ထယ်ထိုးတာ၊ မြောင်းဖော်တာ၊ ထွန်ချတာတွေနဲ့ လယ်မြေတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတာ အသေးစိတ်ဖော်ပြထားတဲ့ စာအုပ်တွေကိုလည်း ရေးသား ခဲ့ကြပါတယ်။ မြေဆီနဲ့ ရေကို အရည်အသွေးအလိုက် အဆင့်ခွဲတာတွေကိုလည်း မွတ်စလင်လယ်သမားတွေက စတင်ခဲ့တာဖြစ်ပါတယ်။ တော်လေဒိုဒေသ အုပ်ချုပ်ရေးမှူးရဲ့ ဥယျာဉ်မှူး အစ်ဗနေ့ ဘာဆဲလ် (Ibn Bssal) ဟာ ၁၀၈၅ ခုနှစ်မှာ Book of Agriculture (စိုက်ပျိုးရေးဆိုင်ရာကျမ်း) ကို ရေးသားခဲ့ပါတယ်။
ဆီးဗီးလားက ၁၂ ရာစု ရုက္ခဗေဒပရှင် အစ်ဗနေ့ အလ်-အောင်ဝမ် (Ibn al-Awwam) က ဂရိ၊ အီဂျစ်နဲ့ ပါရှန်ပညာရှင်တွေ အရင်က လေ့လာဖော်ထုတ်မှုတွေကို စုစည်းကာ ကဏ္ဍပေါင်း ၃၄ ခုပါတဲ့ စိုက်ပျိုးရေးကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပါတယ်။ အပင်တွေအကြောင်းအပြင် ဒီစာအုပ်မှာ တရိစ္ဆာန်မွေးမြူခြင်းဆိုင်ရာ နည်းလမ်းတွေ၊ လယ်သမားတွေအတွက် အဖိုးတန်အကြံပြုချက်တွေလည်း ပါဝင်ပါတယ်။ အပင်ပေါင်း ၅၈၅ ခုအကြောင်း ဖော်ပြထားရာမှာ သီးပင်စားပင်ပေါင်း ၅၀ ပါဝင်ပြီး ကိုင်းကူးကိုင်းဆက်နည်း၊ မြေဆီပြုပြင်မှု၊ သဘာဝမြေသြဇာ အသုံးပြုမှု၊ အပင်ဖျက်ပိုးအကြောင်းနဲ့ နှိမ်နှင်းမှုနည်းလမ်းတွေ၊ ခြံစိုက်နည်း၊ ရေးပေးနည်း၊ ပျိုးထောင်နည်းတွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။
အလ်-အောင်ဝမ်ရဲ့ ဒီစာအုပ်ာဟာ လယ်သမားတွေရဲ့ လက်စွဲစာအုပ်ဖြစ်ခဲ့ပြီး ၁၈ ရာစုအဆုံးပိုင်းနဲ့ ၁၉ ရာစု အလယ်ပိုင်းအထိ ပြင်သစ်၊ စပိန်ဘာသာစကားတွေနဲ့ အကြိမ်ကြိမ် ရိုပ်နှိပ်ထုတ်ဝေခဲ့ရပါတယ်။
သက္ကရာဇ် ၉၆၁ ခုနှစ် ကော်ဒိုဘာမှာ တော်တော်လေးကိုတိကျတဲ့ လယ်သမားသုံး ပြက္ခဒိန်တစ်ခု ပေါ်ထွက်ခဲ့ပါတယ်။ တစ်လချင်းစီမှာ လယ်သမားတွေ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ သီးနှံစိုက်ပျိုးရမယ့် အချိန်တွေ၊ ဂေဟစနစ်ပြောင်းလဲမှုတွေကို ဒီပြက္ခဒိန်မှာ အပြည့်အစုံ ထည့်သွင်းထားပါတယ်။
အလယ်ခေတ် မွတ်စလင် စိုက်ပျိုးရေးပညာရှင်ကြီးတွေဟာ သူတို့ရဲ့ ပညာရပ်တွေကို အိတ်သွန်ဖာမှောက် မျှဝေခဲ့ကြပါတယ်။
မွတ်စလင် စိုက်ပျိုးရေးပညာရှင်ကြီးတွေဟာ အပင်ဖျက်ပိုးမွှား နှိမ်နှင်းမှု၊ ပေါင်းသင်မှု၊ ရိတ်သိမ်းမှုနဲ့ သိုလှောင်သိမ်းဆည်းမှု နည်းလမ်းတွေကိုလည်း လေ့လာဖော်ထုတ်ခဲ့ပါတယ်။ ဆန်ကို ပုံစံအမျိုးမျိုး ချက်ပြုတ်မှုနဲ့ပတ်သက်ပြီး အစ်ဗနေ့ အလ်-အောင်ဝမ်ဟာ ထောပတ်၊ အုန်းဆီ၊ နို့တွေနဲ့ ချက်ပြုတ်စားသောက်တာဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုခဲ့ပါတယ်။ အလ်မိုဟဒ်မင်းဆက် (Almohad) လက်ထက်မှာ အမည်မသိ စာရေးဆရာတစ်ဦးဟာ Cookery Book of Maghrib and Andalusia (မဂ်ရစ်ဘ်နှင့် အန်ဒါလူစီယာမှ ချက်နည်းပြုတ်နည်း) ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး အရသာရှိကာ လူကြိုက်များတဲ့ ဆန်မုန့် ၅ မျိုး အပါဝင် ချက်နည်းပြုတ်နည်း တော်တော်များများ ပါဝင်ပါတယ်။
