Friday, September 20, 2013

နံမည်ကြီး ထမင်းငတ် မွတ်စ်လင်နိုင်ငံများ

၂၀၁၃ (ဧပြီလအထိ) အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (United States Department of Agriculture) ကထုတ်တဲ့ ကမ္ဘာ့ သားငါးထုတ်လုပ်မူ့ မှတ်တမ်းတွင်...........

၂၀၁၃ ခုနစ် ဧပြီလအထိ တစ်နှစ်စာ တကမ္ဘာလုံး အမဲသားထုတ်လုပ်မူ့ ခန့်မှန်းခြေ ၅၇.၅၂၇ မီလီယံ မက်ထရစ်တန် ရှိ၍
(၁) ပထမ - အမေရိကန်နိုင်ငံ ၁၁.၃၈၆ မီလီယံ မက်ထရစ်တန်
(၂) ဒုတိယ - ဘရာဇီးနိုင်ငံ ၉.၅ မီလီယံ မက်ထရစ်တန်
(၃) တတိယ - ဥရောပယူနီယံ ၇.၇၃၅ မီလီယံ မက်ထရစ်တန်
(၄) စတုတ္ထ - တရုတ်နိုင်ငံ ၅.၅၉ မီလီယံ မက်ထရစ်တန်
(၅) ပဉ္စမ - အိန္ဒိယနိုင်ငံ ၃.၈ မီလီယံ မက်ထရစ်တန်

၂၀၁၃ ခုနစ် ဧပြီလအထိတစ်နှစ်စာ တကမ္ဘာလုံး ဝက်သားထုတ်လုပ်မူ့ ခန့်မှန်းခြေ ၁၀၇.၄၁၂ မီလီယံ မက်ထရစ်တန် ရှိ၍
(၁) ပထမ - တရုတ်နိုင်ငံ ၅၃.၈ မီလီယံ မက်ထရစ်တန်
(၂) ဒုတိယ - ဥရောပယူနီယံ ၂၂.၅၅ မီလီယံ မက်ထရစ်တန်
(၃) တတိယ - အမေရိကန်နိုင်ငံ ၁၀.၆၆၉ မီလီယံ မက်ထရစ်တန်
(၄) စတုတ္ထ - ဘရာဇီးနိုင်ငံ ၃.၃၇ မီလီယံ မက်ထရစ်တန်
(၅) ပဉ္စမ - ရုရှားနိုင်ငံ ၂.၁၅ မီလီယံ မက်ထရစ်တန်
(အလေးချိန်ကို CWE ဟုခေါ်သော တိရိစ္ဆာန်ကို သတ်ပြီးလျှင် ခေါင်း၊ကလီစာ၊အရေပြား များကိုဖယ်ပြီး metric tonနှင့် ချိန်စက်သည်)

၂၀၀၉ ခုနစ်မှ ၂၀၁၃ ခုနစ်အတွင်း တကမ္ဘာလုံး အမဲသားထုတ်လုပ်မူ့ အများဆုံး နိုင်ငံများစာရင်းတွင် မွတ်စ်လင်နိုင်ငံဆို၍ ပါကစ္စတန် တစ်နိုင်ငံသာလျှင် အဆင့် ၉ ချိပ်ပါသည်။

ကဲ သင်္ချာ စိတ်ဝင်းစားသော မိတ်ဆွေများ ၂၀၁၃ ခုနစ်အတွက် တစ်ကမ္ဘာလုံးတွင် မွတ်စ်လင်မဟုတ်သောနိုင်ငံများမှသတ်သော နွားအကောင်အရေအတွက်နဲ့ မွတ်စ်လင်နိုင်ငံများက သတ်သော နွားအကောင်အရေအတွက်ကို [ cattle weight at slaughtering - round about 0.5 ton or 500 kg] သတ်ခါနီး နွားတစ်ကောင်ရဲ့ အသားထွက်ရှိမူ့ ၀.၅ မက်ထရစ်တန် နဲ့တွက်ကြည့်စမ်းပါဗျာ။
ဘယ်သူတွေက ပိုရက်စက်နေကြသလဲလို့။

တစ်နှစ်ကို ဝက်ကောင်အရေအတွက် ဘယ်လောက်သတ်သလဲသိချင်ရင် သတ်ခါနီး ဝက်တစ်ကောင်ရဲ့ အလေးချိန်ကို ပျမ်းမျှခြင်း ၀.၁ မက်ထရစ်တန် နဲ့တွက်ကြည့်နိုင်ပါသည်။
၂၀၀၉ ခုနစ်မှ၂၀၁၃ (ဧပြီလအထိ) အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (United States Department of Agriculture) ကထုတ်တဲ့ ကမ္ဘာ့ သားငါးထုတ်လုပ်မူ့ မှတ်တမ်းတွင် http://www.fas.usda.gov/psdonline/circulars/livestock_poultry.pdf




