Monday, June 18, 2012

ငြိမ်းချမ်းရေးဆီသို့ (၁)

ငြိမ်းချမ်းမှုရဲ့ အနှစ်သာရကို လူသားတိုင်း ခံစားခွင့် ရချင်ကြပါတယ်။ အနည်းဆုံးတော့- လူသားတိုင်းဟာ ငြိမ်း အေးတဲ့ ဘ၀လေးနဲ့ မိမိရဲ့ ဆန္ဒ ဖြစ်ပေါ်တာတွေကို အေးအေးလူလူ ပြုလုပ်ဆောင်ရွက်ခွင့်ရတဲ့ လောကနိဗ္ဗာန် လေးကို ကိုယ်စီကိုယ်ငှ လိုချင်ကြတာပဲ။

ဒါပေမယ့်- ဒီလို၊- ငြိမ်းချမ်းချင်ပါတယ်။ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်- ဆိုတဲ့ လူတွေကြားထဲမှာ မငြိမ်းချမ်းမှုကို ဦးတည်စေတဲ့ ပဋိပက္ခတွေ၊ အတ္တကြီးမှုတွေ- အာသားငမ်းငမ်း တက်မှုတွေ- မနာလိုဝန်တိုမှုတွေ တစ်သီတစ် တန်းကြီး ရှိနေလေရဲ့ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ငြင်းပါယ်ဖုံးကွယ်ထားလို့ မရနိုင်ကောင်းပါ။

ဒီလိုဖြစ်တည်နေရတာဟာ ငြိမ်းချမ်းရေးဆိုတဲ့ အနှစ်သာရကို အမှန်တကယ်ခံစားထိတွေ့ ပေးဝေတည် ဆောက် ခွင့်ရအောင် ချည်းကပ်တဲ့ နည်းစနစ်တွေ မှားနေလို့ ဖြစ်တယ်လို့ အစ္စလာမ်သာသနာက သွန်သင်ထားပါတယ်။ တနည်းအားဖြင့် ယခုလက်ရှိ- အစဉ်အလာ ဆက်တည် ခံစား၊ ချီတက်နေတဲ့ ငြိမ်းချမ်းရေး ခရီး- သို့မဟုတ် မိရိုး ဖလာက ပြညွှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့- အစ္စလာမ်သာသနာကပြညွှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက် နည်းဟာ ပြောင်းပြန် ဖြစ်ပါတယ်။

များသော အားဖြင့် မိရိုးဖလာ တရားထဲမှာက စိတ်ကို အသေသတ်လိုက်ခြင်း (၀ိပဿနာ ကျင့်ခြင်း) ကို အောင် မြင်ပြီ- ငြိမ်းချမ်းမှုရပြီ-လို့ ထင်မှတ်မှုများ ရှိနေပါတယ်။

ဒီလို မိရိုးဖလာက ပြညွှန်တဲ့- သို့မဟုတ် မိရိုးဖလာအတိုင်း လိုက်နာတွေးထင်မိတဲ့ ငြိမ်းချမ်းရေး တည်ဆောက် နည်းက- မိမိရဲ့ စိတ်အလိုကို (အထင်) ကို အရင်တည်ဆောက်ခွင့် ပြုလိုက်ခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့မှ အဲ့ဒီစိတ် အလိုကိုရအောင်ကြိုးပမ်းဖြည့်ဆီးတယ်။ မိမိရဲ့စိတ်အလိုကို ဖြည့်ဆီးနိုင်ရင် စိတ်ဘ၀င်ကျပြီး ငြိမ်းချမ်း ရေးရပြီလို့ ထင်မှတ်ခံယူကြပါတယ်။

မိမိရဲ့စိတ်ကိုသတ်ခြင်း သို့မဟုတ် စိတ်ကို သတ်နိုင်အောင် ကျင့်ကြံအားထုတ်ရင် ငြိမ်းချမ်းရေးရပြီဆိုတဲ့ အထင် ကို အရင်အတည်ပြုပြီး စိတ်ကို သတ်နိုင်အောင် ကြိုးစားယူကြပါတယ်။

အစ္စလာမ်က သွန်သင်တာက ဒီလိုမဟုတ်ဘူး။ အဲ့ဒီအထင်ကို အရင်တော်လှန်ခိုင်းပါတယ်။ အထင်ဟာ အမှန် ဖြစ်ကိုဖြစ်ရမယ်လို့ မဆုံးဖြတ်မိဘို့ အရင် စီစစ်ဘို့ ဖြစ်ပါတယ်။