လယ်ယာစိုက်ပျိုးရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက မြေဆီသြဇာ မျှတဖို့ဖြစ်ပါတယ်။ ဒီ နည်းလမ်းကို စိတ်ဝင်တစားနဲ့ သေသေချာချာ လေ့လာဖော်ထုတ်နေကြပေမယ့် လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကထက် များများစားစား ခြားနားသွားတာမျိုး မရှိပါဘူး။ အလယ်ခေတ် မွတ်စလင်တွေဟာ သဘာဝမြေသြဇာအတွက် ခိုချေးတွေကို အသုံးပြုပြီး ဒီကနေ့ခေတ် အသုံးအနှုန်းအရတော့ သဘာပတ်ဝန်းကျင်နဲ့ မျှတဆီလျော်ပြီး အော်ဂဲနစ်စစ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။
အီရန်နိုင်ငံတစ်ဝှမ်းမှာ ခိုတွေနားနေဖို့အတွက် ရွှံ့နဲ့ ဆောက်လုပ်ထားတဲ့ မျှော်စင်ကြီးတွေ အမြောက်အများရှိပြီး ဒီမျှော်စင်တွေမှာ ခိုအိမ်လေးတွေကို ဖန်တီးပေးထားပါတယ်။ ၁၈ မီတာကနေ ၂၁မီတာ (ပေ ၆၀ မှ ၇၀) အထိ မြင့်စွင့်ပြီး သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်တဲ့ ခိုမစင်တွေကို ရယူဖို့၊ ခိုတွေ သားပေါက်စေဖို့ ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီမျှော်စင်တွေကို တစ်နှစ်တစ်ခါ သန့်ရှင်းလေ့ရှိပြီး ရရှိတဲ့ခိုချေးတွေကို အနီးအနားက လယ်ယာတွေမှာ မြေသြဇာအဖြစ် အသုံးပြုပါတယ်။ တစ်ချိန်က အီရန်နိုင်ငံ အစ္စဖာဟန်မြို့အပြင်ဖက်မှာ ဒီလို မျှော်စင်ပေါင်း ၃၀၀၀ လောက်ရှိတယ်လို့ ပြောစမတ်ရှိပါတယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
Credit: Pacific Ba Thein
Sunday, December 2, 2018
ခေတ်ရှေ့ပြေးခဲ့ပြီး ဂေဟစနစ်နဲ့လျော်ညီတဲ့စိုက်ပျိုးမှုနည်းလမ်းတွေဟာ မွတ်စလင်မ်တွေ စတင်ခဲ့ခြင်းဖြစ်။
Tuesday, November 27, 2018
လူသားအားလုံး ကမ္ဘာဥိီးစုံတွဲမှဆင်းသက်လာဟု သိပ္ပံပညာရှင်များတွေ့ရှိခဲ့၍ အာဒမ်နှင့်ဧဝမှ ပေါက်ဖွားလာဖွယ်ရှိဟုဆို
News - The Mirror UK daily
လန်ဒန်၊ နိုဝင်ဘာ(၂၆)
ယနေ့ခေတ် လူသားများအားလုံး စုံတွဲတစ်ခုတည်းမှ ပေါက်ဖွားလာသည်ကို သိပ္ပံပညာရှင်များက သက်သေပြသခဲ့ပြီးနောက် အာဒံနှင့်ဧဝမှ ဆင်းသက်လာသည်ဟူသော အဆိုမှာ အမှန်တကယ် အဖြစ်မှန်တစ်ခု ဖြစ်လာဖွယ်ရှိသည်။
လူသားအားလုံးမှာ စုံတွဲတစ်ခုတည်းမှ ဆင်းသက်လာသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည့် အတွက်ကြောင့် အာဒမ်နှင့်ဧဝတို့မှာ ပထမဆုံး ကမ္ဘာဦး အမျိုးသား အမျိုးသမီးစုံတွဲဖြစ်သည်ဟူသောအဆိုကို သက်သေပြသပြီး ဖြစ်ဖွယ်ရှိသည်။
ကြီးမားသော ဆန်းစစ်လေ့လာမှုများက လူသားမျိုးနွယ်တစ်ခုလုံး ဆင်းသက်လာမှုကို ကောက်ချက်ချခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀၀ မှ ၂၀၀၀၀၀ ကြား အရွယ် ရောက်သူ စုံတွဲတစ်ခု ပေါင်းစည်းမှုမှ ကျွန်ုပ်တို့ လူသားများ ပေါက်ဖွားလာသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
