Friday, August 24, 2012

ဘုန်းကြီး ၀တ်ပြလိုက်မယ့် ဇာတ်သိမ်း


မြန်မာပြည်မှာ မိရိုးဖလာ လူများစုကြီးက ဘုန်းကြီး သင်္ကန်းမြင်ရင် မသိစိတ်ကကိုယ် ကြောက်ရွံ့ရိုကျိုးပြီး ဖြစ် နေခဲ့တယ်။ သာသနာ့ဝန်ဆောင်များကို လေးစားကြည်ညို တန်ဘိုး ထားတတ်တဲ့ ဓလေ့ဟာ အလွန်ကောင်း ပါတယ်။ ဒါပေမယ့်- အခြေခံလူထုကြီးရဲ့ ဒီလို ရိုးသားမှုကြီးကို အားနည်းချက်အဖြစ် အသုံးချပြီး လုပ်စားတဲ့ လူ လိမ်လူကောက်- “ခွေးမြီးကောက် ဘအေး”လို လူမျိုးကလည်း အများကြီးပါ။

ဖဲရိုက်၊ အရက်သောက်၊ သားမယားအပေါ်မှာ အနိုင်ကျင့်- ဆိုးချင်တိုင်းဆိုး၊ ရမ်းချင်တိုင်းရမ်း-- အော့ကြော့လန် လူကြီးတစ်ယောက် မနက်ဖြန် ဘုန်းကြီးဝတ်လိုက်တာနဲ့-၊ ရှေ့က လူပြုကျင့်ခဲ့သမျှ ပပျောက်သွားပါတော့တယ်။ ရိုးရိုးသားသား တရားနောင်တ ရလို့ သာသနာ့ ဘောင်ကို ၀င်သွားသူက ၁ ရာနှုန်း ၉၉ လုပ်စားဘို့ သာသနာကို အသုံးချတဲ့ သူက ၉၉ ရာနှုန်း ဖြစ်နေတယ်--၊ (ဒါကို ဗုဒ္ဓဘာသာများ ကိုယ်တိုင်လည်း သိနေပါတယ်။)

သာမန်အရပ်သားတွေကို ထားလိုက်ပါတော့-- အခုက မြန်မာပြည်ကို ဦးဆောင် အုပ်ချုပ်နေပါတယ်- ဆိုတဲ့ အစိုးရပိုင်းတောင်--၊ ရိုဟင်ဂျာ အရေးနဲ့ မွတ်ဆလင်များ ခရစ်ယာန်များကို နှိပ်ကွပ်ချင်တိုင်း နှိပ်ကွပ်၊ အစီအစဉ် တစ်ကျ ဗျူဟာချပြီး သေးသိန်သွားအောင်လုပ်၊ ခရစ်ယာန်များ မွတ်ဆလင်များကို နှိပ်ကွပ်မယ့် လက်သပ်မွေး အုပ်စုများ ဖန်တီးထားပြီး မျိုးပြုတ်သွားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေခဲ့တယ်။

လူသတ်တဲ့ အကောင်၊ မုဒိန်းကောင်၊ ရာဇ၀တ်ကောင်၊ လူပေါင်း တစ်သိန်းလောက်ကို အိုးမဲ့ အိမ်မဲ့ ဖြစ်အောင် လုပ်ခဲ့တဲ့ အကောင်တွေက--၊ ဒီအမှုမှာ ကျွန်တော်တို့ကပဲ တရားသူကြီး လုပ်ပြီး ဆုံးဖြတ်ပေးလိုက်မယ် လို့ ကမ္ဘာကို အရှက်မရှိ ပြောရဲသေးတယ်။ ရာဇ၀တ်မှုများကို ကိုယ်တိုင်ကျူးလွန်ခဲ့ပြီး- နောက်ဆုံးတော့ ဘုန်းကြီး ၀တ်ပြကာ- ကမ္ဘာကို လေပြေအေး တရား ဟောတော့မယ် ထင်ပါတယ်။