Credit: Maung Khin

My Blog Labels


စာအုပ်များ ဒေါင်းရန်

မြန်မာမွတ်စလင်တို့၏ သမိုင်း
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ (ပသီဦးကိုကိုလေး)
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ (ဦးဘရှင်)
ဗမာမွတ်စလင် လူမျိုးစုပြသနာ (ပသီဦးကိုကိုလေး)
ရွှေဘိုသခင်ကြီး လေးပါးရာဇ၀င်နှင့် နန်းမျိုးနွယ် (၃၇၀၀) အကျဉ်း
သံတော်ဦးတင်လွှာ (ဦးနု)
ဦးနု စီရင်အပ်သော သုံးခန်းကျမ်း
ထင်ပေါ်ကျော်ကြား မြန်မာမွတ်စလင်များ
တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ
ကမန်မျိုးနွယ်စု သမိုင်း
ဗမက (ဗမာမွတ်စလင်) ကြေငြာစာတမ်း

အစ္စလာမ်သာသနာအပေါ် အမြင်မှားမှုများအား ရှင်းလင်းချက်
၇၈၆ ဆိုတာ
ဗလီ ဆိုတာ
ဂျီဟာ့ဒ် ဆိုတာ
ခရူးစိတ် စစ်ပွဲများ
The Prince of Peace
စောဒကနှင့် အဖြေ (၁) ဒေါက်တာ ဇာကိရ်နာက
စောဒကနှင့် အဖြေ (၂) ဒေါက်တာ ဇာကိရ်နာက်
အမျိုးပျောက်မှာ စိုးကြောက်စရာ ၀ါဒဖြန့်စာအုပ်အား ဖြေရှင်းချက
သမိုင်းဟူသည် (ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့် ကျမ်းငယ်)
သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (အာဖဂန်တွင် ဗုဒ္ဓဘာသာကွယ်ပျောက်ရသည့် အကြောင်း ဆောင်ပါးအား ဖြေရှင်းချက်)
အစ္စလာမ်သာသနာထွက် ဦးဆန်းလွင်အတွက် ဖြေရှင်းချက်အကျဉ်း
ဦးအေးလွင်မှ အစ္စလာမ်သာသနာထွက် ဦးဆန်းလွင်အတွက်အိတ်ဖွင့်ပေးစာ
ဘိုဘိုကျော်ငြိမ်းသို့ ပေးစာ (ရောမသားပိုတ်စ့်အား ချေပချက်)
ကျော်စွာ ၁၀၀ မှ နံပါတ်တစ် တမန်တော် မိုဟာမဒ် (ဆွ)
၉/၁၁ ရဲ့ အဓိက တရားခံက ဘယ်သူလဲ?
ကိုယ်တော် မိုဟာမဒ် (ဆွ) ၏ အိမ်ထောင်ရေးဘဝ
အစ္စလာမ်နှင့် မြန်မာမွတ်စလင်တို့အပေါ် အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းချက် စာတမ်း (ဒေါက်တာမြင့်သိန်း)
ဦးနေမျိုးဝေ၏ကုရ်အာန်အပေါ်စွပ်စွဲချက်အား Bsc. ဦးအေးလွင်၏ တုန့်ပြန်ဖြေရှင်းချက်


သာသနာများ၏ သမိုင်း
အစ္စလာမ်သာသနာ သမိုင်း
ဗုဒ္ဓသာသသနာ သမိုင်း
ခရစ်ယာန်သာသနာ သမိုင်း

အစ္စလာမ်သာသနာ
အလ္လာဟ်က လူတွေကို ဖန်ဆင်းပြီး ကစားနေသလား?
ကျမ်းမြတ်ကုရ်အာန်ကို သဘောပေါက်နားလည်စွာ ရွတ်ဖတ်ဖို့ လိုအပ်ပါသလား?
အစ္စလာမ်အေးရိပ်ဆာယာသို့ ပြန်လည် ခိုဝင်လာကြသူများ

သာသနာ အဖျက်လုပ်ရပ်များ
မီဒီယာလောကပေါ်မှ ဘာသာတရား (၁)
မီဒီယာလောကပေါ်မှ ဘာသာတရား (၂)
အကြမ်းဖက်သမား ဦးသုဇန
မွတ်စလင် ဗလီများ ဖျက်ဆီးခံရမှု့သတင်း

ကုရ်အာန် (မြန်မာဘာသာပြန်များ)
ကုရ်အာန် မြန်မာဘာသာပြန် (ဦးဌေးလွင်ဦး)
ကုရ်အာန် မြန်မာဘာသာပြန် (ဟာရှင်မ် တင်မြင့်)
ကုရ်အာန် မြန်မာဘာသာပြန် (ဂါဇီဟာရှင်မ်)
ကုရ်အာန် မြန်မာဘာသာပြန် အတွဲ (၁) (ဆော်ဒီဘုရင် ဖာ့ဒ်)
ကုရ်အာန် မြန်မာဘာသာပြန် အတွဲ (၂) (ဆော်ဒီဘုရင် ဖာ့ဒ်)
အာရဗီ မြန်မာ အဘိဓါန်
အာရဗီ သဒ္ဒါ (ျမန္မာ)

