Wednesday, August 22, 2012

ငြိမ်းချမ်းရေးဆီသို့ (၂)


မိမိကိုယ်မိမိတော်လှန်ခြင်းဖြင့် ပတ်ဝန်းကျင်ကြီးအား ပြုပြင်ခြင်း

(က) လူမှုရေး

လူသား တစ်ယောက်ဟာ မိမိကိုယ်မိမိ ငြိမ်းချမ်းမှု ပီတိကို ဆွတ်ခူးရပြီ ဆိုတာနဲ့- အခြားလူတွေကိုလည်း ငြိမ်းချမ်းမှု ဓါတ်
ကူးပေးလိုမှု မေတ္တာတရားတွေ ယိုဖိတ်လာပါတော့တယ်။ ဒါဟာ ဉာဏ်စဉ်ဆောင် အားလုံး ဖြစ်ပေါ်ခံစားခဲ့ရတဲ့ လက်တွေ
ကျင့်ဆောင်သွားတဲ့ လမ်းစဉ်မှန်ပဲ ဖြစ်ပါတယ်။

ဉာဏ်စဉ်ဆောင် ပုဂ္ဂိုလ်မြတ်အားလုံးဟာ မိမိတို့ ခံစားရတဲ့ ငြိမ်းချမ်းမှု ရသကို တောထဲမှာ တရားဆက်ကျင့်ရင်း တစ်ဦး တည်း တိတ်တဆိတ် ခံစား သွားတာ မဟုတ်ဘဲ၊ လူ့ပတ်ဝန်းကျင်က လူထုကြီးထဲမှာ အကောင်းဆုံး လူမှုရေးများကို တည် ဆောက်ရင်း လူသားတွေကို ငြိမ်းချမ်းမှု ဓါတ်ကူးပေးသွားကြပါတယ်။

အဲ့ဒီ ဉာဏ်စဉ်ဆောင် ပုဂ္ဂိုလ်များအားလုံးရဲ့ ဟောတရားကို ကြည့်ပါ။ ကျွန်တော်တို့ အတုယူရမယ့် တရားတွေ ဖြစ်ပါတယ်။ သူတို့တွေ တရားစဟောတာနဲ့ ဟာ့က့က့က် လို့ခေါ်တဲ့ ပရမတ္ထသစ္စာ အကြောင်းကို စပြောတော့တာပဲ မဟုတ်လား။ တ နည်းအားဖြင့် သစ္စာဆိုတဲ့ ဖေါက်ပြန်ပြောင်းလဲခြင်းကင်းသော စံပေတဲ့ကို လူသားတွေဆီ အရောက်ပို့ပေးလိုက်တာပါ။ လူ သားတွေမှာ စံပေတံ ပိုင်ဆိုင်တော့မှ- မိမိအပါအ၀င် လောကအားလုံးကို စံပေတံနဲ့ တိုင်းဘို့ သွန်သင်ပါတော့တယ်။ သွန် သင်တယ် ဆိုတာလည်း- ဒီခေတ် နားလည်ထားတဲ့ ဆရာကြီးဝါဒနဲ့ သွန်သင်ခြင်း မဟုတ်ဘဲ လူသားများအတွက် အနစ်နာ ခံခြင်း၊ လူသားကောင်းစားရေး အတွက် ဦးဆောင်လုပ်ပြခြင်း ဆိုတဲ့ မိမိကိုယ်မိမိ တော်လှန်ခြင်းဖြင့် နောက်လူများ အတု ယူနိုင်အောင် လက်တွေ့ပြသခြင်းမျိုးသာ ဖြစ်ပါတယ်။

အလားတူပဲ-- မိမိကိုယ်မိမိ ငြိမ်းချမ်းမှု ပီတိဆွတ်ခူးပြီးတဲ့ လူသားဟာ မိမိကိုယ်မိမိ တော်လှန်ပါယ်သတ်နဲ့ နည်းနဲ့ လူမှု ပတ်ဝန်းကျင်ကို ပြုပြင်ရပါမယ်။ ပတ်ဝန်းကျင်က တုန့်ပြန်လာတဲ့ တိုက်ခိုက်မှုအားလုံးကို သည်းခံနိုင်ရမယ်။ လိုအပ်လို့ တိုက်ခိုက်စော်ကားလာသူကို တုန့်ပြန်ရမယ့် အခါမျိုးမှာ- အဲ့ဒီ တိုက်ခိုက်လာသူ တရားရစေအံ့ငှာ- သို့မဟုတ် သူ့ကိုယ်သူ ဆင်ခြင်စေအံ့ငှာ- ဗျူဟာများကို သုံးနိုင်ပေမယ့်၊ နှလုံးသားထဲမှာ ဒေါသဖြစ်ခြင်း၊ ဒေါသခံစားခြင်း၊ အနိုင်လိုချင်ခြင်း၊ သစ္စာ မဲ့သော အကြံအစည်များကို သုံးခြင်းများ ပါယ်သတ်ထားရပါမယ်။ မိမိရဲ့ သစ္စာတရားလမ်းမှာ ဖြစ်တည်တဲ့ အနှောင့်အယှက် များကို ဖယ်ရှားခြင်း ဆိုသည်မှအပ- သူတစ်ပါးအား ဒုက္ခရောက်လေအောင် ကြံဆောင်ခြင်းများ မဖြစ်ဘို့ လိုပါတယ်။

မတော်တဆ သူတစ်ပါးအား ဒုက္ခရောက်စေလောက်အောင် ကြံဆောင်လိုက်တာနဲ့- မိမိရရှိထားတဲ့ အေးငြိမ်းမှုဟာလည်း ရုတ်ချည်း ပျောက်ကွယ်သွားနိုင်တယ်။ မှေးမှိန်သွားနိုင်ပါတယ်။ ကြံစည်ခြင်းတိုင်းဟာ မိမိကိုယ်ပြန်သင့်နေတယ်ဆိုတဲ့ အချက်ကို မေ့ထားလို့ မရပေဘူး။

အေးငြိမ်းမှု ရပြီးသား လူသားဟာ ပတ်ဝန်းကျင်ကို အေးငြိမ်းမှု ဓါတ်မကူးပေးပြန်ရင်လည်း- သူ့တာဝန် မကျေမှု ခံစားမှုက သူ့ကို ပြန်သင့်စေနိုင်သလို- ပတ်ဝန်းကျင်အား အေးငြိမ်းမှု ဓါတ်ကူးပေးပြန်ရင်လည်း တုန့်ပြန်လာမယ့် ပရောဂတွေကို ခုခံ ရင်း မိမိဘက်က အမှားတစ်ခုကို ပြုလုပ်မိလိုက်တာနဲ့ အဲ့ဒီအမှားက ကိုယ့်ကိုပြန်သင့်စေနိုင်တယ်-ဆိုတာ အမြဲ ဆင်ခြင် နေ ရမှာ ဖြစ်တယ်။ အဲ့ဒါကြောင့် မိမိကိုယ်မိမိ အမြဲတော်လှန်နေတဲ့နည်းနဲ့ပဲ ပတ်ဝန်းကျင်ကို ပြုပြင်တဲ့ နည်းကို သုံးရပါမယ်။

