဗလီ ဆောက်ခွင့်ပေးတာတောင် လွန်လှပြီတဲ့...! ဟုတ်ပါသလားခင်ဗျာ...
ဆရာတော်ဖြေပါမယ်။
၁။ မြန်မာနိုင်ငံ ကို အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။ အဲလိုပဲ အနီးနားက အိန္ဒိယကိုလဲ အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။ သူ့လက်အောက်ခံနိုင်ငံထဲမှာ ဘယ်က ဘယ်သွားသွား စိတ်ကြိုက်သွားလို့ရပါတယ်။ (ခု ရှမ်းပြည်နဲ့ မြန်မာပြည် ပြည်ပထဲကို လွတ်လွတ်လပ်လပ်သွားလို့ရပါတယ်။ တကယ်လို့များ ရှမ်းတိုင်းရင်းသားတွေက မိမိတို့ ရှမ်းနိုင်ငံသီးခြားသာ ထူထောင်ခဲ့လျှင် ဆရာတော်တို့ တောင်ကြီးတို့ လားရှိုးတို့ သွားချင်ရင် ဗီဇာလုပ်ရမှာပေါ့)။
အဲဒီအခါမှာ ဆရာတော်တို့ သွေးနှောပြည်သူများ (ခင်ဗျားတို့အခေါ် မွတ်စ်တွေပေါ့) ရဲ့ ၇၀% နီးနီးဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပါတယ် ၇၀%လို့ပြောတာက ကျန်တဲ့ ၃၀% က ရှေးပဝေသဏီထဲက မြန်မာနိုင်ငံထဲမှာ ရှိခဲ့ပါတယ်။
ရွှေဘိုနယ်မှာဆိုရင် ဦးအောင်ဇေယျ လက်အောက်မှာ အမှုထမ်းခဲ့တဲ့ မွတ်စလင်တပ်မှူးကြီးတွေရဲ့ မျိုးဆက်တွေ၊ မန္တလေးမှာဆိုရင် မင်းတုန်းမင်းကိုယ်တော်တိုင် ချီးမြှင့်ခဲ့တဲ့ ဗလီ ၀တ်ပြုကျောင်းဆောင်တွေ က သက်သေပေါ့ (ဟိုတလောက လူကြီး တစ်ယောက်ပြောသလို ဗလီတွေက ခွင့်ပြုချက်နဲ့ ဆောက်တာမဟုတ်ဘူးဆိုတာကတော့ မင်းတုန်းမင်းက ထိုလူကြီးမင်းထံကို ခွင့်ပြုချက် မတင်ခဲ့လို့နေမှာပါနော်....) လိုရင်းပြောပါမယ်။ အဲဒီ ၃၀% ကိုခဏထားပေါ့ ကျန်တဲ့ ၇၀%နှုန်းက ကျွန်ပြုခံရတာချင်းတူတူ ကူးလူးသွားလာရင်းနဲ့ ဒီနိုင်ငံကို ရောက်တယ်ဆိုပါတော့။ ဒီမှာ လုပ်ကိုင်စားသောက် အိမ်ထောင်သားမွေးနဲ့ ဒီနိုင်ငံရဲ့ သစ္စာတော်ခံတွေပဲဖြစ်လာတယ်ပေါ့။
ဒီလိုနဲ့ အနိုင့်အထက် ကျွန်ပြုခံရတာကို မကျေနပ်တဲ့ အမျိုးကောင်းဇာနည် သခင်အောင်ဆန်းအပါအ၀င် မြင့်မြတ်သော ရှေးဗမာကြီးများနှင့်မွတ်စ်လင်တွေက အင်္ဂလိပ်ကို တွန်းလှန်ဖို့ ကြံတော့ သစ္စာတော်ခံတွေ ပီပီ သခင်အောင်ဆန်းတို့နဲ့ ပူးပေါင်းပြီးကျရာနေရာကနေ စွမ်းဆောင်ပေးခဲ့ကြတာပေါ့။ ဒါတွေကို ပြန်ပြီး ဇာချဲ့မနေတော့ပါ။ ဒီလိုနဲ့ လွတ်လပ်ရေးရလာတာ ခုဆို နှစ် ၆၀ ကျော်သွားခဲ့ပါပြီ......ဒီနှစ်ခြောက်ဆယ်လုံးလဲ အဲဒီ သွေးနှော ဘီဘင်များရဲ့ မျိုးဆက်များဟာ ဒီမြန်မာနိုင်ငံမှာပဲ အေးအတူပူအမျှ နေလာခဲ့ကြပါတယ်။ မုန်တိုင်းတိုက်လဲ အတူတူခံရပါတယ်။ ငလျင်လှုပ်လဲ အတူတူ ခံရပါတယ်။
စစ်အာဏာရှင်တွေက ဖိနှိပ်လို့ ပြန်တွန်းလှန်ဖို့ ကြိုးစားရင်း ပညာတ၀က်တပျက်နဲ့ တောခိုခဲ့ကြတာလဲ အတူတူပါပဲ။ ဟော ခုဒီမိုကေ၇စီရဲ့ ကနဦး ၈၈ အရေးအခင်းမှာလဲ မွတ်စ်လင်မ်တွေ ပါတာပဲ။
