Showing posts with label မြန်မာမွတ်စလင် လှုပ်ရှားမှု့. Show all posts
Showing posts with label မြန်မာမွတ်စလင် လှုပ်ရှားမှု့. Show all posts

Tuesday, September 11, 2012

မြန်မာ မွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှု


Myanmar Muslim Civil Rights Movement

Civil Rights ဆိုသည်မှာ Human Rights (လူအခွင့်အရေး) Political Rights နိုင်ငံရေး၌ ပါဝင် ပတ်သက်ခွင့် အခွင့်အရေး Religious Rights ဘာသာရေးရာ တန်းတူ ညီမျှ အခွင့်အရေး Social Rights လူမှုရေးရာ တန်းတူညီမျှ အခွင့်အရေး- Economic Rights စီးပွားရေးဆောင်ရွက်မှု၌ တန်းတူ ညီမျှ အခွင့်အရေး Educational Rights ပညာရေးရာ တန်းတူညီမျှ အခွင့်အရေး- စသော တိုင်းပြည်တစ်ပြည်၏ အရေးအရာ အားလုံး၌ “နာရင် အတူခံ သာရင် အတူစံ” ဟူသော တန်းတူညီမျှ အခွင့်ရေးကို ဆိုလိုသည်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၆၀ ကျော် ဖြတ်သန်းမှုတွင် မြန်မာမွတ်ဆလင်များနှင့် ဗမာ မဟုတ်သော တိုင်းရင်းသား အားလုံးတို့မှာ ဖေါ်ပြပါ Civil Rights အခွင့်အရေး အားလုံး ဆုံးရှုံးနစ်နာ နေရသည်။ ဖိသူက ဖိလွန်း၍ ခံရသူက ခံရဖန် များသောအခါ- တိုင်းပြည်အတွင်း အချင်းချင်း မယုံ ကြည်မှုများ၊ ရန်လိုမှုများ၊ မုန်းတီးမှုများ အရှိန်မသတ်နိုင်အောင် ကြီးထွားခဲ့ရသည်။ တိုင်းပြည်ကြီး လည်း ပျက်စီးခဲ့ရသည်။

တိုင်းပြည်ကြီး ပျက်စီးမှုနှင့်အတူ- လူများစု ဗမာလူမျိုးစု၌လည်း ဗိုလ်ကျလိုစိတ်များ လွှမ်းမိုးလျှက် မျက်ကန်းမျိုးချစ်စိတ် ကြီးမားစွာ အမြစ်တွယ်သွားကာ- ကုစားမရနိုင်လောက်သော စိတ်ဓါတ်ပျက်စီးမှု ရောဂါကြီး စွဲကပ်သွားတော့သည်။

လူနည်းစု ဖြစ်သော မွတ်ဆလင် တို့အား မွတ်ဆလင်မို့လို့၊ ကရင်တို့အား ကရင်မို့လို့၊ ကချင်တို့အား ကချင်မို့လို့၊ ရှမ်းတို့အား ရှမ်းမို့လို့၊ မွန်တို့အား မွန်မို့လို့၊ ချင်းတို့အား ချင်းမို့လို့- ဟူသည့် အကြောင်းပြ ချက်များဖြင့်- ပင်မ လူမျိုးကြီးစိတ်ဝင်နေသော ဗမာတို့၏ စိတ်နှလုံးတွင် အထင်သေး အမြင်သေး မိမိ တို့ ဗိုလ်လုပ် အုပ်ချုပ်သလို ခံရမည့် အိမ်မွေးကြက်များကဲ့သို့ အပြီးတိုင် သတ်မှတ်ထားတော့သည်။

ထိုသို့ လွဲမှားသော အတွေးအခေါ် အယူအဆ မှိုင်းမိနေခြင်းတို့အား ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားမှု အဖွဲ့မှ တွန်းလှန်တိုက်ဖျက်သွားမည် ဖြစ်သည်။ လူနည်းစု မွတ်ဆလင်များနှင့် တိုင်းရင်းသား တစ်ခုချင်းစီသည် လူများစု ဗမာများနှင့် တန်းတူညီမျှ မရမချင်း-၊ တန်းတူညီမျှ စိတ် မကိန်းဝပ်မချင်း- အနိုင်ကျင့်ဗိုလ်ကျသူတို့၏ အင်အားကို ဖြိုခွင်းသွားမည် ဖြစ်သည်။