ပိဋိကတ်
ပိဋိကတ် မြန်မာဘာသာပြန်
ပါဋိ-မြန်မာ-အင်္ဂလိပ် အဘိဓါန် (ဦးဟုတ်စိန်)
ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ

ဘိုင်ဘယ်လ်
ခရစ်ယန် ဘိုင်ဘယ်လ် မြန်မာဘာသာပြန်

အစ္စလာမ် စာအုပ်စင်
MMSY အစ္စလာမ့် စာအုပ်စင်

Saturday, October 20, 2012

ဘာသာခြားများ မေးခွန်းများအတွက် အဖြေများ (၁၆)


မေးမြန်းသူ- ရဲနိုင်
ဖြေကြားသူ- သူရိယ
(၁) တခုလောက်ထပ်မေးမယ်နော်..နမက် ဖတ်တဲ့ခါမှာ... မတ်မတ်ရပ်တယ်.. ကုန်းတယ်.. ၀တ်လိုက်တယ်. အဲ့လို သုံးခု ဘာလို့လုပ်တာလဲအကို-
မြန်မာပြည်မှာ ဖာရ်စီ စကားနဲ့ အလွယ်သုံး နမာ့ဇ် ဖတ်တယ်လို့ ပြောတာပါ။ တစ်ကယ်တော့ ဆွလာဟ် ဖြစ်ပါ တယ်။ အလွယ်အားဖြင့် လက်ရှိ နမာ့ဇ် ကို ၀တ်ပြုဆုတောင်း မေတ္တာပို့ခြင်းလို့ နားလည်စေလိုပါတယ်။ ဘာသာ တိုင်းရဲ့ ၀တ်ပြုဆုတောင်းမှုမှာ ရပ်လျှက်၊ ထိုင်လျှက်၊ လျှောင်းလျှက်၊ ဦးညွှတ်လျှက်၊ ဦးချလျှက် ၀တ်ပြု ဆုတောင်းဘို့ သွန်သင်ပါတယ်။ (ဗုဒ္ဓဘာသာမှာလည်း ထိုနည်းပါပဲ။ သာသနာရေး ဦးစီးဌာနက ထုတ်တဲ့ ဗုဒ္ဓဘာသာကောင်း တစ်ဦး စာအုပ်က ဘုရားရှိခိုး အမျိုးမျိုး မှာ ဖတ်ကြည့်ပါ။) အစ္စလာမ်က အဲ့ဒီ အချက်တွေ အားလုံးပါဝင်အောင် ရပ်လျှက်၊ ဦးညွှတ်လျှက်၊ ဦးချလျှက်၊ ထိုင်လျှက်- (နာမကျမ်းတဲ့အခါများမှာ လှဲလျှောင်း လျှက်) ၀တ်ပြုပါတယ်။ (ရပ်စဉ်၊ ထိုင်စဉ်၊ ဦးညွှတ်စဉ် ဘာတွေကို ရွတ်ဖတ်သလဲ မမေးတော့ မဖြေသေးဘူး နော်)

(၂) နမက် လုပ်ပြီးခါနီးမှာ ဘာလို့ ခေါင်းကို ဘယ်ကိုလှည့်လိုက် ညာကိုလှည့်လိုက်လုပ်တာလဲအကို
လက်ျာဘက်မှာ ရှိနေတဲ့ သဗ္ဗေသတ္တာ၊ သတ္တ၀ါ အပေါင်း ငြိမ်းချမ်းသာယာပါစေ၊ လက်ဝဲဘက်မှာ ရှိနေတဲ့ သဗ္ဗေသတ္တာ၊ သတ္တ၀ါအပေါင်း ငြိမ်းချမ်းသာယာပါစေလို့ မေတ္တာပို့ပေးတာပါ။ (ရွတ်ဖတ်တဲ့ စာသား အတိုင်း ပြောလိုက်တာပါ။)

(၃) ဆွန်နီနဲ့ ရှီးယားဘာလို့ ကွဲရတာလဲအကို-
အုပ်ချုပ်မှု အာဏာ လုရာက စတင်ကွဲပြားကြတာပါ။ အစ္စလာမ့်ဥပဒေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးမှု ဧရိယာ ကျယ်ဝန်းလာပြီး လူဦးရေ ပိုမိုများပြားလာတဲ့အခါ- အဲ့ဒီ လူထုနဲ့ နယ်မြေကို အုပ်ချုပ်စိုးမိုးလိုတဲ့ စိတ်နဲ့ ခေါင်းဆောင်တွေ သဘောထား ကွဲတာက စတာပဲ။ (internet စာမျက်နှာတွေမှာ ရှိပါတယ်။) အခြားဘာသာများလို အခြေခံ ဘာသာရေး ယုံကြည်မှု ကွဲပြားရသည်ထိ မကွဲကြပါ။