ဒါမျိုးက ပညာနုံနဲ့သေးတဲ့ တောနယ်က မြန်မာလူမျိုးလောက်ပဲ လက်ခံတော့မှာပါ။ ထိုင်းနိုင်ငံလောက်တောင် လက်မခံနိုင်တော့ဘူး ဆိုတာတော့---၊ မြန်မာ ဗုဒ္ဓဘာသာ သူတော်စင်များ သိကြပါစေ။

ယိုသူမရှက်၊ မြင်သူရှက်- ပတ်ဝန်းကျင်ကြီးက မနေနိုင်လို့ ထအော်ရတဲ့ အကြောင်းများကို ပြန်ကြည့်ပါ။

ကျောက်နီမော်၊ ကျောက်ထရံရွာက ရခိုင်အမျိုးသမီးလေး တစ်ဦးကို အဓမ္မမှု ပြုကျင့်တဲ့ ဆိုတဲ့ ကိစ္စ--- အဲ့လို အဓမ္မမှုပြုကျင့်နေစဉ်- ဘယ်သူက မျက်မြင်ကိုယ်တွေ့ ဖြစ်သလဲ။ သို့မဟုတ် အဲ့ဒီ ကလေးမလေးကို အဓမ္မပြု ကျင့်ဘို့ အတွက် အတင်းဆွဲခေါ်သွားတာကို ဘယ်သူမျက်မြင်ကိုယ်တွေ့ ဖြစ်သလဲ။ သို့မဟုတ် ရွာလည် လူဘုံ ကြားမှာ အမျိုးသမီး တစ်ဦးရဲ့ သိက္ခာကို မငဲ့ကွက် ၀တ်ပစ်စလစ်ချွတ်ပစ်ပြီး လူအုပ်ကြီးက ၀ိုင်းဝန်းအနိုင်ကျင့် အဓမ္မပြုကျင့်ခဲ့ပါသလား။--

တောထဲ၊ တောင်ထဲ၊ လယ်ထဲ ချုံထဲမှာ အဓမ္မပြုကျင့်ခံရပြီး သေနေတဲ့ ရုပ်အလောင်းကို ရဲစခန်းက အမှုဖေါ် လိုက်တော့- မွတ်ဆလင် လူငယ် သုံးယောက်က အဓမ္မပြုကျင့်ခဲ့တာတဲ့၊ (၂၄ နာရီ အတွင်းမှာ အမှုဖေါ်ထုတ်ခဲ့ တယ်၊) တရားခံ ဆိုသူတွေကို ဖမ်းသွားပြီး နံပတ် ၁ တရားခံက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ကြေညာ လိုက်တယ်။ ကျန်တရားခံတွေကို တစ်လ အတွင်းမှာ သေဒဏ်ပေးလိုက်တယ်။

တရားခံလို့ စွပ်စွဲခံရသူများဟာ တရားခံ ဟုတ်မဟုတ် သေချာအောင် စစ်ဆေးပြီးပြီလား။ တရားခံ နံပါတ် ၁ ကို ဘာကြောင့် ဖျောက်လိုက်တာလဲ။--- မြန်မာအစိုးရက မွတ်ဆလင်တွေ ဘာလုပ်နေတယ် ဆိုတာကို အချိန် မလပ် စောင့်ကြည့်နေဘို့ မွတ်ဆလင်များ နေထိုင်ရာ ဒေသတိုင်းမှာ တောထဲ တောင်ထဲ ချုံထဲ ချောင်းထဲကမှာ က အစ နေရပ်မလပ် အထူးကင်မရာတွေ တပ်ထားပါသလား။--

အဲ့လို အမှုကို ၂၄ နာရီအတွင်း ဖေါ်ပေးနိုင်တဲ့ ရဲများက တောင်ကုတ်မြို့လို မြို့ပေါ်မှာ (တောင်ကုတ်မြို့ ဆိုတာ မန်အောင်မြို့လို သီးခြားကျွန်း၊ ရမ်းဗြဲကျွန်းလို သီးခြား ကျွန်း မြို့များ ဆိုရင် မဆိုလိုပါ။) ခရီးသည်ကားပေါ်က လူ ပေါင်း ဆယ်ယောက်ကို အကြီးအကျယ် ယုတ်မာဆိုးသွမ်းစွာ အကြမ်းဖက်ရိုတ်သတ်လိုက်တဲ့ ကိစ္စကိုတော့ တရားခံက မှုံဝါးနေဆဲ ဆိုပါတော့--။