၂၀၀၇သံဃာ့လှုပ်ရှားမှုမှာလဲ မွတ်စ်လင်မ်တွေက ဘေးက လက်တွဲလို့.....! ကဲ စာတော်တော်ရှည်သွားပါပြီ.... လိုရင်းပြောပါမယ်။
ဆော်ဒီမှာ ဘုရားတည်ချင်ပါတယ်ဆိုတဲ့သူတွေကို မေးပါမယ်။ ဆော်ဒီအာရေးဗီးယားလို့ အသိများတဲ့ စအူဒီအာရဗ်နိုင်ငံဟာ တမန်တော်မြတ်ကြီး (PBUH) မရှိတော့တဲ့ နောက်နှစ်အတန်ကြာမှာ အာရဗ်တွေ လက်က အာဏာဆုံးရှုံးသွားပါတယ်။ ဒါကို စအူဒ် ဘုရင်လို့ ခေါ်တွင်လာမဲ့ အာရဗ်နွယ်က ပြန်လည်ရယူပြီးမှ စအူဒီအာရဗ်နိုင်ငံကို တည်ထောင်ခဲ့တာပါ။ (ဆော်ဒီနိုင်ငံသမိုင်း ရေးသားမည်မဟုတ်၍ ဤမျှသာဖော်ပြသည်)။
ကဲမေးပါပြီ..... အဲဒီ စအူဒ် ဘုရင် ဆော်ဒီ နိုင်ငံကို တည်ထောင်ဖို့ ကြိုးစားခဲ့စဉ်မှာ ဘယ်ဗမာတစ်ယောက်....ဘယ်မြန်မာနိုင်ငံသားတစ်ယောက်ကများ ပါဝင်ဘူးပါသလဲ......... ထပ်မေးပါမယ်.....
ဆော်ဒီဘုရင့်နိုင်ငံ ပေါ်ပေါက်လာမှုတွင် ဗမာတစ်ယောက်ယောက်၏ အခန်းကဏ္ဍကို ဖော်ပြပေးပါ........
အေး...အဲလို မပါဝင်ဘူးပဲနဲ့..... အဲဒီနိုင်ငံမှာ နှစ်ပေါင်း လေးငါးဆယ်လောက် ဒုက္ခ..သုက္ခ အစုံခံ အေးအတူပူအမျှ မနေဘူးပါလျက် အဲဒီနိုင်ငံမှာ လူဦးရေ သိန်းဂဏာန်းပြည့်အောင်တောင် နိုင်ငံသားမရှိပါပဲလျက်....
ဘာအတွက်ကြောင့် ဆော်ဒီနိုင်ငံမှာ ဘုရား မဆောက်ရတာလဲ အပစ်တင်နေတာ ခင်ဗျားတို့မှားတာ ဦးနှောက်သုံးပြီးစဉ်းစား ပေါက်ကရပါးစပ်ကထွက်သလိုလျှောက်မအော်ရဘူ ကလေးမှမဟုတ်တာ စဉ်းစားးးး
အာရဗ်တွေမှားသလား...စဉ်းစား...သေချာစဉ်းစား
ဆော်ဒီမှာ မွတ်စလင်မ်မဟုတ်တဲ့ ကော့ပ်တစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သန်းနဲ့ချီပြီး နေကြတယ်။ သူတို့ ချတ်ခ်ျကျောင်းတွေဆောက်ကြတယ်...လွတ်လွတ်လပ်လပ် ကိုးကွယ်နေကြတယ်.....အဲဒါကိုကော.........မင်းတို့သိလား........ဆရာတော်ပြောတာတွေ
မယုံရင် ဂိုဂယ်မှာ ဆော်ဒီအကြောင်း တချက်ရိုက်ရှာလိုက်...အကုန်ပါတယ်။ နားလည်လား...........
ထပ်ပြောဦးမယ်........""မက္ကာဟ်မှာ ဘုန်းကြီးကျောင်း တည်လို့မရဘူး"" ဆိုသူများအတွက်
မက္ကာဆိုတာ သာသနာ့နယ်မြေ သီးသန့်နယ်မြေ....ဆော်ဒီ ကျန်တဲ့ နေရာတွေမှာ လွတ်လပ်စွာကိုးကွယ်လို့ရတယ်။
ဒီနယ်မြေတော့ အစ္စလာမ့်နယ်မြေဖြစ်နေလို့မရဘူး........
မင်းတို့ရှင်းအောင် ဥပမာပေးမယ်........
ပုဂံဆိုတာ ဗုဒ္ဓသာသနာ့နယ်မြေ.......အဲဒီ ပုဂံဘုရားတွေအလယ်မှာ
ဗလီဆောက်လို့ရမလား...ချတ်ခ်ျကျောင်းဆောက်လို့ရမလား.........ကိုယ်ချင်းစာကြည့်ပါ............
ကဲ နိဂုံးချုပ်မယ်........