ဒီနေရာမှာ- လူအများစုက သူများတွေရဲ့ ဝေဖန်ပြစ်တင်ခြင်းက ကင်းအောင်၊ စာရိတ္တပိုင်းဆိုင်ရာ ပြစ်ချက်ထောက်ပြခံရခြင်း က ကင်းအောင်သာ ကြိုးစားကြတာများပါတယ်။ အစ္စလာမ်က သွန်သင်တာက အဲ့သလို မဟုတ်ပြန်ဘူး။ အများတကာက ဝေဖန်သည် ဖြစ်စေ၊ မဝေဖန်သည် ဖြစ်စေ- အလေးပေးနေဘို့ မလိုဘူး။ မိမိက သူတစ်ပါးအပေါ် မကောင်းကြံခြင်းမှ ရှောင် ကြဉ်ရန်၊ မိမိကြောင့် သူတစ်ပါး ထိခိုက် နစ်နာရမည့် အဖြစ်မျိုးမှ ရှောင်ကြဉ်ရန်ကိုပဲ ဇောင်းပေးသွန်သင်ပါတယ်။

စာရိတ္တဆိုတဲ့ စံက ပတ်ဝန်းကျင်က သတ်မှတ်တဲ့ စံ ဖြစ်တယ်။ မိမိကြောင့် သူတစ်ပါး မထိခိုက် မနစ်စေခြင်း ဆိုတဲ့ စံက ဘာသာတရားက ပြဌာန်းတဲ့ စံ ဖြစ်တယ်။

အဲ့ဒီ စံ နှစ်ခုဟာ အလွန်တရာ ကွာခြားပါတယ်။ ဥပမာ-- ဘာသာတရား ခေါင်းစဉ်အောက်က လူသား တစ်ဦးအနေနဲ့- သူ ဟာ မိရိုးဖလာပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့- ဘုန်းကြီးတစ်ပါး၊ ဘာသာရေးခေါင်းဆောင် တစ်ပါးလို နေထိုင်ကျင့်ကြံ တယ်။ စာရိတ္တအရာမှာလည်း အများအမြင်နဲ့ ကိုက်ညီတယ်။ အပေါ်ယံ ထင်သာ မြင်သာ ရှိတဲ့ လူ့ကျင့်ဝတ်- ဘာသာရေး ခေါင်းဆောင် ကျင့်ဝတ်တွေအားလုံး ကောင်းမွန်တယ်။-စိတ်ဓါတ်ရေးရာ အရလည်း အလွန်ရိုးသားတယ်။ စိတ်ကောင်းရှိ တယ်။-- ဒါပေမယ့် သူကိုယ်တိုင် မရည်ရွယ်ဘဲ ဆရာစဉ်ဆက် အဆိုအမိန့်အတိုင်း ဟောပြောသွန်သင်လာတဲ့ ပုံတိုပတ်စ တွေနဲ့ အခြားသူငါ- တကာ တကာမများကို ဆုံးမသွန်သင်နေတယ်- ဆိုရင်၊ သူ့ရဲ့ဟောပြော သွန်သင်မှုဟာ ယုတ္တိမဲ့ဒဏ္ဍာရီ များ ဖြစ်နေတယ်၊ လူသားအများစုကလည်း ကြားဘူးနားဝ အစဉ်အလာ လက်ခံ ထားပြီးတရားများ ဖြစ်လို့ အဲ့ဒီ ဒဏ္ဍာရီကို ပဲ တရားလို့ မှတ်ယူနေရတယ် ဆိုရင်-၊ သူ့ရဲ့ သွန်သင်ချက်ဟာ နောင်လာမယ့် အနာဂါတ်မျိုးဆက်ကို ထိခိုက်နစ်နာစေနိုင် ပါတယ်။ အဲ့ဒီ တရားတွေကြောင့် နောင်လာမယ့် အနာဂါတ်မျိုးဆက်က မိမိရဲ့ ဘာသာတရား၊ မိမိရဲ့ ဘုရားကိုပါ- ဟုတ်ပဲ ဟုတ်ပါ့မလားလို့-၊ မနောကံက ပြစ်မှားလာနိုင်ပါတယ်။ ဒီလို ပြစ်မှားခံရခြင်းရဲ့ တရားခံက- အဲ့ဒီ ဘာသာရေးခေါင်းဆောင် သို့မဟုတ် ဘုန်းကြီးပဲ ဖြစ်ရပါတော့မယ်။

ဒါကြောင့် ဘာသာရေးက ချမှတ်တဲ့စံမှာ- ယခုဖြစ်စေ၊ နောက်မျိုးဆက်ကို ဖြစ်စေ အစဉ်မှန်နေတဲ့ ယုတ္တိဗေဒကို ပေးနိုင်တဲ့ သူတစ်ပါးအား မထိခိုက်စေခြင်း ဆိုတဲ့ စံပဲ ဖြစ်ပါတယ်။

သူတစ်ပါးအား မထိခိုက်စေခြင်း- ဆိုတဲ့ ပညတ်အောက်မှာ စာရိတ္တဆိုတာ အလိုလို ကောင်းမွန်ပြီးသား ဖြစ်သွားပါတယ်။-ဥ ပမာ- မိမိကြောင့် သူတစ်ပါးရဲ့ သားမယား၊ သာသမီး မထိခိုက်စေရ-လို့ ပြဌာန်းထားသူတစ်ဦးဟာ- ကာမဖေါက်ပြန်မှုဆိုတာ ကင်းသွားပါတယ်။ မိမိကြောင့် သူတစ်ပါးအား အန္တရာယ် မဖြစ်စေရလို့ ပြဌာန်းထားသူ တစ်ဦးဟာ- သူတစ်ပါးအား မကောင်းကြံခြင်း၊ သေကြောင်းကြံခြင်း၊ ထိခိုက်နစ်နာအောင် ကြံစည်ခြင်း အားလုံး ကင်းသွားပါတယ်။ မိမိကြောင့် ပတ်ဝန်း
ကျင်အား အနှောင့်အယှက် မဖြစ်ရလို့ ပြဌာန်းထားရင်- မူးယစ်သေစာ သောက်စား ရမ်းကားခြင်း၊ သူတစ်ပါး စိတ်အနှောင့် အယှက်ဖြစ်အောင် ပြုမူနေထိုင်ခြင်းများ ကင်းသွားပါတယ်။ နောက်ဆုံး သူတစ်ပါးနဲ့ စကားပြောရင်တောင် `ငါ့-ပါးစပ်က ထွက်တဲ့ အနံ့ကောင်းရဲ့လား၊ ငါ-စကားပြောရင် သူတစ်ပါးအတွက် အနှောင့်အယှက် ဖြစ်မလားလို့ သုံးသပ်ပြီး- တစ်ကိုယ် ရည် သန့်ရှင်းမှုကိုပါ- ဂရုစိုက် ဆင်ခြင်လာတော့မှာ ဖြစ်တယ်။--- ဒါတွေအားလုံးဟာ မိမိကိုယ်မိမိ တော်လှန်ခြင်းဖြင့် ပတ် ၀န်းကျင်အား ပြုပြင်ခြင်း ဆိုတဲ့ အစ္စလာမ်က သွန်သင်ထားတဲ့ နည်းတွေ ဖြစ်ပါတယ်။

အဲ့ဒီလို နည်းနဲ့ ပတ်ဝန်းကျင်ကို ပြုပြင်တဲ့ လူသားတွေဟာ- သူတို့ရဲ့ စံချိန်ပြည့်မှီလာလေလေ- သူတို့ကိုယ်သူတို့ စိတ်ဘ၀င် ကျလာလေလေ ဖြစ်ပြီး မိမိကိုယ်မိမိ လူပီသခြင်း ငြိမ်းချမ်းမှု ပီတိကို ပိုလို့ ပိုလို့ ခံစားလာရမှာ- သေချာလှပါတယ်။

