Saturday, January 15, 2011

ပုံမှန် သွေးလှူဒါန်းနေသော သွေးလှူရှင်များနေရာတွင် လူငယ် သွေးလှူရှင်များဖြင့် အစားထိုးနိုင်ရန် စည်းရုံး လုပ်ဆောင်လာ

Ref: http://www.news-eleven.com/index.php?option=com_content&view=article&id=4309%3A2010-08-16-06-43-55&Itemid=160

သွေးသွင်းကုသမှုများတွင် အသုံးပြုမည့်သွေးများသည် စေတနာ သွေးလှူရှင်များထံမှ ၁၀၀ ရာခိုင်နှုန်း လှူဒါန်းထားသော သွေးသာဖြစ်ရမည်ဟု တာဝန်ယူထားသော ပုံမှန်သွေး လှူဒါန်းနေသည့် သွေးလှူရှင်များ၏ အသက်များမှာ ၆၀ သို့ နီးလာပြီဖြစ်၍ ငယ်ရွယ်သော လူငယ်လူရွယ်များဖြင့် အစားထိုးနိုင်ရန် ဦးတည်လုပ်ဆောင်လာကြောင်း အမျိုးသား သွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

    'ဇွန်လကစပြီး လူငယ်သွေးသန့် အလှူရှင်တွေကို အဓိကထားပြီး သွေးလှူဒါန်းဖို့ စည်းရုံးလုပ်ဆောင် နေပါတယ်။ ပုံမှန်သွေးလှူဒါန်းနေတဲ့ သွေးလှူရှင်တွေက အသက်ကြီးလာတော့ မလှူနိုင်ကြတော့ဘူး"ဟု အမျိုးသားသွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

    ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတွင် ကွန်ပျူတာတက္ကသိုလ်၊ မှော်ဘီ GTC ၊ သန်လျင် GTC၊ လှိုင်သာယာ GTC၊ မအူပင် GTC၊ သမ၀ါယမ ဒီဂရီကောလိပ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် စသည့် လူငယ်များ များပြားသည့်နေရာများသို့ ဦးတည်၍ သွေးလှူဒါန်းပွဲများ ပြုလုပ်လာကြောင်း သိရသည်။

    အဆိုပါ သွေးသန့်လူငယ်များမှ သွေးပုလင်းများ စုဆောင်းခြင်းကို ဇွန်လ ၁၄ ရက်နေ့မှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းသွေးလှူရှင် လူငယ်များ စုဆောင်းရာတွင် လိုအပ်သော အထောက်အပံ့များကို လှူဒါန်းပေးလျက်ရှိသော အလှူရှင်များဖြစ်သည့် စန္ဒီပရဆေးမိသားစု၊ ဘုရင့်နောင်ဈေး သာယာရေးအဖွဲ့၊ မြန်မာဘရူဝါရီ လီမိတက်၊ ဖြူစင်မေတ္တာ သွေးလှူရှင်အဖွဲ့၊ ရွှေပါရမီအဖွဲ့ စသည့် အဖွဲ့အစည်းများမှ ပါဝင် ကူညီထားကြောင်း သိရသည်။

  မြန်မာနိုင်ငံအနေဖြင့် အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း လှူဒါန်းလျက်ရှိသော သွေးလှူရှင်များအနက် မှအသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်း ရှိ လူငယ်များပါဝင်လှူဒါန်းမှုမှာ အမျိုးအစားအလိုက် နှစ်စဉ်တိုးတက် လာကြောင်း မှတ်တမ်းများအရ သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ သွေးလှူဒါန်းမှုအချို့
ရက်စွဲ သွေးလှူဒါန်းသည့် အဖွဲ့အစည်း ဦးရေ သွေးပုလင်းပေါင်း
ဇူလိုင်လ ၃ ရက် ဘုရင့်နောင်ဈေး ၄၀၉ ၄၀၉ ပုလင်း
ဇူလိုင်လ ၉ ရက် MRCS ၁၂ ၁၂ ပုလင်း
ဇူလိုင်လ ၁၂ ရက် လှိုင်သာယာ GTC ၁၄၇ ၁၄၇ ပုလင်း
ဇူလိုင်လ ၁၃ ရက် Chatrium Hotel ၁၈ ၁၈ ပုလင်း
ဇူလိုင်လ ၁၅ ရက် မအူပင် GTC ၃၅ ၃၅ ပုလင်း
ဇူလိုင်လ ၁၆ ရက် သမ၀ါယမဒီဂရီကောလိပ် ၈၀ ၈၀ ပုလင်း
ဇူလိုင်လ ၁၈ ရက် မြန်မာမွတ်စလင် လူငယ်များဘာသာရေးအဖွဲ့ ၂၇၅ ၂၇၅ ပုလင်း
ဇူလိုင်လ ၂၂ ရက် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ၅၉ ၅၉ ပုလင်း
ဇူလိုင်လ ၂၆ ရက် CMA သွေးလှူဒါန်းအဖွဲ့ ၂၀၆ ၂၀၆ ပုလင်း
ဇူလိုင်လ ၃၀ ရက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၂၂၅ ၂၂၅ ပုလင်း

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူလူထုကြီးသို့ ပန်ကြားချက်

မြန်မာမွတ်စလင်များ ယုံကြည်ကိုးကွယ်သော အစ္စလာမ်သာသနာကို ရင့်ရင့်သီးသီး ပုံဖျက် နှိမ့်ချစော်ကား သော မြန်မာဘလောဂ်များ အများအပြား ပေါ်ပေါက်တည်ရှိနေခြင်းအတွက် မြန်မာမွတ်စလင်များ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားနေရသည်မှာ ကာလရှည်ကြာပြီ ဖြစ်ပါသည်။
ယခုတဖန် မြန်မာပြည်သူအများစုကြီးက ယုံကြည်ကိုးကွယ်သော ဗုဒ္ဓသာသနာကို အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ရိုင်းပြစော်ကားသော မြန်မာဘလောဂ် ပေါ်ထွက်လာပြန်သဖြင့် ဗုဒ္ဓဘာသာဝင်များ စိတ်လက် မချမ်းမမြေ့ဖြစ်ကာ သောကရောက်နေရပြန်ပါသည်။
သူတစ်ပါး ယုံကြည်ကိုးကွယ်သော သာသနာတစ်ရပ်ကို လေးစားရကောင်းမှန်း မသိသူများသည် မိမိ၏ သာသနာတော်ကိုလည်း မလေးစားသူများဖြစ်ပါ၏။ အခြားသာသနာကို စော်ကားနှိမ့်ချသူတတ်များသည် မိမိသာသနာ၏ ဂုဏ်ကျက်သရေကို ယုတ်လျော့ စေကြသူများလည်း ဖြစ်ပါ၏။ ထိုသူများသည် မိမိ၏ သာသနာကို အမှန်တကယ် ယုံကြည်ကိုးကွယ်သူများ မှန်ပါက မိမိသာသနာက အခြားသာသနာများနှင့် လူသားများကို စော်ကားနှိမ့်ချခွင့် မပြုသည့် အဆုံးအမကို သိရှိထားရမည် ဖြစ်ပါသည်။
အစ္စလာမ်သာသနာကို နှိမ့်ချစော်ကားသောအခါ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ စိတ်မချမ်းမမြေ့ ဖြစ်ကြသကဲ့သို့ ဗုဒ္ဓသာသနာကို နှိမ့်ချစော်ကားသောအခါ အစ္စလာမ်ဘာသာဝင် မြန်မာပြည်သူများ ထပ်တူ စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ အထူးသဖြင့် စစ်အာဏာရှင်များက မိမိအကြပ်အတည်းမှ ထွက်ပေါက် အဖြစ်သော်၎င်း၊ မညီမညွတ်သော ပြည်သူများကို သွေးခွဲအုပ်ချုပ်ရသည်က ပိုမိုလွယ်ကူသဖြင့်၎င်း၊
လူမျိုးရေး၊ ဘာသာရေး အဓိကရုံးများကို အစဉ်အဆက် ဖန်တီးလှုံ့ဆော်ခဲ့သည်များကို မမေ့လျော့ သင့်ကြစေလိုပါသည်။ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ခွဲခြားဖိနှိပ်မှုများဖြင့် ဗမာအပါအ၀င် တိုင်းရင်းသားများအကြား မညီမညွတ်မှုကို ဖန်တီးကာ စစ်အာဏာရှင် သက်ဆိုးရှည်ခဲ့သည်မှာလည်း ရာစုနှစ်တစ်ဝက်တိုင်တော့မည် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ကြောင့် စစ်ဗိုလ်ချုပ်များသာ ချမ်းသာသွားပြီး၊ တစ်နိုင်ငံလုံး ဆင်းရဲဒုက္ခရောက်ကြကာ ထိစပ်သော အိမ်နီးချင်းနိုင်ငံဟူသမျှတွင် ကျနော်တို့၏ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများသည် ကူလီ၊ အိမ်ဖေါ်ဘ၀နှင့် မျက်နှာငယ် နေကြရသည်။ အမျိုးချစ်သူ၊ တိုင်းပြည်ချစ်သူမှန်လျှင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူ မပြုသင့်ကြပါ။
ထို့ကြောင့် စစ်အာဏာရှင်စနစ်၏ အဓိက ရေသောက်မြစ်တစ်ခုဖြစ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖန်တီးလှုံ့ဆော်နေသူများကို ဒီမိုကရေစီအင်အားစုများက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုစည်းညီညွတ်မှုဖြင့် ထိရောက်စွာ ဖေါ်ထုတ်ဟန့်တားကြပါရန် မြန်မာမွတ်စလင် အစည်းအရုံးကြီးက လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
မြန်မာမွတ်စလင် အစည်းအရုံး

မန္တလေး ၁၃ဝဝ – ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

ဆောင်းပါး  -    မဇ္ဈိမသတင်းဌာန
ရေးသားသူ – မင်းဟန်
အင်္ဂါနေ့၊ ဂျူလိုင်လ 20 ရက် 2010 ခုနှစ်

(၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်သို့ )
(၁)
Breathes there the man, with soul so dead,
Who never to himself hath said,
“This is my own, my native land!”

အမျိုးသား အာဇာနည်  ခေါင်းဆောင်ကြီး ဦးရာဇတ်မှ၊ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်ကြီးအနေဖြင့် သူ၏တပည့် များအား မကြာခဏ ရွတ်ပြလေ့ရှိသည့် ကဗျာတပုဒ်ဖြစ်သည်။ မြန်မာလို ပြန်လျှင်မူ …
“ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ
အသက်ရှင်လျက် ဝိဥာဉ်မဲ့နေတဲ့သူလို
အသက်ရှင်နေပေမယ့် သေနေတဲ့သူလို
ဘာမှ အသုံးမကျဘူး” ဟူ၍ ဖြစ်မည်။

ဆရာကြီးသည် ဤကဗျာလေး၏ လမ်းညွှန်ချက်အတိုင်းပင်၊ သူ၏ အမျိုးသားကျောင်းသားများအား လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။
ဆရာကြီး၏ ဗဟိုအမျိုသား အထက်တန်းကျောင်းတော်ကြီးက အမျိုးသားစာပေ ပညာရပ်များအား သင်ကြားပို့ချပေးသည့် ကျောင်းတော်ကြီးအပြင်၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအဆင့်ဆင့်တွင် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့နှင့် စွမ်းစွမ်းတမန် တာဝန်ယူခဲ့ကြသည့် မျိုးချစ်ရတနာများစွာတို့အား မွေးထုတ် ပေးခဲ့ရာ နိုင်ငံရေးတက္ကသိုလ်ကြီး တခုလည်း ဖြစ်၏။ ပြီးလျှင် ဆရာကြီး ၏ ကျောင်းတော်ကြီး က ကိုလိုနီဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ၏ အထက်မြန်မာပြည် စစ်ဌာနချုပ် စခန်းကြီး ဟူ၍လည်း ဆိုရမည်ပင်။
ထိုကျောင်းတော်ကြီးမှ အထက်မြန်မာပြည်၏ နိုင်ငံရေးမျိုးချစ် ၄ဝ ရာခိုင်နှုန်းကျော်အား မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၏ ဝန်အား ဤကျောင်းတော်သားတို့က ထမ်းရွက်ခဲ့ကြသည်။
ဆရာကြီး ဦးရာဇတ်၏ ဥယျာဉ်မှူးလက်မှ ပွင့်ဖူးခဲ့သည့် လွတ်လပ်ရေးအဖူး၊ အပွင့်တို့၏ ရနံ့က မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် သင်းပျံ့မွှေးထုံ၍ နေခဲ့၏။
(၂)
၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဗြိတိသျှအာဏာပိုင်တို့၏ လက်ချက်နှင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ရေနံမြေသပိတ်ကြီးက အခက်အခဲပေါင်း များစွာအား ကျော်ဖြတ်ရင်း ရန်ကုန်သို့ ခရီးရှည်ချီတက်၍ ဆန္ဒပြတောင်းဆိုနေကြသည်။ ဝေါ၊ ပဲခူး၊ သထုံနှင့် မြစ်ဝကျွန်းပေါ်ရှိ တောင်သူလယ်သမားတို့က ရွှေတိဂုံစေတီတော်မြတ်ကြီးဆီသို့ ချီတက်၍ လယ်သမားအရေး တောင်းဆိုကြ၏။ ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်၊ လယ်သမားသပိတ်တို့နှင့် လူထုကြီးသည် ကိုလိုနီအစိုးရအား သပိတ်တိုက်ပွဲ ဆင်နွှဲ၍နေကြသည်။
ဤတွင် မန်းနေပြည်တော်မှ ဥပစာကောလိပ်နှင့် အထက်တန်းကျောင်းသားများသည်လည်း သပိတ်တိုက်ပွဲတွင် ပါဝင်လာခဲ့ကြ၏။ မန္တလေး သပိတ်မှောက် ကျောင်းသားများတွင် ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသားအထက်တန်း ကျောင်းသားများက တကျောင်းလုံးနီးပါးမျှ ပါဝင်ကြ၏။
ပထမဦးဆုံးသပိတ်မှောက်သည့်နေ့တွင် ဆရာကြီး၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှ အဆောင်နေ ကျောင်းသားအချို့သည် သပိတ်တွင် မပါဝင်ကြသေး။ အဆောင်တွင် ရှိနေကြသေး၏။ ဆရာကြီးသည် ကျောင်းသို့ ရောက်လာပြီး ကျောင်းအနှံ့ လိုက်လံ၍စစ်ဆေး၏။ ကြိမ်လုံးအား ကိုင်ပြီး ဆရာကြီးသည် အဆောင်နေ ကျောင်းသားများဆီသို့ ရောက်လာ၏။ အဆောင်အတွင်း၌ ကျောင်းသားအချို့ ရှိနေကြ၏။ ကျောင်းသားအများစုက၊ သပိတ်မှောက်ဆန္ဒပြ၍ ထွက်ခွာသွားကြပြီ။
“ ကျနော်တို့ သပိတ်မမှောက်ဘူးဆရာကြီး ”
အဆောင်တွင် ကျန်ခဲ့သည့် ကျောင်းသားတဦးက ဆရာကြီးကို ပြော၏။
“သြော်… ဟုတ်လား”
ဆရာကြီးက မဲ့ပြုံး၊ပြုံးရင်း ထိုကျောင်းသားအား ပြန်ပြော၏။ ပြီးလျှင် ဆရာကြီးသည် ကြိမ်လုံးအားဝင့်ပြီး၊ “အေ သပိတ်မမှောက်ရင် သပိတ် မမှောက်တဲ့ ကျောင်းသားတွေ ငါ့ကျောင်းမှာနေခွင့်မရဘူး။ အဲ့ဒီတော့ ရှည်ရှည်ဝေးဝေး ပြောမနေနဲ့၊ ငါ့ကျောင်းမှာ ဆက်နေချင်ရင် သပိတ်ထဲ အခု ဆင်းလိုက်သွား”
သပိတ်စမှောက်သည့်နေ့များက မန္တလေး ဥပစာကောလိပ် (INTERMEDEATE COLLEGE) သည်ပင် စာသင်မပျက်၊ သပိတ်မမှောက်သည့် ကျောင်းသားများဖြင့် ရှိနေခဲ့သေး၏။ ဆရာကြီး ဦးရာဇတ်၏ ကျောင်းကမူ တကျောင်းလုံး သပိတ်မှောက်ခဲ့ကြခြင်းဖြစ်၏။
(၃)
မန္တလေးကျောင်းသားများက စတင်၍သပိတ်မှောက်ကြပြီ။ သပိတ်တိုက်ပွဲခရီးက ရှည်နိုင်၏။ အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည်။ အသက်သွေးချွေးတို့အား ပေးဆပ်ကြရမည်။ ဤအတွက် ပြင်ဆင်ကြရ၏။
ဗဟိုအမျိုးသား အထက်တန်းကျောင်းအတွင်းရှိ ဆရာကြီး ဦးရာဇတ်၏ရုံးခန်းသည် မန္တလေးမြို့ပေါ်မှ နိုင်ငံရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားခေါင်းဆောင်များနှင့် စည်ကား၍နေသည်။ အားလုံးက ဆရာကြီးနှင့် တွေ့ပြီး ဆရာကြီး၏ သြဝါဒအားခံယူကြ၏။ အကြံဥာဏ်များအား ရယူကြ၏။ ဆရာကြီး၏ ညွှန်ကြားချက်များအား နာယူကြ၏။
ဆရာကြီးက သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များအား ပြုံးမယောင်၊ မဲ့မယောင်အပြုံးနှင့်။
“သပိတ်မှောက်တာက မင်းတို့အလုပ်ပဲ။ ဒါပေမဲ့ စည်းမဲ့ကမ်းမဲ့မပြုကြနဲ့။ ဘုရားကျောင်း တွေထဲမှာ သွားမနေကြနဲ့။ ငါ့ကျောင်းမှာ လာနေကြ”

ဆရာကြီး၏ စကားက ရှင်း၏။ သပိတ်စခန်းအဖြစ် သပိတ်မှောက်ကျောင်းသားများအား သူ၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို အပ်နှံလိုက်ခြင်း ဖြစ်သည်။
ချက်ချင်းပင် လေးထပ်ကျောင်းဆောင်ကြီးနှင့် ဗဟိုအမျိုးသားအထက်တန်းကျောင်းသည် ၁၃ဝဝ ပြည့် သပိတ်မှောက် ကျောင်းသားတို့၏ သပိတ်စခန်းကြီး ဖြစ်၍သွား၏။ ကျောင်းပေါင်းစုံမှ သပိတ်မှောက် ကျောင်းသူများကိုမူ ဆရာကြီး သည် သူနေထိုင်သည့် တိုက်နှင့်ကပ်လျက်ရှိသည့် တိုက်တလုံးတွင် နေစေ၏။
ဗြိတိသျှအစိုးရ၏ အထောက်အပံ့ခံ မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးအား ဆရာကြီးသည် ဗြိတိသျှအစိုးရကို ပုန်ကန်သည့် သူပုန်စခန်းကြီးအဖြစ် ပြောင်းလဲပစ်လိုက်၏။
‘ကေသရာဇာခြင်္သေ့မင်း ကျောက်ရုပ်ထု’ နှင့် ‘ အတ္တာဟိ၊ အတ္တနော၊ နာထော’  ဆိုင်းပုဒ်ကြီး၏ အောက်၌ ဗဟိုအမျိုးသား အထက်တန်းကျောင်း သပိတ်စခန်းကြီးသည် ၁၃ဝဝ ပြည့် အရေးတော်ပုံ သမိုင်း၌ ခန့်ထည်၍ ဝင့်ကြွားလျက်နေ၏။
(၄)