(၁) ဆော်ဒီမှာ ဘုရားတည်လို့ မရဘူး ဆိုသူများအတွက် ဆော်ဒီနိုင်ငံမှာ နှစ် ၅၀ လောက် သွားနေပါ....တိုင်းပြည်အခွန်ဆောင်ပါ...အေးအတူပူအမျှနေပါ......လိုအပ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ နိုင်ငံအတွက်
ဘ၀တွေရင်း အသက်တွေရင်းပြီး ပါဝင်ပေးပါ....လူဦးရေ သိန်းဂဏာန်းလောက် လူမျိုးစုလေးဖြစ်အောင်နေပါ......ပြီးရင်
ခင်ဗျားမေးခွန်းကို ဖြေပေးပါမယ်.......ဆော်ဒီမှာ အဲဒီအခြေအနေဆိုရင် ဘုရားတည်လို့ရပါမယ်။
(၂) မက္ကာဟ်မှာ ဘုန်းကြီးကျောင်းဆောက်မရဘူးဆိုသူများအတွက် ပုဂံဘုရားများအလည်မှာ ချတ်ခ်ျကျောင်း သို့မဟုတ် ဗလီဆောက်လို့ရတဲ့နေ့ပြန်လာခဲ့ပါ။ အဖြေပေးပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်.....လွတ်လပ်စွာ ဆဲဆိုနိုင်ပါတယ်....မှန်တာပြောရလို့ ဆဲသောသူများကိုခေါင်းထဲမထည့်ပါ လူကမွေးတာမဟုတ်ဖူးလို့ပဲ တွေးလိုက်မယ်။
ထိုင်းမှာဗလီရှိတယ် အမေရိကန်မှာဗလီရှိတယ်လာမပြောနဲ့နော် တကမ္ဘာလုံးမှာနိုင်ငံတိုင်းမှာအစ္စလာမ်တွေအများကြီးနေထိုင်တယ် ဒါကြောင့်ဗလီရှိတယ် ခရစ်ယာန်တွေနိုင်ငံတိုင်းနေတယ် ဒါကြောင့်ချတ်ဂ်ျကျောင်းရှိတယ် ဗမာကနိုင်ငံတိုင်းရေရှည်နိုင်ငံသားလိုနေတာမရှိသလောက်ပဲအလွန်နည်းတယ်နေရင်လဲ အလုပ်သမားများတယ် ဒါကြောင့်နိုင်ငံတိုင်းဘုန်းကြီးကျောင်းမရှိဖူး။တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ်ရင်ဗမာ ဗုဒ္ဓဘာသာဆိုတာ လက်တစ်ဆုပ်စာပဲရှိတယ်။
Share
fbမှာဗမာတချို့တွေကမြန်မာနိုင်ငံမှာဗလီ ရှိတယ် ဆော်ဒီမှာဘုရားတည်မရဖူး မြန်မာကဗလီတွေဘာလို့ရှိရတာလဲဆိုပြီး ပေါက်ကရတွေပြော ဘာသာရေး မှိုင်းးတိုက်နေလို့ အဲ့သလို ဦးနှောက်မရှိတဲ့လူ့အခွံတွေ သိအောင် ခုလိုပို့စ်တင်တာပါ။
ဦးကလျာ ဏာ
Saturday, June 23, 2018
ဆော်ဒီမှာ ဘာလို့ ဘုန်းကြီးကျောင်း ဆောက်မရသလဲ...?
Monday, April 9, 2018
ဝိတိုရိယ ဘုရင်မ နှင့်  အဗ္ဗဒုရ်ကရင်မ်
ဝိတိုရိယ ဘုရင်မ နှင့်  အဗ္ဗဒုရ်ကရင်မ်
<><><><><><><><><><>
အဲလီဇဘက် ဘုရင်မကြီးဟာ တမန်တော်မြတ်ရဲ့ အနွယ်တော်မွန်တို့မှ ဖြစ်ကြောင်း ဖေ့စ်ဘွတ်ပေါ်မှာ ပြန့်နှံ့လာတယ်။ ကျနော် မစမ်းစစ်နိုင်သေးလို့ အတိအကျတော့ ကျနော် မပြောတတ်ပါဘူး။ ဒီသတင်းကို ပထမဆုံး တင်ခဲ့တာကတော့ ဟာဂျီ U Thanwin Monsoon ဖြစ်ပါတယ်။ (ခရက်ဒစ် ပေးသင့်ပါတယ်။) ဟာဂျီဆပ် တင်တင်လိုက်ချင်း မြင်လိုက်ရတော့ ကျနော်လည်း မျက်လုံးပြူးသွားတယ်။ အခုတော့ မိတ်ဆွေ အတော်များများ ရေးကြ ရှဲကြ နဲ့။ ကျနော်တို့ စူးစမ်းရှာဖွေစရာ ခေါင်းစဉ် အသစ်တစ်ခု ရတာပေါ့။
