Thursday, August 23, 2012

အိဗနိ အာရ်ဗီ


အိဗနိ အာရ်ဗီ
အိဗနိ အာရ်ဗ် (၁၁၆၅ ဂျူလိုင် ၂၈- ၁၂၄၀ နိုဝင်ဘာ ၁၀) သည် အင်ဒါလူရှန် အာရဗ် ဆူဖီ ၀ိပဿနာ ဆရာနှင့် ဒသန ပညာရှင် ဖြစ်သည်။ သူ၏ အမည် အပြည့်အစုံမှာ အဘူ အဗ္ဗဒူလ္လာဟ် မုဟမ္မဒ် ဘင် အလီဘင် မုဟမ္မဒ် အိဗနိ အာရ်ဗီ အလ် ဟာတီမီအုလ် တာအီ ဖြစ်သည်။

အိဗနိ အာရ်ဗီကို အေဒီ ၁၁၆၅ ဂျူလိုင်လ ၂၈ ရက် (ဟဂ်ျရီ ခုနှစ် ၅၆၀) တွင် မြူစီကာ၌ မွေးဘွားခဲ့၍ အသက် ၇ နှစ်သား အရွယ်တွင် မိသားစုနှင့် အတူ ဆီဗီးလ် သို့ ပြောင်းရွှေ့ခဲ့သည်။ အသက် ၃၅ နှစ်တွင် အာရေဗီးယားသို့ သွားရောက်၍ မက္ကာဟ်တွင် ဟာ့ဂ်ျပြုခဲ့သည်။ သူသည် မက္ကာဟ်တွင် သုံးနှစ်ခန့် နေထိုင်ခဲ့၍ ထို၌ပင် အလ်ဖူတူလ်ဟတ်တုလ် မက္ကေယာ (မက္ကာဟ်မြို့၏ ရွှေကျက်သရေ) စာအုပ်ကို ရေးသားခဲ့သည်။

၁၂၀၄ ခုနှစ်တွင် မဂျီးဒ်ဒုလ် ဒင် အီဇ်ဟာ့က် နှင့်အတူ အနာတိုလီးယားသို့ ထွက်ခွာခဲ့သည်။ အီဇ်ဟာ့က်၏သား ဆဒါဒုလ်ဒင် အလ်ကူနာဝီ (၁၂၁၀-၁၂၇၄) သည် သူ၏ သြဇာအရှိဆုံး သာဝက ဖြစ်လာခဲ့သည်။

၁၂၃၃ ခုနှစ်တွင် သူသည် ဒမတ်စကတ်၌ အခြေချနေထိုင်ခဲ့၍ သူ၏ နောက်ဆုံး ၇ နှစ်ကို ထို၌ပင် နေထိုင်ခဲ့သည်။ အသက် ၇၆ နှစ်အရွယ် ၁၂၄၀ နိုဝင်ဘာလ ၁၀ ရက် နေ့တွင် ကွယ်လွန်ခဲ့သည်။ သူ၏ ဂူဗိမာန်မှာ ဒမတ်စကတ်တွင်ပင်ရှိ၍ အရေးပါ သော အမှတ်တရာ နေရာ ဖြစ်လေသည်။

သူသည် စာတမ်း၊ စာအုပ်ပေါင်း ၈၀၀ ခန့် ရေးသားခဲ့သည်ဟု ဆိုသော်လည်း အနည်းငယ်ခန့်သာ မှတ်တင်း ကြွင်းကျန် ခဲ့လေသည်။ မကြာသေးမှီ သုတေသနပြုသူများက သူ၏ ပြုစုခဲ့မှုများမှ ၁၀၀ ကျော်ခန့်မှာ စာမူအဖြစ် ရှိနေသည်ဟု ဆိုသော်လည်း အမှားများနှင့် ဝေဖန်ဆန်းစစ်စရာ များစွာရှိနေ၍ ပုံနှိပ်နိုင်သော အဆင့်သို့ ရောက်မလာခဲ့သေးချေ။

အထက်ပါ ပိုတ်စ့်အား ဒေါင်းလုပ် လုပ်လိုလျှင် ကလစ်နှိပ်ပါ....

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)