Thursday, August 23, 2012

ကျမ်းမြတ်ကုရ်အံလာ သန္ဓေသား ဖြစ်စဉ်


ကျမ်းမြတ်ကုရ်အံ၌ ပရမတ်ဘုရားရှင် (အလ္လာဟ်) က လူသားတို့၏ သန္ဓေသားဖြစ်စဉ် အဆင့်များအား ပြောထားသည်မှာ- ငါသည် လူသားကို မြေ၏ အနှစ်မှ ဖြစ်တည်စေ၏။ တဖန် ၄င်းအား ခိုနားသော နေရာအတွင်းမှ ရေကြည်တစ်ပေါက် အဖြစ် စီရင်တော်မူ၏။ ထို့နောက် ၄င်းကို ရေကြည်ပေါက်မှ သွေးခဲအဖြစ် ဖြစ်တည်စေ၏။ ထိုသွေးခဲမှ အသားတစ် အဖြစ် ဖြစ်တည်စေ၏။ တဖန် ထို အသားတစ်မှ အရိုးအဖြစ် ဖြစ်တည်စေ၏။ ထိုအရိုးအား အသားအရေဖြင့် ခြုံလွှမ်းပေး၏၊---- ၂၃း ၁၂-၁၄။
 
ဤနေရာ၌ သွေးခဲ ဟု ဘာသာပြန်သော ကျမ်းတော်သုံး အာရ်ဗီစကား အလာက့် ၏ အဓိပ္ပါယ်မှာ(၁) Leech မျှော့ကောင် (၂) Suspended thing ဆိုင်းတွဲနေသော အရာ (၃) Blood clot သွေးခဲဥ ဟု ဖြစ်ပေသည်။ 

မျှော့ကောင်တစ်ကောင်နှင့် သနေသ္ဓားဖြစ်စဉ်မှ အလာက့် အဆင့်ကို နှိုင်းယှဉ်ကြည့်သော် ထိုနှစ်ခုမှာ ဆင်တူဖြစ်နေ ကြောင်းကို တွေ့ရပေသည်။ အောက်ပါ နှိုင်းယှဉ် ဖေါ်ပြထားသော ပုံကို ကြည့်ပါ။ အေ သည် သန္ဓေသား ပုံဖြစ်၍ ဘီ သည် မျှော့တစ်ကောင်၏ ပုံဖြစ်သည်။ သန္ဓေသား အလာက့် သည် သူ၏ အဟာရအတွက် မိခင်ထံမှ သွေးသားကို ရရှိရန် စုပ်ယူ သည်မှာ မျှော့တစ်ကောင်က အခြား သတ္တ၀ါများ ထံမှ သွေးသားကို စုပ်ယူသည်နှင့် ပုံစံတူပင် ဖြစ်ပေသည်။


ပုံ (၁) မျှော့တစ်ကောင်နှင့် သန္ဓေသား၏ သွေးခဲ အဆင့်အား သရုပ်ပြ ဆွဲထားသည့် ပုံ (Moore and others, p. 37, modified from
Integrated Principles of Zoology, Hickman and others. Embryo drawing from The Developing Human, Moore and
Persaud, 5th ed., p. 73.)

အလာက့် ၏ ဒုတိယအဓိပ္ပါယ်ဖြစ်သည့် Suspended thing ဆိုင်းတွဲနေသော အရာအား ပုံ (၂ နှင့် ၃) မိခင်၏ ၀မ်းကြာ တိုက်ထဲမှ ဖြစ်စဉ်တွင် မြင်တွေ့နိုင်သည်။

  ပုံ (၁) မိခင်၏ သားအိမ်ထဲတွင် အလာ့က့က် အဆင့် ဆိုင်းတွေဲ နသာ အဆင့်အား ကျွန်ုပ်တို့ တွေ့မြင်နိုင်ပေသည်၊ (The Developing
Human, Moore and Persaud, 5th ed., p. 66.)