ထိုသို့ Civil Rights လှုပ်ရှားမှုအား ဆောင်ရွက်ရာတွင်- Non Violence နည်းဖြင့်သာ တော်လှန်သွား မည် ဖြစ်ပြီး-၊ အမှန်တရားနှင့် လူသားချင်း တန်းတူညီမျှမှု ရှိရေးကို မြတ်နိုးခုံမင်သည့် မည်သူနှင့် မဆို အတူလက်တွဲ ဆင်နွှဲသွားမည် ဖြစ်သည်။

ကျွန်ုပ်တို့ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များမှာ

(၁) မြန်မာပြည်အတွင်း မည်သည့် လူမျိုးစုကို မဆို မတော်မတရား ဖိနှိပ်သုတ်သင်ခံရလျှင်- ထို ဖိနှိပ် သုတ်သင်မှု၏ တရားခံ အစစ်အား ကမ္ဘာ့ခုံရုံးသို့ တင်ပို့မည် ဖြစ်သည်။

(၂) မတရားမှုအား ဆက်လက်ကျူးလွန်နေသည့် အဖွဲ့အစည်း၊ လူစု၊ လူတစ်ဦးချင်း တို့အား မြန်မာ နိုင်ငံမှ အပြင်ဘက်သို့ မထွက်နိုင်စေရန် (စီးပွားရေး လုပ်ရန်၊ ပညာသင်ရန်၊ လေ့လာရေး ခရီးထွက်ရန် ကမ္ဘာ့မည်သည့်နိုင်ငံကမှ ဗီဇာမပေးရန်) ဆောင်ရွက်သွားမည် ဖြစ်သည်။

(၃) မတရားမှု ကျူးလွန်သော အဖွဲ့အစည်း၊ လူစု၊ လူတစ်ဦးချင်း တို့အား မြန်မာအစိုးရမှ တိကျ ထိ ရောက်စွာ အရေးယူမပေးလျှင်- ထိုအစိုးရအား ဒဏ်ခတ်သည့် အနေဖြင့်-၊ သက်ဆိုင်ရာ နိုင်ငံမှ လူထု အင်အားကို မေတ္တာရပ်ခံလျှက် ကမ္ဘာအနှံ့ရှိနေသည့် ထို (မြန်မာ) အစိုးရ၏ သံရုံးများကို မောင်းထုတ် ပစ်မည် ဖြစ်သည်။ (သံတမန် အဆက်ဖြတ်ခိုင်းပစ်မည် ဖြစ်သည်။)

(၄) မွတ်ဆလင် အပါအ၀င် တိုင်းရင်းသား တစ်ခုစီနှင့် မြန်မာအစိုးရတို့ ညီညွတ်မျှတစွာ ဆက်ဆံရေး၊ လူမျိုးချင်းကြား သင့်တင့်မျှတစွာ ဆက်ဆံရေး- စသည့်အပြန်အလှန် ကတိက၀တ်များအား- အကြိမ် ကြိမ် အလိမ်မခံရစေရန် ကမ္ဘာ့ကုလသမဂ္ဂ သို့မဟုတ်၊ အာဆီယံ ကဲ့သို့ အဖွဲ့အစည်း ရှေ့မှောက်တွင် နှစ်ဦးနှစ်ဘက် စာချုပ်ချုပ်ဆိုနိုင်ရန် တောင်းဆိုသွားမည် ဖြစ်သည်။

(၅) ကျွန်ုပ်တို့သည် သံတမန်နည်းပညာဖြင့် တော်လှန်ရေး ဆင်နွှဲနေသောကြောင့်- ကျွန်ုပ်တို့၏ သံ တမန်နှင့် လူထုဆိုင်ရာ ဆက်ဆံရေး ရုံးခွဲများများကို ကမ္ဘာ့နိုင်ငံတိုင်းတွင် ထူထောင်ထားမည် ဖြစ် သည်။ တနည်းအားဖြင့် ကမ္ဘာ့နိုင်ငံတိုင်း၏ လူထုကြားတွင် ကျွန်ုပ်တို့အတွက် လှုပ်ရှားပေးမည့် ကျွန်ုပ် တို့၏ အထူးကိုယ်စားလှယ် ရှိနေစေရမည် ဖြစ်သည်။

ဌေးလွင်ဦး
(MMCRM)

Friday, June 8, 2012

မောင်တော အဓိကရုဏ်းအပေါ် မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ ကန့်ကွက်ချက်

ဇွန် ၈၊ ၂၀၁၂
ဇွန်လ ၈ ရက်နေ့ ညနေ ၇ နာရီခွဲ အချိန်အထိ ရရှိသည့် သတင်းများအပေါ် မူတည်ပြီး မြန်မာမွတ်စလင်မ် ကျောင်းသား လူငယ်များက အောက်ပါ ကန့် ကွက်ချက်ကို ထုတ်ပြန်သည်။