မွတ်ဆလင် တစ်ဦးကို ပြစ်မှုတစ်ခုကို အတင်းထိုးချ-- ဟုတ်ဟုတ် မဟုတ်ဟုတ် အတင်းနိုင်ကျင့် ရိုက်ထောင်း ဟုတ်အောင် လုပ်ခိုင်း-၊ ပြီးရင် အရင်စလို အပြစ်ပေး- အမျိုးသားရေး စိတ်တွေ ထကြွ-၊ ရသလောက် အနိုင် ကျင့်- အဲ့ဒီ အခါ ပီတိတွေ ဖြစ်နေပြီး--၊ ကိုယ့်ဘက်ကို ပြန်ထိတော့မယ် ဆိုရင်တော့-၊ ဒါက ဒီလိုပါ၊ ဟိုဟာက ဟိုလိုပါ-- ဘုန်းကြီးဝတ်ပြဘို့ မကျိုးစားပါနဲ့။

(၁) ကျောက်နီမော်က အဓမ္မပြုကျင့်ခံရမှုကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကပဲ ပြန်လည် စစ်ဆေးရ မယ်၊

(၂) တောင်ကုတ်မြို့က လူသတ်မှုကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကပဲ ပြန်လည်စစ်ဆေးရမယ်။

(၃) ရခိုင်ပြည်မှာ ဖြစ်သွားတဲ့ အရေး ကိစ္စအားလုံးရဲ့ ဇစ်မြစ်များကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပဲ ပြန်လည် စစ်ဆေးရမယ်။

အချိန်ဆွဲ သွေးအေးအောင် လုပ်ပြီး အမှု ဖျောက်ဘို့ ကြိုးစားရင်-- မြန်မာပြည်သားတွေအတွက် ၀င်ရောက်လာ မယ့် စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများ အားလုံးဟာလည်း- ညီမျှစွာ နောက်ဆုတ်နေစေရပါမယ်။

ဌေးလွင်ဦး

Thursday, August 23, 2012

အစ္စလာမ်အတွက် သက်သေခံချက်များ


သန္ဓေသားဗေဒ ပညာရှင် ဒေါက်တာ ကီယာဗ် အလ် မိုးရ် Keith L. Moore ၏ သက်သေခံချက်


ခန္ဓာဗေဒနှင့် သန္ဓေသားဗေဒ ပညာရပ်များ၌ ကမ္ဘာ့ အထင် ကရ ပညာရှင် တစ်ဦးလည်းဖြစ်၊ လူသား၏ တိုးတက်ဖွံ့ဖြိုး ဖြစ်စဉ် The Developing Human စာအုပ်၏ စာရေး ဆရာလည်း ဖြစ်သော သိက္ခာရ အငြိမ်းစား ပါမောက္ခ ကီ ယာဗ် အလ် မိုးရ် Keith L. Moore က ၁၉၈၂ ခုနှစ် ဆော်ဒီအာရေဗျနိုင်ငံ ဒင်မန် ဆေးပညာရှင်များ ညီလာခံ တွင် `ကျွန်ုပ်အနေဖြင့် လူသား ဖြစ်စဉ်နှင့် စပ်လျှဉ်း ကုရ် အံ ကျမ်း၌ ဖေါ်ပြချက်များကို လွန်စွာ ဘ၀င်ကျမိပါသည်။ ဤသို့ ဖေါ်ပြချက်သည်- ဤအကြောင်းအရာများနှင့် စပ် လျှဉ်း၍ လူသားတို့ ဗဟုသုတ ရှိမလာမှီ နှစ်ရာစုပေါင်း များစွာကပင် မုဟမ္မဒ်အား ပရမတ်ဘုရားရှင် (အလ္လာဟ်) က အသိပေးခဲ့ခြင်းသာ ဖြစ်ရပေမည်။