■စကိုင်းနက်မှ ဇာတ်လမ်း
~~~~~~~~~~~~
ဒီအချိန်မှာပဲ စကိုင်းနက်က "ဝိတိုရိယ နဲ့ အဗ္ဗဒူ" ဆိုတဲ့ မြန်မာစာတမ်းထိုး ဇာတ်ကား လွှင့်လိုက်တော့ အသေအချာ ထိုင်ကြည့်လိုက်တယ်။ ဒီဇာတ်လမ်းကို ကျနော့်ဆရာဖြစ်သူ ဆရာဦးအေးလွင်က ကျနော့်ကို ပြောပြဖူးတော့ ကြားဖူးနေတယ်။ ဆရာပြောပြတဲ့ အကြောင်းအရာလား မသိဘူးဆိုပြီး ကြည့်မိတော့ တကယ်ဟုတ်နေပါတယ်။ ဝိတိုရိယဘုရင်မကြီးဟာ အီမာန်နဲ့ ကွယ်လွန်ခဲ့တာလို့ ပြောတော့ သမိုင်းမှတ်တမ်းလား၊ အယူအစွဲအရ ဖြစ်ပေါ်တဲ့ ပါးစပ်ပြော ရာဇဝင်လား တွေးမိပေမဲ့ တကယ်စမ်းစစ်ကြည့်တော့ အဟုတ်ကြီး ဖြစ်နေတယ်။
ဒီအကြောင်းအရာကို ဗြိတိသျှ အသံလွှင့် ဌာန ဘီဘီစီမှာ လွှင့်သွားခဲ့ဖူးပါတယ်။
ဘီဘီစီ (အင်္ဂလိပ်)
http://www.bbc.com/news/world-south-asia-12670110
http://www.bbc.co.uk/radio4/history/empire/episodes/episode_66.shtml
ဘီဘီစီ (အူရဒူ)
http://www.bbc.com/urdu/entertainment/story/2005/05/050529_munshikarim_3.shtml
အောက်ပါ မဂ္ဂဇင်းမှာ ရေးသားချက်ဟာလည်း စိတ်စားစရာ ကောင်းပါတယ်။ (အင်္ဂလိပ် ဘာသာဖြင့်)
https://www.dawn.com/news/691624/royal-munshi-victorias-secret
ရာဇာအလီ အာဘေဒီ ဆိုတဲ့ အိန္ဒိယ သမိုင်း စာရေးဆရာ တစ်ဦးက
ملکہ وکٹوریا اور منشی عبد الکریم
မာလေ့ကဟ် ဝိတိုရိယာ အောင်းရ် မွန်ရှီး အဗ္ဗဒုရ် ကရီမ် ဆိုတဲ့ စာအုပ်ကို ထုတ်ဝေလိုက်တော့ ကမ္ဘာကျော်သွားခဲ့ဖူးတယ်။ အဲဒီဇာတ်ကားက ဒီစာအုပ်ကို အခြေခံရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဝိတိုရိယ နှင့်  အဗ္ဗဒူ ဖြစ်ရပ်မှန်ဗွီဒီယို ဇာတ်ကားဟာ ဒီစာအုပ်ကို အခြေခံရိုက်ကူးခဲ့တာပါ။
■ဝိတိုရိယ ဘုရင်မ
~~~~~~~~~
လက်ရှိ အင်္ဂလန်ပြည်ကို အုပ်ချုပ်နေတာက ဘုရင်မကြီး အဲလိဇဘက်2 Elizabeth II (ဖွား 1926) ဖြစ်ပါတယ်။ သူမဟာ ဂျော့ဘုရင်6 George VI (1895 – 1952) ရဲ့ သမီး ဖြစ်ပြီး ဂျော့6 ဟာ ဘုရင် အဒ်ဝဒ်7 Edward VII (1841 –1910) ရဲ့သားတော်ဖြစ်ပါတယ်။ ဘုရင်အဒ်ဝဒ်7ဟာ ဝိတိုရိယဘုရင်မရဲ့ သားတော် ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အဲလိဇဘက်ဘုရင်မကြီးဟာ
ဝိတိုရိယဘုရင်မရဲ့ မြစ်တော်ပါ။
ဝိတိုရိယဘုရင်မရဲ့ လက်ထပ်မှာ အရှေ့အိန္ဒိယကုမ္ပဏီကို အကြောင်းပြုပြီး အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပါတယ်။ ဘုရင်မကြီးဟာ 1837 ခုနှစ်မှ စတင်နန်းတက်ခဲ့တာကြောင့် 1887 ခုနှစ်မှာ ထီးနန်းသက် နှစ်ငါးဆယ် ပြည့်မြောက်ပါတယ်။ မိမိနန်းသက် နှစ်ငါးဆယ်မြောက် ဂျူဗလီအခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပပါတယ်။ ဥရောပနိုင်ငံငါးဆယ်မှ ဘုရင်နဲ့ အိမ်ရှေ့မင်းသားများ ဖိတ်ကြားတက်ရောက်ခဲ့ပါတယ်။