(၁) ဇွန်လ ၈ ရက်နေ့ တွင် မောင်းတောမြို့ ရိုဟင်ဂျာများက ဒေသခံများ၏ အိမ်များနှင့် တည်းခိုခန်းကို မီးရှို့ဖျက်ဆီး ကြောင်း၊ ဘုန်းကြီးကျောင်းနှင့် လူ နေအိမ်များကို ခဲများဖြင့် ထုပေါက်တိုက်ခိုက်ခဲ့ကြောင်း ကြားသိရသည်။

(၂) ဤလုပ်ရပ်သည် တရားဥပဒေကင်းမဲ့သည့် လုပ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူ နေထိုင်နေရေးကို အဟန့် အတားဖြစ်စေသည့် လုပ်ရပ်ဖြစ်သည်။

(၃) ဤဖြစ်စဉ်တွင် မြန်မာပြည်နှင့် ကမ္ဘာအဝှမ်းတွင်ရောက်ရှိသော မိမိတို့ မြန်မာမွတ်စလင်မ်များ မပါဝင်သကဲ့သို့ သဘော တူ ထောက်ခံခြင်းလည်းမရှိပါ။

(၄) မိမိတို့ မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ အနေနှင့်သော် လည်းကောင်း၊ မြန်မာပြည်မှ အစ္စလာမ် အဖွဲ့အစည်းကြီးများမှသော် လည်းကောင်း လူစုလူဝေးဖြင့် လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများမလုပ်ရန် အတိအလျဉ်း တားဆီး ထားပြီးဖြစ်ရာ မောင်းတောဖြစ်ရပ်သည် မြန်မာပြည်နှင့် ကမ္ဘာအဝှမ်းတွင်ရောက်ရှိသော အများစု မြန်မာမွတ်စလင်မ်များ၏ ဆန္ဒနှင့် ဖီဆန်လျက်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် ဘာသာရေးအဖွဲ့အစည်းကြီးများ၏ တရားဥပဒေစိုးမိုးရေးမူအတိုင်း ကြိုး ပမ်းချက်ကို သွေဖယ်ရာရောက်သည်။

(၅) သို့ရှိရာ မြန်မာမွတ်စလင်မ်များသည် အများပြည်သူ မြန်မာပြည်သူပြည်သားများနှင့် တထပ်တည်းပင် မောင်းတော အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မောင်းတောကိစ္စတွင် တာဝန်ရှိသူများကို ထိထိ ရောက်ရောက် စုံစမ်းစစ်ဆေးပြီး တရားဥပဒေများအရ အမြန်ဆုံး အရှိန်အဟုန်မြင့် အရေးယူဆောင်ရွက်ပေးပါရန် တောင်း ဆိုသည်။

(၆) မောင်းတောဖြစ်ရပ်ကို မြန်မာမွတ်စလင်မ်များ လက်မခံနိုင်သည့်အတွက် မိမိတို့ မြန်မာမွတ်စလင်မ်များအနေဖြင့် ထို အကြမ်းဖက်မှု အပါအ၀င် လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ် အကြမ်းဖက်မှုမှန်သမျှကို မြန်မာပြည်သူများနှင့် လက်တွဲကာ ဆန့်ကျင်သွားမည်ဖြစ်ပြီး ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်းတောနှင့် ဥပဒေမဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုမှန်သမျှကို တရား ဥပဒေအရ ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် အာဏာပိုင်များသို့ တောင်းဆိုသည်။

မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ

ရန်ကုန်မြို့ မွတ်စလင်မ်လူငယ်များ မောင်တောကိစ္စရှုံ့ချ

မန်းလေး မွတ်စလင်မ်အဖွဲ့ မောင်တော်ကိစ္စရှံ့ ချ

MyanmarMuslim Educational and cultural society က မောင်တော်ကိစ္စရှုံ့ချ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သဘောထားထုတ်ပြန်ချက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက် အား အထူးပင် ကြိုဆိုပါတယ်....