(၄) ကိုရမ် ကျမ်းစာကို ပြန်လည်ရှင်းပြထားတဲ့ စာအုပ်ဘယ်လောက်ရှိလဲအကို .. တနည်းဆိုသော် ကိုရမ်အလင်းပြလို့ ခေါ်တာပေါ့နော်..
တိုင်းပြည်တိုင်းမှာ ခေတ်တိုင်းနီးပါးမှာ ရှိတာ ဆိုတော့ မြောက်များစွာပါပဲ။ မူရင်းစာလုံးက တိုက်ရိုက် ဘာသာပြန်တော့ ကွဲပြားမှု မရှိဘူး- ဦးတည်တဲ့ပရိတ်သပ်ပေါ် မူတည်ပြီး ရှင်းပြတဲ့ စကားလုံး (ရှင်းလင်း ချက်တွေကတော့ သူ့လူထုနဲ့ သူ့ခေတ်နဲ့ သူ့ပညာအလျှောက် မတူတာတွေ ရှိပါတယ်)

(၅) အကို အာရပီနဲ့ နမက်ကိုဖတ်တာလား.. ဥုရတူ ဘာသာနဲ့ဖတ်တာလားအကို-
ဆွလာ့ဟ် ဆောက်တည်တဲ့ အထဲမှာ ရပ်စဉ် ရှေ့ဆောင်က ကုရ်အံကို သင်ပေးတယ်။ (တစ်ပိုဒ်ချင်းပေါ့)။ ဒါကြောင့် မွတ်စလင်အားလုံးအတွက် ဘုံစကား အာရ်ဗီလို ရွတ်ပြတယ်။ ဦးညွတ်ဘို့ ဦးချဘို့ (တိုင်ပင်) ချိန်ပေးတဲ့အခါမှာလည်း အာရ်ဗီလို တိုင်ပင်ပေးတယ်။ ဒီတော့ အားလုံးက အားလုံး တစ်ကမ္ဘာလုံးက အာရ်ဗီလိုပဲ ရွတ်ဆိုရပါတယ်။ မိမိတစ်ဦးတည်း အသံတိတ် မေတ္တာပို့တဲ့ အခါမှာတော့ မိမိရဲ့ အားသန်ရာ မိခင်စကားနဲ့ မေတ္တာပို့ခွင့်ရှိပါတယ်။

(၆) အကိုဖတ်တဲ့ နမက်ကို အာရဗီလို မြန်မာစာလုံးပေါင်းလေးနဲ့ ရေးပြပါလားအကို-
ကုရ်အံ တစ်အုပ်လုံးကို ရေးပြရမှာ ဆိုတော့ မဖြစ်နိုင်ဘူး ညီလေး။ ညီလေး လေ့လာလိုရင် ကုရ်အံ တစ်အုပ်လုံးကို အသံနဲ့ ဖိုင်တွေ youtube တို့မှာ ရှိနေတယ်။ အဲ့ဒီမှာ နားထောင်ယူပါ။ အဲ့ဒီ တစ်အုပ်လုံးထဲက ကြိုက်တဲ့ အပိုဒ်တွေကို ဆွလာဟ်မှာ ရွတ်ဆိုတာပဲလေ။