(ခ) ပညာရေး

အစ္စလာမ်-သာသနာက- ပညာမှန်သမျှကို အားပေးထားပါတယ်။ ကိုယ်တော်မုဟမ္မဒ်ထံကို သဗ္ဗညုဉာဏ်နဲ့ ကိန်းဝပ်သိမြင်
စေတဲ့ ကျမ်းမြတ်ကုရ်အံ ရဲ့ ပထမဦးဆုံး ဉာဏ်စဉ်အသိမှာပဲ အိကိကိက်က်က်ကရ ဖတ်လော-့ --၊------------ လူသားအား ကလောင်တံဖြင့် သင်ကြားပေး၏၊ သူ့အား မသိခဲ့ရာမှ- သိလာစေရန် သင်ကြားပေး၏။- (၉၆း၁--၅) လို့ စတင် မိန့်ညွှန်ပါ တယ်။ ပညာသင်ခြင်းကြောင့်၊ ပညာဆည်းပူးခြင်းကြောင့် လူသားဟာ ငြိမ်းချမ်းမှုနဲ့ ကင်းကာသွားလိမ့်မယ်လို့ အစ္စလာမ်က လုံးဝ ပြောမထားပါ။ တနည်းအားဖြင့် ပညာဆိုတာ- လောကီအတွက် ဖြစ်တယ်၊ အကျင့်စရဏ သည်သာ လောကုတ္တရာ အတွက် ဖြစ်တယ်၊ နာမ်ခန္ဓာအတွက်ဖြစ်တယ်၊ ဉာဏ်စဉ်ရင့်ကျက်ရာ ခရီးအစ ဖြစ်တယ်လို့ လုံးဝ ပြောထားခြင်း မရှိပါ။

အစ္စလာမ့် ၀ိပဿနာခေါ် အစ္စလာမ်က ပြညွှန်တဲ့ ငြိမ်းချမ်းမှုဆီသို့ ခရီးမှာ ခရီးသည်ကောင်း တစ်ဦးဖြစ်ဘို့ ယုတ္တိဗေဒ စံကို ပဲ စွဲကိုင်ခိုင်းပါတယ်။ ဘယ်ပညာကို သင်ယူဆည်းပူးသည် ဖြစ်စေ၊ ဘယ်ခရီးကို သွားလာသည် ဖြစ်စေ၊ ဘယ်အလုပ်ကို လုပ်ကိုင်သည် ဖြစ်စေ လောကယုတ္တိဗေဒ စံနဲ့ တိုင်းတာတတ်နေရင်- သူဟာ သောတာပန် အဆင့်ကို ရောက်နေပါပြီ။ သူ့ ဆီသို့ ယုတ္တိဗေဒမဲ့ ကောလဟသများ၊ ဒဏ္ဍာရီများ ပြေးဝင်ဆည်းကပ်လို့ မရနိုင်တော့ဘူး မဟုတ်လား။ ပညာကို ဆည်းပူး လေလေ အသိဗဟုသုတ တိုးလေလေ-ဖြစ်တယ်ဆိုတဲ့ အချက်ကို ခံယူထားရပါမယ်။

အဲ့ဒီသင်ယူတဲ့ ပညာများမှာ- ယုတ္တိဗေဒကင်းမဲ့သော အရာများ ပါလာရင်- အဲ့ဒီအချက်တွေကို ရန်လိုစွာ တုန့်ပြန်ခြင်းထက် မိမိလက်ကိုင်ထားတဲ့ ယုတ္တိဗေဒ စံချိန်အား အရည်အသွေးပြောင်စေရန် `သွေး´ရမည့် အတိုက်အခံ ဖြစ်တယ်လို့ ခံယူရပါ မယ်။ အရည်အချင်းဆိုတာ `သွေး´လေ စံချိန်မြင့်လေပဲ။ အစ္စလာမ်က ညွှန်ပြရာမှာ- ပညာသင်ရင်းလည်း ရဟန္တာ (၀လီ) ဖြစ်သွားနိုင်ပါတယ်။ ပညာကို ရနိုင်သမျှ သင်ယူပါ။ ဒါပေမယ့်- စာပေတစ်ခုတည်းသာ ပညာဖြစ်တယ်လို့ ကျဉ်းမြောင်းစွာ မမှတ်ယူမိဘို့လိုပါတယ်။ နှီးဖြာတာ၊ သက်ကယ်မိုး၊ ကွန်ပစ်၊ ငါးမြှား၊ လယ်ထွန်၊ ကိုင်းလုပ် တာတွေက အစ နေရာတိုင်းမှာ အထာနဲ့ ပညာဆိုတာ ရှိနေပါတယ်။ ဘယ်အရာကိုမှ အထင်မသေးမိဘို့နဲ့ ပညာဟာ နေရာတိုင်းမှာ ရှိနေတယ်ဆိုတဲ့ အသိ ကို မမေ့ဘို့ အရေးကြီးပါတယ်။ သူ့အရာနဲ့သူ အသုံးဝင်တာချည်းပါပဲ။

မြန်မာနိုင်ငံ ကျေးလက်ဒေသက ကလေးတစ်ဦးအတွက် ထင်းနဲ့ `မီးမွှေး´ရတာ မခက်ပေမယ့်။ အမေရိကန်က ကလေး တစ်ယောက်အတွက် `မီးမွှေး´ရတာ ဧရာမ အခက်အခဲကြီး တစ်ခု ဖြစ်နေပါတယ်။ သူတို့ဘ၀မှာ- အိမ်မှာ ရှိတဲ့ နံရံက အပေါက်ကလေး ၂ ပေါက် (တစ်ချို့ ၃ ပေါက်)ကို ၀ိုင်ယာကြိုးနဲ့ ထိုးထည့်လိုက်ရင် ထမင်း ကျက်လာမယ်လို့ပဲ ယုံကြည် ထားပါတယ်။ ရေတွင်းဆိုတာလည်း မမြင်ဘူးဘူး၊ ရေခပ်ရမှာလည်း မသိဘူး။ အားလုံးက အိမ်နံရံက အပေါက်ထဲမှာ အဆင်သင့်ရှိနေတယ်။ ဒီတော့ ဆိုလိုတာက နေရာတိုင်း- ကိစ္စတိုင်းမှာ ပညာ-ဆိုတာ ရှိနေတာပါပဲ။ အာရ်ဗီစာ၊ အင်္ဂလိပ် စာ၊ ပါဠိစာ တစ်ခုတည်းသည်သာ ပညာရေး မဟုတ်သလို- လမ်းဘ၀လမ်းညွှန် နီတိများလည်း မဟုတ်ပါဘူး။ လူ့ ပတ်ဝန်း ကျင်ကြီး တစ်ခုလုံးမှာ မြင်တွေ့သမျှတွေဟာ ပညာရေး ဖြစ်သလို- စနစ်တကျ ယုတ္တိဗေဒကျစွာ စီစစ်သုံးသပ်တတ်ရင်- လမ်းညွှန်နီတိတွေ ဖြစ်နေပါတယ်။--

(ဂ) စီးပွားရေး

လူနဲ့ ငွေ ဆိုတာ ကားတစ်စီးနဲ့ ဓါတ်ဆီလို ဖြစ်တယ်။ ဓါတ်ဆီ သို့မဟုတ် လောင်စာ မထည့်ပဲ မောင်းလို့ ရတဲ့ ကားရယ်လို့ မရှိဘူး။ အလားတူပဲ ငွေ သို့မဟုတ် လူ့လောက ပတ်ဝန်ကျင် စီးကြောင်းလည်ပတ်စေသော အရာ မရှိဘဲ ရပ်တည်လို့ ရတဲ့ သက်ရှိ လူသားရယ်လို့ မရှိဘူး။ သက်မဲ့ လူသား (ကျောက်ရုပ်) တောင်မှ ငွေနဲ့ ဖန်တီးတဲ့ အလှဆေးမှင်တွေ လိမ်းကျံမှ အ ရောင် ပိုထွက်လာတယ် ဆိုတာ- ငြင်းဆန်လို့ မရကောင်းဘူး။