Friday, May 4, 2012

မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်

၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မှ ရန်ကုန်သို့ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်လာသော အမှတ်(၁၇၆)အစုန်ရထား၊ ဒါးပိန်ဘူတာသို့ မရောက်မီ တံတားအမှတ်(၂၈)ပေါ်တွင် ရှိသော အသက် ၈၃ နှစ်အရွယ် အမယ်အိုကြီးတစ်ဦး နှင့် အသက်ရှစ်နှစ်အရွယ် လူမမယ် အရွယ်မြေးမလေးတစ်ဦး၊ တစ်နည်းဆိုသော် သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေသော မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သူ တစ်ဦး၊ အကြောင်းမလှပါက ကယ်တင်သူ အပါအ၀င် သုံးချောင်းသော အသက်တို့ ဆုံးရှုံးပျက်စီးဖွယ် အခြေအနေတစ်ရပ်မှ သုံးဦးစလုံး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြသည်။ ဤကဲ့သို့ ဖြစ်ပွားခဲ့စဉ်ကို ထိုသူသုံးဦးအနက်မှ မိမိအသက်ကို ပဓာနမထားဘဲ မြေးအဘွားနှစ်ဦးအား ကယ်တင်နိုင်ခဲ့သူ စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - စတင်ဖြစ်ပွားမှု တွေ့ကြုံစဉ်က မြင်ကွင်းအခြေအနေကို သိပါရစေ။
ဖြေ - စတွေ့တယ်ဆိုတာလည်း ကျွန်တော်တို့က မော်လမြိုင်ကနေ ရန်ကုန်ကို ညပြန်လာတဲ့ ရထားလေ။ အဲဒီတော့ ဒါးပိန်ဘူတာအ၀င် မိုင်၂၄/၁ နဲ့ မိုင် ၂၃/၂၄ ကြားမှာရှိတဲ့ တံတား အမှတ် (၂၈)။ အဲဒီတံတားပေါ်မှာ အမြဲတမ်းလည်း ခရီးသည်တွေ ဖြတ်သွားဖြတ်လာရှိတယ်။ ဘူတာတစ်ခုကို ချဉ်းကပ်ဝင်ရောက်တော့မယ်ဆိုရင် ကျွန်တော်တို့မီးရထားနဲ့ ပတ်သက်တဲ့ စက်ခေါင်းမောင်းနဲ့ ပတ်သက်တဲ့ အချက်ပြတွေကို တိတိကျကျလိုက်နာရပါမယ်။ အချက်ပြတွေ အကုန်လုံးRight အနေအထားမှာရှိတဲ့အတွက် ကျွန်တော့် စက်ခေါင်းမောင်းမှူးကလည်း သတ်မှတ်မိုင်နှုန်း အတိုင်းမောင်းနှင်တာပဲ။ အဲဒီအချိန် မှာ တံတားပေါ်မှာ ခရီးသွားလေး၊ ငါးယောက်တွေ့လိုက်ရတယ်။ ကျွန်တော်တို့က သတိပေးဥသြဆွဲတယ်။ ရထားမောင်းလာတဲ့အချိန် တံတားရဲ့ သုံးချိုးနှစ်ချိုးလောက်မှာ မြေးအဘွားနှစ်ဦးကို တွေ့လိုက်ရတယ်။ သူ တို့ဆုံးဖြတ်ချက်က တံတားကိုဆက်ပြီး ကူးပြေးတော့မလိုလို လုပ်ကြတယ်။ အမယ်အိုကြီးက လူမမယ် ကလေးတစ်ယောက်ပါတော့ ရှေ့ကို မပြေးတော့ ဘဲ နောက်ကြောင်းပြန် လှည့်ပြေးလို့ရှိရင် နီးမယ်လို့ သူတွေးထင်လိုက်တယ် ထင်တယ်။ နောက် ပြန်လှည့်ပြေးရင်လည်း ပေ ၅၀ ကျော်လောက် ကျန်မှာပေါ့။ အဲဒီလိုအနေအထားမှာ ကျွန်တော့်စက်ခေါင်းမောင်းမှူးက စက်ရှိန်ကို လျှော့ချလိုက် ပြီ။ နောက်ဆုံးသတိထားပြီး မလွတ်တော့တဲ့အချိန်မှာ အရေးပေါ်ဘရိတ်ကို ဆွဲချလိုက်တယ်။ အရေးပေါ်ဘရိတ်ဆွဲလိုက်တာ နဲ့ နောက်မှာပါလာ တဲ့ခရီးသည်တွေ၊ တွဲတွေ၊ ၀န်ချိန် တွေဟာ တွန့်ခေါက်လျော့ရဲ ဆုံးရှုံးပျက်စီးနိုင်တယ်။ တော်တော်ကို ဂရုစိုက်ပြီး ထိန်းသိမ်းရတယ်။