ဆရာကြီး၏ ဗဟိုအမျိုးသားအထက်တန်းကျောင်း သပိတ်မှောက်မှုက ကျောင်းသားများအားလုံး သပိတ်မှောက်ကြခြင်းပင် မဟုတ်။ ကျောင်းရှိ ဆရာ၊ ဆရာမများအားလုံးသည်လည်း သပိတ်တွင် ပါဝင်နေကြခြင်း ဖြစ်သည်။ ဆရာ ဦးခင်မောင်ကလေး (ဗိုလ်ခင်မောင်ကလေး)၊ အဆောင်မှူး ဆရာ ဦးထွန်းမောင်၊ ဆရာအေးမောင်၊ ဆရာဘဖေ၊ ဆရာတင်၊ ဆရာချစ်၊ ဆရာမ ဒေါ်မမ၊ ဆရာမ ဒေါ်သိုက်၊ ဆရာမ ဒေါ်နှင်းဦး စသည့်ဆရာ၊ ဆရာမများအားလုံးက သပိတ်တွင် ပါဝင်နေကြ၏။ ဗြိတိသျှအစိုးရ၏ အထောက်အပံ့လစာအား ခံစားပြီး အစိုးဆန့်ကျင်သည့် သပိတ်တွင် ပါဝင်နေသည့်အတွက် ဆရာကြီး၏ ကျောင်းမှဆရာ၊ ဆရာမများအပေါ် အာဏာပိုင်များသည် မကျေမနပ်ဖြစ်၍လာ၏။ အထူးသဖြင့် ကျောင်းအုပ်ကြီး ဖြစ်သည့် ဆရာကြီး အပေါ် မကျေနပ်ခြင်းဖြစ်သည်။ ဤအတွက် တနေ့တွင်  “အေး ဟုတ်တယ်၊ မင်းပြောသလိုပဲ၊ ငါ့ဆရာတချို့နဲ့ ဆရာမ တချို့ဟာ သပိတ်သမားတွေနဲ့ ရောရောနှောနှော ရှိနေတယ်ဆိုတာ မှန်တယ်၊ ငါကိုယ်တိုင်က ခွင့်ပြုထားတာပဲ” စုံထောက် အရာရှိများ ဆရာကြီးထံသို့လာပြီး ဆရာကြီးနှင့် တွေ့၍ မေးမြန်းကြ၏။
“ဆရာကြီး၊ ဆရာကြီး ကျောင်းက ဆရာတွေ၊ ဆရာမတွေ သပိတ်မှောက်ကျောင်းသားတွေနဲ့အတူ ရှိနေပါကလား၊ ဒါကို အရေးယူပေးပါ ဆရာကြီး”
“အေး ဟုတ်တယ်၊ မင်းပြောသလိုပဲ၊ ငါ့ဆရာတချို့နဲ့ ဆရာမ တချို့ဟာ သပိတ်သမားတွေနဲ့ ရောရောနှောနှော ရှိနေတယ်ဆိုတာ မှန်တယ်၊ ငါကိုယ်တိုင်က ခွင့်ပြုထားတာပဲ”
“ ဆရာကြီး ကိုယ်တိုင်က ခွင့်ပြုထားတယ် ဟုတ်လား”
“အို မင်းနဲ့ကွာ ငါပြောပါပကောလား။ ငါကိုယ်တိုင် ခွင့်ပြုထားတာပါလို့”
“ဗျာ”
“ဗျာလုပ်မနေပါနဲ့ကွ၊ မင်းတို့သပိတ်စခန်းကို ပြောင်ပြောင်တင်းတင်း သွားရဲတာလည်း မဟုတ်ဘူး မဟုတ်လား။ ဒီတော့ မင်းတို့အစား ငါက ငါ့ဆရာ၊ ဆရာမတွေကို တမင်လွှတ်ထားရတာ။ ဒါမှ ဒီကောင်တွေမှာ ဘာအကြံတွေရှိတယ်၊ ဘာလုပ်လိမ့်မယ်ဆိုတာ ကြိုသိနိုင်မယ်မဟုတ်လား။ မတော်၊ ငါ့ကျောင်းကို မီးရှို့မတဲ့ကွာ၊ ဒါမှမဟုတ် တခြားမလုပ်သင့်တာတွေ လုပ်မတဲ့ကွာ၊ ဒီတော့ တို့က ကြိုသိဖို့ လိုတယ်မဟုတ်လား။ ဒါကြောင့် ငါ့က စပိုင်လုပ်ဖို့ သက်သက်တမင်ကို ငါ့ဆရာတွေ၊ ဆရာမတွေ လွှတ်ထားရတာ။ ဒါကြောင့် ငါကိုယ်တိုင် ခွင့်ပြုထားတာပါကွလို့ ပြောတာပေါ့”
“သြော် …. ဒီလိုလား”
“ ဒီလိုပေါ့ကွ”
“ဆရာကြီး ဘယ်ဆိုးလို့လဲ”
“မဆိုးပါဘူး၊ ဆိုးရင် မင်းတို့ ဖမ်းမှာပေါ့”
“အို ဆရာကြီး ကလဲ၊ ကဲ သွားပါဦးမယ်၊ ဆရာကြီး”
“အေး…အေး”
ဆရာကြီးက နှုတ်ဆက်၍ထွက်သွားသည့် ပုလိပ်အရာရှိ၏ ကျောပြင်အားကြည့်ပြီး ထုံးစံအတိုင်း ပြုံးမလို၊ မဲ့မလို၊ မဲ့ပြုံးလေးအား ပြုံးလိုက်၏။
(၅)

မန္တလေး ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးသည် ကျောင်းသားသပိတ်မှ၊ လူထုအရေးတော်ပုံဆီသို့ ကူးပြောင်းခဲ့၏။ မန္တလေး၊ လေးပြင်လေးရပ်မှ ရဟန်းပျိုသမဂ္ဂများ ဈေးချိုတော်နှင့် မန္တလေးလူထုအားလုံး ပါဝင်လာကြ၏။
၁၃ဝဝ ပြည့်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်၊ ‘မဟာလောကရံသီ အိမ်တော်ရာဘုရားအတွင်း’ မန္တလေး လူထုအစည်းအဝေးကြီးအား သပိတ်မှောက် ကျောင်းသားများနှင့် ရဟန်းပျိုသမဂ္ဂတို့မှ ဦးဆောင်၍ကျင်းပ၏။ သံဃာ့အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်း များမှ ကိုယ်စားလှယ် ၂ဝ,ဝဝဝ ကျော် တက်ရောက်သည့် မန္တလေးလူထု၏ သပိတ်မှောက် ညီလာခံကြီးဖြစ်သည်။ အဆိုများ တင်သွင်းကြ၏။
“ယခု အင်္ဂလိပ်အစိုးရ ဗမာပြည်အား ပေးအပ်ထားသည့် အုပ်ချုပ်ရေးသစ်မှာ အနှစ်မရှိ၊ အကာအတိဖြစ်ပြီး ဗမာပြည်ရှိ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတို့၏ ကောင်းကျိုးကို ဖန်တီးမပေးနိုင်ရုံမျှမက ဗမာလူမျိုးအချင်းချင်း သွေးကွဲသည်ထက် ကွဲစေမည့် စနစ်ဆိုးများ ရှိနေသည်ကို ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက လုံးဝထောက်ခံပါကြောင်း”

“ဗုဒ္ဓဘာသာဝင်တို့၏ ဝတ္တကမြေအတွင်း၌ မည်သည့်လူမျိုးမဆို မည်သည့်ကိစ္စနှင့်မျှ အခါမရွေး ဖိနပ်စီးနင်း၍ မတက်ရန် ဥပဒေကို ပြည်သူပိုင် အစိုးရတို့က အတည်ပြုလုပ်ပေးရန်”
“ရန်ကုန်မြို့၌ ကျောင်းသူကျောင်းသား ၂ဝဝ ကျော် ဒဏ်ရာရရှိခြင်းနှင့် ကိုအောင်ကျော် သေဆုံးရခြင်းအတွက် စုံစမ်းရေး ခုံသမာဓိအဖွဲ့တခုကို ရက်မဆွဲဘဲ အမြန်ခေါ်ပေးရန်”
“ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများလွှတ်တော်က တောင်းဆိုသည်ကို ဤမန္တလေးမြို့လုံးကျွတ် အစည်းအဝေးကြီးက သဘောတူညီကြောင်း”
“ယခု အင်္ဂလိပ်အစိုးရ ဗမာပြည်အား ပေးအပ်ထားသည့် အုပ်ချုပ်ရေးသစ်မှာ အနှစ်မရှိ၊ အကာအတိဖြစ်ပြီး ဗမာပြည်ရှိ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတို့၏ ကောင်းကျိုးကို ဖန်တီးမပေးနိုင်ရုံမျှမက ဗမာလူမျိုးအချင်းချင်း သွေးကွဲသည်ထက်ကွဲစေမည့် စနစ်ဆိုးများ ရှိနေသည်ကို ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက လုံးဝထောက်ခံပါကြောင်း”
“အင်္ဂလိပ်အစိုးရများ ဗမာပြည်ကို လာရောက်သိမ်းပိုက်အုပ်ချုပ်စကတည်းက ဗမာပြည်ရှိ အိမ်တွင်းလက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း အမျိုးမျိုးတို့ တိမ်ကောပပျောက်သွားသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်၍ ယခုအခါ ဗမာပြည်ရှိ တောသူတောင်သား လယ်သမားဆင်းရဲသားမှစ၍ ပစ္စည်းဥစ္စာ ခိုင်လုံသော ပုဂ္ဂိုလ်များအထိ နိုင်ငံခြားမှ တင်သွင်းသော ကုန်ချောများကို သုံးစွဲနေကြခြင်းကြောင့် ဗမာပြည်မှ ငွေများ တနေ့ထက်တနေ့ နိုင်ငံခြားသို့ လျှောဆင်းနေသည်ကို တွေ့ရှိရ၏။ ဤအဓိက ချို့ယွင်းချက်ကို ကာကွယ်ရန်
(၁) ဗမာလူမျိုးမှန်သမျှ မြန်မာအမျိုးသားဆိုင်များကို အားပေးရန်၊
(၂) တိုင်းရင်းဖြစ် ကုန်ပစ္စည်းများကိုသာ အားပေးရန်၊
(၃) နိုင်ငံခြားဖြစ်မသုံးလျှင် နေနိုင်သည့်ပစ္စည်းများကို တပြည်လုံးက သပိတ်မှောက်ဖြစ်အောင် ကျောင်းသားများ ဆောင်ရွက်ရန်။ ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက သဘောတူညီကြောင်း”

“ဤမြို့လုံးကျွတ် အစည်းအဝေးကြီး အပြီးတွင် စည်းကမ်းသေဝပ်စွာ လမ်းလျှောက်ကြရန် အဆိုတင်သွင်းကြောင်း။”  ကိုယ်စားလှယ်ထုကြီးက ထောက်ခံအတည်ပြုကြ၏။
“ဓနရှင်အစိုးရ – ပျက်စီးပါစေ”
“အလုပ်သမားအရေး ဖြေရှင်းပေး”
“သခင်မျိုးဟေ့ – တို့ဗမာ”
“ အရေးတော်ပုံ – အောင်ရမည်”
“ မီးတုတ် မီးတုတ်- ရှို့ရှို့”
“ သေမြေကြီး – ရှင်ရွှေထီး”
“ ဘေးနဲ့ကြုံ – ရဲဂုဏ်ပြ”
“ မီးတုတ်ကြီးရဲ့ အလင်းရောင် – ဗမာပြည်ဘောင် ထွန်းပြောင်စေသား”
“ မီးတုတ်ကြီး ရောက်လေရာ – တိုင်းပြည်ကျေးရွာ အေးပါစေသား”
“အရေးတော်ပုံ အောင်ရမည်” ‘မဟာလောကရံသီ အိမ်တော်ရာဘုရားအတွင်း’ ကြွေးကြော်သံများဖြင့် ညံ၍နေသည်။
(၆)

ပုလိပ်ဌာနတွင် ဆရာကြီး ဦးရာဇတ်၏ လူယုံများရှိ၏။ ဆရာကြီးမှ မွေးထားခြင်း ဖြစ်သည်။ ပုလိပ်အင်စပတ်တော် ဦးသိန်း (မျက်လုံးသိန်း) နှင့် နာမည်တူ ပုလိပ်အင်စပါတ်တော် ဦးသိန်း (ဂန်းသိန်း) တို့ဖြစ်သည်။ သူတို့ ၂ ဦးထံမှ ဆရာကြီး သတင်းများရ၏။ ၁၃ဝဝ ပြည့် မန္တလေးလူထု ချီတက်ဆန္ဒပြ စီတန်းလမ်းလျှောက်မည့်ပွဲအား အာဏာပိုင်တို့သည် ချေမှုန်းလိမ့်မည်။
မျက်ရည်ယိုဗုံးများနှင့် ပစ်မည်။ ရိုင်ဖယ်သေနတ်များနှင့် ပစ်ခတ်မည်။ ဆရာကြီး ဦးရာဇတ်က သတင်းအတိအကျ ရ,ထား၏။ ဆရာကြီး သည် သူရ,ထားသည့် သတင်းအား သိသင့်သည့် သံဃာခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များအား ပေး၏။
၁၃ဝဝ ပြည့် မန္တလေးအရေးတော်ပုံ၏ လူထုချီတက်ဆန္ဒပြမည့် ဆုံရပ်က အိမ်တော်ရာ ဘုရားတွင် ဖြစ်သည်။ ဗဟိုအမျိုးသား အထက်တန်း ကျောင်းမှ သပိတ်တပ်ကြီး အိမ်တော်ရာဘုရားသို့ မချီတက်မီ ဆရာကြီးသည် သပိတ်မှောက်စခန်းသို့ ရောက်လာပြီး၊ သပိတ်မှောက် ကျောင်းသား များနှင့် တွေ့၍ သပိတ်မှောက် ကျောင်းသားများအား အမှာစကားဆို၏။
“အရာရာ မိုက်ရူးရဲ မလုပ်ကြနဲ့၊ သတိ၊ ဝီရိယရှိရှိနဲ့ နယ်ချဲ့အစိုးရကို ရင်ဆိုင်ကြ၊ ဇာတိသွေး ဇာတိမာန်တွေပြကြ။ ဒီနေ့တော့ ပစ်မယ်ခတ်မယ်ဆိုတဲ့ သတင်းတွေ ရထားတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေက ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကြ။ အရေးတစုံတရာ ရှိရင် ကျောင်းကိုသာ ပြန်ခဲ့ကြ”
ပြီးလျှင် ကျောင်းသားများ၏ စိုးရိမ်နေသည့် စိတ်အား ပေါ့ပါးစေရန် ရယ်မောဖွယ်ရာများ အား ပျက်လုံးထုတ်၍ သပိတ်မှောက် ကျောင်းသား များအား ရဲဆေးတင်ပေး၏။

“ဟေ့ ထွန်းဝင်း၊ မင်းကို နယ်ချဲ့စစ်တပ်က ပစ်ရင် မင်း ဘာလုပ်မလဲ ”
“ထွက်ပြေးမှာပေါ့ ဆရာကြီး”
“ အေး ကောင်းတယ်”
ဆရာကြီး သည် သပိတ်မှောက်ကျောင်းသားတို့၏ စိုးရိမ်ပူပန်နေမှုအား ပေါ့ပါးစေရန် ပြောဆို၍ အားမွေးပေး၏။
‘ထွန်းဝင်း’ ဟူသည့် ကျောင်းသားက ဆရာကြီး၏ ကျောင်းမှ ကျောင်းဆရာ ရွှေပြည်ဦးဘတင်၏ သားဖြစ်သည်။ အလယ်တန်းကျောင်းသား သပိတ်မှောက် ကျောင်းသားလေး ဖြစ်သည်။
(၇)

၁၃ဝဝ ပြည့် တပို့တွဲလပြည့်ကျော် ၇ ရက်၊ ၁၉၃၉ ခုနှစ် ဖေဖော်ဝရီလ ၁ဝ ရက်နေ့တွင် မန္တလေးလူထု သပိတ်ကြီးသည် အိမ်တော်ရာဘုရားမှ တဆင့် မန္တလေးမြို့အတွင်းသို့ ချီတက်လမ်းလျှောက် ဆန္ဒပြရန် ထွက်ခွာခဲ့ကြ၏။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းကမ်းသေဝပ်စွာနှင့် ချီတက်ကြ၏။
သို့သော်၊ အာဏာပိုင်များက အရေးတော်ပုံတပ်သားများအား ပစ်ခတ်သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်၏။ ၁၃ဝဝ ပြည့် မန္တလေး အရေးတော်ပုံ စစ်ကြောင်းကြီးများ ၂၆ လမ်းနှင့် လမ်း ၈ဝ အဆုံ၊ ၂၆ လမ်း၊ လမ်းမကြီးတွင် အာဏာပိုင်များက၊ လက်နက်ကိုင်တပ်သားများနှင့်  အရေးတော်ပုံ တပ်သားများအား ပိတ်ထားလိုက်၏။
ပစ်ခတ်မှုကြောင့် သံဃာ့အာဇာနည်များ၊ လူအာဇာနည်များ စုစုပေါင်း ၁၇ ဦး ကျဆုံး ခဲ့ရ၏။ ကျဆုံးခဲ့ရသည့် အာဇာနည်အပေါင်း၏ အလောင်းများအား၊ ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသား အထက်တန်း ကျောင်းသို့ သယ်လာခဲ့ကြ၏။ ကျောင်းဝင်း အတွင်း၌ကား အာဇာနည်တို့၏ အလောင်းများဖြင့်။
ပြီးလျှင် ပစ်၏။
တကြိမ်၊
ဒုတိယအကြိမ် ထပ်၍ပစ်၏၊
တတိယအကြိမ် ထပ်၍ပစ်ပြန်၏