(၇) ရမ်ဇမ် နှစ်ခုရှိပါတယ် ..ကုလားလိုတော့မရေးတော့ပါဘူး မြန်မာလိုသာရေးပြပါ့မယ်အကို.. မုန့်အိဇ် နဲ့ အသားအိဇ်ပေါ့နော်.. ဘာလို့ မုန့်အိဇ်နဲ့ အသားအိဇ်လို့ နှစ်မျိုးကွဲရတာလဲအကို
ရမ်ဇမ် နှစ်ခု မဟုတ်ဘူး ညီလေး။ ရာမ်ဿွန် (စာလုံးပေါင်း အသံထွက်အမှန်)က လ ရဲ့ အမည်ပါ။ လ ဆိုတာက ကောင်းကင်က လ မဟုတ်ဘူး။ တစ်နှစ်မှာ ၁၂ လ ရှိတဲ့ အထဲက လ တစ်လ ရဲ့ အမည် ဖြစ်ပါတယ်။ အဲ့ဒီ ရာမ်ဿွန်ရဲ့ အဓိပ္ပါယ်က ကျွမ်းလောင်ခြင်း၊ ကျွမ်းလောင်အောင် ခံစားစေခြင်းလို့ ဖြစ်တယ်။ တနည်းအားဖြင့် ဆာလောင်မွတ်သိပ်ခြင်း ရသကို ခံစားစေတဲ့ လ လို့ ဖြစ်တယ်။ ဒီလမှာ အစ္စလာမ် ဘာသာဝင်တွေက ဥပုသ်သီလ စောင့်တည်တယ်။
ညီလေး ပြောလိုတာက အီးဒ် နှစ်မျိုး အကြောင်းပါ။ အီးဒ် ဆိုတာ ပွဲတော် (ပျော်ရွှင်ဘွယ် ကျင်းပသော ပွဲတော်) လို့ ဖြစ်ပါတယ်။ အာရ်ဗီစကားမှာ ပွဲတော်တိုင်းကို အီးဒ် လို့ ခေါ်ဆိုပါတယ်။ လွတ်လပ်ရေး ပွဲတော်ကိုလည်း အီးဒ်လို့ ခေါ်တာပဲ။ တန်ဆောင်တိုင် ပွဲတော်ကိုလည်း အီးဒ်လို့ ခေါ်တာပဲ။
ဒီမှာ ဘာပွဲတော်လည်း ဆိုတာက ရှေ့က ဆက်တဲ့ စကားလုံးပေါ် မူတည်ပါတယ်၊ ဥပမာ ခရစ်မတ်စ် ပွဲတော် ဆိုပါတော့- အီးဒူလ် မီလာ့ဒ် လို့ခေါ်တယ်။
မွတ်စလင်များကတော့ အီးဒ်ဒူလ် ဖီေဿလ် နဲ့ အီးဒူလ် အဿွာဟာ ဆိုတာကို ကျင်းပပါတယ်။ အီးဒူလ် ဖီေဿလ်က ၀ါကျွတ်ပွဲတော် ဖြစ်ပြီး၊ အီးဒူလ် အဿွာဟာက- ဟာ့ဂ်ျ အထိမ်းအမှတ် ပွဲတော် ဖြစ်ပါတယ်။ (ဟာ့ဂ်ျကို အောက်မှာ ကြည့်ပါ။)

(၈) အာလင်ဆိုတာ သိလားအကို
အေလင် ဆိုတာက ပညာ လို့ ဖြစ်တယ်။ အာ လင်မ် ဆိုတာက ပညာတတ် လို့ ဖြစ်ပါတယ်။

(၉) အကိုက အာလင်လား အကိုက အာဝမ် လားအကို-
ဉာဏ်မပေါက်မြောက်သေးတဲ့ သူတိုင်းက အာလင်မ် လည်း ဖြစ်နိုင်တယ်၊ အာဝမ် (ပညာ မတတ်သေးသူ)လည်း ဖြစ်နိုင်တယ်။ ဥပမာ အကိုက သမိုင်းပညာကို တတ်တယ် ဆိုပါတော့၊ သမိုင်း ပညာရှင် အဆင့်ထိ တတ်တယ် ဆိုပါတော့- အကိုဟာ သမိုင်းပညာမှာ အာလင်မ် ဖြစ်နေပေမယ့်- အခြားတစ်ဘက်- နိုင်ငံရေးပညာ၊ သိပ္ပံပညာ၊ ပထ၀ီပညာ- စတာတွေမှာ ပညတ်မတတ်သေးသူ (အာဝမ်) ဖြစ်ပါတယ်။

(၁၀) ဥပုသ်စောင့်ဖူးလားအကို၊ အကိုက အာလင်လဲ မဟုတ်၊ အာဝမ်လည်း မဟုတ်၊ ဘာကြောင့် ဥပုသ်စောင့် တဲ့ခါမှာ အစာကို မစားဘဲနေရတာလဲ.. ရေကိုမသောက်ပဲနေရတာလဲ အကို
ဘာသာရေးကို တတ်အားသမျှ လိုက်နာခြင်းဟာ အဲ့ဒီ ဘာသာကို ယုံကြည်သူတိုင်းရဲ့ တာဝန်ပါ။ ငါက ဘုန်းကြီးမှ မဟုတ်ဘဲ အရက်သောက်လို့ ရတာပေါ့- ဆိုတဲ့ ဆင်ခြေမျိုးက ဘာသာ သာသနာတွင်းမှာ မသင့်တော်တဲ့ ဆင်ခြေမျိုးသာ ဖြစ်ပါတယ်။
ဘာသာတရားတိုင်းရဲ့ ဥပုသ်သီလ စောင့်တည်မှုမှာ အစာရေစာ ရှောင်ကြည်ခြင်း ရှိနေပါတယ်။ (၀ိနည်း မတူလို့ လုံးဝ တစ်ထပ်တည်း မတူပေမယ့်- အစာမစားပဲ နေတာခြင်းတော့ တူပါတယ်။) ဒီမှာ ဆာလောင်မှု ရသ၊ ဆာလောင်လာလို့ ဆာလောင်မှုကိုသည်းခံရတဲ့ ရသ၊ အစာရေစာ ငတ်မွတ်နေသူတို့ ဘယ်လို ခံစားရမလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်များကို ခံစားရမှာပါ။ ဒါတွေ အားလုံးက ရသတွေချည်းပါပဲ။ ဒါတွေကို ခံစားတတ်စေလို လို့ ဖြစ်ပါတယ်။ ဘုန်းကြီးတွေကို မေးကြည့်ပါ- ဥပုသ်စောင့်ရင် ဘာဖြစ်လို့ အစာမစားဘဲ ရှောင်နေရတာလဲ လို့ ညီလေး ရလာတဲ့ အဖြေကို ပြန်ပေးပါ။ အကို ဆက်ဆွေးနွေးပေးပါမယ်။

