Thursday, June 29, 2017

မျိုးစောင့်ဥပဒေ ကျန်စစ်သားရေးခဲ့တယ်ဆိုတဲ့ ခပ်ချာချာ ဘုန်းကြီးဖတ်ဖို့

ကျန်စစ်သား ဘာကြောင့် နန်းတော်က ထွက်ပြေးရတာလဲ
ရာဇကုရ်မာ လူဘယ်လို ဖြစ်လာလဲ ဆိုတာ

အဲဒီဘုန်းကြီး နားလည်မယ် မထင်ဘူး။

မျိုး​စောင့်​ဥပ​ဒေ ကို ကျန်​စစ်​သား ​ရေးခဲ့တာလို့ ​ဟောသွားတဲ့ "ဂတုံး​"ကို​ ပြောချင်​တာ....👉👉👉

တစ်​ကယ်​​တော့..
မြန်​မာနိုင်​ငံမှာ ကုလား နဲ့ ​ထေရဝါဒ က အတူတူ​စ​​ တာ...

သထုံဘုရင်​ မနူုဟာမင်း ကို အနိုင်​တိုက်​ပြီး ပိဋကတ်​ သုံးပုံ ကို ပုဂံအ​ရာက်​ ပင့်​​ဆောင်​လာတဲ့....
အ​နော်​ရထာ မင်း ရဲ့ စစ်​သူကြီး "ဗျတ္တ"က ကုလား
အစစ်​ ​..

အိန္ဒိယပြည်​က (ကုန်​သွယ်​ထွက်​လာရင်း)​ ဖောင်​ပျက်​ပြီး ​မျော လာတဲ့ ကုလားညီ​နောင်​​ (ဗျတ္တဝိ ဗျတ္တ )ကို...
သထုံ ဆရာ​တော်​က ကယ်​ထားလိုက်​တာ...
(သူတို့နှစ်​​ယောက်​ကို စ​တွေ့တဲ့ ကျွန်းကို ကုလားကျွန်း လို့ ခုထိ အမည်​တွင်​တယ်​)
နောက်​ပိုင်းမှာ ဆရာ​တော်​ရဲ့ "ဇော်​ဂျီ ဖိုဝင်​သား"ခိုး စားလို့ သထုံဘုရင်​ ရဲ့သူရဲ​ကောင်း​တွေ ဖြစ်
သွားကြတယ်​.

အကြီး​ကောင်​ "ဗျတ်​ဝိ"က သထုံသူ မအိုဇာနဲ့ရပြီး..(ဆိုးလွန်းလို့ )ကားစင်​တင်​ပြီး သထုံမှာ အသတ်​ခံရတယ်​...
အငယ်​​ကောင်​ ဗျတ္တက ပုဂံကို ထွက်​​ပြေးပြီး အ​နော်​ရထာမင်း ရဲ့ အမှု့​တော်​ထမ်းဖြစ်​သွားတယ်​...

(ဗျတ်​ဝိ ရဲ့ ကလီစာ ​တွေကို သထုံမြို့ရိုး ပတ်​ပတ်​လည်​မှာ မြုပ်​ထားလို့ သထုံကို ဘသူမှ စစ်​ပြုပြီး သိမ်းပိုက်​ လို့မရဘူး...)
(အ​နော်​ရထာမင်းရဲ့ စစ်​သူကြီး​လေးဦး​တောင်​ မတိုက်​နိုင်​ဘူး)

အ​နော်​ရထာ မင်းရဲ့ (ပန်းတော်​ဆက်​ )သူရဲ​ကောင်း ဗျတ္တ ကိုယ်​တိုင်​ တက်​တိုက်​မှ သထုံကို အ​နော်​ရထာ 
သိမ်းပိုက်​လို့ရတယ်​....
အဲဒီအချိန်​က ပုဂံမှာ ထွန်းကား​နေတာက...
တောင်​သူကြီးမင်း လက်​ထက်​က စခဲ့တဲ့ (​နတ်​နဂါး ကိုးကွယ်​တဲ့ အရည်းကြီး ဝါဒ )

သထုံကို စစ်​​အောင်​ပြီး မနူဟာ မင်း နဲ့.ပိဋကတ်​ သုံးပုံပါ ပုဂံကို ပင့်​​ဆောင်​လာတယ်​...
နောက်​ ရှင်​အရဟံ ​ကို ပိဋကတ်​ သုံးပုံ ဆက်​ကပ်​ပြီး.​ထေရဝါဒ အဲ့ဒီက စတာပဲ....

ကုလားစစ်​သူကြီး ဗျတ္တက ပုပ္ပါးသူ မယ်​ဝဏ္ဏနဲ့ ရပြီး ..
ရွှေဖျင်းကြီး ​ရွှေဖျင်း​လေး သားနှစ်​ပါးကို ​မွေးတယ်​...
နှစ်​​ယောက်​လုံး စစ်​သူကြီး​တွေ ဖြစ်​တယ်​...