မတူညီသော မျိုးစိတ်ပေါင်း ၁၀၀၀၀၀ မှ လူအပါအဝင် သတ္တဝါပေါင်း ၅၀၀၀၀၀၀ ၏ မျိုးဗီဇဘားကုဒ်များကို တိုင်းတာလေ့လာခဲ့သော သိပ္ပံပညာရှင်များက ကမ္ဘာဦးစုံတွဲတစ်ခုတည်းမှ လူသားမျိုးနွယ် ပေါက်ဖွားလာသည်ကို တွေ့ရှိခဲ့သည်။
လူသားများသာမက တိရစ္ဆာန်မျိုးစိတ် ၁၀ ခုတွင် ၉ ခုခန့်မှာလည်း လူသားများကဲ့သို့ ဖြစ်တည်လာသည်ဟု သက်ရှိဆဲလ်များ၏ နျူးကလိယားအပြင်ဘက် DNA စစ်ဆေးချက်များအရ ပြသနေသည်။
သမ္မာကျမ်းစာအရ အာဒံနှင့်ဧဝတို့ကို ကမ္ဘာမြေပေါ်တွင် အသက်ရှင်နေထိုင်ရန် ပထမဦးဆုံးလူသားအဖြစ် ရွေးချယ်ခံရပြီး ပထမဦးဆုံး မိဘများ ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါသုတေသနကို ဆွစ်ဇာလန် ဘေဆယ်တက္ကသိုလ် အကြီးတန်းသုတေသန တွဲဖက်ပါမောက္ခ မာခ်စတိုကဲလ် နှင့် သုတေသနဆိုင်ရာ တွဲဖက်ပါမောက္ခဒေးဗစ်တာလာတို့က ဦးဆောင်ခဲ့သည်ဟု Mail Online မှ ရေးသားသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀၀၀ ခန့်က ရှိခဲ့သည့် မိဘများမှ ဆင်းသက်လာသည့် ယခုလက်ရှိ အသက်ရှင်နေသော တိရစ္ဆာန်မျိုးစိတ်များ၏ ၉၀% မှာ တူညီနေကြောင်း အကြမ်းမျဉ်း ကောက်ချက်ချခဲ့ရာ လူသားဖြစ်တည်မှု ဆင့်ကဲဖြစ်စဉ်များ ပုံစံများအတိုင်း တူညီနေသည်ကို သံသယဖြစ်ဖွယ် တွေ့ခဲ့ရသည်။
” နောက်ဆုံးကောက်ချက် ချရတာက အလွန်အံ့သြစရာပါပဲ။ ကျနော်ဒီလို မဖြစ်စေချင်လို့ နောက်ဆုံးအထိ ဒီအဆိုကို ခက်ခက်ခဲခဲ ဆန့်ကျင်ခဲ့သေးတယ် ” ဟု တာလာက ဝန်ခံခဲ့သည်။
ရော့ကီဖယ်လာတက္ကသိုလ်မှ ကျွမ်းကျင်သူပညာရှင်များက ဘေဆယ်တက္ကသိုလ် သုတေသီများနှင့်လက်တွဲ၍ အစီရင်ခံစာအသစ် ထုတ်ပြန်ခဲ့ရာ လူသားဆင့်ကဲဖြစ်စဉ်အတွက် ထူးခြားသောတွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။
တိုးတက်မှုအမြန်ဆုံး ကမ္ဘာ့မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များ စုဆောင်း သိမ်းဆည်းရာဋ္ဌာန ဒေတာဘေ့စ် Database များမှ ကြီးမားကျယ်ပြန့်သော အချက်အလက်များကို ရှာဖွေမှတ်သားခဲ့ပြီး ဆင့်ကဲဖြစ်စဉ်သီအိုရီမှ စာပေများကို ပြန်လည်သုံးသပ်ခဲ့သည်။
ယခုကဲ့သို့ သုတေသနပြုတွေ့ရှိချက်ကို အချို့သော ဘာသာရေးအဖွဲ့များက နားလည်မှု လွဲမှားနေကြပြီး လူသားများမှာ စင်္ကြာဝဋ္ဌာကြီး ပေါက်ကွဲမှုဖြစ်စဉ် တစ်စိတ်တစ်ပိုင်းမှ ဖြစ်လာရသည်ဟု တွေးထင်နေကြရာ ထိုသို့သောအယူအဆကို သူတေသနပြုမှုအရ အကြံပြုမထားပေ။
Source: https://www.mirror.co.uk/news/world-news/adam-eve-exist-scientists-discover-13641589
Saturday, November 24, 2018
မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ကျူးလွန်စော်ကားမှုတွေကို ဘယ်သူတွေကလုပ်နေတာလဲ……?
