Thursday, June 21, 2012

ရခိုင်အရေးအခင်းအပေါ် ပြန်လည်သုံးသပ်ဝေဖန်ချက် ဆောင်းပါးများ စုစည်းမှု့

ဤစာတမ်းပါ ဆောင်ပါးများမှာ စာတမ်းပြုစုသူ ရေးသားတင်ပြသော ဆောင်ပါးများမဟုတ်ဘဲ ဖြစ်ပျက်သွားသော ရခိုင် ပြည်နယ် အရေးအခင်းကာလအတွင်း အင်တာနက်စာမျက်နှာများပေါ်မှာ ဆောင်ပါးရှင်အသီးသီးရဲ့ ရခိုင်ပြည်နယ် အရေး အခင်း အပေါ် ဝေဖန်ထောက်ပြထားတဲ့ ဆောင်ပါးများစွာကို စုစည်းထားခြင်းသာ ဖြစ်ပါတယ်…

ဤစာတမ်းပြုစုသူ အနေနှင့် စာဖတ်ပရိသတ်များ ထိုရက်၊ ထိုကာလအတွင်း ဖတ်ရှုခဲ့ရသော ဆောင်ပါးများစွာကို တစု တ စည်းတည်း ပြန်လည်ဖတ်ရှုကာ ဖြစ်ပျက်ခဲ့သော အရေးအခင်းများအပေါ် ပြန်လည် ဝေဖန်သုံးသပ်နိုင်ရန် ရည်ရွယ်ပါလို့ စာတမ်းပြုစုသူက ဆိုထားပါတယ်-


Mediafire က ဒေါင်းရန် ကလစ်နှိပ်ပါ-
Media vs Religious 2

Monday, June 18, 2012

ငြိမ်းချမ်းရေးဆီသို့ (၁)

ငြိမ်းချမ်းမှုရဲ့ အနှစ်သာရကို လူသားတိုင်း ခံစားခွင့် ရချင်ကြပါတယ်။ အနည်းဆုံးတော့- လူသားတိုင်းဟာ ငြိမ်း အေးတဲ့ ဘ၀လေးနဲ့ မိမိရဲ့ ဆန္ဒ ဖြစ်ပေါ်တာတွေကို အေးအေးလူလူ ပြုလုပ်ဆောင်ရွက်ခွင့်ရတဲ့ လောကနိဗ္ဗာန် လေးကို ကိုယ်စီကိုယ်ငှ လိုချင်ကြတာပဲ။

ဒါပေမယ့်- ဒီလို၊- ငြိမ်းချမ်းချင်ပါတယ်။ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်- ဆိုတဲ့ လူတွေကြားထဲမှာ မငြိမ်းချမ်းမှုကို ဦးတည်စေတဲ့ ပဋိပက္ခတွေ၊ အတ္တကြီးမှုတွေ- အာသားငမ်းငမ်း တက်မှုတွေ- မနာလိုဝန်တိုမှုတွေ တစ်သီတစ် တန်းကြီး ရှိနေလေရဲ့ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ငြင်းပါယ်ဖုံးကွယ်ထားလို့ မရနိုင်ကောင်းပါ။

ဒီလိုဖြစ်တည်နေရတာဟာ ငြိမ်းချမ်းရေးဆိုတဲ့ အနှစ်သာရကို အမှန်တကယ်ခံစားထိတွေ့ ပေးဝေတည် ဆောက် ခွင့်ရအောင် ချည်းကပ်တဲ့ နည်းစနစ်တွေ မှားနေလို့ ဖြစ်တယ်လို့ အစ္စလာမ်သာသနာက သွန်သင်ထားပါတယ်။ တနည်းအားဖြင့် ယခုလက်ရှိ- အစဉ်အလာ ဆက်တည် ခံစား၊ ချီတက်နေတဲ့ ငြိမ်းချမ်းရေး ခရီး- သို့မဟုတ် မိရိုး ဖလာက ပြညွှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့- အစ္စလာမ်သာသနာကပြညွှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက် နည်းဟာ ပြောင်းပြန် ဖြစ်ပါတယ်။

များသော အားဖြင့် မိရိုးဖလာ တရားထဲမှာက စိတ်ကို အသေသတ်လိုက်ခြင်း (၀ိပဿနာ ကျင့်ခြင်း) ကို အောင် မြင်ပြီ- ငြိမ်းချမ်းမှုရပြီ-လို့ ထင်မှတ်မှုများ ရှိနေပါတယ်။

ဒီလို မိရိုးဖလာက ပြညွှန်တဲ့- သို့မဟုတ် မိရိုးဖလာအတိုင်း လိုက်နာတွေးထင်မိတဲ့ ငြိမ်းချမ်းရေး တည်ဆောက် နည်းက- မိမိရဲ့ စိတ်အလိုကို (အထင်) ကို အရင်တည်ဆောက်ခွင့် ပြုလိုက်ခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့မှ အဲ့ဒီစိတ် အလိုကိုရအောင်ကြိုးပမ်းဖြည့်ဆီးတယ်။ မိမိရဲ့စိတ်အလိုကို ဖြည့်ဆီးနိုင်ရင် စိတ်ဘ၀င်ကျပြီး ငြိမ်းချမ်း ရေးရပြီလို့ ထင်မှတ်ခံယူကြပါတယ်။

မိမိရဲ့စိတ်ကိုသတ်ခြင်း သို့မဟုတ် စိတ်ကို သတ်နိုင်အောင် ကျင့်ကြံအားထုတ်ရင် ငြိမ်းချမ်းရေးရပြီဆိုတဲ့ အထင် ကို အရင်အတည်ပြုပြီး စိတ်ကို သတ်နိုင်အောင် ကြိုးစားယူကြပါတယ်။

အစ္စလာမ်က သွန်သင်တာက ဒီလိုမဟုတ်ဘူး။ အဲ့ဒီအထင်ကို အရင်တော်လှန်ခိုင်းပါတယ်။ အထင်ဟာ အမှန် ဖြစ်ကိုဖြစ်ရမယ်လို့ မဆုံးဖြတ်မိဘို့ အရင် စီစစ်ဘို့ ဖြစ်ပါတယ်။

ဒီအတွက် မိမိရဲ့ အထင်၊ မိမိရဲ့ ဆန္ဒတွေဟာ ယုတ္တိရှိ- မရှိ မိမိကိုယ်မိမိ စီစစ်ရဲတဲ့ သတ္တိကို အရင်မွေးခိုင်းပါ တယ်။ အစဉ် ယုတ္တိဗေဒနဲ့ ကိုက်ညီတဲ့ အမှန်တရားကို လက်ခံရဲတဲ့ သတ္တိကို မွေးမြူရမယ်လို့ သွန်သင်ပါတယ်။- အစဉ်ယုတ္တိဗေဒနဲ့ ကိုက်ညီတဲ့ အမှန်တရား ဆိုတာ- သိပ္ပံပညာ- ဆေးပညာ- ၀ိဇ္ဇာပညာ- စသည်ဖြင့် ဘာညာ ပညာတွေနဲ့ မပတ်သက်ပါဘူး။ အဲ့ဒီပညာရပ်တွေဟာ- ခေတ်ကာလအချိန်ရဲ့ တိုက်စားမှုဒဏ်ကို အာမခံနိုင်ပါ ဘူး။ ဥပမာ ၁၆ ရာစုနှစ်က သိပ္ပံပညာရဲ့ တွေ့ရှိချက်ဟာ ဒီနေ့ ဒီခေတ်မှာ ယုတ္တိရှိချင်မှ ရှိတော့မှာပါ။- အစဉ် မှန်တဲ့ ယုတ္တိဗေဒ- ဆိုတာ၊ ဥပမာ နေဟာ အရှ့ဘက်က ထွက်တယ်ဆိုတဲ့ သဘောမျိုး- ဘယ်ခေတ်၊ ဘယ်ကာ လ ရောက်ရောက် နေဟာ အရှေ့ဘက်ကပဲ ထွက်နေမှာပဲ။

ဒီလိုအစဉ်မှန်တဲ့ တနည်းအားဖြင့် ဖေါက်ပြန်ပြောင်းလဲမှုကင်းတဲ့ အမှန်တရားနဲ့ မိမိရဲ့ခံယူယုံကြည်ချက်ကို မှတ်
ကျောက်တင်ခံနိုင်အောင် မိမိကိုယ်မိမိ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ ဒီလို ပကတိအမှန်တရားပေါ်မှာ- ရပ်တည် သူ။ သည်းခံ ပါရမီကြီးသူတွေဟာ ခေတ်ကာလရဲ့ တိုက်စားခံရခြင်းမှ ကင်းတယ်လို့ ကျမ်းမြတ်ကုရ်အာန် စူရာဟ် (၁၀၃) မှာ အာမခံချက် ပေးထားပါတယ်။


ငြိမ်းချမ်းရေး- သို့မဟုတ် စိတ်နှလုံး၏ ငြိမ်းချမ်းမှု ဆိုတာ အချိန်ကုန်လူပန်းခံပြီး လေ့ကျင့်နေလောက်တဲ့ အရာ မဟုတ်ဘူး။ အဲ့ဒီလို လေ့ကျင့်နေခြင်းဖြင့်- လောကပတ်ဝန်းကျင်က အရာတွေကို မတူမတန်ပြုမူရာ ရောက် တယ်။ မထီမဲ့ပြင် ပြုရာရောက်တယ်။- ကျင့်သူအတွက်ရော- ကျင့်သူရဲ့ ပတ်ဝန်းကျင်အတွက်ရော ဘာမှာ ထူးခြားတဲ့ အကျိုးပြုမှု မရှိဘူးလို့ သွန်သင်ပါတယ်။

ဒီစကားတွေဟာ သာမန်လူသား အများကြီးအတွက် နားလည်ရ ပြောင်းပြန် ဖြစ်သွားနိုင်ပါတယ်။

ဆိုလိုတာက--- ငြိမ်းချမ်းရေးဆိုတဲ့- ကျွဲကူးရေပါ အပိုဆုကို ဆွတ်ခူးနိုင်ဘို့ အတွက်-

(၁) လူဟာ မိမိကိုယ်မိမိ လူပီသအောင် ကြိုးစားရမယ်။
(၂) မိမိကိုယ်မိမိ တော်လှန်ရေး လုပ်ခြင်းဖြင့် ပတ်ဝန်းကျင်ကြီးကို ပြုပြင်ပေးရမယ်။

ပတ်ဝန်းကျင်ကြီး ဆိုတာက အလွန်ကျယ်ပြန့်ပါတယ်။ အဲ့ဒီအထဲက အဓိက-- အချက်တွေကတော့-၊

(က) လူမှုရေး
(ခ) ပညာရေး
(ဂ) စီးပွားရေး
(ဃ) နိုင်ငံရေး-- ဆိုပြီး ပိုင်းခြား သတ်မှတ်နိုင်ပါတယ်။

ကျွန်တော့ အနေနဲ့ အစ္စလာမ်ကပြောတဲ့ ငြိမ်းချမ်းရေး-ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သက်ဆိုင်ရာ ခေါင်းစဉ်တွေနဲ့ အခန်းဆက် တင်ပြသွားပါမယ်။ ဒီကြားထဲမှာ ကျွန်တော် တင်ပြတာနဲ့ ပတ်သက်ပြီး- မေးဖြေ ဆွေးနွေးမှုများ ပြု လုပ်နိုင်ပါတယ်။

ယခု-- နံပါတ် (၁) ဖြစ်တဲ့- လူဟာမိမိကိုယ်မိမိ လူပီသအောင် လုပ်ရမယ်။ ဆိုတာကို အနည်းငယ် ရှင်းပြလိုပါ တယ်။

မိမိဆိုတာ လူသားဖြစ်တယ်။ လူသားကြောင့် လူထဲကလူဖြစ်တယ်။ ဒီထက်ပိုပြီး ချဲ့ရရင်- မိရိုးဖလာ အရောင် ခြယ်ခံထားရတဲ့ အရောင်စွန်းပြီး လူသား တစ်ဦး ဖြစ်တယ်။ ဒီအချက်ဟာ- လူတိုင်း မေ့လျှော့နေတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မိမိမသိလိုက်ဘဲ- မိမိရ့ဲ နှလုံးသည်းပွတ်ထဲမှာ အရာင်တင်ခံထားရတဲ့ အလေ့အကျင့် အတွေးအခေါ်ဟာ မိမိ ကိုယ်အပ်ါမှာ စိုးမိုးနေရာ ယူထားလေ့ရှိပါတယ်။ ဒီအခြေအနေမှာ လူဟာ လူမပီသ သေးပါဘူး။ တနည်းအားဖြင့် လူတည်းဟူသော အနှစ်သာရကို ပတ်ဝန်းကျင် အရောင်တင်မှုကြီးက ဖုံးကွယ် ထားခြင်းခံရတဲ့ ရွေရည် ငွေရည် စိမ်ခံထားရတဲ့ ဓါတ်သတ္တုလိုမျိုး ဖြစ်နေပါတယ်။

ဘယ်အရာကို ဖြစ်ဖြစ်- မှန်၏ မှား၏၊ ယုတ္တိရှိ၏- မရှိ၏- လို့ ဆင်ခြင်တတ်တဲ့ အသိထက်၊ မိမိမှာ အရောင်စွန်း ပြီးသား စိတ်နဲ့ ကြိုတင်ဆုံးဖြတ်တဲ့စရိုက်၊ မိမိရဲ့ မိရိုးဖလာ အစွဲကို စံပြုပြီး တိုင်းတာဆင်ခြင်တတ်တဲ့ စရိုက် တွေက လူသားအပေါ်မှာ မင်းမူနေလေ့ ရှိပါတယ်။

မိရိုးဖလာတိုင်းကို အမှားတရားချည်း သက်သက် ဖြစ်တယ်လို့လည်း တစ်ဘက်သတ် မသုံးသပ်မိဘို့လည်း လိုပါ တယ်။

ဒါကြောင့် အစ္စလာမ်က- လူသားဟာ ကြိုတင်ဆုံးဖြတ်တတ်တဲ့ စရိုက်ရဲ့ အာဏာစက်အောက်မှာ ကျေးကျွန်ဖြစ် နေရတဲ့ နာ့ဖ့ဖ်ဆေ့အမာနာဟ် စွန်းထင်းမှိုင်းမိနေတဲ့ စရိုက်ပိုင်ရှင်လို့ သွန်သင် သတိပေးထားပါတယ်။ ဒါပေ မယ့် ဒီစရိုက်ဟာ မွေးရာပါ စရိုက်မဟုတ်ဘူးဆိုတာကို သတိထားမိဘို့လိုပါတယ်။ ရှေးဘ၀ ၀ဋ်ကြွေးကြောင့် စွန်းထင်ခံရတာ မဟုတ်ဘူး။ မိမိနဲ့ ဘာမှ မပတ်သက်တဲ့ ကမ္ဘာဦး လူသားနှစ်ဦးရဲ့ အကုသိုလ်မှုကြောင့် မိမိက မဆီမဆိုင် ခံနေရတာလည်း မဟုတ်ဘူးဆိုတာကိုလည်း နားလည်ထားဘို့ လိုပါတယ်။ အစ္စလာမ်က သွန်သင် တာက လူသားရဲ့ မွေးရာပါ စရိုက်က နာ့ဖ့ဖ့ဖ်ေ်ေ်ဆေ့ မုတုတွမွမာ အီနီနာဟ် ခေါ် ပကတိ အဖြူထည် စရိုက် သို့မဟုတ် စိတ်ဘ၀င် အေးငြိမ်းပြီးသား စရိုက် ဖြစ်ပါတယ်။ စွန်းထင်းမှိုင်းမိနေတဲ့ စရိုက်ဆိုတာ- မွေးရာပါ အဖြူ ထည်စရိုက်ကို ထိတွေ့ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်- အသိုင်းအ၀ိုင်း၊ အထိ အတွေ့က အရောင်ဆိုးလိုက် ခြင်းသာ ဖြစ်ပါတယ်။

ဒီလို ပြောလို့- ပတ်ဝန်းကျင်ကြီးကလည်း လူသားအား မှိုင်းတိုက်တဲ့ တရားခံဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နဲ့ လူသားဆိုတာ- ရေနဲ့ လှေလို ဖြစ်ပါတယ်။ လူသားက လှေ သဘောပါ။ အဲ့ဒီ လှေဟာ ရေမရှိရင် ခရီးသွားလို့ ရမှာမဟုတ်ဘူး။ ဒါပေမယ့်- အဲ့ဒီ လှေထဲမှာ ရေကို အ၀င်ခံလိုက်ရင်လည်း လှေဟာ ရေထဲမှာ နစ်မြုပ်သွားမယ်ဆိုတာကို သတိပြုဘို့ လိုပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကို ပစ်ပါယ်ပြီး- လောကကို ငြီးငွေ့ တယ်လို့ မဖြစ်နိုင်တာကို မညီးတွားဘို့ အစ္စလာမ်က တားမြစ်ထားပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကို မ ကြောက်ဘို့- မငြီးငွေ့ဘို့- မစော်ကားမိဘို့- မပစ်ပါယ်မိဘို့ လိုပါတယ်။ ပတ်ဝန်းကျင်ဆိုတာ- ဆင်ခြင် သုံးသပ် စရာ ဥပမာများ ဖြစ်တယ်- မိမိ တက်လှမ်းမယ့် ခရီးအတွက် မရှိမဖြစ်လိုအပ်တဲ့- အရာကြီးဖြစ်တယ်။ ပတ်ဝန်း ကျင်ကို ပတ်ဝန်းကျင်လို နားလည်တတ်ဘို့ အရေးကြီးပါတယ်။