(၁၁) အကို အီမန် ဆိုတာကို ဘယ်လိုနားလည်ထားလဲအကို
အီမာန် ဆိုတာ ယုံကြည်သက်ဝင်ခြင်း ဖြစ်ပါတယ်။

(၁၂) ဒါနဲ့ ဟာခ်ျ လုပ်တာ.. ဘာကြောင့်လုပ်တာလဲအကို.. ဘာကြောင့် လူတွေမက်ကာမှာ သွားပြီး ဟာခ်ျ လုပ်ကြတာပါလဲအကို-
ဟာ့ဂ်ျ လုပ်တာက ကံဆောင်ပရိဝါ့သ် ပြုတာပါ။ မက္ကာဟ်မှာ သွားရောက်ပြီး ကံဆောင်ပရိဝါ့သ် ပြုတာက မက္ကာဟ်ရှိ ကာအ်ဘာ ၀တ်ကျောင်းတော်ကို ကံဆောင်ပရိဝ့ါသ်ပြုဘို့ နေရာ အဖြစ် ဘုံ သတ်မှတ်ထားလို့ ဖြစ်ပါတယ်။

(၁၃) ဟာဂ်ျ လုပ်တာနဲ့ ရဟန်းဝတ်တာလို့ ဘယ်လို အချက်ကြောင့် ခိုင်းနှိုင်းနိုင်တာလဲ အကို
ကံဆောင် ပရိဝါ့သ် ပြုစဉ်မှာ (၁) ဆံပါယ်ရတယ် (၂) အသက်သတ်ခြင်းမှ ရှောင်ရတယ် (၃) မေထုံမှုမှ ရှေုာင်ရတယ်၊ (၄) ဖရုသ၀ါစာ ပြောဆိုခြင်းမှ ရှောင်ရတယ် (၅) ရန်လိုမုန်းထားမှုများ အားလုံးကို ဖယ်ဖျက် ပစ်ရတယ်။ (၆) ၀တ်ကြောင့်စွန့်ရတယ်။- ဒါတွေကြောင့်ပါ။

(၁၄) အကို့ကို အသက်ဘယ်လောက်မှာ မွတ်စလင် ဘာသာအဖြစ်သွတ်သွင်း ခဲ့တာလဲ အကို.. မွတ်စလင်ဘာသာရဲ့ ထုံးစံအတိုင်း ဘယ်အရွယ်မှာ ဘာသာကိုသွတ်သွင်းရပါသလဲအကို ..
ဒီမေးခွန်းလေးက သိပ်စိတ်ဝင်စားစရာပဲ။ လူတွေဟာ ကိုယ်တွေ့ကို ခံစားတတ်လေ့ ရှိတော့ ညီလေးက အခု ယုံကြည်နေတဲ့ ဘာသာထဲကို သွတ်သွင်းခံလိုက်ရတာလား။ တစ်မျိုး မထင်နဲ့နော်-၊ အကိုကတော့ သွတ်သွင်းခံ ရတဲ့ ခံစားချက်မျိုး တစ်ခါတစ်ရံမှ မကြုံဘူးခဲ့ဘူး။ အစ္စလာမ် သာသနာမှာ သူများကို သွတ်သွင်းခွင့် မရှိဘူး။ မေးလာသူကို ဆွေးနွေးခွင့်ရှိတယ်။ ဒါတောင် ရန်ကို ရှောင်ရတယ်။ အစ္စလာမ် သာသနာကို လေ့လာရင်း နှစ်သက် လာသူက အစ္စလာမ် အဖြစ် ခံယူခွင့်ရှိတယ်။ ဒါဟာ တစ်သီးပုဂ္ဂလ လွတ်လပ်ခွင့်ထဲမှာ ရှိနေတာပါ။

(၁၅) Islam ၇ဲ့ ဆိုလိုရင်းက ဘာလဲအကို
အစ္စလာမ် ရဲ့ အဓိပ္ပါယ်က (ငြိမ်းချမ်းရေး ဖြစ်တယ်။) အဲ့ဒီ စကားလုံးက မွတ်စ်လင်မ် လို့ ဆင့်ပွားပြီး ငြိမ်းချမ်း ရေးကို ဆောင်ရွက်သူ လို့ဖြစ်တယ်။

