Wednesday, December 8, 2010

မွတ်စလင်မ်အမျိုးသ္မီးတို့ ဘဝလမ်းမှန်ကို ရွေးချယ်လျှောက်လှမ်းရေး။


လူ့အသိုင်းအဝိုင်းတွင် ဘာသာမတူ၊ ယဉ်ကျေးမှု မတူသော်လည်း လူအ ချင်းချင်း ရင်းနှီးဆက်ဆံ ပေါင်းသင်းရသည်မှာ ရှောင်ရှားလို့မရပါ။ လူ့အသိုင်းဝိုင်းထဲတွင် အစ္စလာမ်မှခွင့်ပြုထား သော (ဟာလလ်)ရှိသလို၊ အစ္စလာမ်မှ ခွင့်မပြုသော ဟာရမ်များလည်း များစွာရှိပေသည်။

ဤသည်ကို မွတ်စလင်မ်လူကြီးများမှ ကလေးသူငယ်များကို ညွန်ပြရန်၊ သွန် သင်ရန်လိုအပ်ပေသည်။ တက်သစ်စ မွတ်စလင်မ်လူငယ်များ အနေနှင့် မိမိတို့ကျောင်းနှင့် အလုပ်ပတ်ဝန်းကျင်မှရ လာသော အရာများကို ဟာလလ်လား ဟာရမ်လားဆိုသည်မှာ သေချာသိနားလည် ရမည်။ အစ္စလာမ်မှ ခွင့်မပြုသော အရာများတွင် နစ်မွန်းနေပါက နှစ်ဘဝလုံး ဆုံးရှုံးနိုင်သည် ကိုသတိချပ်ကြပါ။ အထူးသဖြင့် မွတ်စလင်မ်အမျိုးသ္မီး များ။

အမျိုးသ္မီးများသည် စိတ်နုကြ၏။ ဖြားယောင်း သွေးဆောင်ရန်လွယ်ကူ၏။ အမျိုးသ္မီးများ ဆယ်ကျော်သက်မှ ၂၀ကျော်အရွယ်တွင် အများစိတ်ဝင်စားသော အရွယ်လည်းဖြစ်သည်။ ထိုအချိန် သည် မိန်းကလေးများ၏ စိတ်လှုပ်ရှား – စိတ်ကစားလွယ်သော အရွယ်ဖြစ်သောကြောင့် ဘဝခရီးလမ်းရွေးရာတွင် လမ်းမမှားရန် အထူးဂရုစိုက်ရမည်။

ရင့်ကျက်မှု နည်းနေသေးသော တက်သစ်စ လူငယ်များသည် မထင်မှတ်ဘဲ လူ့အသိုင်း အဝိုင်းထဲတွင် ဓါးစားခံဖြစ်သွားကြပြီး မိမိဘဝတက်လမ်း အညွန့်တုံးခဲ့ရသည့် လူငယ်များမှာလည်း မ နည်းတော့ပါ။

ယခုခေတ်ကာလတွင် ဒုစရိုက်သမားများသည် ကလေးစာသင်ကျောင်းများ၊ လူငယ်တို့၏ အလုပ်ခွင်အနား၊ မိန်းကလေးများ နှစ်သက်သော ကုန်တိုက်ပတ်ဝန်းကျင်များတွင် ၎င်းတို့ကိုယ်ကျိုး အတွက် သားကောင်ရှာရန် ကြိုးကွင်းများ အကွက်ဆင်၍ ချထားကြသည်။

လူ့အရိပ်အကဲခတ် မသိတတ်သေးသော ကလေးလူငယ်များကို ဖြားယောင်း သွေးဆောင်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစား၊ လူကုန်ကူးမှုတို့တွင် ပတ်သက်စေခဲ့သည်ကို ကလေးနှင့်မိဘများ လေးနက်စွာ သထိထားရပေမည်။ ထိုလောဘသား တို့၏ကြိုးကွင်းကို စွပ်မိသွားသော ကလေးများကြောင့် မိဘဆွေ မျိုးများမှာလည်း ရင်ကွဲမတတ် ခံစားကြရသည်။
နောက်တစ်ခုက မိန်းကလေးများ အရွယ်ရောက်လာလို့ ရုပ်ရည်ရှိလာလျှင် ဘေးပတ်ဝန်းကျင် မှတစ်ဆင့်လည်း ကောင်း တက်သစ်စလူငယ်များကို ရှာတတ်သော ကိုယ်စားလှယ်များမှ တစ်ဆင့်လည်းကောင်း၊ အလှပြင်ဆိုင်များမှ လည်းကောင်း မီဒီယာသို့ တွန်းပို့တတ်သည်။

စိတ်လှုပ်ရှားလွယ်၊ စိတ်ကစားလွယ်သော အရွယ်ကို မီဒီယာသို့ဆွဲဆောင် ရန်သိပ်မခက်ပေ။ အဘယ်ကြောင့်နည်း? မိန်းကလေး သဘာဝသည် အလှအပကြိုက်ကြသည်။ ချိုသာသော စကား များကို လွယ်ကူစွာ ယုံတတ်ကြလို့ပင်ဖြစ်သည်။ ထိုအခါ အပြင်ပတ်ဝန်းကျင်မှ ခေတ်စားသော အပြောအဆို၊ အပြင် အဆင်၊ အသွင်မတူ သူငယ်ချင်းများကို ပိုပိုစိတ်ဝင်စား လာတတ်ကြပြီး လူကြီးမိဘများ၏ သွန်သင်ဆုံးမမှုကို ဆင် ခြေအမျိုးမျိုးပေးကာ ကန့်ကွက်လာတတ်ပြီး လမ်းမှားသို့ချော်၍ ရောက်သွားလေ့ ရှိတတ်ကြသည်။ ထို့နောက် မီဒီယာသို့ ခြေလှမ်းရန် သူမတို့မှာလည်း ဝန်မလေးတော့ပေ။

မည်သည့် မီဒီယာမဆို မိန်းကလေးများ၏ အလှဖြင့်ဈေးကွက် ဖန်တီးသော ကြောင့် သရုပ်ဆောင်များကို မလုံ့တလုံ ဝတ်စား ဆင်ယင်စေပြီး အစ္စလာမ်သာသနာနှင့် မအပ်စပ်သော အခြေအနေ သို့ဖန်တီး၍ သရုပ်ဆောင်စေသည်။ ရုပ်ရှင်လောက ထဲရောက်သွားသော မွတ်စလင်မ်အများမှာ များသောအားဖြင့်၊ အီမာန်လျှော့နည်းလာ၍ ဘာသာကိုစွန့်ခွာ သွားကြသည်မှာလည်း မနည်းတော့ပေ။

မိဘဆွေမျိုးများ အနေနှင့်လည်း မိမိတို့၏ သားသ္မီးများ၏ လမ်းမှားကိုဂုဏ် ယူပြီးမနေသင့်။ သားသ္မီးများမှာလည်း ကျေးဇူး ရှင်မိဘများ သောကဖြစ်စေသော အလုပ်များမှ ရှောင်ရှားရပေမည်။ စတားဖြစ်ပြီး နာမည်ကျော်ကြား တာထက် မိမိကို ဖန်ဆင်းသော ကျေးဇူးတော်ရှင်၏ အမိန့်ကိုနာခံနိုင်ရန် ပို၍အရေး ကြီးပေသည်။ ဒီအတွက်အောက်ပါ ကျမ်းမြတ်ကုရ်အာန်၏ ဆိုဆုံး မမှုကို မမေ့မလျှော့ နှလုံးသွင်းကြပါ။

“ယုံကြည်သူအမျိုးသမီးတို့အား မျက်လွှာကိုချကြ၊ အရှက်အိနြေ္ဒကို ထိန်းသိမ်းကြ၊ ပေါ်၍နေတတ်သော မိမိတို့၏အလှမှ တ ပါးကျန်အလှအပတို့ကို မဖော်ပြစေရ။ ရင်ဘတ်ပေါ်ဝယ် ခြုံလွှာကို ဆွဲချထားကြ။ မိမိတို့၏ ခင်ပွန်းများ၊ ဖခင်များ၊ သားများ . . . ရှေ့မှတပါး မိမိတို့၏ အလှကို မပြကြရဟု ဆိုလေ။” [ ကုရ်အာန် ၂၄း ၃၁ ]
/
“အို … တမန်တော်၊ သင်၏ဇနီးများ၊ သမီးများနှင့် ယုံကြည်သူ အမျိုးသမီးများအား (အပြင်သို့ သွားလာကြရာမှာ) အပေါ်ရုံကို သူတို့၏ ရင်ဘတ်ပေါ်ဝယ် အနည်းငယ် ချထားကြဟု ပြောကြားပါလေ။ ဤသည် ပိုပြီးသိသာရန် အဆင် ပြေစေ၏။ အလ္လာဟ်ရှင်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အရှင်၊ အလွန်သနား ကြင်နာ ညှာတာ တော်မူ သောအရှင်ဖြစ်၏။” [ကုရ် အာန် ၃၃း ၅၉ ]
(ကုရ်အာန်ဘာသာပြန် : ကိုဌေးလွင်ဦး)

ရှိုင်သွာန်သည် လူသားကို အမျိုးမျိုးသွေးဆောင် ဖြားယောင်းနိုင်သည်။ ငွေ၊ အလှအပ ဂုဏ်ပကာသန များပြပြီး အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကို မေ့လျှော့စေသည်။ အစ္စလာမ်မှ ခွင့်မပြုသော ဟာရမ်များကို ကျူးလွန် စေတတ်သည်။

လူသားတို့အား ရှိုင်သွာန်၏ လှည့်ဖြားမှုနှင့် မိမိမျက်စိကို ကန်းစေသည်။ ငွေ၊ ဂုဏ်ပကာ သနတို့သည် လောက၌ထာဝရ မမြဲသောအရာ များပင်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံခြင်းနှင့် အီမာန်ခိုင် မြဲ ခြင်းတို့သည်သာ လူသားအပေါင်းကို နှစ်ဘ၀နှစ်ဌာနလုံးတွင် သောကကင်းဝေးစေနှိုင်သော နည်းလမ်းဖြစ်သည်။
မွတ်စလင်မ်ဟူသည် ညီအစ်ကို မောင်နှမများသာဖြစ်သည်။ မိမိတို့၏ မောင်နှမများသည် လောကီလောကုတ္တရာ နှစ် ဌာနလုံး အတွက် အောင်မြင်မှု အပြည့်ရှိသော အစ္စလာမ်သာသနာ၏ လမ်းညွှန်မှုအတိုင်း ဘ၀တည်ဆောက်ရေးကို အချင်းချင်းနှိုးဆော် တိုက်တွန်းရမည်မှာ တာဝန်တစ်ရပ်ဖြစ်သည်။

လူသားအဖို့ မြင်တွေ့ရသော ပြင်ပအလှထက် စိတ်ပိုင်းဆိုင်ရာ အတွင်းအလှ က ပို၍အရေးကြီး၏။ ဤသည့် အချက်ကို ကုရ် အာန် ၉၁း ၇မှ၁၀ တွင်–

(ဖန်ဆင်းရှင်သည် (နဖ်စ်)ဟုခေါ်သော စိတ်ညဉ်ကို ပြီးပြည့်စုံအောင် ဖန် ဆင်းခဲ့သည်။ တဖန် ထိုစိတ်ညဉ်၏ အတွင်းဝယ် မကောင်းမှု ဒုစရိုက်၏အသိကို လည်းကောင်း၊ ကောင်းမှုသုစရိုက် ၏ အသိကိုလည်းကောင်း ထည့်သွင်းပေးခဲ့၏။ စင်စစ်မည်သူမဆိုထို(နဖ်စ်)စိတ်ညဉ်ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ် နှိုင်သူသည် အောင်မြင်လေပြီ။ သို့ရာတွင် ထို(နဖ်စ်)စိတ်ညဉ်၏ အလိုဆန္ဒအတိုင်း မကောင်းမှု ဒုစရိုက်တွင် နစ်မွန်း နေသူသည် ဆုံးရှုံးလေပြီ) ဟုဗျာဒိတ်ထားသည်။

လူသား၏ သဘာဝသည် အကောင်းနှင့်အဆိုးကို ခွဲခြားသိရှိသူ များဖြစ်ကြသည်။ ထို့အတွက်ကြောင့် အစ္စလာမ်သာ သနာက ပြဌာန်းထားသော အမိန့်ပညတ်ချက်များ အပေါ်တစ်သွေ မတိမ်းလိုက်နာရင်း လူရှိုင်သွာန်များနှင့် ဂျင်ရှိုင်သွာန်များ၏ ဖြားယောင်းမှုများမှ ကင်းဝေးနှိုင်စေကြောင်း ဆန္ဒပြုလျှက်-

မမီးမီး
အစ္စလာ့မ်ရောင်ခြည်

Ref : http://www.quraninburmese.com/blog/2010/10/women-in-islam/

အကွဲအပြဲနှင့် ပူးပေါင်းဆောင်ရွက်ခြင်း - ဘာကိုရွေးမလဲ



Myanmar Muslim Association of Malaysia
သောကြာနေ့ ခွသ်ဘာ ၃၃/၂၀၀၉
Shawwal 12 1430


အကွဲအပြဲနှင့် ပူးပေါင်းဆောင်ရွက်ခြင်း - ဘာကိုရွေးမလဲ

ချီးမွမ်းခြင်းအပေါင်းတို့သည် ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာလောကခပ်သိမ်းအား
ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြ နဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွ) အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာ သက်ရောက်ပါစေ။


ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျားအတ်စ္စလာမု အလိုင်းကွန်းမ် ၀ရဟ်မသုလ်လာဟိ ၀ဗရကါးသုဟ်

ကွန်မြူနစ်ဝါဒကျဆုံးခြင်းနှင့် အော်တိုမန်အင်ပါယာပြိုကွဲခြင်းကိုလေ့လာခြင်းကမ္ဘာစစ်ကြီးတွေနဲ့ သွေးချောင်းစီးကာလ လွန်မြောက်တော့ အရင်းရှင်စနစ်နဲ့ ကွန်မြနစ်စနစ်ကြားမှာစစ်အေးခေတ် (Cold War) ကာလကို ရောက်ရှိလာခဲ့ကြပါတယ်။ စစ်အေးခေတ်ဆိုတာကတော့ ကိုယ်ယုံကြည် တဲ့ဝါဒအပေါ် မြဲမြဲမြံမြံရပ်ပြီး ဆန့်ကျင်ဘက်အင်အားစုတွေကို နည်းမျိုးစုံနဲ့တိုက်တဲ့နည်းပေါ့။ စနစ်တစ်ခုထဲမှာ တောင်အယူအဆကွဲလွဲချက်ပေါ်လာရင် ဖြုတ်၊ ထုတ်၊ သတ် ကျင့်သုံးလာခဲ့ကြပါတယ်။