သူသားမှာ ဘ၀ သုံးမျိုး ရှိနေပါတယ်။ (၁) ကျွန်ုပက်ကို ဆိုတဲ့ ဘ၀ (၂) ကျွန်ုပက်က ဆိုတဲ့ ဘ၀ (၃) ကျွန်ုပ်၏ ဆိုတဲ့ ဘ၀ ဖြစ်ပါတယ်။ ကျွန်ုပ်ကို ဆိုတဲ့ ဘ၀ က ငယ်စဉ်မှာ ပတ်ဝန်းကျင်က အရောင်ကို ကူးယူတဲ့ ဘ၀ ဖြစ်ပါ တယ်။ ပထမဆုံး- လူသားတစ်ဦးဟာ မြန်မာ ပတ်ဝန်းကျင်မှာ မွေးရင် မြန်မာစကားတတ်မယ်။ မြန်မာ အစာကို စွဲလန်းနှစ်သက် ခံတွင်းတွေ့သွားမယ်။ တကယ်လို့ အင်္ဂလိပ်ပတ်ဝန်းကျင်မှာ ကြီးရင်- အင်္ဂလိပ်စကားတတ်မယ်၊ အင်္ဂလိပ် အစားအစာကို ဓါတ်တွေ့ သွားမှာဖြစ်တယ်။- အဲ့ဒီက နဲနဲကြီးလာရင်- ဒါက ဘယ်လိုလဲ၊ ဘာလဲ- (ကျွန်ုပ်ကို ပြောပြပါလို့) စပ်စုတဲ့ အရွယ်ကို ရောက်လာပါတယ်။ အဲဒီ အရွယ်တစ်လျှောက် ပတ်ဝန်းကျင်က (ကျွန်ုပ်ကို) ပြောသမျှ မှတ်ယူ အရောင်တင်ပါတော့တယ်။

ဒီထက်နဲနဲ ကြီးလာရင် ကိုယ်မှာ ဓါတ်ကူးထားတာကို အခြေခံပြီး- (သူများကို ကျွန်ုပ်က) ဒီလို လုပ်ချင်တယ်။ ဒီ လို ဖြစ်ချင်တယ် စသည်ဖြင့် စိတ်ခံစားမှု ဖြစ်ပေါ်လာပါတယ်။ လူအများစုကြီးဟာ- ကျွန်ုပ်ကိုဆိုတဲ့ ဘ၀ကို အခြေခံ အရောင်တင်ခဲ့တဲ့ မိဘ- ဆရာသမား ပတ်ဝန်းကျင်ကို အခြေခံပြီး- ကျွန်ုပ်က ဆိုတဲ့ အရောင်ကို တောက်ပြလေ့ ရှိပါတယ်။

ဒါပေမယ့်- ကျွန်ုပ်၏ မူလဇစ်မြစ် လူဆိုတဲ့ အတွင်းဓါတ်သဘောကို မေ့လျှော့နေလေ့ ရှိပါတယ်။ အစ္စလာမ်က ဒီလိုအချင်းအရာကို အဖြစ်မခံဘို့- တစ်ကယ်လို့ မိဘအရင်းက ယုတ္တိမဲ့ အယူအဆတွေကို သွန်သင်နေတယ် ဆိုရင်- မိဘကိုရိုသေပါ။ လေးစားပါ။ ပြုစုစောင့်ရှောက်ပါ။ သို့သော် သူတို့ သွန်သင်တဲ့ ယုတ္တိမယ့် အရောင်ကို အစွန်းမခံပါနဲ့လို့ သွန်သင်ပါတယ်။ ဒါပေမယ့်- လူအများစုကြီးက မိရိုးဖလာ အောက်မှာ စောကြောရဲခြင်း မရှိ-။

အဲ့ဒီလို အရာင်ဆိုးခံလိုက်ရတဲ့အတွက် လူသားဟာ အရောင်စွန်းပြီးသား စိတ်စရိုက်နဲ့ ဘယ်အရာကို မဆို တိုင်း ထွာ ရှုမြင် သုံးသပ် ခံစား- လက်ခံလေ့ ရှိပါတယ်။ ဒါကို အစ္စလာမ်က တော်လှန်ခိုင်းပါတယ်။ ဤအရာကား ယုတ္တိရှိ၏- မရှိ၏။ ဤအရာကား မှန်၏- အမှန်၏ ဆိုတဲ့ ဆင်ခြင် သတိနဲ့ မိမိရဲ့ စရိုက်ကို မိမိ အစဉ် ဆုံးမ တော် လှန်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို တော်လှန်ရေးစိတ်စရိုက်ကို နာဖ့်ဆေ့ လောင်ဝ်၀ါမာဟ် လို့ ခေါ်ပါတယ်။ တနည်း အားဖြင့် မှိုင်းမိစိတ် စရိုက်ကို ပြန်လည် လျှော်ဖွတ်နေခြင်း ဖြစ်ပါတယ်။ လျှော်ဖွတ်ပါများလို့ စိတ်စရိုက်ပေါ်မှာ မှိုင်းမိနေမှုများ လွင့်ပါးကင်းစင်သွားရင်- သို့မဟုတ်၊ မိမိရဲ့တော်လှန်ရေးစိတ်နဲ့ မိမိတစ်သားတည်း ဖြစ်သွားရင် စိတ်ဟာ ဘ၀င်ငြိမ်းချမ်းခြင်း နာ့ဖ်ဆိ မုတွမာဟ် အီနာဟ်ကို မူလအဖြူတည-် ဘ၀င်အေးငြိမ်းတဲ့ စိတ်ကို ပြန် လည် ရရှိသွားပါတယ်။ အဲ့ဒီအခါမှ- လူဟာ ငြိမ်းချမ်း ခြင်းရဲ့ အဆီအနှစ် အရသာကို ပြည့်ပြည့်၀၀ ခံစားခွင့် ရှိသွားပါတယ်။

မိမိကိုယ်မိမိတော်လှန်ရေး စိတ်စရိုက်နဲ့ မိမိဟာ တစ်သားတည်း ဖြစ်ခြင်း ဆိုတာက-- ဥပမာ လူတစ်ဦးဟာ ကိုယ်ခံပညာတစ်ခုကို သင်တယ်၊ ဆိုပါတော့- အတိုက်အခံက ဘယ်လို ထိုးရန် ဘယ်လို ခုခံပါ။ ဘယ်လို သတ် ပုတ်ရင် ဘယ်လို ကာကွယ်ပါဆိုတဲ့ စာသားကို အလွတ်ကျက်ထားယုံနဲ့ ကိုယ်ခံပညာက အဲ့ဒီ ကျက်မှတ်ထား  သူထံမှာ တစ်သားတည်း ဖြစ်မနေနိုင်ဘူး။ အဲ့ဒီလူဟာ အဲ့ဒီပညာတွေကို မိမိရဲ့ မသိစိတ်မှာ စွဲငြိပြီး- တစ်ဘက် သားက မိမိကို တိုက်ခိုက်လာရင်- ဘယ်လို ကာကွယ်ရမယ်ဆိုတာကို တွေးတောနေစရာ မလိုဘဲ- အလိုလို ကာကွယ်ပြီးသား ဖြစ်သွားအောင်ထိ လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။- အလားတူပဲ၊ တော်လှန်ရေးစိတ် နာ့ဖ်ဆေ့လောင်ဝ်၀ါမာဟ်နဲ့ မိမိဟာတစ်သားတည်း ဖြစ်သွားရင်- ပတ်ဝန်းကျင်က ပြေးဝင်လာတဲ့ အရောင်ဆိုး လိုစိတ်တွေကို အလိုလို ခုခံပြီးသွား ဖြစ်သွားပါတော့တယ်။

ဒီလိုအခြေအနေကို ရောက်သွားရင်-- သူဟာ လိုချင်ချင်-မလိုချင်ချင်၊ တွေးထားထား- မတွေးထားထား စိတ် နှလုံး အေးငြိမ်းခြင်းဆိုတဲ့ဆုကို အလိုလို ဆွတ်ခူးပြီးသား ဖြစ်သွားပါတယ်။
အခုခေတ် ဥပမာနဲ့ ပြောရရင်- နိုဘယ်ဆုလိုချင်လို့ လူသားတွေအတွက် ကောင်းကျိုးလုပ်ခြင်း မဟုတ်။ လူသား တွေအတွက် မေတ္တာစေတနာရှိလို့ ကောင်းကျိုးလုပ်ခြင်းသာ ဖြစ်တယ်။ ရလာတဲ့ နိုဘယ်ဆုက- အပိုရလဒ်သာ ဖြစ်တယ်။-- ဆိုတာကို နားလည်စေလိုပါတယ်။

အစ္စလာမ်က သွန်သင်တာမှာ- လူဟာ လူပီသအောင် ကြိုးစားပါ။ လူပီသဘို့ အတွက် ပကတိမှန်ကန်တဲ့ အမှန် တရားကို မိမိကိုယ်တိုင် လက်ခံနိုင်အောင် ကြိုးစားပါ။ လက်ခံရဲအောင် ကြိုးစားပါ။ မိရိုးဖလာ ဒဏ္ဍာရီတွေ အောက်မှာ အမှန်တရားကို လက်ခံဘို့ မ၀ံ့မရဲ ဖြစ်နေရင် အဲ့ဒီ စိတ်ကိုတော်လှန်ပါ။ မိမိရဲ့ အစွဲစရိုက်ကို တော် လှန်ပါလို့ ဖြစ်ပါတယ်။ (တော်လှန်တာမှာ အမုန်တရား မရှိဘို့တော့ လိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ နောက်ခေါင်းစဉ်ခွဲတွေမှာ ဒီအကြောင်း ပါလာပါမယ်)။ မိမိကိုယ်မိမိ လူပီသအောင် ကြိုးစားသွားရင်- အဲ့ဒီ- လူ ဟာ ငြိမ်းချမ်းရေး ဆီသို့ ဦးတည်နေပါတယ်။- ငြိမ်းချမ်းမှုဆိုတဲ့ အပိုဆုကို လိုချင်သည် ဖြစ်စေ- မလိုချင်သည် ဖြစ်စေ၊ အဲ့ဒီ မှတ်တိုင်ကတော့ မိမိချီတက်တဲ့ လမ်းမှာ သေချာပေါက် စောင့်နေပါတယ်။

ငြိမ်းချမ်းမှု- ဆိုတဲ့၊ ခရီးကို ချီတက်ဘို့ လွယ်ကူလှပါတယ်။ ဒါပေမယ့် လူပေါင်းစုံ အလွှာပေါင်းစုံ ခံစားမှုပေါင်းစုံ အတွက် တစ်လွှာချင်း ရှင်းပြရမှာတော့- ကျယ်ပြန့်ပါတယ်။--

မိမိကိုယ် မိမိ လူပီသစေရန် စိတ်တော်လှန်ရေး လုပ်မည့် လက်နှက်များ

ဘယ်တော်လှန်းမှာ မဆို- အဲ့ဒီတော်လှန်ရေးကို အောင်မြင်မှု ဆွတ်ခူးနိုင်ဘို့ လက်နက်များ လိုအပ်ပါတယ်။--

အဲ့ဒီ လက်နက်တွေဟာ- စိတ်ကူးယဉ်လောကထဲမှာ မရှိဘူး- ပုံပြင်စာအုပ်တွေမှာ မရှိဘူး၊ ဒဏ္ဍာရီ ဇာတ်လမ်း တွေမှာ မရှိဘူး- မျက်လုံးစုံမှိတ် နာခံဆည်းကပ်နေတာမှာ မရှိဘူး။--- လူသားနဲ့ အနီးဆုံး ပတ်ဝန်းကျင်ထဲက ထိတွေ့မှုတွေထဲမှာပဲရှိတယ်လို့- ကျမ်းမြတ်ကုရ်အာန်က ရှင်းရှင်းလင်းလင်း ညွှန်ပြထားပါတယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်မှာ-- ပတ်ဝန်းကျင်က အရာတစ်ခုကို ထောက်ပြ သွန်သင်တိုင်း-- `ထိုအရာ၌ သင်တို့ မရှု မြင်တတ်သလော´လို့ မကြာခဏ မေးမြန်း သတိဖေါ်ပေးထားပါတယ်။----

ဒီနေရာမှာ- (၁) တော်လှန်ရေး လက်နှက်ဆိုတာ ဘာလဲ- (၂) လေ့ကျင့်ရမယ့် လေ့ကျင့်ကွင်းက ဘယ်မှာလဲ ဆိုတာကိုသိဘို့လိုပါတယ်။

မိမိကိုယ် မိမိတော်လှန်ရန် လက်နှက်-

လူသားဟာ- မိရိုးဖလာ အစွဲ အောက်မှာ လက်နှက်ချ ကျွန်ခံပြီးသား ဖြစ်နေတယ်လို့- ကိုယ့်ကိုကိုယ် သတိထား မိဘို့ လိုပါတယ်။

ဒါပေမယ့်- မိမိအား ကျေးကျွန်လုပ်ထားသူဟာ- မိရိုးဖလာ မဟုတ်ဘူး- မိရိုးဖလာက လူ့ပတ်ဝန်းကျင်မှာ လူနဲ့ အတူ လိုက်လျှောညီထွေ လည်ပတ်တည်ရှိနေတဲ့ လေထုလိုမျိုး ဖြစ်တယ်။ အဲ့ဒီလေထဲမှာ အောက်စီဂျင်ပါမယ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါမယ်၊ အနံ့အသက်မွှေးကြိုင်တာပါမယ်။ အနံအသက် ပုပ်သိုးတာပါမယ်။ များသော အားဖြင့် ပတ်ဝန်းကျင်ကြီးရဲ့ အညစ်အကြေးစွန့်ပစ်မှုကြောင့် မမြင်နိုင်တဲ့ လေထုကို မမြင်နိုင်တဲ့ ညစ်ညမ်းမှု တွေက ရောပြွန်းထားတာတွေပါလာမယ်။ မိမိဟာ လူသားဖြစ်တယ်။ ဒီပတ်ဝန်းကျင်ကြီးထဲမှာ မွေးဖွားကြီးပြင်း လာရတယ်။ ဒါကြောင့် ဒီလေထုကြီးကို စက္ကန့်မလပ် တည်မှီ ရှုရှိုက်လာခဲ့တယ်။----- လေထု ညစ်၏။ မညစ်၏ မသိ၊ သိရန်လည်း သတိမမူ၊ သတိမူတတ်တဲ့ အကျင့်လည်းမရှိ၊ သတိမူတတ်စေရန်လည်း သွန်သင်ညွှန်ပြသူ မရှိ- သတိဖေါ်ပေးသူ မရှိ- ထိုမသိ၊ မရှိ၊--- မ သံသရာထဲမှာ ကျင်လည်ရင်း၊ တန်ဘိုးရှိတဲ့ လူဘ၀ကို အချီးနှီး ဖြုန်းတီးသလို နေနေလိုက်မိတော့တယ်။

တကယ်တော့- မိမိကိုယ် မသိ၊ မရှိဆိုတဲ့ ဘ၀သံသရာ ထောင်ထဲမှာ လွတ်ရက်မရှိ အရာက်ပို့ထားတဲ့သူဟာ မိမိ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။- ဒါကိုမြင်တတ်စေဘို့-အတွက်

(က) အခြေခံယုတ္တိဗေဒကို အရင်လက်ကိုင်ထားရမယ်-
(ခ) မိမိကိုယ်ကို နှစ်ကိုယ်ခွဲတတ်ရမယ်-
(ဂ) မဖေါက်ပြန်တဲ့- ခိုင်မာတဲ့ သတ္တိကို မွေးရမယ်။

မိမိကိုယ်မိမိ တော်လှန်မယ့် တော်လှန်ရေးမှာ အခြေခံယုတ္တိဗေဒဟာ အဓိကကျတဲ့ လက်နှက် ဖြစ်ပါတယ်။

ဒီလက်နှက် ရနိုင်ဘို့အတွက်၊ ဘွဲ့တွေ၊ ဒီကရီတွေ၊- ရှိနေ စရာ မလိုပါဘူး။ အခြေခံကျတဲ့- ဖေါက်ပြန် ပြောင်းလဲ ခြင်းမရှိတဲ့ သဘာဝ ဓမ္မကြီးကို ခိုင်ခိုင်မာမာ လက်ခံရဘို့ပဲ လိုပါတယ်။ ဥပမာ- ကြောင်မကြီး တစ်ကောင်က- ဘယ်လိုနည်းနဲ့မှ ကြက်ဥ မဥနိုင်ဘူး ဆိုတဲ့ အခြေခံကျတဲ့ အမှန်တရားကို လက်ကိုင်ထားနိုင်ရင် အဲ့ဒီလူဟာ အမှန်တရားကို လက်ခံနိုင်တဲ့ အင်အား ရှိသွားပါပြီ။

ဒီလို အခြေခံကျတဲ့ အချက်ကိုလေးကိုတောင် လက်ခံနိုင်ဘို့ရာ ဒီနေ့ ကမ္ဘာ့လူသားတွေထဲက ၉၉ ရာနှုန်းကျော် လောက်မှာ အင်အား မရှိကြပါဘူး။- ရိုးရာကြားဘူးနားဝေထဲမှာ- ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလိုတွေကို လိုက်ပြီး ယုံကြည်နေတာတွေက များပါတယ်။ ဥပမာ- လူသားတစ်ဦးဟာ မသေဘဲ အရှင်ထွက်-ထွက်သွားတယ် ဆိုတာ မျိုး၊ ဖိုမျိုးစေ့မရှိဘဲ အပျိုစင်-အမျိုးသမီးတစ်ဦးက ကလေးမွေးနိုင်တယ် ဆိုတာမျိုးစသည်အားဖြင့်- ဥုံဖွ ပေါင်း များစွာအောက်မှာ အခြေခံယုတ္တိဗေဒဆိုတဲ့ မှန်ကန်တဲ့ လောကဓမ္မကြီး ပျက်စီးနေရပါတော့တယ်။