(တရုတ်​ပြည်​ ကို စစ်​ပြုပြီး စွယ်​​တော်​​တောင်းတဲ့ပွဲမှာ..
တရုတ်​ဘုရင်​ ဦးတည်​ပွားကို အိပ်​​နေတုန်း ထုံးသုံးချက်​တားခဲ့တာ သူရဲ​ကောင်းဗျတ္တရဲ့ သား(အဲဒီ ကုလား​လူစွမ်း​ကောင်းလေး )နှစ်​​ယောက်​ပဲ..
(အ​နော်​ရထာ ကို ဝိုင်းပြီး ဂုံးချောကြလို့)
တရုတ်​က အပြန်​ "လမ်း"မှာ နှစ်​​ယောက်​လုံး အသတ်​ခံရ ရှာတယ်​...
အဲ့ဒီ​နေရာမှာ"ကွပ်​ရာ​ညောင်​ပင်​"ဆိုပြီး ခုချိန်​ထိ အမည်​တွင်​တယ်​...
အဲ့ဒီအရပ်​​(တောင်​ပြုန်း)က​နေ အ​နော်​ရထာမင်းရဲ့ ​ဖောင်​​တော်​ ထွက်​​တော်​မူလို့ မရတဲ့ အတွက်​..
နတ်​ကွန်း ​ဆောက်​လုပ်​ ပူ​ဇော်​ပသ​ပေးမှ ထွက်​လို့ရတယ်​....

အဲဒီမှာတင်​...(ကုလားလေး နှစ်​​ယောက်​က)
(ခင်​များတို့ သွားသွားကန်​​တော့​နေတဲ့)
ကိုယ်​​တော်​ကြီး ကိုယ်​​တော်​​လေး ဆိုပြီး နတ်​စိမ်း နှစ်​ပါးဖြစ်​​လာတယ်​...

(မလှုပ်​နိုင်​​အောင်​ ဂုတ်​ကိုင်​ချင်​တယ်​ ဆိုရင်​​တော့
ရာဇဝင်​နိုင်​​အောင်​ အရင်​လုပ်​)

Tint Wai....(We.Can Change)
Oo Oo Aye

Tun Lin Maung


ကျမ်းတော်မြတ်ကုရ်အာန် အာရဗီ-မြန်မာ(ဘာသာပြန်) MP3 အသံဖိုင်

ကျမ်းတော်မြတ်ကုရ်အာန် အာရဗီ-မြန်မာ(ဘာသာပြန်)
MP3 အသံဖိုင် (ကုရ်အာန် တစ်အုပ်လုံး အစဆုံး)
.
ကုရ်အာန် တစ်အာယသ် ကို အာရဗီလို ဖတ်ပြီးတိုင်း ၄င်း၏ မြန်မာဘာသာပြန် အဓိပ္ပါယ်ကို ဖတ်ပြထားသည်။
.
ယခုကဲ့သို့ မြန်မာဘာသာပြန်ကို အစဆုံး အသံဖတ်သည့် MP3 Audio Version မှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပါသည်။
.
စာဖတ်ရန် အခက်အခဲရှိသည့် သက်ကြီးရွယ်အိုများ၊ အမြင်အာရုံမသန်စွမ်းသူများ အနေဖြင့်
ကျမ်းတော်မြတ်ကုရ်အာန်ကို နားထောင်ရုံဖြင့် အဓိပ္ပါယ်နှင့် တကွ သိရှိနားလည်နိုင်တော့မှာဖြစ်ပါတယ်။
.
ကျမ်းတော်မြတ် ကုရ်အာန် မြန်မာ ဘာသာပြန်သူပြုစုသူနှင့် အသံဖတ်ပြသူ
အလ်ဟာဂ်ျ မော်လာနာ ဟာဖွိဇ် ကာရီ ဟာရှင်မ် တင်မြင့်- မက္ကီ အလ်ဟနဖီ
(ကျောင်းအုပ်ဆရာကြီး )
ကုရ်အာန်ရေးရာကောလိပ်၊ ဒလ၊ ရန်ကုန်
.
အောက်ဖော်ပြ လင့်ခ်များတွင် Download ယူနိုင်ပါတယ်။

Smart Phone အသုံးပြုသူများအနေဖြင့် မိမိတို့ ဖုန်းအတွင်း Download ကူးယူပြီး Mp3 Player အသုံးပြုပြီးအလွယ်တကူ နားထောင်နိုင်ပါတယ်။
.
စုစုပေါင်း စူရဟ် ၁၁၄ ပုဒ် အတွက် File Size စုစုပေါင်းမှာ 2.7 GB ရှိပါတယ်။ တစ်ပုဒ်ချင်းဆီ Download ယူနိုင်ပါတယ်။
..
Google Drive=> https://goo.gl/i3ha8A
.
Media Fire => Link
.
Box =>https://app.box.com/s/vgfo072luda2nl1owl26hh700r2qwddr
=======================
MMSY Quran Web Application ကို အောက်ဖော်ပြပါလင့်ခ်မှာ သွားရောက်ပြိးလေ့လာဖတ်ရှုနိုင်ပါတယ်။
လတ်တလောတွင် မြန်မာ ဘာသာပြန် (၂) မျိုး ဖြင့် ဖတ်ရှုနိုင်ပါသည်။
http://quran.mmsy.info/app/