အမေရိကန် ဦး ဆောင်တဲ့အနောက်ဥရောပက ဒီမိုကရေစီဝါဒနဲ့ ဆိုဗီယက်ပြည်ထောင်စု ဥးဆောင်တဲ့ အရှေ့ဥရောပက
ကွန်မြူနစ်ဝါဒဆိုပြီး အုပ်စုကြီးနှစ်ခုအသွင်ပေါ်ခဲ့ပါတယ်။

ဒီစစ်အေးခေတ်မှာ ဂျာမဏီကိုကြည့်ရင် (၉၆)မိုင်ရှည်လျားတဲ့ ဘာလင်တံတိုင်းကြီးက အရှေ့ဂျာမဏီ
(ဆိုဗီယက်အုပ်စ၀ုင)် နဲ့အနောက်ဂျာမဏ(ီ ဒီမိုကရေစီအုပ်စ၀ုင)်အဖြစ် ခြွဲခားပါတယ်။ ဒါပေမယ့် ဒီဘာလင် တံတိုင်းကြီးဟာ(၂၈)နှစ်တာကြာပြီးတဲ့နောက် ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့ညမှာ ဖြိုဖျက်ခြင်းခံလိုက် ရပြီး အရှေ့ဂျာမဏီနိုင်ငံနဲ့အနောက်ဂျာမဏီနိုင်ငံတို့ ပေါင်းစည်းသွားခဲ့ကြပါတယ်။ ဒီမိုကရေစီအုပ်စုရဲ့အောင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုစစ်အေးကာလမှာလက်နက်နဲ့မတိုက်ဘဲ ဘာလင်တံတိုင်းကြီးဘာလို့ပြိုသွားရတာလ။ဲ

ဂျာမဏီမှာ ကန်ွမြူနစ်ဝါဒ ဘာဖြစ်လို့ကျဆုံးသွားသလဲ။ အဓိကအဖြေတစ်ရပ်ကတော့ ပြည်သူလူထုတွေဆီကို ကွန်ပျူတာတွေရောက်လာပြီး ပြူတင်းပေါက်(Window)တွေကတဆင့် ကမ္ဘာကြီးကို မျှော်ကြည့်လို့ရလာခဲ့ခြင်းပါပဲ။ နံရံတံတိုင်းနဲ့ ဘောင်ခတ်ထားခြင်းခံရတဲ့ လူတွေရဲ့အသိအမြင်တွေကို မီဒီယာစွမ်းအားက ဖွင့်ပေးလိုက် တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုက ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဘယ်ပြည်ပစစ်တပ်ကမှ မကျူးကျော်ဘဲ ဆိုဗီယက်ယူနီယံပြိုလဲပြီး အရှေ့ဥရောပမှာလည်း ကွန်မြူနစ်ဝါဒ ကျဆုံးသွားခဲ့ပါတယ်။ တစ်ချိန်က ဆိုဗီယက်ယူနီယံထဲကိုအဓမ္မသွတ်သွင်းခြင်း ခံထားရတဲ့ မွတ်စလင်မ်နိုင်ငံ (၆)နိုင်ငံလည်း လွတ်လပ်ရေး ရသွားခဲ့ကြပါတယ်။

ဒါကြောင့် နံရံတံတိုင်း (Wall) ကို စစ်အေးခေတ်ရဲ့သင်္ကေတအဖြစ်ဖေါ်ညွှန်းခဲ့ကြပြီး မိမိကိုယ်မိမိတို့ တံတိုင်း ခတ်ပြီးအကွဲအပြဲကို ပြဆိုနေပါတယ်။ ဒါပေမဲ့ စစ်အေးအလွန်ခေတ်ရဲ့သင်္ကေတကတော့ အင်တာနက်ဝက်ဘ် ဆိုက် (Web)ဖြစ်လာပြီး ပူးပေါင်းဆောင်ရွက်ခြင်းကိုဖေါ်ညွှန်းတဲ့ ကမ္ဘာ့ပင်ကူအိမ်ကြီးပြဲဖစ်ပါတယ်။ အခုဆိုရင် ကမ္ဘာ့လူသားတွေဟာတံတိုင်း(Wall) ကနေ ကမ္ဘာ့ပင့်ကူအိမ်ကြီး (Web) ဆီကို ရွေးချယ်သွားနေကြပြီဖြစ် ပါတယ်။ တစ်နည်းဆိုရင်အကွဲအပြဲကနေ ပူးပေါင်းဆောင်ရွက်ခြင်းဆီကို သွားနေပြီဖြစ်ပါတယ်။

မွတ်စလင်မ်တို့ရဲ့အော်တိုမန်အင်ပါယာပြိုကွဲခြင်းကိုကြည့်မယ်ဆိုရင် သင်ခန်းစာယူစရာတွေ အများကြီးတွေ့ရ ပါလိမ့်မယ်။ ကမ္ဘာ့မွတ်စလင်မ်ထုဟာ တူရကီကိုဗဟိုပြုပြီး အော်တိုမင်အင်ပါယာအဖြစ် တစ်စုတစ်စည်းတည်း တည်ရှိနေတာကိုကိုလိုနီစနစ်ကျင့်သုံးချင်တဲ့ ဗြိတိသျှအစိုးရအနေန့ဲ အရဗ်တွေကို တူရကီနဲ့သေွး ခွဲပြီးအောိုမင်အင်ပါယာအောက်ကခွဲထွက်ဖို့ မြှောက်ပင့်ပေးခဲ့ပါတယ်။ အရဗ်တွေကို လွတ်လပ်ရေးရအောင်လုပ်ပေးမယ် ဆိုပြီး မြူဆွယ်ခဲ့ပါတယ်။

အရဗ်တွေကတကယ်ယုံပြီး တော်လှန်ရေးလုပ်ကြတော့ နောက်ဆုံး အော်တိုမန်အင် ပါယာကြီး ပြိုကွဲခဲ့ပါတယ်။ ဒါပေမဲ့အရဗ်တွေမျှော်လင့်ထားခဲ့သလို လွတ်လပ်ရေးမရခဲ့ကြဘဲ ဥရောပရဲ့ ကျွန်သ ဘောက်ဘ၀ကိုသာ
သက်ဆင်းခဲ့ကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။ အရဗ်တွေအနေနဲ့ အသက်သွေးချွေးပေးပြီး လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြပေမယ့် လွတ်လပ်ရေးရတဲ့အခါကျတော့ ညီညွတ်တဲ့အရဗ်နိုင်ငံအဖြစ် မ ပေါ်ပေါက်တော့ဘဲအရဗ်နိုင်ငံများစွာ ပြိုကွဲသွားခဲ့ပါတယ်။အခုအခါမှာတော့ ရအဗ်တွေ တစ်နိုင်ငံတည်းမဖြစ်နိုင်တော့ပေမဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ အရဗ်အဖွဲ့ချုပ် (Arab League)ဖွဲ့ပြီးသာ ဆောင်ရွက်နိုင်ပါတော့တယ်။


အလားတူပဲ မွတ်စလင်မ်ကမ္ဘာဟာလည်း တစ်ခုတည်း သောအင်ပါယာမတည်ဆောက်နိုင်ကြတော့ဘဲ (၅၇)နိုင်ငံပါဝင်တဲ့ အစ္စလာမစ်ညီလာခဲ့အဖွဲ့) Organization Of Islamic Conference) (OIC)အနေနဲ့သာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဆင့်သာရှိပါသေးတယ်။
တကယ်တော့ အစ္စလာမ်ဆိုတာ ဆုံးမစာ သာသနာအဆင့်မဟုတ်ဘဲ ဒီန်လို့ခေါ်တဲ့ ဘ၀တည်ဆောက်မှု
လမ်းစU်တစ်ရပ်ဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကျောင်းတော်ဝါဒစွဲတွေကို လွန်မြောက်ပြီး “အလ်-အာ လမီယဟ်” လို့ခေါ်တဲ့ စကြ၀ဠာလောကခပ်သိမ်းနဲ့ယှU်တဲ့လမ်းစU် (Universalization) ဖြစ်ပါတယ်။ ဒါကြောင့် မွတ်စလင်မ်တွေဟာလူမျိုး၊ ဘာသာစကား၊ အ၀တ်အစား၊ ဒေသ၊ ယU်ကျေးမှု ဘယ်လိုပဲကွဲကွဲ တစ်စုတည်း သော အွမ္မသ်သားချင်း (အွမ်မသွန်း-၀ါဟိဒဟ်)အဖြစ် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က သတ်မှတ်ထား ခြင်းဖြစ်ပါတယ် (ကုရ်အာန် ၂း၂၁၃)။


မနာလိုမှုတွေကြောင့် ကွဲပြဲသွားကြတယ်လို့လည်း သတိပေးပါတယ်။ ဒါကြောင့်လည်းတမန်တော်မြတ်က
ကမ္ဘာ့တစ်နေရာက မွတ်စလင်မ်တစ်ဦး ဝေဒနာဖြစ်ရင် ကျန်ကမ္ဘာတစ်နေရာ က မွတ်စလင်မ်တစ်ဦးလည်း ခံစားရမယ်လို့ ဖေါ်ညွှန်းသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ့်ဘ၀တည်ဆောက်မှုလမ်းစဉ်မှာ--·


လူမျိုးစွဲ၊ ဒေသစွဲတွေနေရာမှာ သတ်က၀ါလို့ခေါ်တဲ့ “အလ္လာဟ်သိစိတ်နဲ့ တာဝန်ကျေခြင်း”
(၀ါ)မှန်သော အယူ၊ မှန်သော အကျင့်နဲ့သာ မြင့်မြတ်မှုကို တိုင်းတာနိုင်တယ်ဆိုတာနဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အာန် ၄၉း၁၃)·


ပုဂ္ဂိုလ်စွဲကိုရှေ့တန်းမတင်ဘဲ “အလ္လာဟ် တမန်တော်မြတ်နဲ့ ဂျီဟာဒ်ခေါ် အမှန်တရားအတွက် သက်စွန့်
ကြိုးပမ်းဆောင်ရွက်ခြင်း” ကိုသာ အချစ်ဆုံးဖြစ်ရမယ်ဆိုတာနဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အာန် ၉း၂၄)·


ဂိုဏ်းဂဏ၀ါဒစွဲနေရာမှာ အလ္လာဟ်ရဲ့လမ်းညွှန်ကုရ်အာန်ဟာ မှတ်ကျောက(် ဖုရ်ကာန)် န့ဲ တမန်တော် မြတ်ဟာစံနှုန်း(အုစ်ဝသွန်-ဟစနဟ်)နဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အန် ၂း၁၈၅၊ ၃၃း၂၁)

ဒါကြောင့် မွတ်စလင်မ်များအနေနဲ့ ပုဂ္ဂိုလ်စ၊ွဲ လူမျိုးစ၊ွဲ ဒေသစ၊ွဲ ကျောင်းတောဝ်ါဒစွဲစတ့ဲ နံရံတံတိုင်းများကို ဖြိုဖျက်ပြီးတစ်စုတည်းသော အွမ္မသ်ဆိုတဲ့ စကြ၀ဠာလောကခပ်သိမ်းနဲ့ယှဉ်တဲ့ လွင်ပြင်ဆီကိုလျှောက် လှမ်းကြပါစို့။

အလ်ဟာဂ်ျ ဖုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

Special thanks to Aunty Daw La' La' Myint

မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ

သင်တန်းသူ၊ သင်တန်းသား အားလုံးအပေါ်သို့ ချမ်းမြေ့သာယာမှုအပေါင်း အလ္လာဟ်အရှင်မြတ် ထံတော်မှ သက်ရောက်ပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်.

ဒီကနေ့ ဆရာပို့ချမယ့်အကြောင်းအရာတို့ဟာ ဒီကနေ့ မြန်မာနိုင်ငံမှာရှိနေကြတဲ့ တိုင်းရင်းသား နိုင်ငံ သား အစ္စလာမ်သာသနာဝင် လူ့အစုအဝေးကြီးရဲ့ သမိုင်းဖြစ်စဉ်တွေပါ။

ဆရာတို့အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ရဲ့ရည်ညွှန်းချက်ဖြစ်တဲ့ ‘မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသား ပီသရေး’ဆိုတာကို အဓိကထားတာဖြစ်ပါတယ်။

“အတိတ်ကဖြစ်ရပ်များကို ပြေလည်အောင်ပြောကြသူတို့ စဉ်းစားသုံးသပ်နိုင်ခြင်းငှာ”ဆိုတဲ့ ကျမ်းတော်မြတ် ကုရ်အာန်ရဲ့ မုက္ခပါဌ်တော်(၇း၁၇၆)ကို ဆရာသင်တန်းပို့ချရာမှာ အခြေခံတာ လဲ ဖြစ်ပါတယ်။

ဆရာတို့မြန်မာနိုင်ငံမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကိုးကွယ်တဲ့ လူ့အစုအဝေးကြီး တစ်ရပ် ရှိနေပါတယ်။ လူဦးရေလည်းမနည်းလှဘူး။ (၆)သန်းကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီလူ့အစု အဝေးကြီး ဘယ်လိုဖြစ်ပေါ်လာတာလဲ။ တစ်ချိန်တည်းတစ်ပြိုင်တည်း နိုင်ငံတစ်နိုင်ငံတည်းက ၀င်ရောက်လာပြီး နေထိုင်ကြတာတော့မဟုတ်ပါဘူး။

“အတိတ်ကဖြစ်ရပ်တွေကိုကြည့်ကြ။ ဘာကြောင့် မကြည့်ကြသနည်း။” ကုရ်အာန် (၄၀း၁၀)

ကုရ်အာန်ရဲ့ မုက္ခပါဌ်တော်အရ ဆရာလော့သိသမျှအတိတ်ဖြစ်ရပ်တွေကို ရှာကြည့်ခဲ့တယ်။ မောင်တို့ မယ်တို့ကိုတင်ပြမယ်။