ငွေကို လောကီရမက် ဖြစ်တယ်လို့ စွပ်စွဲ ပုတ်ခတ်ခြင်းလည်း အကုသိုလ်ထဲမှာ အကြုံးဝင်နေတယ်။ ငွေဖြစ်စေ၊ ရွှေဖြစ်စေ၊ ဥစ္စာစည်းပွား ဖြစ်စေ လောကီရမက်တွေ မဟုတ်ဘူး။ အဲ့ဒီ ဥစ္စာစ္စည်းများပေါ်မှာ မတော်လောဘ တက်ခြင်း ဆိုတဲ့ စိတ် သည်သာ အကုသိုလ် ဖြစ်တယ်။

အစ္စလာမ်က ပြဌာန်းတဲ့ သီအိုရီမှာ ငွေ သို့မဟုတ် ဥစ္စာ စီးပွားကို ရှာကြံခြင်း၊ တင့်တယ်လှပအောင် ပြင်ဆင်ခြင်း၊ ပညာ တတ်အောင် လေ့ကျင့်သင်ယူခြင်း စသည်တို့ဟာ အကုသိုလ်များ မဟုတ်ဘူး။ အကုသိုလ် မှုကို မကျူးလွန်ခြင်း ဖြစ်တဲ့အ တွက် ငြိမ်းချမ်းမှု ရရှိနိုင်ခြင်း ခရီးကို ထိခိုက်စေမှု မရှိဘူး။

တနည်းအားဖြင့် ငြိမ်းချမ်းမှု ရရှိနိုင်ဘို့ အတွက် လောကီ သို့မဟုတ် ပတ်ဝန်းကျင်မှာ ရှိသမျှကို စွန့်ပစ်ရမယ်လို့ မဆိုဘူး၊ တ ကယ်လို့ လောကီ သို့မဟုတ် ပတ်ဝန်းကျင်ကို စွန့်ပစ်နေရမယ် ဆိုရင်- အဲ့ဒီ စွန့်ပစ်ရခြင်း ဒုက္ခ၊ သောက တွေက စွန့်ပစ်သူ ကို အချိန်မရွေး ပြန်လည် ဖိစီးနိုင်တယ်။ အဲ့ဒီလို ဖိစီးလာရင် မိမိသွားလိုတဲ့ ငြိမ်းချမ်းရေး ခရီးမှာ ခလုတ်ကသင်းကြီး ဖြစ် သွားနိုင်တယ်။ အဲ့ဒါ အရေးကြီးတဲ့ အချက်ပဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ခရီးကို သွားတဲ့ ခရီးသည်တွေထဲမှာ ကြားဘူးနားဝ ရေလိုက်လွဲပြီး ရူးတယ်။ ယောင်တယ်။ လွတ်ထွက်သွားတယ် ဆိုတာတွေကို မကြာခဏ တွေ့မြင်နေရတော့တယ်။

ငြိမ်းချမ်းမှုဟာ လောကီရဲ့ အပြင်မှာ မရှိဘူး။ လောကီထဲမှာပဲ ရှိနေတယ်။ လောကီ အပူတွေကို ဘေးဖယ်ထားနိုင်ရင် လော ကီ အေးငြိမ်းမှုဟာ အဲ့ဒီနေရာပဲ ရှိနေတယ်ဆိုတာ စွဲမြဲစွာ မှတ်ယူဘို့ လိုတယ်။ လူတစ်ယောက်ဟာ နေ့ရဲ့ အလင်းရောင်ကို ရဘို့ နေသွားလမ်းကြောင်းအတိုင်း လိုက်ပြီး လမ်းလျှောက်နေဘို့ မလိုဘူး။ သူ့နေရာမှာပဲ နေလိုက်ပါ။ ညအမှောင် ပျောက် သွားရင် အဲ့ဒီနေရာကို နေ့အလင်းရောင် ရောက်ကိုရောက်လာမှာပဲ။ ဒီနေရာမှာ အဓိက တင်ပြလိုတာက- ငွေကြေးယန္တရား နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စီးပွားရေးနဲ့- စီးပွားရေးလုပ်ဆောင်ရင်း လူတစ်ဦးရဲ့ တစ်သီးပုဂ္ဂလ ငြိမ်းချမ်းမှုကို ဘယ်လို ရရှိနိုင်မလဲ ဆိုတာပဲ။

အစ္စလာမ့် သီအိုရီမှာ ငြိမ်းချမ်းမှု နောက်ဆီသို့ လူသားက လိုက်ရှာနေစရန် မလို။ ငြိမ်းချမ်းမှုဟာ မြို့ပတ်ရထားလို လူသား တည်း ဟူသော မှတ်တိုင်ဆီသို့ အစဉ်အမြဲ ဆိုက်ရောက်လာနေသော အရာတစ်ခုသာ ဖြစ်တယ်။ လူသားကသာ မိမိ ဆီကို ဆိုက်ရောက်လာလေ့ ရှိတဲ့ ငြိမ်းချမ်းမှု ရထားကြီးကို မိမိရှိနေတဲ့နေရာ ပညာရှာသူက ပညာရေးမှတ်တိုင်၊ စီးပွား လုပ်ဆောင်နေသူက စီးပွားရေးမှတ်တိုင်၊ နိုင်ငံရေး သယ်ပိုးနေသူက နိုင်ငံရေးမှတ်တိုင် စတဲ့ မှတ်တိုင် အသီးသီးက-တက် စီး လိုက်ဘို့ပဲ လိုအပ်ပါတယ်။ ဘယ်မှတ်တိုင်က စီးစီး အခြေခံယုတ္တိဗေဒကို ပိုင်ဆိုင်ထားမှ - မိမိဆီကို ဆိုက်ရောက်လာနေ တဲ့ အရာပေါင်းများစွာ အထဲမှ အစစ်အမှန် ငြိမ်းချမ်းမှု- ဆိုတဲ့ အရာ (ငြိမ်းချမ်းမှု ဆိုတဲ့ ယဉ်ရထား) ကို သိမြင်နိုင်မှာ ဖြစ် တယ်။ သတိထားရမယ့် အချက်က မိမိရပ်တည်နေတဲ့ ပတ်ဝန်းကျင်ဟာ ကျယ်ပြောလေလေ- ပတ်ဝန်းကျင် မာယာတွေ များလေလေ ဆိုတဲ့ အချက်ပါပဲ။

အဲ့ဒီ ပတ်ဝန်းကျင် မာယာတွေကြားထဲမှာ အခြေခံ ယုတ္တိဗေဒကို စွဲစွဲမြဲမြဲ စွဲကိုင်ပြီး- ပါးပါးနပ်နပ်ကျော်ဖြတ်နိုင်ဘို့တော့ လို တယ်။ ဒီလို ပါးနပ်နည်းတွေကို လူတစ်ဦးချင်းမှာ ရှိပြီးသား အတွေ့အကြုံပေါင်းများစွာက သွန်သင်ပေးသွားပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး နည်းဗျူဟာ တူညီနိုင်မှာ မဟုတ်ဘူး။