ပုံ (၁) သားအိမ်ထဲ၌ သန္ဓေသား၏ ၁၅ ရက်သား အရွယ်တွင် ဆိုင်းတွဲနေသော အဆင့်ကို ဤအနုစိတ်ဓါတ်ပုံတွင် မြင်တွေ့နိုင်ပေသည်။
(အမှတ် B ကိုကြည့်ပါ။) ထိုအချိန်တွင် သန္ဓေသား၏ အရွယ်မှ ၀.၆ မီလီမီတာခန့် ရှိသည်။ (The Developing Human, Moore, 3rd ed., p. 66,
from Histology, Leeson and Leeson.)

အလာက့်တတိယ အဓိပ္ပါယ်ဖြစ်သည့် Blood clot သွေးခဲဥ ကို သန္ဓောသား၏ ပြင်ပအသွင်အပြင် ၄င်း၏ အမှေးအိပ် ထဲတွင် တွေ့မြင်နိုင်ပေသည်။ ဤအဆင့်တွင် ကြီးမားသော သွေးပမာဏနှင့် ဆက်စပ်ရန် အလို့ငှာဖြစ်သည်။ ပုံ (၄) တွင် ကြည့်ပါ။ ဤအဆင့်တွင် သန္ဓေသားထဲမှ သွေးသည် သုံးပတ်အချိန်ထိ သွေးလည်ပတ်မှု မရှိသေးချေ။ ထို့ကြောင့် ဤ အဆင့်မှ သန္ဓေသားသည် သွေးခဲဥ ဖြစ်ပေသည်။


ပုံ (၄) နှလုံးသွေးမခုံသေးသော သန္ဓေသား ဖြစ်စဉ် သွေးခဲဥ အဆင့် သန္ဓေသား၏ ပြင်ပ အသွင်အပြင်နှင့် ၄င်း၏ အမှေး အိပ်ထဲတွင် သွေးခဲဥ အသွင် ဖြစ်ပေသည်။ ကြီးမားသော သွေးပမာဏနှင့် သန္ဓေသား ဆက်စပ် ပတ်သက်စဉ်ကာလ ဖြစ်သည်။ (The Developing Human, Moore, 5th ed.,
p. 65.) (Click on the image to enlarge it.)

ထို့ကြောင့် အလာက့် ၏ အဓိပ္ပါယ်များနှင့် သန္ဓေသာဘ၀သည်  အလာက့် အဆင့်တွင် ရှိနေစဉ် ဆင့်ကဲ့ဖြစ်တည်ရမှုမှာ သဟဇာတတဲ့ ကိုက်ညီနေပေသည်။

မုဿွဂါဟ် အဆင့်ဖြစ်၏။ အသားတစ် ဟု ဘာသာပြန်သော ကျမ်းတော်သုံး မုဿွဂါဟ် ၏ အဓိပ္ပါယ်မှာ သွားရာမြှပ်နေ သည့် ကြိတ်ဝါးထားသော အသားတစ်ဟု ဖြစ်ပေသည်။ တစ်စုံတစ်ယောက်သည် ပက်ကယ် တစ်ခုကို ၀ါးပြီး ထိုဝါးထား သည့် အဖတ်အား သူ၏ သွားဖြင့် ဖိကြိတ်လိုက်လျှင် သွားရာထင်ကျန်ခဲ့ခြင်း ပုံစံမျိုး ဖြစ်၏။ ၄င်းကို မုဿွဂါဟ် အဆင့် ဟု ကျမ်းတော်က ဆိုပေသည်။ ၄င်းကို သန္ဓေသားသည် အသားတစ်ဘ၀တွင် သူ၏ ကျောရိုးဖြစ်တည်လာသည့် ပုံစံ (ပုံ ၅ နှင့် ၆) တို့တွင် ကွက်ကွက် ကွင်းကွင်း မြင်တွေ့နိုင်ပေသည်။