ရှေးလူ့အဖွဲ့အစည်းတွေ မိမိတို့ဘ၀ရပ်တည်နိုင်ရေးအတွက် ရေကြည်ရာမြက်နုရာရှာဖွေ ပြောင်းရွေှ့ နေ ထိုင်ခဲ့ကြရတယ်ဆိုတာ လူ့အဖွဲ့အစည်းတိုင်းမှာရှိတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း(၁၃၀၀)ကျော်က အာရဗ်ကုန်သည်များ အနောက်ဘက်ဒမတ်စကတ်ကျွန်းမှ တရုတ် ပြည်အထိ သင်္ဘောများနဲ့ဖြတ်သန်းသွားလာကြတဲ့အခါ မုတ္တမ၊ ပုသိမ်ဆိပ်ကမ်းတို့မှာ ၀င်ရောက်ရပ်နား ခဲ့ကြတယ်ဆိုတဲ့ သမိုင်းရှိတယ်။ (မှတ်စု - ၁ ကို ကြည့်ပါ။)

၁၃-ရာစုနှစ်များအတွင်း အာရဗ်ကုန်သည် သင်္ဘောတစ်စင်း ရခိုင်ပြည် ရမ်းဗြဲကျွန်းအနီးမှာပျက်ခဲ့လို့ သင်္ဘောပေါ်ပါတဲ့အာရဗ်တွေရမ်းဗြဲကျွန်းမှာအတည်တကျနေထိုင်ခဲ့ကြတယ်။         
(မှတ်စု - ၂ ကို ကြည့်ပါ။)

ဆရာတို့မြန်မာနိုင်ငံဟာ သယံဇာတပေါကြွယ်တဲ့နိုင်ငံဖြစ်လို့ အိမ်နီးချင်းဖြစ်တဲ့ မဂိုတွေ၊ ပါရှင်းတွေနဲ့ တစ်ခြား အိန္ဒိယလူမျိုးနွယ်စုတွေဝင်ခဲ့ကြတယ်။ မြန်မာနိုင်ငံအတွင်းဝင်ရောက်ခဲ့ကြတဲ့ အိန္ဒိယအနွယ် ၀င်တွေထဲမှာ အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူတွေ အများအပြားပါခဲ့ကြတယ်။ သူတို့ရဲ့ဘ၀ ရပ်တည်ရေးအတွက် စီးပွားရှာကြရာမှာ လယ်ယာလုပ်တယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ နယ်ချဲ့ လက်ဝေခံအမှုထမ်းတွေ္ဂရှိနေကြပြီဆိုတဲ့ သမိုင်းတွေရှိတယ်။ (မှတ်စု - ၃ ကို ကြည့်ပါ။)

အဲဒီအစုတွေဟာ မြန်မာနိုင်ငံတောင်ပိုင်းက ၀င်လာကြသူတွေပါ။ ပုဂံခေတ်ရဲ့ နောက်ဆုံးဘုရင်ဖြစတဲ့ နရသီဟပတေ့(တရုတ်ပြေးမင်း)လက်ထက်မှာ တရုတ်တို့နဲ့စစ်ဖြစ်ကြတော့ မြန်မာနိုင်ငံမြောက်ပိုင်းက တာရ်တာရ်လို့ခေါ်တဲ့ တူရကီနွယ်ဝင်တွေ ၀င်လာကြပြီး အခု ဗန်းမော်(ယခင်ကောင်းစင်)ကို သိမ်းပြီး အခြေတကျနေထိုင်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းရှိပါတယ်။ (မှတ်စု - ၄ ကို ကြည့်ပါ။)

ပုဂံခေတ်လွန်ပြီး တောင်ငူဘုရင် တပင်ရွှေထီးလက်ထက်မှာ မင်းခေါင်နော်ရထာနှင့်အတူ တိုင်းပြည် အရေးကိစ္စ ဆောင်ရွက်တယ်ဆိုတဲ့သမိုင်းတစ်ရပ်ကိုပါ တွေ့ရတယ်။ (မှတ်စု - ၅ ကိုကြည့်ပါ။)

အတည်တကျ လုပ်မြေနေမြေပေးခြင်း

တောင်ငူခေတ်လွန်ပြီး ညောင်ရမ်းခေတ်ရောက်လာတော့ နိုင်ငံအတွင်းရှိနေကြတဲ့အစ္စလာမ် သာသနာ ၀င်တို့ကို အနောက်ဘက်လွန်မင်းက လုပ်ကိုင်စားရေးအတွက်နဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ကြဖို့ ပထမအကြိမ်နေရာချထားပေးခဲ့တယ်။ (မှတ်စု - ၆ ကိုကြည့်ပါ။)

ညောင်ရမ်းခေတ်အတွင်းမှာပဲ အနောက်ဘက်လွန်မင်းကွယ်လွန်ပြီး ဒုတိယမြောက်ဘုရင်ဖြစ်လာတဲ့ သာလွန်မင်းလက်ထက်မှာ အစ္စလာမ်သာသနာဝင်အစုကို လုပ်မြေ၊ နေမြေပေးပြီး ဒုတိယအကြိမ် နေရာချထားပေးပြန်တယ်။ (မှတ်စု - ၇ ကိုကြည့်ပါ။)

ညောင်ရမ်းခေတ်လွန် အင်းဝခေတ်အစ စနေမင်းလက်ထက်မှာ အစ္စလာမ်သာသနာဝင်အစုတို့ကို မြို့ (၁၂)မြို့ခွဲပြီး အတည်တကျ နေရာချပေး နေစေခဲ့တယ်။ (မှတ်စု - ၈ ကိုကြည့်ပါ။)

ညောင်ရမ်းခေတ်လွန်ပြီး ကုန်းဘောင်အစ အလောင်းဘုရားဦးအောင်ဇေယျမင်းဖြစ်တဲ့အခါ သူ့တပ်မ တော်မှာ မင်းမှုထမ်းများအဖြစ် ပါဝင်စေခဲ့တယ်။ (မှတ်စု - ၉ ကိုကြည့်ပါ။)

ကုန်းဘောင်ခေတ်အတွင်း အလောင်းဘုရားဦးအောင်ဇေယျ ကသည်းပြည်ကို ချီတက်တိုက်ခိုက်ရာ ဖမ်းဆီးရမိပြီး သစ္စာတော်ခံကြတဲ့အထဲမှာ အစ္စလာမ်သာသနာဝင် ကသည်းမွတ်စလင်မ်တွေပါခဲ့ပြီး အတည်တကျနေထိုင်စေခဲ့တယ်။ (မှတ်စု - ၁၀ ကိုကြည့်ပါ။)

ကုန်းဘောင်ခေတ်အတွင်း ဘိုးတော်ဦးဝိုင်းခေတ်မှာ စာပေပညာရှင်ကြီး မုဟမ္မဒ်ကာစင်မ်လို့ခေါ်တဲ့ ဆရာကြီးဦးနု ပေါ်ခဲ့တယ်။ သံတော်ဦးတင်လွှာကျမ်းရေးပြီး ဘုရင်ကိုပင် သာသနာပြုခဲ့တယ်။ ‘သံတော်ဦးတင်လွှာကျမ်း’ ဆရာတို့ကောင်စီဌာနချုပ် မှာရှိတယ်။ ၀ယ်ပါ။ လေ့လာကြပါ။

ဆရာကြီးဦးနုနဲ့တစ်ခေတ်တည်း တစ်ချိန်တည်းပေါ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကရော သူတော်စင် ‘အာဗိရှားဟ် ဟိုစိုင်နီ’ သခင်ကြီးပါ။ ဘုရင်ဘိုးတော်ဦးဝိုင်းက အစ္စလာမ်သာသနာကိုအသိအမှတ်ပြုကြောင်း အမိန့် တော်ပြန်တမ်းထုတ်ခဲ့တယ်။ မြန်မာပြည်၊ ရခိုင်ပြည်၊ လေးမြို့ကျေးရွာတို့မှာရှိကြတဲ့ အစ္စလာမ် သာသနာအရေးနဲ့ သက်ဆိုင်တဲ့ကိစ္စအ၀၀ကို အာဗိရှားဟ် ဟိုစိုင်နီသခင်ကြီးနဲ့အဖွဲကက ဆုံးဖြတ်တာ ကို နာခံရမယ်ဆိုတဲ့အမိန့်တော်ပြန်တမ်းထုတ်ခဲ့တယ်။ (အမှတ် - ၁၁ ကိုကြည့်ပါ။)

ဘိုးတော်ဦးဝိုင်းလွန်တဲ့အခါ ဘုရင်ဖြစ်လာသူက စစ်ကိုင်းမင်းလို့လဲခေါ်တဲ့ နောင်တော်ကြီးမင်းခေတ် ပါ။ အဲဒီခေတ်အတွင်းမှာ အင်္ဂလိပ်နယ်ချဲ့သမားတို့နဲ့တိုက်ရတဲ့ ရမူး - ပန်းဝါစစ်ပွဲမှာ စစ်သူကြီးအဖြစ် တာဝန်ယူရတဲ့ မဟာဗန္ဓုလနဲ့အတူ ‘ခန်ဆပ်ဗိုလ်’ ဦးဆောင်တဲ့ မြင်းတပ်ပါဝင်ခဲ့ရတယ်။ (မှတ်စု - ၁၂ ကို ကြည့်ပါ။)

ဘိုးတော်ဦးဝိုင်းမင်းပြုအုပ်ချုပ်တဲ့ကာလမှာပဲ အမြောက်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းတပ်တို့ပေါ်ခဲ့ပါ တယ်။
ဒါတွေဟာ ဆရာတို့နှစ်ဘ၀သခင်ကျေးဇူးတော်ရှင်ကြီး ၀ဖာသ်ဖြစ်ပြီ နှစ်(၁၀၀)အတွင်း အစ္စလာမ် သာသနာ အနောက်ဘက်ကနေပြီး အရှေ့ဘက်ကမ္ဘာထိ နေလို လလိုဖြာထွက်လာတဲ့အထဲမှာ ဆရာ တို့နိုင်ငံလဲပါတယ်လို့ ဆိုနိုင်ပါတယ်။

“အရင်ကရှိခဲ့သူတို့ကို အလ္လာဟ်အရှင်မြတ်နေရာပေးခဲ့သည်။ ထို့နောက်အုပ်စုတစ်စုကို ဖန်ဆင်း ခဲ့သည်။” (ကုရ်အာန် - ၆း၆)

ဒီမုက္ခပါဌ်တော်အရ အလ္လာဟ်အရှင်သည် နေရာလည်းပေးခဲ့ပြီး လူ့အစုအဝေးတစ်ရပ်လည်း ဖန်ဆင်းခဲ့ပြီး ဆရာတို့ရဲ့ ဘိုးဘေးတို့ဟာ အတည်တကျနေထိုင်ခဲ့ပြီး လူ့အစုအဝေးတစ်ရပ်လည်း ဖြစ်ခဲ့ကြပြီ။

အဲဒီနောက်မှာတော့ မင်းတုန်းမင်းတရားကြီးဘုရင်ဖြစ်လာတယ်။ မင်းတုန်းမင်းတရားကြီးနဲ့ ကနောင် မင်းသားတို့ နောင်တော် ပုဂံမင်းကို ပုန်ကန်ကြဖို့ ရွှေဘိုကိုထွက်သွားကြတဲ့အခါ ဦးရွက်နဲ့ ဦးဘိုးဆိုသူ အစ္စလာမ်သာသနာဝင်များ လိုက်ပါသွားကြတယ်။ အရေးတော်ပုံအောင်နိုင်လို့ နေပြည်တော်ပြန် ရောက်ပြီး ဘုရင်ဖြစ်လာတဲ့အခါ ဦးရွက်ဆိုသူဟာ ဘုရင့်စားတော်များကို စစ်ဆေးရတဲ့ စားတော် ခေါင်းဆောင်ဖြစ်လာတယ်။ ဦးဘိုးကတော့ ဂျွန်းဗလီဆောက်လုပ်လှူဒါန်းတဲ့ ဗလီဒကာကြီးဖြစ်လာ တယ်။ အနာခံများအဖြစ်ပါခဲ့ကြတာပါ။

မင်းတုန်းမင်းတရားကြီးဘုရင်ဖြစ်ပြီး (၁၃) နှစ်ကြာမှာ မန္တလေးမြို့သစ်ကိုတည်တယ်။ မြို့သစ်တည်ပြီး ကနောင်မင်းသားကြီးဟာ နိုင်ငံကိုစက်မှုနိုင်ငံထူထောင်ဖို့စီစဉ်တယ်။ အဲဒီအစီအစဉ်မှာ နိုင်ငံခြားသွား ပြီး အတတ်ပညာသင်ဖို့ရွေးချယ်စေလွှတ်တဲ့အထဲမှာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တို့ပါခဲ့ကြ တယ်။ နိုင်ငံခြားကပြန်လာတော့ ယမ်းချက်ပညာ တတ်လာသူကို ယမ်းချက်ဝန်အဖြစ်ခန့်ခဲ့တယ်။ (မှတ်စု - ၁၃ ကို ကြည့်ပါ။)

မြို့တည်ပြီးတဲ့အခါ ရပ်ကွက်ကြီးပေါင်း (၁၇)ရပ်ကွက်ကို တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တွေ အတွက် သီးသီး သန့်သန့်သတ်မှတ်နေရာချထားပေးခဲ့တယ်။ (မှတ်စု - ၁၄ ကို ကြည့်ပါ။)

တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ မပြုမနေရတာဝန်ဖြစ်တဲ့ ဆွလာသ်ဝတ်ပြုနိုင်ကြရန် ဗလီ နေရာ (၂၀)သတ်မှတ်ပေးခဲ့တယ်။

ဘုရင့်ကိုယ်ရံတော်တပ်ကိုတော့ နန်းမြို့ရိုးအတွင်းမှာ နေရတဲ့အတွက် သူတို့ ဆွလာသ်ဝတ်ပြုနိုင်ဖို့ နန်းမြို့ရိုးအတွင်း အရှေ့တောင်ထောင့်မှာ ဗလီတစ်လုံး ဆောက်စေခဲ့တယ်။ အဲဒီဗလီဆောက်ဖို့ ပန္နက်ရိုက်တဲ့အခါ မင်းတရားကြီးကိုယ်တိုင် ရွှေပန္နက်ရိုက်ပေးခဲ့လို့ ‘ရွှေပန္နက်ဗလီ’ဆိုပြီး အမည်တွင် ခဲ့တယ်။

အင်္ဂလိပ်တို့မြန်မာနိုင်ငံကို အပြီးသိမ်းပြီးတော့ ရွှေပန္နက်ဗလီနေရာမှာ ပိုလိုကစားကွင်းလုပ်တော့ ပျက်ခဲ့တယ်။ အခု လွတ်လပ်ရေးကျောက်တိုင်စိုက်ထားတဲ့နေရာနဲ့ အနီးမှာပါ။