စီးပွားရေး လောကက လူသားတစ်ဦးဟာ- ဓါတ်ဆီပမာဏပေါင်း များစွာ သို့မဟုတ် လောင်စာဆီပေါင်း များစွာကို သယ်ပိုး ပြီး လောင်စာဆီတင် ယဉ်တစ်စီးနဲ့ တူတယ်။ သူ့ကျောပေါ်မှာ လောင်စာဆီ ဂါလံပေါင်းများစွာကို တင်ထားပေမယ့်၊ သူ့ ရဲ့ လည်ပတ်မှုအတွက် အဲ့ဒီကျောပေါ်က ဂါလံပေါင်းများစွာဟာ အသုံးမ၀င်ဘူး၊ သူ့ရင်ထဲမှာ ထည့်ထားတဲ့ လောင်စာဆီသို လှောင်တဲ့ ကန် ကလေး တစ်ခုပဲ ပြည့်နေဘို့ လိုတယ်ဆိုတဲ့ အချက်ကို မေ့ထားလို့ မရဘူး။ အကုသိုလ် ဖြစ်တဲ့ လောဘ စိတ်တက်ပြီး ကျောပေါ်က လောင်စာဆီအားလုံးကို သူ့အင်ဂျင်အတွက် ပတ်သက်မိရင်- အင်ဂျင် ပျက်စီးသွားနိုင်သလို၊ အခန့်မသင့်ရင် မီးလောင်ပေါက်ကွဲသွားနိုင်တယ် ဆိုတဲ့ အခြေခံအချက်ကို မေ့မသွားဘို့ လိုပါတယ်။

လူသားတစ်ဦးဟာ- စီးပွားဥစ္စာပေါင်း ဘယ်လောက် ပိုင်ဆိုင်ပါစေ- လောကမှာ လူသားတစ်ဦးအတွက် သတ်မှတ်ထားတဲ့ စံချိန်ထက် ပိုမိုပြီး သုံးစွဲနိုင်အား မရှိဘူး။ တနည်းအားဖြင့် နှစ်ကိုယ် မခွဲနိုင်ဘူး။ သုံးကိုယ်မခွဲနိုင်ဘူး။ တစ်ပြိုင်နက်တည်း အရသာ သုံးလေးမျိုးကို မခံစားနိုင်ဘူး- ဆိုတာ။ သတိရှိစေဘို့ ဖြစ်တယ်။

လောဘ-

စီးပွားရေး လုပ်သူတွေဟာ ပိုမို ရလိုစိတ် လောဘတွေ ဖြစ်လာတတ်ပါတယ်။ လောဘကို အစ္စလာမ်က မသတ်ခိုင်းဘူး၊ မပါယ်ခိုင်းဘူး။ လောကကို အတ္တ မဖုံးဘို့သဲ သွန်သင်ပါတယ်။ လောဘာကို ပါယ်သတ်နေရင်- အဲ့ဒီ ပါယ်သတ်တာဟာ ဒုက္ခပဲ လောက များများ ပါယ်သတ်လေ ဒုက္ခ ကို များများ ဖိတ်ခေါ်လေပဲ။ ဒုက္ခ များများ ဖိစီးခံရရင်- သူ့အတွက် ငြိမ်းချမ်းမှု ရဲ့ ရသနဲ့ ဝေးကွာသွားနိုင်တယ်။ ဒုက္ခ ဖိစီးခံရဖန် များသူဟာ- စိတ်တိုတတ်တယ်။ သည်းခံနိုင်မှု အားနည်းလာတယ်။ နောက်ဆုံး ထိမ်းမနိုင် သိမ်းမရ ပေါက်ကွဲသွားနိုင်တယ်။ ဒါကြောင့် လေဘ ကို ပါယ်သတ်ခြင်း အလုပ်ကို မလုပ်ပါနဲ့။ လော ဘကို အတ္တ မဖုံးဘို့ပဲ ဆင်ခြင်ပါ။ လောဘကို အတ္တလွှမ်းမိုးသွားရင် မောဟာ (ဇွာလင်) ဖြစ်သွားတယ်။

လူတစ်ယောက်ဟာ (အတ)္တ ငါ့ဘို့ ငါ့ဘို့ချည်း လောဘ ဖြစ်နေရင် အဲ့ဒီ လောဘကို အင်မတန် ဆင်းရဲတဲ့ လောဘလို့ ဆို တယ်။ လောဘ ဆင်းရဲလေ- ငြိမ်းချမ်းမှုနဲ့ ဝေးလေပဲ။ သူ့အတွက် လောကီ အရသာကိုတော့ သူ့ ဥစ္စာပစ္စည်းနဲ့ ၀ယ်ယူလို့ ရ ကောင်း ရနိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းမှု ဆိုတာတော့ နှလုံးသားထဲမှာ ဖြစ်တည်မလာနိုင်ဘူး။

လူတစ်ဦးအား မိမိကိုယ်မိမိတော်လှန်ခြင်းဖြင့် ပတ်ဝန်းကျင်ကို ပြုပြင်ခြင်း လောဘ သို့မဟုတ် ကြီးမားတဲ့ လောဘ ကို ထားတတ်ဘို့ အရေးကြီးပါတယ်။ တနည်းအားဖြင့် လောက ကို ပရ ဖြင့် မွမ်းမံလိုက်ပါ။ မိမိအတွက် ဘယ်လောက်လိုမလဲ ဆိုတာကို ပိုင်းဖြတ်လိုက်ပါ။ ဓါတ်ဆီတင်ကားတစ်စီးလိုပဲ- မိမိသွားလိုတဲ့ ခရီးအတွက် ဘယ်လောက်လိုမလဲ- လိုသ လောက် ဓါတ်ဆီဖြည့်လိုက်ပါ။ ကျန်တဲ့ ဓါတ်ဆီတွေကို- အခြားသူများ အတွက် စနစ်တစ်ကျ ဖြန့်ဝေပေးလိုက်ပါ။ တနည်း အားဖြင့် ငါနဲ့ ငါပတ်ဝန်းကျင် တစ်သားတည်းဖြစ်အောင် လောဘကို ဆန့်ထုတ်လိုက်ပါ။ အဲ့ဒီလို ဆန့်ထုတ်နိုင်လေလေ- ပီတိတိုးလေလေ ဆိုတာကို တွေ့လာရလိမ့်မယ်။ ပီတိတိုးလာလေလေ ငြိမ်းချမ်းမှု အပင်လေးဟာ ကြီးဖံွ့လေလေပဲ ဆိုတာ ကို တွေ့ကိုတွေ့လာရလိမ့်မယ်။ ကိုယ်ပြုစုတဲ့ ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် ခလုတ်ကသင်း မဖြစ်ရလေအောင်- အဲ့ဒီ ပတ်ဝန်းကျင်ကြီးကိုလည်း ယုတ္တိဗေဒကို ချစ်ခင်မြတ်နိုးတတ်တဲ့ အလေ့အကျင့်ကိုလည်း ပေးသွားရမှာ ဖြစ်တယ်။ ဒါမှ စနစ်တကျ ဖြန့်ဝေပေးခြင်း မည်ပါတယ်။