Wednesday, September 25, 2013

အစ္စလာမ်ဘာသာဝင်များ၏၀တ်ပြုမှု အတွက် ဖိတ်ခေါ်သံကိုစော်ကားနေသည့်၉၆၉ဘုန်ကြီးများ­အတွက်

၉၆၉ဘုန်ကြီးများမှ အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုမှု အတွက် ဖိတ်ခေါ်သံကိုစော်ကားနေသည်အပေါ် ဦးအေးလွင်၏ အမြင်

၉၆၉ဘုန်ကြီးများမှ အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုမှု အတွက် ဖိတ်ခေါ်သံကိုစော်ကားနေသည်အပေါ် ၀ါးခယ်မ မောင်မင်းနိုင်မှ ၀တ်ပြုသံအား ဘာသာပြန် ရှင်းလင်းချက်-
အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ် Marble Collegiate Church အတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး ပွဲ တစ်ခုအတွင်း အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုမှု အတွက် ဖိတ်ခေါ်သံ ပြုခဲ့ပုံ (အင်္ဂလိပ်စာတန်းထိုး)
နေ့စဉ်(5)ကြိမ် ဗလီများမှ ၀တ်ြ့ပုရန်အတွက် ဖတ်ခေါ်သော အာဇန် အသံ၏ အဓိပ္ပါယ်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။­။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။­။။။။။။။။။။။။။။။။။။။
. 
-အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.....

-အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.....

-အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.....

-အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.....

-အလ္လာဟ်အသျွှင်မြတ်မှတပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သော အသျှင်မရှိကြောင်းကို ကျတော်မျိးသက်သေခံအပ်ပါသည်။

-အလ္လာဟ်အသျွှင်မြတ်မှတပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သော အသျှင်မရှိကြောင်းကို ကျတော်မျိးသက်သေခံအပ်ပါသည်။

-မုဟမ္မဒ်သခင် (ဆွလလ္လားဟု အလိုင်းဟိစ္စလာမ်) သည် အလ္လာဟ်အသျှင်မြတ်၏ စေလွတ်ခြင်းခံရသော တမန်တော်ဖြစ်ကြာင်းကျွန်တော်မျိုးသက်သေခံအ­ပ်ပါသည်......

-မုဟမ္မဒ်သခင် (ဆွလလ္လားဟု အလိုင်းဟိစ္စလာမ်) သည် အလ္လာဟ်အသျှင်မြတ်၏ စေလွတ်ခြင်းခံရသောတမန်တော်ဖြစ်ကြာင်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်......

-ခ၀ပ်ကိုးကွယ်မှုအတွက် လာကြကုန်တော့ 

-ခ၀ပ်ကိုးကွယ်မှုအတွက် လာကြကုန်တော့

-အောင်မြင်မှုဆီသို့ လှမ်းလာကြလော့....

-အောင်မြင်မှုဆီသို လှမ်းလာကြလော့....

-အလ္လာဟ်အသျှင်သာလျှင် အကြီးကျယ်ဆုံး ဖြစ်ပါတယ်

-အလ္လာဟ်အသျှင်သာလျှင် အကြီးကျယ်ဆုံး ဖြစ်ပါတယ်

ထိုအသျှင်မြတ်မှတပါး အခြားခ၀ပ်ကိုးကွယ်ထိုက်သော အသျှင်မရှိ .


Royal Rose Press Conference

Royal Rose Press Conference (June 14, 2013)

သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသည့် စာနယ်ဇင်း ရှင်းလင်းပွဲ ရုပ်သံမှတ်တမ်းများ-


Unity for Peace Networks' Press Conference on Misconceptions about Islam and Myanmar Muslims

Unity for Peace Network's Press Conference မှ အစ္စလာမ့်ဘာသာအပေါ် အထင်အမြင် လွဲမှားနေမှု့များအား ဖြေရှင်းသည့် သတင်းစာရှင်းလင်းပွဲ ရုပ်/သံ မှတ်တမ်းများ-


Friday, September 20, 2013

နွားကို သနားသော၊ နွားကို ကျေးဇူးရှင်ဟု ဟစ်ကြွေးနေသူများသို့-



ကမ္ဘာပေါ်မှာ တိရိစ္ဆာန်ကိုဖြစ်စေ၊ လူကိုဖြစ်စေ သတ်ပုံသတ်နည်း အမျိုးမျိုးရှိတယ်...
လူကိုသတ်တာက သေဒဏ်ကျလို့ သတ်တာအပြင် အကြောင်းအရင်း အမျိုးမျိုးကြောင့် သတ်ကြတယ်။

သေဒဏ်ဆိုရင်လည်း လျှပ်စစ်ကုလားထိုင်၊ ကြိုးမိန့် ၊ သေနတ်နဲ့ ပစ်သတ်၊ အရှင်လတ်လတ် မြေမြှပ်သတ်၊ ခေါင်းဖြတ်သတ် စသဖြင့်ပေါ့လေ...