မင်းတုန်းမင်းတရားကြီးဟာ သူ့တိုင်းသူပြည်သားတို့ အစ္စလာမ်မဏ္ဍိုင်ကြီး(၅)ရပ်မှာ တစ်ရပ်ပါဝင်တဲ့ ဟဂ်ျပြုလုပ်ဖို့သွားကြတဲ့အခါ မျက်နှာမငယ်ရလေအောင် မက္ကာဟ်မြို့မှာ ဒေါင်းတံဆိပ်ခပ်နှိပ်ပြီး ဇရပ်တော်ကြီးဆောက်ပေးခဲ့တယ်။

မင်းတုန်းမင်းတရားကြီးလွန်ပြီး သားတော်သီပေါမင်းဘုရင်ဖြစ်လာတဲ့အခါ အမြောက်တပ်ကြီး (၄)တပ် နဲ့ ကင်းတားကုလားပျိုသေနတ်ကိုင်တပ်၊ ၀လီခန်ခေါင်းဆောင်တဲ့မြင်းတပ်တို့ အင်အားရှိနေကြပြီ။

သီပေါဘုရင်လက်ထက် မြန်မာနိုင်ငံမြောက်ပိုင်းက တရုတ်တပ်တွေကျူးကျော်ဝင်ရောက်လာလို့ ခုခံ တိုက်ခိုက်ကြဖို့ သဘောင်္ာ(၄)စင်းနဲ့ စစ်သည်တော်တွေ သွားကြရတယ်။ အဲဒီသင်္ဘော(၄)စင်းကို စကြာသံသုလုယာဉ်ဆိုတဲ့သင်္ဘောက ဦးဆောင်ရတယ်။ အဲဒီသင်္ဘောပါစစ်သားတို့ကို ဦးဆောင်ရသူ ဦးဘိုးကာ(မေမြို့)က မကွယ်လွန်မီ ကိုယ်တိုင်ပြောပြခဲ့မှုအရသိရပါတယ်။ အဲဒီတိုက်ပွဲမှာ ဦးဘိုးကာ ဟာ တပ်မှူးအဖြစ်ဆောင်ရွက်ခဲ့ရတယ်။ ဦးဘိုးကာဆိုသူဟာ အစ္စလာမ်သာသနာ ရေးရာကောင်စီဌာန ချုပ်ဗဟိုအမှုဆောင်၊ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်ဖြစ်ခဲ့သူ ဟာဂျီဦးသန်းညွန့်၏ဖခင် ယခုပြင်ဦး လွင်မြို့နယ် အစ္စလာမ်သာသနာရေးရာကောင်စီခွဲ ဥက္ကဌဦးခင်မောင်သန်းညွန့်၊ အကောက်ခွန်ဦးစီး ဌာနအရာရှိ(ငြိမ်း)၏ အဘိုးဖြစ်ပါတယ်။

အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄)၊ ဒုတိယစစ် (၁၈၅၃-၅၄)၊ တတိယစစ် (၁၈၈၅)ခုနှစ်တို့မှာ စစ်ပွဲ သုံးပွဲဆင်ကြပြီး မြန်မာနိုင်ငံကို အပြီးအပိုင်သိမ်းကြဖို့ ချီတက်လာတဲ့ နယ်ချဲ့တို့ကို ခုခံတိုက်ကြဖို့
သီပေါဘုရင်ကစစ်ကြေညာလို့ စစ်ကြောင်းချီရတဲ့တောင်ငူစစ်ကြောင်းကို ဦးခြုံဆိုသူကတာဝန်ယူခဲ့ရ တယ်။ ဦးခြုံဟာ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်တစ်ဦးပါ။ (မှတ်စု - ၁၅ ကိုကြည့်ပါ။)

(၁၈၈၅)ခု နိုဝင်ဘာလ(၂၉)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူပြီး (၁၈၈၆) ခု ဇန်န၀ါရီလ (၁) ရက်နေ့ မှာ မြန်မာတစ်နိုင်ငံလုံး ၀ိတိုရိယဘုရင်မကြီးပိုင်အဖြစ် ကြေညာခဲ့တယ်။ ဒါပေမယ့် (၁၀) နှစ်တိုင် ဗိုလ်မင်းရောင် (အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏အဘိုး) တို့နဲ့ တိုင်းပြည်အနှံ့
လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့အထဲ ဗိုလ်ရာကွတ်ဆိုသူ တိုင်းရင်းသား အစ္စလာမ်သာသနာ ၀င်ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့တယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးသိမ်းပြီးတဲ့နောက် အင်္ဂလိပ်နယ်ချဲ့တို့ဟာ အိန္ဒိယနိုင်ငံသားတွေကို အတော မသတ်ဝင်ရောက်စေခဲ့တာကြောင့် မြန်မာနိုင်ငံ တိုင်းရင်းသားစစ်စစ်တွေ အစုထဲမှာ ပိုမိုရှုပ်ထွေးမှုတွေ ပေါ်ခဲ့ရတယ်။

ဘယ်မှာပဲနေနေ တိုင်းပြည်နဲ့လူမျိုးအပေါ်သစ္စာရှိခြင်းဟာ အီမာန်ယုံကြည်မှုရဲ့ အစိတ်အပိုင်းဖြစ်တယ် လို့ဆိုတဲ့ အဆိုတစ်ရပ်ရှိပါတယ်။

“အသင်တို့အနက် လူသားမြောက်အရွယ်သို့လည်းကောင်း၊ ဇရာအိုအရွယ် မရောက်မီ ရှေးမဆွကပင် လည်းကောင်း သေဆုံးသူများလည်းရှိကြသည်။” (ကုရ်အာန် - ၃၀း၆၇)

ဇရာအိုအရွယ်မရောက်ခင် ရှေးမဆွက သေဆုံးခဲ့ကြသူတို့မှာတော့ ဘာတာဝန်မှမရှိဘူးလို့ဆိုနိုင်တယ်။ ဆရာတို့လို ဇရာအိုအရွယ်တိုင်နေကြရသူတို့မှာ ဒီသမိုင်းတွေ သိထားဖို့လိုတယ်။ သိထားကြအောင်လဲ ဆင့်ကမ်းရမယ်။ ဆရာတို့မရှိပြီးတဲ့နောက် မောင်တို့မယ်တို့ ဒီသမိုင်းကြောင်းတွေကို ဆက်လက် သယ်ဆောင်ကြရလိမ့်မယ်။

အင်္ဂလိပ်နယ်ချဲ့တို့ အုပ်ချုပ်တဲ့ခေတ်

မြန်မာနိုင်ငံကို အပြီးအပိုင်သိမ်းပိုက်ပြီး (၁၀)နှစ်တိုင် နယ်ချဲ့ခေတ်ဦးတော်လှန်ရေးသမားကြီး တို့ရဲ့ ပုန်ကန်တိုက်ခိုက်ခဲ့ကြတာကြောင့် တိုင်းပြည်အေးချမ်းအောင်မလုပ်နိုင်ခဲ့ကြပါဘူး။ ခေတ်ဦး တော်လှန်မှုကြီးကိုနှိမ်ဖို့ အိန္ဒိယပြည်က ဒီဝီဇံတပ်ကြီး(၃)တပ် ခေါ်ယူနှိမ်နင်းခဲ့ကြလို့ (၁၀)နှစ်ကျော်မှာ အနယ်ထိုင်စပြုခဲ့တာပါ။

အဲဒီနောက်မှာ အင်္ဂလိပ်ကျွန်ပီသတဲ့အိန္ဒိယတရားသူကြီးချုပ်ကစပြီး အောက်ခြေအထိ အလုပ် သမားတွေကိုခေါ်ပြီး မြန်မာနိုင်ငံကိုချယ်လှယ်စေခဲ့တယ်။ အိန္ဒိသားတွေ အတောမသတ်ဝင်လာကြပြီး အလုပ်ဟူသမျှဝင်လုပ်ကြလို့ မြန်မာတို့ပိုင်တဲ့ဘိုးဘွားအမွေမြေယာတွေ ချစ်တီးတွေလက် အပိုင်စား ဖြစ်ခဲ့ ရတာတွေရှိခဲ့တယ်။

လူသုံးကုန်ပစ္စည်းဟူသမျှ အိန္ဒိယသားတွေလက်ဝါးကြီးအုပ်ပြီး အလုပ်သမားတွေလည်း သူတို့လက် ပါးစေတွေဖြစ်ကုန်ကြလို့ မြန်မာနိုင်ငံသားတွေမခံမရပ်နိုင်ဖြစ်ကြ၊ ငွေကုန်လူပန်းဖြစ်ကြရတယ်။ အဲဒီဖြစ်ရပ်ကို အထောက်အကူပြုမယ့် ၀ိုင်အမ်ဘီဘေ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို
(၁၉၀၆) ခုမှာဖွဲ့စည်းခဲ့ကြတယ်။ (၁၉၀၉)ခုမှာ ဘားမားမွတ်စလင်မ် ဆိုဆိုက်ယီတီဆိုတဲ့ အဖွဲ့ ပေါ်လာတယ်။ အဖွဲ့နှစ်ခု ရည်ရွယ်ချက်တော့ ထပ်တူမဖြစ်ပေမယ့် တူညီတာတွေရှိကြတယ်။

အိန္ဒိယသားတို့ရဲ့ သြဇာလွှမ်းမိုးနိုင်ရေးအတွက် (၁၉၁၅)ခုနှစ်မှာ မွတ်စလင်မ်ပညာရေး အဖွဲ့ချုပ် ဆိုတာ ပေါ်ခဲ့ပြီး မြန်မာစာမသင်ရ၊ အူရဒူစာပေအဓိကထားသင်ရမယ်ဆိုတဲ့စနစ်ကိုမူချပြီး တစ်နိုင်ငံလုံး မြို့တွေ မှာ သူတို့ထောက်ပံ့တဲ့ ကျောင်းတွေဖွင့်ပြီး ဆရာတို့ မူလမျိုးချစ်စိတ်တွေပျောက်အောင် လုပ်ခဲ့ကြ တယ်။

တိုင်းပြည်အုပ်ချုပ်တဲ့နယ်ချဲ့အစိုးရကလည်း တက္ကသိုလ်ပညာသင်ရေးမှာ ငွေကြေးတတ်နိုင်သူတို့ရဲ့ သား သမီးများ၊ သူ့ကျွန်လုပ်မယ့် လူတို့ကိုသာ တက္ကသိုလ်ပညာသင်နိုင်မယ့်ပြဋ္ဌာန်းချက်တစ်ရပ်ကို ဘုရင်ခံက အတည်ပြုကြေညာလို့ တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်တိုက်ပွဲဝင်ရန် (၁၁) ဦး ပါဝင်တဲ့ အစု တစ်စုပေါ်လာတယ်။ အဲဒီ(၁၁)ဦးထဲမှာ ဦးဘရှင်(သံတွဲ)ဟာ တိုင်းရင်းသားအစ္စလာမ် သာသနာဝင်ပါ။ တိုက်ပွဲမှာ နောက်မဆုတ်တမ်းတိုက်ခိုက်ကြဖို့ သစ္စာဆိုကြတယ်။ (မှတ်စု - ၁၇ ကိုကြည့်ပါ။)

ရန်ကုန်တက္ကသိုလ်များတိုက်ပွဲကြောင့် အမျိုးသားကျောင်းတွေ မြန်မာနိုင်ငံမြို့ကြီးတွေမှာ ဖွင့်ခဲ့ကြ တော့ မန္တလေးမြို့မှာ အမျိုးသားကျောင်းပေါ်လာတယ်။ ဆရာကြီးဦးရာဇတ်က ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ တယ်။

(၁၉၃၀) ခုမှာ ဆိပ်ကမ်းအလုပ်သမားတေလဂူတွေနဲ့ မြန်မာအလုပ်သမား စိတ်ဝမ်းကွဲမှုဖြစ်ကြရတဲ့ ပထမ ကြိမ် ကုလား - ဗမာ အဓိကရုဏ်းဖြစ်ခဲ့တော့ နိုင်ငံခြားသားချင်းတူတဲ့ အိန္ဒိယသားမွတ်စလင်မ် အချို့ က တေလဂူတွေဘက်ကပါခဲ့ကြလို့ ဆရာတို့ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်တို့နှင့် မြန်မာ လူမျိုးတို့ကြား စိတ်ဝမ်းကွဲမှုဖြစ်လာကြတယ်။ အဲဒီပြဿနာဟာ ဒီနေ့အထိရှင်းလို့မပြီးနိုင်သေးပါဘူး။

အဲဒီလိုအချိန်အတွင်းမှာ ဂျီစီဘီအေဗုဒ္ဓဘာသာအသင်းချုပ်ကြီးနဲ့ ဂျီစီဘီအမ်အေဆိုတဲ့ ဗမာမွတ်စလင်မ် အသင်းချုပ်ကြီး ဆိုတာလည်းပေါ်နေပြီး လုပ်ငန်းတူပူးပေါင်းဆောင်ရွက်ကြတာလဲရှိကြတယ်။

(၁၉၃၀) ခုနှစ်မှာတော့ ဆရာစံခေါင်းဆောင်တဲ့ လယ်သမားအရေးတော်ပုံကြီးပေါ်လာတယ်။ အင်္ဂလိပ် နယ်ချဲ့ကို လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ လယ်သမားသူပုန်ကြီးပါ။ အဲဒီဆရာစံလယ်သမားသူပုန်ကြီးမှာ ‘က’ တပ်သားကြီးအဖြစ်နဲ့ ဦးဒူဒူးဆိုတဲ့ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်ကြီးပါခဲ့ပြီး ဆရာစံ သူပုန်ကြီး တည် ရာနဲ့ ၄-၅ မိုင်ကွာတဲ့ မွတ်စလင်မ်ရွာကြီးကလယ်သမားတို့ သူပုန်အဖွဲ့မှာပါခဲ့ကြ တယ်။ (မှတ်စု - ၁၈ ကို ကြည့်ပါ။)