မေး - အဲဒီအချိန်မှာ တံတားပေါ်က မြေးအဘွားနှစ်ဦးရဲ့ အခြေအနေကို သိပါရစေ။
ဖြေ - ဆရာက သူ့အပိုင်းအခြားနဲ့ သူထိန်းသိမ်းပေမယ့် ဒီမြေးအဘွား နှစ်ယောက်က မလွတ်တော့ဘူး။ အဲဒီမှာ အမေကြီးကထိုင်ချလိုက်ပြီး မြေးမလေးကို ကောက်ဖက်ထားတယ်။ ဒါပေမယ့် ဘရိတ်ဖမ်းရပ်လို့ရမယ့် အကွာအဝေး မဟုတ်တာကြောင့် အန္တရာယ် နဲ့နီးကပ်နေတယ်။ အရေးပေါ်ဘရိတ် ကို လိုအပ်တဲ့ပမာဏအတိုင်း သုံးစွဲ ကိုင်တွယ်ထားပေမယ့် အကွာအဝေး က အမယ်အိုကြီးမြေးအဘွားရဲ့ အနေအထားနဲ့ လျှပ်တစ်ပြက်လောက်ပဲရှိတာမို့ အချိန်မီ ရထားရပ်တန့်သွားဖို့ မဖြစ်နိုင်တော့ဘူး။ နောက်ဆုံးသေချာပေါက် ရထားတိုက်ခံရမယ့် အနေအထားကို ရောက်သွားပြီ။ တအား ကြောက်လန့်နေပြီး လူတစ်ယောက် ရဲ့နောက်ဆုံး သေငယ်ဇောအချိန်ပဲ။ ကိုယ့်ကိုဝင်တိုက်တော့မယ့် အစီးအနင်းကြီးတစ်ခုကို မြင်တွေ့နေရတဲ့။ မိမိအသက် ဆုံးရှုံးရတော့မယ်ဆိုတာ သိနေတဲ့လူတစ်ယောက်ရဲ့ သေငယ်ဇောနဲ့ ကြောက်နေတဲ့ပုံမျိုးဘဲ။ ဒီအချိန်မှာ အမယ်အိုကြီးရဲ့ အသက်အရွယ်နဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ အသိတရား၊ ၀န်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတဲ့ သူရဲ့မြေးမလေးနဲ့ သူလွတ်မြောက်အောင် ပြေးနိုင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ တံတားအောက် ကို ခုန်ချဖို့ဆိုတာလည်း တံတားအမြင့်က ၁၂ ပေနဲ့ ၁၄ ပေကြားမှာရှိတယ်။ အောက်မှာရေစီးနေတယ်။ ဒီအသက်အရွယ်နဲ့ မိန်းမသားတွေ ခုန်မချနိုင်ဘူး။

မေး - အဲဒီလိုအခြေအနေမှာ ကယ်တင်လိုက်ရပုံကိုလည်း ဆက်ပြောပေး ပါဦး။ အခုလိုကယ်တင်ဖို့ ဘယ်လိုစိတ်မျိုးနဲ့ လုပ်ဆောင်ခဲ့တာပါလဲ။
ဖြေ - ကျွန်တော် စက်ခေါင်းမှူးက ထိန်းသိမ်းပေးတဲ့အချိန်မှာ ကျွန်တော် ကဖြစ်မှာစိုးလို့ စက်ခေါင်းပေါ်ကနေ ခေါင်းထွက်ပြီး ‘မယ်’ ‘မယ်’ နဲ့ထွက်အော်ချိန်မှာ ဟွန်းကလည်း ဆွဲထားတယ်။ ဂရုဏာဒေါသနဲ့ အော်နေတယ်။ အဲဒီအချိန်မျာ ကျွန်တော်ခန္ဓာကိုယ်က လက်ကိုင်ဘေးကနေ အပြင်ကိုပတ်ထွက်ပြီး ရထားရဲ့တွဲချိတ် ဆက်ပေါ်မှာ မတ်တပ်ရပ်နေတာ အဆင်သင့်ဖြစ်သွားတယ်။ ကျွန်တော့် စိတ်ရဲ့စေ့ဆော်မှုလို့ ပြောရမလား မသိဘူး။ ဒီအမေအိုကြီး မြေးအဘွား ကို ဘယ်လိုမှမကယ်နိုင်တဲ့ အနေအထားမှာ ဆင်းတွန်းမှရမလဲ ဆိုတဲ့ သဘာဝအလျောက် အတွေးလေး ၀င်သွားတယ်။ အလိုအလျောက်ဘဲ ရထားပေါ် က ဆင်းလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တွန်းဖယ်လိုက်တယ်။ ငါးစက္ကန့်လောက် အတွင်းမှာဘဲ ကျွန်တော်ကိုယ်တိုင်လည်း နှစ်လှမ်းလောက် လှမ်းလိုက်ပြီး ခုန်ဆင်းလိုက်တယ်။ “ဆင်း၊ လှမ်း၊ တွန်း၊ ခုန် ဆင်း”ပေါ့။ မြေးအဘွားနှစ်ယောက် ရေတောထဲကို ကျသွားပြီး ဖက်တွယ်ထားကြတယ်။ ကျွန်တော်က အရှိန် နဲ့ကျောက်ခုံစပ်ကို ကျသွားတယ်။ အကုန်လုံးရေတော ရွှံတောထဲမှာ ရေအနက်က ခန့်မှန်းခြေလေးပေလောက် ရှိမယ်။ ရေမြှုပ်သွားရင်လည်း အနီးဆုံးနေရာမှာရှိတဲ့ ကျွန်တော်က ဆက်ကယ်ရဦးမှာဘဲ။