ဒီအတွက် မိမိရဲ့ အထင်၊ မိမိရဲ့ ဆန္ဒတွေဟာ ယုတ္တိရှိ- မရှိ မိမိကိုယ်မိမိ စီစစ်ရဲတဲ့ သတ္တိကို အရင်မွေးခိုင်းပါ တယ်။ အစဉ် ယုတ္တိဗေဒနဲ့ ကိုက်ညီတဲ့ အမှန်တရားကို လက်ခံရဲတဲ့ သတ္တိကို မွေးမြူရမယ်လို့ သွန်သင်ပါတယ်။- အစဉ်ယုတ္တိဗေဒနဲ့ ကိုက်ညီတဲ့ အမှန်တရား ဆိုတာ- သိပ္ပံပညာ- ဆေးပညာ- ၀ိဇ္ဇာပညာ- စသည်ဖြင့် ဘာညာ ပညာတွေနဲ့ မပတ်သက်ပါဘူး။ အဲ့ဒီပညာရပ်တွေဟာ- ခေတ်ကာလအချိန်ရဲ့ တိုက်စားမှုဒဏ်ကို အာမခံနိုင်ပါ ဘူး။ ဥပမာ ၁၆ ရာစုနှစ်က သိပ္ပံပညာရဲ့ တွေ့ရှိချက်ဟာ ဒီနေ့ ဒီခေတ်မှာ ယုတ္တိရှိချင်မှ ရှိတော့မှာပါ။- အစဉ် မှန်တဲ့ ယုတ္တိဗေဒ- ဆိုတာ၊ ဥပမာ နေဟာ အရှ့ဘက်က ထွက်တယ်ဆိုတဲ့ သဘောမျိုး- ဘယ်ခေတ်၊ ဘယ်ကာ လ ရောက်ရောက် နေဟာ အရှေ့ဘက်ကပဲ ထွက်နေမှာပဲ။

ဒီလိုအစဉ်မှန်တဲ့ တနည်းအားဖြင့် ဖေါက်ပြန်ပြောင်းလဲမှုကင်းတဲ့ အမှန်တရားနဲ့ မိမိရဲ့ခံယူယုံကြည်ချက်ကို မှတ်
ကျောက်တင်ခံနိုင်အောင် မိမိကိုယ်မိမိ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ ဒီလို ပကတိအမှန်တရားပေါ်မှာ- ရပ်တည် သူ။ သည်းခံ ပါရမီကြီးသူတွေဟာ ခေတ်ကာလရဲ့ တိုက်စားခံရခြင်းမှ ကင်းတယ်လို့ ကျမ်းမြတ်ကုရ်အာန် စူရာဟ် (၁၀၃) မှာ အာမခံချက် ပေးထားပါတယ်။


ငြိမ်းချမ်းရေး- သို့မဟုတ် စိတ်နှလုံး၏ ငြိမ်းချမ်းမှု ဆိုတာ အချိန်ကုန်လူပန်းခံပြီး လေ့ကျင့်နေလောက်တဲ့ အရာ မဟုတ်ဘူး။ အဲ့ဒီလို လေ့ကျင့်နေခြင်းဖြင့်- လောကပတ်ဝန်းကျင်က အရာတွေကို မတူမတန်ပြုမူရာ ရောက် တယ်။ မထီမဲ့ပြင် ပြုရာရောက်တယ်။- ကျင့်သူအတွက်ရော- ကျင့်သူရဲ့ ပတ်ဝန်းကျင်အတွက်ရော ဘာမှာ ထူးခြားတဲ့ အကျိုးပြုမှု မရှိဘူးလို့ သွန်သင်ပါတယ်။

ဒီစကားတွေဟာ သာမန်လူသား အများကြီးအတွက် နားလည်ရ ပြောင်းပြန် ဖြစ်သွားနိုင်ပါတယ်။

ဆိုလိုတာက--- ငြိမ်းချမ်းရေးဆိုတဲ့- ကျွဲကူးရေပါ အပိုဆုကို ဆွတ်ခူးနိုင်ဘို့ အတွက်-

(၁) လူဟာ မိမိကိုယ်မိမိ လူပီသအောင် ကြိုးစားရမယ်။
(၂) မိမိကိုယ်မိမိ တော်လှန်ရေး လုပ်ခြင်းဖြင့် ပတ်ဝန်းကျင်ကြီးကို ပြုပြင်ပေးရမယ်။

ပတ်ဝန်းကျင်ကြီး ဆိုတာက အလွန်ကျယ်ပြန့်ပါတယ်။ အဲ့ဒီအထဲက အဓိက-- အချက်တွေကတော့-၊

(က) လူမှုရေး
(ခ) ပညာရေး
(ဂ) စီးပွားရေး
(ဃ) နိုင်ငံရေး-- ဆိုပြီး ပိုင်းခြား သတ်မှတ်နိုင်ပါတယ်။