လူလူချင်း ကူညီထောက်ပံ့တာမှာ ဘာသာရေးခေါင်းစဉ်၊ လူမျိုးနွယ်၊ အဆင့်အတန်း၊ ကျား၊ မ၊ မိန်းမရှာ၊ ယောကျားရှာ၊ အသားအရောင်ကို ကြည့်နေဘို့ မလိုဘူး။ အယူအဆ- အယူဝါဒ- အတွေးအခေါ်၊ အသားအရောင် ကျား၊မ ဆိုတာ ညှိယူ နိုင်တဲ့ အရာ မဟုတ်ဘူး။ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဘို့ ကြိုးစားနေလို့ မရဘူး။- ဒါပေမယ့်- အခြေခံ ယုတ္တိဗေဒ ဆို တာကို လက်ခံတတ်ဘို့၊ ခံယူတတ်ဘို့၊ ခံယူရဲဘို့ပဲ အားပေးသွန်သင် ပြသပေးနိုင်ရမယ်။

အခြေခံ ယုတ္တိဗေဒကို လက်ကိုင်ထားသော်လည်း လူတစ်ဦးနဲ့ တစ်ဦး ပတ်ဝန်းကျင်- ဘ၀အတွေ့အကြုံအရ အတွေးအခေါ် ကွဲပြားနိုင်တယ် ဆိုတာကိုလည်း ကိုယ်တိုင် လက်ခံယုံကြည်ထားဘို့ လိုတယ်။ အားလုံးလူဟာ မိမိနဲ့ တစ်ထပ်တည်း အတူ ဖြစ်ရမယ်လို့ ဘယ်လိုမှ သတ်မှတ်လို့ မရတဲ့ နိယာမကို နားလည်ထားဘို့ လိုပါတယ်။

မိမိရဲ့ ဥစ္စာပစ္စည်းနဲ့ အခြားသူများကို ဖြန့်ဝေ ပေးလိုက်ရလို့- အခြားသူများသည် မိမိကဲ့သို့ ဖြစ်စေရမည်လို့ သတ်မှတ်မိရင် အဲ့ဒီလူဟာ အတ္တ၀ါဒီသာ ဖြစ်တယ်။ အဲ့ဒီလူအတွက်လည်း ငြိမ်းချမ်းမှုက အဖေါ်မဟုတ်သေးဘူး။ သူ့မှာ သူ့ကူညီမှုအတွက် ကူညီခံရသူသည် သူ့လူဖြစ်စေရမည် ဆိုတဲ့ ရည်ရွယ်ချက်ပါနေတယ်။ သူ့ရည်ရွယ်ချက် အတိုင်း ဖြစ်မလာရင်- သူ့ ကူညီမှု ဟာ သူ့ကိုယ် သောက ဖြစ်စေနိုင်တယ်။ ဒါကိုလည်း ဆင်ခြင်ရပါမယ်။

စီးပွားရေး လုပ်တာမှာ လောဘ (ရယူလိုစိတ်) ရယ်၊ ပရ (အများအကျိုး) ရယ်- နှစ်မျိုးပေါင်းစပ်ခြင်းဖြင့် ဘ၀ ခရီးကို သွား နိုင်အောင် ကြိုးစားရမှာ ဖြစ်တယ်။ မိမိကိုယ်မိမိ လိုအပ်တယ်လို့ မြင်ခြင်း အတ္တတွင်းကိုတော့ တိမ်နိုင်သမျှ တိမ်အောင် ထားဘို့ လိုပါတယ်။ အတ္တတွင်း နစ်နေရင်တော့- အဲ့ဒီ အတ္တ တွင်းထဲကို ဖြည့်လို့ မလောက်နိုင်ဘဲ- ပရ ဆိုတာ နှတ်ဖျား လေးမှာပဲ- ရှိနေတော့မှာပါ။ ဒီလို-ဆိုရင်တော့ စီးပွားရေး လုပ်ဆောင်နေရင် ငြိမ်းချမ်းမှုအား လိုချင်တယ်ဆိုတယ် ရည်မှန်း ချက်ဟာ စိတ်ကူးယဉ် သက်သက်ပဲ ဖြစ်လာတော့မှာ သေချာတယ်။ သူ့အတွက် သောက တွေသာ အပိုဆုအဖြစ် ထပ်ဆင့် ထပ်ဆင့် ရလာတော့မှာပါ။

နိုင်ငံရေး၊ နိုင်ငံတော်အား ပံ့ပိုးတည်ဆောက်ရေး

“လူ” ဟာ မိမိကိုယ် မိမိ ငြိမ်းချမ်းမှုကို ကိန်းဆိုက်ဘို့ရာ၊ မိမိကိုယ်မိမိ ဆိုတဲ့ အတ္တကို ပါယ်သတ်နိုင်ရပါမယ်။ မိမိကိုယ်မိမိ တစ်ကိုယ်တော် တော်လှန်နေတဲ့ လူတစ်ဦးအတွက် အစိုးရနဲ့ အစိုးရ ဥပဒေတွေ ဆိုတာ မလိုအပ်ဘူး။ အကုသိုလ်မှု မပြု ကျင့်ဘူး၊ လူတွေအပေါ်မှာ မေတ္တာမမဲ့ဘူး၊ ဘယ်အရာကိုမှ ရန်လိုတဲ့ အမြင်နဲ့ မမြင်ဘူး၊ ဆိုတဲ့ လူသားတစ်ဦးအတွက် ဘယ်အစိုးရမျိုးက ချမှတ်တဲ့ ဥပဒေနဲ့ မဆို သူဟာ ကိုက်ညီနေပါတယ်။ ဒါကြောင့် သူ့အတွက် အစိုးရက ချမှတ်ပေးတဲ့ ဥပဒေရယ်လို့ သီးခြား မလိုအပ်တော့ပါ။ သူကလည်း ဘယ် အစိုးရကိုမှ ကြောက်နေစရာ မလိုပါ။ သူ့မှာ ဘာအပြစ် ဒုစရိုက် မျိုး မှ မရှိဘဲ ဘယ်အစိုးရကမှ အရေးယူလို့ မရ နိုင်ကောင်းပါ။

ဒါပေမယ့် လူဟာ လူ့အသိုင်းအ၀ိုင်းနဲ့ ရပ်တည်ရတဲ့ သတ္တ၀ါဖြစ်လို့- ကိုယ်တစ်ဦးတည်းက ဘယ်လောက် ကောင်းနေနေ ရံ ဖန်ရံခါမှာ ပတ်ဝန်းကျင်ထုထံ ကျသင့်တဲ့ ဒဏ်များက မိမိကိုယ်လည်း ထိသက်နိုင်ပါတယ်။ ဒါကြောင့် ကုရ်အံကျမ်းတော်က “သင်တို့အနက် အမိုက်ကောင်များ အတွက်သာ သီးသန့်ကျရောက်မည်မဟုတ်သော ဆိုးကျိုးဆက်မှ-စည်းစောင့်ကြလော့၊” (၈း၂၅) လို့ သတိပေးထားပါတယ်။ ဆိုလိုတာက အမိုက်ကောင်များ အတွက်သာ သီးသန့်ရွေးချယ်ကျရောက်မည် မဟုတ် သော ဆိုးကျိုးဆက်များမှ ကင်းရှင်းသန့်စင်အောင် မိမိဘက်မှ စည်းစောင့်လျှက် သိက္ခာမြဲရမယ်၊ ကိုယ်ကျင့်တရား ကောင်း ရမယ်၊ မိမိရဲ့ ပတ်ဝန်းကျင်ကို လည်း ပြုပြင်စောင့်ရှောက်ရပါမယ်။

ဒီနိယာမက ဘာကို ထောက်သလဲ ဆိုရင်- လူသားအတွက် ဆိုးကျိုးဆက် ဖြစ်ပေါ်နိုင်စရာ နှစ်မျိုးရှိတယ်။