မေး - အခုလို သူ့အသက်နှစ်ချောင်း ကို ကယ်တင်နိုင်ခဲ့တဲ့ အတွက်ရော  ဘယ်လိုခံစားရပါသလဲ။
ဖြေ - ဟာ . . . ပျော်တယ်။ အရမ်း ၀မ်းသာပီတိဖြစ်တယ်။ ဒီအမေအိုကြီးရော မြေးမလေးရော၊ ကျွန်တော် ရော ဘာမှမဖြစ်ပွားတဲ့အခါ၊ ရေထဲက ဆယ်ယူပြီးတဲ့အချိန် ဒီကလေးမလေးရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ မှာ ကျွန်တော့်သားသမီးကို မြင်လိုက်ရသလိုပါဘဲ။ ကျွန်တော်မှာလည်း သားလေးတစ်ယောက်ရှိတယ်။ သက်တူရွယ်တူလောက်ပါဘဲ။ ကျွန်တော့် ရင်ထဲမှာ ၀မ်းသာဝမ်းနည်းဖြစ်ပြီး တော့ စကားလည်းမပြောနိုင်ဘူး။ မျက်ရည်ကျပြီး အသားတွေလည်း တစ်ဆတ်ဆတ်တုန်နေတယ်။ အဲဒီလိုခံစားမှုမျိုး ခံစားရလိမ့်မယ်လို့ ထင်တောင်ထင်မထားမိဘူး။ အခုလို ကယ်တယ်နိုင်လိုက်လို့ သူတို့ဘ၀တွေ ပါရမီရှိသလောက် သက်တမ်းစေ့ နေနိုင်သွားတော့မယ် ဆိုတဲ့ အသိဝင်လာတဲ့အခါ အရမ်းကိုပီတိဖြစ်မိတယ်။ ဌာနတွင်းကလည်း ချီးကျူးဂုဏ်ပြုကြလို့ အရမ်းဝမ်းသာဂုဏ်ယူမိပါ တယ်။

မေး - အခြားဖြည့်စွက်ပြောလိုတာများ ရှိပါသေးလား။
ဖြေ - ကျွန်တော့်အနေနဲ့ သူတို့ကို မသေစေချင်တဲ့စိတ်ဆန္ဒရဲ့ စေ့ဆော်မှုအရ ကယ်တင်နိုင်ဖို့ အခွင့်အရေး ကြုံတဲ့အခါမှာ ကယ်တင်နိုင်လိုက်တာဟာ သူတို့ကုသိုလ်ကံ၊ ကျွန်တော့် ကုသိုလ်ကံ ပါရမီအကြောင်းဆုံလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။ ၀န်ထမ်းကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်စရိုက်၊ အတွေးစိတ်မရှိသူ ဖြစ်သွားမယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ စကားလေးတစ်ခုရှိတယ်။ အခုလို ပြန်ပြောတဲ့အချိန်မှာလည်း အရမ်းခံစားရတယ်။ ကျွန်တော်တို့ စက်ခေါင်းမောင်းတွေမှာ လူတွေကို အသားလွတ်တိုက်သွားတယ်။ သေကြေပျက်စီးစေလိုတဲ့ စိတ်လုံးဝမရှိကြပါဘူး။ ကျွန်တော်တို့ လူရယ်လို့ဖြစ် လာရင် ညီအစ်ကို၊ မောင်နှမ၊ မိဘ ဘိုးဘွား အကုန်ရှိကြတာပါပဲ။