ကျွန်တော့ အနေနဲ့ အစ္စလာမ်ကပြောတဲ့ ငြိမ်းချမ်းရေး-ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သက်ဆိုင်ရာ ခေါင်းစဉ်တွေနဲ့ အခန်းဆက် တင်ပြသွားပါမယ်။ ဒီကြားထဲမှာ ကျွန်တော် တင်ပြတာနဲ့ ပတ်သက်ပြီး- မေးဖြေ ဆွေးနွေးမှုများ ပြု လုပ်နိုင်ပါတယ်။

ယခု-- နံပါတ် (၁) ဖြစ်တဲ့- လူဟာမိမိကိုယ်မိမိ လူပီသအောင် လုပ်ရမယ်။ ဆိုတာကို အနည်းငယ် ရှင်းပြလိုပါ တယ်။

မိမိဆိုတာ လူသားဖြစ်တယ်။ လူသားကြောင့် လူထဲကလူဖြစ်တယ်။ ဒီထက်ပိုပြီး ချဲ့ရရင်- မိရိုးဖလာ အရောင် ခြယ်ခံထားရတဲ့ အရောင်စွန်းပြီး လူသား တစ်ဦး ဖြစ်တယ်။ ဒီအချက်ဟာ- လူတိုင်း မေ့လျှော့နေတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မိမိမသိလိုက်ဘဲ- မိမိရ့ဲ နှလုံးသည်းပွတ်ထဲမှာ အရာင်တင်ခံထားရတဲ့ အလေ့အကျင့် အတွေးအခေါ်ဟာ မိမိ ကိုယ်အပ်ါမှာ စိုးမိုးနေရာ ယူထားလေ့ရှိပါတယ်။ ဒီအခြေအနေမှာ လူဟာ လူမပီသ သေးပါဘူး။ တနည်းအားဖြင့် လူတည်းဟူသော အနှစ်သာရကို ပတ်ဝန်းကျင် အရောင်တင်မှုကြီးက ဖုံးကွယ် ထားခြင်းခံရတဲ့ ရွေရည် ငွေရည် စိမ်ခံထားရတဲ့ ဓါတ်သတ္တုလိုမျိုး ဖြစ်နေပါတယ်။

ဘယ်အရာကို ဖြစ်ဖြစ်- မှန်၏ မှား၏၊ ယုတ္တိရှိ၏- မရှိ၏- လို့ ဆင်ခြင်တတ်တဲ့ အသိထက်၊ မိမိမှာ အရောင်စွန်း ပြီးသား စိတ်နဲ့ ကြိုတင်ဆုံးဖြတ်တဲ့စရိုက်၊ မိမိရဲ့ မိရိုးဖလာ အစွဲကို စံပြုပြီး တိုင်းတာဆင်ခြင်တတ်တဲ့ စရိုက် တွေက လူသားအပေါ်မှာ မင်းမူနေလေ့ ရှိပါတယ်။

မိရိုးဖလာတိုင်းကို အမှားတရားချည်း သက်သက် ဖြစ်တယ်လို့လည်း တစ်ဘက်သတ် မသုံးသပ်မိဘို့လည်း လိုပါ တယ်။

ဒါကြောင့် အစ္စလာမ်က- လူသားဟာ ကြိုတင်ဆုံးဖြတ်တတ်တဲ့ စရိုက်ရဲ့ အာဏာစက်အောက်မှာ ကျေးကျွန်ဖြစ် နေရတဲ့ နာ့ဖ့ဖ်ဆေ့အမာနာဟ် စွန်းထင်းမှိုင်းမိနေတဲ့ စရိုက်ပိုင်ရှင်လို့ သွန်သင် သတိပေးထားပါတယ်။ ဒါပေ မယ့် ဒီစရိုက်ဟာ မွေးရာပါ စရိုက်မဟုတ်ဘူးဆိုတာကို သတိထားမိဘို့လိုပါတယ်။ ရှေးဘ၀ ၀ဋ်ကြွေးကြောင့် စွန်းထင်ခံရတာ မဟုတ်ဘူး။ မိမိနဲ့ ဘာမှ မပတ်သက်တဲ့ ကမ္ဘာဦး လူသားနှစ်ဦးရဲ့ အကုသိုလ်မှုကြောင့် မိမိက မဆီမဆိုင် ခံနေရတာလည်း မဟုတ်ဘူးဆိုတာကိုလည်း နားလည်ထားဘို့ လိုပါတယ်။ အစ္စလာမ်က သွန်သင် တာက လူသားရဲ့ မွေးရာပါ စရိုက်က နာ့ဖ့ဖ့ဖ်ေ်ေ်ဆေ့ မုတုတွမွမာ အီနီနာဟ် ခေါ် ပကတိ အဖြူထည် စရိုက် သို့မဟုတ် စိတ်ဘ၀င် အေးငြိမ်းပြီးသား စရိုက် ဖြစ်ပါတယ်။ စွန်းထင်းမှိုင်းမိနေတဲ့ စရိုက်ဆိုတာ- မွေးရာပါ အဖြူ ထည်စရိုက်ကို ထိတွေ့ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်- အသိုင်းအ၀ိုင်း၊ အထိ အတွေ့က အရောင်ဆိုးလိုက် ခြင်းသာ ဖြစ်ပါတယ်။