(၁) မိမိကိုယ်မိမိ မဆင်မခြင်၊ စည်းစောင့်ခြင်းမရှိ၊ အမိုက်စိတ်ကို လွှတ်ထားပြီး အကုသိုလ်ပေါင်းများစွာကို လွတ်လပ်စွာ ကျင့်ကြံနေတဲ့အတွက် ခံစားရမယ့် မိမိနဲ့သာ သက်ဆိုင်တဲ့ ဆိုးကျိုးဆက်၊ (၂) မိမိက ဆင်ခြင်ပါလျှက်၊ စည်းစောင့်ပါလျှက်၊ ကောင်းမွန်စွာနေထိုင် ကျင့်ကြံနေပါလျှက်- ပတ်ဝန်းကျင်ထိ ကိုယ်လည်းငြိသလို ခံရမယ့် ဆိုးကျိုး ဆက်ရယ်လို့ ဖြစ်ပါ တယ်။

ဒါကြောင့် အစ္စလာမ်သာသနာက လူတစ်ဦးဟာ မိမိတစ်ဦးကောင်း ဖြစ်နေယုံနဲ့ ဆိုးကျိုးဆက်ခေါ် ငရဲက ကွင်းလုံးကျွတ် မလွတ်နိုင်သေးဘူး။ အကယ်၍ လူတစ်ဦးဟာ မည်မျှပင် ကောင်းမွန်နေပါစေ- သူဟာ သူ့ပတ်ဝန်းကျင်၊ သူ့လူ့ဘောင် အသိုင်းအ၀ိုင်း၊ သူ့ရပ်ရွာ၊ သူ့တိုင်းပြည်၊ သူ့နိုင်ငံကို ကောင်းမွန်တိုးတက် စိုပြေလာအောင် တတ်အားသ၍ မသယ်ပိုးခဲ့ရင်- အဲ့ဒီ မသယ်ပိုးပေးမှု သို့မဟုတ် လူနဲ့ လူ့ပတ်ကျင်အပေါ် တာဝန်ပျက်ကွက်မှုအတွက် ပေးဆပ်ရဦးမှာ ဖြစ်တယ်လို့- ထောက်ပြထားပါတယ်။
လူ့ဘောင် လူ့ပတ်ဝန်းကျင်နဲ့ တစ်ခုတည်းသော ဥပဒေ အရိပ်အောက်မှာ ဖွဲ့စည်းထားတဲ့ ဒေသ (နိုင်ငံ) ကို သယ်ပိုး ၀န်ဆောင်မယ့် လူတစ်ဦးဟာ မိမိအတ္တကို မိမိ အရင်အဦး နိုင်နင်းအောင် ပြုပြင်ထားရမယ်လို့ ရှေးဦးပထမခေါင်းစဉ်တွေမှာ တင်ပြပြီး ဖြစ်ပါတယ်။

မိမိ ဆိုတဲ့ အတ္တကို ပါယ်သတ်ပြီး လူ့ဘောင်အတွက် တိုင်း၊ နိုင်ငံ နယ်နမိတ် အတွက် သယ်ပိုးဆောင်ရွက်ပေးခြင်း ဆိုတာဟာလည်း အမှန်တကယ်မှာ ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှု တစ်ရပ်သာ ဖြစ်ပါတယ်။

နိုင်ငံရေးသယ်ပိုးမှုများ

နိုင်ငံရေးသယ်ပိုးမှုများ ဆိုတာမှာ အလွန် ကျယ်ပြန့်လာပါတယ်။ ဒီဆောင်ရွက်မှုများမှာ မိမိကိုယ်တိုင်က မိမိအတွက် မက်မောတတ်တဲ့ အာဏာယဇ်မူးခြင်း၊ ကိုယ်ရေးကိုယ်တာ ဖက်တွယ်ခြင်းများ မကုန်ခမ်းသ၍ သယ်ပိုး ဆောင်ရွက်နိုင်တဲ့ ကိစ္စရပ် မဟုတ်ပါ။ တနည်းအားဖြင့် မိမိက သိုင်းပညာကို မတတ်မြောက်မပြည့်စုံဘဲ- သူ တစ်ပါးအား သိုင်းပညာ ဆက်သင်ပေးလို့ မဖြစ်နိုင်ပါ။ တစ်ကိုယ်ရည် ကိုယ်လုံနေသူ တစ်ဦးအတွက် နံပါတ်တစ် မိမိသည် ဘယ်နိုင်ငံသားလဲ၊ မိမိ က ဘယ်နိုင်ငံအတွက် အကျိုးသယ်ပိုးပေးရမလဲ- ဆိုတာကို အစ္စလာမ် သာသနာရှုဒေါင့်က ပြန်လည် သုံးသပ်နိုင်ရပါမယ်။

အစ္စလာမ် သာသနာ ရှုဒေါင့်လို့ ပြောရခြင်းက လူမျိုးကို အခြေမခံလို့ပါ။ ဥပမာ အားဖြင့် အာရဗ်ဖြစ်လို့ အာရဗ်နိုင်ငံသား ဖြစ်ရမယ်။ အင်္ဂလိပ်ဖြစ်လို့ အင်္ဂလိပ်နိုင်ငံသား ဖြစ်ရမယ်၊ ဗမာဖြစ်လို့ ဗမာနိုင်ငံသား ဖြစ်ရမယ်-ဆိုတာတွေက လူမျိုးကို အ ခြေခံပြီး အဖြေထုတ်ယူမှုသာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဖြစ်ပေမယ့် အမေရိကန်နိုင်ငံသားတွေ မြောက်များစွာ ရှိသလို၊ ဗမာ၊ ကရင်၊ မွန်၊ ရခိုင် ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၊ အိန္ဒိယနိုင်ငံသားများ၊ ထိုင်းနိုင်ငံသားများ၊ မလေးရှား နိုင်ငံသား များ၊ အမေရိကန်နိုင်ငံသားများ၊ အင်္ဂလန်၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ကနေဒါ၊ နယူးဇီလန်၊ သြစတေးလျှ နိုင်ငံသားများ ဖြစ်နေတာတွေလည်း အများကြီးပါ။ ဒါကြောင့် အစ္စလာမ်က ပြောဆိုတဲ့ နိုင်ငံသား ဆိုတာ- မွေးရာဇာတိနဲ့ လူမျိုးကို အခြေ မခံပါ။

မိမိဟာ ဘယ်အရပ်မှာ နေထိုင်သလ၊ဲ အ့ဒဲီ နေထိုင်ရာ အရပ်ကို မိမိရဲ့ အရပ်၊ မိမိရဲ့ဒေသ၊ မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိရဲ့ နိုင်ငံရယ်လို့ ခံစားရပါမယ်။ တစ်ဆက်တည်းမှာပဲ-- အဲ့ဒီ ပါတ်ဝန်းကျင်၊ ရပ်ရွာ၊ နိုင်ငံအတွက် သယ်ပိုးရပါမယ်။ ဘယ်သူက မိမိကိုယ် အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည် ဖြစ်စေ- မိမိဘက်က မိမိတတ်အားသ၍ သယ်ပိုးနေရမှာ ဖြစ်တယ်။ ဥပမာ အားဖြင့် မိမိက ဆေးပညာကို ကျွမ်းကျင်တဲ့ ဆရာဝန် တစ်ဦးဖြစ်တယ် ဆိုပါတော့-၊ ပြီးတော့ စေတနာ မေတ္တာထားပြီး ပတ် ၀န်းကျင်လူသားများကို ဆေးကုပေးနေသူတစ်ဦး ဖြစ်လာတယ် ဆိုရင် ပတ်ဝန်းကျင်က မိမိကို ကုလားကြီး တစ်ဦးဖြစ်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ဆေးလာမကုဘဲ နေမှာ မဟုတ်ဘူး။ ကျမ္မာရေး အတွက် အားမကိုးဘဲ နေမှာ မဟုတ်ဘူး။ အကယ်၍ မိမိက အတ္တကြီးပြီး မိမိလောဘ အတွက်ပဲ ဆေးကုပေးနေပြီး၊ စေတနာ မေတ္တာကင်းမဲ့သူ တစ်ဦး ဖြစ်နေရင်-မိမိ ဟာ လူတြွေမင်နေတဲ့ သူတို့ လူမျိုးတူ ဖြစ်ပါစေ-၊ မိမိဆီမှာ ဆည်းကပ်ဆေးကုရမှာကို ၀န်လေးနေပါလိမ့်မယ်-၊ အားကိုး အားထားစိတ်လည်း ယုတ်လျှော့လာပါလိမ့်မယ်။