(၁၉၃၀)ခု ဆရာစံလယ်သမားသူပုန်ကြီး ပြီးပြီးချင်းဆိုသလို သခင်လူငယ်များခေါင်းဆောင်တဲ့ တို့ဗမာ အစည်းအရုံး ပေါ်လာတယ်။ တို့ဗမာအစည်းအရုံးကြီးက ဗမာပြည် တို့ပြည်၊ ဗမာစကား တို့စကား၊ ဗမာစာ တို့စာတို့တဲ့ ကြွေးကြော်သံ ထုတ်ပြီး တိုင်းပြည်တစ်ဝန်းလုံးနယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြ တယ်။ အဲဒီ အဖွဲ့ ၀င်တွေကို ‘သခင်ပေါက်စ ထောင်ခြောက်လ’ လို့ သတ်မှတ်ခဲ့ကြတာလဲရှိတယ်။ အဲဒီအဖွဲ့ထဲပါ ရင် ထောင်ခြောက်လကျရမယ်ဆိုတဲ့အထဲမှာ သခင်အဖွဲ့ဝင်အဖြစ် တိုင်းရင်းသား အစ္စလာမ် သာသနာဝင် လူငယ်တွေပါခဲ့ကြတယ်။

နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဝင်ကြတဲ့အထိ တိုင်းရင်းသားအစ္စလာမ်သာသနာဝင် လူထုကြီး ပါဝင် လာ ရေးအတွက် တို့ဗမာအစည်းအရုံးကြွေးကြော်သံသုံးရပ်ကိုအခြေခံပြီး မန္တလေးကိုဗဟိုပြုပြီး (၁၉၃၈) ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ မြန်မာမွတ်စလင်မ်နိုးကြားရေးအဖွဲ့ ဆိုတာဖွဲ့ခဲ့ကြတယ်။ အဲဒီအဖွဲ့ကို ပုဂ္ဂိုလ်တစ်ချို့က ကုလားသခင်အဖွဲ့လို့ခေါ်ခဲ့ကြတာလည်းရှိတယ်။ ဘယ်သူဘာပြောပြော နယ်ချဲ့ ဆန့်ကျင်ရေးအတွက် နိုးကြားရေးအဖွဲ့က ဦးတည်လုပ်ခဲ့ကြတာမို့ တစ်ပြည်လုံး အတိုင်း အတာဆောင် ခဲ့တယ်။ မြို့နယ်တစ်ခုရဲ့အဖွဲ့မှာ ဆရာလည်း ပါခဲ့ရတယ်။

နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေတိုးလာလို့ နယ်ချဲ့အင်္ဂလိပ်အစိုးရက မြန်မာပြည်အုပ်ချုပ်ရေးအဆင့် တိုးပေးဖို့ အင်္ဂလန်နိုင်ငံမှာ (၁၉၃၀)ခု နိုဝင်ဘာလ(၂၇)ရက်ကနေ (၁၉၃၁)ခု ဇန်န၀ါရီလ (၁၂)ရက်ထိ တိုင် ကျင်းပတဲ့ ‘ရောင်းတေဘဲလ် ကွန်ဖရင့်’ (စားပွဲဝိုင်းကွန်ဖရင့်) တက်ဖို့သွားကြတဲ့ အုပ်စုထဲမှာ ဦးအောင် သင်း (တိုင်းရင်းသားအစ္စလာမ်သာသနာဝင်) ပါခဲ့ရတယ်။

(၁၉၃၈)ခု (၁၃၀၀-ပြည့်အရေးတော်ပုံကြီး) လို့ သမိုင်းတွင်နေတဲ့ ရေနံမြေအလုပ်သမား သပိတ် ကြီး ပေါ်လာလို့ ရန်ကုန်သို့ချီတက်ရာမှာ ဘာသာယုံကြည်မှုမခွဲခြားပဲ ဘ၀တူအလုပ်သမားတို့နဲ့အတူ တိုက်ပွဲဝင်ကြရာမှာလဲ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်အလုပ်သမားတွေ ပါခဲ့ကြတယ်။

(၁၉၄၃-၄၅) ခုနှစ်တို့ကတော့ ဂျပန်ဖက်ဆစ်တို့အုပ်စိုးတဲ့ကာလပါ။ ဂျပန်ကိုတော်လှန်ရေးအတွက် ဘီိဒီအေအဖွဲ့ ဗမာ့ကာကွယ်ရေးတပ်မတော်ထဲမှာ တပ်သားတွေအဖြစ် တိုင်းရင်းသားအစ္စလာမ် သာသနာ ၀င်တို့လဲ ပါဝင်ထမ်းဆောင်ခဲ့ကြတယ်။ ဂျပန်ခေတ် ဗိုလ်သင်တန်းတက်ခဲ့ရသူတို့လဲရှိခဲ့ကြတယ်။

ဂျပန်ခေတ်အတွင်းဖွဲ့စည်းတဲ့ ဗလငါးတန်အခြေခံမယ်ဆိုတဲ့ အာရှလူငယ်အဖွဲ့ပေါ်ခဲ့တော့ တစ်ပြည် လုံးအတိုင်းအတာနဲ့ အမျိုးသား၊ အမျိုးသမီးတို့ ပါခဲ့ကြတယ်။ အာရှလူငယ်အစည်းအရုံးက လျှို့ဝှက် အစီအစဉ်နဲ့ ဂျပန်တော်လှန်ရေးလုပ်ကြဖို့စီစဉ်တော့ ဆရာလည်းပါခဲ့ရတယ်။ တိုင်းပြည်တစ်ရပ်လုံး အမျိုးသား အမျိုးသမီးထောင်ဂဏန်းမကပါခဲ့ကြပြီး ဂျပန်တော်လှန်ရေးလုပ်ကြတယ်။ တစ်ချို့ ဂျပန် အဖမ်းခံရပြီး အသက်ပေးသွားကြရသူတို့လဲရှိခဲ့ကြတယ်။

(၁၉၄၅) ခုနှစ်အစောပိုင်းမှာပဲ ဂျပန်တို့လက်နက်ချလိုက်ကြတယ်။ မဟာမိတ်တပ်ပေါင်းစုက လဲ မြန်မာနိုင်ငံကိုပြန်လည်သိမ်းပိုက်လိုက်ကြပြီး (၁၉၃၉)ခုနှစ်က ကျင့်သုံးခဲ့တဲ့ ဒိုမီနီယံအုပ်ချုပ်ရေးစနစ်နဲ့ (၃)နှစ်အုပ်ချုပ်မယ်၊ (၃)နှစ်ကြာတဲ့အခါ (၉၁)ဌာနအုပ်ချုပ်ရေးစနစ်ပြန်ပေးမယ်ဆိုတဲ့ စက္ကူဖြူ စာတမ်း ဆိုတာကိုင်လာတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့တပ်ပေါင်းစုကလက်မခံဘူး။ လုံးဝ လွတ်လပ်ရေးပေး ရမယ်ဆိုတဲ့ကြွေးကြော်သံနှင့် တပ်ပေါင်းစုကြီးကို ကျယ်ပြန့်လာအောင်စည်းရုံးတယ်။ အလုပ်သမား လယ်သမားတို့နဲ့ လူမျိုးစုတို့တပ်ပေါင်းစုမှာ ပါလာအောင်ကြိုးပမ်းတယ်။ ဗမာ မွတ်စလင်မ်ဆိုတဲ့ အစုအဝေးကလည်း အဖွဲ့ဖွဲ့ပြီး တပ်ပေါင်းစုမှာပါကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက တိုက် တွန်းခဲ့တယ်။

အဲဒီတော့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကရှိခဲ့တဲ့ ဂျီစီဘီအမ်အေ ဗမာမွတ်စလင်မ်ပညာရေးအဖွဲ့ချုပ် နဲ့ နိုးကြားရေးအဖွဲ့ခေါင်းဆောင်များစုပေါင်းပြီး ညီလာခံကြီးတစ်ရပ်ကျင်းပခဲ့ကြတယ်။ အဲဒီလို ပြည်လုံး ဆိုင်ရာညီလာခံကြီးဖြစ်အောင် ကြိုးပမ်းကြသူတို့ကတော့ ဃာဇီမုဟမ္မဒ်ဟာရှင်(ကွယ်လွန်)၊ ဟာဂျီ ဦးအောင်စိန်-ရန်ကုန်(ကွယ်လွန်)နဲ့ ဆရာကြီးဦးသန်းဖေ-ပျဉ်းမနား (ကွယ်လွန်)တို့ပါ။ အဲဒီပုဂ္ဂိုလ်ကြီး သုံးဦးရဲ့ကြိုးပမ်းချက်နဲ့ ပျဉ်းမနားမှာဆုံကြတဲ့ ခေါင်းဆောင်တွေက အရင်ရှိခဲ့တဲ့ အဖွဲ့တွေပြန်မဖွဲ့ ကြတော့ပဲ ‘ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)’ကို (၁၉၄၅)ခု ဒီဇင်ဘာ လ နောက်ဆုံးအပတ်မှာဖွဲ့ခဲ့ကြတယ်။ ညီလာခံဆုံးဖြတ်ချက်အရ ဖတပလတပ်ပေါင်းစုနဲ့လည်း ဆက် သွယ်ကြတယ်။ ဖတပလတပ်ပေါင်းစုက လူမျိုးစုအဖွဲ့အဖြစ်နဲ့လက်ခံခဲ့တယ်။ (၁၉၄၆) ခု ဇန်န၀ါရီလ (၁၈ မှ ၂၁) ထိ ရွှေတိဂုံအလယ်ပစ္စယံမှာ ညီလာခံကြီးကျင်းပတော့ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး) အဖြစ်မှ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး) လို့ နာမည် ပြောင်းခဲ့တယ်။

ဖဆပလတပ်ပေါင်းစုမှာ ဦးစီးကိုယ်စားလှယ်များအဖြစ် ဆရာကြီးဦးရာဇတ် (ဗမကဌာနချုပ်ဥက္ကကြီး အဖြစ်တာဝန်ယူရသူ)၊ ဦးဖေခင်(သံအမတ်ကြီး-ငြိမ်း) နှင့် ကိုကြွယ်ဝ တို့ပါခဲ့ကြပြီး တိုးချဲ့ဦးစီးအဖွဲ့ဝင် များအဖြစ် ဦးညီညီ(နိုးကြားရေး)-မန္တလေး၊ ဟာဂျီဦးအောင်စိန်-ရန်ကုန်၊ မစ္စတာရာမန်း၊ ရန်ကုန် ဦးဘတင်(ခ) မစ္စတာရာရှစ်တို့ ပါဝင်ခဲ့ကြတယ်။

အလယ်ပစ္စယံညီလာခံကြီးမှာ အဆိုများအဖြစ် တင်သွင်းဆုံးဖြတ်ကြတော့ အဆိုအမှတ်(၁) လုံးဝ လွတ်လပ်ရေးအဆို ကိုသခင်မြက တင်သွင်းပြီး ထောက်ခံကြသူတို့တော့ သခင်စိုး၊ ဦးအောင်စိန် (ဗမက) နှင့် မြင်းခြံကိုယ်စားလှယ်ဦးကြည်လွင် တို့ဖြစ်ကြတယ်။

ဘိလပ်သွားကိုယ်စားလှယ်ရွေးချယ်ရေးအဆိုကို ဦးဘသီ(မန္တလေး)က တင်သွင်းပြီး ဦးညီညီ(ဗမက) မန္တလေး နှင့် ဦးကြည်လွင်(မြင်းခြံ ကိုယ်စားလှယ်)တို့က ထောက်ခံကြတယ်။ ကန့်ကွက်သူမရှိ။

တိုင်းရင်းသားလူနည်းစုများအရေးအဆိုကို ဒီးဒုတ်ဦးဘချိုက တင်သွင်းပြီး ကိုဘဆွေ(ဖျာပုံ)၊ မွန်ဘိုချို နှင့် ကိုဘသိန်း(ပြည်)တို့က ထောက်ခံကြတယ်။

ပြည်နယ်ပြည်မမခွဲခြားပဲ ပူးပေါင်းလွတ်လပ်ရေးတိုက်ပွဲဝင်ကြရန်အဆိုကို ဦးဖေခင်(ဗမက) ကတင် သွင်းခဲ့တယ်။ ကန့်ကွက်သူမရှိ။

နိုင်ငံတကာရေးရာအဆိုကို ဦးသိန်းဖေကတင်သွင်းပြီး ဆိုရှယ်လစ်တပ်ဦး အယ်ဒီတာ ဦးကိုကိုကြီးနှင့် ကိုကြွယ်ဝ (ဗမက)ကိုယ်စားလှယ်က ထောက်ခံခဲ့တယ်။

ဒီးဒုတ်ဦးဘချိုတင်သွင်းတဲ့အဆိုအမှတ် (၆) မှာ ဗမာမွတ်စလင်မ်လူထုသည် အိန္ဒိသားများနှင့်လမ်းခွဲ ကြပြီး မြန်မာများအဖြစ် ခံယူလာကြသည်ကိုကြိုဆိုကြောင်း၊ ၎င်းတို့ကိုလူနည်းစုများရသင့်ရထိုက်သည့် အခွင့်အရေးများတန်းတူပေးရန် ဖဆပလမှ တာဝန်ယူကြောင်းလို့ ပါရှိခဲ့တယ်။ (မှတ်စု - ၁၉(က၊ ခ၊ ဂ၊ ဃ) တို့ကိုကြည့်ပါ။)

(၁၉၄၆) ခုနှစ် ဒီဇင်ဘာလမှာ ဗမကအဖွဲ့ချုပ်နှစ်ပတ်လည်ညီလာခံကြီးနဲ့အတူ ဗမာမွတ်စလင်မ် လူငယ်များအစည်းအရုံး(ဗမလ)၊ ဗမာမွတ်စလင်မ်အမျိုးသမီးအဖွဲ့(ဗမအ) တို့ရဲ့ ညီလာခံကိုလည်း ရန်ကုန်မြို့ စတော့ကိတ်လမ်း (ယခု သိမ်ဖြူလမ်းနဲ့ လူအိုရုံလမ်းထောင့်) ဇိနသ်အစ္စလာမ် မိန်းကလေး ကျောင်းမှာ ကျင်းပကြတယ်။

ဗမကညီလာခံကို ဆရာကြီးဦးရာဇတ်က သဘာပတိအဖြစ်ဆောင်ရွက်တယ်။ မန္တလေးခရိုင်ကိုယ်စား လှယ် အဖြစ် ဆရာပါခဲ့တယ်။

ညီလာခံကြီးမှာထူးခြားတာက ဆရာကြီးဒီးဒုတ်ဦးဘချိုရဲ့ အဆိုအမှတ် (၆) မှာပါလာတဲ့ ‘ဗမာမွတ်စ လင်မ် ဆိုသူတို့ကို လူနည်းစုများရသင့်ရထိုက်တဲ့ အခွင့်အရေးများပေးရန် ဖဆပလ အဖွဲ့ချုပ်ကြီး က တာဝန်ယူမယ်’ဆိုတာကို အကြောင်းပြုပြီး လူနည်းစုအခွင့်အရေး ယူရမယ်/မယူသင့်ဘူးဆိုတဲ့ အစု နှစ်စုကွဲကြတယ်။ ညှိနှိုင်းမရလို့ မဲခွဲကြရတယ်။