လောကဓမ္မရဲ့ အမှန်ကို သိမြင်ဘို့ရာ- လောကပတ်ဝန်းကျင်ကိုပဲ အမြင်မှန် (အာရ်ဗီလို အိုင်းနုယကီးမ်) နဲ့ ကြည့်တတ်ဘို့ လိုပါတယ်။ ဒီလိုကြည့်တတ်ဘို့ အတွက် ပညာကိုရှာပါ။ စာပေသြဇာလောင်းရိပ်ကို ရှောင်ပါ။ တနည်းအားဖြင့် အေ့လ်မေ့ယကီးမ်လို့ခေါ်တဲ့ ပညာမှန်ကို ရှာတတ်ဘို့ လိုပါတယ်။ လူသားတွေဟာ- ပတ်ဝန်း ကျင် မှိုင်းကြီးအောက်မှာ မိမိကိုယ်မိမိ မှိုင်းမိနေမှန်းမသိဘဲ မိမိရဲ့ မှိုင်းမိအသိကို အမှန်လို့မြင်ပြီး- အဲ့ဒီ ထင် ယောင်ထင်မှား အမှန်ကို- အမှန်စင်စစ် ဖြစ်တယ်ဆိုတဲ့ သက်သေဖြစ်စေအံငှာ- ပုံတိုပတ်စမျိုးစုံကို ကြားညှပ်- နောက်ဆုံး ဘုရားနာမည်ကို အလွဲသုံးစားလုပ် ထပ်ဆင့်မှိုင်းတိုက်တဲ့ စာပေပေါင်းများစွာကို ရေးသားကြတယ်။ စာအုပ်တွေပြုစုကြတယ်။ စာသင်ယူသူ ကျောင်းသားများအတွက် ပြဌာန်း သင်ကြားကြတယ်။ အခုခေတ်မှာ ဆိုရင် သိပ္ပံပညာကိုတောင် အလွဲသုံးစားလုပ်ပြီး- မိမိလိုချင်ရာ သီအိုရီတစ်ပိုင်း တစ်စလေးကို ဆွဲထုတ်လျှက် မိမိရဲ့ပြဌာန်းချက်ထဲမှာ အစာသွပ် ပြဌာန်းတာတွေတောင် ရှိတတ်တယ်။ ဒါကြောင့် စာသင်ယူရင်လည်း- ဒီစာ-ဟာ ယုတ္တိရှိ၏၊ မရှိ၏။ လောကဓမ္မနှင့် ကိုက်ညီ၏ မကိုက်ညီ၏ဆိုတဲ့ စံပေတံ၊ မိမိကိုယ်မိမိ ကာကွယ်ရေး လက်နက်ကို မိမိထံမှာ တတ်ဆင်ထားဘို့ လိုတယ်။ အဲဒီတော့မှ အေ့လ်မေ့ယကီးမ် လို့ခေါ်တဲ့ ပညာမှန်ကို ရနိုင် မှာဖြစ်တယ်။ အထူးသဖြင့် ဘာသာရေးစာပေများ ပြဌာန်းတဲ့ ဘာသာရေးစာသင်ကျောင်းတွေ၊ ဘာသာရေး စာပေတွေကို၊ ဘာသာတစ်ခုမှာ အစွဲမကုန်တဲ့ သိပ္ပံပညာရှင်၊ စာပေပညာရှင်များ ရေးသားတဲ့ စာပေတွေကို ဖတ်ရှုလေ့လာရင် ယုတ္တိဗေဒလက်နက်ကို မတတ်ဆင်ထားနိုင်သူ အတွက်၊ အန္တရာယ်ရှိပါတယ်။ အဲ့ဒီ ယုတ္တိမဲ့ စာပေတွေရဲ့အာဏာသက်မှု၊ သြဇာသက်မှုအား မိမိဆိုတဲ့လူသားကို မြှူဆွယ်နိုင်တယ်။ နောက်ဆုံး မိမိရဲ့ အသိ တစ်ခုလုံးကိုပါ- ကျူးကျော်သိမ်းပိုက်လိုက်နိုင်တယ်။ ရှင်းလင်းအောင်ပြောရရင်- မိမိကို ယုတ္တိမဲ့ အယူအဆတွေ က ကိုလိုနီပြုလိုက်မှာ သေချာပါတယ်။

မိမိကိုယ်ကို နှစ်ကိုယ်ခွဲတတ်အောင်ကျင့်ပါ---ဒီအချက်က မိမိကိုယ်မိမိ တော်လှန်ရေးလုပ်မယ့် အတွက် လေ့ကျင့်ရေးကွင်း ဖြစ်ပါတယ်။ လူသားဟာ- ပကတိငြိမ်းချမ်းမှုကို ရယူနိုင်ဘို့၊ ဆွတ်ခူးနိုင်ဘို့အတွက် တော ထွက် တရားကျင့်နေရမယ့် ခေတ်ကုန်သွားပါပြီ။- ကမ္ဘာပေါ်မှာ ပကတိငြိမ်းချမ်းမှုကို လက်တွေ့ ဦးဆောင် ကျင့် ကြံပြသွားတဲ့ ဉာဏ်စဉ်ဆာင်အပေါင်းဟာလည်း- အစဉ်အလာအတိုင်း တောထွက်တရားကျင့်တဲ့ နည်းကို သုံးခဲ့တာပဲ။ နောက်ဆုံးတော့ မိရိုးဖလာ အစဉ်အလာကို ပစ်ပါယ်မှ ဉာဏ်စဉ်ပိုမိုမြင့်မားနိုင်တယ်- မိရိုးဖလာ အစဉ်အလာဟာ တောထဲမှ (လူသူ မရှိရာ မရပ်မှာ) မရှိဘူး။ လူတွေထဲမှာ- လူ့ပတ်ဝန်းကျင်မှာပဲ ရှိတယ်ဆို တာကို သိလာတော့- လူတွေကြားထဲကို ပြန်ရောက်လာတာပဲ မဟုတ်လား။

လူတွေနဲ့ ပတ်ဝန်းကျင်ကို တည်မှီနေရတဲ့- လူသားဖြစ်တဲ့ မိမိဟာ- မိမိကိုယ်မိမိ နှစ်ကိုယ်ခွဲလိုက်ပါ။ ခွဲနိုင် အောင် ကြိုးစားပါ။ ဆိုလိုတာက- မိမိရဲ့ အသိကို မိမိကိုယ်ရဲ့ အပြင်ကို ဆွဲထုတ်လိုက်ပြီး- အပြင်ကို ဆွဲထုတ် ထားတဲ့ အသိနဲ့ မိမိကိုယ်ကိုမိမိ ဘော်လုံးပွဲကြည့်သလို အပြင်က ပြန်ကြည့်ပါ။ `ငါဘာလုပ်ခဲ့သလဲ၊ ဘာတွေ ပြောခဲ့သလဲ´လို့ ပြန်သုံးသပ်ခြင်းမျိုး မဟုတ်သေးဘူး၊ ပြန်သုံးသပ်ခြင်းနဲ့ နှစ်ကိုယ်ခွဲခြင်းက ဆင်တူရိုးမှား ဖြစ်ပေ မယ့်- နှစ်ကိုယ်ခွဲခြင်းက ပိုပြီး အဆင့်မြင့်ပါတယ်။ `ငါ-´ဆိုတဲ့ အကောင် ဘာလုပ်လုပ်- လုပ်ချင်ရာလုပ်နေပါ စေ- ပကတိအတိုင်း လွှတ်ထားပြီး အပြင်က ထိုင်ကြည့်ခြင်းမျိုး- အပေါ်က စီးကြည့်ခြင်းမျိုး- ကျောင်းဆရာ တစ်ဦးက- တပည့်ကို ကြည့်ခြင်းမျိုး ဖြစ်အောင်လေ့ကျင့်လိုက်ပါ။

ပြီးတော့မှ- အဲ့ဒီ `ငါ´ဟာ ယုတ္တိမဲ့ အယူအဆများရဲ့ သားကောင်လား၊ ယုတ္တိမဲ့ အယူအဆများထဲမှ ထောင်ကျ နေရတဲ့ အကျဉ်းသားလား၊ ယုတ္တိမဲ့ နယ်ချဲ့များရဲ့အောက်က ကိုလိုနီ ကျေးကျွန်ဘ၀လား- ဆိုတာကို မြင်တတ် အောင် ဆက်ကြည့်ပါ။ တကယ်လို့ ယုတ္တိမဲ့-သစ္စာမှားမှာ ကျင်လည်နေတဲ့ `ငါ´ ကို အပြင်က `ငါ´က ကယ် ထုတ်ဘို့ ကြိုးစားပါ။ ဒါပေမယ့်- အပြင်ကိုထွက်နေတဲ့ `ငါ´ က စာပေသြဇာလောင်းရိပ်ကင်းပြီး- ပတ်ဝန်းကျင် ထုက ပါလာတဲ့ အစွဲကို ဖြုတ်ထားဘို့တော့ လိုတယ်။ ဒီလိုမှ မဟုတ်ရင်- ပတ်ဝန်းကျင်ထဲက `ငါ´ နဲ့- အပြင်ကို ဆွဲထုတ်ထားတဲ့ `ငါ´ နှစ်ကိုယ်ဟာ- နှစ်ကိုယ့်တစ်စိတ်ဖြစ်နေပြီး- အိုးရွဲ့ကို စလောင်းရွဲ့နဲ့ အံဝင်ဂွင်ကျဖြစ်အောင် လိုက်ဖုံးနေလိမ့်မယ်။ နှစ်ကိုယ့်တစ်စိတ် ဖြစ်ခြင်းထက်- တစ်ကိုယ့် နှစ်စိတ်ဖြစ်အောင် နှစ်ကိုယ်ခွဲနိုင်ဘို့ လိုပါ တယ်။ အဲ့ဒီတော့မှ ပတ်ဝန်းကျင်ဆိုတဲ့ ဘော်လုံးကွင်ထဲမှာ- ၀င်ရောက် စကားနေတဲ့ `ငါ´ ကို အပြင်က `ငါ´ က အဝေးထိန်းနဲ့ လိုသလို ကစားပေးလိမ့်မယ်။ ဒီအဆင့်မှာ လူဟာ မိမိကိုယ်မိမိလူစင်စစ်ဖြစ်ခြင်း၊ သို့မဟုတ် လူ့ဂုဏ်ရည်နှင့် ညီသော `လူ´ ဖြစ်ခြင်းဆိုတဲ့ ခရီးလမ်းပေါ်ကို စတင်ခြေချခြင်း ဖြစ်ပါတယ်။ ဒါကို ကုရ်အံ ကျမ်းတော်က ဆွေရွာတွလ်မုစ်တက်ကီမ်း- ပကတိဖြောင့်မှန်သောလမ်းစဉ်လို့ ဆိုပါတယ်။
ဒီအဆင့်ကိုရောက်လာရင် အလွန်အင်မတန် သတ္တိမွေးရပါတော့မယ်။ အဲ့ဒီ အဆင့်ဟာ အေ့လ်မေ့ယကီးမ် ပညာမှန်အသိနဲ့ မိမိကိုယ်မိမိ စတည်ပျိုးထောင်တဲ့ အဆင့်ကို ရောက်ပါတော့တယ်။ မိမိကိုယ် မိမိသာ တော် လှန်တဲ့ စိတ်ဓါတ်တော်လှန်ရေး ဖြစ်ပေမယ့်- မိမိရဲ့ အမှန်ကို တည်ဆောက်ခြင်း ပျိုးပင်ဟာ အပင်ပေါက်ပြီး- မြင့်တက်လာလေလေ- ပတ်ဝန်းကျင် ပရောဂကြီးရဲ့ လေဒဏ်-မိုးဒဏ် မုန်တိုင်းဒဏ်ကို ခံရလေလေ ဖြစ်လာပါ တော့မယ်။

အဲ့ဒီအဆင့်မှာ မဖေါက်ပြန်တဲ့- ခိုင်မာတဲ့ သတ္တိကို မွေးရမယ်။ လူစင်စစ် ဖြစ်ခြင်း သို့မဟုတ် လူ့ဂုဏ်ရည်နှင့် ညီ သော လူဖြစ်ခြင်းဆိုတဲ့ ပန်းတိုင်ဆီသို့ ခရီးကို စတင်ခြေချပြီဆိုလို့ ခရီးဆုံး ပန်းတိုင်ကို ရောက်ပြီလို့ မှတ်ယူ မိခြင်း လုံးဝ မဖြစ်မိစေဘို့ အရေးကြီးပါတယ်။

ခရီးအစက-- ပန်းတိုင်ထိ ခရီးသည်တွေထဲမှာ- တက်ဆင်း မှတ်တိုင်တွေက ရှိနေသေးတယ်။

(၁) စီးပွား လာဘ်လာဘ မှတ်တိုင်
(၂) ဂုဏ်ပကာသန မှတ်တိုင်
(၃) သြဇာအာဏာ မှတ်တိုင်

စသည့်ဖြင့် ကြီးမားစွာ ဆွဲဆောင်နိုင်အား ရှိတဲ့ လောကီမှတ်တိုင်ကြီးတွေက ခရီးသည်တွေကို ခရီးလမ်းပေါ်က အတင်းဆွဲချသလို ဖိတ်ဖေါ်နေခြင်းတွေ ရှိတယ်။- နောက်ဆုံး ခရီးသည်က စိတ်ဓါတ်ခိုင်မာစွာနဲ့ မဆင်းဘဲ တင်း ခံနေရင်တောင်- အဲ့ဒီမှတ်တိုင်တွေက ရေလေး တစ်ခွက်လောက် တိုက်လိုက်တာမျိုး (အဆိပ်သွင်းလိုက်တာ မျိုး) တွေ ရှိတတ်ပါတယ်။ ဆိုလိုတာက အမှန်တရားကို သိနေတဲ့ များစွာသော လူသားတွေဟာ- အမှန်တရား ကို သိတာမှန်နိုင်ပေမယ့် အဲ့ဒီ အမှန်တရားမှာ- တစ်စိုက်မတ်မတ် စတေးပေးဆပ် မရပ်တည်နိုင်ကြဘူး။ အခွင့် အရေး ရမယ်ထင်ရင် ကြုံရာမှတ်တိုင် ဆင်းလိုက်ကြတော့တယ်။ ဘာကြောင့်လဲ ဆိုတော့- ရှေ့ဆက်ရမယ့် အမှန်တရား လောကယုတ္တိဗေဒ မှတ်တိုင်ကို- မိမိဖာသာ မိမိလျှောက်လှမ်းနေလို့- ဘယ်သူ့ကိုမှ မထိခိုက်ပေ မယ့်၊ မိမိကိုတော့ အကြီးအကျယ် ပင်ပန်းစေမှု ရှိနေတယ်။

ပတ်ဝန်းကျင်က ပစ်ခတ်တဲ့ လက်နှက် မျိုးစုံဟာ မိမိကို ဦးမတည်ဘဲ- သူ့ဟာသူ ပစ်ခတ်နေပေမယ့်၊ မိမိက တော့- မိမိကိုယ်ပစ်ခတ်နေတယ်လို့ ခံစားရတတ်တယ်။

ဒီအဆင့်မှာ- မိမိအရိုးစွဲ ယုံကြည်ခဲ့တဲ့ ကြားဘူးနားဝ ဘာသာတရားရဲ့ စကားစဉ်တွကို ရေဆန်ကူးရမယ့်ကိန်း ဆိုက်လာ
ပြီလေ။ ဥပမာ- လောကယုတ္တိဗေဒ အရ ကြောင်မကြီး တစ်ကောင်က- ကြက်ဥ မဥ နိုင်ပေမယ့်၊ မိမိယုံကြည်တဲ့ ဘုရားရှင်ဆိုတာ- အင်မတန် တန်ခိုးကြီးတယ်၊ အရာရာကို ဥုံဖွ- ဖြစ်စေဆိုပြီး လုပ်နိုင်တယ်။ အဲ့ဒီ ဘုရားရှင်က ကြောင်မကြီး တစ်ကောင်ကို ကြက်ဥ-ဥစေဆိုရင် မဥနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူးစတဲ့၊ လောကဓမ္မလမ်းကြောင်း က ဖေါက်ပြန်ရေးမူတွေကို စဉ်းစားလာတယ်။ ဖေါက်ပြန်ရေးမူနဲ့ ရေးသားထားတဲ့ စာပေတွေ၊ ပြောဆိုတဲ့ အဆို အမိန့်တွေဘက်ကို တိမ်းပါးလာတယ်။ ပြီးတော့  သူမြင်ခဲ့တဲ့ အမြင်မှန် အိုင်းနုယကီမ်း၊ အသိမှန် အေ့လ်မေ့ယ ကီမ်း တွေကို စတေးလိုက်ပြီး၊ မိရိုးဖလာ ပတ်ဝန်းကျင်ကိုပဲ ဟက်ကုယကီမ်း ပကတိအမှန် (ပရမတ္ထသစ္စာ) ဖြစ်တယ်လို့ ထင်မှတ်သွားတတ်ပါတယ်။

ကျမ်းမြတ်ကုရ်အံမှာတော့- ဆွေရွာတွလ်တက်ကီမ်း ပကတိဖြောင့်မှန်သော လမ်းစဉ်က တိမ်းချော်သွားသူတွေ ကို ဿွာာလီန်း များဖြစ်တယ်လို့ သုံးပါတယ်။ (၁း၅-၇) ရူပဗေဒ သဘောတရား အရ သူတို့ဟာ အလုပ်ပြီး မြောက်အောင် မလုပ်ဆောင်သွားလို့- သူတို့ရဲ့ အဆင့်ဟာ အခားသူတွေနဲ့ ထူးမခြားနားပါဘူး။

ပကတိ အမှန်တရားဆိုတဲ့ ခရီးကို ရောက်လာရင်- ဆရာစဉ်၊ ပတ်ဝန်းကျင်ကြီးက ပြောနေတဲ့ အယူတွေမှာ ဘုရားနာမည်ကို သုံးပြီး ပြောဆိုပါစေ-၊ ယုတ္တိမဲ့တာတွေကို `ဒါတော့ ဘုရားက ပြောမှာ မဟုတ်ဘူး။ ဘုရား ဆိုတာ လူသားကို ဘယ်တုံးက လိမ်ညာလှည့်ပတ်-၊ ဟိုတစ်မျိုး ဒီတစ်မျိုး ပြောမှာ မဟုတ်ဘူး၊ ပုံပြင်ဆန်ဆန် ဒဏ္ဍာရီတွေ ပြောမှာမဟုတ်ဘူး၊ ခေတ်နောက်ကျသွားစေမယ့် စကားတွေကို ပြောမှာမဟုတ်ဘူး၊ လောကဓမ္မကို ပြဌာန်းတဲ့ ဘုရားဟာ- သူပြဌာန်းထားတဲ့ ဥပဒေကို သူကိုယ်ချိုးဖေါက်မှာ မဟုတ်ဘူး-´လို့ ရဲရဲတင်းတင်း ပြတ် ပြတ်သားသား သတ္တိနဲ့ ရင်ဆိုင်ရဲရပါတော့မယ်။ ပြတ်သားပြီးဖေါက်ပြန်မှု ကင်းမဲ့တဲ့သတ္တိမျိုးလည်း မွေးရပါတော့ မယ်။