ရထားနှင့် တိုက်မိတော့မည့် မြေးအဖွားနှစ်ဦးအား ကယ်တင်ခဲ့သည့် ဖြစ်စဉ်အကျဉ်း

၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာသည့် အမှတ်(၁၇၆) အစုန်ရထားသည် ဒါးပိန်ဘူတာ အ၀င်ရှိ ရထားလမ်းတံတားသို့ အရောက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါရထားလမ်းတံတားပေါ်တွင် လမ်းလျှောက်ဖြတ်ကူးနေသော မြေးအဖွားနှစ်ဦးသည် ရုတ်တရက်ကြောက်လန့်ကာ တံတားအလယ်၌ တစ်ဦးကို တစ်ဦးဖက်လျက် အနေအထားဖြင့် ရှိနေခဲ့သည်။
အမှတ်(၁၇၆) အစုန်ရထားသည် တံတားပေါ်တွင် မြေးအဖွားနှစ်ဦးကို မြင်သည့်အတွက် ဥသြဆွဲခဲ့သော်လည်း မြေးအဖွားနှစ်ဦးသည် အကြောက်လွန်၍ တံတားအလယ်တွင် ရှိနေခဲ့သည်။
အဆိုပါရထားစက် ခေါင်းမောင်းမှ အရေးပေါ်ဘရိတ်ဆွဲသော်လည်း မောင်းနှင်လာသော အရှိန်ဖြင့် ချိန်ဆ လုပ်ဆောင်ရခြင်းကြောင့် ရထား၏အရှိန်လျော့သွားသော်လည်း ချက်ချင်းရပ်၍မရခဲ့။
အရှိန်မရပ်သောရထား မြေးအဖွားနှစ်ဦးဆီ ဦးတည်နေရာ လက်ထောက် စက်ခေါင်းမောင်း ကိုဌေးနိုင်က စက်ခေါင်းပေါ်မှခုန်ချကာ မြေးအဖွားနှစ်ဦးစလုံး နှင့်အတူ ရထားလမ်းတံတားပေါ်မှ ရေထဲသို့ခုန်ဆင်း၍ အသက်ကယ်တင်ခဲ့။
ဖြစ်စဉ်ကြောင့် အဆိုပါသုံးဦးစလုံး အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိ။
အသက်ကယ်တင်ခံခဲ့ရသော မြေးအဖွားနှစ်ဦးမှာ ဒါးပိန်မြောက်ပိုင်း လက်ပံတန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်မြင့်ကြည် အသက်(၆၂)နှစ် ၎င်း၏မြေးတော်စပ်သူ မသဲစုဝင်း(၈)နှစ်တို့ဖြစ်သည်။

ကိုယ်ရေးအကျဉ်း
အမည်    -    ဦးဌေးနိုင်
မိဘအမည်    -    ဦးမူဆာ၊ ဒေါ်မြင့်မြင့်ကြည်
မွေးသက္ကရာဇ်    -    ၁၅-၉-၁၉၇၃
မွေးရပ်    -    ပုသိမ်မြို့၊  ဧရာဝတီတိုင်းဒေသကြီး။
ရာထူး    -    စက်ခေါင်းမှူးလက်ထောက်(၁)။
တိုင်းအမှတ်(၇)၊ မလွှကုန်း ဒီဇယ်စက်ခေါင်းပြုပြင်စက်ရုံ၊


Credit: ELEVEN MEDIA

Saturday, January 15, 2011

ပုံမှန် သွေးလှူဒါန်းနေသော သွေးလှူရှင်များနေရာတွင် လူငယ် သွေးလှူရှင်များဖြင့် အစားထိုးနိုင်ရန် စည်းရုံး လုပ်ဆောင်လာ

Ref: http://www.news-eleven.com/index.php?option=com_content&view=article&id=4309%3A2010-08-16-06-43-55&Itemid=160

သွေးသွင်းကုသမှုများတွင် အသုံးပြုမည့်သွေးများသည် စေတနာ သွေးလှူရှင်များထံမှ ၁၀၀ ရာခိုင်နှုန်း လှူဒါန်းထားသော သွေးသာဖြစ်ရမည်ဟု တာဝန်ယူထားသော ပုံမှန်သွေး လှူဒါန်းနေသည့် သွေးလှူရှင်များ၏ အသက်များမှာ ၆၀ သို့ နီးလာပြီဖြစ်၍ ငယ်ရွယ်သော လူငယ်လူရွယ်များဖြင့် အစားထိုးနိုင်ရန် ဦးတည်လုပ်ဆောင်လာကြောင်း အမျိုးသား သွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