ပစ်ခတ်မှုကြောင့် သံဃာ့အာဇာနည်များ၊ လူအာဇာနည်များ စုစုပေါင်း ၁၇ ဦး ကျဆုံးခဲ့ရ၏။ ကျဆုံးခဲ့ရသည့် အာဇာနည် အပေါင်း၏ အလောင်းများအား၊ ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းသို့ သယ်လာခဲ့ကြ၏။ ကျောင်းဝင်းအတွင်း၌ကား အာဇာနည်တို့၏ အလောင်းများဖြင့်။
သပိတ်မှောက် ခေါင်းဆောင်များသည်လည်း မည်သို့ရှေ့ဆက်စီစဉ်ရမည်ကို မတွေးမခေါ်တတ်ကြ။ သွေးပူ၍နေကြသည်။ တိုက်ပွဲအား မည်သို့ချဲ့မည်နည်း။ ဤသည်အား မစဉ်စားနိုင်ကြ။ ဤတွင် ဆရာကြီး ဦးရာဇတ်သည် သူ၏ တပည့် ကျောင်းဆရာများဖြစ်သည့် ဆရာ ဦးထွန်းမောင်နှင့် ဆရာဦးခင်မောင်ကလေးတို့အား ညွှန်ကြားသည်။
“အမျိုးသားကျောင်းက သပိတ်ကိစ္စအထိပဲ ပတ်သက်တယ်။ အိမ်တော်ရာမှာ ကျင်းပတဲ့ လူထုအစည်းအဝေးကြီးက တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ ပြဿနာကို ကိုင်တွယ်ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီအလောင်းတွေ၊ ဒီကျောင်းမှာ ထားတာထက် မူလအစည်းအဝေးကျင်းပတဲ့ နေရာမှာ ပြောင်းရွှေ့ထားတာ ပိုပြီး ကျယ်ပြန့်တဲ့အသွင်ကို ဆောင်လိမ့်မယ်။ နောက်ထပ်လည်း အလောင်းတွေ ဘယ်လောက်ရောက်လာဦးမယ် မသိဘူး။ အလောင်းတွေ ပြင်ရပြုရမှာရယ်၊ လူထုတွေ ဝင်ထွက်ပြီး ဈာပနပွဲကိစ္စ ကျင်းပရမယ့် ကိစ္စတွေရယ်၊ ဒီတော့ ကျောင်းက ကျဉ်းတယ်၊ အလောင်းတွေ သဂြုင်္ိဟ်ဖို့ ကိစ္စတွေကိုလည်း မြို့မိ၊ မြို့ဖတွေနဲ့ တိုင်ပင်ပြီး စည်းကားသိုက်မြိုက်စွာ အခမ်းအနားပြင်၊ ဒီလိုဆောင်ရွက်တာဟာ တပြည်လုံး အတိုင်းအတာကို ဆောင်လိမ့်မယ်။ တို့ကျောင်းထဲမှာ လုပ်တာထက် အရာရာသင့်မြတ် ကောင်းမွန်လိမ့်မယ်။ ဒီကြားထဲ ဆရာကြီး အနေနဲ့ လိုအပ်သလို ဆောင်ရွက်ပေးမယ်”
ဆရာကြီး ဦးရာဇတ်သည် တမျိုးသားလုံးနှင့် သက်ဆိုင်သည့် အရေးတော်ပုံတိုက်ပွဲအား မည်သို့ တဆင့်တက်၍ လျှောက်လှမ်းရမည်ကို ရိုးရိုး ရှင်းရှင်းပင် ညွှန်ကြား၏။
ဆရာကြီး ဦးရာဇတ် ကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၆၃ နှစ် ပြည့်လေပြီ။ ဂုဏ်ရောင်ပြောင်သည့် ၁၃ဝဝ ပြည့် မန္တလေးအရေးတော်ပုံကြီးနှင့် ဆရာကြီး ဦးရာဇတ်၏ ရာဇဝင်ကျောက်စာတိုင်များက မားမားခိုင်ခိုင်နှင့် မြန်မာ့သမိုင်းစဉ်တွင် ထွန်းပြောင်၍နေဆဲဖြစ်၏။
ကိုးကား
-       ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဆရာကြီး ဦးရာဇတ် အတ္ထုပတ္တိ (ပထမတွဲ)
-       ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ မန္တလေး ၁၃ဝဝ ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့


Ref: http://burmese.b-m-a.org/?p=422

ယူကေရောက် မြန်မာမွတ်စလင်များ သုခဆေးခန်းသို့ ငွေလှူဒါန်း


ယူကေရောက် မြန်မာမွတ်စလင်များမှ နာရေး ကူညီမှုအသင်း ( ရန်ကုန် ) မှ ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် ဆေးခန်း မျက်စိခွဲစိတ်ခန်းအတွက် ငွေကျပ် နှစ်ဆယ့်သုံးသိန်း ငါးသောင်း ကျပ် တိတိ လှုဒါန်း ခဲ့ပါသည်။

Ref: http://burmese.b-m-a.org/?p=1163

Wednesday, December 8, 2010

ဆရာမ ဒေါက်တာစိန်စိန်သိန်း သို့ အိတ်ဖွင့်ပေးစာ

၂၀၁၀ ခု၊ ဒီဇင်ဘာလ ၃ ရက်
ဆရာမ ခင်ဗျား -

၂၇ - ၁၀ - ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း အမည်နဲ့ရေးထားတဲ့ ''ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ'' ဆိုတဲ့ ဆရာမရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
ဆရာမ ရေးသားတဲ့ အဲဒီဆောင်းပါးရဲ့ ခေါင်းစဉ်က ထိမိလှပါတယ်။ ဆရာမတင်ပြချင်တဲ့ သဘောတရား အချို့ကိုလည်း နားလည်လိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးဟာ
''ဟိန္ဒူ၊ မွတ်စလင် လူမျိုးရေးအဓိကရုဏ်းတွေကို မလိုလားကြောင်း၊ မတူညီတဲ့ ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေကြတာကို အလုပ်မဟုတ်ဘူးလို့ ခံယူထားသူဖြစ်ကြောင်း
- တောင်အာဖရိကနိုင်ငံမှာ အိန္ဒိယလူမျိုးတွေအတွက် တရားမျှတမှုရဖို့ တိုက်ပွဲဝင်ခဲ့ရကြောင်း။
- အိန္ဒိယ လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရကို တိုက်ပွဲဝင်တဲ့အခါ တားဆီးမှု ကြိမ်ဖန်များစွာ ခံခဲ့ရပြီး၊ ထောင်ထဲကို ၀င်လိုက်ထွက်လိုက်နဲ့ ဘ၀တစ်ခုလုံးအနစ်နာခံခဲ့ရကြောင်းတွေ ရေးထားတာ ဖတ်ရပါတယ်။
ကောင်းပါတယ်။ ခေါင်းစဉ်နဲ့လည်း ကိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးကိုလည်း ပိုပြီး ကရုဏာသက် ကြပါတယ်။ တစ်ချို့ ခေါင်းဆောင်တွေဆိုရင် မဟတ္တမဂန္ဓီကြီးကို စံနမူနာယူနေတာကိုလည်း တွေ့နေရပါတယ်။
မကောင်းတာတစ်ခုလည်း ဆရာမရေးထားတဲ့စာထဲမှာ ဖတ်လိုက်ရပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို ဖြစ်သွားပါတယ်။ မကောင်းတာဆိုတာထက် သမိုင်းအမှားကြီးတစ်ခုလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒါကတော့ ကော်လံ(၃) ပထမပိုဒ် စာကြောင်းရေ(၄)နဲ့ ကော်လံ(၅) နောက်ဆုံးအပိုဒ်အစမှာ ရေးထားတဲ့ မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ဖြတ်သူဟာ ''အလွန်အယူသည်းသော မွတ်စလင်လူငယ်တစ်ဦး''ဆိုပြီး ရေးထားတဲ့ အချက်ပါပဲ။ တကယ်တော့ အဲဒီအချက်ဟာ တက်တက်စင်အောင် လွဲသွားတာပါပဲ။
ဆရာမဟာ ဒေါက်တာဆိုတော့ ဆေးပညာဒေါက်တာပဲဖြစ်ဖြစ်၊ ပညာရေး Ph.D ဒေါက်တာပဲဖြစ်ဖြစ် အဲဒီပါရဂူမြောက်ဘွဲ့တွေရဖို့ သုတေသနကျမ်းအလီလီပြု၊ စာတမ်းအစောင်စောင် တင်ပြီးမှ ရခဲ့တာပါ။ အဲဒီလို ဒေါက်တာဘွဲ့ရဆရာမတစ်ဦးက စာရေးဆရာလည်းဖြစ်တော့ ပိုပြီး နှံ့စပ်သေချာဖို့လိုပါတယ်။ မရေမရာနဲ့ မစူးစမ်း မဆင်ခြင်မလေ့လာဘဲ စာတစ်ပုဒ်ဖြစ်ရင်ပြီးရောဆိုပြီး ရေးလိုက်တာကတော့ ဆရာမရဲ့ ဂုဏ်ပုဒ်သိက္ခာ ဒေါက်တာ ဆိုတာနဲ့ အလှမ်း အရမ်းကြီးကွာဝေးနေပါတယ်။ ဗရမ်းဗတာရေးတတ်တဲ့ သူတွေထဲမှာ ဆရာမဒေါက်တာစိန်စိန် သိန်း တစ်ယောက် မပါစေချင်ပါဘူး။
တကယ်တော့ ဆရာမရေးထားတဲ့အတိုင်း မဟတ္တမဂန္ဓီကြီးဟာ လူမျိုးရေးမုန်းတီးမှု၊ လူများစုက လူနည်းစု အပေါ် တစ်ဖက်သတ်ဖိနှိပ်မှု၊ ဘာသာရေးစော်ကားမှုတွေကို လိုလားသူမဟုတ်ပါ။ ဟိန္ဒူမွတ်စလင်တို့ အဓိကရုဏ်း တွေ အကြီးအကျယ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ဇန်န၀ါရီမှာ အဓိကရုဏ်းတွေ ပပျောက်ဖို့နယ်လှည့်တရားဟော ခဲ့တယ်။ ဟိန္ဒူနဲ့ မွတ်စလင်တို့ သင့်တင့်လာစေရန် အစာငတ်ခံခဲ့တယ်။ နှစ်ဘက် ခေါင်းဆောင်တွေဆီက သင့်မြတ် ပါ့မယ်ဆိုတဲ့ ကတိရရင် အစာပြန်စားတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ တစ်ကြိမ် အစာငတ်ခံပြန်တယ်။ အဲဒီလို အစာငတ်ခံပြီး နာရီပေါင်း ၁၇၁ နာရီနဲ့ ၄၅ မိနစ်စေ့တဲ့အခါ ဟိန္ဒူနဲ့မွတ်စလင်ခေါင်းဆောင်တွေက နှစ်ဖက် သင့်မြတ်ညီညွတ်ပါ့မယ်လို့ ဂတိပေးတဲ့အတွက် အစာကို ပြန်စား ပါတယ်။
နောက်ပိုင်း ဘာဖြစ်သွားသလဲ၊ ဂန္ဓီကို ဘယ်သူသတ်သလဲဆိုတဲ့ သမိုင်းအထောက်အထားတွေကို ကျွန်တော်အမြောက်အများ တင်ပြနိုင်ပါတယ်။ ဒါပေမယ့် အခိုင်လုံဆုံးအထောက်အထားတစ်ခုနဲ့တင် လုံလောက် လို့ အဲဒီတစ်ခုကိုပဲ ကျွန်တော်တင်ပြပါရစေ။
ဂန္ဓီကြီး ကျဆုံးပြီး (၈)နှစ်ပဲကြာသေးတဲ့ ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း၊ စာပေဗိမာန်ရဲ့ ရုပ်ပြဗဟုသုတဘဏ်အဖြစ်ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၉၁-၉၄)မှာ ဖော်ပြထားတဲ့ မဟတ္တမဂန္ဓီကြီးအကြောင်းကို ဖတ်ကြည့်ဖို့ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
(၁၉၄၈ ခုနှစ်) ''ဇန္န၀ါရီ ၂၁ ရက်နေ့တွင် ဟိန္ဒူလူငယ်တစ်ဦးသည် ဟိန္ဒူမွတ်စလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကိုပြသည်အနေနှင့် ဂန္ဓီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဓီသည် ထိုလူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။
ဇန္န၀ါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဓီသည် ဒေလီမြို့ရှိ သူ၏နေအိမ် ဗီယာလာ နေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဓီကို ခြောက်လုံးပူး နှင့် သုံးချက်ပစ်သည်။ ဂန္ဓီသည် နာရီဝက်ခန့်ကြာသောအခါ အနိစ္စရောက်လေသည်။''
ဒါကြောင့် ဆရာမ စွပ်စွဲရေးသားထားသလို ဂန္ဓီကြီးကို သတ်တာ မွတ်စလင်လူငယ်မဟုတ်ပါဘူး။ ဟိန္ဒူ လူငယ်သာဖြစ်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ စာပေဗဟုသုတများကို ဆက်လက်လေ့လာပြီး အများအကျိုးပြု စာပေများ ရေးသားနိုင်ပါစေလို့ ဆန္ဒပြုလျက် -

ရွှင်လန်းချမ်းမြေ့ပါစေ

မောင်သဲနီ

ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲ

ကုရ်အာန်ဘာလဲ
ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာ လောကခပ်သိမ်းအား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသော လူသားအလင်းပြနဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်(صلى اله عليه وسلم) အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာသက်ရောက်ပါစေ။

ညီနောင်ညီအစ်မအပေါင်းတို့ခင်ဗျားအတ်စ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ်လါးဟိ ၀ဗရကါးသုဟ်လမြတ်ရမဒွါန်ရဲ့ (၂၇)နေ့ညကို ကုရ်အာန်ကျမ်းမြတ် စတင်ကျရောက်တဲ့ညဥ့်မြတ် (လိုင်လသုလ်-ကဒရ်) အဖြစ်ကမ္ဘာနဲ့အ၀ှမ်း အထိမ်းအမှတ် အခမ်းအနား ကျင်းပကြပါတယ်။ နှစ်စဉ် ရမဒွန်လရဲ့ ညဥ့်ဦးယံအေရှာ ဆွလားသ်အပြီးသရာဝီဟ်ဆွလါသ်နဲ့ ကုရ်အာန်တစ်အုပ်လုံး ရွတ်ဖတ်ဝတ်ပြုမှုအစီအစဉ်ကို ဒီညမှာအဆုံးသတ် လေ့လည်းရှိကြပါတယ်။

ကမ္ဘာ့ဒေသအသီးသီးမှာလည်း မွတ်စလင်မ်အချို့ဟာ လမြတ်ရမဒွါန်ရဲ့နောက်ဆုံး (၁၀) ရက်မှာဗလီဝတ်ကျောင်းတော်အသီးသီးမှာ အိအ်သိကါဖ် လို့ခေါ်တဲ့ ကျင့်စဉ်စခန်းဝင်ရောက်ရင်း လောကီနဲ့ယာယီအဆက်ဖြတ်ပြီး အနှိုင်းမဲ့ကိုးကွယ်ရာကိုတသခြင်း၊ ကုရ်အာန်ကိုဖတ်ရွတ်ခြင်း၊ အဓိပ္ပါယ်လေ့လာနှလုံးသွင်းခြင်းတို့ကို ဆောင်ရွက်ရင်းနဲ့ ကဒရ်ညဥ့်ရဲ့ သင်္ကေတကို ရှာဖွေလေ့ရှိကြပါတယ်။တမန်တော်မြတ် صلى اله عليه وسلم ကလည်း ရမဒွါန်လဟာ ကုရ်အာန်ရဲ့လဆိုပြီး ဂုဏ်ပြုဖေါ်ညွှန်းခဲ့ပါတယ်။ဒါကြောင့်ဒီအပတ်မှာ ကျွန်တော့် အနေနဲ့“ကုရ်အာန်ဘာလဲ”ဆိုတဲ့ခေါင်းစဉ်ကိုတင်ပြမှာဖြစ်ပါတယ်။


ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲကုရ်အာန်ဆိုတာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ထံက ကမ္ဘာဂြိုဟ်မှာရှိတဲ့ လူခပ်သိမ်းအတွက် နောက်ဆုံးနဲ့ပြီးပြည့်စုံတဲ့ လမ်းညွှန်တစ်ရပ် ဖြစ်ပါတယ်။ နောက်ဆုံးလူသား နဗီတမန်တော်ချုပ်မုဟမ္မဒ်( صلى اله عليه وسلم)ထံမလာအိကဟ်ကောင်းကင်တမန်စွမ်းအားရှင် ဂျိဗရာအီလ် ကတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့တာ ဖြစ်ပါတယ်။ ဒီခေတ်ဟာ ICTလို့ခေါ်တဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ အလွန်ထွန်းကားတဲ့ခေတ်ဖြစ်ပေမယ့် အဲဒီဂျီဗရာအီလ်ဆိုတဲ့ အလ္လာဟ့်ရဲ့ဝဟီလမ်းညွှန် ဆက်သွယ်မှုနည်းစနစ်ကိုတော့ သက်ဆိုင်ရာနဗီတမန်တော်တွေ ကလွဲလို့ အခြားဘယ်လူသားမှဥာဏ်မမီနိုင်ကြပါဘူး။ အနှိုင်းမဲ့ကိုးကွယ်ရာနဲ့ နှိုင်းရတရားထဲမှာရှိတဲ့ လူသားအကြား အလွန်အဆင့်မြင့်ပြီးပြည့်စုံတဲ့ဆက်သွယ်ရေးနည်းတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူမှ ဟန့်တားနှောင့်ယှက် ခိုးယူလို့မရနိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။ဒီနေ့ဆက်သွယ်ရေး