အလားတူပဲ၊ ကိစ္စရပ်တစ်ခုချင်းစီက ဘယ်အရေးအရာမှာ မဆို မိမိဟာ ကိုယ်တိုင်ကျွမ်းကျင်လိမ္မာပြီး စေတနာလည်း တစ် ကယ် ဖြူစင်နေတယ် ဆိုရင်-၊ အဲ့ဒီ အရေးအရာမှာ ပတ်ဝန်းကျင်၊ ရပ်ရွာ၊ နိုင်ငံက လူတွေက အားကိုးလာရမှာ သေချာ ပါ တယ်။ အဲ့ဒီ အရေးအရာ တစ်ခုချင်းစီဟာ နိုင်ငံတော်ကို သယ်ပိုး ၀န်ဆောင်ပေးခြင်းထဲမှာ ပါဝင်ပါတယ်။

ဥပဒေရေးဆွဲခွင့်နှင့် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ခွင့်

အစ္စလာမ်သာသနာက သွန်သင်ထားရာမှာ လူ့အသိုင်းအ၀ိုင်း တစ်ခု၊ တိုင်းနိုင်ငံ၊ ဒေသ တစ်ခုကို ဘယ်လို ဘယ်ပုံ သယ်ပိုးမယ်၊ ဘယ်လိုဘယ်ပုံ စည်းကမ်းဥပဒေများနဲ့ စောင့်ရှောက်ထိန်းသိမ်းပေးမယ်-၊ ဖြေရှင်း ကိုင်တွယ် ပေးမယ်-၊ လူ့ ဘောင်တစ်ခု၊ နိုင်ငံတစ်ခု မပြိုကွဲ မပျက်စီးရစေအောင် ဘယ်လို ကာကွယ်ပေးမယ်ဆိုတဲ့ အချက်ကို နိုင်ငံရေးဦးဆောင်မှု ကဏ္ဍလို့ ပြောဆိုပါတယ်။

မိမိဟာ ပတ်ဝန်းကျင်ရဲ့ လိုအပ်တဲ့ အခြေအနေမှာ ဒီကဏ္ဍမှာလည်း ပါဝင်သယ်ပိုးမှာ ဖြစ်ပါတယ်။ လိုအပ်လာလို့ ခေါင်း ရှောင် နေပြန်ရင်လည်း တာဝန်မကျေမှုနဲ့ မိမိကိုယ် မိမိ အကုသိုလ်သင့်လာနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တယ်ဆိုတဲ့ အခြေအနေကို ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာဟာ အခရာ ဖြစ်လာပြန်ပါတယ်။

မိမိဟာ မိမိကိုယ်မိမိ အတ္တကို ပါယ်သတ်ထားနိုင်ပြီ။ မိမိရဲ့ ငြိမ်းချမ်းမှုနဲ့အတူ မိမိကျွမ်းကျင်ရာနဲ့ လူ့ပတ်ဝန်းကျင် ကို သယ် ပိုးဓါတ်ကူးပေးတယ်၊ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ စိတ်စေတနာ ဖြူစင်စွာနဲ့ လူထုကို သယ်ပိုးပေးတယ်၊- ဒီအခါမှာ မိမိ ဘက်က ဘယ်သူ့ကိုမှ မထိခိုက်စေပေမယ့်-၊ အခြားဘက်က မိမိကြောင့် သူတို့ ထိခိုက် လာရတယ်လို့ သတ်မှတ် ခံစား လာနိုင် ပါတယ်။ ဥပမာ- မိမိဟာ အလင်းရောင်ကို ဆောင်နိုင်တဲ့ မီးတိုင်တစ်ခု ဖြစ်တယ်- ဆိုရင် မိမိရဲ့ အလင်းရောင်က ကျယ်ပြန့်စွာ ဓါတ်ကူးပေးလေ၊ အမှောင်ဘက်က အရာများကသေး သိမ်ယုတ်လျှော့လာလေ ဖြစ်ပြီး အဲ့ဒီ အမှောင်ထုက အလင်းရောင် ဘက်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးလာနိုင်ပါ တယ်။ မိမိကိုယ်မိမိ ပါယ်သတ်ထားနိုင်သူ တစ်ဦးဟာ မိမိအတွက် ပေးလာတဲ့ ဒုက္ခများကို ဥပက္ခပြုထားနိုင်ရမယ်။ ဒါပေမယ့်-၊ မိမိမဟုတ်သော အလင်းမဲ့ ပတ်ဝန်းကျင်အတွက် အမှောင်ထုမှ မတရားသဖြင့် ဒုက္ခ မပေးနိုင်ရေးကို ဥပဒေများ ရေးဆွဲပြီး ကာကွယ်ရတော့မှာ ဖြစ်ပါတယ်။

မိမိရဲ့ ပတ်ဝန်းကျင်မှာ ခိုင်မာတဲ့ ဥပဒေများက ရှိပြီးသား ဖြစ်တယ် ဆိုရင် အဲ့ဒီ ဥပဒေများကို မိမိကိုယ်တိုင် တိကျစွာ လိုက်နာရမှာ ဖြစ်ပြီး-၊ မိမိရဲ့ ပတ်ဝန်းကျင်ကိုလည်း တရားမျှတသော ဥပဒေများကို လိုက်နာတတ်အောင် လမ်းပြပေးရမှာ ဖြစ်ပါတယ်။ ဆက်လက် သယ်ပိုး လိုက်နာစေမယ့် မျိုးဆက်ကိုလည်း မွေးမြူပေးရမှာ ဖြစ်တယ်။ ဒါတွေဟာ ပတ်ဝန်းကျင် အတွက် နိုင်ငံတော်အတွက် နိုင်ငံရေး သယ်ပိုးချက်များ ဖြစ်ပါတယ်။

အခုခေတ်အခါမှာ နိုင်ငံတိုင်းက “ဖတ်လို့ မြင်လို့” အင်မတန် ကောင်းမွန်တဲ့ ဥပဒေများကို ရေးဆွဲထားပြီးသား များပါတယ်။ အဓိက ပြသနာက အ့ဒဲီ ရေးဆွဲပြီးသား ဥပဒေများကို (၁) ရေးဆွဲသူများ ကိုယ်တိုင်က မလိုက်နာခြင်း (၂) ဥပဒေများကို ကိုယ်ကျိုးအတွက် သုံးခြင်း (၃) ကိုယ်ကျိုးအတွက် သုံးစွဲခွင့် အာဏာကို ဆုပ်ကိုင်ထားခြင်း- ဆိုတဲ့ ပြသနာတွေပါ။
(ဆက်လက်ဖေါ်ပြပါမည်။)

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)