ဤသည်ပင် မုဟမ္မဒ်သည် သဗ္ဗညုဉာဏ်ကို ဆွတ်ခူးရရှိသည် ပရမတ် ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်ကိုဖြစ်သည်ဟု ကျွန်ုပ် အတွက် ခိုင်မာသော သက်သေတစ်ရပ်ပင် ဖြစ်၏၊ ဖွင့်ဟကြေငြာ- သက်သေခံခဲ့ပေသည်။  အယ်မိုးရ်၏ လူသား၏ တိုးတက်ဖွံ့ဖြိုးဖြစ်စဉ် The Developing Human စာအုပ်အား ကမ္ဘာ့ဘာသာ စကား ကြီး ရှစ်မျိုးဖြင့် ဘာသာပြန် ခဲ့၍၊ အမေရိကန်ပြည်ထောင်စု အထူကော်မီတီမှ သိပ္ပံဆိုင်ရာ ကိုးကားကျမ်းအဖြစ် ရွေး ချယ် ခဲ့ပေသည်။ ဒေါက်တာ ကီယာဗ် အလ် မိုးရ် သည် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ်မှ အနုမာန ဇီဝဗေဒနှင့် ခန္ဓာဗေဒ သိက္ခာရ အငြိမ်းစား တစ်ဦးဖြစ်၍၊ ထိ၌ သူသည် ဆေးပညာဆိုင်ရာ အခြေ ခံ သိပ္ပံဌာနမှ ဦးဆောင်တစ်ဦး ဖြစ်ခဲ့၍။ ခန္ဓာဗေဒဆိုရာ ဌာန၌ ဥက္ကဌအဖြစ် ၈ နှစ်ကြာ ထမ်းဆောင်ခဲ့ပေသည်။

သူသည် ၁၉၈၄ ခုနှစ်တွင် ကနေ ဒါ နိုင်ငံ ခန္ဓာဗေဒပညာရှင်များ အစည်းအရုံးမှ ခန္ဓာဗေဒနှင့် ပတ်သက်သော အထူးဂုဏ်ထူးဆောင်ဘွဲ့  the J.C.B. Grant Award ကို ရရှိခဲ့ပေသည်။ သူသည် ကနေဒါနိုင်ငံ၊ အမေရိကန်နိုင်ငံ ရှိ ခန္ဓာဗေဒပညာရှင်များ အစည်းရုံးများ နှင့် ဇီဝ သိပ္ပံ သမဂ္ဂ မှ ခန္ဓာဗေဒ ပညာရှင်များအား ညွှန် ကြားလမ်းပြမှု များစွာ ပြုလုပ်ခဲ့ပေသည်။



ဒေါက်တာ ယိုချီဟိဒ ကိုဇိုင်း

ဂျပန်နိုင်ငံ တိုကျို၊ မိတက အမျိုးသား နက္ခတ္တဗေဒ စူးစမ်း ရေး အဖွဲ့ ညွှန်ကြားရေးမှုး ဖြစ်ခဲ့သော ဂျပန်နိုင်ငံ ဟွန်ဂို တို ကျို တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ယိုချီ ဟိဒ ကိုဇိုင်းက- `ကျွန်ုပ်အနေဖြင့် အလွန်တိကျ မှန်ကန် တဲ့ နက္ခတ္တ ဗေဒဆိုင်ရာ အချက်အလက်များကို ကုရ်အံ ကျမ်းမှာ တွေ့ရှိရလို့ ထိုကျမ်းကို အလွန် တလေးတစား ဖြစ်မိပါတယ်။



ပါမောက္ခ တီဂျာတတ် တက်ဂျာစင် Professor Tejatat Tejasen


ကျွန်ုပ်တို့ ခေတ်သစ် နက္ခတ္တဗေဒ ပညာရှင်တွေဟာ စကြာဝဠာလုံးဆိုင်ရာထဲက မပြောပလောက်တဲ့ အစိတ်အပိုင်းလေး ကိုပဲ လေ့လာနေရဆဲပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ အားကိုးအားထား ပြုနေရတဲ့ အနုကြည့် မှန် ပြောင်းတွေဆိုတာ စကြာဝဠာ ထဲက အစိတ်အပိုင်းလေး တစ်ခုကိုပဲ တွေ့မြင်နိုင်လို့ပါ။ ကုရ်အံကို အနုလုံ ပဋိလုံ ဆန်းစစ်လေ့လာခြင်းဖြင့် စကြာဝဠာအား စူးစမ်းလေ့လာ ခြင်း၌ အနာဂါတ် လမ်းစတွေရလိမ့်မယ်လို့ ကျွန်ုပ် မှတ်ယူပါတယ်။ 