(၁၆) အကို တနေ့ကို နမက် ဘယ်နှစ်ကြိမ်ဖတ်ပါသလဲအကို.. မွတ်စလင် နိုင်ငံတွေမှာတော့ ကိုရမ် အပြင်ကို ရှရီရက် ဥပဒေနဲ့ပါ အုပ်ချုပ်ပါတယ်အကို. ဒီတော့ အကို ရှရီယက် ဥပဒေဆိုတာကို သိပါသလားအကို။ ရှရီရက် ဥပဒေကို ဓမ္မလို့ပြောမလား အဓမ္မလို့ ပြောမလားအကို-
ဆွလာ့ဟ် ရုပ်ပြလေ့ကျင့်မှုကို တစ်နေ့မှာ ငါးကြိမ်သတ်မှတ်ထားတယ်။ ဘက်ထရီတစ်ခုကို အားဖြည့်သလိုပါပဲ။ ပြီးရင် ဆွလာဟ်ထဲမှာ မိမိကိုယ်တိုင် ရွတ်ဖတ်ခဲ့တဲ့ လူ့စည်းကမ်းသွန်သင်မှု (ကုရ်အံစာသားနဲ့)အတူ အပြင် လောကမှာ တစ်နေ့လုံး ကျင့်ဆောင်စေတယ်။ ဒါကြောင့် ဆွလာဟ်ကို တစ်ကယ့် နားလည်သူများက တစ်နေ့ လုံး ဆွလာဟ်ထဲမှာ ရှိနေပြီး တစ်ကယ် နားမလည်သူကတော့ ဘက်ထရီ ဖြည့်ထားလျှက် မသုံးပဲ ထားတဲ့ လျှပ်စစ်မီး သဘောပါပဲ။
ရှရီအာ့တ် ဆိုတာက အဓိပ္ပါယ်အားဖြင့် ဥပဒေ၊ ပညတ်၊ ၀ိနည်း လို့ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ဥပဒေ ဆိုတာရှိ တော့ နိုင်ငံတိုင်းမှာ ရှရီအာ့တ်နဲ့ အုပ်ချုပ်တာပါ။ ဥပဒေကို အသုံးချတဲ့ လူတစ်ဦးချင်းစီ မူတည်ပြီး ဓမ္မ- အဓမ္မ ဆိုတာ ခံစားလာရခြင်း ဖြစ်ပါတယ်။

(၁၇) တခနမူနာလေးကိုပြပါ့မယ်အရက်သောက်ရင် ရှရီယက် ဥပဒေအရ.. ဘာလုပ်ရမလဲ အကို သူများ ပစ္စည်းခိုးရင် ရှရီယက် ဥပဒေအရ.. ဘာလုပ်ရပါသလဲအကို သူများ သားမယားနဲ့ ဖောက်ပြားရင်..ရှရီယက် ဥပဒေအရ ဘာလုပ်ရပါသလဲ။ ကျူးလွန်းသူရဲ့ လုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရခြင်းပဲလို့ အကိုက ဆိုခဲ့ရင် ပြန်လည်ပေးဆပ်ချင်းဆိုတဲ့နေရာမှာ ပေးဆပ်ရတာမဟုတ်ဘဲ တောင်းယူသွားတယ်လို့ ဆိုချင်တယ် အကို။ ပြန်ပေးဆပ်တယ်ဆိုတဲ့ စကားရပ်မှာ ကျေကျေနပ်နပ်နဲ့ ပေးတာ။
မြန်မာနိုင်ငံမှာကော- အရက်သောက်ရင် ဘာလုပ်သလဲ၊ ခိုးရင် ဘာလုပ်သလဲ၊ သူများမယားကို ကြာခိုရင် ဘာသလုပ်သလဲ ဆိုတာတွေကို ပြန်လေ့လာစေလိုတယ်။ နိုင်ငံတစ်ခုချင်းစီကို လေ့လာစေလိုပါတယ်။ နိုင်ငံ တစ်ခုချင်းစီက ပြဌာန်းထားတဲ့ ဥပဒေများကို အဲ့ဒီ နိုင်ငံက လူတွေ လိုက်နာရမှာပါ။ မလိုက်နာရင် ဘယ်လို အပြစ်ပေးမယ် ဆိုတာကိုလည်း နိုင်ငံတိုင်းမှာ ပြဌာန်းပြီး ရှိပါတယ်။ မလိုက်နာရင် အဲ့ဒီ ဥပဒေ အတိုင်း ခံရမှာပါ။ မြန်မာနိုင်ငံမှာ- နိုင်ငံတော်ကို သစ္စာဖေါက်ရင်၊ သို့မဟုတ် လူသတ်ဓါးပြ အလောင်းဖျောက်ရင် သေဒဏ် ရှိနေပါတယ်။ ဒါပေမယ့် နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်တို့မှာ ဘာလုပ်လုပ် အများဆုံးသော ပြစ်ဒဏ်ဟာ ထောင် ၁၅ နှစ်မျှသာ ဖြစ်တယ်။ ဒါကြောင့် အဲ့ဒီ နိုင်ငံတွေက သေဒဏ်စနစ်ကို ဖျက်သိမ်းဘို့ မကြာခဏ တောင်းဆိုပါတယ်။ ဒါပေမယ့် အမေရိကန်ကိုယ်တိုင်က သေဒဏ်စနစ် ဖျက်သိမ်းပေးမှုကို လက်မခံပါ။ အမေရိကန်မှာလည်း ပြစ်မှု ဒီကရီအရ သေဒဏ်မိန့်ရှိနေပါတယ်။ ဒါတွေကို ခွဲခြား နားလည်နိုင်အောင် အရင်အဦး လေ့လာစေလိုပါတယ်။