နည်းပညာဟာ တစက္ကန့်ကို(၁၈၆၀၀၀) မိုင်နှုန်း ပြေးတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုအသုံးပြုပို့ရတဲ့အတွက် ဂလက်ဆီလို့ခေါ်တဲ့ ကြယ်မြို့တော်တစ်ခုကိုဖြတ်ဖို့တောင် နှစ်ပေါင်းသန်းနဲ့ချီပြီးကြာမှာဖြစ်ပါတယ်။ဒါပေမဲ့ အလ္လာဟ့်ရဲ့ ဂျီဗရာအီလ်နည်းကတော့ အလ္လာဟ်ပို့လို့ ရတဲ့သတင်းလမ်းညွှန်ချက်တွေကို သက်ဆိုင်ရာလက်ခံရရှိမယ့် လူသားနဗီတမန်တော် အလင်းပြပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးသားထဲကို သူနားလည်ပြောဆိုနေတဲ့ ဘာသာစကားနဲ့ဘာသာပြန်ပြီးသား အဖြစ်ချက်ချင်းရောက်ရှိ သွားခြင်းပဲဖြစ်ပါတယ်။
ဥပမာ-တမန်တော်မူစာ (Moses) ထံကို ဟီဗရူးဘာသာစကားနဲ့ရောက်လာတယ်။ တမန်တော်အီစာ(ယေရှုခရစ်တော်) ထံကို အရမစ် (Aramic)ဘာသာစကားနဲ့ရောက်ရှိလာတယ်။ အခုလည်း နောက်ဆုံး လူသားနဗီတမန်တော်ချုပ် မုဟမ္မဒ်(صلى اله عليه وسلم) သခင်ဟာအာရဗ်လူမျိုးဖြစ်တဲ့အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့ ကုရ်အာန်ဟာ အရဗီဘာသာစကားနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကုရ်အာန်ကျမ်းဟာ အစအဆုံး တစ်ပြိုင်တည်း ကျရောက်လာတာမဟုတ်ဘဲတမန်တော်မြတ် ကြုံတွေ့ရတဲ့ အခြေအနေတွေအလိုက် မက္ကဟ်မြို့မှာ(၁၃)နှစ်၊ မဒီနဟ်မြို့မှာ (၁၀)နှစ် စုစုပေါင်း(၂၃)နှစ်အတွင်းမှာ အလီလီကျရောက်ပြီးမှ ပြီးပြည့်စုံ ခဲ့ခြင်းဖြစ်ပါတယ်။ (ကုရ်အာန် ၂၆း၁၉၂ ၊ ၄၇း၂ ၊ ၂း၁၈၅ ၊ ၉၇း၁ ၊ ၄၄း၅၈၊ ၄၃း၃)အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုကုရ်အာန်ကို ရှင်ပြန်ထမြောက်ရမယ့်နေ့တိုင် လူခပ်သိမ်း အတွက် နောက်ဆုံးလမ်းညွှန်အဖြစ်ထုတ်ပြန်လိုက်ပေမယ့် မျက်စီမှိတ်ပြီး ယုံကြည်ရမယ်လို့ အဓ္ဓမ မကျင့်သုံးထားပါဘူး။
ကုရ်အာန်ထဲ ပါတာတွေကို စာတွေ့၊ သက်သေလက္ခဏာနဲ့ အလ္လာဟ်ရဲ့ ဖန်ဆင်းမှုသဘာဝတရားကြီးကို လက်တွေ့သက်သေလက္ခဏာတွေအဖြစ် သိပ္ပံ၊ ၀ိဇ္ဖာ၊ နည်းပညာပေါင်းစုံနဲ့ ဆန်းစစ်လေ့လာပြီးမှကျမ်းရှင်နဲ့ဖန်ဆင်းရှင်ဟာ အနှိုင်းမဲ့`တစ်´ဖြစ်ကြောင်း ၀န်ခံ ထောက်ခံစေပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ကို စာတွေ့ လက်တွေ့ စေစား ပွားများစေတာဖြစ်ပါတယ်။အဲဒီလိုဆန်းစစ်လေ့လာပြီး ယုံကြည်လက်ခံတယ်ဆိုရင် ကုရ်အာန်ကျမ်းစာဟာ အဲဒီယုံကြည်လက်ခံလာသူ (မွတ်စလင်မ်) အတွက်အမှားနဲ့ အမှန်ခွဲခြားတဲ့ မှတ်ကျောက် (ဖုရ်ကာန်အဖြစ် ခံယူကျင့်သုံးရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အဲဒီကုရ်အာန်နဲ့ ဆန့်ကျင်တာမှန်သမျှ ယုံကြည်ခြင်း၊ ခံယူကျင့်သုံးခြင်း လုံးဝ ပြုပိုင်ခွင့် မရှိတော့ပါဘူး။
ဒါကြောင့် ကုရ်အာန်ဆိုတာ အစ္စလာမ့်ဘ၀ တည်ဆောက်မှုလည်းစဉ်အတွက် အစ္စလာမ့် တရားဥပဒေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၅ ၊ ၅း၄၄ ၊ ၁၃း၃၇)ကုရ်အာန်ဆိုတဲ့ကျမ်းစကုရ်အာန်ဆိုတဲ့ကျမ်းစာအမည် ကမ္ဘာ့ဘာသာရေး ကျမ်းစာအချို့ရဲ့ အမည်တွေဟာ သက်ဆိုင်ရာကျမ်းစာထမှဲာ မပါဘဲ လူတွေကအမည်ပေးမှည့်ခေါ်တာကို တွေ့ရပါလိမ့်မယ်။ ဥပမာ-သမ္မာကျမ်း (Bible) ဆိုတဲ့အမည်ဟာ သမ္မာကျမ်းထဲမှာ မပါပါဘူး။လူတွေက အမည်ပေး ခေါ်ဝေါ်နေခြင်းသာဖြစ်ပါတယ်။

`ကုရ်အာန်´ ဆိုတဲ့ကျမ်းရဲ့အမည်ဟာ ကုရ်အာန် ကျမ်းစာထဲမှာအတိအလင်း ဖေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ-(ကုရ်အာန် ၂း၁၈၅ ၊ ၁၂း၂ ၊ ၅၄း၁၇) တွေမှာ ဖေါ်ပြထားပါတယ်။`ကုရ်အာန´် ဆိုတဲ့ အရဗီဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ `ရေွး ချယ်စုစည်းခြင်း၊ အဖန်တလဲလရွဲတ်ဖတ် ခြင်း´ဆိုပြီးရပါတယ်။ ဆိုလိုတာကတော့ ကုရ်အာန်ကျမ်းစာထဲမှာ ကမ္ဘာ့ရှေးကျမ်းအသီးသီးရဲ့ အနှစ်သာရတွေ ကိုရွေးချယ်စုစည်း ဖော်ပြထားတဲ့အပြင် ရှင်ပြန်ထမြောက်ရမယ့် နေ့တိုင် ကြုံတွေ့ရမယ့် ရေးရာကိစ္စတွေ အတွက်ပြီးပြည့်စုံတဲ့ လမ်းညွှန်တွေကို စုစည်းထားတဲ့ နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့အတွက် လူသားတွေအနေနဲ့ ဘ၀လမ်းညွှန်အဖြစ် အဖန်တလဲလဲ ဖတ်ရွတ်လေ့လာနေရမယ့် ကျမ်းဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ကုရ်အာန်ကျမ်းစာတစ်အုပ်တည်းသာ မူရင်းအတိုင်းသန့်စင်စွာရှိနေခြင်း၏အံ့ဖွယ်ကုရ်အာန်ကျမ်းစာ မတိုင်မီကရရှိခဲ့တဲ့ ကမ္ဘာ့ဘာသာရေးကျမ်းစာအသီးသီးဟာ ဒီနေ့ဆိုရင်ကမ္ဘာပေါ်မှာ မူရင်းအတိုင်း မရှိကြတော့ပါဘူး။ တစ်ချို့ဆိုရင် မူရင်းဘာသာစကားနဲ့တောင် မရှိကြတော့ဘဲ တစ်ချို့ဆိုရင် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တဲ့အတွက် အဲဒီမူရင်းအတိုင်း မဟုတ်တော့တဲ့ကျမ်းကိုကိုင်ပြီး အကြွင်းမဲ့ပြီးပြည့်စုံတဲ့ သစ္စာတရားကို လေ့လာရှာဖွေဖို့ အလွန်ခက်ခဲနေပြီ ဖြစ်ပါတယ်။ ဖွင့်ဆိုတဲ့နေရာမှာ ကွဲလွဲချက်တွေ အမြောက်အများ ပေါ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ ကုရ်အာန်ရဲ့ ထူးခြားချက်ကတော့ အခုဆိုရင် ကမ္ဘာပေါ်မှာ နှစ်ပေါင်း(၁၄၀၀) ကျော်ပြီဖြစ်ပေမဲ့မူရင်းအရဗီဘာသာစာပေနဲ့ မူရင်းအတိုင်း ၏သည် မရွေး ရှိနေခြင်းပဲဖြစ်ပါတယ်။
ဘယ်နိုင်ငံက ဘယ်လူမျိုးပဲ ဖတ်ဖတ်၊အသံထွက်ဟာ အတူတူပဲဖြစ်ပါတယ်။ တစ်နိုင်ငံမှာအသံထွက်တစ်မျိုး ကွဲလွဲချက်မရှိတာကို နိုင်ငံ ပေါင်းစုံက ပါဝင်တဲ့ကမ္ဘာ့ကုရ်အာန်ကျမ်းစာ ဖတ်ရွတ်ပြိုင်ပွဲတွေမှာ ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို မူရင်းအတိုင်း သန့်စင်စွာရှိနေရတဲ့အကြောင်းကတော့--၁။ တမန်တော်ချုပ်မုဟမ္မဒ်(ဆွ)ဟာ နောက်ဆုံးနဗီတမန်တော်ချုပ်ဖြစ်ပြီး သူ့နောက်မှာနောက်ထပ်နဗီတမန်တော်အသစ်ပေါ်ထွန်းစရာမရှိတော့ခြင်း၊ ကုရ်အာန်ကျမ်းစာဟာ အလ္လာဟ့်ထံက နောက်ဆုံးလမ်းညွှန်ဖြစ်ပြီးနောက်ထပ်လမ်းညွှန်လာစရာမရှိတော့ခြင်းတို့ကြောင့် ကျမ်းရှင် အလ္လာဟ်ကိုယ်တိုင်က ကုရ်အာန်ကျမ်းစာကိုယိုယွင်းပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ထားတယ်လို့ အာမခံထားတဲ့အတွက် ဖြစ်ပါတယ်။ (ကုရ်အာန် ၁၅း၉)၂။

ဒီအပြင်မွတ်စလင်မ်တွေအနေနဲ့ ကုရ်အာန်ကျမ်းစာကိုလက်တွေ့ထိန်းသိမ်းခြင်းနဲ့ ကာကွယ်စောင့်ရှောက် ခြင်းနည်းစနစ်သမိုင်းကို ကြည့်ရင် တမန်တော်ချုပ်မုဟမ္မဒ်(صلى اله عليه وسلم) ဆီကို ကုရ်အာန်ကျမ်းစာရဲ့ လမ်းညွှန်ချက်တွေကျရောက်လာတိုင်း တမန်တော်မြတ်(صلى اله عليه وسلم)ရဲ့ ကြီးကြပ်မှုနဲ့ စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းအပြင် လူအများကအလွတ်ကျက်မှတ်ပြီး စိတ်နှလုံးမှာ မှတ်တမ်းတင်ခြင်းကို တစ်ပြိုင်တည်း ပြုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီ့အပြင်မွတ်စလင်မ်တွေဟာ ကုရ်အာန်ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို မိမိတို့ရဲ့ နေ့စဉ်(၅)ကြိမ်ဆွလားသ် ၀တ်ပြုမှုမှာ နေ့စဉ်ဖတ်ရွတ် ဆင်ခြင်ခြင်း၊ ဟာဖိဇ်ွခေါ် ကုရ်အာန်ကျမ်းစာကို အစအဆုံး အလွတ်ကျက်မှတ် အာဂုံဆောင် သူများကမ္ဘာနဲ့အ၀ှမ်း နှစ်စဉ်မွေးထုတ်ပေးနေခြင်းနဲ့ မွတ်စလင်မ် ကျားမမရွေး အမြလဲိုလို ကုရ်အာန်ကို ရွတ်ဖတ်နေခြင်းတို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ရှေးကျမ်းစာအသီးသီးကို ဒီလို ပီပီပြင်ပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ဆိုရင် ကမ္ဘာပေါ်မှာ ကုရ်အာန်ကျမ်းစာကို ကမ္ဘာ့ဘာသာစကား အသီးသီးနဲ့ ဘာသာပြန်ဆိုထားပြီးဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူတွေရဲ့ အရည်အသွေးအလိုက် အယူအဆ ကွဲလွဲချက်အချို့ ရှိနေပေမယ့်ဒီကွဲလွဲချက်တွေကို မှတ်ကျောက်တင် ဆန်းစစ်နိုင်ဖို့ အရဗီစာပေနဲ့ မူရင်းကုရ်အာန် ရှိနေခြင်းဟာ အစ္စလာမ်ရဲ့ ထူးခြားချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ကုရ်အာန်၏အရဗီဘာသာစာပေ၏အံ့ဖွယ်ကမ္ဘာပေါ်မှာ အရဗီစကား ပြောတဲ့နိုင်ငံများစွာရှိနေပြိး ဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနေပေမယ့်ကုရ်အာန်ကျမ်းစာမှာ သုံးထားတဲ့ အရဗီစာပေကတော့ အားလုံးအတွက် စံနမူနာပြဲဖစ်ပါတယ်။ ဒီ့အပြင် အရဗီဘသာစကားဟာ မပြောပလောက်တဲ့ လူအနည်းငယ်သာ သုံးစွဲနေတဲ့ ဘာသာစကားအသေ (Dead Language)မျိုးလဲမဟုတ်ဘဲနဲ့ ကမ္ဘာ့လူအများစုသုံးစွဲနေတဲ့ ရှင်သန်နေတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များသာမကဘဲ မွတ်စလင်မ်မဟုတ်သူများပါ သုံးစွဲနေပြီး အခုဆိုရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးမှာအာရဗီစာပေဌာန သီးခြားထားရှိနေပြီ ဖြစ်ပါတယ်။
ဒါတင်မ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရုံးသုံးဘာသာစကား (၆) မျိုးအနက် အရဗီဟာ တစ်မျိုးအပါအ၀င်ဖြစ်နေပါပြီ။ဒီ့အပြင် ဒီနေ့ကမ္ဘာရဲ့ သိပ္ပံပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ စာပေဝေါဟာရတွေကျယ်ပြန့်လာ ချိန်မှာအရဗီစာပေဟာ ခေတ်၊ စနစ်၊ အသိပညာရဲ့ လိုအပ်ချက်တွေကို အဆင့်မြင့်စာပေတစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးနေတယ်ဆိုတာ တွေ့ရှိလာခဲ့ပါတယ်။ ဥပမာ- ကမ္ဘာ့မွတ်စလင်မ်အဖွဲ့ချုပ် (ရာဗိသွဟ်) ကနေပြီး ဒီနေ့ ကမ္ဘာ့သိပ္ပံပညာရပ်အသီးသီးရဲ့ ကမ္ဘာကျော်ပါရဂူ (၁၄) ဦးကို နိုင်ငံအသီးသီးက ခေတ်ခေါ်ပြီး အရဗီကုရ်အာန်ကျမ်း မူရင်းနဲ့တမန်တော်မုဟမ္မဒ်သခင်(صلى الله عليه وسلم) သြ၀ါဒမှတ်တမ်းထဲက သက်ဆိုင်ရာ သိပ္ပံ၊ ၀ိဇ္ဇာ နည်းပညာဘာသာ ရပ်အလိုက်အချက်အလက်တွေကို ထုတ်ပေးပြီး လက်တွေ့ နောက်ဆုံးပေါ် ပညာတွေနဲ့ စမ်းသပ် စစ်ဆေးစေခဲ့တဲ့အခါသုတေသနအဆုံးမှာ ကမ္ဘာ့ပါရဂူအားလုံးက အရဗီကုရ်အာန်ကျမ်းနဲ့ တမန်တော်ရဲ့ သြ၀ါဒ မှတ်တမ်းတွေကိုခေတ်ရှေ့ပြေးနေတဲ့ အံ့ဖွယ်အဖြစ် ချီးကျူး ဂုဏ်ပြု ကြေငြာခဲ့ကြရပါတယ်။ သူတို့တွေရဲ့ ကုရ်အာန်အပေါ် သုတေသနနဲ့တွေ့ရှိချက်များကို This Is The Truth (သည်မှာသစ္စာတရားတည်း) ဆိုတဲ့စာအုပ်နဲ့ ဗွီဒိယို၊ ဗီစီဒီခွေများအဖြစ် ကမ္ဘာကိုဖြန့်ချိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပါရဂူ(၁၄) ဦးထဲမှာ(၁) ဦးကလွဲလို့ ကျန်သူတွေဟာ မွတ်စလင်မ်တွေမဟုတ်ကြပါဘူး။ အဲဒီအထဲက ယိုးဒယားက ပါမောက္ခ တာဂါစုမ်ကတော့ အစ္စလာမ်ကို လက်ခံလိုက်ကြောင်းကြေငြာသွားခဲပါတယ်။
ကုရ်အာန်ကျမ်းစာဖွဲ့စည်းပုံ
(မက္ကဟ်နှင့်မဒီနဟ်စူရဟ်)ကုရ်အာန်ကျမ်းစာဟာ မုဟမ္မဒ်သခင်(صلى الله عليه وسلم) သက်တော်(၄၀) ပြည့်တဲ့အခါ အာရေဗျဒေသ၊ မက္ကာဟ်မြို့ပြင်မှာရှိတဲ့ ဟီရာ လို့ခေါ်တဲ့ သုတေသန လှိုဏ်ဂူမှာ တရားဆင်ခြင်နေစဉ် အနိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်ကကောင်းကင်တမန် ဂျီဗရာအီလ်ကနေတစ်ဆင့် စတင် ထုတ်ပြန်ပို့ချခဲ့တာပါ။ အရဗီပြက္ခဒိန်အရတော့ ရမဒွန်လထဲမှာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ (၂၇) နေ့ညလို့ မှတ်တမ်းတင်ထား ကြပါတယ်။ အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ပို့ချတဲ့ ညကို ကဒရ်ညဥ့်(၀ါ) တိုင်းတာသတ်မှတ်တဲ့ညဥ့်လို့ အလ္လာဟ်က ဂုဏ်ပြုဖော်ပြ ထားပါတယ်။ (ကုရ်အာန်၉၆း၁-၆)။ ဆိုလိုတာက လူတစ်ဦးချင်းဖြစ်စေ၊ လူအဖွဲ့ အစည်းဖြစ်စေ သူတို့ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကံကြမ္မာကိုကုရ်အာန်ရဲ့လမ်းညွှန်ချက်နဲ့ တိုင်းတာသတ်မှတ် လိုက်လို့ဖြစ်ပါတယ်။ ဘယ်သူမဆို အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ရဲ့ လမ်းညွှန်အတိုင်း ကျင့်သုံးနေထိုင်ရင် လောကီဘ၀ရော၊မတလွန်ဘ၀မှာပါ အောင်မြင်ငြိမ်းချမ်းမှု ရရှိမှာဖြစ်ပြီး ဘယ်သူမဆို အလ္လာဟ်ကိုငြင်းပယ်မယ်၊ ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေကို ဆန့်ကျင်နေထိုင်မယ်ဆိုရင် လောကီနဲ့ တမလွန် နှစ်ဘ၀စလုံး ဆုံးရှုံး နစ်နာမှာဖြစ်ပါတယ်။
အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ခြင်းနဲ့အတူ မုဟမ္မဒ်သခင်(صلى الله عليه وسلم)ကိုလည်း နဗီတမန်တော် တာဝန်ကို စတင်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မက္ကာဟ်မြို့(၁၃)နှစ်တာ တမန်တော်သက်တမ်း ကိုကြည့်ရင်ဖန်ဆင်းတာလည်းအလ္လာဟ်၊ ထိန်းသိမ်း စောင့်ရှောက် နေတာလည်း အလ္လာဟ်၊ တရားစီရင် စစ်ဆေးမှာလည်းအလ္လာဟ်ဆိုတဲ့ အလ္လာဟ်တစ်ပါးတည်းသာ အနှိုင်းမဲ့ကိုးကွယ်ရာဆိုတဲ့ (သောင်ဟီးဒ်)တရားကို ဟောကြားရတဲ့ အခါအလ္လာဟ်ကိုငြင်းသူတွေ၊ အလ္လာဟ်ကိုလက်ခံပေမယ့် အခြားတစ်စုံတစ်ရာ(နတ်)တွေနဲ့ နှိုင်းယှဉ်ကိုးကွယ် သူတွေကအပြင်းအထန် ဆန့်ကျင်မှုတွေ ခံခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မက္ကာဟ်ကာလ ကုရ်အာန်အာယသ်လမ်းညွှန်တွေကိုကြည့်ရင် ယုံကြည်ချက် သန့်စင်ဖွံ့ဖြိုးရေး (Purity of Faith) ကိုဦးစားပေးထားတာကို တွေ့ရပါတယ်။ဖိနှိပ်ညှင်းပန်းမှုတွေ ရှိနေတဲ့အတွက် ကျင့်စဉ်ခန်းတွေ များစွာမတွေ့ရပါဘူး။ ဒါပေမယ့် မဒီနဟ်ကာလ(၁၀)နှစ်ကိုကြည့်ရင်တော့ အစ္စလာမ့်နိုင်ငံတော် လွတ်လပ်စွာထူထောင်နိုင်ပြီး ဖြစ်တဲ့အတွက် ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး၊ စစ်နဲ့ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပြန်ကြားရေး၊ ဘာသာခြားနဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးစတဲ့ လမ်းညွှန်ဥပဒေတွေ၊ရုပ်နဲ့ စိတ်ဝိညာဉ် သန့်စင်ဖွံ့ဖြိုးရေးအတွက် ၀တ်ပြုတည်ဆောက်မှုဆိုင်ရာ ကျင့်စဉ်တွေစတဲ့ အစ္စလာမ့် တရားဥပဒေရေးရာတွေနဲ့ ပတ်သက်တဲ့ ကုရ်အာန်အာယသ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ ကုရ်အာန်ထဲမှာ ရုပ်နဲ့နာမ်၊ တစ်ဦးနဲ့အများ၊လောကီနဲ့ တမလွန် အားလုံးအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန် အားလုံးပါဝင်နေပါတယ်။
တမန်တော်မြတ်(صلى الله عليه وسلم)ဟာ မဒီနဟ်ရောက်ပြီး(၈) နှစ်မြောက် (ဟစ်ဂျရီ-၈ခုနှစ်) မှာ မက္ကဟ်မြို့ကို ငြိမ်းချမ်းစွာအောင်နိုင်ပြီး မဒီနဟ်မြို့မှာပဲ စံမြန်း နေခဲ့ပါတယ်။ ဟစ်ဂျရီ(၁၀) ခုနှစ်မှာ နောက်ဆုံးဟဂ်ျ ကျင့်စဉ်ပြုပြီး (တမန်တော်မြတ်နောက်ဆုံး ဟဂ်ျပြုနေစဉ်မှာပဲ ကုရ်အာန်ရဲ့ နောက်ဆုံးအာယသ် (၅း၃) ကျရောက်ခဲ့ပါတယ်) နောက်အလ္လာဟ့်ကရုဏာတော် ခံယူကာ အလ္လာဟ်ထံ ပြန်ကြွသွားတော်မူခဲ့ပါတယ်။တမန်တော်မြတ်(صلى الله عليه وسلم)ရှိစဉ်ကတည်းက ကုရ်အာန်ကို ချက်ခြင်း စာဖြင့်မှတ်တမ်းတင်ခြင်း၊ အာဂုံဆောင်ကျက်မှတ်ခြင်းတို့နဲ့ မှတ်တမ်းတင်ခဲ့ ကြတဲ့အတွက် တမန်တော်မြတ်(صلى الله عليه وسلم)) မကွယ်လွန်ခင် ကတည်းက ကုရ်အာန်ကျမ်းမြတ် အစအဆုံးကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလ္လာဟ်က ကုရ်အာန်ကို တမန်တော်မြတ် ခေတ်လူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်နဲ့အားလျော်စွာ ကုရ်အာန်အာယသ်တွေကို ချပေးခဲ့ပေမယ့် ပြီးပြည့်စုံသွားတဲ့အခါကျတော့ အဲဒီအစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ခေတ်တိုင်းအတွက် လမ်းညွှန်ဥပဒေအဖြစ် အသုံး ချနိုင်ဖို့လက်ရှိ အစီအစဉ်အတိုင်း တမန်တော်မြတ်(صلى الله عليه وسلم)) ကိုစီစဉ် စေခဲ့ပါတယ် ဒီ့အပြင် ကျပြီးသလောက် အာယသ်တွေကိုနှစ်စဉ်တမန်တော်မြတ်(صلى الله عليه وسلم)က ရမဒွါန်လရောက်ရင်` လက်ရှိအစီအစဉ်အတိုင်း ရွတ်ဖတ်ပြရပါတယ်။
ဒါကြောင့်ကုရ်အာန်ကျမ်းစာမှာ စူရဟ်ခေါ် ကဏ္ဍပေါင်း(၁၁၄) ပုဒ်ပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီကို အာယသ်လို့ခေါ်တဲ့လမ်းညွှန်/သက်သေလက္ခဏာ စာကြောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ စူရဟ်ခေါ် ကဏ္ဍတစ်ခုချင်းဟာ အတိုအရှည်မတူကြပါဘူး။ ဥပမာ- အရှည်ဆုံးစူရဟ် အမှတ်-(၂)ဟာ အာယသ်လမ်းညွှန်ပေါင်း(၂၈၆) ပါဝင်ပြီး အတို ဆုံးစူရဟ်ကဏ္ဍအမှတ်(၁၀၈)မှာ အာယသ်လမ်းညွှန်ပေါင်း(၃) ကြောင်းသာပါဝင်ပါတယ်။
ကုရ်အာန်အပေါ်သံသယရှိသကုရ်အာန်အပေါ်သံသယရှိသူများကိုဖိတ်ခေါ်ချက်ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင် ကုရ်အာန်နဲ့ ပတ်သက်ပြီး သံသယရှိသူများကို အခုလို လမ်းညွှန် ဖိတ် ခေါ်ထားပါတယ်။“ထို့အပြင် အကယ်၍ အသင်တို့သည် ငါ(အလ္လာဟ်) အရှင်မြတ် ထုတ်ပြန်ပို့ချတော်မူခဲ့သောအရာ (ကုရ်အာန်)နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိခဲ့ကြပါလျှင် အသင်တို့သည် ယင်း(ကုရ်အာန်)နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ပုဒ်ကိုယူဆောင်လာကြကုန်လော့။
ထို့အပြင် အသင်တို့သည် မှန်သောစကားကိုဆိုသူများဖြစ်ခြဲ့ကပါလျှင် (ယင်းသို့ယှဉ်ပြိုင်ကြရာတွင်) အလ္လာဟ်အရှင်မြတ်မှအပ အခြားယိုင်းပင်းကူညီမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။သို့သော်အသင်တို့သည် (ကုရ်အာန်ကျမ်းမြတ်နှင့်ယှဉ်ပြိုင်ခြင်းကို အတိတ်ကာလတွင်လည်း) မလုပ်နိုင်ခဲ့ကြ၊(မျက်မှောက်ကာလတွင်လည်း) လုပ်နိုင်ကြသည်လည်းမဟုတ်၊ (နောင်အနာဂတ်တွင်လည်း) အလျှင်း လုပ်နိုင်ကြဦးမည်မဟုတ်ချေ၊ သို့ဖြစ်ပေရာ အသင်တို့သည် ငရဲမီးကို အသိထားကြလော့။ ယင်း၏ လောင်စာမှာ လူများနှင့် ကျောက်တုံးများဖြစ်ကြပေမည်။ အမှန်တရားကို ငြင်းပယ်ကြသူတို့အတွက် အသင့်ပြင် ထားပြီးဖြစ်ချေသည်” (ကုရ်အာန် ၂း၂၃-၂၄)အခုကမ္ဘာပေါ်မှာ အရဗ်နိုင်ငံတွေထဲမှာ မွတ်စလင်မ်မဟုတ်တဲ့ အရဗ်များစွာရှိနေကြပါတယ်။
ဒီ့အပြင် ကမ္ဘာလူမျိုးအသီးသီးမှာ မွတ်စလင်မ်မဟုတ်ပေမယ့် အရဗီကျွမ်းကျင်သူ များစွာလည်း ရှိနေပါတယ်။ ဂျူးတွေဆို ရင်လည်းအရဗီအလွန် ကျွမ်းကျင်သူတွေရှိကြပါတယ်။ အနောက်တိုင်းတက္ကသိုလ်ကြီးတွေ၊ ရုရှားနိုင်ငံရဲ့မော်စကိုတက္ကသိုလ်တွေမှာ အရဗီလေ့လာရေးဌာနကြီးတွေလည်း သီးခြားဖွင့်ထားပါတယ်။ ဒါပေမဲ့ ကုရ်အာန်ကျမ်းစာရဲ့အခုဖော်ပြခဲ့တဲ့စိန်ခေါ်ချက်ကို တုန့်ပြန်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိတဲ့အပြင် ကုရ်အာန်ကိုလေ့လာလိုက်ကြတဲ့သူတွေဟာ အမှန်တရားကိုသိမြင်ပြီး အစ္စလာမ်ဘာသာဝင်တွေဖြစ်လာခြဲ့ကလို့ အခုဆိုရင် အစ္စလာမ်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးပြန့်ပွားနေတဲ့ သာသနာလို့တောင် Jehovah Witness က ဖေါ်ညွှန်းနေပါ တယ်။
အစ္စလာမ်ကို ရန်လိုနေကြတဲ့သူတွေအနေနဲ့ အစ္စလာမ်နဲ့ တမန်တော်မြတ်(صلى الله عليه وسلم)ကို မဟုတ်မမှန် လုပ်ကြံပြောဆိုရေးသားနေကြမယ့်အစား စာကြောင်း(၃)ကြောင်းလောက် ကုရ်အာန်န့ယှဲဉ်ပြီး ရေးပြနိုင်ရင် ပိုပြီးထိရောက်မှာပါ။ဒါပေမယ့် အလ္လာဟ်က ကတိပေးထားပြီးဖြစ်ပါတယ်။ (ကုရ်အာန် ၂း၂၄၊ ၁၅း၉) ဒီအပြင်ကုရ်အာန် ရဲ့ အလင်းရောင်ဟာကမ္ဘာကို လွှမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။ အမှန်တရားမှာ အင်အားရှိပြီးသားဖြစ်ပါတယ်။ညီနောင်၊ ညီအစ်မများအနေနဲ့ ကျွန်တော်မကြာသေးခင်ကတင်ပြခဲ့တဲ့ “ကုရ်အာန်အပေါ်ထားရှိရမယ့်မွတ်စလင်မ်တို့၏တာဝန်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဤခေါင်းစဉ်ကို ယှဉ်တွဲလေ့လာပြီး ကုရ်အာန်ကို အပြည့်အ၀ ယုံကြည်ပါ။
သဂ်ျဝီးဒ်ပညာနဲ့ စနစ်တကျ ရွတ်ဖတ်ပါ။ အဓိပ္ပါယ် နားလည်အောင် ကြိုးစားပါ။ လက်တွေ့လိုက်နာ ကျင့်သုံးပါ။အခြားသူများ သိအောင်လည်း ကုရ်အာန်ရဲ့ အသိပညာတွေကို ကာယ၊ ဥာဏ၊ ဓနနဲ့ ၀ိုင်းဝန်းကူညီ ဖြန့်ကြပါလို့တိုက်တွန်းရင်း အလ္လာဟ်က(၄) ကြိမ်မေးထားတဲ့ ဒီမေးခွန်းကို ဘ၀မှာ မသေခင်ဖြေဖို့ တိုက်တွန်း လိုက်ပါတယ်။“မုချဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကို ကျက်မှတ်တရားရယူရန်အတွက် လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူတစ်ဦးတစ်ယောက်ရှိပါ၏လော”။ (ကုရ်အာန် ၅၄း၁၇၊ ၅၄း၂၂၊ ၅၄း၃၂၊ ၅၄း၄၀)
အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ချို့တဲ့သူများအား ကူညီကြပါရန် (Helping hand)