    'ဇွန်လကစပြီး လူငယ်သွေးသန့် အလှူရှင်တွေကို အဓိကထားပြီး သွေးလှူဒါန်းဖို့ စည်းရုံးလုပ်ဆောင် နေပါတယ်။ ပုံမှန်သွေးလှူဒါန်းနေတဲ့ သွေးလှူရှင်တွေက အသက်ကြီးလာတော့ မလှူနိုင်ကြတော့ဘူး"ဟု အမျိုးသားသွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

    ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတွင် ကွန်ပျူတာတက္ကသိုလ်၊ မှော်ဘီ GTC ၊ သန်လျင် GTC၊ လှိုင်သာယာ GTC၊ မအူပင် GTC၊ သမ၀ါယမ ဒီဂရီကောလိပ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် စသည့် လူငယ်များ များပြားသည့်နေရာများသို့ ဦးတည်၍ သွေးလှူဒါန်းပွဲများ ပြုလုပ်လာကြောင်း သိရသည်။

    အဆိုပါ သွေးသန့်လူငယ်များမှ သွေးပုလင်းများ စုဆောင်းခြင်းကို ဇွန်လ ၁၄ ရက်နေ့မှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းသွေးလှူရှင် လူငယ်များ စုဆောင်းရာတွင် လိုအပ်သော အထောက်အပံ့များကို လှူဒါန်းပေးလျက်ရှိသော အလှူရှင်များဖြစ်သည့် စန္ဒီပရဆေးမိသားစု၊ ဘုရင့်နောင်ဈေး သာယာရေးအဖွဲ့၊ မြန်မာဘရူဝါရီ လီမိတက်၊ ဖြူစင်မေတ္တာ သွေးလှူရှင်အဖွဲ့၊ ရွှေပါရမီအဖွဲ့ စသည့် အဖွဲ့အစည်းများမှ ပါဝင် ကူညီထားကြောင်း သိရသည်။

  မြန်မာနိုင်ငံအနေဖြင့် အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း လှူဒါန်းလျက်ရှိသော သွေးလှူရှင်များအနက် မှအသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်း ရှိ လူငယ်များပါဝင်လှူဒါန်းမှုမှာ အမျိုးအစားအလိုက် နှစ်စဉ်တိုးတက် လာကြောင်း မှတ်တမ်းများအရ သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ သွေးလှူဒါန်းမှုအချို့
ရက်စွဲ သွေးလှူဒါန်းသည့် အဖွဲ့အစည်း ဦးရေ သွေးပုလင်းပေါင်း
ဇူလိုင်လ ၃ ရက် ဘုရင့်နောင်ဈေး ၄၀၉ ၄၀၉ ပုလင်း
ဇူလိုင်လ ၉ ရက် MRCS ၁၂ ၁၂ ပုလင်း
ဇူလိုင်လ ၁၂ ရက် လှိုင်သာယာ GTC ၁၄၇ ၁၄၇ ပုလင်း
ဇူလိုင်လ ၁၃ ရက် Chatrium Hotel ၁၈ ၁၈ ပုလင်း
ဇူလိုင်လ ၁၅ ရက် မအူပင် GTC ၃၅ ၃၅ ပုလင်း
ဇူလိုင်လ ၁၆ ရက် သမ၀ါယမဒီဂရီကောလိပ် ၈၀ ၈၀ ပုလင်း
ဇူလိုင်လ ၁၈ ရက် မြန်မာမွတ်စလင် လူငယ်များဘာသာရေးအဖွဲ့ ၂၇၅ ၂၇၅ ပုလင်း
ဇူလိုင်လ ၂၂ ရက် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ၅၉ ၅၉ ပုလင်း
ဇူလိုင်လ ၂၆ ရက် CMA သွေးလှူဒါန်းအဖွဲ့ ၂၀၆ ၂၀၆ ပုလင်း
ဇူလိုင်လ ၃၀ ရက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၂၂၅ ၂၂၅ ပုလင်း

ယူကေရောက် မြန်မာမွတ်စလင်များ သုခဆေးခန်းသို့ ငွေလှူဒါန်း


ယူကေရောက် မြန်မာမွတ်စလင်များမှ နာရေး ကူညီမှုအသင်း ( ရန်ကုန် ) မှ ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် ဆေးခန်း မျက်စိခွဲစိတ်ခန်းအတွက် ငွေကျပ် နှစ်ဆယ့်သုံးသိန်း ငါးသောင်း ကျပ် တိတိ လှုဒါန်း ခဲ့ပါသည်။

Ref: http://burmese.b-m-a.org/?p=1163