-
တရားခံကိုမြင်အောင်ကြည့်ရအောင်
-
1997 ခုနှစ်က မန္တလေးမြို့မှာ မဟာမြတ်မုနိ(ဘုရားကြီး)က ဗုဒ္ဓရုပ်ပွား တော် ဗိုက်ဖောက်မှု ဖြစ်ခဲ့တယ်
အဲ့ဒီအရေးအခင်းမှာ သံဃာတွေမကျေမနပ်ဖြစ်လာမှုကို လမ်းလွှဲဖို့ အတွက် အလယ်ဘောင်ရပ်ကွက်မှာ ဘယ်တုန်းကမှမဖြစ်ခဲ့တဲ့
မုဒိန်းမှုမဟုတ်မမှန်သတင်းကိုဖြန့်ပြီး လှုံ့ဆော်ပေးခဲ့တယ်
အကျိုးဆက်က အလယ်ဘောင်ဗလီနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့
နေအိမ်တွေ ဖျက်ဆီးလုယက်ခြင်းခံခဲ့ရပြီး
မန္တလေးမြို့ပေါ်ရှိ ဗလီတွေ အများအပြား အတိုက်အခိုက်ခံခဲ့ရတယ်
ဘုရားကြီး(ရွှေဘုန်းရှိန်)ဗလီ ဒေါင်းရိုးဗလီ နဲ့ သံလမ်းဗလီ တို့မှာ
အပျက်အဆီးကြီးမားခဲ့ပြီး အခြားဗလီတွေလဲ အနည်းနဲ့အများ ပျက်ဆီး မှုတွေ ရှိခဲ့တယ်
-
ဒါက အစွန်းရောက်လူနဲ့သံဃာအချို့ဦးဆောင်ပြီး နားယောင်တဲ့သူ
သွေးဆူနေသူ လူနဲ့ သံဃာအချို့က ဖျက်ဆီးခဲ့ကြတာ
-
မြို့တွင်းမှာ အဲ့ဒီအခြေအနေတွေ ဖြစ်နေတဲ့အချိန်နဲ့ တပြိုင်ထဲမှာ
မန္တလေးမြို့က အထင်ကရ နန်းတွင်းဗလီ ဟာ လုံးဝ အဆုံးတိုင် ဖျက်ဆီး ခြင်း ခံလိုက်ရတယ်
-
နန်းတွင်းဗလီကို ဖျက်ဆီးလိုက်တဲ့အထဲမှာ အစွန်းရောက်လူ သံဃာ
တဦးတလေမှ မပါခဲ့ပါဘူး
-
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိ အရာခံ အကြပ် စစ်သည်တွေက
တိုင်းမှူးရဲမြင့်(ကြီး)ရဲ့အမိန့်နဲ့ တပ်မတော်ပိုင် စက် ယန္တယားတွေသုံးပြီး
ဖျက်ဆီးခဲ့တာပါ
-
ဒီအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့်
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုကိုးကွယ်ရာ ဗလီတွေကို ဘယ်သူတွေက ဖျက်ဆီးပစ်ချင်နေတယ် ဘယ်သူတွေက ဖျက်ဆီးလေ့
ရှိတယ် ဆိုတာ သိသာထင်ရှားစွာ သိသာနေပါတယ်
-
တနေ့က ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်များရဲ့ တမန်တော်မွေးနေ့
အခန်းအနားတွေ အနှောက်အရှက်အပြုခံရတယ်
ရာဇဝတ်သား တရားခံပြေး ဘုန်းကြီးတွေနဲ့ လူရာဇဝတ်သားတွေ
ဦးဆောင်ပြီး အစွန်းရောက်ဘုန်းကြီးတွေနဲ့ လူအချို့ ပါဝင်ခဲ့ကြတယ်
လို့ သိရတယ်
-
စိတ်အနှောက်အရှက်ဖြစ်ရ ဒေါသဖြစ်ရပေမဲ့ မွတ်စလင်တွေဖက်က သည်းခံစိတ်နဲ့ အေးအေးဆေးဆေး တုန့်ပြန်ခဲ့တဲ့ အတွက်
လာရောက်နှောက်ရှက်သူတွေ သူတို့စကားနဲ့သူတို့ သိက္ခာကျ အရှက်ရ
ပြီး ပြန်သွားခဲ့ရတယ်
တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူ ရဲ တပ်ဖွဲ့နဲ့ ထွေ/အုပ်ရဲ့ တာဝန်မဲ့မှု
ကမ္ဘာကျော်သွားခဲ့တယ်
အခန်းအနားအစီအစဉ် အချို့ကို သဘောထားကြီးစွာ ပြင်ဆင်ခဲ့ပြီးတဲ့
နောက် တမန်တော်မွေးနေ့ကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့တယ်
-
ရာဇဝတ်သားလူနဲ့ ဘုန်းကြီး တယောက်မှမပါ/အစွန်းရောက်သူတယောက်မှ မပါပဲ တမန်တော်မွေးနေ့အခန်းအနားတခု
လုံးဝ တားဆီးပိတ်ပင်ခံလိုက်ရတဲ့နေရာ တခု ရှိသေးတယ်
ရန်ကုန်မြို့မှာပါပဲ
၅၉လမ်းဗလီ(ဆုတောင်းပြည့် ဝတ်ကျောင်းတော်)မှာ နှစ်ပေါင်းမြောက်များ စွာက ဗလီအတွင်းမှာ အကျဉ်းရုံး ကျင်းပပြုလုပ်ခဲ့တဲ့
တမန်တော်မွေးနေ့ အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲ/တရားပွဲတွေ ဟာ
ယခုနှစ်မှာ လုံးဝ ကျင်းပပြုလုပ်ခွင့်မရခဲ့ပါဘူး
-
ဒီ တမန်တော်မွေးနေ့ပွဲကို ပိတ်ပင်ခဲ့သူတွေကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေပဲ ဖြစ်ပါတယ်
-
ဒီအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့်
ဒီကနေ့ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ်
ဘာသာရေးအရ ဖိနှိပ် ကန့်သတ် ဟန့်တား ပိတ်ပင်မှုတွေကို
ဘယ်သူတွေက အဓိကလုပ်နေသလဲဆိုတာ သိသာ ထင်ရှားလှပါတယ်
-
တရားခံ အစစ်ကို မြင်တတ်ကြဖို့ လိုပါတယ်
-
မောင်မောင် (ရွှေကရဝိက်)
-
Tuesday, November 13, 2018
Monday, August 13, 2018
ဓါတ်ပုံကပြောသော သမိုင်း
၁၉၈၆ ခုနှစ် အောက်တိုဘာလ ကော်သူးလေမွတ်စလင်လွတ်မြောက်ရေးတပ်ဦး (KMLF) ရဲ့ တတိယအကြိမ်မြောက်တော်လှန်ရေးနေ့မှာ ကရင်ခေါင်းဆောင်များနှင့်မွတ်စလင်ခေါင်းဆောင်များ အခမ်းအနားကျင်းပနေပုံ။
(ယာဘက်မှ လေးယောက်မြောက် ဒေးဗစ်ချန်းဦးထုပ်ဆောင်းထားသူဟာ ဗိုလ်ချုပ်မောင်မောင်ဖြစ်ပါတယ်)
Copy from: Mohammad Abdullah FB
Saturday, July 28, 2018
ခွဲခြား နှိပ်ကွက် စော်ကားခံရတဲ့ ကျန်မြို့တွေအတွက် သင်ပြုသည့်ကံ သင့်ထံ မကြာမှီပြန်လာမည် ဘယ်တော့လဲ?
သထုံ ဘီလင်း အခြေအနေ
https://m.facebook.com/story.php?story_fbid=1079228458913684&id=100004796192431
ဘီလင်း တောင်စွန်းဗလီ
http://www.m-mediagroup.com/news/43131
Saturday, June 23, 2018
ဆော်ဒီမှာ ဘာလို့ ဘုန်းကြီးကျောင်း ဆောက်မရသလဲ...?
ဆော်ဒီမှာ ဘာလို့ ဘုန်းကြီးကျောင်း ဆောက်မရသလဲ...?