ဒါကြောင့် ဆွေရွာသွလ်မုစ်တက်ကီမ်း ပကတိဖြောင့်မှန်သော လမ်းစဉ်ကို လျှောက်လှမ်းနိုင်သူတွေဟာ-(၁) သဗ္ဗညုတရွှေဥာဏ်တော်ချီးမြှင့်ခံရသော သတင်းတော်ဆောင်များ၊ (၂) သမာဓိ ခိုင်မာသော ဖြောင့်မတ်သူများ၊ (၃) သစ္စာဓမ္မ၌ ပေးဆက်သက်သေတည်သူများ၊ (၄) မိမိကိုယ်ကို မိမိ ကောင်းမှုသို့ ပြုပြင်ပြောင်းလဲသူများသာ ဖြစ်တယ်လို့ ကုရ်အံကျမ်းတော်ရဲ့ (၄း၆၉) မှာ ဆိုထားပါတယ်။ တနည်းအားဖြင့် လူသားဟာ အထက်ပါ လေး ချက်ထဲက တစ်ချက်နဲ့ ပြည့်စုံရင် ပကတိ ဖြောင့်မှန်သော လမ်းစဉ်ရဲ့ ပန်းတိုင်ကို ဆိုက်ရောက်ရမှာ သေချာ ပေါက် ဖြစ်ပါတယ်။

တကယ်တော-့ ဆွေရွာသွလ်မုစ်တက်ကီမ်း- ပကတိဖြောင့်မှန်သော လမ်းစဉ်ဟာ ခရီးမှာ ခရီးသည်ကောင်း တစ်ဦး ဖြစ်ဘို့ ဆိုတာ လွယ်မယောင်နဲ့ ခက်တယ်လို့ မထင်မှတ်အပ်ပေဘူး။ ခက်မယောင်နဲ့ လွယ်ကူတဲ့ လမ်းစဉ်သာ ဖြစ်ပါတယ်။

အစ္စလာမ်က ညွှန်ပြသွန်သင်တဲ့ ငြိမ်းချမ်းမှု ဆီသို့ ခရီးဟာ- ကျောင်းတက်ပညာသင်နေရင်း၊ မိမိအတွက် တတ် ကျွမ်းတဲ့ပညာနဲ့ သက်မွေးဝမ်းကျောင်းပြုနေရင်း၊ တံငါလုပ်ရင်း၊ လယ်ထွန်ရင်း--ဘယ်အခြေအနေမှာ ဖြစ်ဖြစ် မဖေါက်ပြန်တဲ့ အခြေခံယုတ္တိဗေဒကို လက်ကိုင်ထားနိုင်သူ အတွက်၊ လက်ကိုင်ထားရဲသူအတွက် မျှော်လင့် သည် ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ ရောက်ကို ရောက်သွားတဲ့ ခရီးတစ်ခုသာ ဖြစ်ပါတယ်။

ဒါပေမယ့်- ဆောင်ရန်ရှောင်ရန်တွေတော့ ရှိနေသေးတယ်။

ဆောင်ရန်ကတော့- ဖေါက်ပြန်ခြင်းကင်းတဲ့ အခြေခံ ရိုးရိုးရှင်းရှင်း ယုတ္တိဗေဒ ပေတံကို လက်ကိုင်ထားပါ။-
မိမိကိုယ်မိမိ ယုတ္တိဗေဒ စံချိန်အောက်မှာ သက်တောင့် သက်သာ နေပါ။
ရှောင်ရန်ကတော့- ယုတ္တိမဲ့နေတဲ့ ပတ်ဝန်းကျင်များကို ရှောင်ပါ။ မငြင်းခုံပါနဲ့၊ မပတ်သက်ပါနဲ့၊ ယုတ္တိမဲ့ ကမ္ဘာကို မိမိနဲ့ မသက်ဆိုင်သလို ဥပက္ခာပြုထားပါ။ မိမိဟာ ငြိမ်းချမ်းမှုနဲ့ တစ်သားတည်း မဖြစ်မှီ- တနည်းအားဖြင့် နုနယ် စဉ်မှာ ယုတ္တိမဲ့ကမ္ဘာကြီးကို ငြင်းခုံမိရင်၊ ပတ်သက်မိရင်- စိတ် မချမ်းစရာတွေ- ၀င်ရောက်လာနိုင်တယ်။ မိမိ ဘက်က အလွန်မှန်နေပြီး- အတိုက်အခံဘက်က မှားနေတာကို တွေ့လေ- မဟုတ်မခံ စိတ်တွေ ပေါ်လာနိုင်တဲ့ ကာလ ဖြစ်တယ်-ဆိုတာကို သတိထားဘို့ လိုပါတယ်။

တစ်ဖြေးဖြေး- မိမိဟာ ငြိမ်းချမ်းမှုနဲ့ တစ်သားတည်း ဖြစ်သွားချိန်မှာ- ဆောင်ရန် ရှောင်ရန်တွေ ပျောက်သွား လိမ့်မယ်။ တနည်းအားဖြင့် ဆောင်ရမယ် ရှောင်ရမယ်ဆိုတဲ့ အဆင့်တွေ ကျော်လွန်သွားလိမ့်မယ်။ အဲ့ဒီ အချိန် မှာ မိမိဟာ ယုတ္တိဗေဒ နဲ့ တစ်သားတည်း ကျသွားပေပြီ။ တနည်းအားဖြင့် ဖေါက်ပြန်မှုကင်းမဲ့တဲ့ သစ္စာတရားနဲ့ တစ်သားတည်းဖြစ်သွားလေပြီ။ အဲ့ဒီအချိန်ကို ရောက်တော့မှ- အခြားသော သူများအတွက် ငြိမ်းချမ်းမှု အမှန်ကို ပြပေးလိုက်ပါ။- ဒီလို အချိန်မျိုးမှာ မိမိဟာ ရင့်ကျက်နေပြီဖြစ်လို့- ယုတ္တိမဲ့ ကမ္ဘာကြီးက မိမိကိုယ် ထိပ်တိုက် တိုးလာရင်တောင်- အလင်းရောင်ကို အမှောင်ထုက ၀င်ဆောင့်သလို- အမှောင်ထုသည်သာ အလင်းရှေ့မှာ ဦးကျိုးကျသွားပါလိမ့်မယ်။ အဲ့ဒီအတွက်လည်း- ရင့်ကျက်ပြီးသား ငြိမ်းချမ်းမှုရပြီးသားဖြစ်တဲ့ မိမိမှာ- မော်ကြွား ခြင်း၊ ဦးကျိုးသွားတဲ့ အမှောင်ထု အပေါ် ၀ံ့ကြွားဂုဏ်ဖေါ်လိုခြင်း ကင်းမဲ့လျှက် သူတို့တွေ အလင်းရသွားလေပြီ ဆိုတဲ့ သန့်ရှင်းတဲ့ ငြိမ်းချမ်းမှု ပီတိရသသည်သာ ဖြစ်ပေါ်လာလိမ့်မယ်။- ဒီလို စိတ်မျိုးကို ဖေါ်ပြပြီးသား အတိုင်း နာဖ့်ဆေ့မုတွမာအီနာဟ် လို့ ခေါ်ပါတယ်။


ငြိမ်းချမ်းရေးဆီသို့ (၂) အား ဆက်ဖတ်ရန် ကလစ်နှိပ်ပါ....

Sunday, June 10, 2012

မြင်သမျှကို ယုံကြမှာလား?


လုပ်ကြံပုံတွေတောင် ဒီလိုတင်ထားရင် တွေ့သမျှ သတင်းတိုင်းကို မိတ်ဆွေတို့ ယုံနေမှာလား?

မူရင်းတင်ထားတဲ့ပုံက ဒီနေရာလေး မှာပါ...(ခုတော့ အဖျက်သမားက ဖျက်လိုက်လေပြီ)





မြန်မာပြည်က ဂျာနယ်တွေ -အာဃာတလား? racists လား?

ဒေါက်တာ သန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများ အားလုံး တာဝန်ကြေပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။ comment တစ်ခုမှာ ဖတ်လိုက်မိလို့၊ ကျွန်တော်က မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့  EMG က ထုတ်သမျှ edition အားလုံးကို တစ်စောင် မကျန် (ပိုက်ဆံအကုန်ခံပြီး) စောင့်ဝယ်ဖတ်ကာ Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀၀ လောက် သုံးနေတဲ့ EMG ပရိတ် သတ် (ဘက်မလိုက်တဲ့ မြန်မာစစ်စစ်) ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတစ်ဦးပါ။ မကြိုက်တာ ရေးမိလို့ နာမည်ပြောင်း ခေါ် လည်း ဘာတတ်နိုင်မှာတုန်းဗျာ။

EMG ဟာ ဘယ်စာစောင် ဘယ်ဂျာနယ်ကမှ ခဏခဏမပြောတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို ethic, ethic နဲ့ တဖွဖွ ပြော တဲ့ ဂျာနယ်မို့လည်း သတင်းတင်ပြရာမှာ လူမျိုး၊ ဘာသာ၊ အဖြစ်အပျက်၊ ရှုထောင့်မရွေးဘဲ အလယ်က နေခဲ့တယ်၊ နေနေတယ်၊ နေ ဦးမယ်လို့ အမြဲယုံကြည်ပြီး EMG ကို အားပေးခဲ့တယ်၊  ဒါတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကထိ EMG က ဒီလိုပဲလို့ ထင်ခဲ့တာပဲ။

ဒါပေမယ့် Leading Media တစ်ခုဖြစ်တဲ့ EMG က တောက်လျှောက် ကိုင်စွဲလာတဲ့ ethic policy ကို လွတ်လိုက်ပြီလား၊ အ ရမ်း သိချင်လာပါတယ်။ ဘယ်သွားမလဲ Eleven? ဘာတွေ လုပ်နေတာလဲ Eleven? ကိုယ့်မူဝါဒကို လွှတ်ချလိုက်တာလား? လွှင့်ပစ် လိုက်တာလား? ကိုယ့်ကိုကိုယ် ဘယ်ရောက် နေမှန်းတောင် မမြင်တော့တာလား? EMG က ဆရာတွေ ဘာဖြစ် ကုန်တာ လဲ? တောက်လျှောက် အကောင်းလား? အစကတည်းက ဒီလိုလား?

အခု ရခိုင်ကိစ္စမှာ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ်၊ အလယ်က သတင်းသမားသာ တင်ပြတာ မမှန်ခဲ့ရင်၊ ဘက် လိုက် ဇောင်းပေး biased လုပ်ခဲ့ရင် လူမျိုးရေး၊ ဘာသာရေး ဆူပူတာ ပိုကြွလာမယ်၊ နှစ်ဖက်လုံး မလိုအပ်ဘဲ အသက် စည်းစိမ်တွေ ပိုဆုံးရှုံးမယ်။ သေးတဲ့အမှု ပိုကြီးလာမယ် ဆိုတာဆိုတာ ဆရာတို့လို တက္ကသိုလ်က လူတွေ အပါအ၀င် ဒေါက်တာ သန်းထွဋ်အောင် နဲ့ EMG ဝိုင်းတော်သားများအားလုံး၊ စာတကယ်ဖတ်သူများ အားလုံးနားလည်မှာပါ။

ပထမ- ရခိုင်အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရပြီး ပစ္စည်းယူ၊ အသတ်ခံရတယ်၊ ဘယ်သူကပဲ လုပ်လုပ် ရဲပိုင်တဲ့  criminal case ရာဇ၀တ်မှုသာ ဖြစ်တယ်၊ ဒီရက်ပိုင်းဖြစ်သွားတဲ့ ဆရာဝန်မတစ်ဦးကို သူ့မိတ်ဆွေက ဓါတ်ဆီလောင်း မီးရှို့သတ်တာ၊ ၁၆ လမ်းက ၁၀တန်းဖြေထားတဲ့ ကောင်မလေး တစ်ယောက် လူသတ်၊ ပစ္စည်းယူ၊  မီးရှို့သတ်ခံရတာ၊ ၁၃ နှစ် အရွယ် ကောင်လေးတစ်ယောက်ကို လိင်တူ ယောင်္ကျားချင်း မုဒိမ်းကျင့်၊ ပါးစပ်ပိတ် လူသတ်သွားတာ စတဲ့ ဖြစ်စဉ်တွေနဲ့ ဘာမှ မ ကွာလှတဲ့ ဖြစ်စဉ်တူ တစ်ခုပါပဲ။  ပြီးခဲ့တဲ့ လပိုင်းက ဂျပန်မတစ်ယောက်ကို မြန်မာနှစ်ယောက်  မုဒိမ်းကျင့်ပြီး သတ်ပစ် တယ်၊ ရောက် သေဒဏ်ပေး ဆော်ထည့်တယ် ဥပဒအရ နောင်ကျဉ်နေအောင် မြန်မာပြည်မှာ ဒါကိုလက်မခံဆိုပြီး၊ ထိထိ ရောက်။ ဒီဟာတွေမှာလည်း ဘယ်ဘာသာဝင်က လုပ်တယ်လို့ ဘယ်မီဒီယာကမှ မရေးဘူး၊ ရေးစရာလည်း မလိုဘူး၊ ရဲက အရေးယူ၊ ထိရောက်တဲ့ အပြစ်ဒဏ်ချ၊ ဥပဒေပိုင်းဆိုင်ရာအရ ပြီးပြီ။ မြန်မာနိုင်ငံထဲမှာ ဖြစ်တယ်၊ မြန်မာ တည်ဆဲ ရာဇ၀တ် ဥပဒေနဲ့ ထိထိရောက်ရောက် ကိုင်ထည့်လိုက်ရင် ပြီးနေပြီ။ ဘာမှ ဆက်ဖြစ် စရာမရှိဘူးလေ၊ ဒီဟာလေးကို EMG က စဖွ တယ်၊ အင်မတန် ထိလွယ် ရှလွယ်တာကို လွယ်လွယ် ရေးချတယ်၊ မွတ်ဆလင်ကုလား usage သုံးပြီး comment တွေ ရေးခွင့်ပေးတယ်၊ ဘယ်ဘာသာဝင်လို့ ရေးကတည်းက သွားပြီ၊ တင်ပြတာမမှန်တော့ဘူး၊ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ သိသင့်တယ်၊ သိသိကြီးနဲ့ လွယ်လွယ် ရေးချတယ်၊ လွယ်လွယ် ဖတ်တဲ့ လူအုပ်စုတစ်စုက သွေးကြွတယ်၊ ရပ်ရန် မဟုတ် တဲ့ ဆက်ရန်တွေဖြစ်လာတယ်၊ Eleven ကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့ သတ်ကြစေချင်တော့...

ဒုတိယ- တောင်ကုတ်မှာ လူ ၁၀ယောက် (ဆရာကတော့ လူလို့ပဲ မြင်မိလို့၊ ဥပဒေအရတော့ နိုင်ငံသားကဒ် တရားဝင်ရှိတဲ့ လက်နက်မဲ့ မြန်မာနိုင်ငံသား ၁၀ယောက်) ကို အခြားသံတုတ်၊ တုတ်ကိုင် နိုင်ငံသား ၂၀၀ ကျော်က မသေမချင်း ဦးနှောက် တွေ ပွင့်ထွက်တဲ့ထိ ရည်ရွယ်ပြီးစောင့်ပြီး ၀ိုင်းရိုက်သတ်တယ်၊ သူတို့ ဘာလုပ်မိလို့များ ဒီလိုတောင် လုပ်ခံထိရတာလဲ၊ သူ တို့က တရားခံ တွေမို့လား၊  မြန်မာနိုင်ငံမှာ ဒီလောက်ကြီးတောင် ဥပဒေမဲ့လုပ် ရသလား၊ ဘာသာရေးအဆုံးအမ ရှိသူတိုင်း၊ တရားရှိသူတိုင်း ယဉ်ကျေးပြီး သူတိုင်း ဒီဖြစ်ရပ်ကို လက်ခံစရာမရှိပါဘူး၊ သူငယ်ချင်း နိုင်ငံခြားက တက္ကသိုလ် ဆရာတွေ ကတောင် phone နဲ့ mail နဲ့ မေးတယ်၊ ဘယ်ကစလဲ၊ ပြောပြတော့ ဒီကိစ္စက သေးသေးလေးပဲ၊ ဒီလောက် ကြီးသွားရ သ လား၊ မင်းတို့လို ဘာသာတရား လေးစားတဲ့ နိုင်ငံမှာ ဒီလို ဥကဒေမဲ့ လွယ်လွယ်လေး သတ်တာတွေ ရှိနေပြီလား မေး တယ်၊ ဆရာ့မှာ ရှက်စိတ်အပြည့်နဲ့ အဖြေမရှိခဲ့ဘူး၊ ဆရာက ဥပဒေသမားမို့ ဥပဒေရှုဒေါင့်ကပဲ ကြည့်တတ်တယ်။ လူ ဆယ် ယောက် သေတာကို နောက်လူတွေက ပျော်နေရလောက်အောင် မြန်မာတွေက စိတ်ဓါတ်က ဆိုးဝါး အကြမ်းဖက်စိတ်ရှိခဲ့ လို့လားဗျာ။ EMG လုပ်ရပ်က နိုင်ငံ တကာမှာ မြန်မာ သိက္ခာ ကျစေတာပေါ့၊ ရခိုင်ပြည်နယ်ကို နိုင်ငံခြားက လာရောက် လည်ပတ်ချင်သူ၊ ရင်းနှီးမြှပ်နှံချင်သူတွေ ဘယ်လာ ရဲတော့မလဲ၊ မျက်တောင်တဆုံးပဲ ဆက်ကြည့်တတ်တော့ EMG က ဆက်ဖွနေတယ်၊ ဆက်ဆွနေတယ်၊ ဘယ်ဂျာနယ်ကမှ ရခိုင်အရေးနဲ့ ပတ်သက်ရင် သတိကြီးကြီး ထား မတိမ်းစောင်းစေဘဲ မဖွဘဲ ရေးတယ်။ The Voice တို့လို့ ဂျာနယ် အကြီးတွေတောင်  ပြသနာ ပိုကြီးထွား မသွားစေချင်လို့ media သမား ပီပီ သသနဲ့ comment တွေကို ပိတ်ထားတယ်၊ Eleven ကတော့ လွယ်လွယ် ရေးခွင့်ပေးလို့c omment တွေ အပြန်အလှန် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ရေးကြပြန်တယ်၊ ဆရာသိသလောက် ဘယ်မြန်မာ လူမျိုးမှ မရိုင်းပါဘူး၊ Eleven Site ထဲမှာ ဘယ် သူမှ ဖတ်လို့မရလောက်အောင် ဆဲဆိုနေတာတွေက မြန်မာ reader တွေ ရေးတင်တာလို့ ကျွန်တော်တော့ မယုံကြည်ဘူး။ EMG က လူတွေပဲ ပြသနာကြီးထွားလာအောင် comment တွေ ထိုင်ပေးနေသလား ထင်ရလောက်အောင် ပါပဲ။ Eleven က ဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့သတ်ကြ၊ဆူပူကြဖြစ်စေချင်တော့...