ပုံ (၅) သန္ဓေသား၏ (၂၈ ရက်သား အရွယ် မုဿွဂါဟ် အဆင့် ဤ အဆင့်တွင် သန္ဓေသားသည် သူ၏ ကျောရိုးအတွက် သွားကြိတ် ထားသည့် အရာကဲ့သို့ ဖြစ်တည် နေပေသည်။ ဤ အရွယ်၌ သန္ဓေသားသည် ၄ မီလီမီတာ ခန့် ရှိပေသည်။ (The Developing Human, Moore and Persaud, 5th ed., p. 82, from Professor Hideo Nishimura, Kyoto University, Kyoto, Japan.)



ပုံ (၆) သန္ဓေသား၏ အရွယ် မုဿွဂါဟ် အဆင့်နှင့် ပက်ကယ် (Gum) တစ်ခုအား ၀ါး၍ သွားဖြင့် ကြိတ်ထားသော ပုံစံအား နှိုင်းယှဉ် ကြည့်သော တူညီနေ ကြောင်း တွေ့နိုင်ပေသည်။

(အေ) ပုံသည် သန္ဓေသား၏ မုဿွဂါဟ် အဆင့်ကို ဆွဲပြထားခြင် ဖြစ်၍ ၄င်း၏ ကျောဘက်မှ မြီးညှောင့်ရိုးပုံသည် သွားကိုက်ရာကဲ့သို့ ရှိနေပေသည်။ (The Developing Human, Moore and Persaud, 5th ed., p. 79.)
(ဘီ) ပုံသည် ပက်ကယ်တစ်ခုအား သွားဖြင့် ၀ါးကြိတ်ထားသော ပုံဖြစ်သည်။

အလွန်တရာ အားကောင်းသော မှန်ဘီလူးများဖြင့် စူးစမ်းလေ့လာနိုင်သည့် သိပ္ပံပညာရှင်များ မရှိခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ နီးပါးမှ ဖြစ်သော ခေတ်ကာလမှ မုဟမ္မဒ်သည် ထိုသို့ သန္ဓေသာ ဖြစ်စဉ်ကို မည်သို့ သိရှိခဲ့လေသနည်း၊ မုဟမ္မဒ်၏ နောက်ပိုင်း နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ နောက်ကျပြီးမှ မှန်ဘီလူးများကို သုံး၍ ၁၆၇၇ ခုနှစ်တွင် သန္ဓေသား ဖြစ်စဉ်ကို ပထမဆုံး လေ့လာခဲ့သည့် သိပ္ပံပညာရှင်များဖြစ်သည့် ဟင်းမ် Hamm နှင့် လီယူဝင်ခ့် Leeuwenhoek တို့သည် ပင် သန္ဓေသားသည် အမျိုးသမီး၏ မျိုးပွားအင်္ဂါထဲတွင် လူပုံစံအငယ်စားလေးဖြင့် စတင်သိမ်းဆည်းထားသော အရာ ဖြစ် သည်ဟု မှားယွင်းစွာ ထင်မြင်ခဲ့ပေသည်။

သို့သော်-- လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ နီးပါမှ ပြောခဲ့သော ကျမ်းမြတ်ကုရ်အံသည် သန္ဓေသား ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် တိကျစွာပြောထားသည်မှာ-- ကိုယ်တော်မုဟမ္မဒ်သည် သဗ္ဗညုဉာဏ်စဉ်ရ ဉာဏ်စဉ်တော်ဆောင် တစ်ပါးဖြစ် ကြောင်း တိကျသော သက်သေပင် ဖြစ်၏။

အထက်ပါ ပိုတ်စ်အား ဒေါင်းလုပ် လုပ်လိုလျှင် ကလစ်နှိပ်ပါ....

ဌေးလွင်ဦး (ဘာသာပြန်ဆိုသည်)

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)