သဘာပတိ ဆရာကြီးဦးရာဇတ်က ပထမလူနည်းစုအခွင့်အရေးယူချင်သူများကို မတ်တပ်ရပ်စေပြီး ရေ တွက် တော့ (၃၇) မဲ ဖြစ်တယ်။

ဒုတိယ လူနည်းစုအခွင့်အရေးမယူချင်သူများကို ရေတွက်တော့လည်း (၃၇) မဲ။ မဲချင်းတူနေတယ်။

လူနည်းစု အခွင့်အရေးယူသင့်တယ်ဆိုတဲ့ဘက်က ဆန္ဒမဲပေးကြတဲ့ (၃၇)ဦးထဲမှာ မောင်လာနာ ဃာဇီမုဟမ္မဒ်ဟာရှင် (နောင်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဌကြီး၊ ကွယ်လွန်) ပါခဲ့တယ်။ မယူသင့်တဲ့ဘက်က ဆရာပါခဲ့တယ်။

မဲချင်းတူနေလို့ သဘာပတိအဆုံးအဖြတ်မဲကို ဆရာကြီးဦးရာဇတ်က မယူသင့်တဲ့ဘက်ကို မဲပေး ဆုံး ဖြတ် ခဲ့တယ်။ မဲရှုံးသူတို့က ညီလာခံကို သပိတ်မှောက်ထွက်သွားကြတယ်။

(၁၉၄၇)-ခုနှစ် ဇူလိုင်လ(၁၉)ရက်မှာ ဆရာကြီးဦးရာဇတ်နဲ့သက်တော်စောင့် ရဲဘော်ကိုထွေးတို့ တိုင်းပြည် အတွက် အသက်ပေးခဲ့တယ်။

နယ်ချဲ့ခေတ် (၉၁)ဌာန အုပ်ချုပ်ရေးနဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲနဲ့ ဒုတိယ အကြိမ် ရွေးကောက်ပွဲတို့မှာ မင်းတိုင်ပင်အမတ်၊ ပြည်သူ့လွှတ်တော်အမတ်၊ လူမျိုးစုလွှတ်တော်အမတ်များ အဖြစ် ရွေးချယ်ခံကြရပြီး တိုင်းပြည်တာဝန်ထမ်းဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် တာဝန်ယူခဲ့ကြတာတွေလည်းရှိတယ်။ (မှတ်စု - ၂၀ ကို ကြည့်ပါ။)

ဗမကပထမဆုံးနှစ်ပတ်လည်ညီလာခံမှာ လူနည်းစုယူသင့်မယူသင့်မဲခွဲကြတော့ ရှုံးတဲ့ဘက်ကညီလာခံကို သပိတ်မှောက်ထွက်သွားကြလို့ ဆရာတို့လူငယ်ပိုင်းက ဗမာကိုဗမာကသိရေး ကြွေးကြော်သံနဲ့ ဗမကကို ဆက်တာဝန်ယူခဲ့ကြတယ်။ စည်းရုံးရေးကျယ်ပြန့်လာတယ်။ ကျစ်လစ်တဲ့အဖွဲ့ဖြစ်လာတယ်။ ဒါကို ဖဆပလက မလိုလားဘူး။ (၁၉၅၂) ခုမှာ ဗမကမရှိသင့်ဘူး ဖျက်ရမယ်လို့ ဖဆပလမှာပြဿနာ ပေါ်လာ တယ်။ ခေါင်းဆောင်တို့ကဖျက်လို့မရသေးဘူး။ ဗမကအဖွဲ့ဟာ ဘာသာရေးမဟုတ် နိုင်ငံရေး အဖွဲ့ဖြစ် တယ်။ ဗမာကိုဗမာကသိလာတဲ့အခါ ဗမကမလိုတော့တဲ့အချိန်ဖြစ်မယ်လို့ ဗမကပန်းတိုင် ကြေညာစာတမ်း (၁၉၅၂) -ခုနှစ်မှာ ထုတ်ခဲ့ကြတယ်။ ဒါကို ဖဆပလကမကျေနပ်လို့ တရားရုံးချုပ် တင်ခဲ့တယ်။ တရားသူကြီး ချုပ် ဒေါက်တာဦးအေးမောင်က ဒီပြဿနာကို တရားရုံးချုပ်က ဆုံးဖြတ်တာ ထက် နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်ကြပါလို့  ပြန်ကြားခဲ့တယ်လို့ သိရပါတယ်။

(၁၉၅၃)ခုနှစ်အတွင်းမှာ ဒီပြဿနာထပ်မပေါ်ခဲ့ဘူး။

(၁၉၅၄) ခုနှစ်လယ်ပိုင်းမှာ ဗမကမရှိသင့်တော့ဘူး ဆိုတာ ပြန်ပေါ်လာလို့ ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင် များနဲ့ ဗမက ဌာနချုပ်ခေါင်းဆောင်များ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြရပြန်တယ်။

ဗမကဌာနချုပ်ခေါင်းဆောင်တို့က အစ္စလာမ်သာသနာသက်ဝင်ယုံကြည်ကြတဲ့ လူ့အဖွဲ့အစည်းကြီး အတွင်း ဘာသာယုံကြည်ကိုးကွယ်မှုကိုအကြောင်းပြုပြီး ပေါ်ပေါက်နေတဲ့ပြဿနာတွေ ရှိနေတာကို တင်ပြကြလို့ သာသနာနဲ့ဆိုင်တဲ့ ကိစ္စတွေဖြေရှင်းပေးကြဖို့ အဖွဲ့တစ်ဖွဲ့ဖွဲ့ကြပါ။

ဒါကို ဗမကဌာနချုပ်ကသဘောတူခဲ့ကြလို့ (၁၉၅၄) ခု ဒီဇင်ဘာလ(၅)ရက်နေ့မှာ အစ္စလာမ်သာသနာ ရေး ရာကောင်စီ အဖွဲ့ကြီးပေါ်ခဲ့တာဖြစ်တယ်။ အစ္စလာမ်သာသနာအရေးကိစ္စတို့ကိုဖြေရှင်းကြဖို့ ရန်ပုံ ငွေ အဖြစ် နှစ်စဉ်ထောက်ပံ့ကြေးကိုလည်း ဖဆပလအစိုးရကထောက်ပံ့မယ်လို့လဲ ကတိပြုခဲ့တယ်။ ဗမက ကိုတော့ မဖျက်ရသေးဘူး။

(၁၉၅၅) ခု ဒီဇင်ဘာမှာပြုလုပ်ကြတဲ့ ညီလာခံကြီးအဖွင့်နေ့မှာ ဖဆပလအဖွဲ့ချုပ်ကိုယ်စား ၀န်ကြီး ဦးကျော်ငြိမ်း တက်ရောက်လာပြီး ‘ဒီညီလာခံက ဗမကဖျက်သိမ်းဖို့ ဆုံးဖျက်ကြပါ။ မဖျက်ကြရင် ဖဆပလနဲ့ စိတ်ဝမ်းကွဲမှုတွေပေါ်လာနိုင်တယ်’ ဆိုတဲ့စာတမ်းဖတ်ပြပြီး ညီလာခံသဘာပတိ ဦးခင်မောင်လတ် ကို ပေး အပ်သွားပြန်တယ်။

ဗမကညီလာခံကြီးမှာ ဖျက်ရေး/မဖျက်ရေး အကြိတ်အနယ်ဆွေးနွေးကြရတယ်။ တစ်ချို့ဒေသတွေမှာ ဗမာ ကို ဗမာက သိနေကြလို့ မလိုတော့သလို မသိသေးတဲ့ဒေသတွေလည်းရှိနေတာမို့ တစ်စ တစ်စ ဖျက်သိမ်း ရန် ဆုံးဖြတ်ခဲ့ကြ တယ်။

ညီလာခံကြီးပြီးနောက်နေ့ (၁၉၅၅)ခု ဒီဇင်ဘာလ(၃၀)ရက်နေ့ ဖဆပလဥက္ကဌလည်းဖြစ် နိုင်ငံတော် ၀န်ကြီးချုပ်လည်း ဖြစ်တဲ့ ဦးနုတက်ရောက်လာပြီး နာရီဝက်ခန့် မိန့်ခွန်းပေးခဲ့တယ်။

လိုရင်းကတော့ ‘ဗမကဖျက်ရင်ဖျက်ပါ မဖျက်ကြဘူးဆိုရင် နိုင်ငံတော်တရားလွှတ်တော်ချုပ်တင်ပြီး အဆုံး အဖြတ်ခံယူမယ်။ ဖျက်ကြမယ်ဆိုရင် (၁၀)လအချိန်ပေးမယ်’ လို့ ပြောပြီးပြန်သွားတယ်။

လူထုရှင်းလင်းပွဲမှာ ဗမကဥက္ကဌကြီးအဖြစ်တာဝန်ယူရတဲ့ ဦးခင်မောင်လတ် (ထိုစဉ် တရားရေးဝန်ကြီး ဌာန ၀န်ကြီး) က ကြားဖြတ်ညီလာခံခေါ် အရေးပေါ်ညီလာခံခေါ်ခေါ် ဒီည(၈)နာရီမှာ ညီလာခံပြန်လုပ် မယ် လို့ ကြေညာလိုက်တယ်။

အဲဒီနေ့ဟာ (၁၉၅၅)ခု ဒီဇင်ဘာလ (၃၀)ရက်ပါ။

ညပိုင်းညီလာခံပြန်စတော့ တစ်ခြားပြဿနာမရှိပါဘူး။ ဗမကကို (၁၉၅၆) ခု စက်တင်ဘာ(၃၀)ရက်နေ့ မှာ အပြီးအပိုင်ဖျက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်။

ဆုံးဖြတ်ချက်အရ (၁၉၅၆) ခု စက်တင်ဘာလ (၃၀)ရက်နေ့ ညနေ(၅)နာရီ နောက်ဆုံးထားပြီး ဆိုင်းဘုတ် များဖြုတ်ချ၊ ဗမကဌာနချုပ်ရုံးခန်း၊ ရုံးသုံးပစ္စည်း၊ ငွေစာရင်းအားလုံး အစ္စလာမ်သာသနာ ရေးရာကောင်စီ ဌာနချုပ်ကို လွှဲပေးခဲ့ကြတယ်။

(၁၉၅၆) ခု အောက်တိုဘာလ(၁)ရက်နေ့မှာ ဦးသန်းမြင့်(မော်လမြိုင်)က ဥက္ကဌအဖြစ်တာဝန်ယူပြီး ဆရာ က အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူကြတဲ့ ပုဂ္ဂိုလ်(၁၃)ဦးက နံနက်(၈)နာရီမှာ သတင်းစာရှင်း လင်းပွဲ လုပ်ပြီး ဗမကကို ဆက်ဖွဲ့ခဲ့ကြတယ်။ ဗမက(သစ်)လို့ နာမည်တွင်ခဲ့တယ်။ ဗမက (အသစ်) အနေနဲ့ ‘ဗမာကို ဗမာကသိရေး’ဆိုတဲ့ ကြွေးကြော်သံ ကိုလည်းပြင်လိုက်တယ်။

အစ္စလာမ်ကောင်စီပေါ်လာတော့ လုပ်ကြရမယ့်တာဝန်တွေက သာသနာ့ကိစ္စရပ်တွေပဲဖြစ်လို့ သာသနာရေးနဲ့ဆိုင်တဲ့ ဗမာမွတ်စလင်မ်အိုလမာအဖွဲ့၊ ဗမာမွတ်စလင်မ် အမျိုးသမီးများအဖွဲ့ချုပ် (ဗမအ)နဲ့ ဗမကတို့ပူးပေါင်းဖွဲ့ခဲ့ကြတယ်။ နိုင်ငံတော်အစိုးရထောက်ပံ့ငွေကိုလည်း ညှိနှိုင်းသုံးစွဲကြတယ်။ သာသ နာရေးကိစ္စတို့ကို ဇောင်းပေးလုပ်ကြတယ်။ နိုင်ငံတော်အစိုးရထောက်ပံ့ငွေကိုလည်း သာသနာရေးအဖွဲ့များ ပါဝင်တဲ့ အစ္စလာမ်သာသနာရေးရာကောင်စီ (တစ်ဖွဲ့တည်း)က လက်ခံခဲ့တယ်။

သိပ်မကြာတဲ့ကာလ ဖဆပလနှစ်ခြမ်းကွဲတော့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှာလည်း ကွဲခဲ့ကြတယ်။ အစ္စလာမ်သာသနာရေးရာကောင်စီမှာ ဦးခင်မောင်လတ်ကဥက္ကဌဖြစ်ပြီး ဒု-ဥက္ကဌဖြစ်တဲ့
ဦးရာရှစ်က ဘီအမ်အိုဆိုပြီး အဖွဲ့သစ် ထောင်လိုက်တယ်။ ဘီအမ်အိုမှာ ဦးရာရှစ်က ဥက္ကဌဖြစ်တယ်။
အဖွဲ့ချပ်နှစ်ခုဖြစ်လာလို့ နိုင်ငံတော်အစိုးရထောက်ပံ့ငွေလည်း ခွဲဝေယူကြဖို့ဆိုတဲ့ပြဿနာပေါ်လာတယ်။ သာသနာကိစ္စဆောင်ရွက်ကြတဲ့ တစ်ခြားအဖွဲ့လေးဖွဲ့ကလည်း သူတို့ပါခွဲဝေယူကြဖို့တောင်းဆို လာလို့   နိုင်ငံတော်ရဲ့ သာသနာထောက်ပံ့ငွေကို (၆) ဖွဲ့ပေါင်းပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ 

အစ္စလာမ် ကောင်စီက မူလအတိုင်း အစ္စလာမ်ကောင်စီကိုသာပေးဖို့ ဆောင်ရွက်ခဲ့တာမအောင်မြင်ခဲ့။ အစိုးရက ပေးမယ့်ငွေလက်ခံယူရေးအစီအစဉ်ကို ကောင်စီက လက်မခံနိုင်တဲ့အတွက် နိုင်ငံတော် အစိုး ရ ထောက်ပံ့ငွေကို လက်ခံယူရေး (၃) နှစ် ရပ်ဆိုင်းခဲ့တယ်။ အစ္စလာမ်ကောင်စီကလက်မခံလို့ နစ်နာ ဆုံးရှုံးရတယ်ဆိုတဲ့ အပြစ်ပုံချကြတာတွေလည်း ပေါ်လာတယ်။