အခု မွတ်စလင်တိုင်းပြည်ပေါ့နော်..ပြန်ကြည့်ပါ..အဲ့လို ပြန်ပေးဆပ်တယ်ဆိုတဲ့ စကားရပ်နဲ့ ညီမညီကို အကို youtube မှာ ရှာကြည့်စေချင်ပါတယ် အကို သူတို့ မျက်နှာတွေဘယ်လိုဖြစ်နေတယ်ဆိုတာကို တကယ်ပြန် ပေးဆပ်သူတွေ ..ပြန်ပေးဆပ်နေရတာတွေ ဟုတ်လားဆိုတာကိုပါ အကို
Youtube အပါအ၀င် media တိုင်းမှာ ဘက်ပေါင်းစုံ အမြင်ပေါင်းစုံက တင်ထားတာပါ။ ဘာသာတစ်ခု ကို ချီးမွမ်းတာများ တင်ထားသလို ပုတ်ခတ်တာများလည်း အများကြီးပါ။ မြန်မာဘုန်းကြီးများ သင်္ကန်းကြီးနဲ့ မိန်းမနဲ့ ကာမဆက်ဆံနေတာတွေလည်း ရှိပါတယ်။ အလားတူ ခရစ်ယာန်များကို ပုတ်ခတ်ထားတာတွေလည်း အများကြီးပါ။
လူသတ်ပွဲများ ဆိုရင်လည်း ကရင်နဲ့ ဗမာသတ်ပွဲ၊ ဗမာတွေက ရှမ်းမတွေကို မဒိန်းကျင့်မှု များစွာ ရှိနေပါတယ်။ ဒါကြောင့် ဒါတွေကို ဆွေးနွေးလိုရင် ညီလေးအနေနဲ့ မီဒီယာ ပညာ သို့မဟုတ် မီဒီယာ သင်တန်းတစ်ခုကို အရင် အဦးကျေညက်အောင် လေ့လာစေလိုတယ်။

ကျနော်အကို့ကို အများကြီး မမေးသေးပါဘူးအကို.. အငြင်းပွားနိုင်မဲ့ အကြောင်းအရာတွေကို ရှောင်ပြီးတော့ မေးလိုက်တာပါအကို..
ညီလေးဘက်က ရိုးသားရင် ကြိုက်တာကို မေးလို့ ရပါတယ်။ ဘာသာတိုင်းကို မေးလို့ရပါတယ်။ 

အများပြောနေတဲ့ ဂျီဟတ်တို့ အကြောင်းတွေ ကျနော်မဆွေးနွေးပါဘူးဘာလို့လည်းဆိုတော့ ကျနော်က အကိုရဲ့ ယုံကြည်မှု့အတိုင်းအတာနဲ့ အကို့ရဲ့ခံယူချက်ကလေးကို သိရုံမျှလောက်ကိုသာ မေးမြန်းလိုက်တဲ့သဘောပါနော်..
တစ်ကယ် ဆွေးနွေးလိုရင် မေးလို့ရပါတယ်။ အကို့ ယုံကြည်မှုကို သိလိုလို့ မေးတယ် ဆိုတော့ ညီလေး ယုံကြည်မှုကိုရော မေးမြန်းခွင့် ရှိမလား-။ မေးမြန်းနိုင်တယ် ဆွေးနွေးနိုင်တယ် ဆိုရင် ညီလေးယုံကြည်တဲံဘာသာကို ဘာကြောင့် ယုံကြည်သလဲ- ညီလေး ယုံကြည်တဲ့ ဘာသာတရားက ပြောတဲ့ ကျမ်းစာအတိုင်း တစ်ကယ် ယုံကြည်ပါသလား-- ဆိုတာလေး ဖြေပေးစေလိုပါတယ်။