ဆရာတော် အစကတော့ မရေးတော့ဘူး လို့ပဲ တွေးထားတာ ခုဟာက ဟိုနေရာလဲ တွေ့ ဒီနေရာလဲ တွေ့ဆိုလို့ နဲနဲလေးတော့ သိအောင်ရေးမယ်ဆိုပြီး အောက်က စာလေး ရေးလိုက်ပါတယ်။
ခု လောလောဆယ် ဒီနိုင်ငံမှာ ဗမာလူမျိုးတွေ လက်ကိုင်ထားတဲ့ စကားလေး နှစ်လုံးက
""မက္ကာဟ်မှာ ဘုရားတည်လို့ရသလားတဲ့"""
""ဆော်ဒီမှာ ဘုန်းကြီးကျောင်းဆောက်လို့ရသလားတဲ့""
တို့ ဗမာနိုင်ငံမှာ ဗလီ ဆောက်ခွင့်ပေးတာတောင် လွန်လှပြီတဲ့...! ဟုတ်ပါသလားခင်ဗျာ...
ဆရာတော်ဖြေပါမယ်။
၁။ မြန်မာနိုင်ငံ ကို အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။ အဲလိုပဲ အနီးနားက အိန္ဒိယကိုလဲ အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။ သူ့လက်အောက်ခံနိုင်ငံထဲမှာ ဘယ်က ဘယ်သွားသွား စိတ်ကြိုက်သွားလို့ရပါတယ်။ (ခု ရှမ်းပြည်နဲ့ မြန်မာပြည် ပြည်ပထဲကို လွတ်လွတ်လပ်လပ်သွားလို့ရပါတယ်။ တကယ်လို့များ ရှမ်းတိုင်းရင်းသားတွေက မိမိတို့ ရှမ်းနိုင်ငံသီးခြားသာ ထူထောင်ခဲ့လျှင် ဆရာတော်တို့ တောင်ကြီးတို့ လားရှိုးတို့ သွားချင်ရင် ဗီဇာလုပ်ရမှာပေါ့)။
အဲဒီအခါမှာ ဆရာတော်တို့ သွေးနှောပြည်သူများ (ခင်ဗျားတို့အခေါ် မွတ်စ်တွေပေါ့) ရဲ့ ၇၀% နီးနီးဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပါတယ် ၇၀%လို့ပြောတာက ကျန်တဲ့ ၃၀% က ရှေးပဝေသဏီထဲက မြန်မာနိုင်ငံထဲမှာ ရှိခဲ့ပါတယ်။
ရွှေဘိုနယ်မှာဆိုရင် ဦးအောင်ဇေယျ လက်အောက်မှာ အမှုထမ်းခဲ့တဲ့ မွတ်စလင်တပ်မှူးကြီးတွေရဲ့ မျိုးဆက်တွေ၊ မန္တလေးမှာဆိုရင် မင်းတုန်းမင်းကိုယ်တော်တိုင် ချီးမြှင့်ခဲ့တဲ့ ဗလီ ၀တ်ပြုကျောင်းဆောင်တွေ က သက်သေပေါ့ (ဟိုတလောက လူကြီး တစ်ယောက်ပြောသလို ဗလီတွေက ခွင့်ပြုချက်နဲ့ ဆောက်တာမဟုတ်ဘူးဆိုတာကတော့ မင်းတုန်းမင်းက ထိုလူကြီးမင်းထံကို ခွင့်ပြုချက် မတင်ခဲ့လို့နေမှာပါနော်....) လိုရင်းပြောပါမယ်။ အဲဒီ ၃၀% ကိုခဏထားပေါ့ ကျန်တဲ့ ၇၀%နှုန်းက ကျွန်ပြုခံရတာချင်းတူတူ ကူးလူးသွားလာရင်းနဲ့ ဒီနိုင်ငံကို ရောက်တယ်ဆိုပါတော့။ ဒီမှာ လုပ်ကိုင်စားသောက် အိမ်ထောင်သားမွေးနဲ့ ဒီနိုင်ငံရဲ့ သစ္စာတော်ခံတွေပဲဖြစ်လာတယ်ပေါ့။