ချို့တဲ့သူများအတွက်

ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာကိစ္စနှင့်သော်လည်းကောင်း၊ ပညာသင်ယူနေ၍သော်လည်းကောင်း၊ အလုပ် လုပ်နေ၍သော်လည်းကောင်း၊ နေ့စဉ်အကြောင်းအမျိုးမျိုးနှင့် အလုပ်များနေလိမ့်မည်။ ထိုအကြောင်းများကြောင့် အောက်ပါပုံမှ လူများကိုမေ့လျော့သွားတဲ့အခါလည်းရှိနိုင်သည်။




ကျွန်ုပ်တို့လက်ထဲမှ ငွေ၊ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါးများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးမှုတို့သည် ထိုသူများအတွက်များစွာအကျိုးရှိလှသည်။ ကျွန်ုပ်တို့၏တန်ဖိုးရှိသောအချိန်များ၌ ၎င်းချို့တဲ့သောသူများကိုလည်း သတိရစေချင်ပါသည်။
ထိုသူများသည်တစ်ခြားသူများမဟုတ်။ ကျွန်ုပ်တို့၏ မွတ်စလင်မ် ညီအကို မောင်နှမများသာဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည်သာ ၎င်းတို့၏နေရာတွင်ရှိနေခဲ့လျှင် .......... ဒါကိုစဉ်းစားရင်း ကျွန်ုပ်စိတ်နှလုံးထဲ၌ တစ်စိမ့်စိမ့် ခံစားမိပါသည်။

ကိုယ့်မွေးရပ်မြေမှ ချို့တဲ့သူများမှအစ ကမ္ဘာအနှံ့မှချို့တဲ့သူများအား တတ်နိုင်သလောက်ကူညီလိုလျှင် ကူညီလို့ရပါသည်။ ကိုယ်လုပ်သမျှကောင်းမှုအလုံးစုံကို နှစ်ဘဝ၏အရှင်သခင် အလ္လာဟ်အရှင်မြတ် အလုံးစုံသိမြင်တော်မူသည်။ထိုဖြူစင်မှုသဒ္ဓါတရားအပေါ် အလ္လာဟ်အရှင်မြတ်၏ ချီးမြင့်မှုသည်လည်း ကိုယ့်အပေါ်ကျရောက်မှာဧကန်မလွဲပေ။ ကုရ်အာန်ကျမ်းမြတ်တွင်လည်း ချို့တဲ့သူများအား စာနာထောက်ထား ကူညီကြရန် ပါရှိသည်။

တစ်နေ့ကျွန်ုပ်တို့ သည်အောက်ပါနေရာသို့ သွားလျှင် ကိုယ်နှင့်အဘယ်အရာမှပါမည်မဟုတ်ပါ။
လာရောက်ဖတ်ရှူ့သူအပေါင်းအား ချစ်ခင်လေးစားစွာဖြင့်။
Muslimmah.

၇၈၆ ဆိုတာ ….




786

 
٧٨٦


၇၈၆


ဆိုတာ
.



မေး။ ။၇၈၆ လို့ ဘာဖြစ်လို့ ဆိုင်တွေမှာရေးထားတာလဲ။ အဲဒီအဓိပါယ်က ဘာလဲ ဖြေကြားပေးပါ။


ဖြေ။ ။ မြန်မာမှာ နံသင့်အက္ခရာတွေရှိပါတယ်။ ဥပမာ- က၊ခ၊ဂ ..အတွက် နံသင့်အက္ခရာ ၂ ဆိုတာမျိုး အါရဗီအက္ခရာတွေမှာလဲ အဲဒီလို နံသင့်အက္ခရာ တွေရှိပါတယ်။ မြန်မာမှာ အလုပ်တစ်ခုခုစလုပ်ရင် ဘုရားတပြီးလုပ်သလို မွတ်စလင်မ်တွေဟာလဲ သူတို့ရဲ့ကိုးကွယ်ရာ အရှင် အလ္လာဟ်အရှင်မြတ်ရဲ့အမည်ကို တပြီးပြုလုပ်လေ့ရှိပါတယ်။အာရဗီစကားနဲ့ ကျွန်တော်/မ တို့သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်နှင့် အစပြုဆောင်ရွက်ပါသည်ဆိုတဲ့ စကားရပ်မှာပါတဲ့ နံသင့် အက္ခရာတွေကို ပေါင်းချလိုက်ယင် စုစုပေါင်း ၇၈၆ ရပါတယ်. တောင်အာရှဘက်က မွတ်စလင်မ်တွေဟာ အလ္လာဟ်အရှင်မြတ် ဆိုတဲ့ အမည်ကို အာရဗီအက္ခရာနဲ့နေရာတိုင်းမှာ ဖေါ်ပြယင် အဲဒီစာလုံးရေးသားထားချက်ဟာ မတော်တဆ မလျော်ကန်တဲ့နေရာရောက်သွားမှာစိုးတဲ့အတွက် အဲဒီစာလုံးအစား ၇၈၆ ကို အစားထိုးအသုံးပြုတာဖြစ်ပါတယ်။


မေး။   ။ဟုတ်ပါ့မလား ..ဒါဆိုယင် ၇၈၆ ပေါင်းလိုက်ယင် ၂၁ ရတယ် ဆိုပြီး ပြော
နေတာတွေကကော



ဖြေ။   ။ဟုတ်ပါတယ်၊ စင်္ကာပူမှာ ရှိတဲ့ တစ်ချို့ အိန္ဒိယ မွတ်စလင်မ်တွေရောင်းတဲ့ ထမင်းဆိုင်တွေမှာလဲ ဒီလိုပဲရေးထားတာရှိတယ် လမ်းကြုံ့ယင် ကိုယ်တိုင်မေးမြန်း စုံစမ်းကြည့်ယင်သိရမှာပါ။ မလေးရှားကမွတ်စလင်မ်တွေကို သွားမေးယင်တော့ သူတို့လဲအဲဒီအဖြေကို သိချင်ကြမှာပါ။ဒီလိုအသုံးများတာ တောင်အာရှက နိုင်ငံတွေ အထူးသဖြင့် အိန္ဒိယ ဘက်မှာပဲသုံးကြတာကိုး။ အာရပ်တွေတောင်ဒီလိုသုံးတာမရှိပါဘူး။ အောက်မြန်မာပြည်မှာ က အိန္ဒိယနွယ်ဖွားမွတ်စလင်မ်တွေ အရင်က သုံးခဲ့တဲ့ ဓလေ့စွဲကျန်နေခဲ့တာပါ။၇၈၆ ပေါင်းယင် ၂၁ ရတယ် ဒါကြောင့် ၂၁ ရာစု ရောက်ယင်မွတ်စလင်တွေ ဘာလုပ်တော့မယ် ညာလုပ်တော့မယ် ဆိုပြီး ရေးသားဖြန့်ဝေတာတွေ တွေ့ရ ကြားရတာ တော်တော်ကြာပါပြီ၊ ပြောရမယ်ဆိုယင် နေ၀င်းရဲ့ မဆလ အစိုးရ ခေတ်ဦးပိုင်းကတည်းကပေါ့။ ပထမပိုင်းလက်ကမ်းစာစောင်အနေနဲ့ ဖြန့်ဝေခဲ့တာ ၈၈ မှာ ရုံးတွေဖျက်တော့ လျှို့ဝှက်ရုံးတွင်းညွန်ကြားလွှာ တွေအနေနဲ့ ၀ါဒဖြန့်ချိခဲ့တဲ့ စာလက်ကျန်တွေ ကိုတောင် ညောင်တုံးဘက်ကရုံးတွေမှာ ထွက်လာတာ တွေရသေးတယ်။ နောက်ပိုင်း န၀တ ခေတ်ရောက်တော့ ပိုဆိုးလာပြီး စနစ်တကျ စာအုပ်ပုံစံ ထုတ်ဝေပြီး ရိုက်နှိပ်ပြီး လိုက်ဝေကြသေးတယ်။ ဘားလမ်းထဲက ထောက်လှမ်းရေးကဖွင့်ထားတဲ့ စွယ်တော် စာအုပ်ဆိုင်မှာ လက်သိပ် ထိုးပြီးရောင်းတာ မွတ်စလင်မ်အဖွဲ့တွေသိသွားပြီးတိုင်လို့ အရေးယူမယ် ဘာမယ် ဟန်ဆောင်လုပ်ပြသေးတယ်။ဒါတွေဟာတကယ်တော့ စစ်ထောက်လှမ်းရေးက Divide and Rule လုပ်လို့ရအောင် ဘာသာဝင်များအကြား သွေးခွဲရန်တိုက်ပေးပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့လုပ်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒါကို ဆင်ခြင်တုံတရားမသုံးပဲယုံတဲ့ မျက်ကမ်း မျိုးချစ် တွေရယ်၊ အကြမ်းဖက်သမားတွေရယ်၊ သူများပစ္စည်းအချောင်လိုချင်တဲ့ တောကြောင်တွေရယ်ကြောင့် အပြစ်မဲ့တဲ့ အစ္စလာမ်ဘာသာဝင် အများကြီး တောင်ငူ၊ ပြည်၊ ကျောက်ဆည် ..အပါအ၀င် မြန်မာနိုင်ငံအနှံ နေရာအတော်များများမှာ အရှင်လတ်လတ် မီးရှို့ခံရ၊ အသတ်ခံရ၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခံရ ဖြစ်ခဲ့ကြရတာ န၀တ လက်ထက် နှစ်စဉ်နဲ့အမျှပါပဲ။၂၁ ရာစုရယ်မဟုတ်ပါဘူး အစ္စလာမ်ကျမ်းစာမှာ ဖေါ်ပြထားချက် အရက မှန်ကန်မှုဆိုတဲ့ သစ္စာတစ်ရားဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်အခါမှာ မှားယွင်းမှု ဆိုတဲ့ အ၀ိဇ္ဇာကို အနိုင်ရမယ်ဆိုပြီး သွန်သင်ထားတာပဲရှိပါတယ်။ တိုင်းနိုင်ငံအတွင်း ပြည်သူအချင်းချင်းသွေးကွဲ ပြီးသတ်ကြဖြတ်ကြ လုကြ ယက်ကြတာဟာ နောက်ဆုံးမှာ ဘယ်သူအတွက်မှမကောင်းပါဘူး။ ဥစ္စာဓန ဆိုတာကလည်း ကုဋေ ၈၀ သူဌေးသားရဲ့ဥပမာလိုပါပဲ ကိုယ်တိုင်ရှာဖွေမတတ်ယင် ဘယ်လောက်ပဲရရ ပြန်ပြီး မွဲတတ်ပါတယ်။ တရားသောနည်းလမ်းနဲ့ ရှာဖွေယင် ဥစ္စာဆိုတာ ပင်လယ်ရေလိုပါပဲ ကုန်မသွားပါဘူး။ ကမ္ဘာမှာ တိုင်းပြည်တွင်း ပြည်သူအချင်းချင်းသတ်ဖြတ်နေတဲ့ ဘယ်နိုင်ငံက ပြည်သူအုပ်စုတစ်စုက ချမ်းသာပြီး တိုင်းပြည်တိုးတက်သွားတယ် ဆိုတဲ့ ဥပမာသမိုင်းမှာ မရှိခဲ့ဘူးပါဘူး။ လူမျိုးဆိုတာ တကယ်တော့ ပညတ်ပါပဲ။ လူသာလျင်အဓိကဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အတူတစ်ကွနေပြီး တိုးတက်သွားတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ အမေရိကန်ကို ကြည့်ပါ။ အရေးကြီးတာက တိုင်းပြည်ကြွယ်ဝချမ်းသာဖို့ပါ။ လူမျိုးတိုင်း မိမိယုံကြည်ရာ ဘာသာတရားကို စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်နိုင်ကြဖို့ စိတ်ထားတတ်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။