တိရိစ္ဆာန်တွေကျတော့ အပြစ်မရှိပဲ ဘာလို့ သတ်ဖြတ်ကြတာလည်း... အဲ့ဒီအချက်က ပွိုင့်ပဲ...

အစ္စလာမ်ဘာသာမှာ တိရိစ္ဆာန်ဆိုတာ လူတွေစားသောက်အသက်ရှင်ဖို့ အတွက် ဖန်ဆင်းပေးထားတာဖြစ်တယ်... တိရိစ္ဆာန်အားလုံးကို စားချင်တိုင်းလည်း စားလို့ မရဘူး...ဖန်ဆင်းရှင်ဖန်ဆင်းထားတဲ့ အရာအားလုံးမှာ အကျိုးနဲ့ အကြောင်းရှိတယ်... လူစားဖို့ ဖန်ဆင်းထားတာရှိသလို အညစ်အကြေး သန့် ရှင်းဖို့ ဖန်ဆင်းထားတဲ့ တိရိစ္ဆာန်(ဥပမာ ၀က်)တွေလည်း ရှိတယ်...

အစ္စလာမ်မှာ ရှောင်ရှားရတဲ့ အသားတွေအများအပြားရှိတယ်... ခရစ်ယန်မှာဆိုရင် ကျနော် သိရသလောက် သွေးစားလို့ မရဘူး... ဗုဒ္ဓဘာသာမှာဆိုရင် ကျနော် သိရသလောက် ဘာမှမရှောင်ခိုင်းထားဘူး... သတ္တ၀ါတွေအပေါ် မေတ္တာထားပြီး သတ်သတ်လွတ်စားချင်စားပေါ့လေ... ဟိန္ဒူဘာသာမှာကတော့ ရှုပ်တယ်... သတ်သတ်လွတ်စားတာနဲ့ ၊ ခြေလေးချောင်း ရှောင်တာနဲ့ ၊ အမဲသားတစ်မျိုးပဲမစားတာနဲ့ ၊ ဆိတ်တွေခေါင်းဖြတ်သတ်တာနဲ့ ... အစုံပဲဗျာ ဒါတွေကတော့ ဘာသာတရား တွေမှာ ဆောင်ရန်ရှောင်ရန်ပေါ့လေ...

နောက်ပြီး ယဇ်ပူဇော်တာတွေလည်း ရှိတယ်ဗျ...ကြားဖူးကြမှာပါ အထူးအထွေမပြောတော့ဘူး... ဒီလင့်ခ်မှာကြည့်ပါ
http://www.ethnobiomed.com/content/5/1/23

နောက်ပြီးတော့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဒါမှမဟုတ် ပျော်ပွဲရွှင်ပွဲ ပွဲတော်အဖြစ် တိရိစ္ဆာန်တွေကို အပျော် သတ်ဖြတ်ကြတဲ့ ပွဲတွေလည်းရှိတယ်... ဥပမာ ဘရာဇီးယဇ်ပူဇော်ပွဲ၊ စပိန်နွားရိုင်းသတ်ပွဲ၊ တရုတ်ဝက်သတ်ပွဲ (ပုံတွင်ရှု)

တချို့ ကျတော့ ထူးဆန်းတယ်...တိရိစ္ဆာန်တွေအော်ဟစ်ရုန်းကန်တာကို ဇိမ်ခံကြည့်ရတာတို့ ၊ အရှင်လတ်လတ် စားသောက်ရတာတို့ ကို ၀ါသနာထုံပြန်တယ်... ဥပမာ...ဂျပန်မှာ မျောက်အရှင်လတ်လတ် ဦးနှောက်ဖောက်စားတာမျိုး၊ တိရိစ္ဆာန်တွေကို အကြောင်းမဲ့ စားလည်းမစားပဲနဲ့ ရိုက်သတ်လိုက်တာမျိုး....(အပျော်တမ်း အမဲလိုက်တာပေါ့)

တချို့ ကျတော့လည်း ပိုက်ဆံရဖို့ အတွက်သတ်ကြတယ်...(မုဆိုးတွေပေါ့)

အစ္စလာမ်ဘာသာက တိရစ္ဆာန်များလည်လှီးသတ်ဖို့ ပြဌာန်းထားတယ်...
WHO က ပြဌာန်ထားသော နိုင်ငံတကာအတွက် တရားဝင်သားသတ်နည်းမှာ အစ္စလာမ်ဘာသာ ၀င်များ အသုံးပြုလျှက်ရှိသည့် လည်ပင်းလှီးဖြတ်(Halal) လုပ်သည့် နည်းလမ်းဖြစ်ပါတယ်...
ဘောင်ကျဉ်းကျဉ်းလေးမှကြည့်၍ ဝေဖန်နေသူများ နဲ့  လေ့လာလိုသူများ အောက်က ဗီဒီယိုကိုကြည့်ပါ...တိရိစ္ဆာန်တွေကို ဘယ်လို ရက်ရက်စက်စက်သတ်သလဲဆိုတာကို...
https://www.facebook.com/photo.php?v=126395897558456