ချင်းမိုင် တက္ကသိုလ် ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ဦးဆောင် ဖြစ်ခဲ့သော ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်မှ ခန္ဓာဗေဒ ဌာန ဥက္ကဌ ပါမေက္ခ တီဂျာတတ် တက်ဂျာစင်က ဆောင်ဒီ အာရေဗီးယား နိုင်ငံ ရီဒါ၌ ကျင်းပသော ရှစ်ကြိမ်မြောက် ဆေးဘက်ဆိုင်ရာ ညီလာခံတွင်- မတ်တပ်ထရပ်လျှက်၊-  လွန်ခဲ့သော ၃ နှစ်ကာလအတွင်း ကျွန်တော် ကုရ်အံကို စတင် စိတ်ဝင်စားခဲ့ပါတယ်

-- ကျွန်တော့ရဲ့လေ့လာ တွေ့ရှိချက်နဲ့ ဒီညီလာခံက သိလာရတဲ့ အချက်တွေ ဒါတွေဟာ အမှန်တရားပါလို့ သိပ္ပံနည်းကျ သက်သေပြခဲ့တာတွေဟာ-- အားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က ပြောထားတဲ့ ကုရ်အံထဲမှာ မှတ်တမ်း တင်ပြီးသားတွေရှိချည်း ဖြစ်နေပါတယ်။ မုဟမ္မဒ်ဟာ ရေးတတ် ဖတ်တတ်သူ မဟုတ်ခဲ့ဘူး၊ သူ့ကို ဖန်ဆင်းရှင်လို့ ဖြစ်နိုင်တဲ့ အရှင်က သဗ္ဗညုဉာဏ် ကိန်းဝပ်ချမှတ်ပေးရာ ပရမတ္ထသစ္စာကိုသာ မှီတည်အားထားခဲ့သူ ဖြစ်ပါတယ်။ ထိုဖန်ဆင်းတဲ့ အရှင်ဆိုတာ ပရမတ်ဘုရားရှင်သာဖြစ်ရပါမယ်။ ဒါကြောင့်- ကျွန်တော် ယုံကြည်ပါတယ်၊ ဒီအချိန်ဟာ- ပရမတ်ဘုရားရှင်  မှ အပ အခြား ဘုရားဟူ၍ မရှိ၊ မုဟမ္မဒ်သည် အရှင်၏ ဉာဏ်စဉ်တော်ဆောင်ဖြစ်၏ဟု သစ္စာဆိုရမယ့် အချိန် ဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ နိဂုံးပြောလိုတာက- ဤသို့ ထည်ဝါ ကြီးကျယ်တဲ့ ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်တဲ့အတွက် အသိ အမှတ်ပြုပါတယ်။ ကျွန်တော်ကတော့ ဒီညီလာခံမှာ သိပ္ပံဆိုင်ရာ ရှုဒေါင့်၊ ဘာသာရေးဆိုင်ရာ ရှုဒေါင့်များအပြင်- တက် ရောက် ပါဝင်လာတဲ့ အထင်ကရ သိပ္ပံ ပညာရှင်ကြီးပေါင်းများစွာနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ ထိုအရာ အားလုံးထက် ပိုပြီး တန်ဘိုး မဖြတ်နိုင်သော ရရှိ မှုကတော့- မူဆလင် တစ်ဦးဖြစ်လာဘို့အတွက် `ပရမတ် ဘုရားရှင်မှ အပ အခြား ဘုရားဟူ သည်မရှိမုဟမ္မဒ်သည် အရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏ ဆိုတဲ့ လာအိလာဟ အိလ္လောဟ် မုဟမ္မဒ် ဒု ရစူလ်လို့လ္လာဟ် ဆိုတာပါပဲ။ 

ဦးဌေးလွင်ဦး