In religion

The Arabic letters of the opening phrase of the Qur'an sum to the numerical value 786 in the system of Abjad numerals. Not all Muslims place emphasis on this numerological analysis; however, some mostly in Pakistan, India, Myanmar and Bangladesh use 786 as a substitute for Bismillah ("In the name of Allah" or "In the name of God").

Numerology

The total value of the letters of "Bismillah al-Rahman al-Rahim" according to one Arabic system of numerology is 786. 
There are two methods of arranging the letters of the Arabic alphabet. One method is the most common alphabetical order (used for most ordinary purposes), beginning with the letters Alif
ا, ba ب, ta ت, tha ث etc.

The other method is known as the Abjad numerals' method or ordinal method. In this method the letters are arranged in the following order: Abjad, Hawwaz, Hutti, Kalaman, Sa'fas, Qarshat, Sakhaz, Zazagh; and each letter has an arithmetic value assigned to it from one to one thousand.
(This arrangement was done, most probably in the 3rd century of Hijrah during the 'Abbasid period, following the practices of speakers of other Semitic languages such as Aramaic, Hebrew, Syriac, Chaldean etc.)

If you take the numeric values of all the letters of the Basmala, according to the Abjad order, the total will be 786.

In the Indian subcontinent the Abjad numerals have become quite popular. Some people, mostly in India and Pakistan, use 786 as a substitute for Bismillah ("In the name of Allah" or "In the name of God").

They write this number to avoid writing the name of God, or Qur'anic verses on ordinary papers, which can be subject to dirt or come in contact with 'unclean' materials. This practice does not date from the time of Muhammad and is not universally accepted by Muslims.
 

Uses of the Abjad system

Before the introduction of the Hindu-Arabic numerals, the Abjad numbers were used for all mathematical purposes. In modern Arabic, they are primarily used for numbering outlines, items in lists, and points of information. In English, points of information are sometimes referred to as "A", "B", and "C", and in Arabic, they are "
أ‎", then "ب‎", then "ج‎", not the first three letters of the modern hijāʼī order.

The Abjad numbers are also used to assign numerical values to Arabic words for purposes of numerology. The common Islamic phrase
بسم الله الرحمن الرحيم bism illāh ir-ramān ir-raḥīm ("in the name of God, the merciful, the compassionate" see Basmala) has a numeric value of 786 (from a letter-by-letter cumulative value of 2+60+40 + 1+30+30+5 + 1+30+200+8+40+50 + 1+30+200+8+10+40), and the word "Allah" (God) by itself has the value 66 (1+30+30+5).






ā/' ا 1 y/ī ي 10 q ق 100
b ب 2 k ك 20 r ر 200
j ج 3 l ل 30 sh ش 300
d د 4 m م 40 t ت 400
h ه 5 n ن 50 th ث 500
w/ū و 6 s س 60 kh خ 600
z ز 7 ` ع 70 dh ذ 700
H ح 8 f ف 80 D ض 800
T ط 9 S ص 90 Z ظ 900




gh غ 1000


A few of the numerical values are different in the alternative abjad order. 
…………..by Myint Myat Thu

တမန်တော်မြတ်၏ မမေ့ပျောက်နိုင်သော သမိုင်းဝင် မိန့်ခွန်းတော်


တမန်တော်အပေါင်း၏ အချုပ်တံဆိပ်တော်ဦးစီးခေါင်းဆောင် ၊ တမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ) သက်တော် ၆၃ နှစ်အရွယ် ဇွလ်ဟဂ်ျလ ၈ ရက်နေ့တွင်နောက်ဆုံးအကြိမ်ဟဂ်ျဝတ်ပြုစဉ် အာရာဖသ် ကွင်းပြင်တော်၌ မိန့်ကြားခဲ့သောသမိုင်းဝင် မိန့်ခွန်းတော် -

““ ချီးမွမ်းထောမနာခြင်းဟူဟူသမျှသည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
သို့ကြောင့် ကျွန်ုပ်တို့သည် အရှင့်ကို ချီးမွမ်းထောမနာပြုကြပါ၏။အရှင်မြတ်၏ ခွင့်လွှတ်ခြင်းကို ရှာဖွေကာ အရှင့်ဘက်သို့လှည့်ပါ၏။

ကျွန်ုပ်တို့ (All Human) စိတ်တွင်းရှိ မကောင်းမှုများမှလည်းကောင်း၊ ကျွန်ုပ်တို့
(All Human) လုပ်ကိုင်ဆောင်ရွက်မှုများမှထွက်ပေါ်လာမည့်မကောင်းမှုများမှ
လည်းကောင်း၊ အရှင်ထံတော်တွင်ခိုလှုံခွင့်တောင်းခံပါ၏။

””အို - လူအပေါင်းတို့၊ ကျွန်ုပ်၏စကားကို နားဆင်ကြပါလော့၊အဘယ်ကြောင့်ဆိုသော်
ဤနှစ်ဟဂ်ျရာသီပြီး၌ ကျွန်ုပ်တို့ပြန်လည်တွေ့ဆုံနိုင်မည်၊ မတွေ့ဆုံမည်ကို မသိရှိသောကြောင့်ပင်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ

-အို - လူခပင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားယောက်ျားမိန်းမတစ်ယောက်ဆီမှ
ဖန်ဆင်းခဲ့ပြီး အသင်တို့အချင်းချင်းတစ်ဦးကိုတစ်ဦးမှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ်ပြုလုပ်တော်မူခဲ့၏။

ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား)ချစ်မြတ်နိုး ကြောက်ရွံ့ဆုံးသော၊
အပြစ်များမှ အများဆုံးကြဉ်ရှောင်သောဖြောင့်မတ်မှန်ကန်သူသာလျှင်
အလ်လာဟ်အရှင်မြတ်ထံတော်ဝယ် အမြင့်မြတ်ဆုံးသောသူဖြစ်၏။
(ကုရ်အာန် ၄၉း၁၄)

အရှင်မြတ်ထံတော်ပါးတွင်ရှိသည့် သာလွန်မှုမှလွဲ၍ ၊ အာရပ်တစ်ဦးသည်အာရပ်မဟုတ်သူတစ်ဦးထက်သည် သာလွန်သည်မဟုတ်သလို၊ အာရပ်မဟုတ်သူတစ်ဦးသည်လည်းအာရပ်တစ်ဦးထက် သာလွန်သည်မဟုတ်။ အဖြူသည်လည်း အမဲထက်မသာလွန်၊ အမဲသည်လည်းအဖြူထက်သာလွန်သည်မရှိချေ။ လူသားအားလုံးသည် အာဒမ်၏အဆက်အနွယ်သားမြေးများဖြစ်ကြပြီး ရွှံ့စေးမြေဖြင့်သာ ဖန်ဆင်းခံရ၏။မျက်မှောင့်ပြုကြလော့၊ သွေးကြွေးကြောင့် လည်းကောင်း၊ဥစ္စာဓနကြွေးများကြောင့်လည်းကောင်း လက်တုန့်ပြန်မှုအားလုံးကိုငါ၏ခြေမှောက်ရောက်စေလျက် သင်ပုန်းချေလိုက်ပြီဖြစ်သည်။ကအ်ဘာကျောင်းတော်ကို ထိန်းသိမ်းခြင်းနှင့် ဟာဂျီများကို
ရေပေးဝေခြင်းမှအပကျန်သမျှခပ်သိမ်းကား ကြွင်းကျန်မနေတော့ပြီ။

အို - ကိုရိုက်ရှ်အမျိုးသားတို့ ၊ အချို့သူများက မိမိတို့၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ရှေ့တော်မှောက်တွင် နောင်တမလွန်ဘ၀ ဆုလာဘ်တော်များနှင့် ရှိနေစဉ်တွင်အသင်တို့သည် တရားစီရင်မည့် ထိုသည့်နေ့တော်ကြီးတွင်ဤလောကီဝန်ထုပ်ဝန်ပိုးများဖြင့် ပြည့်နှက်လျက်ရှိမနေစေလင့်။ဤသို့သောအခြေအနေတွင် ငါသည် အရှင်မြတ်နှင့်ဆန့်ကျင်လျက်အသင်တို့နှင့်အတူရှိနေမည်မဟုတ်ချေ။မျက်မှောက်ပြုကြလော့၊ အတိတ်ခေတ်က အကျင့်ဆိုးအားလုံးသည်ငါ၏ခြေအောက်ရောက်စေပြီး သင်ပုန်းချေလိုက်ပြီ၊ ချေမှုန်းပစ်လိုက်ပြီဖြစ်၏။အတိတ်ခေတ်က လက်တုန့်ပြန်မှု၊ သွေးထွက်သံယို ကလဲ့စားချေတိုက်ခိုက်မှုများ၊ရန်ငြိုးရန်စအားလုံးကို လွတ်ငြိမ်းစေလိုက်ပြီ၊ ဥပက္ခာပြုလိုက်ပြီ၊သင်ပုန်းချေလိုက်ပြီ၊ ပယ်ဖျက်လိုက်ပြီ။

အို - လူသားအပေါင်းတို့၊ အမှန်ပင်၊ အသင်တို့သည် အသင်တို့၏ ဇနီးမယားများအပေါ်တွင် အခွင့်အရေးရှိသကဲ့သို့အသင်တို့ဇနီးမယားများသည်လည်းအသင်တို့အပေါ်အခွင့်အရေးတန်းတူရှိသည်သာ။ အသင်တို့ဇနီးမယားများအားအိမ်ထောင်ရေးဆိုင်ရာအခွင့်အရေးပေးလျက် ဂုဏ်သိမ်ချီးမြင့်ရန်အသင်တို့အပေါ်တာဝန်တင်ပြီး သင့်လျော်မှုမရှိသော မမျှတသည့် အမှုမျိုးကိုမကျူးလွန်ကြလင့်။ သို့သော် (သင်တို့၏ဇနီးမယားများက စတင်၍)ထိုသို့ကျူးလွန်ကြပါလျှင် သူတို့အား အိပ်ယာခွဲရန်နှင့် ပြင်းထန်မှုမရှိသောအပြစ်ပေးရန် အခွင့်ရှိပေသည်။

အကယ်၍ အသင်တို့ဇနီးမယားများသည် စောင့်စည်းထိန်းသိမ်းသော ကာယိနြေ္ဒပိုင်ရှင်များဖြစ်ကြပါလျှင် သူတို့အား အ၀တ်တန်ဆာစီလျော်လျောက်ပတ်စွာဆင်ယင်ပေးခြင်းနှင့် ကောင်းမွန်တင့်တယ်စွာကျွေးမွေးခြင်းကို မလင့်ဟင်းကြစေလင့်။မှတ်သားလော့၊ အသင်ဇနီးမယားတို့အနေဖြင့် အသင်တို့ခင်ပွန်းသည်များ၏ခွင့်ပြုချက်မရဘဲ ပစ္စည်းတစ်စုံတစ်ရာကိုတစ်ပါးသူအားပေးကမ်းခြင်းမပြုကြလင့်။မှတ်သားလော့၊ အမျိုးသမီးများအား ကောင်းမွန်သိမ်မွေ့စွာ ဆက်ခံကြလော့။အမျိုးသမီးများနှင့်ပတ်သက်၍မူ အလ္လာဟ် အရှင်မြတ်အားကြောက်ရွံ့ကြလော့၊ ဧကန်ပင်၊ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏လုံခြုံစေခြင်းကာကွယ်မှုအပေါ်မှ သူမတို့အားဆောင်ယူခဲ့ကြသလို အရှင်မြတ်၏နုတ်ကပါတ်တော်များဖြင့် သူမတို့အား တရားဝင်စေခဲ့ကြသောကြောင့်ပင်။ချေးယူထားသည့် ငွေကြေးအားလုံးကို ပြန်လည်ပေးဆပ်ကြရမည်။

ချေးယူထားသည့်ပစ္စည်းဥစ္စာများကိုလည်း ပြန်လည်ပေးဆပ်ကြရမည်။ မိမိရရှိသည့် လက်ဆောင်ပဏ္ဍာများကိုလည်း အတုန့်အလှည့်ဖြင့်ပြန်လည် လက်ဆောင်ပေးသင့်လေသည်။ မိမိတို့ထံ (တစ်စုံတစ်ယောက်က) စိတ်ချယုံကြည်စွာအပ်နှံထားသည်များမှအကြောင်းတစ်ခုခုကြောင့် အပ်နှံသူတစ်စုံတစ်ရာဆုံးရှုံးခဲ့လျှင် ထိုသူသည် အကောင်းဆုံးပြုလုပ်ပေးခြင်းဖြင့်အပ်နှံသူကို ကျေနပ်စေရမည်။ အသင်တို့၏ အခိုင်းအစေများနှင့်ပတ်သတ်၍မူအသင်တို့ကိုယ်တိုင်စားသောက်သည့်အတိုင်း သူတို့အားကျွေးမွေးကြပါလေ။အသင်တို့ဝတ်ဆင်သည့်အတိုင်း သူတို့အား ဆင်ယင်ပေးပါလေ။ကျွန်ုပ်၏နောက်တွင် လမ်းမှားသို့မလိုက်မိစေရန်လည်းကောင်း၊တစ်ယောက်၏လည်ကုပ်ကို တစ်ယောက်ညှစ်သကဲ့သို့သတ်ပုတ်ခိုက်ရန်ဖြစ်ပွားခြင်းမရှိစေရန် စောင့်စည်းထိန်းသိမ်းကြပါလေ။

အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊(သို့ဖြစ်ပေရာ) အသင်သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား၌ ရန်ငြိုးရှိသော်လည်းထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။(ကုရ်အာန် ၄၁း၃၅)

** ကုရ်အာန်ကိုစွဲမြဲစွာကိုင်ထားရမည် **

Special thanks to brother ကျော်ဇေယျာဦး

အစ္စလာမ့်ဆန့်ကျင်ရေးစာများကို ပြန်လည်ဖြေရှင်း

Internet Email, Gmail များတွင် တွေ့သိနေရသော အစ္စလာမ့်ဆန့်ကျင်ရေးအတွက် အဓိပ္ပါယ်မဲ့စွာ ယိုးစွပ် တင်ပြချက်များကြောင့် မွတ်စလင်မ်လူငယ်များမှားယွင်းစွာ သုံးသပ်၊ ဆုံးဖြတ်၊ မပြုလုပ်မိစေရန် တင်ပြအပ် ပါသည်။ ယင်းစွပ်စွဲစော်ကားမှုများသည် (၁) အလ္လာဟ်အရှင်မြတ်အပေါ်၊ (၂)တမန်တော်မုဟမ္မဒ်(ဆွ)အပေါ် (၃) အစ္စလာမ်နှင့် (၄) မွတ်စလင်မ်ထုအပေါ်တွင်ပြုလုပ်ထားကြခြင်းဖြစ်ရာ အလ္လာဟ်အရှင် ကိုဆဲဆိုထားသော စာသားများပါရှိနေသဖြင့် ထာဝရဘုရားကိုယုံကြည်မှုရှိသောခရစ်ယာန်နှင့် ဖန်ဆင်းရှင်ကိုယုံကြည်သော ဟိန္ဒူ ဘာသာဝင်များရေးသားချက်မဟုတ်နိုင်ကြောင်း သာမန်ကောက်ချက်ချ မိနိုင်ပါသည်။

အမှန်ဆိုရသော် ဖန်ဆင်းရှင်ကို လက်မခံသော ဗုဒ္ဓဘာသာဝင်များလည်းမည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း လွယ်ကူစွာပင်သိနိုင်ပါသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ငါးပါးသီလကို အထူးစောင့်ထိန်းရပါ သည်။ ငါးပါးသီလထဲတွင် မုသားပြောခြင်းကိုရှောင်ကြည်ရခြင်း သည်လည်းတစ်ပါးအပါအ၀င်ဖြစ်ရာ "တမန်တော်မြတ်၌ ဇနီးအယောက် (၆၁)ယောက်ရှိသည်ဟုနာမည်များဖြင့် လုပ်ကြံရေးသားမှုများပါဝင်နေ သဖြင့် " ငါးပါးသီလကိုကျိုးပေါက်ရာရောက်စေသဖြင့် စစ်မှန်သော ဗုဒ္ဓ၀ါဒီတစ်ဦးမှာ ထိုအမှုကိုကျူးလွန်မည် မဟုတ်ပါ။ ကျန်စွပ်စွဲတင်ပြချက်များသည်လည်းမုသားဆင်ထားမှုများသာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မိမိကိုယ်၌ကလည်းယဉ်ကျေးသိမ်မွေ့ပြီး၊ တစ်ပါးသူကိုလည်း လိမ္မာယဉ်ကျေးလာ အောင် ပြုပြင်ပေးတတ်သော စိတ်ထားကိုထားတတ်ကြသည်မှာ ဗုဒ္ဓတရားတော်၏ အနှစ်သာရဖြစ်ပါသည်။ "သူတစ်ပါးကိုဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင်လိုက်နာပြုကျင့်ရာ၏။မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကိုယဉ်ကျေးအောင်ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား" (ဓမ္မပဒ-၁၅၉)