(အဲဒီ ဂျူဗလီ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ဂျူဗလီဟောလ် ဆောက်လုပ်ပေးခဲ့သလို မဲနှိုက်ပြီး မဲပေါက်တဲ့မြို့ ဖြစ်တဲ့ ကျနော့်ဇာတိမြို့ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့မှာလည်း ဂျူဗလီ မုခ်ဦး ဆောက်လုပ်ပေးခဲ့ပါတယ်။)
■အဗ္ဗဒုလ် ကရင်မ်
~~~~~~~~~~
အင်္ဂလိပ် အစိုးရက စတင် အုပ်ချုပ်စဉ်ကတည်းက
အိန္ဒိယ ထောင်သားတို့ သက်မွေးဝမ်းကြောင်းမှု ပညာတတ်စေဖို့ ကော်ဇောယက်လုပ်မှု ပညာတွေ သင်ပေးပါတယ်။ ဂျူဗလီအခမ်းအနား မတိုင်ခင် ထောင်သားများရဲ့ ကောဇောပညာ စွမ်းရည်ပြပွဲတစ်ခုကို အင်္ဂလန်မှာ လုပ်ပါတယ်။ အဲဒီပွဲကို ဝိတိုရိယ ဘုရင်မကြီး တက်ရောက် ကြည့်ရှုအားပေးတယ်။ ပြီးတဲ့နောက် မိမိအနေနဲ့ ဒီကော်ဇောပညာရပ်အကြောင်း အိန္ဒိယထောင်သားတို့အကြောင်း၊ အိန္ဒိယ ယဉ်ကျေးမှုများအကြောင်း လေ့လာလိုတဲ့အတွက် ရှင်းပြနိုင်သူတစ်ဦး ပို့ပေးရန် အမှာစကား မိန့်ကြားပါတယ်၊
ဒါ့ကြောင့် အိန္ဒိယနိုင်ငံ အာဂရာမြို့ ထောင်သားများ အုပ်ချုပ်ရေးဌာနက ထောင်စာရေးလေး မုဟမ္မဒ် အဗ္ဗဒုလ် ကရင်မ် (1863 –1909)ကို အိန္ဒိယဘုရင်ခံက အင်္ဂလန်ပြည်ကို စေလွှတ်တယ်။ ဝိတိုရိယဘုရင်မကြီးရဲ့ ဖခမည်းတော် ဂျော့ဘုရင် ခေါင်းပုံနဲ့ အသစ်ထုတ်ဝေလိုက်တဲ့ ရွှေဒင်္ဂါးပိုက်ဆံ နမူနာကို ဘုရင်မကြီးထံ ဆက်သဖို့နဲ့ ဘုရင်မကြီးရဲ့ ဂိုးလ်ဒင်း ဂျူဗလီပွဲမှာ စားပွဲထိုးဖို့၊ ဘုရင်မကြီး မေးမြန်းခဲ့ရင် အိန္ဒိယက ကော်ဇောပညာနဲ့ အခြားယဉ်ကျေးမှုများ အကြောင်း ရှင်းပြဖို့ လွှတ်လိုက်တာပါ။ သူနဲ့အတူ ဘွတ်က်ရှ် အမည်ရှိတဲ့ ဟိန္ဒူဘာသာဝင် မိတ်ဆွေတစ်ဦးလည်း အတူပါခဲ့ပါတယ်။ ထိုအချိန်က အဗ္ဗဒုလ် ကရင်မ်ဟာ အသက်24နှစ် အရွယ်သာ ရှိပါသေးတယ်။ သူဟာ အစ္စလာမ်ဘာသာရေး ကိုင်းရှိုင်းတဲ့ ဆူဖီမိသားစုမှ ပေါက်ဖွားခဲ့သူ တစ်ဦးလည်း ဖြစ်ပြီး ကုရ်အာန် အာဂုံဆောင် (ဟာဖစ်ဇ်)တစ်ဦး ဖြစ်ပါတယ်။
■မွန်ရှီး
~~~~~
ဘုရင်မကြီးက မိမိအုပ်ချုပ်ခံ အိန္ဒိယတိုင်းပြည် အကြောင်း သိချင်လို့ မေးရင်းနဲ့ အဗ္ဗဒုလ် ကရင်မ်ကို ခင်မင်သွားပါတယ်။ သူသွားရာနေရာ ခရီးစဉ်တိုင်းမှာ လိုက်ပါစေခဲ့ပါတယ်။ မဆာလာနဲ့ ချက်တဲ့ အိန္ဒိယ အစားအစာတွေ အဗ္ဗဒုလ် ကရင်မ်ကို ချက်ခိုင်းတယ်။ စားကြည့်ပြီး သဘောကျလို့ တပါတ်တကြိမ် စားတော်ပွဲမှာ အိန္ဒိယ အစားအစာ စားသောက်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့တယ်။