တတိယ- မောင်တော ကိစ္စဖြစ်လာတယ်၊ တစ်ဖက်ဖက်ကို အလွန်အကျွံ နှိပ်ကွပ်တော့ ပြန်ကြွတတ်တာ မသိလို့လား၊ comment တွေ၊ သတင်းတွေ တစ်ဖက်သတ် ဖြစ်ကုန်တယ်၊ တောင်ကုတ်မှာ လူ ၁၀ ယောက်ကို မသေမချင်း ဦး နှောက် တွေ ပွင့်ထွက်တဲ့ထိ ရိုက်သတ်ခံရတဲ့ ဓါတ်ပုံတွေကိုတောင် မတင်ခဲ့တဲ့ Eleven က မောင်တောမှာ မီးရှို့တာ၊ အပြန် အလှန် ချကြတာတွေကို အချိန်နဲ့ တစ်ပြေးညီ update လုပ်တင်ပေးလာတယ်၊ အာဃာတလား၊ racists လား၊ သတင်း သမားလား၊ လူဖတ်များ စောင်ရေများ စေချင်တာလား၊ ကြားဝင်လှုံဆော်တဲ့ အပြုအမူတွေကို ဘာလို့ရွေးလုပ်ချင်ရသလဲ၊ ဘာတွေကို အမြတ် ထုတ်ချင်နေတာလဲ Eleven?၊ အလယ်က လူတွေရဲ့ လုပ်ရပ်က ဒီလိုပဲလား? တစ်ရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

စတုတ္တ- ဒီနေ့  Eleven ရဲ့လုပ်ရပ် (၃) ခုက စာဖတ်သူတွေကို စိတ်အပျက်စေဆုံးပါပဲ၊ သတင်းခိုင်မာမှု ကိုတောင် မစောင့် နိုင် EMG ရဲ့ ဖွရရင်ပြီးရော မူဝါဒကို သေချာမြင်လာရပါတယ်၊

၁။  GTC ကျောင်းသားတစ်ဦး စစ်တွေမြို့လယ် အားကစားရုံနားမှာ သေတဲ့ကိစ္စ၊ ဘာကြောင့် သေရသလဲ အတိအကျ မသိ သေးပါဘူးတဲ့၊ ဒဂုံတက္ကသိုလ်က ဆရာတွေတောင် စစ်တွေတက္ကသိုလ်က အသိတွေကို သာမန် ဖုံးလေးတစ်ချက် ဆက် တာနဲ့တင် အကြမ်းဖျင်း၊ ဟုတ် မဟုတ်သိနိုင်တဲ့ ကိစ္စပဲဟာ၊ အတိအကျမ သိသေးရင် မရေးပါနဲ့လား ဒေါက်တာ သန်းထွဋ် အောင်နဲ့ EMG ဝိုင်းတော်သားများရယ်၊ ဆရာတို့ ဟာကလည်း  ဖွလိုက်ရရင်ပြီးရော လုပ်လိုက်ပြန်ရော၊ ဖြစ်တာက အ ဆောင်ပိုင်ရှင်နဲ့ GTC ကျောင်းသား ရခိုင်ချင်း ပြသနာဖြစ် လက်လွန်ပြီး သတ်မိတဲ့ကိစ္စ၊ မောင်တောလူမျိုးရေး၊ ဘာသာရေး သတင်းနဲ့ တစ်မျက်နှာ တည်းမှာထားပြီး ရောသမမွှေလိုက်တယ်၊  လွယ်လွယ်ဖတ်မိတဲ့ လူအုပ်စုတစ်စုကို သွေးကြွစေပြန် တယ်၊ ကျောင်းသား အသတ်ခံရတယ်၊ ကုလားတွေကြောင့်၊ သတ်ပစ်ကြ၊ သေကျေမှုတွေ ဆက်ဖြစ်ကြပြန်ရော၊ ဘယ်သူ့ လက်ချက်မှန်း မသိရသေးဘဲ ethic ဆရာကြီးတွေက ethic လုံးဝမရှိဘဲ လက်သွက်သွက်ရေး ချနိုင်တာကို (အံ့သြ မကုန် နိုင်ဖွယ်) တွေ့ရ ပြန်တယ်။  စာ တကယ်ဖတ်တဲ့ သူတွေကို လိမ်လို့ မရပါဘူးဗျာ၊ အေးအေးချမ်းချမ်း နေလိုသူတွေ EMG ကြောင့် ပူလောင် လာရပြန်တယ်။

၂။ အစိုးရထုတ် သတင်းစာ တစ်စောင်မှာမှ မပါသေးတဲ့ ခရေကုန်း ဘောင်ရွာက ကျောင်းဆရာမနှစ်ဦး ဒါးဒါဏ်ရာတွေနဲ့ အ သေ ရောက်လာတဲ့ သတင်းဦး၊ သတင်းထူးကြီးကလည်း ဒေါက်တာ သန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး တာဝန်ကြေကြေ အတိုင်အဖောက် ညီညီ လျှောက်ဖွလိုက်တာပဲ ဖြစ်နေပြန်တယ်၊ လုံးဝ မသေချာဘဲနဲ့၊ လုံးဝမမှန်ဘဲနဲ့ Eleven က ဆူပူအုံကြွမှုတွေဖြစ်၊ စစ်တပ်က ကိုင်မှ၊ အာဏာသိမ်းမှ ရမယ်လို့၊ နှပ်ကြောင်း ပေးချင်တာလား၊ တစ်တိုင်းပြည် လုံးက အသေအကျေ ဒုက္ခခံ၊ အသက် ထောင်သောင်းများစွာ ပေးပြီး စစ်ဖိနပ်အောက်က ရလာတဲ့ ဘာမှ သက်တမ်း မ ကြာသေးတဲ့ ဒီမိုကရေစီစနစ်ကလေးကို အသေသတ်၊ ပြောင်းပြန်လှန်ချင် နေတာလား?၊ ကလောင်သွား ထက်တာကို အမြတ် ယူချင်တာလား၊ လုပ်သူ ခံရသူ ကြားမှာ အမြတ်ထွက်သူရှိတာ မဆန်းပေမယ့် စတုတ္ထ ဒေါက်တိုင် Eleven က တော့ နောက်ပြန်လှည့်ဖို့ ဘေးတီးပေးနေ၊ အဆင်းဘီးတပ် ပေးနေသလိုပါပဲ၊ လူတစ်ဖွဲ့က နောက် လူတစ်ဖွဲ့ကို ဘာကြောင့် ပဲ သတ်သတ်၊ သူ့ငရဲ သူသွားမှာပါပဲ၊ ဘယ်ဘာသာ တရားမှာမဆို လူမသတ်ရဆိုတာ ပညတ်ပြီးသားပါ။ ကုလားကို သတ် တယ် ပြောပြော၊ ရခိုင်ကို သတ်တယ်ဆိုဆို၊ လက်စားချေတယ် ပြောပြော၊ ဘာသာရေး၊ လူမျိုးရေး ကြိုက်တဲ့ ခေါင်းစဉ် တပ်ပြီး လူသတ်ပါ၊ ကိုယ်သေတဲ့ အချိန်မှာ တစ်ဦးချင်း တစ်ယောက်ချင်း သွားရတဲ့ ဘုံအဆင့်ဆိုတာ ကျိန်းသေပေါက် ဘာ သာ တရားတိုင်း မှာရှိပြီး သတ်မှတ်ပြီးသားပါ။ ဘာကြောင့်များ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများ အား လုံး လူတွေ အချင်းချင်း (ဆရာကတော့ လူလို့ပဲ မြင်မိလို့ ၊ ကုလား၊ ရခိုင် ၊ တရုပ်၊ အင်္ဂလိပ်၊ ခရစ်ယာန်၊ အသား အရောင်၊ ယုံကြည်တာပဲကွာမယ်) သတ်ဖြတ် သေကျေတာ တွေဖြစ်အောင် ဘာလို့ မမှန်သတင်းတွေနဲ့ လမ်းကြောင်း ပြောင်း လှုံ ဆော်ချင် နေရတာလဲ၊ ကုလား တစ်မျိုးလုံးကို သတ်တော့ရော၊ ရခိုင်တွေ သေတော့ရော ဒေါက်တာ သန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများ အားလုံး ဘာတွေများ စီးပွားရေး အမြတ်ထွက်လာမလဲ၊ တစ်ခုခုကို ခုတုံးလုပ်ပြီး နင်းတက်ချင်တဲ့ စိတ်ဓါတ်က  EMG ရဲ့ မူဝါဒလား?

၃။  မောင်တောက ကန်တော်ကြီး သောက်ရေကန်ကို ဘင်္ဂလီတွေက အဆိပ်ခပ်ထားတယ်ဆိုတဲ့ ကိစ္စ၊ ဒီသတင်းကို အ တည်ပြုဖို့ EMG က အတည်ပြုနိုင်ဖို့ ဆက်သွယ်နေပါပြီတဲ့၊ လုပ်ချလိုက်ပြန်ပြီ။ တကယ့် ရှက်စရာပါ။ ၈၈ အရေးအခင်းက ထွက်ခဲ့တဲ့ စာစောင်တွေလောက်တောင် Eleven အဆင့် မရှိတော့ပါ။ အတည်မပြုရသေးတာကို ဘာလို့ရေးရတာတုန်း၊ ethic တွေ ဘယ်ရောက်သွားပြီလဲ၊ စိတ်တော့ မဆိုးပါနဲ့၊ ဆရာကတော့ ဥပမာသတင်းလေးတစ်ခု ရေးမိတော့မယ်၊
ဒေါက်တာ သန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားတွေ မနေ့ညက တောင်မြင်းပြိုင်ကွင်းလမ်းက EMG ရုံးချုပ်မှာ မကောင်း တဲ့ အမျိုးသမီးတွေ အုပ်စုလိုက်နဲ့ ပါတီပေး ညလုံးပေါက် မူးရူးကခုန် ပျော်ပါးပြီး ရှိနေခဲ့ပါတယ်၊ ဒီသတင်းကို အတည်ပြုဖို့ EMG ကို ဆက်သွယ်နေပါတယ်။ ဒီလိုဆိုဘာဖြစ်လာမလဲ၊ ကိုယ့်ဆရာတွေ မပျော်တော့တာ သေချာပြီ။ ဒီလိုလေး ရေး လိုက်မိတာတောင်မှ ကိုယ့်ဆရာတွေ ကျွန်တော့်ကို သတ်ချင်လောက်အောင် ဒေါသထွက်စေ၊ စိတ်ကြွစေရင် သောက်ရေ ကန်ကို အဆိပ်ခပ်ထားတယ်ဆိုတဲ့ အတည်မပြုရသေးတဲ့ သတင်းကြီးကလည်း အခုဖြစ်နေကြတဲ့ ဘက်နှစ်ဘက်ကို ဘယ် လောက် အတိုင်းအတာအထိ ဒေါသတွေဖြစ်စေ၊ သေကျေစေမလဲ မစဉ်းစားတတ်တာလား?၊ ဖွလိုက်ရရင်ပြီးရောလား၊ မီဒီ ယာတစ်ခုရဲ့ ဖြောင့်မတ်မှု၊ သတင်းတစ်ခုရဲ့ ခိုင်မာတိ ကျမှုဟာ အသက်ပေါင်းများစွာကို ကယ်တင်စေနိုင်သလို၊ သေကျေ စေနိုင်ပါတယ်။ ဥပဒေ သမားတစ်ဦးနဲ့ သတင်းသမားတစ်ဦးမှာ အခြေခံအကျဆုံးက ရိုးသားဖြောင့်မတ်မှု ရှိခြင်းပါပဲ၊ အခုလို Online မှာ Open Source သတင်းတွေ အများကြီး ရနိုင်ချိန်မှာတောင် သတင်းအမှားတွေ၊ သတင်းအလိမ်တွေ၊ ဒီလိုလေး တော့ ဆော်လိုက်ဦးမှ အောက်တန်းကျ စိတ်ဓါတ်တွေနဲ့ လုံးဝတည်ငြိမ်အေး ချမ်းဖွံ့ဖြိုးနေတဲ့ ဒေသတစ်ခုကို ၁၀ ရက် အတွင်း လုံးဝ ဆိုးရွားသွားစေလောက်အောင် လူမျိုးရေး အဓိကရုဏ်း တစ်ခု ပေါ်ထွက်လာအောင် နောက်ကွယ်ကနေ ဘေးတီး လှုံဆော်ဖန်တီးချင်တဲ့ မူဝါဒရှိနေတာ၊ စာမဖတ်ဖြစ်ကြတဲ့ လူအများစုကို မျိုးချစ်စိတ် အရင်းခံသယောင် စည်းရုံး လှုံဆော် ဆူပူစေတာ၊ ရလဒ်က ရခိုင်ပြည်နယ်ရဲ့ လူနေမှုပုံရိပ်တွေ ကျဆင်းစေတာ၊ စီးပွားရေးတွေ ပုံမှန်မဖြစ်စေတော့တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားစေတာ၊ ပေါ်လာတဲ့အမြတ်က EMG ကို ပိုမိုထင်ပေါ် စောင်ရေတက် အရောင်းကောင်း စေချင်တာ၊ EMG  က ငါတို့ဖက်က မျိုးချစ်တွေ Patriotic တွေလို့ ထင်ရအောင် လုပ်ပြပြီး နိုင်ငံရဲ့ လူတိုင်းရဲ့ လက်ရှိ ပန်းတိုင် နှစ်ပေါင်းများစွာ စောင့်စားနေကြတဲ့ ဒီမိုကရေစီပန်းတိုင်ကိုေ၀၀ါး လမ်းကြောင်းပြောင်းပစ်နေတာ၊  ဘာမှ စာဖွဲ့ စရာတောင် မရှိ (ကုန်ကုန် ပြောရရင် တစ်ရက် တိုက်စရာတောင်မရှိ၊ နေ့ဝက်နဲ့ အပြီးရှင်းပစ်လို့တောင်ရ) တဲ့ လူလက် တစ်ဆုပ်စာကြောင့် စစ်တပ်က ၀င်လာမှသာ၊ တပ်ဝင် လာပါတော့လား၊ စစ်တပ်ကသာ ကယ်တင်နိုင်တော့မယ်လို့ တစာ စာ အော်ခေါ်ပြီး အမြင်နောက်ပြန်ဆွဲနေတာ၊ နိုင်ငံပုံရိပ်ကို အဆုံးထိ ဆွဲချပစ်တာတွေဟာ မြန်မာ Journalist တစ်ယောက်အနေနဲ့ ရှက်တတ်ရင် ရှက်ပြီး သေပစ်ချင်စရာပါပဲ။ စစ်တပ်ပိုင် မြ၀တီ Eleven လို့တောင် အမည်ပြောင်းပေး ရတော့မှာပါ။ ဒေါက်တာ သန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး သိသင့်တာက အမှန်သတင်း မီဒီယာ တွေဟာ (နောင်အနာဂတ် တကယ်ရှိတဲ့) နိုင်ငံတိုင်းမှာ အသက်သွေးကြောပါပဲ၊ နောင်အနာဂတ် နိုင်ငံတော်သစ်ဆီကို လူတိုင်း လူတိုင်း ချွေးသံ၊ အားမာန်အပြည့်နဲ့ ချီတက်နေချိန်မှာ လိမ်ဆင်မမှန်သတင်း အပြည့်နဲ့ ဒေါက်တာ သန်းထွဋ် အောင်နဲ့ EMG ဝိုင်းတော်သားများရဲ့   နောက်ပြန်ဆွဲချ၊ လှုံဆော် ရန်တိုက်ပေးနေတဲ့ လုပ်ရပ်က ဆရာတို့ တက္ကသိုလ်အသိုင်း အ၀ိုင်း အတွက်တော့ ရှက်ဖွယ်လိလိပါ။ ဘယ်သူတွေ ဘာပြောပြော  မှန်တာတွေကိုပဲ သိချင်ဖတ်ချင် လို့ Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀၀ လောက်သုံးနေတဲ့ ဆရာကတော့ နောက်လကစပြီး တစ်ခြား ဂျာနယ် ပြောင်းဖတ်တော့မယ်ဗျာ။

ဒေါက်တာ သန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး တာဝန်ကြေပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။ ဘာ တွေများ လုပ်နေကြပါလိမ့်။ ရွှေမြန်မာတွေ မျက်လုံးဖွင့်ကြည့် ကြပါ။ ထလော့ မြန်မာ၊ မြန်မာ ထလော့၊ တစ်ရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