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် လူကြီးသူမတို့သည် မိမိတို့၏သားမြေးတို့အားဆုံးမသွန်သင်လေ့ရှိသော စကားတစ်ခွန်း မှာ - "အမိယုတ်က နှုတ်ကြမ်း၍ အဖယုတ်က အမူအယာကြမ်း၏" ဟူ၍ ဖြစ်ရာ မိယုတ်၊ဖယုတ် တို့မှာ နှုတ်၊ အမူအယာကြမ်းသည်ဟု အဓိပ္ပါယ်သက်ရောက်ကာမိမိမိုက်မဲမှုကြောင့် မိဘများ၏ ဂုဏ်သိက္ခာကို ထိပါးရာရောက်စေသဖြင့် ဤအပြုအမူမျိုးကိုရှောင်ရှားတတ်သည်ဖြစ်ရကား ယခုကဲ့သို့ယုတ်ညံ့သော စကား များကို ဆိုဝံ့သူတို့မှာ နိုင်ငံသားကောင်းတစ်ဦးလည်းမဖြစ်တန်ရာပေ။

ယင်းတို့၏ရေးသားချက်များတွင် ဘာသာရေးရန်တိုက်ပေးခြင်း၊ လူမျိုးရေးမုန်းတီးစိတ်များဖြစ်စေရန် သွေးထိုး ပေးခြင်းဖြင့် ရှုတ်ထွေးမှုများ၊မတည်ငြိမ်မှုများဖြစ်လာအောင် တိုက်ထွန်းထားပေရာ ဤသည်လည်း ဗုဒ္ဓဘာသာ ၀င်တစ်ဦး၏ ဂုဏ်သိက္ခာဖြင့် လုံးဝညီညွတ်ခြင်းမရှိကြောင်းတွေ့ရပြန်ပါသည်။

"သူတော်ကောင်းသည် သူနှစ်ယောက်တို့၏ညီညွတ်မှုကို ဖျက်စီးတတ်သောကုန်းတိုက် စကားပြောခြင်းကို ရှောင်ကြဉ်၏။ စိတ်ဝမ်းကွဲသောသူတို့ကိုစေ့စပ်၏။ ညီညွတ်ပြီးသောသူတို့ကို အမြဲညီညွတ်အောင် ကူညီ၏။ ပြောဆို၏။"(မဇ္ဈိမနိကာယ်၊ ဆဗ္ဗိသောဓနသုတ်)။

သို့ရှိရာ မွတ်စလင်မ်လူငယ်တို့သည် Internet Email, Gmailများတွင်တွေ့နေရသော အစ္စလာမ်ဆန့်ကျင် ရေး၊ မွတ်စလင်မ်မုန်းတီးရေးဝါဒဖြန့်စာသားများကို ရေးသားတင်ပြနေသူမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဟု တွေး မထင်ကောင်းပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့သောအောက်တန်းကျသည့်အမှုအား ဘယ်နည်းဖြင့်မျှ မပြု လုပ်နိုင်ပါ။ ထိုသို့ အသိမရှိဘဲနှင့်အထင်မှားမိပါက မိမိ၌ပင် အပြစ်ဖြစ်စေနိုင်ပါသည်။

"အို-ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်များစွာသောထင်မြင်ယူဆချက်များမှရှောင် ကြဉ်ကြလေကုန်။ ဧကန်အမှန် အချို့သောထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။" (ကုရ်အာန် ၄၉း၁၂)

(၁) အစ္စလာမ်တွင် စစ်ပွဲများကို ခွင့်ပြုထားရခြင်း မက္ကာဟ်သားမုရှရီက်တို့၏ စော်ကားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုများကိုတမန်တော်မုဟမ္မဒ် (ဆွ)ကို လက်ခံခဲ့ကြသောသူတို့မှာ ဒလစပ်ခံခဲ့ကြရပြီး၊ အလ္လာဟ်ဘက်မှ ပြန်လည်တုံ့ပြန်၍ အခွင့်အရေးမပေးသေးသဖြင့် နင်းပြားဘ၀သို့ရောက်ခဲ့ရပုံမှာ ကမ္ဘာ့သမိုင်းပညာရှင်တို့ အတွက် ကရုဏာသက်ဖွယ်တစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့ရပါသည်။ အလ္လာဟ်အရှင်၏ ရည်ရွယ်ချက်မှာ အစ္စလာမ်သည်မွန်မြတ်မှန်ကန်သော လမ်းစဉ်အယူဝါဒဖြစ်ကြောင်းကို လက်တွေ့ပြသရန်ရည်ရွယ်သည် ဖြစ်ရကား အစတွင်မေတ္တာတရားကို ကိုယ်ထင်ပြဖို့ငုံ့ခံခိုင်းခဲ့ပါသည်။ ပြီးနောက်မှ သစ္စာတရားကိုခိုဝင်ကြဖို့ တုံ့ပြန်ခိုင်းပါသည်။

အစ္စလာမ်သာသနာတွင် စစ်ပွဲဆင်နွှဲရန်ခွင့်ပြုထားသော်လည်း သဘာဝကျသောသာသနာ၊ လက်တွေ့ဆန် သောသာသနာ၊ လွယ်ကူရိုးရှင်းသောသာသနာ၊ တရားမျှတကိုမျက်ခြေအပြတ်မခံသောသာသနာ၊ မေတ္တာ တရားကို အပျိုရည်မပျက်စေသောသာသနာ၊ အမှန်တရားနှင့်ယှဉ်သောသာသနာဖြစ်သည့် အားလျော်စွာ စည်းကမ်းချက်များကိုတင်းကြပ်စွာချမှတ်ထားပါသည်။

"လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ကြလေကုန်။" (ကုရ်အာန် ၂း၁၉၁) အစ္စလာမ်တွင် ခုခံစစ် သက်သက်ကိုသာ ခွင့်ပြုထားပြီး၊ ကျူးကျော်စစ်ဟူသမျှကို အားမပေးပါ။ မထောက်ခံပါ။ မပြုခိုင်းပါ။ ဤသို့ တရားသော ခုခံစစ်၊ ပြန်တိုက်ခွင့်ကို ခွင့်ပြုခဲ့သည့် အချိန်မှာဟစ်ဂျရီ (၂)ခုနှစ်၊ ဆွဖရ်လ ၁၂ ရက်နေ့တွင် ဖြစ်ရာ တမန်တော်သက်တော်(၅၅)နှစ်ရောက်မှသာဖြစ်ပါသည်။ တနည်းဆိုသော် မွတ်စလင်မ်တို့သည် ၁၅နှစ် လုံးလုံး အနိုင်ကျင့်ခံဘ၀ဖြင့် နေထိုင်ခဲ့ကြရပါသည်။

"အလ္လာဟ့်လမ်း၌ အသင်တို့ကိုတိုက်ခိုက်လာသူတို့အား တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင်အသင်တို့သည် စည်းဖောက်သူများ မဖြစ်ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း၊ ဖောက်ဖျက်သူတို့အား နှစ်သက် တော်မမူပေ။ လာရောက်တိုက်ခိုက်သူတို့အား တွေ့ရှိရာအရပ်၌ သုတ်သင်ကြလေကုန်။ အသင်တို့ကိုနှင်ထုတ် ခဲ့ကြသောနေရာမှ အသင်တို့ကလည်း ပြန်လည်နှင်ထုတ်ကြလေကုန်။ ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပို၍ဆိုးရွားလှ ပေသည်"ကုရ်အာန် (၂း၁၉၀-၁၉၁)

အလွန်ရိုးစင်းလှသော စည်းကမ်းလမ်းညွှန်ပင် - (က) အလ္လာဟ့်လမ်း၌ လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ရန် (ခ) စည်းမကျူးကြရန် (ဂ) ကျူးကျော်သူကို တွေ့ရာအရပ်၌ နှိမ်နှင်းရန် (ဃ) မိမိတို့ပိုင်ဆိုင် သောနေရာမှာ ပြန်လည်နှင်ထုတ်ရန်ဟုသာဆက်တိုက်ပြောထားရာ (၁) မိမိအိမ်၌ မိမိနေသော (၂) မိမိ အလုပ် မိမိလုပ်နေသော (၃)မိမိနေရာ၌ မိမိရှိနေသော (၄) မွတ်စလင်မ်တို့အား မကျူးကျော်သော ၊မစော်ကားသော သူတို့အား ဘာတစ်ခုမျှ ပြုလုပ်ရန် ညွှန်ကြားထားချက် မရှိပါ။ မပါပါ။

အစ္စလာမ်တွင် ခုခံစစ်ကို ခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်မှာ "ညှင်းပမ်းမှုလုံးဝ ပပျောက်သွားသည့်အထိ၊ သာသနာ သည် အလ္လာဟ့်အတွက်ဖြစ်သည့်တိုင် ပြိုင်ဆိုင်တိုက်ခိုက်ကြလေကုန်။ သို့ရာတွင် ထိုသူတို့သည် စစ်တိုက် ခြင်းကို ရပ်စဲကြပါလျှင် ညှင်းပမ်းနှိပ်စက်သူတို့မှတစ်ပါးအခြားသူများကို ရန်လိုစရာ အကြောင်းမရှိပေ။" (ကုရ်အာန် ၂း၁၉၃) "သာသနာရေး၌ အဓမ္မစနစ် မရှိစေရ။" (ကုရ်အာန် ၂း၂၅၆) သို့ရှိပေရာ အစ္စလာမ်တွင် စစ်တိုက်ခွင့်ရှိသည်ဟုဆိုရာ၌ - (က) တရားသောခုခံစစ်သာ ဖြစ်ရပေမည်။ (ခ) ကျူးကျော်စစ် လုံးဝမဖြစ်စေရ။ (ဂ) စည်းကမ်းမဖောက်ရ။ (ဃ) ညှင်းပမ်းနှိပ်စက်မှုမရှိစေရ (င) စစ်ပြေငြိမ်းပါက ရန်မလိုရဟူသောအချက် များနှင့်အညီသာပြုခွင့်ပေးထားခြင်းသာဖြစ်ပါသည်။ အစ္စလာမ်သည် ဘာသာအယူဝါဒမတူသူများနှင့် ငြိမ်းချမ်း စွာ အတူနေထိုင်ခွင့်ရှိသည်။ " အိုလူသားအပေါင်းတို့၊ ငါအရှင်သည် အသင်တို့အား တစ်မိတစ်ဖတည်း မှဖန်ဆင်း ပြုလုပ်တော်မူခဲ့သည်။"(ကုရ်အာန် ၄၉း၁၃)

ဤအာယသ်တော်သည် လူသားအပေါင်းတို့သည် ကမ္ဘာအိမ်ထောင်စုကြီးဖြစ်သည် ဟုဖော်ညွှန်းထားခြင်းဖြစ် သည်။ အစ္စလာမ်က ဤအတိုင်းပင်ခံယူထားပါသည်။ "အသင်တို့အား ဘာသာရေး၌ မတိုက်ခိုက်သူများ၊ အသင်တို့အား အိမ်များမှမနှင်ထုတ်သူများအား ကောင်းကျိုးပြုပေးခြင်းနှင့် တရားမျှတစွာဆက်ဆံခြင်းကို ငါအရှင်မြတ်ကမတားမြစ်ပါ။" (ကုရ်အာန် ၆၀း၈) "အသင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် အကောင်း ဆုံးပေါ်ထွက်လာသူများပင်။" (ကုရ်အာန် ၃း၁၁၀) "ထို မယုံကြည်သူတို့အား ခွင့်လွှတ်ပါ။ ငြိမ်းချမ်းရေး ပြောပါ။ သူတို့သည် မကြာမီ သိလာကြမှာပါ။" (ကုရ်အာန် ၄၃း၈၉) "မွတ်စလင်မ်ဟူသည် လူသားတို့အားသူ၏ နှုတ်ဖြင့်လည်းကောင်း၊ သူ၏လက်ဖြင့်လည်းကောင်း ငြိမ်းချမ်းရာရစေကြောင်း ဖန်တီးပေးသူသာဖြစ်၏ "(တမန်တော်မြတ် ၏နောက်ဆုံး ဟဂ်ျမိန့်ခွန်း)

အစ္စလာမ်ကပြဆိုသော အိမ်ထောင်ရေး ကမ္ဘာပေါ်တွင်ရှိသော ဘာသာသာသနာအသီးသီးသည် ကြည်ညို လေးစားဖွယ်ရာအပေါင်းနှင့်ပြည့်နှက်နေပါသည်။ ကိစ္စရပ်များအတွက်လည်းစည်းကမ်းနည်းလမ်းများ ချမှတ် သွန်သင်ထားပါသည်။ အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ညွှန်ကြား ပြသရာ၌ အစ္စလာမ်သည်အပြည့်စုံဆုံးဟု ဆိုရပေမည်။ မည်သည့်အယူဝါဒကမျှ အမျိုးသားသည် ဇနီးမယားဘယ်နှစ်ဦးယူခွင့်ရှိသည်ကို တိတိပပ ပြောဆိုထားခြင်းကို မတွေ့ရပေ။ ယဉ်ကျေးမှုဓလေ့ထုံးထမ်းအရသာအိမ်ထောင်သားမွေးပြုကြပြီး တစ်လင်တစ် မယားစနစ်ကို အများအားဖြင့်ကျင့်သုံးနေကြပါသည်။

အစ္စလာမ်သည် သဘာဝကျသော သာသနာဖြစ်သည့်အားလျှော်စွာ အမျိုးသားတစ်ဦးအားဇနီးတစ်ယောက်သာ ယူရမည်ဟုပြောမထားပါ။ ဤသို့သတ်မှတ်ထားပါက အချို့သောသူများအတွက် ပြဿနာများပေါ်ပေါက် လာနိုင်ပါသည်။ သို့သော်တစ်လင်တစ်မယားစနစ်သည်သာ အကောင်းဆုံးဖြစ်ကြောင်းကိုတော့ ပီပြင်စွာ တင်ပြထားသည့်တစ်ခုတည်းသော သာသနာဖြစ်ပါသည်။

အသင်တို့သည် ခိုကိုးရမဲ့ မိဘမဲ့ကလေးများနှင့်ပတ်သက်၍ တရားမျှတမှုအတွက်စိုးရိမ်မကင်းဖြစ်ပါမူ အမျိုးသမီးတစ်ဦး (သို့မဟုတ်) အသင်တို့လက်ယာလက်ကပိုင်ဆိုင်သော ကျွန်မ တစ်ဦးနှင့်ပင် လက်ထပ်ရပေ မည်။(ကုရ်အာန် ၄း၃) ဤအာယသ်တော်အား ခွဲခြမ်းစိစစ်သော်-(က) မိဘမဲ့ ကလေးများကိုစာနာသနားမှု (ခ) တရားမျှတမှုကိုရှေ့တန်းတင်ခြင်း(ဂ) တစ်ဦးတည်းယူရန်အသားပေးခြင်း (ဃ) ကျေးကျွန်ကိုဂုဏ်ပေးကာ သူကောင်းပြုစေမှုတို့ပါဝင်နေသည်မှာ ထင်ရှားနေပါသည်။

တမန်တော် မုဟမ္မဒ် (ဆွ) ခေတ်အချိန်၌ ကျွန်ပိုင်ရှင်စနစ်ထွန်းကားနေပြီးကျွန်လူတန်းစားတို့ခမျာမှာလည်း အနှိမ်ခံ၊ အနိုင်ကျင့်ခံဘ၀မျိုးဖြင့် အဆင့်အတန်းနိမ့်ကျကာ လူဖြစ်ကျိုးမနပ်ဖြစ်နေကြရရှာပေသည်။ သို့ရှိရာ အစ္စလာမ်သည် လူလူချင်းတစ်ဘက်သတ်အနိုင်ကျင့်မှုကို လက်မခံ၊ အားမပေးသောသာသနာဖြစ်သည့် အားလျှော်စွာ ကျွန်စနစ်ပပျောက်ရေးကို လက်တွေ့အကောင်အထည်ဖော်ကာ ရှေ့တန်းကရပ်တည်ဆောင် ရွက်ခဲ့ပါသည်။ သည့်အတွက်ကြောင့်ပင် အစ္စလာမ့်မဏ္ဍိုင်ကြီး (၅) ရပ်အနက်မှတစ်ရပ်အပါအ၀င်ဖြစ်သော ဇကားသ်(သန့်စင်ဒါန) ငွေကြေးကို ပေးသည့်အခါ၌ "ကျွန်ဘ၀မှ လွတ်မြောက်စေရန်" အတွက်ပါပေးကြရန် မိန့်ကြားထားပါသည်။(ကုရ်အာန် ၉း၆၀)။ ထို့ပြင် ဂျန္နသ်သို့စံမြန်းရမည့်သူတော်ကောင်း တို့၏အရည်အချင်း ကိုဖော်ကျူးရာတွင်လည်း - "ကျွန်တစ်ဦးကိုလွတ်မြောက်စေမှု" သည်လည်းတစ်ရပ်အပါအ၀င်ဖြစ်နေပြန်ပါ သည်။}} (ကုရ်အာန် ၉၀း၁၃) အစ္စလာမ်သည် ကျွန်လူတန်းစားကိုသနားကြင်နာခိုင်းပါသည်။ ကယ်တင် ခိုင်းပါသည်။ ကောင်းမွန်ရာကိုပြုစေပါသည်။ "ကြင်ဖော်မရှိသော ယောက်ျား-မိန်းမတို့အားလည်းကောင်း၊ ကောင်းသောကျွန်-ကျွန်မများကိုလည်းကောင်း ထိမ်းမြားပေးကြပါလေ။" (ကုရ်အာန် ၂၄း၃၂)

အစ္စလာမ်သည် ဘာသာခြားအမျိုးသမီးများကိုယူ၍ သာသနာမပြုခိုင်းပါ။"ယုံကြည်သူ မုရှ်ရီက်ထက်စာလျှင် ယုံကြည်သူ ကျွန်မကပို၍ကောင်းမြတ်လှပေသည်။" (ကုရ်အာန် ၂း၂၂၁)

ဟစ်ဂျရီ ၂ ခုနှစ် ၊ ဆွဖရ်လ (၁၂)ရက်နေ့၌ စော်ကားကျူးကျော်သူတို့အားပြန်လည်ခုခံပိုင်ခွင့် ရရှိသွားသဖြင့် အများ ငြိမ်းချမ်းအတွက်မဖြစ်မနေစစ်ပွဲများကို မလွှဲမရှောင်သာဆင်နွှဲခဲ့ကြရလေရာ ခုခံစစ်ပွဲများ၌ကျဆုံးသွား သော ရှဟီဒီအာဇာနည်များ၏ ဇနီးမယားများမှာ မုဆိုးမဘ၀သို့ဆိုက်ရောက်သွားခဲ့ရပါသည်။ ဤသို့စစ်ပွဲများ ဖြစ်ပွားပြီးတိုင်း မုဆိုးမအရေအတွက်တိုးလာရာ သူမတို့၏ဘ၀လုံခြုံရေးအတွက်နှင့် အဖမဲ့ကလေးများ၏ ရပ်တည်ရှင်သန်ရေးတို့အတွက် အကာအကွယ်ပေးရန်နှင့် နွေးထွေးသောမေတ္တာပေးရန်လိုအပ်လာပါသည်။ ထို့အတွက်ကြောင့် တမန်တော်မုဟမ္မဒ် (ဆွ)က မိမိ၏နောက်လိုက် ဆွဟာဗဟ်တို့ကို မုဆိုးမများကို တရားဝင် ထိမ်းမြားယူကြပါရန်မိန့်ကြားရာတွင် ဆွဟာဗဟ်များကလည်း မန်တော်၏အဆိုအမိန့်ကို နာခံကြပါသည်။