အဗ္ဗဒုလ် ကရင်မ်က မိမိဟာ ကုရ်အာန် အာဂုံဆောင်ထားတဲ့ ဟာဖစ်ဇ်တစ်ဦး ဖြစ်ကြောင်း ပြောပြတော့ ဟာဖစ်ဇ်ဆိုတာ ဘယ်လိုလူတွေလဲလို့ မေးတယ်။ အဗ္ဗဒုလ် ကရင်မ်က ရှင်းပြရင်း ကုရ်အာန်အကြောင်း ပြောပြတော့ ဘုရင်မကြီးက အလွန်စိတ်ဝင်စားစွာ နားထောင်တယ်။ လေ့လာတယ်။
ဘုရင်မကြီးဟာ အစ္စလာမ်ကို အလွန်စိတ်ဝင်စားသွားခဲ့တယ်။ တမန်တော်မုဟမ္မဒ်အကြောင်း ဆွေးနွေးပွဲတွေ ပြုလုပ်ခိုင်းပြီး ကိုယ်တိုင်တက်ရောက်ခဲ့တယ်။ အဗ္ဗဒုလ် ကရင်ထံက အူရဒူစာပေကို အရေးအဖတ် အပြော သင်ယူတယ်။ အူရဒူကို အတော်အတင့် တတ်မြောက်သွားခဲ့တယ်။ စာသင်ပေးသူ တရားပြပေးသူကို အိန္ဒိယမှာ ဘယ်လိုခေါ်လေ့ရှိကြသလဲလို့ ဘုရင်မကြီးက မေးတော့ "မွန်ရှီး" လို့ ခေါ်ကြောင်း ပြောပြတယ်။ အဲဒီနေ့ကစပြီး ဘုရင်မကြီးဟာ ဟာဖစ်ဇ် အဗ္ဗဒုလ် ကရင်မ်ကို "မွန်ရှီး"လို့ ခေါ်ပါတယ်။
အဗ္ဗဒုရ်ကရင်မ်ကို ကြည်ညိုချစ်ခင်တာကြောင့် အဗ္ဗဒုလ် ကရင်မ် ပြောပြသမျှတွေကို ဒိုင်ယာရီမှာ နေ့စဉ်မှတ်တမ်း ရေးတယ်။ မိမိရဲ့ မိတ်ဆွေတွေထံကို ပေးတဲ့ပေးစာတိုင်းမှာလည်း အဗ္ဗဒုလ် ကရင်မ်အကြောင်း မပါမဖြစ် ပါဝင်နေလေ့ရှိပါတယ်။
“Munshi is an excellent, clever, truly pious and very refined gentleman, who says ‘God ordered it’, God’s orders is what they implicitly obey. Such faith as theirs and such conscientiousness sets us a great example”
"မွန်ရှီဟာ အလွန့်ကို ထူးကဲလှသူ၊ အလွန် တော်သူ၊ အမှန်တကယ် ဘာသာရေး ကိုင်ရှိုင်းသူ၊ ယဉ်ကျေးသိမ်မွေ့လှတဲ့ ဂုဏ်သရေမြင့်သူ တစ်ဦးပါ။ ဘုရားသခင် အလ္လာဟ်အရှင်မြတ်က ဒီလို လမ်းညွှန်တယ်လို့ ပြောလေ့ရှိတယ်။ သူတို့တတွေဟာ ဘုရားသခင်ရဲ့ အမိန့်ကို တကယ်နာခံကြသူတွေပဲ။ သူတို့ရဲ့ အဲဒီဘာသာတရားနဲ့ သူတို့ရဲ့ အသိတရားတွေဟာ ကျမတို့အတွက် တကယ့်ကို စံနမူနာယူစရာပါပဲ" လို့ 1888 ခုနှစ်က Sir Theodore Martin ထံပေးစာမှာ ဘုရင်မကြီးက ရေးထားပါတယ်။
■မနာလိုသူ သွေးထိုးစကား
~~~~~~~~~~~~
ဘုရင်မကြီးရဲ့ သမားတော် Dr Reidဟာ အဗ္ဗဒုလ် ကရင်မ်ကို မရှုစိမ့်သူတစ်ဦးပါ။ သူဟာ ကာလသားရောဂါ ဖြစ်နေသူ၊ မိန်းမလိုက်စားသူ ဖြစ်နိုင်တယ်လို့ ဘုရင်မကြီးကို အတို့အထောင်လုပ်ခဲ့သူပါ။ သူ့ရဲ့ ဒိုင်ယာရီမှတ်တမ်း စာအုပ်မှာတော့ အဗ္ဗဒုလ် ကရင်မ်ရဲ့ လည်ဂုတ်မှာ သွေးစူးနာပေါက်တော့ ဘုရင်မကြီးဟာ သူ့အခန်းကို လာရောက်ပြီး ဘယ်လို ပြုစုဂရုစိုက်ခဲ့ကြောင်း အခုလို ရေးထားပါသေးတယ်။
“Queen was visiting Abdul Karim twice daily in his room taking Hindustani lessons, signing her boxes, examining his neck, smoothing his pillows”.