အထက်က ဖော်ပြခဲ့တာတွေ အားလုံးဟာ ဆောင်ပါးရှင်ရဲ့ အာဘော် ဖြစ်ပြီး- (ကျွန်တော်ရဲ့ ခံစားချက်နဲ့ ထပ်တူ ထပ်မျှ ဖြစ်လို့ ပြန်လည်ကူးယူဖော်ပြသည်)

လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ရင်တွင်းခံစားချက်ကို ပြောပါဆိုရင်တော့-

ကျွန်တော်က ဘာသာရေးကို နှလုံးရည်သန့်သန့်နဲ့ပဲ မြှုပ်နှံ့ဘို့ ဆုံးဖြတ်ထားတော့- တော်လှန်ရေး သမားတွေရဲ့ သဘောထားများကို မဝေဖန်လို၊ လက်ဝင်မနှိုက်လိုပါ။ တစ်ခုပဲ ရှိပါတယ် (လူနည်းစုကို လူများက အနိုင်ကျင့်လာတဲ့အခါမျိုးမှာ လိုအပ်ရင် အသက်ကို ပေးပြီး ကာကွယ်သွား မှာပါ။ ကျွန်တော် ဆိုလိုတဲ့ လူနည်းစု ဆိုတာ ဘာသာတရား ခေါင်းစဉ်ကို ကိုယ်စားမပြုပါ။ မွတ်စလင် လူများစု နေတဲ့အရပ်မှာ အခြားဘာသာဝင်က လူနည်းစုဖြစ်မယ်၊ အဲ့ဒီ လူနည်းစုကို လူများစု မွတ်စလင်များက မတရား နှိပ်ကွက်မယ်၊ အဲ့ဒီလို အရပ်ဒေသမျိုးမှာ ကျွန်တော်ကိုယ်တိုင်လည်း ရှိနေမယ်ဆိုရင် မတရားပြုကျင့်ခံရတဲ့ ဘက်က ကျွန်တော် အသက်ပေးရပ်တည်သွားမှာပါ။- ကမ္ဘာအရပ်ရပ်တော့ ကျွန်တော်လည်း လက်လှမ်းမမှီဘူးလေ။)

အခုတစ်လော မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေက ပရောဂတွေများပါတယ်။ စိတ်အေးအေးနဲ့ အတတ်နိုင် ဆုံး အကောင်းဆုံး ငြိမ်းချမ်းစွာ ဖြေရှင်းဘို့ ကျွန်တော်လည်း လက်လှမ်းမှီသလောက် အကြံပေးနေပါတယ်။ လူ လူချင်းပဲဗျာ၊ ယဉ်ကျေးပါတယ်၊ သိမ်မွေ့ပါတယ်၊ မေတ္တာဓါတ်ခံကြီးပါတယ် အော်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ သားတွေက (ကန်တော့ပါရဲ့) နွားသတ်ရမှာတော့ ၀န်လေးနေပြီး ကုလားသတ်ရမှာကို ပျော်ပိုက် နေကြတယ် ဆိုတာ- မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ကျွန်တော် လူရှက်လှပါတယ်။ မီဒီယာတွေကလည်း မီဒီယာကျင့်ဝတ်ကို မလိုက်နာ၊ ဖေ့စ်ဘုတ်ခ်တွေကလည်း လူမှုကွန်ယက်ကို အလွဲသုံးစားလုပ်၊ ဥပဒေကို စောင့်ရသူများကလည်း ဘက်မမျှ အမျိုးမျိုး အဖုံဖုံပါပဲ။ ဒါတွေက နောက်ဆုံးတော့ တိုင်းပြည်ကိုပဲ ထိခိုက်နစ်နာ စေမှာပါ။ ဗမာ၊ ရခိုင် သတ်လို့ ကုလားကုန်သွားမှာ မဟုတ်သလို၊ ကုလားသတ်လို့လည်း ဗမာ၊ ရခိုင် ကုန် သွားမှာ မဟုတ်ဘူး-၊ ဒီတော့ နောက်ဆုံး တစ်အိမ်တည်းမှာ အတူနေသူချင်း အမုန်းဓါတ်ခံ နာကျည်းချက် ဓါတ်ခံများနဲ့ ကျန်နေခဲ့မယ်။ တစ်အိမ်တည်းမှာ တစ်ယောက်တစ်ယောက် သတ်နေကြရင် အဲ့ဒီ အိမ်မှာ ဘယ်သူက စိတ်ချလက်ချ အိပ်ရဲတော့မှာလဲ။ အားလုံးက တစ္ဆေ၊ သရဲ ကြောက်သလို ကြောက်လန့်စိတ်တွေနဲ့ ရှိနေမှာပေါ့။ ခက်တယ်ဗျာ-။ ထားလိုက်ပါတော့-၊ ကျွန်တော်တို့ လူအဖွဲအစည်းမှာ တရားမျှတမှုတွေ ရှိလာဘို့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဘို့၊ ကျွန်တော်တို့ အားလုံးမှာ ကြိုးစားဘို့ တာဝန်မကင်းဘူးလေ။

Friday, June 8, 2012

မောင်တော အဓိကရုဏ်းအပေါ် မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ ကန့်ကွက်ချက်

ဇွန် ၈၊ ၂၀၁၂
ဇွန်လ ၈ ရက်နေ့ ညနေ ၇ နာရီခွဲ အချိန်အထိ ရရှိသည့် သတင်းများအပေါ် မူတည်ပြီး မြန်မာမွတ်စလင်မ် ကျောင်းသား လူငယ်များက အောက်ပါ ကန့် ကွက်ချက်ကို ထုတ်ပြန်သည်။

(၁) ဇွန်လ ၈ ရက်နေ့ တွင် မောင်းတောမြို့ ရိုဟင်ဂျာများက ဒေသခံများ၏ အိမ်များနှင့် တည်းခိုခန်းကို မီးရှို့ဖျက်ဆီး ကြောင်း၊ ဘုန်းကြီးကျောင်းနှင့် လူ နေအိမ်များကို ခဲများဖြင့် ထုပေါက်တိုက်ခိုက်ခဲ့ကြောင်း ကြားသိရသည်။

(၂) ဤလုပ်ရပ်သည် တရားဥပဒေကင်းမဲ့သည့် လုပ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူ နေထိုင်နေရေးကို အဟန့် အတားဖြစ်စေသည့် လုပ်ရပ်ဖြစ်သည်။

(၃) ဤဖြစ်စဉ်တွင် မြန်မာပြည်နှင့် ကမ္ဘာအဝှမ်းတွင်ရောက်ရှိသော မိမိတို့ မြန်မာမွတ်စလင်မ်များ မပါဝင်သကဲ့သို့ သဘော တူ ထောက်ခံခြင်းလည်းမရှိပါ။

(၄) မိမိတို့ မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ အနေနှင့်သော် လည်းကောင်း၊ မြန်မာပြည်မှ အစ္စလာမ် အဖွဲ့အစည်းကြီးများမှသော် လည်းကောင်း လူစုလူဝေးဖြင့် လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများမလုပ်ရန် အတိအလျဉ်း တားဆီး ထားပြီးဖြစ်ရာ မောင်းတောဖြစ်ရပ်သည် မြန်မာပြည်နှင့် ကမ္ဘာအဝှမ်းတွင်ရောက်ရှိသော အများစု မြန်မာမွတ်စလင်မ်များ၏ ဆန္ဒနှင့် ဖီဆန်လျက်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် ဘာသာရေးအဖွဲ့အစည်းကြီးများ၏ တရားဥပဒေစိုးမိုးရေးမူအတိုင်း ကြိုး ပမ်းချက်ကို သွေဖယ်ရာရောက်သည်။

(၅) သို့ရှိရာ မြန်မာမွတ်စလင်မ်များသည် အများပြည်သူ မြန်မာပြည်သူပြည်သားများနှင့် တထပ်တည်းပင် မောင်းတော အကြမ်းဖက်မှုကို ဆန့်ကျင်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မောင်းတောကိစ္စတွင် တာဝန်ရှိသူများကို ထိထိ ရောက်ရောက် စုံစမ်းစစ်ဆေးပြီး တရားဥပဒေများအရ အမြန်ဆုံး အရှိန်အဟုန်မြင့် အရေးယူဆောင်ရွက်ပေးပါရန် တောင်း ဆိုသည်။

(၆) မောင်းတောဖြစ်ရပ်ကို မြန်မာမွတ်စလင်မ်များ လက်မခံနိုင်သည့်အတွက် မိမိတို့ မြန်မာမွတ်စလင်မ်များအနေဖြင့် ထို အကြမ်းဖက်မှု အပါအ၀င် လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ် အကြမ်းဖက်မှုမှန်သမျှကို မြန်မာပြည်သူများနှင့် လက်တွဲကာ ဆန့်ကျင်သွားမည်ဖြစ်ပြီး ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်းတောနှင့် ဥပဒေမဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုမှန်သမျှကို တရား ဥပဒေအရ ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် အာဏာပိုင်များသို့ တောင်းဆိုသည်။

မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ

ရန်ကုန်မြို့ မွတ်စလင်မ်လူငယ်များ မောင်တောကိစ္စရှုံ့ချ

မန်းလေး မွတ်စလင်မ်အဖွဲ့ မောင်တော်ကိစ္စရှံ့ ချ

MyanmarMuslim Educational and cultural society က မောင်တော်ကိစ္စရှုံ့ချ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သဘောထားထုတ်ပြန်ချက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက် အား အထူးပင် ကြိုဆိုပါတယ်....

Thursday, June 7, 2012

ကျွန်တော်တို့က ဘာတွေလဲ?

 ဓာတ်ပုံ - မြန်မာမွတ်စလင်မ်များ

မပြောချင်သောလည်းပဲ ပြောစရာ ရှိလာ၍ မပြောမဖြစ်ပြောရပါဦးမည်။ မပြောချင်ဆိုသည်က ခံစားချက်နှင့် ပြောမည်ဖြစ်၍ ဒေါသသံ ပါမည်ကို မလိုလား သောကြောင့်၊ ဖြစ်ရပ်တစ်ခုကို မိမိခံစားချက်ပေါ် အခြေခံပြောလျင် မိမိဘက်က ဘက်လိုက်ရာကျမည်ကို စိုးသောကြောင့်၊ မိမိရှုမြင်သည့်အတိုင်း တည့် တည့် ပြောမည်ဖြစ်ရာ မလိုလားအပ်သည့် လူပုဂ္ဂိုလ်ဝေဖန်မှု ဖြစ်မည်ကို စိုးရိမ်သောကြောင့်။

၅.၅.၁၂က သတင်းစာမှာ ပါသည့် အသုံးအနှုန်း “မွတ်စလင်မ်ကုလား”ဆိုသည်က ဒီရက် ပြသနာမျိုးစုံ ကြားသိနေချိန်ကျမှ ပိုပြီးစော်ကားခံလိုက်ရသလို၊ မီးလောင်နေစဉ် ဓာတ်ဆီဖြန်းခံလိုက်ရသလိုခံစားရပါသည်။

ဒီကိစ္စအတွက် facebook စာမျက်နှာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ထိုအသုံးအနှုန်းနှင့် စပ်လျဉ်း၍ တောင်းပန်သည့် ပုံစံမျိုး နောက်ရက်တွင် ပြင်ဆင်ချက် ထည့်ပေးမည့် ပုံစံမျိုး တွေ့ရပြန်တော့ အားလည်း တက်မိသလို မျှော်လင့်တစ်ကြီးလည်း စောင့်ကြည့်မိသည်။ ဘယ်တုန်းကမှ သာမန်အားဖြင့် ကြည့်လေ့မရှိသည့် ည၈နာရီ ရုပ်သံသတင်းကိုပင် မျက်တောင်မခတ်တမ်း ထိုင်ကြည့်ဖြစ်သည်အထိ။

ဒီနေ့ ပြင်ဆင်ချက်ကတော့ ပါလာသည်။ “မွတ်စလင်မ်ကုလား” အစား  “ပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူ” တဲ့။

မည်သို့ အဓိပ္ပါယ် ဖော်ဆောင်သတ်မှတ်ရမည်မသိ။ မြန်မာနိုင်ငံသားဟုပင် လက်မခံတဲ့သဘောဖြစ်နေပါပြီ၊၊ ကမ္ဘာမှာမရှိဘူးသေးတဲ့ သတင်းရေးသားမှု တွေ၊၊ မည်သို့ပင်ဖြစ်စေ ပြင်ပေးသည့်အတွက်တော့ ကျေးဇူးတင်ပါသည်။

အပြင်လူတွေကတော့ ဒီလူတွေ နေရာတကာ စပ်စပ်ထိမခံ ဖြစ်နေကြသည်ဟုသာ မြင်ကြဖို့ များသည်။ ဘယ်လိုခေါ်ခေါ်ပေါ့ ဒါဒါပဲ ဥစ္စာဟု ရိုးရိုးသားသား ဆိုသူကလည်းဆိုကြသည်။ ကုလားကို ကုလားမခေါ်လို့ ငါတို့က ဘယ်လိုများ သမုတ်ရပါ့ ဆိုသူတွေလည်း ဒုနှင့်ဒေး။ ပိုးစိုးပက်စက် ဆဲဆိုတုန့်ပြန် လှောင်ပြောင်သူတွေကလည်း တစ်ပုံတစ်ပင်။ ခက်သည်က မွတ်စလင်မ်ကို ဝေဖန် တိုက်ခိုက်နေသူ အများစုက မွတ်စလင်မ်နှင့်ပတ်သက်သည့် သမိုင်း ဆိုလျင် အမျိုးပျောက်မှာစိုးကြောက်စရာလောက်၊ ရိုဟင်ဂျာအရေး ပိုးစိုးပက်စက် ဝေဖန် ရေးသားထားသည့် တစ်ဖက်သတ်စာများ ဝါဒဖြန့်တရားများကို လောက်သာ ဖတ်ဖူးကြားဖူးထားကြသူများ၊ မြန်မာ့သမိုင်းဆိုလျင်လည်း ဗုဒ္ဓဟူသည် ဗမာလူမျိုးဟူသည့် စာအုပ်မျိုးဖတ်ဖူးပြီး ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ကိုသည်ပင်လျင် အညာဒေသက ဗမာကြီးထင်နေကြသူများ၊ ဗာရာဏသီကို မုံရွာဘက်က ယူဆထားသူများ၊ ချစ်တီးမှန်း၊ ဟိန္ဒူမှန်း၊ မွတ်စလင်မ်မှန်းပင် လျင် ဘာကွာလို့ကွာမှန်းမသိလောက်အောင် ပြင်ပဗဟုသုတကြွယ်ဝကြသူများ၊ ကျားကျားမီးယပ် မွတ်စလင်မ်ဆို မုန်းတယ်ကွာဟူသည့် မျက်ကန်း ဝံသာနုရက္ခိတတရားရှင်များ ဖြစ်နေလေသည်။

လက်ရှိအနေအထားက မြန်မာပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင် လူ့အစုအဝေးကြီး တစ်ရပ်လုံးသည်ပင်လျင် မနေ့တစ်နေ့ကမှ သို့မဟုတ် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သို့တည်းမဟုတ်တောင် အင်္ဂလိပ်ခေတ်ကမှ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာကြ သည့် အလား။ တိုင်းပြည်အတွက် အဖျက် သက်သက်လုပ်နေကြသည့် နိုင်ငံခြားသားများအလား။ ကိုယ့်နိုင်ငံကိုယ်ပြန်ကြပေါ့၊ သူများမြေမှာလာပြီး လူပါးမဝနှင့် စသည်စသည်။

ရိုဟင်ဂျာကိစ္စဖြင့် ပထမ စတင်ခဲ့သည်။ မြန်မာမွတ်စလင်မ်ဆိုလျင် ရိုဟင်ဂျာအကြောင်းပြောတာ မနာကြဖို့၊ မင်းတို့ကို ပြောတာ မဟုတ်၊ ဝင်နာနေကြရ အောင် မင်းတို့ရဲ့ ဘာတွေလား၊ ညာတွေလား မေးခွန်းများ တရစပ်သုံးသည်။ နောက်တော့ တစ်မျိုးတိုးလာ သည်။ စပြောတုန်းကတော့ နယ်စပ်ကရိုဟင် ဂျာအရေး သို့တည်းမဟုတ် ထိုသူများ ပြည်တွင်းသို့ ခိုးဝင်လာမည့်အရေးသက်သက်၊ ဘာသာရေးမပါဟု ဆိုကြရာမှ မြန်မာ့မြေမှာ အေးအတူပူအမျှ အ တူနေသည့် မွတ်စလင်မ်များကိုရော ကမ္ဘာတစ်ဝန်းမှ မွတ်စလင်မ် များကိုသာမက အစ္စလာမ်၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာအရှင်၊ လူသားအ လင်းပြပုဂ္ဂိုလ် တမန်တော်မြတ်… အခြားအခြား တို့ကိုပါ စော်ကားရေးသားလာကြသည်ကိုလည်း နေရာအနှံ့ တွေ့လာရသည့် အကြိမ်ရေ တစ်ဖြည်းဖြည်း ပိုပို စိပ်လာသည်။ သမိုင်းလိမ်ဝါဒဖြန့် စာစဉ်များ၊ မုန်းတီးရေး လှုံ့ဆော်လွှာများ၊ အင်တာနက် (အထူးသဖြင့် facebook) စာမျက်နှာများ၊ ဂရုပ်များ အလျှို အလျှို ပေါ်လာသည်။ ပြဿနာကို မီးမွှေးလာနေကြသည်။ ကြမ်းပိုးကို လိပ်မဖြစ်ဖြစ်အောင် ပုံကြီးချဲ့လာကြသည်။ မီးစကို ဓာတ်ဆီဖြန်းလာကြသည်။ အဓမ္မ လူထုအုံကြွ အကြမ်းဖက်မှုဖက်ကို ဖော်ဆောင်လမ်းကြောင်းလာကြသည်။ 