ဤနေရာ၌သိထားအပ်သည်မှာ- မဒီနာရှိ အန်ဆွာရီ ဆွဟာဗဟ်တို့သည်  မိမိတို့၏ ဥစ္စာပစ္စည်းများအားမရှိရှာ သော ဆွဟာဗဟ်များကို မိမိတို့၏ပိုင်ဆိုင်မှုအနက်မှ ၅၀ရာခိုင်နှုန်းကိုပင် ပေးဝံ့သူများ၊ ပေးခဲ့ကြသူများဖြစ်ကြ သကဲ့သို့။ မက္ကာမှ မုဟာဂျီရီးန်ဆွဟာဗဟ်တို့သည်လည်း မိမိတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ၊ အိုးအိမ်များ အားလုံးကိုပင် စွန့်ဝံ့သူများဖြစ်ကြရာသူတို့၏ နှလုံးသားစိတ်အစဉ်တွင် စွန့်လွတ်အနစ်နာခံလိုစိတ်များ ဖြင့်သာထုံမွန်းနေသူများဖြစ်ကြောင်း နားလည်ရပါမည်။ အမျိုးသမီးများကိုတစ်ဦးထက်မက လက်ထက် ခဲ့ကြခြင်းမှာ အကာအကွယ်ပေးလိုမှုကြောင့်သာဖြစ်ပါသည်။ ကာမဂုဏ်လိုက်စားဖို့အတွက် တဏှာကျူးလွန် ရန်စိတ်ကူးမရှိပါ။ ဤသည်ကိုအလ္လာဟ်ကလည်း ပြင်းထန်စွာ သတိပေးထားပါသည်။

"မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်ကာမဂုဏ်လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ၊ ထိန်းသိမ်းစောင့်ရှောက်သူများ အဖြစ်နှင့်သာထိမ်းမြားကြလေကုန်။" (ကုရ်အာန် ၄း၂၄) အစ္စလာမ်သာသနာ၏ သင်ကြားချက်၌ မိမိမလုပ်သော အလုပ်ကို သူတစ်ပါးအားလုပ်ခိုင်းခြင်းကို အလွန်စက်ဆုပ်ဖွယ်ရာ အဖြစ် မှတ်ယူပါသည်။ "အသင်တို့ မပြုလုပ် သောကိစ္စကို အဘယ်အတွက်ကြောင့်ပြောဆိုနေကြပါသနည်း။ အလ္လာဟ့်ထံတွင် အသင်တို့မပြုလုပ်သော ကိစ္စကို ပြောဆိုခြင်းသည်အလွန်ပင်ရွံ့စရာကောင်းလှပေသည်။"(ကုရ်အာန်၆၁း၂-၃) ထို့ကြောင့် တမန် တော်မြတ် (ဆွ)သည် ဆွဟာဗဟ်များကို မုဆိုးမများကိုစောင့်ရှောက်ရန် သင်ကြားရာ၌ မိမိကိုယ်တိုင်လည်း လက်တွေ့စံပြပြုကျင့်ခဲ့ပါသည်။ သည့်အတွက်ကြောင့်လည်း တမန်တော်မြတ်၏ဇနီး(၁၁)ပါးတွင် အာအိရှာ သခင်မသာလျှင် အပျိုဖြစ်ကာ ကျန် (၁၀)ယောက်မှာမုဆိုးမများသာ ဖြစ်ခဲ့ကြပါသည်။

အာအိရှာသခင်မနှင့် ပတ်သက်၍ ယိုးစွတ်ချက်တစ်ခုမှာ တမန်တော်မြတ်(ဆွ)သည် သခင်မအား အရွယ် မရောက်သေးခင် ထိမ်းမြားခဲ့သည်ဟူ၍ ဖြစ်ပါသည်။ ဤသည်ယုတ္တိကင်းသော စွပ်စွဲချက်တစ်ခုသာဖြစ်ပါ သည်။ အစ္စလာမ်၏ သင်ကြားချက်၌(က) အရွယ်မရောက်သေးသောသူကို ထိမ်းမြားလက်ထက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၆)(ခ) အမွေတစ်ရပ်အနေဖြင့်လည်း အဓမ္မသိမ်းပိုက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၁၉) အစ္စလာမ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မှုများရှိစဉ်အခါသမယ၌တမန်တော်ကိုယ်တိုင်က ကုရ်အာန်နှင့်ဆန့်ကျင် သော အမှုများကိုပြုခဲ့သည်ဟုဆိုပါလျှင် -(၁) အစ္စလာမ်ကို မလိုလားသည့်မက္ကာသား မုရှရီက်တို့၏ တွံတွေး ခွက်၌ပက်လက်မျောရမည့်အဖြစ်ပင်။ (၂) နောက်လိုက်တို့၏ စိတ်ကူးတွင်လည်း သူကိုယ်၌က မလိုက်နာသော မလုပ်နိုင်သောကိစ္စအား မိမိတို့ကိုခိုင်းစေသဖြင့် အလ္လာဟ်ရွံသောသူအဖြစ်ရှုမြင်သွားကာ အားလုံးက တမန်တော်အပါးမှ ဆုတ်ခွာသွားကြမည်မှာ ဧကန်ပင်။ (၃) တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ အတူ ရောနှောနေကြသော "မုနာဖိက်"အယောင်ဆောင်မွတ်စလင်မ်များအဖို့မူ တမန်တော်နှင့်ဆွဟာဗဟ်များ အကြား၌ဤကိစ္စကိုအကြောင်းပြု၍ သွေးခွဲရန်လည်း မဟာအခွင့်အရေးတစ်ရပ်ပင် မဟုတ်ပါလား။ သို့သော် -

(က) မက္ကာသား မုရှရီက်တို့၏ လက်ညှိုးထိုးကဲ့ရဲ့ခြင်းကို တမန်တော်မြတ်မခံခဲ့ရခြင်း (ခ) ဆွဟာဗဟ်တို့၏ အကြည်ညိုပျက်ခြင်းကိုလည်း မခံခဲ့ရခြင်း(အာအိရှာသခင်မ၏ ဖခင်ကြီးအပါအ၀င်) (ဂ) မုနာဖိက်တို့အတွက် သွေးခွဲစရာ၊ ၀ါဒဖြန့်စရာဖြစ်ရအောင် ဟာကွက်၊ ပျော့ကွက်မရှိခဲ့ခြင်းမှာ တမန်တော်သည် မိမိပြောသော စကားကိုမိမိကိုယ်တိုင် လိုက်နာခဲ့သောကြောင့်သာဖြစ်ပေသည်။ တမန်တော်မြတ်အား လူပျိုလူလွတ်ဘ၀၌ပင် မက္ကာခေါင်းဆောင်များသည်အစ္စလာမ်ကို ဆက်လက်မဟောကြားက အိုးအိမ်၊ ရတနာပစ္စည်း၊ မက္ကာမြို့ရဲ့ အာဏာနှင့်နှစ်သက်ရာအမျိုးသမီးများကို ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာရာတွင်တမန်တော်မြတ် (ဆွ) က ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။ တမန်တော်သည် အာဏာလည်းမမက်ပါ၊ စည်းစိမ်လည်း မမက်မောပါ။ မိန်းမ လည်း မက်မောခြင်းကင်းကြောင်းလက်တွေ့သက်သေထူခဲ့ပြီးပါပြီ။

သက်တော် (၂၅)နှစ်၌ မုဆိုးမတစ်ဦးဖြစ်သူ ခတီဂျာသခင်မနှင့်လက်ထပ်ထိမ်းမြားပြီး တစ်လင်တစ်မယားစနစ် ကို တာဝန်သိသိ၊ သိက္ခာရှိရှိထူထောင်သွားခဲ့သည်မှာ ခတီဂျာသခင်မကွယ်လွန်ချိန် တမန်တော်မြတ် သက်တော် (၄၈) နှစ်အထိပင် ဖြစ်ပါသည်။ ခတီဂျာသခင်မနှင့် (၂၃)နှစ်တာတစ်လင်တစ်မယားစနစ်ဖြင့် နေထိုင်ခဲ့သော တမန်တော်မြတ်အား လူပျိုဘ၀၌ရော၊အိမ်ထောင်သည်ဘ၀၌ပါ မိမိအား စွဲလန်းချစ်ခင်နှစ်သက် သောအမျိုးသမီးများစွာရှိခဲ့ရာ စိတ်ဝင်စားမှုလုံးဝမရှိခဲ့ဘဲ အားနည်းသူကျွန်များ၊ အမျိုးသမီးများဘက်မှ လူနည်းစုဘက်မှ ရပ်တည်ကာကွယ်ပေးရင်း၊ လူမှု့ဘ၀ကိုမြှင့်တင်ပေးခြင်း၊ အစ္စလာမ့်တရားကိုဖြန့်ချီရင်း ဖြင့်သာ မိမိဘ၀ကိုတန်ဘိုးရှိရှိ၊ သိက္ခာသမာဓိအပြည့်ဖြင့် နေထိုင်သွားခဲ့သဖြင့် ဘာသာမတူသူ ကမ္ဘာ့သမိုင်း ပညာရှင် တို့၏ လေးစားမှုကို အပြည့်အ၀ရရှိခဲ့ပါသည်။ ဤနေရာ၌ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး အိန္ဒိယ ပြည်၏ စံပြခေါင်းဆောင်ကြီးဖြစ်သော မဟတ္တမဂန္ဓီကြီး၏ စကားကိုကိုးကားဖော်ပြရပါသော်- "ကျွန်ုပ်တို့ ရိုးစင်း သော ၀တ်စားဆင်ယင်မှုနှင့် ရိုးစင်းသောဘ၀ကိုနှစ်သက်ခြင်းတို့မှာ တမန်တော်မြတ် မုဟမ္မဒ်ကို အားကျ၍ ဖြစ်ပါသည်။" "အကြင်သူတစ်ဦးသည် အစ္စလာမ်ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာမည်ဆိုပါက အစ္စလာမ်ဘာသာ ကို ကျွန်ုပ်ကဲ့သို့ပင် ချစ်ခင်လေးစားလိုစိတ်များတဖွားဖွားပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အစ္စလာမ်သည် အကြမ်းဖက်မှုကိုအားမပေး၊ အလ္လာဟ်သည် စစ်ကိုမလိုလား "၄င်းတို့သည် စစ်မီးကို မွှေးသော အခါတိုင်း အလ္လာဟ်အရှင်မြတ်သည် ထိုစစ်မီးကို ငြိမ်းစေ တော်မူခဲ့သည်။ ၄င်းပြင် ထိုသူတို့သည် ကမ္ဘာပေါ် ၀ယ်ပျက်စီးရာ ပျက်စီးကြောင်း ကြိုးပမ်း အားထုတ်ကြကုန်၏"(ကုရ်အာန် ၅း၆၄) "ထို့ပြင် ၄င်းတို့သည် သင် တို့ထံ စစ်မက်ကျေအေးရန်ကမ်းလှမ်းခဲ့ကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အား စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူမည် မဟုတ်ပေ။" (ကုရ်အာန် ၄း၉၀)

မျိုးပြုန်းသတ်ရန်ဝေးစွ၊ တစ်ဦးတစ်ယောက်ကိုပင် မတရားသတ်ဖြတ်ခွင့် မရှိ "မည်သူမဆို တစ်ဦးတစ်ယောက် အား အသက်တစ်ချောင်း၏အစားလည်းမဟုတ်၊ တိုင်းပြည်၌ သောင်းကျန်းဖျက်စီးမှုကြောင့်လည်းမဟုတ်၊ သတ်ဖြတ်ခဲ့ပါမူ ထိုသူသည် လူသားအားလုံးကို သတ်ဖြတ်သကဲ့သို့ပင်။" (ကုရ်အာန်၅း၃) တမန်တော်မြတ်သည် မက္ကာကို ပြန်လည်အောင်နိုင်သောအချိန်၌ ဖျက်စီးခဲ့သောနတ်ရုပ်ထုများမှာ တမန်တော် အာဒမ်(အ-စ) အုတ်မြတ်ချ၍ တမန်တော် အိဗ်ရာဟီမ်(အ-စ)မြှင့်တင်ခဲ့သော အလ္လာဟ့်အိမ်တော်မှ နတ်ရုပ်များ သာဖြစ်ပြီး၊ မက္ကာခေါင်းဆောင် အဗူစူဖီယာန်အိမ်မှ ရုပ်ထုများကို မဖျက်စီးခဲ့သလို၊ အခြားမည်သည့်အိမ်၊ မည်သည့်ဆိုင်၊ မည်သည့်နေရာမှ မိမိတို့ဆန္ဒအလျောက်ပြုလုပ်ထားရှိသော ကိုးကွယ်ရာ ရုပ်ထုတစ်ခုတစ်လေ ကိုမျှပင်ဖျက်စီးတော်မမူခဲ့ပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားခဲ့ပါသည်။ ကအ်ဗဟ်ကျောင်းတော်သည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်၏အိမ်တော်ဖြစ်သည့်အတွက် ရုပ်ထုထားရှိခွင့်မပြုသဖြင့် ဖျက်ဆီးခဲ့ရ ခြင်းဖြစ်ပါသည်။

အစ္စလာမ်သည် အခြားဘာသာတရားကို ဖျက်စီးရန်ဝေးစွ၊ မကောင်းပြောခြင်းကိုပင် တားမြစ်၏ "အလ္လာဟ် အရှင်မြတ်အပြင် ယင်းသူတို့တသကိုးကွယ်နေကြသောကိုးကွယ်ရာများကို မကောင်းပြောဆို ကဲ့ရဲ့ခြင်းမပြု ကြနှင့်။" (ကုရ်အာန်၆း၁၀၈)

အခြားဘာသာဝင်တို့၏ အဆောက်အဦးများကို ကာကွယ်စောင့်ရှောက်ခိုင်းထားသည် "အကယ်၍ အလ္လာဟ် အရှင်မြတ်သည် လူသားတို့၌ တစ်ချို့ကိုတစ်ချို့ဖြင့်ကာကွယ်တော်မူခြင်းမရှိပါက ဘုန်းတော်ကြီး ကျောင်းများ၊ ၀တ်ကျောင်းတော်များ၊ မေတ္တာပွားများရာ တရားစခန်းရိပ်သာများ၊ အလ္လာဟ်နာမတော်ကို တသပွားများရာ မတ်စ်ဂျီဒ် ဗလီဝတ်ကျောင်းတော်များသည်ဧကန်အမှန် ဖြိုဖျက်ခြင်းခံကြရပေမည်။" (ကုရ်အာန် ၂၂း၄၀) ပါကစ္စတန်နိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော၊ အဖိုးမဖြတ်နိုင်သောအမွေအနှစ်များအား ယနေ့ ထက်တိုင် ပါကစ္စတန် အစိုးရနှင့် ပြည်သူများကအမျိုးသားယဉ်ကျေးမှုအမွေအဖြစ် ဂုဏ်ယူစွာစောင့်ရှောက် ထားကြပါသည်။

မွတ်စလင်မ်အများဆုံးနေရာ အင်ဒိုနီးရှား၌လည်း ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘာသာအဆောက်အဦးကြီးဖြစ်သော "ဗောရော- ဗုဒ္ဓေါ" စေတီတော်ကြီးကို မိမိတို့ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအမွေတစ်ရပ်အဖြစ် အားလုံးကပင် ဂုဏ်ယူထိန်းသိမ်းနေကြပါသည်။ ကမ္ဘာပေါ်ရှိအစ္စလာမ်နိုင်ငံများတွင် လူများစုမွတ်စလင်မ်များနှင့် လူနည်းစု ဘာသာခြားတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြကာယဉ်ကျေးမှုအမွေအနှစ်များနှင့် ဘာသာရေး အဆောက်အဦးများကိုအပြန်အလှန်အကာအကွယ်ပေးကြပေသည်။

မွတ်စလင်တို့ ဓါးမိုး၍သာသနာမပြုခဲ့ပါ။ မွတ်စလင်တို့သည် စပိန်နိုင်ငံကိုနှစ်ပေါင်း ၈၀၀ တိုင်အုပ်စိုးသွားခဲ့ ကြပါသည်။ စပိန်က မွတ်စလင်တို့သည် တိုင်းသူပြည်သား များအစ္စလာမ်ကို ကူးပြောင်းလက်ခံရေးအတွက် ဘယ်တုံးကမှဓါးမိုးပြီးအတင်းအဓမ္မမပြုခဲ့ကြပါ။ မွတ်စလင်မ်တို့သည် အိန္ဒိယနိုင်ငံကြီးကို နှစ်ပေါင်း ၁၀၀၀ ခန့် အုပ်ချုပ်ခဲ့ပါသည်။ သူတို့သာဆန္ဒရှိခဲ့ပါလျင် အိန္ဒိယမှာရှိသောမွတ်စလင်မ်မဟုတ်သောသူများကို တစ်ဦးမကျန် အစ္စလာမ်ဘာသာကိုကူးပြောင်းလက်ခံကြရမယ်ဆိုပြီး အင်အားသုံးကာ ဆောင်ရွက်နိုင်ပါသည်။ အိန္ဒိယတွင် လူပေါင်းသန်းပေါင်းများစွာသည် မွတ်စလင်မဟုတ်သောသူတွေပင်၊ မွတ်စလင်မ်မဟုတ်သောသူများသည် အစ္စလာမ်ဟာဓါးမိုးသာသနာပြုခဲ့တာမဟုတ်ကြောင်းကို သက်သေခံနေကြပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာမှာ မွတ်စလင်မ်လူဦးရေအများဆုံးနိုင်ငံကြီးတစ်ခုဖြစ်ပါသည် ။

မလေးရှားနိုင်ငံသည်လည်း လူများစုကြီးက  မွတ်စလင်မ်များဖြစ်ကြပါသည်။ မည်သည့်မွတ်စလင်မ်စစ်တပ်ကြီး ကများ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့သို့မရောက်ခဲ့ပါ။ အလားတူ အစ္စလာမ်သည် အာဖရိက အရှေ့ကမ်းရိုး တန်း ဒေသများတွင် အလျင်အမြန်ပြန့်ပွားသွားခဲ့ရပါသည်။ အာဖရိက အရှေ့ကမ်းရိုးတန်းဒေသ ကိုမည်သည့် မွတ်စလင်မ် စစ်တပ်ကြီးကမျှမသွားရောက်ခဲ့ပါ။ အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြ သည်မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်သည် (မကောင်း မှုကို)ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်နှင့်ရန်ငြိုး ရှိသူသည် မိတ်ဆွေအရင်းကဲ့သို့ဖြစ်လာပေမည်။ (၄၁း၃၄)