ကျနော်တို့ အစ္စလာမ်ဘာသာမှာ တစ်နှစ်လျှင်တစ်ကြိမ် အမိန့် ပညတ်ချက်ကြောင့် ကုရ်ဘာနီခေါ် (လည်ပင်းလှီးဖြတ်ခြင်း မင်္ဂလာ) လုပ်လေ့ရှိတယ်...တိရိစ္ဆာန်တွေကို ရက်ရက်စက်စက် မသတ်ခိုင်းထားဘူး...လည်ပင်းကို သွေးကြောအပြတ်ဖြတ်၊ သွေးအကုန်ထွက်တာစောင့်ရင် နာကျဉ်မှုဒဏ်ကို အလွန်ဆုံးခံစားရ ၅မိနစ်ပဲပေါ့...မြန်မာနိုင်ငံမှာတော့ အဓိက ကုရ်ဘာနီလုပ်ကြတာ...နွားပေါ့ဗျာ၊ ဆိတ်နဲ့ ကျွဲတို့ ကလည်း အနည်းနဲ့ အများပါပါတယ်...

စဉ်းစားလို့ မရတာတစ်ခုက ကုရ်ဘာနီလုပ်တာကို ဘာဖြစ်လို့ နွားသတ်တယ်လို့ ပဲထင်ပြီး နွားမသတ်ဖို့ ကို အသည်းအသန် လှုံဆော်နေကြတာလည်းဗျာ...လွန်ခဲ့တဲ့ နှစ်လလောက်က ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ မှာ သားသတ်ခွင့်လိုင်စင်ကို ဘုန်းကြီးတွေဦးဆောင်ပြီး လိုက်သိမ်းတယ်၊ နွားမသတ်ရဘူးဆိုတော့ ကျန်တဲ့ အကောင်တွေသတ်လို့ ရတယ်ဆိုတဲ့သဘောလား...ပိတ်ပင်ရင်လည်း ဘယ်အကောင်မဆို မသတ်ရလို့ ပိတ်ပင်ပေါ့...မဟုတ်ဘူးလား...

နွားကို မသတ်ရလို့ ပိတ်ပင်လည်း ကျနော်တို့ ကုရ်ဘာနီလုပ်စရာ အကောင်မရှိပဲ နေတော့မှာ မဟုတ်ဘူး...နွားမလုပ်ရရင် ဆိတ်၊ သိုး၊ ကျွဲ၊ ကုလားအုတ်တို့ ရှိတယ်...နွားကိုပဲ သဲကြီးမဲကြီးလိုက်တိုက်ခိုက်နေတာကလည်း စစ်ခွေးတွေ၊ သူတို့ လုပ်ရပ်ကို ထောက်ရှု့ မယ်ဆိုရင် အခုတလော တရုတ်ပြည်နဲ့ တခြားနိုင်ငံတွေကို အသားတင်ပို့ မယ်ဆိုတဲ့ သတင်း သဲ့သဲ့ကြားမိကြမယ်လို့ ထင်ပါတယ်..တင်လည်းတင်ပို့ နေပါတယ်..တရုတ်က စားစရာရရင် အကုန်စားမှာ... နောက်ဆုံးခွေးပါတင်ပို့ နေရတာ အားလုံးအသိ...

ဒီတော့ ဒီစစ်ခွေးတွေ..အစိုးရဖော်လန်ဖားတွေ နွားမသတ်ဖို့ ၊နွားကို သနားဖို့ လှုံ့ ဆော်နေတာက သူတို့ အကျိုးအမြတ်အတွက်ပဲ...ဘာဘာသာရေးမှ မလေးစားဘူး...လေးစားတယ်ဆိုရင် ၂၀၀၇မှာ သံဃာတွေ ခေါင်းကွဲခဲ့မှာ မဟုတ်ဘူး..

သူတို့ ကိုယ်ကျိုးအတွက်မပါရင် ဘာမှမလုပ်ဘူးဆိုတာ ယောင်ဝါးဝါးလေးတွေ မှတ်ထားကြပါ...

စာလည်းရှည်သွားပြီ...ရေးချင်သေးတာတွေအများကြီးရှိပေမယ့် ဒီလောက်နဲ့ ပဲ တော်သေးပြီ
(စတီ ဗင်)

နံမည်ကြီး ထမင်းငတ် မွတ်စ်လင်နိုင်ငံများ  (ကလစ်နှိပ်ဖတ် လေ့လာရန်)


ဆက်စပ်ရုပ်သံများ-

မြန်မာ မွတ်စလင်မ် များအား နာဇီ လုပ်ထုံးများ ဖြင့် စနစ်တကျ ညှဉ်းပမ်းနေသည်

Robert Ehose ရေးသားသည်။
၂၀၁၃ ခု၊ စက်တင်ဘာလ ၂၀ ရက်၊

ဂျာမနီပြည် တွင် အဒေါ့ဖ် ဟစ်တလာ စတင် အာဏာ ရရှိလာသည့် ၁၉၃၃ ခုနှစ်မှ ဒုတိယ ကမ္ဘာစစ်မီးကြီး အဆုံးသတ်သွားခဲ့သည့် ၁၉၄၅ ခုနှစ် အကြားတွင် နာဇီဂျာမန် များ က ၎င်းတို့ နှင့် လူမျိုးမတူသူ (အထူးသဖြင့် ဂျူးလူမျိုးများ) အပေါ် အနိုင်ကျင့် နှိပ် ကွပ် ရန် အတွက် မတရားသဖြင့် ဥပဒေ များကို သုံးချီသုံးလား အကြိမ်ကြိမ် ခွဲပြီး ဥပဒေ ပြု၊ ပြဋ္ဌာန်း ခဲ့ကြသည်။