မည်သူမည်ဝါတွေက နောက်ကွယ်က ကြိုးကိုင်နေသည်တော့ အသေ အချာမသိရ၊ သေချာသည်ကတော့ သူတို့၏ မှိုင်းတိုက်မှု အောင်မြင်ခဲ့ပါသည်။ ရိုဟင်ဂျာကိုလိုလိုဘာလိုလိုနှင့် ပြည်တွင်းနေ မွတ်စလင်မ်များကိုပါ အ ကြောင်းမဲ့ အပြစ်မြင်လာကြသည်။ အမုန်းစိတ်ပိုပွားလာကြသည်။ နောက်ဆက်တွဲအနေဖြင့် လိုရာဆွဲ အသုံးချသူတို့ကြောင့် မလိုလားအပ်သော၊ မည်သူ့ ကိုမျှ ကောင်းကျိုးမပြုသော၊ မဆိုင်သူများကိုပါ ဃယက်ထစေသော ပူဆွေးဝမ်းနည်း ကြောက်ရွံ့ ကြရစေသော  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ တရားဥပဒေမဲ့ ဖြစ်လာရသည်။

ဒီ ကုလားအခေါ်ခံရသည့်ကိစ္စက တကယ်တော့ မနေ့တစ်နေ့ကမှ ရုတ်တရက် ချက်ချင်း ဖြစ်လာသည် မဟုတ်။ ကျွန်တော်တို့ ဘိုးဘွားများ လက်ထက် ကတည်းက အခြေအတင် ဆွေးနွေးကြပြီးသား၊ အခိုင်အမာ ပုံစံတစ်ခု ဖြစ်ခဲ့ပြီးသား။ ထိုစဉ်ကာလ ကပင် နှစ်သက်မှုမရှိကြောင်း တိုင်းသိပြည်သိ အသိ ပေးခဲ့ကြပြီးသား။ ယခု ကျွန်တော်တို့ခေတ်တွင် ကြမ္မာရဟတ် တစ်ပတ်ပြန် လည်ရခြင်းဖြစ်သည်။

ပြောချင်သည်ကို ပိုမိုနားလည်နိုင်စေဖို့ သမိုင်းနည်းနည်း ပြန်ကောက်ပါမည်။

မြန်မာနိုင်ငံတွင် ဗမာလူမျိုးများအကြား ဗုဒ္ဓဘာသာ မပြန့်ပွား မထွန်းကားသေးမီ ပုဂံခေတ် အစောပိုင်း (အနော်ရထာမတိုင်မီ) ပိသုံမင်းလက်ထက်က တည်းက အစ္စလာမ်ဘာသာ ရောက်ရှိကြောင်း အထောက်အထားများ မှတ်တမ်းမှတ်ရာများ ရှိသည်။ ပုဂံခေတ် ကျောက်စာများထဲတွင် ပသီ၊ ပန်းသေး စသည့် အခေါ်အဝေါ်များ ပါရှိခဲ့သည်။

ကုလားဆိုသော အသုံးအနှုန်းကလည်း ရှေးယခင် ဘုရင်မင်းများလက်ထက်ကတည်းက ခေါ်ဝေါ်လာသည့် အသုံးအနှုန်း။ မနေ့တစ်နေ့ကမှမဟုတ်၊  မြန် မာ့သမိုင်းအစကတည်းက ကုလားဆိုသူများနှင့် ကူးလူးဆက်နွယ်မှု ရှိုခဲ့သည်။  အထူးသဖြင့် မွတ်စလင်များကိုရည်ညွှန်းပါက ပသီကုလားဟုခေါ်ခဲ့ကြ သည်။ ဥပမာ ဘိုးတော် ဗဒုံမင်းလက်ထက်က ဘုရင့်အမိန့်ပြန်စာ မှတ်တမ်းတွင် (လက်ရှိ အမရပူရရပ်၊ လင်းဇင်းကုန်းသုသာန်တွင် မျြုပ်နှံထားသော) အာဗစ်ရှားဟုဆိုင်နီအား မြန်မာပြည်အရပ်ရပ်ရှိ ပသီကုလားတို့အတွက် သာသနာပိုင်အဖြစ်ခန့်အပ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

မင်းတုန်းမင်းလက် စာတော်ကြီးတွင်လည်းကုလားရွာမ၊ ကုလားဗလီဆရာ၊ ကုလားလူမျိုး စသည်ဖြင့် သုံနှုန်းခဲ့သည်။ ပသီကုလားများသည် ရှေး မြန်မာသမိုင်း တစ်လျှောက် တာဝန်ကျေခဲ့သည်။ ဘုရင်ကိုသတ်လျင် ဘုရင်လုပ်နိုင်သည့် ခေတ်အခြေအနေတွင် ဘုရင့် ကိုယ်ရံ တော်၊ လူယုံတော်၊ အထောက်တော်၊ အဝယ်တော်၊ စစ်သည်တော်အဖြစ် ခစားခဲ့ရသည်။ ထို့ကြောင့်လည်း မြင်းမှာအုန်းခွံ ကျွန်မှာ ကုလား၊ ဓားမှာမိုးကြိုးဟုပင် အဆိုတွင်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်ကလည်း ဘုရင်မင်းမြတ်တို့က မိမိတို့အပေါ် အထူး သစ္စာစောင့်သိကြသော ပသီကုလားတို့အား အတုန့်အလှည့်အနေဖြင့် ဝတ်ကျောင်းတော်များ သာသနိကအဆောက်အအုံများ ပြည်တွင်၌သာမက တိုင်းတစ်ပါးရပ်ခြား ဆော်ဒီ အာရေဗျနိုင်ငံထိပင် ကြည်ဖြူစွာ ဆောက်လုပ်ပေးခဲ့သည်။

ထိုစဉ်ကသုံးနှုန်းခဲ့သည့် ကုလားဆိုသော အခေါ်အဝေါ်သည် ကုလပုတ္တရ-မြတ်သောအနွယ်ဟူသော စကားမှဆင်းသက်လာသည်ဟု အဓိပ္ပွယ် ဖွင့်ဆိုခဲ့ ကြသည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားကလည်း ကုလားလူမျိုးသာဖြစ်သည်။ အချို့ကလည်း သင်္ဘောများဖြင့် ကူးလာသူများဟုဆိုရာမှ ကုလားဖြစ်လာ ကြောင်း ဆိုကြသည်။ ဤသို့ဆိုလျင်တော့ လက်ရှိ ဗမာဟု ဆိုကြသူတွေရော အခြား တိုင်းရင်းသားဆိုသူတွေပါ မူလဘူတ ဋ္ဌာနေ စစ်စစ်များမဟုတ် နှစ်ရာပေါင်းများစွာက တိဘက်၊ အန္ဒိယ၊ မွန်ဂို၊ တရုတ်တောင်ပိုင်းကနေ စတင်အခြေခံ ရေကြည်ရာ မြက်နုရာ ရှာရင်း ကူးလာကြသူတွေချည်းသာ။ အားလုံး တနေနေရာက ကူးလာကြသူချင်းသာဖြစ်၍  ကုလားတွေချည်းသာ။ စောသည်နှင့် နောက်ကျသည်သာ ကွာသည်။ ကိုးကွယ်ရာ ဘာသာတရား မှန်သမျှသည်လည်း မြန်မာပြည်ဖြစ်စစ်စစ် တစ်ခုမျှမရှိ၊ အခြား နိုင်ငံများမှ ကူးယူထားသည်ချည်းသာ။

ရှေးဗမာမင်းများလက်ထက်က ဗမာဗုဒ္ဓဘာသာဝင်များနှင့် ဗမာပြည်ရှိ ပသီကုလားခေါ် အစ္စလာမ်ဘာသာ ကိုးကွယ်သူမျာအကြား တစ်စုံတစ်ရာ ပြသနာ ကြီးကြီးမားမား မရှိခဲ့။ ကုလားဆိုသော အခေါ်အဝေါ် အသုံးအနှုန်းနှင့် စပ်လျဉ်း၍လည်း ပသီကုလား အခေါ်ခံ အစ္စလာမ်ဘာသာဝင်များအနေနှင့် တစ်စုံ တစ်ရာ နစ်နာရန် အကြောင်းပင်မရှိခဲ့။

သို့သော်…သို့သော်…။ နှစ်ကာလ အတန်ကြာသွားပြီးနောက်.. အထူးသဖြင့် အင်္ဂလိပ်အစိုးရ အုပ်ချုပ်သည့်ကာလတွင်ကား အရင်လို မဟုတ်တော့။ ထိုစဉ်ကာလအတွင်းတွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ခံဖြစ်စဉ် အိန္ဒိယတိုက်နယ်၏ တစ်စိတ်တစ်ပိုင်း သတ်မှတ်ခံခဲ့ရသည်။ အိန္ဒိယ နိုင်ငံသား အမြောက်အများလည်း ထပ်ဝင်လာသည်။ ဒါကလည်း အမှန်တရား တစ်ခု။ ရှေးအစဉ်အဆက် နေထိုင်ခဲ့ကြသော ပသီကုလားအခေါ်ခံ ဋ္ဌာနေမွတ်စလင်မ်တို့နှင့် နောက်ရောက်လာသော အန္ဒိယ တိုက်နယ် (ယခု အန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်)သား မွတ်စလင်မ်များကြားတွင်ပင် လူမျိုး ရေးဓလေ့ထုံးတမ်း ယဉ်ကျေးမှု၊ ဘာသာစကားတို့နှင့် စပ်လျဉ်း၍ ပဋိပက္ခ တစ်ချို့ ရှိခဲ့သည်။ ထိုစဉ်က အလုံးအရင်းနှင့် ဝင်လာသော အိန္ဒိယသား (ချစ် တီး၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်မ်)တို့နှင့် နွယ်လာပြီး ဗမာပြည်တွင် အစဉ်အဆက်က လူ့အစုအဝေးတစ်ရပ်အဖြစ် ရှိခဲ့ပြီးသား ပသီကုလား များ ကိုပါ ဗမာလူထု၏အမြင် ပြောင်းလဲလာသည်။

မူလ ခေါ်ဆိုသည့် အသုံးအနှုန်း “ကုလား”၏ မူရင်းသဘောတရားလည်း ပြောင်းလဲသွားသည်။ မူရင်းကကဲ့သို့ နွေးထွေးမှု မရှိသော၊ ခွဲခြားလိုသော၊ အပြစ်မြင်လိုသောသဘော အတော်ဆောင်လာသည်။ ကုလားဒိန်၊ ကုလားကပြား၊ ကုလားမျိုးမစစ်၊ ဇေကပြားစ သည့်စသည့် စကားလုံးများက မူလက ရှိခဲ့သည့် ပသီကုလားများ လက်သင့်ခံနိုင်ဖွယ်မရှိဖြစ်လာသည်။

ထိုစဉ်က ကျွန်တော်တို့ အဖိုးများခေတ်က ပသီကုလားများသည် တစ်ဖက်က တို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂ စသည် တို့တွင် ဗမာ့ လွတ်လပ် ရေးအတွက် တစ်တပ်တစ်အားမှ ကဏ္ဍစုံ ပါဝင်ခဲ့ကြသလို တစ်ဖက်ကလည်း မိမိတို့အား ခွဲခြား ရှုမြင်သော အသုံးအနှုန်း “ကုလား”ဟူသည်အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။ ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့ ကဲ့သို့သော အဖွဲ့များ ဖွဲ့ကာ မိမိတို့သည် ကုလား မဟုတ်ကြောင်း၊ ဗမာ ဗုဒ္ဓဘာသာများ နည်းတူ ဒီမြေဒီရေတွင် ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းရာချီ နေထိုင်ခဲ့သော တိုင်းရင်းသား နိုင်ငံသားများသာ ဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ဆိုခဲ့ကြသည်။ မိမိတို့သည် ဗမာမွတ်စလင်မ်များ ဖြစ်ကြကြောင်း ပြောခဲ့ကြသည်။

“မျိုးကားဗမာ၊ ဘာသာမွတ်စလင်မ်
 ဖြစ်တုံအင်လည်း၊ တို့မျိုးတို့ဆွေ
တို့တစ်တွေသည်၊ တို့ပြည်(ပြေ)တို့ရွာ
တို့ဋ္ဌာနာမှာ၊ တို့ဟာထင်ရှား
မရှိအားကြောင့်၊ တို့များကုလားဒိန်
အများနှိမ်သည်၊ သို့ပါသော်ငြား
တို့မျိုးသားကား၊ နိုးကြားမရှိ

ဝမ်းနည်းဘိ၏။”   ဟူသော ကြွေးကြော်သံဖြင့် မိမိတို့သည်လည်း ဗမာများဖြစ်သည်ဟု ဆိုခဲ့ကြသည်။ “ဗမာကို ဗမာကသိရေး” ဆိုကာ မိမိတို့ ဗမာပြည်ဖွား အစ္စလာမ်ဘာသာဝင်များသည်လည်း ဗမာဗုဒ္ဓဘာသာဝင်များ နည်းတူ ဗမာဖြစ်ကြောင်း ဆိုခဲ့ကြသည်။

တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား ဗမာမွတ်စလင် အမည်ခေါ်တွင်ရန် ဗမာမွတ်စလင်နိုးကြားရေး အဖွဲ့ချုပ်က သက်ဆိုင်ရာသို့တင်ပြ တောင်း ဆိုသည်။ ထိုသည်၏ရလဒ်က ၁၉၃၀-ခုနှစ်တွင် ထိုစဉ်က (အင်္ဂလိပ်ခေတ်ကတည်းက) စ၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုလား၊ ဇေရဘာဒီ၊ ဇေကပြား စသည်စသည် အမျိုးမျိုး ခေါ်ဝေါ်နေကြသည့် မြန်မာနိုင်ငံ သား မွတ်စလင်မ်များ (ရှေးအခေါ် ပသီကုလားများ)အား ဗမာမွတ်စလင်မ်ဟုသာ တစ်မျိုးတည်းခေါ်ရန်အမိန့်ထုတ်ခဲ့သည်။ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တို့အား ဗမာမွတ်စလင်ဟု သန်းခေါင်စာရင်းတွင်လည်း  တစ်သမတ်တည်း စာရင်း သတ်မှတ်ရန်ဟူ၍ ကြေညာချက် အမိန့်ထုတ်ပေးခဲ့ခြင်းပင်။

(စကားမစပ် တရုတ်ဆိုသော အခေါ်အဝေါ်သည်လည်း ထိုနည်းလည်းကောင်းပါပင်။ မြန်မာနိုင်ငံမှသာ ခေါ်သည့် စကားလုံးတစ်ခု။ သို့သော် မတူသည်က ယခုချိန်ထိ ထိုစကားလုံး သုံးနှုန်းခြင်းနောက်ကွယ်တွင် အခြား တစ်စုံတစ်ရာ သက်ရောက်မှု၊ နှိမ်ချမှု လုံးဝ မရှိ၊ ဤအချက်က ကုလားနှင့် ဆန့်ကျင်ဘက်။)

ထိုစဉ်ကတည်းက မြန်မာ့ နိုင်ငံရေး လောကတွင် မွတ်စလင်မ်များအား မြန်မာမွတ်စလင်မ်ဟုသာခေါ်ခဲ့ကြသည်။

၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ  လူထုအစည်းအဝေးပွဲကြီး၌ ဖဆပလအဖွဲ့မှ ဆရာကြီး ဒီးဒုတ် ဦးဘချိုမှ အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆိုတင်သွင်းရာတွင်-

“ ဗမာမွတ်စလင်မ်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော် တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြား သွားခဲ့ပါသည်။


၁၉၄၆-ခု ဒီဇင်ဘာ ၆ ရက် မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ဇိနတ်မိန်းကလေးကျောင်း၌ကျင်းပသော ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှ ဗမာမွတ်စလင် တို့သည် လူနည်းစုလော သို့မဟုတ် လူများစုလောဟူ၍ နှစ်ဖက် သဘောကွဲလွဲနေသည်။ ဆရာကြီးဦးရာဇတ်၏ သဘာပတိမဲသည် အဆုံးအဖြတ်မဲဖြစ် ခဲ့သည်။ ဗမာမွတ်စလင်ကို လူများစုအဖြစ် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။  လန်ဒန်တွင် ရောက်နေသော ဖဆပလဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင် ဆန်းထံသို့ ဗမာမွတ်စလင်လူများစုအဖြစ်နေရန်ဗမက ပြည်လုံးကျွတ်ညီလာခံမှ ဆုံးဖြတ်ကြောင်းကြေးနန်းပို့ခဲ့သည်။

ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အာဇာနည်ကြီး ဒီးဒုတ်ဦးဘချိုက ဒီဗမက (ဗမာမွတ်စလင်မ်ကွန်ဂရက်)ကလူတွေတော့ တစ်ချိန်မှာ ဘာမှမ ဟုတ်တဲ့ ကုလားတွေ  ဖြစ်ကုန်ကြတော့မှာပဲ ဟု သံယောဇဉ်ဒေါသောဖြင့် ဆိုခဲ့ဖူးသည်။ သွေး ထွက်အောင် မှန်ပါသည်။ နောက်လူတွေကိုလည်း ဗိုလ်ချုပ်တို့၊ ဒီးဒုတ် ဦးဘချိုတို့လိုပင် ပြည့်ဝသော ခေါင်းဆောင် များ ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြမိသည်ကိုး။ နောက်တစ်ချက်က တိုင်းပြည်လွတ် လပ်ရေးအတွက် အပူတစ်ပြင်း ကြိုးပမ်းနေကြစဉ် မိမိတို့ တစ်ကိုယ်ရည်အတွက် အခွင့်အရေးပေးသည်ကိုပင် အပြည့်အဝ မယူမိခဲ့ကြ။ ဒီလိုခေါင်း ဆောင်ကြီးတွေ အကြာမီ လုပ်ကြံခံလိုက်ရပြီး တိုင်းပြည်အနာဂတ်က ဇောက်ထိုးမိုးမြှော် ပြောင်းသွားလိမ့်မည်ဟုလည်း ဘယ်သူကမှ မတွက်မိခဲ့ကြ။