ထောက်ပံ့မှုကရတဲ့ငွေကို ဘာသာရေးကျောင်း၊ ဗလီ စတာတွေကို ခွဲဝေထောက်ပံ့မှုအစီအစဉ် ရပ်ဆိုင်းပြီး ကုရ်အာန်ဘာသာပြန်ကိစ္စနဲ့ သာသနာ့စာပေထုတ်ဝေရေးမှာသာသုံးစွဲမှုလုပ်ကြမယ်။ တစ်ခြား သီးခြားထောက်ပံ့မှုတို့ကို မလုပ်ကြဘူးဆိုတဲ့မူကိုလက်ခံကြရင် အစ္စလာမ်သာသနာရေးရာ ကောင်စီက ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူမှုရခဲ့လို့ အခုနိုင်ငံတော်အစိုးရထောက်ပံ့ငွေကို ပူးပေါင်း လက် ခံနေခဲ့ကြတာဖြစ်တယ်။

အစ္စလာမ်သာသနာရေးရာကောင်စီစတင်ဖွဲ့စည်းစဉ်က အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ရေး လုပ်ခဲ့ နိုင်ကြပေမယ့် အခုတစ်ဖွဲ့ထဲတော့ဖြစ်မလာတော့ဘူး။ (၆) ဖွဲ့ထဲက (၂)ဖွဲ့ကို ဖျက်သိမ်းရလို့ အခု (၄) ဖွဲ့ပေါင်းလုပ်နေကြရတယ်။ (ယခု ၅-ဖွဲ့ဖြစ်ပါသည်။)

အစ္စလာမ်သာသနာရေးရာကောင်စီ စတင်ဖွဲ့ကြတုန်းက အုတ်မြစ်ချခဲ့ကြတဲ့ပုဂ္ဂိုလ်ကြီးတွေ တစ် ယောက် မှမရှိကြတော့ဘူး။ ဆရာလည်း အုတ်မြစ်ချခဲ့သူတွေထဲပါခဲ့သူမဟုတ်ဘူး။ တစ်စတစ်စ ကွယ် လွန် ကုန်တော့ ပုခုံးပြောင်းယူခဲ့ကြတာပါ။

ရွက်ဟောင်းတွေကြွေကျတာကို ပူဆွေးတမ်းတနေလို့ အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။ ရွက်သစ်တွေဝေ လာတာကိုဆီးကြိုကြရမှာပါ။ ဒီကနေ့ပေးနေတဲ့ သင်တန်းဟာလဲ ရွက်သစ်ဝေလာဖို့လုပ်နေ ကြတာပါ။

သမိုင်းဖြစ်စဉ်တို့ကို အကျဉ်းချုံးပြီး ပို့ချခဲ့တာ နိဂုံးချုပ်ပါမယ်။

နောက်ဆုံး မောင်တို့မယ်တို့ကို အမှာတစ်ခုပြုချင်တယ်။ ဆရာပို့ချခဲ့တဲ့ အစ္စလာမ်သာသနာရေးရာ ကောင် စီရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ‘မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသားပီသရေး’ တို့အတွက် မောင်တို့ မယ်တို့ ပုခုံးပြောင်းယူကြရမယ်။ မိမိတို့ကိုယ်တိုင် တာဝန်ယူကြရလိမ့်မယ်။

“ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူမျိုးကိုမှ မိမိတို့ကိုယ်တိုင် မိမိတို့ဘ၀ အခြေ အနေများကို မပြုပြင်မပြောင်းလဲသမျှ အလ္လာဟ်အရှင်မြတ်သည် ပြုပြင်ပြောင်းလဲပေး မည်မဟုတ်။” (ကုရ်အာန် - ၁၃း၁၁)

အားလုံးအပေါ်ချမ်းမြေ့သာယာမှုအပေါင်း သက်ရောက်ပါစေ …………. အာမီးန်

ပသီဦးကိုကိုလေး
 
(နာယကကြီး ပသီဦးကိုကိုလေး၏ (၄၈)ကြိမ်မြောက် အာန်ဆွာရီသင်တန်း (၁၂.၅.၂၀၀၀ မှ ၂၀.၅.၂၀၀၀) မြစ်ကြီးနားမြို့ နှင့် (၄၉)ကြိမ်မြောက် အာန်ဆွာရီသင်တန်း (၂၃.၅.၂၀၀၀ မှ ၃၀.၅.၂၀၀၀) ပြင်ဦးလွင်မြို့တို့တွင် ပို့ချချက်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
= = = = = = = = = = = = = = = = =

မှတ်စုများ



   ၁။ သက္ကရာဇ်(၈)ရာစုနှစ်များအတွင်း ပုဂံတွင်စိုးစံခဲ့သော ပိဿုံမင်းလက်ထက် ဒမတ်စကတ်ကျွန်းမှ တရုတ်ပြည်အထိသွားလာကြရာ မြန်မာပြည်သို့လည်း အာရဗ်သင်္ဘောများအ၀င်အထွက်ပြုကြ သည်။ သထုံမုတ္တမဆိပ်ကမ်းများတွင် ရပ်နားခဲ့ကြသည်ဟု ရှေးအာရဗ်မှတ်တမ်းများတွင် တွေ့ရ ကြောင်း။ (ဦးကြည်၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာ့ရာဇ၀င်မှ သိမှတ်ဖွယ်ရာအဖြာဖြာစာအုပ်၊ စာမျက်နှာ ၁၅၆-၁၅၇)
   
   ၂။ (၁၈၇၉)ခုနှစ်ထုတ် ဗြိတိသျှဘားမားဂေဇက်အဆိုအရ ရမ်းဗြဲကျွန်းအနီးပျက်စီးသော အာရဗ် သင်္ဘောပေါ်ပါ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်း၌နေထိုင်ကြကြောင်းသိရှိရ၏။ (ဦးဘိုးချယ်ရေး၊ ဗမာမွတ်စလင်မ်ရှေးဟောင်း အတ္ထုပ္ပတ္တိစာအုပ်၊ စာမျက်နှာ ၂၅)
   
   ၃။ အနော်ရထာဘုရင်နန်းစံသက် (၁၄)နှစ်အကြာ ၁၀၄၅-ခု မိတ္ထီလာကန်ဆယ်ဖို့ရာတွင် ဘုရင်ဂျီ သေနတ်ကိုင်တပ်၊ ပသီသေနတ်ကိုင်တပ်တို့ ပါဝင်စေခဲ့သည်။ (ဟံသာဝတီဦးဘရင် ရေး၊
မြန်မာ့ယဉ်ကျေးမှုနှင့် လယ်သမားရေးရာစာအုပ်၊ စာမျက်နှာ ၂၅)

   ၄။ ပုဂံခေတ် နရသီဟပတေ့မင်း (၁၂၅၅-၁၈၂၆)တရုတ်တို့နှင့်စစ်ဖြစ်ကြရာ ဗိုလ်မှူးနဇရွတ်ဒင် အုပ်ချုပ်သည့် တာရ်တာရ် စစ်သည်(တူရကီနွယ်များ) ယခုဗန်းမော်(ယခင် ကောင်းစင်)ကိုသိမ်း၍ အတည်တကျနေထိုင်ခဲ့ကြကြောင်း စစ်ကိုင်းမြို့ ရတနာစေတီကျောက်စာတွင် ပါရှိသည်။ (ရာဇ၀င်ဆရာကြီးဦးဘသန်း ရေး၊ ကျောင်းသုံးမြန်မာရာဇ၀င်စာအုပ်၊ စာမျက်နှာ ၁၉၅-၁၉၆)

   ၅။  တောင်ငူဘုရင် တပင်ရွှေထီးလက်ထက်တွင် မင်းခေါင်နော်ရထာဦးဆောင်သည့် ဒုတိယအကြိမ် မိတ္ထီလာကန် ဆယ်ဖို့ရာတွင် ပသီသေနတ်ကိုင်တပ်သား တစ်ထောင်ကျော်ပါဝင်စေခဲ့ပါသည်။ (ကင်းဝန်မင်းကြီးစာပေါင်းစု၊ စာမျက်နှာ ၈၆)

   ၆။  အင်းဝခေတ် အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) ငဇင်ကာနှင့်စစ်ဖြစ်ရာမှ ဖမ်းဆီးရမိသည့်   စစ်သုံ့ပန်း (၃၀၀၀) အနက် အစ္စလာမ်သာသနာဝင်တို့ကို အင်းဝမြို့အနီး မြစ်သာမြို့ရဲ့ မြောက်ဘက်တွင် လုပ်မြေ နေမြေပေး၍ အတည်တကျနေထိုင်စေခဲ့သည်။ မင်းမှုထမ်းများအဖြစ် ခန့်ခဲ့သည်။ (မှန်နန်းရာဇ၀င်၊ တတိယတွဲ၊ စာမျက်နှာ ၁၇၂)

   ၇။ ညောင်ရမ်းခေတ်အတွင်း သာလွန်မင်း(၁၆၂၈-၁၆၄၆)လက်ထက် အစ္စလာမ်သာသနာဝင်များ အတည်တကျနေထိုင်ရန် လုပ်မြေ၊ နေမြေပေး၍ ကျောက်ဆည်နယ်၊ စစ်ကိုင်းနယ်၊ ရွှေဘိုနယ် တို့တွင် ဒုတိယအကြိမ်နေရာချထားပေးခဲ့သည်။ (ဦးဘသန်း ရေး၊ ကျောင်းသုံးမြန်မာရာဇ၀င်၊ စာမျက်နှာ ၂၇၀)

   ၈။ ညောင်ရမ်းခေတ်လွန် အင်းဝခေတ်ကအစ စနေမင်း(၁၆၉၈-၁၇၁၄)တွင် အစ္စလာမ်သာသနာဝင် တို့ကို မြို့(၁၂)မြို့တွင် လုပ်မြေ နေမြေပေး၍ အတည်တကျနေထိုင်စေခဲ့သည်။ ၎င်းမြို့(၁၂)မြို့မှာ
(၁) တောင်ငူ၊ (၂) ရမည်းသင်း၊ (၃) ညောင်ရမ်း၊ (၄) ယင်းတော်၊ (၅) မိတ္ထီလာ၊ (၆) ပင်းတလဲ၊
(၇) တဘက်ဆွဲ၊ (၈) ဘောဓိ၊ (၉) စည်သာ၊ (၁၀) စည်ပုတ္တရာ၊ (၁၁) မြေထူး၊ (၁၂) ဒီပဲယင်း
(၁၁၆၃-ခုနှစ်၊ နယုန်လပြည့်ကျော် (၂)ရက်နေ့တွင် အမရပူရဘုရင် ပိဋကတ် တိုက်မှ ကျောက်တစ်လုံးဗိုလ် မင်းရဲလှကျော်ထင် ရွှေပုရပိုဒ်မှတ်တမ်းတွင် တွေ့ရှိရကြောင်း) (ဦးဘိုးချယ် ရေး၊ ဗမာမွတ်စလင်မ်တို့၏ ရှေးဟောင်းအတ္ထုပ္ပတ္တိစာအုပ်၊ စာမျက်နှာ ၃၇-၄၀)

   ၉။ အလောင်းမင်းတရားကြီး သံလျင်ကိုအောင်နိုင်၍ ရန်ကုန်သို့ရောက်လျှင် သံလျင် ရန်ကုန်တွင် ရှိသည့် ပသီစုပီယာမာမက် (ပီရ်မာမက်) နှင့် ဒါဝတ်ဆိုသူတို့ကို သွေးသောက်ကြီးများခန့်၍
သက္ကရာဇ် (၁၁၁၈)ခု ၀ါခေါင်လဆန်း (၃)ရက် အင်္ဂါနေ့တွင် ကိုယ်ရံတော်သေနတ်အစုကို ဖွဲ့တော်မူသည်။ (ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး၊ ပ-တွဲ၊ စာမျက်နှာ ၁၄၈၊ ၁၈၅ ၁၈၆)

   ၁၀။ အလောင်းမင်းတရားကြီး မဏိပူကတည်းပြည်ကိုအောင်မြင်ရာ ကသည်းလူမျိုး(၄၀၀၀)ကျော် ပါဝင်ခဲ့ရာ အစ္စလာမ် သာသနာဝင်များပါခဲ့သဖြင့် ခြေတော်ရင်းဖြင့် ခိုလှုံခွင့်ပေးတော်မူသည်။ (ကုန်းဘောင်ခေတ်မဟာရာဇ၀င်တော်ကြီး၊ စာမျက်နှာ ၂၉၈-၂၉၉)

   ၁၁။ အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့က နိုင်ငံတော်အတွင်း အရပ်ရပ်မြို့ရွာများမှာ နေသည့် ပသီကုလားတို့ကို ၎င်းတို့နိုင်ငံတော်အတွင်းရှိသည့်အရပ်ရပ် အာဗိဟ်ရှားဟ် ဟိုစိုင်နီ တပည့်တို့ပြသရာနာခံကြစေ။ ရခိုင်ပြည် လေးမြို့ ကျေးရွာများမှာရှိနေကြသည့် ပသီကုလား တို့တွင် ဘာသာတရားစကားများကို ပသီကုလားတို့နည်းတူ အာဗိရှားဟ်ဟိုစိုင်နီတပည့် စစ်ကြော စီရင်စေ။ (သက္ကရာဇ် ၁၁၆၉-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်၊ နာခံတော် ဘယကျော်ထင် တွင်ပြန်သည်။) (ဘိုးတော်မင်းတရားကြီးရာဇသတ်ကြီး၊ စာပေဗိမာန်ထုတ်၊ စာမျက်နှာ ၁၇၆)

   ၁၂။ ၀န်ကြီးသတိုးမဟာဗန္ဓုလသည် ကုလားတို့၏ဗုံးအမြောက်တို့ကိုလက်နက်မမှတ်၊ ရွှေထီးဖြန့်လျက် တပ်ထိပ်သို့လှည့်ကာ ပတ်ကာ မပြတ်သွားလာ၏။ တပ်ပြင်သို့လည်း မြင်းနှင့် မြင်းစီးသူရဲတို့ကို
လှံရှည် အဲမောင်းတို့ကို စွဲကိုင်လျက် တပ်ဗိုလ် နေမျိုးဂုဏ်နရတ်နှင့်မြင်းစီးရေ(၇၀)ကျော်တို့
မြင်းရေးကစားစေသည်။ (ကုန်းဘောင်ခေတ်မဟာရာဇ၀င်တော်ကြီး၊ ဒုတိယတွဲ၊ စာမျက်နှာ ၃၉၂) (နေမျိုးဂုဏ်နရတ်မှာ ခန်ဆပ်ဗိုလ်ဆိုသူဖြစ်ပြီး မင်းတုန်းမင်းနှင့်သီပေါမင်းနှစ်ဆက် နာမည် ကျော် မြင်းတပ်ဗိုလ်ဝလီခန်၏ဖခင်ဖြစ်သည်။)