ကျွန်တော်များ အမိမြန်မာနိုင်ငံ တွင် လက်ရှိဖြစ်ပေါ်လျက် ရှိသည့် မွတ်စလင်မ် များ အား လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး နလံမထူနိုင်အောင် နိုင်ငံရေး အရ မတရား နှိပ်ကွပ် နေမှု များသည့် အထက်ပါ နာဇီဂျာမနီ မှ ဖြစ်ရပ်များ နှင့် ထပ်တူနီးပါး ဆင်တူ နေသည် ကို တွေ့ရှိရပါသည်။ သို့ပါသောကြောင့် အများ မျက်လုံး ပွင့်ကြစေရန် ရည်သန် ပြီး ဖော်ပြ အပ်ပါသည်။

နာဇီတို့၏ ပထမအကြိမ် ဥပဒေ ပြုမှု (၁၉၃၃ ခုနှစ်၊ မတ်-ဧပြီ)
----------------------------------------------------------------

ယင်း ဥပဒေ ကို အင်္ဂလိပ် ဘာသာ အားဖြင့် Law for Restoration of
Professional Civil Service ဟု ခေါ်တွင်ခဲ့ပြီး အဓိက အားဖြင့် ကျွမ်းကျင် အစိုးရ အမှုထမ်း၊ အရာထမ်း များခန့်အပ်ရာတွင် ဂျူးလူမျိုးများ အား မခန့်အပ်ရ။ ပထုတ် ထားရမည် ဟူသည့် အချက် ကို အခြေခံ ရေးဆွဲထားသည်။

ထိုဥပဒေ အရ လူဖြူ အာရီယန် နွယ်ဝင် မဟုတ်သူများ (ဂျူးလူမျိုးများ၊ ဂျစ်ပဆီ လူမျိုးများ စသည် ..) အား အစိုးရ ရာထူးများ မှ ဖြုတ်ပစ်ရန် ဥပဒေ ပြုခဲ့သည်။ ဂျူး များ အနေဖြင့် အခြားသော အလုပ်အကိုင် များ မလုပ်ကိုင်နိုင် စေရန်၊ ဂျူးများ အပါအ၀င် အာရီယန် နွယ်ဝင် မဟုတ်သူများအား အစိုးရ ကျောင်းများတွင် တက်ရောက် ပညာ သင်ကြားနိုင်ခွင့် မရှိစေရန် ပိတ်ပင် တားဆီးရေး စသည် တို့အား အထက်ပါ ဥပဒေ အရ တရားဝင် ပြုပေးခဲ့သည်။

အလုပ်အကိုင် ခန့်ထားရေး အတွက် စစ်ဆေးသည့် နောက်ဆုံးအဆင့် စာမေးပွဲ များ တွင် အဆိုပါ ခွဲခြားခံ ရသူများ ၀င်ရောက် မဖြေဆိုနိုင် စေရေး တားမြစ်ထားသည်။

မြန်မာ နိုင်ငံတွင် အထက်ပါ ကဲ့သို့ ဥပဒေမျိုးအား လူသိရှင်ကြား မထုတ်ပြန်ထား စေကာမူ အတွင်းစည်း မှ ပုဂ္ဂိုလ်များသာ သိနိုင်ပြီး၊ အပြင် သို့ မပေါက်ကြားစေရန် ထိပ်တန်း လျှို့ဝှက် အဆင့် ထိန်းသိမ်း နေကြသည့် " လျှို့ဝှက် အက်ဥပဒေ " အဖြစ်မူ ရှိနေသည် မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။

နာဇီ တို့၏ ဒုတိယအကြိမ် ဥပဒေ ပြုမှု ( ၁၉၃၅ ခုနှစ်၊ စက်တင်ဘာလ )
-----------------------------------------------------------------------------
နျူရင်ဘာ့ဂ် ဥပဒေ

----------------------
၎င်း ဥပဒေ အား နျှူရင်ဘာ့ဂ် ဥပဒေ (သို့မဟုတ်) Law for the
Protection of German ဟု ခေါ်တွင်ခဲ့ပြီး အဓိက အားဖြင့် ဂျာမန်လူမျိုး များအား ကာကွယ် ရန် ဟူသည့် အကြောင်းပြချက် ဖြင့်၊ ယခု လူဝင်မှု ၀န်ကြီး ဦးခင်ရီ ပြော ကြားနေ သကဲ့သို့ သွေး ဖြင့် သာ နိုင်ငံသားဖြစ်မှု ကို သတ်မှတ်ပြီး ဂျာမန် လူမျိုးများ အားသာ ဂုဏ်မြှောက်ထား သည့် ဥပဒေ ဖြစ်သည်။