၁၉၅၅ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနုက ဖဆပလအဖွဲ့ချုပ်လက်အောက်ရှိ အသင်းအဖွဲ့ဖြစ်သော ဗမကကို ဖျက်ခိုင်းစဉ်တွင်လည်း “ဗမက က ဗမာတွေပါ။ မွတ်စလင်မ်ဘာသာယူထားတဲ့ ဗမာတွေပါ။” ဟူသောစကားကို သုံးခဲ့သည်။ (၁၉၅၅ ဒီဇင်ဘာ၃၀ထုတ် မြန်မာ့အလင်း သတင်းစာ)

၁၉၈၂ခုနှစ် အောက်တိုဘာ၈ရက်နေ့ အလုံလမ်းရှိ သမ္မတအိမ်တော်တွင် အစည်းအဝေးကျင်းပရာတွင် မဆလဥက္ကဋ္ဌကြီး (တရုတ်ကပြားတစ်ဦးဖြစ် သည့်) ဦးနေဝင်း၏ မိန့်ခွန်းကတော့ ကျွန်တော်တို့အတွက် စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရသည်။ ကုလား၊ ကုလားပြည်စသည့် အသုံးအနှုန်းများ လှိုင်လှိုင်သုံး ကာ ဧည့်နိုင်ငံသားဟူသည်ကို စတင်ပြောခဲ့သည်။ ပြည်တွင်းတွင် ရှိနေသည့် ကုလားများ (တရုတ်များလည်း သူ့မိန့်ခွန်းတွင်ပါပါသည်)သည် မြန်မာနိုင် ငံအတွက် သစ္စာဖောက်များပမာ သုးံစွဲသွားခဲ့ပါသည်။ (၁၉၈၂အောက်တိုဘာလ ၉ရက်နေ့ The Working People’s Daily အင်္ဂလိပ် သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် အဆိုပါမိန့်ခွန်းဘာသာပြန် ပါရှိခဲ့သည်။)

၁၉၉၆ ခုနှစ် ရန်ကုန်မြို့ တမန်တော်နေ့အခမ်းအနားသို့ သာသနာရေးဝန်ကြီး ဗိုလ်ချုပ်မျိုးညွန့်တက်ရောက်ကာ အမှာစကားပြောကြားခဲ့ရာတွင် “ဗမာ ပြည်ဖွား ဗမာမွတ်စလင်မ်များသည် ဗမာသာဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်ခြင်းကြောင့် ကုလား ဖြစ်မသွား” ဟု ဆိုပြန်သည်။ နိုင်ငံတော် သတင်းစာများကလည်း အဆိုပါစကားရပ်ကို ကိုးကား ဖော်ပြခဲ့ကြပြန်သည်။

ယခု တစ်ခါ တစ်မျိုး ဆိုကြပြန်ပါပြီ။ မနှစ်က မြန်မာမွတ်စလင်မ်များနှင့် စပ်လျဉ်း၍ မေးခွန်းမေးရာတွင် ဦးခင်ရီက ဘင်္ဂါလီများကို ဆိုလိုသည်ဟု ထင်ကြောင်း အစချီကာ ပြောသွားခဲ့သည်။ မြန်မာပြည် အနှံ့အပြားတွင် ရှိနေသော ဗမာ မွတ်စလင်မ်တွေကို ဘင်္ဂါလီနှင့် ရောချဖြေသွားသည်။ တစ်ကြိမ်။

မကြာသေးမီက သတင်းစာ နှစ်စောင်တွင် ဒေါင်းယောင်ဆောင်သောကျီးအမည်ဖြင့် ဆောင်းပါး ပါလာပြန်သည်။ မွတ်စလင်မ်နှင့် ချစ်တီးကုလားကိုပင် ခွဲမသိသည့် ပုဂ္ဂိုလ်က အဆင့်မရှိသည့် ပုံစံရေးခဲ့ပြန်သည်။ ရိုဟင်ဂျာကို ပြောသည်လား။ ပြည်တွင်းမှာ အစဉ်အဆက်နေလာသည့် မွတ်စလင်မ်များကိုပါ သိမ်းကျုံး ရည်ညွှန်းခဲ့သည်လား သာမန် စာဖတ်သူပင် အလွယ်တကူ ခွဲသိနိုင်ပါသည်။

ယခုတစ်ဖန် နိုင်ငံတော်ပိုင် သတင်းစာက နောက်တစ်ကြိမ် ဆိုပြန်ပါပြီ။ မွတ်စလင်မ်ကုလားတဲ့။ မွတိစလင်မ်ဘက်က မခံရပ်နိုင်မှန်းသိတော့ ပြင်ပေးသည်က “ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ်သူ” တဲ့။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာစေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖူးသူ မဟာသရေစည်သူဘွဲ့ရ သံအမတ်ကြီးဦးဖေခင် မကွယ်လွန်မီက ညီလာခံတစ်ခုတွင် “တို့ဗမာပြည်က ဗမာမွတ်စလင်မ်တွေအားလုံး ကုလားတွေကွ၊ နိုင်ငံခြားက ကူးလာတဲ့ မျိုးမစစ်တဲ့ကောင်တွေကွ၊ တို့ကို ကုလားလူမျိုးလို့သာ မှတ်ပုံတင်မှာ မင်းတို့ သတ္တိရှိရင် သတ်မှတ်ကြ…”ဟုဒေါသတစ်ကြီး ခံစားချက်တစ်ကြီး ပြောခဲ့ဖူးကြောင်း ထိုညီလာခံတွင် တက်ရောက်ခဲ့သူများ ပြန်ပြောပြသည်ကို ကြားဖူးပါသည်။

အဖိုးလေးဖြစ်သူ ဦးညီညီကလည်း ဆုံးခါနီးနောက်ပိုင်းအချိန်တွင် “ငါက ကုလားကြီးကွ၊ ငါက ကုလားကြီးကွ” ဟု တစ်ဖွဖွပြော ခဲ့ပြန်ပါသည်။

စာရေးဆရာကြီး ပသီဦးကိုကိုလေး မဆုံးမီ လပိုင်းအလိုက စကားပြောဖြစ်ရာတွင်လည်း သူ့တစ်သက် ဘာပဲလုပ်ခဲ့လုပ်ခဲ့ နောက် ဆုံး ကုလားကြီးက ကုလားကြီးပါပဲဟု ဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအဟ်မွတ်စလင်မ်အဖွဲ့ချုပ် ဥက္ကဋ္ဌ အလ်ဟာဂ်ျ ဦးမောင်မောင်တာ ကလည်း သူ၏ညီအစ်ကို ရင်းချာများတွင် အစ္စလာမ်ဘာသာကိုးကွယ်သော သူ၏မှတ်ပုံတင်တွင် လူမျိုး အီန္ဒိယ+ဗမာ ဖြစ်နေပြီး ဗုဒ္ဓဘာသာကိုးကွယ်သည့် တစ်အူတုံဆင်း ညီနောင်က ဗမာလူမျိုး ဖြစ်ရခြင်းအကြောင်းရင်းကို နိုင်ငံတော် တာဝန်ရှိသူများထံ မေးမြန်းတင်ပြခဲ့ဖူးသည်။

ကွယ်လွန်သူ ဆရာကြီး ဦးတင့်ဆွေ (မော်လဝီအဖွဲ့ချုပ်ကလည်း) ဗိုလ်ချုပ်တို့ (သာသနာရေးဝန်ကြီး ဗိုလ်ချုပ်မျိုးညွန့် ကို မေးခဲ့ခြင်းဖြစ်ပါသည်) သတ်မှတ်တဲ့ လူမျိုးဆိုတာ လူတစ်ယောက်က မဟာဗန္ဒုလ ပန်းခြံလမ်းအတိုင်း လမ်းလျှောက်လာရာမှာ ဆူးလေဘုရားပေါ်တက်သွားရင် ဗမာစစ်စစ်၊ ဘေးက ဗလီပေါ်တက်ရင် အိန္ဒိယပေါင်းထည့်သည့် မူဝါဒပါလား ဟု မေးခဲ့ဖူးပါသည်။

ကိုယ့်အကြောင်းကိုယ် ပြောပါတော့မည်။ ကျွန်တော်သည် ကိုယ့်ကိုကိုယ် ဘာကောင်ဖြစ်လို့ ဖြစ်မှန်း အမှန်တစ်ကယ် မသိသူဖြစ်ပါ သည်။

၁၀နှစ်ပြည့် မှတ်ပုံတင် ထွက်လာတော့ လူမျိုးဗမာ၊ ဘာသာအစ္စလာမ်တဲ့။ ကျွန်တော့် မိသားစု ဘိုးစဉ် ဘောင်ဆက်လည်း ထိုနည်းအတိုင်းပါပင်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဆရာကြီး ဦးရာဇတ်တို့၊ ဒီးဒုတ်ဦးဘချိုတို့ ချမှတ်ခဲ့သည့် လမ်းစဉ်ဟုဆိုရပါမည်။ (ဝမ်းနည်းစရာကောင်းသည်က ထိုခေါင်း ဆောင်များ မရှိကြတော့။) ထို့ကြောင့် ပတ်ဝန်းကျင်က ဘာပြောပြော ဥပဒေကြောင်းအရ ငါသည် ဗမာတိုင်းရင်းသား ရယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ခဲ့သည်။ တိုက်ပုံကို မြတ်နိုးဂုဏ်ယူစွာ ဝတ်ခဲ့သည်။

အသက် ၂၃နှစ် အရွယ်ထိ ကိုယ့်ကိုကိုယ် ဗမာ ထင်ခဲ့သူ။ ထိုစဉ်ကမှ ညီငယ် ၁၈နှစ်ပြည့် မှတ်ပုံတင် ပြောင်းရတော့ တစ်မိသားစုလုံး၏ အိမ်ထောင်စုဇ ယားတွင် လူမျိုး ဗမာ ရှေ့တွင် အိန္ဒိယ ထပ်ပေါင်းခံရသူ။ ကျွန်တော့်သား မွေးတော့ အိမ်ထောင်စုဇယားတွင် ထည့်သွင်းချိန်တွင် သူ့လူမျိုးက “အိန္ဒိယ+ဗမာ+ ဗမာ+ အိန္ဒိယ+ပလောင်” ပါတဲ့။

မကြာမီ နှစ်ပေါင်း ၂၀၊ ၃၀ အတွင်း ပထမဆုံးအဖြစ် သန်းခေါင်စာရင်း ကောက်ယူပါတော့မည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေ သော အစ္စလာမ်ဘာသာဝင်များလည်း ထိုစာရင်းတွင် ပါဝင်ကြပါမည်။ ထိုသူတို့ကို ဘာလူမျိုးဟု သတ်မှတ်ပါမည်လဲ။ တစ်ညီတစ် ညွတ်ထဲ ကုလား လူမျိုးဟု ခေါ်ဝေါ် သတ်မှတ်မည်လော။ ဝန်ကြီး ဦးခင်ရီ မကြာမကြာ သုံးစွဲနေသည့် ဘင်္ဂါလီဟု စာရင်း သွင်းပေးမည်လော။ မိတ်ဆွေတစ်ဦး၏ သမီး မှတ်ပုံတင်တွင် ပါသလို အိန္ဒိယလူမျိုးလော။ (အတော် အထာမကြသည့် စကားလုံးဖြစ်သည်။ ကမ္ဘာတွင် အိန္ဒိယ နိုင်ငံသားသာရှိသည်၊ အိန္ဒိယလူမျိုးဟူ၍ မရှိ။ ဟင်ဒီလူမျိုးသာ ရှိမည်။ နိုင်ငံတစ်ခုအမည်နှင့် ဗမာ တွဲဖက်အဖော်ပြခံနေရသော ကျွန်တော်တို့ နှစ်ပိုင်းတစ်ပိုင်းလူမျိုးအမည်သည် ရှာမှရှားဟု ဆိုရမည့် အံ့ဖွယ်တစ်ခုဖြစ်သည်။)

မည်သည့် မူနှင့် ဆက်သွားကြပါမည်လဲ။ ကျွန်တော်တို့တွေသည် မပြည့်ဝသော နိုင်ငံသားလား။ တစ်ပိုင်းတစ်စ နိုင်ငံသားလား။ မိမိတို့၏ မွေးရာပါအနေအထားအရ ရွေးချယ်ခွင့် မရှိဘဲ အကြောင်းကြောင်းကြောင့် ဒီနိုင်ငံမှာ လူဖြစ်နေရသော ဘာမှန်းမသိသည့် သတ္တဝါများလား။ ပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူဆိုသည်ကို ရှင်းလင်းစွာ နားလည်ခြင်း မရှိပါခင်ဗျား။ နိုင်ငံတော် သီချင်းဆိုစဉ် “ ဒါတို့ပြည်၊ ဒါတို့မြေ တို့ပိုင်နက်မြေ”ကို လိပ်ပြာလုံလုံ ဆိုခွင့် ရှိသောသူများ ၊ ဒီမြေဒီရေကို ချစ်ပိုင်ခွင့် ရှိသောသူများ ဟုတ်ပါရဲ့လားခင်ဗျား။

လွှတ်တော်ဥက္ကဋ္ဌ ဦးသူရ ရွှေမန်း နှင့် ပြည်သူတို့အားထားရာ ဒေါ်အောင်ဆန်းစုကြည် တို့ အမှူးပြုသော လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စား လှယ် ဥပဒေပြုရေးမဏ္ဍိုင်၊ အချိန်တိုလေးအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ အံ့အားသင့်ရလောက်အောင် လုပ်ပြသွားခဲ့သည့် ပြည်သူတို့၏ သမ္မတကြီး ဦးသိန်းစိန် အမှူးပြုသော အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ၊ ဝန်ကြီး ဦးကျော်ဆန်း၊ ဦးခင်ရီ စသည်တို့ ဦးဆောင်သည့် နိုင်ငံတော် ပြန်ကြားရေး တာဝန်ရှိသူများနှင့် စာနယ်ဇင်း သတင်းမီဒီယာ အသီးသီးကို ကိုယ်စားပြုသည့် စတုထ္တမဏ္ဍိုင်၊ ထိုသည့်နောက် ပဉ္စမမဏ္ဍိုင် ဟုတင်စား ခေါ်ဆိုလို သည့် ဘာသာသာသနာအသီးသီးမှ ဆရာတော် သံဃာတော်ကြီးများ၊ ဓမ္မဆရာများ၊ ဘာသာရေးခေါင်းဆော်များကို စာရှုသူ မိတ်ဆွေက ကျွန်တော့် ကိုယ်စား မေးပေးပါလားခင်ဗျား။ ကျွန်တော့်ကိုယ်ကျွန်တော် ဘာကောင်မှန်း မသိတော့လို့ပါ။ ကျွန်တော်သည် မြန်မာပြည်တွင် ဘာပါလဲခင်ဗျား။

ဝန်ကြီးချုပ်ဦးနုက ၁၉၅၅ခုနှစ်တွင် ဗမက ဖျက်ခိုင်းစဉ်က ခင်ဗျားတို့ ဗမာမွတ်စလင်မ်တွေ ကိုယ့်ကိုကိုယ် ကုလားလား ဗမာလား စဉ်းစားတာ နှစ်မိနစ်မကြာပါဘူးဟု ထည့်သွင်း ပြောဆိုခဲ့ပါသည်။ သူကတော့ ဘာကြောင့် နှစ်မိနစ်မကြာဟု ထင်သည်မသိ ကျွန်တော့်အတွက်ကတော့ နှစ်၃၀နီးပါး ကြာနေပါပြီ၊ အဖြေမရသေးပါခင်ဗျား။ နှစ်မိနစ် မကြာနိုင်သည်က ကုလားဖြစ်လို့ဟုသာ ယူဆရပါမည်လား။

ကုလား၊ ကပြား၊ သွေးနှော၊ အိန္ဒိယဗမာ၊ ပသီကုလား၊ မျိုးမစစ်၊ ဗမာမွတ်စလင်မ် မည်သို့ခေါ်ခေါ် ကျွန်တော့်တွင် (အနည်းဆုံး အထက်အဆက် ၄ဆက်တွင် မဟုတ်သည့်) မည်သည့် အဆက်အနွယ် ကမှန်း သေချာမသိသော နိုင်ငံခြားသားသွေး (ကုလားသွေး) ပါပါသည်။ တစ်ဖက်ကလည်း ဗမာသွေး တိုင်းရင်းသားသွေး ပါပါသည်။ လူကြီးမင်းတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့သည် ဒီမြေမှာပဲနေကြကာ ဒီမြေမှာပဲ သေကြရမည့် မနည်းလှသည့် လူ့အစုအဝေးတစ်ရပ်ဖြစ် သည်။ ဒီမြေဒီရေတွင် ကြီးပြင်းလာရသည့် ကျွန်တော်တို့တွင် အခြားလည်း သွားစရာ မရှိ၊ နိုင်ငံရပ်ခြားထွက်လျင်လည်း တစ်ကမ္ဘာလုံးက သတ်မှတ်သည်က ကျွန်တော်တို့ “ပြည်တွင်းနေ အစ္စလာမ် ဘာသာ ကိုးကွယ်သူ”သည် အခြား နိုင်င်ငံသားများ နည်းတူ ပတ်စပို့တ်အနီကိုင် မြန်မာများသာ။

ကျွန်တော့်ကို ကျွန်တော် ဗမာသွေးပါမှုအရ ကျန်ဗမာများနှင့် ညီနောင်ဝမ်းကွဲဟု သတ်မှတ်ပါသည်။ ကျန်ဗမာများကရော တော်သည့်သွေးကိုကြည့်ကာ ဝမ်းကွဲညီနောင်အဖြစ် လက်တွဲလိုပါသလား၊ ညီနောင်ရင်းချာ တစ်အူတုံဆင်း မဟုတ်သည့်အတွက် ဆွေခန်းမျိုးခန်း ဖြတ်လိုပါသလား။

မကင်းနိုင်သည့်အတူတူ တည့်အောင် အဆင်ပြေအောင် နေကြလျင် အကောင်းဆုံး မဟုတ်ပါလားခင်ဗျား။

Credit: ကျော်မိုးအောင်
Source: MMSY