"ဘုရင်မကြီးသည် အဗ္ဗဒုလ် ကရင်မ်၏ အခန်းကို တနေ့နှစ်ကြိမ် လာရောက်ပြီး ဟင်ဒီစာပေသင်ကြား၏။ ရုံးစာသေတ္တာများ ဖွင့်ဖောက် လက်မှတ်ထိုးခြင်းကိုလည်း ထိုအခန်း၌ပင် ပြုလုပ်၏။ သူ့လည်ဂုတ်ကိုလည်း ကြည့်ရှုပြီး ပြုစု၏။
သူ့ကို ဦးစားပေးလွန်းလို့ နန်းတွင်းသားတွေ မနာလို ဝန်သိုမှု ဖြစ်ကြတယ်။ အိန္ဒိယမှာ အဗ္ဗဒုလ် ကရင်မ်ဟာ ပညာမဲ့မျိုးရိုး၊ မိန်းမလိုက်စားသူ၊ ငွေကြေး လိမ်လည်သူ စသဖြင့် မတရားစွတ်စွဲပြီး မဟုတ်မတရား ပြောဆိုတော့ ဘုရင်မကြီးက
“this is typical of you British”
"ဒါဟာ မင်းတို့ ဗြိတိသျှတွေရဲ့ တပြေးညီအကျင့်တွေပဲ" လို့တောင် ပြောခဲ့သေးတယ်။ မိမိရဲ့ နန်းဆောင်မှာ မွန်ရှီးရဲ့ ရုပ်ပုံ ကြီးမားတဲ့ ပန်းချီကားတစ်ခု ရေးဆွဲပြီး ချိတ်ဆွဲတားစေခဲ့တယ်။ မိမိရဲ့ မွန်ရှီး ဖြစ်တဲ့ အဗ္ဗဒုလ် ကရင်မ်ကို ဂုဏ်ထူးဆောင် တော်ဝင်မိသားစုဝင် ဘွဲ့ ပေးမယ်လို့ ဆုံးဖြတ်ချိန်မှာတော့ နန်းတော်က ရှိသမျှအားလုံးက ဆန္ဒပြကြတယ်။ နန်းတော် အမှုထမ်းခြင်းများ အလုပ်ထွက်ကြမဲ့အကြောင်း သားတော်ဖြစ်သူ အိမ်ရှေ့မင်းသား အဒ်ဝဒ် 7 ကိုယ်တိုင်ဦးဆောင်ပြီး ကန့်ကွက်တော့ ဘုရင်မကြီးက ညီလာခံ ခေါ်ယူလိုက်တယ်။ မိမိဟာ ရူးနေသူ မဟုတ်ကြောင်း၊ မိမိအုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း မိမိရဲ့ စွမ်းဆောင်မှုများ၊ လွှတ်တော်က ပြဌာန်းပြီး မိမိလက်မှတ်ထိုးခဲ့သည့် ဥပဒေပေါင်းများစွာကို ရေရွတ်ပြတော့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ ပြီးတော့ အလုပ်ထွက်ချင်သူအားလုံး ယနေ့ နှုတ်ထွက်ခွင့် တင်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တော့ အားလုံး လက်လျှော့သွားရတယ်။ ဒါပေမဲ့ အဗ္ဗဒုလ် ကရင်ကို ပေးအပ်မဲ့ ဂုဏ်ထူးဆောင် တော်ဝင်မိသားစုဘွဲ့အစား သူရဲကောင်းဘွဲ့ကို ပြောင်းလဲ ပေးအပ်လိုက်တယ်။
■အိန္ဒိယကို မပြန်လို
~~~~~~~~~~~
မွန်ရှီးမှာ မိန်းမရှိကြောင်း သားသမီးတော့ မရကြောင်း ဘုရင်မကြီး သိသွားတော့
အိန္ဒိယပြန်စေခဲ့တယ်။ ကျန်ရစ်တဲ့ မွန်ရှီး အဗ္ဗဒုလ် ကရင်ရဲ့ မိသားစုကို ခေါ်ယူလာစေခဲ့တယ်။ နန်းတော်မှာ အဆောင်ပေးပြီး နေထိုင်စေတယ်။
ဘုရင်မကြီး သက်တော်ရလာပြီး ကျန်းမာရေး ချို့တဲ့လာတော့ မိမိမရှိရင် နန်းတော်က လူတွေ ဝိုင်းဒုက္ခပေးလိမ့်မယ်ဟု ဆိုကာ အိန္ဒိယကို အတင်း ပြန်ခိုင်းတယ်။ အိန္ဒိယ ဘုရင်ခံထံကိုလည်း မွန်ရှီး အဗ္ဗဒုလ်ကရင်အတွက် မြေနေရာတွေ ချီးမြှင့်ပေးဖို့ လစဉ်ချီးမြှင့်ငွေကို အများထက် ပိုမိုပြီး နှစ်ဆချီးမြှင့်ဖို့ အကြောင်းကြားခဲ့တယ်။ ကရာချိမှာ မြေနေရာများ ပေးအပ်ခဲ့တယ်။ ဒါပေမဲ့ အဗ္ဗဒုလ် ကရင်က မိမိဟာ မိမိကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ လိုကြောင်း ဘုရင်မကြီးရဲ့ နောက်ဆုံးထွက်သက်အထိ အများမကြည်ဖြူလဲ ဒုက္ခခံပြီး ခစားလိုကြောင်း တောင်းပန်ပြီး မပြန်ခဲ့ဘူး။
■မိဘမေတ္တာ
~~~~~~~