ဒီလိုနဲ့ အနိုင့်အထက် ကျွန်ပြုခံရတာကို မကျေနပ်တဲ့ အမျိုးကောင်းဇာနည် သခင်အောင်ဆန်းအပါအ၀င် မြင့်မြတ်သော ရှေးဗမာကြီးများနှင့်မွတ်စ်လင်တွေက အင်္ဂလိပ်ကို တွန်းလှန်ဖို့ ကြံတော့ သစ္စာတော်ခံတွေ ပီပီ သခင်အောင်ဆန်းတို့နဲ့ ပူးပေါင်းပြီးကျရာနေရာကနေ စွမ်းဆောင်ပေးခဲ့ကြတာပေါ့။ ဒါတွေကို ပြန်ပြီး ဇာချဲ့မနေတော့ပါ။ ဒီလိုနဲ့ လွတ်လပ်ရေးရလာတာ ခုဆို နှစ် ၆၀ ကျော်သွားခဲ့ပါပြီ......ဒီနှစ်ခြောက်ဆယ်လုံးလဲ အဲဒီ သွေးနှော ဘီဘင်များရဲ့ မျိုးဆက်များဟာ ဒီမြန်မာနိုင်ငံမှာပဲ အေးအတူပူအမျှ နေလာခဲ့ကြပါတယ်။ မုန်တိုင်းတိုက်လဲ အတူတူခံရပါတယ်။ ငလျင်လှုပ်လဲ အတူတူ ခံရပါတယ်။
စစ်အာဏာရှင်တွေက ဖိနှိပ်လို့ ပြန်တွန်းလှန်ဖို့ ကြိုးစားရင်း ပညာတ၀က်တပျက်နဲ့ တောခိုခဲ့ကြတာလဲ အတူတူပါပဲ။ ဟော ခုဒီမိုကေ၇စီရဲ့ ကနဦး ၈၈ အရေးအခင်းမှာလဲ မွတ်စ်လင်မ်တွေ ပါတာပဲ။
၂၀၀၇သံဃာ့လှုပ်ရှားမှုမှာလဲ မွတ်စ်လင်မ်တွေက ဘေးက လက်တွဲလို့.....! ကဲ စာတော်တော်ရှည်သွားပါပြီ.... လိုရင်းပြောပါမယ်။
ဆော်ဒီမှာ ဘုရားတည်ချင်ပါတယ်ဆိုတဲ့သူတွေကို မေးပါမယ်။ ဆော်ဒီအာရေးဗီးယားလို့ အသိများတဲ့ စအူဒီအာရဗ်နိုင်ငံဟာ တမန်တော်မြတ်ကြီး (PBUH) မရှိတော့တဲ့ နောက်နှစ်အတန်ကြာမှာ အာရဗ်တွေ လက်က အာဏာဆုံးရှုံးသွားပါတယ်။ ဒါကို စအူဒ် ဘုရင်လို့ ခေါ်တွင်လာမဲ့ အာရဗ်နွယ်က ပြန်လည်ရယူပြီးမှ စအူဒီအာရဗ်နိုင်ငံကို တည်ထောင်ခဲ့တာပါ။ (ဆော်ဒီနိုင်ငံသမိုင်း ရေးသားမည်မဟုတ်၍ ဤမျှသာဖော်ပြသည်)။
ကဲမေးပါပြီ..... အဲဒီ စအူဒ် ဘုရင် ဆော်ဒီ နိုင်ငံကို တည်ထောင်ဖို့ ကြိုးစားခဲ့စဉ်မှာ ဘယ်ဗမာတစ်ယောက်....ဘယ်မြန်မာနိုင်ငံသားတစ်ယောက်ကများ ပါဝင်ဘူးပါသလဲ......... ထပ်မေးပါမယ်.....
ဆော်ဒီဘုရင့်နိုင်ငံ ပေါ်ပေါက်လာမှုတွင် ဗမာတစ်ယောက်ယောက်၏ အခန်းကဏ္ဍကို ဖော်ပြပေးပါ........
အေး...အဲလို မပါဝင်ဘူးပဲနဲ့..... အဲဒီနိုင်ငံမှာ နှစ်ပေါင်း လေးငါးဆယ်လောက် ဒုက္ခ..သုက္ခ အစုံခံ အေးအတူပူအမျှ မနေဘူးပါလျက် အဲဒီနိုင်ငံမှာ လူဦးရေ သိန်းဂဏာန်းပြည့်အောင်တောင် နိုင်ငံသားမရှိပါပဲလျက်....
ဘာအတွက်ကြောင့် ဆော်ဒီနိုင်ငံမှာ ဘုရား မဆောက်ရတာလဲ အပစ်တင်နေတာ ခင်ဗျားတို့မှားတာ ဦးနှောက်သုံးပြီးစဉ်းစား ပေါက်ကရပါးစပ်ကထွက်သလိုလျှောက်မအော်ရဘူ ကလေးမှမဟုတ်တာ စဉ်းစားးးး
အာရဗ်တွေမှားသလား...စဉ်းစား...သေချာစဉ်းစား
ဆော်ဒီမှာ မွတ်စလင်မ်မဟုတ်တဲ့ ကော့ပ်တစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သန်းနဲ့ချီပြီး နေကြတယ်။ သူတို့ ချတ်ခ်ျကျောင်းတွေဆောက်ကြတယ်...လွတ်လွတ်လပ်လပ် ကိုးကွယ်နေကြတယ်.....အဲဒါကိုကော.........မင်းတို့သိလား........ဆရာတော်ပြောတာတွေ
မယုံရင် ဂိုဂယ်မှာ ဆော်ဒီအကြောင်း တချက်ရိုက်ရှာလိုက်...အကုန်ပါတယ်။ နားလည်လား...........