   ၁၃။ မာလာမွန်ခေါ် ဦးပွင့်ကို ယမ်းချက်ဝန်အဖြစ် ခန့်ခဲ့သည်။ စက်မှုလုပ်ငန်းတို့တွင် ဗမာမွတ်စလင်မ် (ပသီ)များပါဝင်ခဲ့ကြ သည်ကို တွေ့ရှိရသည်။ (ဦးမောင်မောင်တင် - မဟာဝိဇ္ဇာပြုစုသည့် မြန်မာမင်းလက်ထက်တော်စာတမ်းများ၊ စာမျက်နှာ ၆၆၊ ၇၁-၇၂)

   ၁၄။ စကြာနွယ်စဉ်ရပ်ကွက်(၈)ရပ်ကွက်၊ ကိုယ်ရံတော်ရပ်ကွက်နှင့် အပ်ချုပ်အရှေ့အနောက်(၂)ကွက်၊ တောင်ဘလူရပ်ကွက်၊ ဂျွန်းတန်းရပ်ကွက်၊ စစ်ကိုင်းတန်းရပ်ကွက်၊ ကုန်းရိုးရပ်ကွက်၊ ၀လီခန် ရပ်ကွက်၊ ကင်းတားကုလားပျိုရပ်ကွက်၊ ရပ်ကွကတိုင်း ဗလီနေရာပေါင်း(၂၀)သတ်မှတ် ပေးခဲ့ သည်။ (ဦးမောင်မောင်တင် - မဟာဝိဇ္ဇာပြုစုသည့် မြန်မာမင်း လက်ထက်တော်စာတမ်းများ၊ စာမျက်နှာ ၇၂)

   ၁၅။ အထက်မြန်မာနိုင်ငံသိမ်းရန် ချီတက်လာသည့် အင်္ဂလိပ်နယ်ချဲ့တပ်ကို ရင်ဆိုင်တိုက်ရမည်ဟု ဘုရင့်အမိန့်နှင့် စစ်ကြေညာသည့်အတွက် စစ်ကြောင်းသုံးကြောင်း ချီတက်ရန်စီစဉ်ကြရသည်။
တောင်ငူစစ်ကြောင်းချီတပ်တော်ကို ကွက်ကဲအုပ်ချုပ်ရန် အက္ကပတ်မြင်းဝန် ပင်လယ်မြို့စားကြီး
မဟာမင်းထင်ရာဇာကိုဗိုလ်ချုပ်အဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ (ကုန်းဘောင်ဆက်ရာဇ၀င်တော်ကြီး၊ တတိယတွဲ၊ စာမျက်နှာ ၇၀၀)

   ၁၆။ နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းယူပြီးသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး ဗိုလ်မင်းရောင်တို့ကဲ့သို့ အင်္ဂလိပ်နယ်ချဲ့သမားတို့ကိုတော်လှန်ကြသည့် နယ်ချဲ့ခေတ်ဦးတော်လှန် ရေးခေါင်းဆောင်တစ်ဦးအဖြစ် ဗိုလ်ရာကွတ်ဆိုသူပါဝင်ခဲ့ပါသည်။ ဗိုလ်ရာကွတ်ကို ဖမ်းမိပြီး ရာထူးပေး၍ ၎င်းတို့ဘက်တွင်ပါဝင်ရန် ကမ်းလှမ်းခဲ့သော်လည်းလက်မခံ။ ဘုရင်ချီးမြှင့်ထားသည့် ကတ္တီပါအင်္ကျီစိမ်းဝတ်၍ကြိုးစင်တက်ခဲ့သည်။   (ဆင်ဖြူကျွန်းအောင်သိန်း၏နယ်ချဲ့ခေတ်ဦးတော်လှန်ရေးသမားကြီးများစာအုပ်)

   ၁၇။ (၁၉၂၀)ခု ကျောင်းသားကြီးများ၏ မြန်မာနိုင်ငံဘုရင်ခံထုတ်သည့် တက္ကသိုလ်ဥပဒေကိုကန့်ကွက် ကြဖို့ မြန်မာနိုင်ငံတိုင်းရင်းသား အစ္စလာမ်သာသနာဝင် ဦးဘရှင် (သံတွဲ)ပါသည်။ ရွှေတိဂုံ အနောက်မြောက်ထောင့်တွင် (၁၁) ဦးပေါင်းပြီးသစ္စာဆိုခဲ့ကြသည်။ သပိတ်မှောက်မှုကြောင့်
ကြုံလာရမည့်ပြစ်ဒဏ်ဟူသမျှ နောက်မဆုတ်ပဲခံယူကြမည်ဟု သစ္စာဆိုခဲ့ကြသည်။ (မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီထုတ်၊ အမျိုးသားနေ့နှင့်အမျိုးသားလှုပ်ရှားမှုသမိုင်းအကျဉ်း၊ စာမျက်နှာ ၂၀၀ တွင် ပါရှိပါသည်။)

   ၁၈။ ဦးဒူဒူးဆိုသူ အစ္စလာမ်သာသနာဝင် ‘က’ တပ်သားကြီးနှင့် ဆရာစံသူပုန်ဌာနချုပ်အနီး သာယာ ၀တီခရိုင်၊ ဥက္ကံမြို့မြောက် (၅)မိုက်ကွာ ဆရာစံသူပုန်စခန်း အရှေ့ဘက်(၄)မိုင်ကွာရှိ ၀ံကိုက်ရွာ တို့မှအစ္စလာမ်သာသနာဝင်လယ်သမားကြီးများပါဝင်ခဲ့ကြသည်။
(ကြိုးကျ ကျွန်းပြန် ဆရာစံသူပုန် ‘က’တပ်သားကြီး ဦးဘိုးဖြူ ရေး၊ နယ်ချဲ့သမားတို့ကို
ကျွန်ုပ်တို့ တော်လှန်ခဲ့စဉ်ကစာအုပ်၊ စာမျက်နှာ ၄၆-၄၇ တို့မှာ တွေ့ရပါသည်။)

   ၁၉။ ပဏာမပြင်ဆင်မှုညီလာခံကြီးတွင် အဆိုများတင်သွင်း ထောက်ခံကြရာတွင် တိုင်းရင်းသား     အစ္စလာမ် သာသနာဝင်*များ ပါဝင်ခဲ့ကြသည်။

    (က) အဆိုအမှတ် (၁) လုံးဝလွတ်လပ်ရေးကို သခင်မြကတင်သွင်းပြီး ထောက်ခံသူများတွင်  ဦးအောင်စိန်* (ဟာဂျီ)(ဗမက)
    (ခ) ဘိလပ်သွားရေးအဆိုကို ဦးဘသီ မန္တလေးကတင်သွင်းပြီး ထောက်ခံသူများတွင် ဦးညီညီ* (နိုးကြားရေး) (ဗမက - မန္တလေး)
    (ဂ) တိုင်းရင်းသား လူနည်းစုများအရေးအဆိုကို အဆိုအမှတ်(၆)အဖြစ် ဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့ပါသည်။
    (ဃ) ပြည်နယ်ပြည်မ မခွဲခြားရေးအဆိုကို ဦးဖေခင်*(သံအမတ်ကြီး-ငြိမ်း)(ဗမက)က အဆိုတင် သွင်းခဲ့ပါသည်။
    (င) နိုင်ငံတကာရေးရာအဆိုကို ဦးသိန်းဖေက တင်သွင်းပြီး ကိုကြွယ်ဝ*(ဗမက)က ထောက်ခံခဲ့သည်။

(ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုလစဉ်မှတ်တမ်းစာအုပ်၊ စာမျက်နှာ ၂၅၅၊ ပြုစုသူ မြေမြို့ချစ်ဆွေ၊ ၁၉၈၁-ခု၊ ဇူလိုင်လ၊ ပုဂံစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။)

   ၂၀။ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဖဆပလနှင့် သန့်ရှင်းအဖွဲ့ပါလီမန်အမတ်များအဖြစ် အရွေးခံရပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့ကြသူများ …..

      (၁) ဆရာကြီးဦးရာဇတ်

      (၂) ဦးဖေခင်

      (၃) ဦးသန်းမြင့်

      (၄) ဦးခင်မောင်လတ် (မြောင်းမြ)

      (၅) ဦးသန်းညွန့် (နောင် ဟာဂျီဦးသန်းညွန့် - မေမြို့)

      (၆) ၀ဏ္ဏကျော်ထင်ဆရာမကြီးဒေါ်စောရွှေ

      (၇) ဦးဂျမား (ပုသိမ် - သထုံ)

      (၈) ဦးမြင့်သိန်း (သထုံ)

      (၉) ဆရာချယ် (တပ်ကုန်း)

      (၁၀) ဦးဘကြွယ် (မန္တလေး)

      (၁၁) ဒေါ်အေးညွန့် (ရခိုင်)

(၁၂) ဦးသိန်းမောင် (ကျောက်ဖြူ)

(၁၃) စူလ်တာန်အဟ်မဒ် (ရခိုင်)

(၁၄) စူလ်တာန်မာမွတ်

(၁၅) ဒေါ်ခင်ခင် (ဆရာကြီးဦးရာဇတ်၏ ဇနီး)

(၁၆) ဦးကျော်ခင် (ရမည်းသင်း)

     ၉၁-ဌာန အုပ်ချုပ်ရေးခေတ်တွင် မင်းတိုင်ပင်အဖြစ်တို့အဖြစ် …….

     (၁) ဦးဘိုးခိုင် (ရခိုင်)

     (၂) ဟာဂျီဦးပို (မန္တလေး)

     (၃) ဦးအောင်သင်း (ရန်ကုန်)

      မြို့ပြရေးရာ၊ မြူနီစပယ်လူကြီးများအဖြစ် မြို့စုံမှလူကြီးမြူရေးရာကော်မတီတို့မှာ ဥက္ကဌများအဖြစ် တာဝန်ယူခဲ့ကြသူများလည်း ရှိကြပါသည်။ ဖော်ပြပါစာရင်းတို့တွင် ကျန်သူများလည်းရှိကြပါသည်။

     ဤမှတ်စုတို့သည် သင်တန်းပို့ချရာတွင် ပါဝင်ခဲ့သည့် အကြောင်းအရာတို့ကိုအတွက်သာဖြစ်ပါသည်။

ပသီဦးကိုကိုလေး

(နာယကကြီး ပသီဦးကိုကိုလေး၏ (၄၈)ကြိမ်မြောက် အာန်ဆွာရီသင်တန်း (၁၂.၅.၂၀၀၀ မှ ၂၀.၅.၂၀၀၀) မြစ်ကြီးနားမြို့ နှင့် (၄၉)ကြိမ်မြောက် အာန်ဆွာရီသင်တန်း (၂၃.၅.၂၀၀၀ မှ ၃၀.၅.၂၀၀၀) ပြင်ဦးလွင်မြို့တို့တွင် ပို့ချချက်မှ မှတ်စုဖြစ်ပါသည်။)

(၂-၉-၆၀) ဒီးဒုတ် သတင်းစာ


နိုင်ငံတော်ဘာသာကို ဒီဒုတ် ဦးဘချို ပြုလုပ်ရန်ကြံစဉ်က ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုပြောခဲ့ဘူးသနည်း

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ့ အခြေခံဥပဒေ အရေးတော်ပုံကြီး
aung-sun.jpg
ဒီမှာဆရာ ကျွန်တော်တို့က လူကြိုက်အောင်လုပ်နေကြတာ မဟုတ်ဘူး ဒီလိုမဟုတ်မဟတ်ကို စိတ်ထင်ရာတွေ ရှောက်လုပ်နေကြမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ကြီးဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သဘောက်ဖြစ်သွား ကြမှာဘဲ။ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့ကြတဲ့ မူဆလင်တွေရှိတယ်၊ ဘုရင်ဂျီတွေရှိတယ်၊ အစကတည်းက ရှိလာခဲ့ကြတဲ့ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ ရှိတယ်။ တချို့ ခရစ်ယန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေ ရှိတယ်၊ သူတို့တတွေဟာလဲ အားလုံး နိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်း မဟုတ်ဘူး၊ သူတို့တတွေပါ ပါကြပါတယ် ။ အခု ကျွန်တွင်းက လွတ်မယ်မှ မကြံကြသေးဘူး၊ သူတို့တတွေ အပေါ်မှာအနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်လို့လုပ်လိုက်ရင် ကျုပ်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကြတဲ့ အကောင်တွေဖြစ်သွားကြမှာပေါ့။ဆရာ တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ။ ဘာသာတွေ ဘာတွေ ညာတွေလုပ်မနေပါနဲ့၊ ကျွန်နော်တို့ဟာ ကျွန်တော်တို့ တိုင်းပြည်တခုလုံးစည်းရုံးနေဘို့ လိုတယ် ။အမျိုး၊
ဘာသာ၊ သာသနာ၊ ပညာ ဆိုတာတွေဟာ ရှေးရှေးပဒေသရာဇ် မင်းတရားကြီးတွေရဲ့ စိတ်ကူးယဉ် ဘဝင်လေပင့်ပြီး ပြောခဲ့တဲ့ စကားတွေပါ။ အခုအချိန်မှာ ကျွန်တော်တို့ လိုကြတာက ပြည်ထောင်စုကြီးထဲမှာ ရှိနေကြတဲ့လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမဲ့လူတွေ ပေါ်မလာစေဘဲ နိုင်ငံစိတ်ဓါတ် တခုထဲ ရှိနေအောင် သွင့်းပေးဘို့ စည်းရုံးပေးဘို့လိုတယ်။ နိုင်ငံတော် ဘာသာ ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ဒါယကာတော် တက်လုပ်။ ပြီးတော့ စည်ကုံးခရိုင်နဲ့တကွ စိုးမိုးအုပ်ချုပ်တော်မူသော သီရိပဝရဓမ္မရာဇာ ဘဝရှင်မင်းတရားကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာဟာ ဆရာကြေညာ၊ ကျွန်တော်မပါဘူး ။