နန်းတော်က လူတွေက ဘုရင်မကြီးဟာ ငယ်မူပြန်ပြီး အဗ္ဗဒုလ် ကရင်ကို ကြိုက်ခဲ့တာလို့ ထင်နေကြပေမဲ့ အမှန်ကတော့ မိမိရဲ့ သားအရင်းလို သဘောထားခဲ့တာပါ။ ဘုရင်မကြီးဘဝနဲ့ ထီးနန်းပလ္လင်အပေါ် ထိုင်နေရတာထက် မွန်ရှီး အဗ္ဗဒုလ် ကရင်နဲ့ သွားရင်း မွန်ရှီးအဗ္ဗဒုလ် ကရင်မ် ဟောကြားတဲ့ တရားများ၊ ဝလီဆူဖီတို့ရဲ့ ဒသနအမြင်နဲ့ ဒေသနာတရားများမှာ သူပျော်ပိုက်သွားခဲ့တာပါ။
အထူးသဖြင့်တော့ မောင်လာနာ ရူမီရဲ့ ကဗျာတွေကို စွဲလန်းပြီး မွေ့လျော်ရသွားခဲ့တယ်။
မိမိမှာ သားသမီးအရင်းတွေ ရှိပေမဲ့၊ မိမိဟာ အမှုထမ်းပေါင်း များစွာ ပိုင်ဆိုင်ထားပေမဲ့ လောဘ ဒေါသ မောဟမီးတွေ လောင်မြိုက်ပြီး တဦးနဲ့ တစ်ဦး ဂုဏ်တု ဂုဏ်ပြိုင်တွေ လုပ်နေကြတာ၊ တစ်ဦးကို တစ်ဦးက ဒုက္ခပေးဖို့ အမြဲချောင်းနေကြတာတွေ မြင်ပြီး လောကီလူ့ဘောင်ကို စိတ်ကုန်ကာ တရားပြသူရဲ့ ဓမ္မတရားတွေအပေါ် သာယာသွားခဲ့တာပါ။
■နတ်ရွာစံပြီ
~~~~~~~
အဆုံးသတ်ဇာတ်လမ်းလေးကတော့ ရင်နင့်စရာပါ။ နှင်းတောတွေထဲမှာ
အဗ္ဗဒုလ် ကရင်မ်နဲ့ စကားတွေ ပြောရင်း အအေးမိသွားတယ်။ အသက်က 81 နှစ် အရွယ်ရှိပြီးမို့ ကျန်းမာရေးဒါဏ်က ဖိစီးလာတယ်။
နတ်ရွာစံခါနီးမှာ ဘုရင်မကြီးက ရူမီရဲ့ ကဗျာတွေ ဖတ်ပြဖို့ တောင်းဆိုလို့ အဗ္ဗဒုလ် ကရင်လည်း ကဗျာတွေ ဖတ်ပြလိုက် ရှင်းပြလိုက်နဲ့။ "ငါ့ရဲ့ သားတော်လေး! ငါ့ရဲ့ မွန်ရှီးလေး! မင်းနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ အလ္လာဟ် အရှင်မြတ်ကို ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ငါပြောနေချင်တယ်။ အဲဒါကို အာရဘီလို ဘယ်လိုပြောရသလဲလို့ မေးတယ်။ အလ်ဟမ်းဒို လစ်လာဟ် လို့ ပြောရကြောင်း အဗ္ဗဒုလ် ကရင်က ပြောပြတော့ အလ်ဟမ်းဒို လစ်လာဟ်... အလ်ဟမ်းဒို လစ်လာဟ် လို့ ရေရွတ်ရင်းနဲ့ပဲ ဘုရင်မကြီး နတ်ရွာစံတော် မူသွားပါတယ်။ ဘုရင်မကြီး နတ်ရွာစံတဲ့ 1901 ခုနှစ် ဇန်နဝါရီ 22 ရက်မှာ သက်တော် 81 နှစ်ရှိပါပြီ။ မွန်ရှီး နဲ့ တွေ့ဆုံ အတူနေထိုင်ခဲ့ရတာကတော့ 13 နှစ်ဖြစ်ပါတယ်။
ဒီအကြောင်းတွေကို မွန်ရှီး အဗ္ဗဒုလ် ကရင်ကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်တမ်းဒိုင်ယာရီစာအုပ်မှာ
“I pray to the Almighty for the richest blessings to be showered down on our good Queen Empress”.
"ကျန်ုပ်တို့အတွက် ကောင်းမြတ်လှသည့် အင်ပါယာပြည့်ရှင် ဘုရင်မကြီး အပေါ် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းချီးမင်္ဂလာအဖြာဖြာ ရွာသွန်းဖြိုးစေဖို့ ကျန်ုပ် ဆုတောင်းမှုပြုပါ၏"
ဘုရင်မကြီးကို အင်္ဂလန်ပြည့်ရှင်တို့ သင်္ဂြိုဟ်နည်းအတိုင်း သင်္ဂြိုဟ်ပြီးတာနဲ့ ဘုရင်မရဲ့ သားတော်ဟာ ထီးနန်းတက်တယ်။ အဗ္ဗဒုလ် ကရင်အိမ်မှာ ရှိသမျှ ပစ္စည်းအားလုံးနဲ့ ဘုရင်မကြီးရဲ့ ပေးစာများအားလုံးကို သိမ်းဆည်းပြီး မီးတင်ရှို့တယ်။ အဗ္ဗဒုလ် ကရင်နဲ့ မိသားစုကို ဖမ်းဆီးချုပ်နှောင်ပြီး သင်္ဘောနဲ့ အိန္ဒိယကို ပြန်ပို့ခဲ့တယ်။ မွန်ရှီးအဗ္ဗဒုလ် ကရင်မ်ဟာ တဂ်ျမဟာအနီးက ဘုရင်မကြီးရဲ့ ရုပ်တုအနီးမှာ နေ့စဉ် ကဗျာတွေ လာရောက်ထိုင်ရေးရင်း ကဗျာတွေ ရွတ်ဆိုရင်း 1909ခုနှစ်မှာ အသက် 46 အရွယ်ကလေးနဲ့ပဲ ကွယ်လွန်သွားခဲ့ရှာပါတယ်။
Copy from: Saunglwin Aung FB Page