ယင်း ဥပဒေအရ ဂျူးများ ကို ဂျာမနီ နိုင်ငံသားအဖြစ် မှ ရပ်စဲ လိုက်ပြီး ထိုအချိန်မှ စကာ မဲပေးခွင့် မရရှိတော့ပေ။ ဂျူးလူမျိုး များ ၏ လက်ထပ် ထိမ်းမြားခွင့် ကို ကန့်သတ် လိုက်သည်။ အထူးသဖြင့် ဂျူးဖြစ်ပါက ဂျာမန် အမျိုးသမီးများကို လက်ထပ်ခွင့် လုံးဝ မရှိတော့ပေ။

ထို့အပြင် ဂျာမန်အစစ် သာမဟုတ် ဂျာမန်သွေးပါသူ များနှင့် လိင် ဆက်ဆံ ခြင်း ကိုပါ ကြီးလေးသော ပြစ်မှု အဖြစ် ပြဋ္ဌာန်း အပြစ်ပေးခဲ့သည်။ အဆိုပါ ဥပဒေအရ မည်သူ သည် ဂျာမန် အာရီယန် မျိုးနွယ် စစ်စစ် ဖြစ်သည်။ မည်သူသည် ဂျူးဖြစ်သည်၊ မည် သူသည် ဂျူး သွေးပါသူ ဖြစ်သည် စသည်များကို တိတိပပ သတ်မှတ်ပြဋ္ဌာန်း ပေးသည်။

ယင်း ဥပဒေ မှာမူ ယခု မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ရန် ကြိုးပမ်း နေကြသည့် တစ်ဖက် သတ် မျိုးစောင့် ဥပဒေ နှင့် ထပ်တူနီးပါး တူညီနေသည်ကို တွေ့ကြရမည် ဖြစ်သည်။
ယင်း အပြင် ယခု လူဝင်မှု ၀န်ကြီး ဦးခင်ရီ ပြောကြားနေသည့် မြန်မာနိုင်ငံသား မည်သူ ဖြစ်ခွင့်ရှိသည်။ မည်သူ က ဒုတိယတန်းစား နိုင်ငံသား အဖြစ် လျှောက်ထား နိုင်သည် စသည့် အချက်များ နှင့်လည်း များစွာ အံဝင်နေသည်။

နာဇီတို့၏ တတိယအကြိမ် ဥပဒေ ပြုမှု ( ၁၉၃၆ နှင့် ၁၉၃၇ ခုနှစ်များ)
--------------------------------------------------------------------------
ယခုအသုတ် ဥပဒေ ပြုမှု များတွင်မူ ဂျာမနီ နိုင်ငံ ၏ စီးပွားရေး လုပ်ငန်းများ တွင် ဂျူးလူမျိုး တို့ ပါဝင် လုပ်ကိုင်မှု ကို လုံးဝ ပိတ်ပင်လိုက် ပြီဖြစ်သည်။ အာရိယန်နွယ်ဝင်
ဂျာမန်လူမျိုးများ မဟုတ် ဟူသည့် အကြောင်းပြချက် ဖြင့် ဂျူးလူမျိုး တို့ ဘိုးစဉ် ဘောင်ဆက် ရှာဖွေစု ဆောင်း ထားသည့် ပိုင်ဆိုင်မှု အရပ်ရပ် ကို နာဇီအစိုးရ က နိုင်ငံတော် ပိုင် သိမ်းပိုက် နိုင်သည့် ဥပဒေ ပြဋ္ဌာန်း ချက်များ ပါရှိလာသည်။

၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉ ရက် နှင့် ၁၀ ရက်နေ့များက ဂျာမနီနိုင်ငံ နှင့် နာဇီ ခေါင်း ဆောင်ကြီး ဟစ်တလာ ၏ မွေးရပ်ဇာတိ သြစတြီးယား နိုင်ငံ များ တွင် တစ်ပြိုင်နက် တည်း လို ပြုလုပ်ခဲ့ကြသည့်၊ ဂျာမန်ဘာသာစကား အားဖြင့် Kristallnacht pogrom ဟု သမိုင်းတွင် ခဲ့သော ဂျူးများပိုင် ဆိုင်မှု များအား လက်နက်ကိုင် အစောင့်အရှောက် များ ၀န်းရံပေးထားသည့် လူအုပ်ကြီးများဖြင့် အတင်းအဓမ္မ ၀င်ရောက်သိမ်းပိုက် သည့် လှုပ်ရှား မှု ဖြင့် ဂျူးများ ပိုင်ဆိုင် သမျှ အား အပြီးသတ် သိမ်းယူလိုက်သည်။