ထပ်ပြောဦးမယ်........""မက္ကာဟ်မှာ ဘုန်းကြီးကျောင်း တည်လို့မရဘူး"" ဆိုသူများအတွက်
မက္ကာဆိုတာ သာသနာ့နယ်မြေ သီးသန့်နယ်မြေ....ဆော်ဒီ ကျန်တဲ့ နေရာတွေမှာ လွတ်လပ်စွာကိုးကွယ်လို့ရတယ်။
ဒီနယ်မြေတော့ အစ္စလာမ့်နယ်မြေဖြစ်နေလို့မရဘူး........
မင်းတို့ရှင်းအောင် ဥပမာပေးမယ်........
ပုဂံဆိုတာ ဗုဒ္ဓသာသနာ့နယ်မြေ.......အဲဒီ ပုဂံဘုရားတွေအလယ်မှာ
ဗလီဆောက်လို့ရမလား...ချတ်ခ်ျကျောင်းဆောက်လို့ရမလား.........ကိုယ်ချင်းစာကြည့်ပါ............
ကဲ နိဂုံးချုပ်မယ်........
(၁) ဆော်ဒီမှာ ဘုရားတည်လို့ မရဘူး ဆိုသူများအတွက် ဆော်ဒီနိုင်ငံမှာ နှစ် ၅၀ လောက် သွားနေပါ....တိုင်းပြည်အခွန်ဆောင်ပါ...အေးအတူပူအမျှနေပါ......လိုအပ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ နိုင်ငံအတွက်
ဘ၀တွေရင်း အသက်တွေရင်းပြီး ပါဝင်ပေးပါ....လူဦးရေ သိန်းဂဏာန်းလောက် လူမျိုးစုလေးဖြစ်အောင်နေပါ......ပြီးရင်
ခင်ဗျားမေးခွန်းကို ဖြေပေးပါမယ်.......ဆော်ဒီမှာ အဲဒီအခြေအနေဆိုရင် ဘုရားတည်လို့ရပါမယ်။
(၂) မက္ကာဟ်မှာ ဘုန်းကြီးကျောင်းဆောက်မရဘူးဆိုသူများအတွက် ပုဂံဘုရားများအလည်မှာ ချတ်ခ်ျကျောင်း သို့မဟုတ် ဗလီဆောက်လို့ရတဲ့နေ့ပြန်လာခဲ့ပါ။ အဖြေပေးပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်.....လွတ်လပ်စွာ ဆဲဆိုနိုင်ပါတယ်....မှန်တာပြောရလို့ ဆဲသောသူများကိုခေါင်းထဲမထည့်ပါ လူကမွေးတာမဟုတ်ဖူးလို့ပဲ တွေးလိုက်မယ်။
ထိုင်းမှာဗလီရှိတယ် အမေရိကန်မှာဗလီရှိတယ်လာမပြောနဲ့နော် တကမ္ဘာလုံးမှာနိုင်ငံတိုင်းမှာအစ္စလာမ်တွေအများကြီးနေထိုင်တယ် ဒါကြောင့်ဗလီရှိတယ် ခရစ်ယာန်တွေနိုင်ငံတိုင်းနေတယ် ဒါကြောင့်ချတ်ဂ်ျကျောင်းရှိတယ် ဗမာကနိုင်ငံတိုင်းရေရှည်နိုင်ငံသားလိုနေတာမရှိသလောက်ပဲအလွန်နည်းတယ်နေရင်လဲ အလုပ်သမားများတယ် ဒါကြောင့်နိုင်ငံတိုင်းဘုန်းကြီးကျောင်းမရှိဖူး။တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ်ရင်ဗမာ ဗုဒ္ဓဘာသာဆိုတာ လက်တစ်ဆုပ်စာပဲရှိတယ်။
Share
fbမှာဗမာတချို့တွေကမြန်မာနိုင်ငံမှာဗလီ ရှိတယ် ဆော်ဒီမှာဘုရားတည်မရဖူး မြန်မာကဗလီတွေဘာလို့ရှိရတာလဲဆိုပြီး ပေါက်ကရတွေပြော ဘာသာရေး မှိုင်းးတိုက်နေလို့ အဲ့သလို ဦးနှောက်မရှိတဲ့လူ့အခွံတွေ သိအောင် ခုလိုပို့စ်တင်တာပါ။
ဦးကလျာ ဏာ