ဂျူးများ အား ၎င်းတို့ ပိုင်ဆိုင်သော အိုးအိမ် များမှ အတင်းဆွဲချ ကာ ဂတ်တို ဟု နာမည်ကြီးသော ဂျူးစုပေါင်း လူနေစခန်းများ တွင်းသို့ အတင်းအကြပ် မောင်း သွင်းခဲ့သည်။ ဂျူးလူမျိုး မှန်လျှင် ၎င်း တို့အား အလွယ်တကူ ခွဲခြားနိုင်ရန် အတွက် အ၀ါရောင် ခြောက်မြှောင့်ကြယ် တံဆိပ် ကြီးများ အား ရင်ဘတ်တွင် မြင်သာအောင် တပ်ဆင် ထားရမည် ဟူသည့် အမိန့်ပြန်တမ်း ကို ထိုနောက်ပိုင်းမှ စတင်ကာ ထုတ် ပြန်ခဲ့သည့်။

ဂျူးလူမျိုးများ ပြည်ပ ထွက်ခွာခွင့် အား လုံးဝ တားမြစ်လိုက်သည်။ ယင်းသို့အားဖြင့် နောင်တစ်ချိန် တွင် ၎င်းတို့ အပြီးသတ် သုတ်သင်ချင်နေသည့် ဂျူးများ အား အလွယ်တကူ တစ်စုတစ်ဝေး တည်း ဖမ်းဆီးပြီး လူသတ်စခန်း များသို့ ပို့ဆောင်နိုင်ရန် အုပ်စုလိုက် အစုအဝေး ဖြင့် ဂတ်တို များတွင် စုဝေးနေထိုင်ကြစေသည်။

ကျွန်တော်၏ အမြင်အရ မကြာမြင့်သေးသော အချိန်ကာလ ကအထိ တိုင်းရင်းသား လူမျိုး တစ်ခု အဖြစ် တရားဝင် အသိအမှတ် ခြင်း ခံခဲ့ကြ ရသော မြန်မာ ရိုဟင် ဂျာ လူမျိုးများမှာ လက်ရှိ အနေအထားတွင် အထက်ပါ နာဇီ တို့၏ နှိပ်ကွပ်မှု အဆင့် သုံးဆင့်လုံး နှင့် လုံးဝနီးပါး အသွင်သဏ္ဍာန် တူစွာ အကျူံးဝင် လျက် ညှဉ်းပမ်း ခံနေကြ ရပြီး၊ ရိုဟင်ဂျာ မဟုတ်သူ အခြား မြန်မာပြည်သား မွတ်စလင်မ် များမှာမူ မထမပိုင်း အဆင့် နှစ်ဆင့် အထိ အကျူုံး ၀င်လျက် ရှိကြောင်း တွေ့ကြရမည် ဖြစ်သည်။

အထက်ပါ ရေးသားခဲ့သည့် အတိုင်း လူမျိုးတစ်မျိုးကို အုပ်စိုးနေသည့် အစိုးရ က စနစ်တကျ နှိပ်စက် ညှဉ်းပမ်း ခြင်းကို မည်သည့် နိုင်ငံတကာ ဥပဒေ တွင် မှ ခွင့်ပြုထား ခြင်း မရှိပဲ၊ မြန်မာ နိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ပါဝင် လက် မှတ် ရေးထိုး ဂျီနီဗာကွန်ဗင်းရှင်း စာချူပ်များ နှင့်လည်း ပြဒါးတစ်လမ်း သံတစ်လမ်း၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည် ကို တွေ့ကြရမည် ဖြစ်သည်။

ယခုလမ်းစဉ် နှင့် သာ ဆက်လက် သွားနေမည် ဆိုက ရေရှည် တွင် အမိမြန်မာ နိုင်ငံတော် ၏ ဂုဏ်သိန်၊ ပုံရိပ် များကို များစွာ ထိခိုက်လာနိုင်မည် ဖြစ်သလို၊ နိုင်ငံတ ကာ ဆက်ဆံရေး နယ်ပယ် တွင်လည်း မရှုမလှ၊ လူရာမ၀င် ဖြစ်လာနိုင်စရာ များရှိနေ သည့် အတွက် ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင် ၊ ဟိန္ဒူဘာသာဝင် မြန်မာနိုင်ငံ ဖွား ညီအစ်ကိုတော် များ အနေဖြင့်လည်း ၀ိုင်းဝန်း တားဆီးရန် တာဝန် မကင်းပါ ဟု ယူဆကြောင်း ပြောရင်း နိဂုံးချူပ်ပါရစေ ခင်ဗျာ။

(နာဇီ ဥပဒေပြုမှု ဆိုင်ရာ အချက်အလက်များ စုဆောင်းပေး သည့် ပညာရှင် တစ်ဦး ဖြစ်သူ ကို Maung Khin အား များစွာ ကျေးဇူး ဥပကာရ တင်ရှိပါသည်။)

ဓါတ်ပုံ - ၁၉၃၃ ခုနှစ်က၊ နာဇီခေါင်းဆောင်ကြီး အဒေါ့ဖ် ဟစ်တလာ၊ ဂျာမန် ရိုက်စတက်ခ်ျ လွှတ်တော် တွင် ဂျူးများအား နှိပ်ကွပ်ရေး ပထမဦးဆုံး ဥပဒေ ကို အဆိုပြု တင်သွင်းနေစဉ်-