ဒီလို ပြောလို့- ပတ်ဝန်းကျင်ကြီးကလည်း လူသားအား မှိုင်းတိုက်တဲ့ တရားခံဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နဲ့ လူသားဆိုတာ- ရေနဲ့ လှေလို ဖြစ်ပါတယ်။ လူသားက လှေ သဘောပါ။ အဲ့ဒီ လှေဟာ ရေမရှိရင် ခရီးသွားလို့ ရမှာမဟုတ်ဘူး။ ဒါပေမယ့်- အဲ့ဒီ လှေထဲမှာ ရေကို အ၀င်ခံလိုက်ရင်လည်း လှေဟာ ရေထဲမှာ နစ်မြုပ်သွားမယ်ဆိုတာကို သတိပြုဘို့ လိုပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကို ပစ်ပါယ်ပြီး- လောကကို ငြီးငွေ့ တယ်လို့ မဖြစ်နိုင်တာကို မညီးတွားဘို့ အစ္စလာမ်က တားမြစ်ထားပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကို မ ကြောက်ဘို့- မငြီးငွေ့ဘို့- မစော်ကားမိဘို့- မပစ်ပါယ်မိဘို့ လိုပါတယ်။ ပတ်ဝန်းကျင်ဆိုတာ- ဆင်ခြင် သုံးသပ် စရာ ဥပမာများ ဖြစ်တယ်- မိမိ တက်လှမ်းမယ့် ခရီးအတွက် မရှိမဖြစ်လိုအပ်တဲ့- အရာကြီးဖြစ်တယ်။ ပတ်ဝန်း ကျင်ကို ပတ်ဝန်းကျင်လို နားလည်တတ်ဘို့ အရေးကြီးပါတယ်။

သူသားမှာ ဘ၀ သုံးမျိုး ရှိနေပါတယ်။ (၁) ကျွန်ုပက်ကို ဆိုတဲ့ ဘ၀ (၂) ကျွန်ုပက်က ဆိုတဲ့ ဘ၀ (၃) ကျွန်ုပ်၏ ဆိုတဲ့ ဘ၀ ဖြစ်ပါတယ်။ ကျွန်ုပ်ကို ဆိုတဲ့ ဘ၀ က ငယ်စဉ်မှာ ပတ်ဝန်းကျင်က အရောင်ကို ကူးယူတဲ့ ဘ၀ ဖြစ်ပါ တယ်။ ပထမဆုံး- လူသားတစ်ဦးဟာ မြန်မာ ပတ်ဝန်းကျင်မှာ မွေးရင် မြန်မာစကားတတ်မယ်။ မြန်မာ အစာကို စွဲလန်းနှစ်သက် ခံတွင်းတွေ့သွားမယ်။ တကယ်လို့ အင်္ဂလိပ်ပတ်ဝန်းကျင်မှာ ကြီးရင်- အင်္ဂလိပ်စကားတတ်မယ်၊ အင်္ဂလိပ် အစားအစာကို ဓါတ်တွေ့ သွားမှာဖြစ်တယ်။- အဲ့ဒီက နဲနဲကြီးလာရင်- ဒါက ဘယ်လိုလဲ၊ ဘာလဲ- (ကျွန်ုပ်ကို ပြောပြပါလို့) စပ်စုတဲ့ အရွယ်ကို ရောက်လာပါတယ်။ အဲဒီ အရွယ်တစ်လျှောက် ပတ်ဝန်းကျင်က (ကျွန်ုပ်ကို) ပြောသမျှ မှတ်ယူ အရောင်တင်ပါတော့တယ်။

ဒီထက်နဲနဲ ကြီးလာရင် ကိုယ်မှာ ဓါတ်ကူးထားတာကို အခြေခံပြီး- (သူများကို ကျွန်ုပ်က) ဒီလို လုပ်ချင်တယ်။ ဒီ လို ဖြစ်ချင်တယ် စသည်ဖြင့် စိတ်ခံစားမှု ဖြစ်ပေါ်လာပါတယ်။ လူအများစုကြီးဟာ- ကျွန်ုပ်ကိုဆိုတဲ့ ဘ၀ကို အခြေခံ အရောင်တင်ခဲ့တဲ့ မိဘ- ဆရာသမား ပတ်ဝန်းကျင်ကို အခြေခံပြီး- ကျွန်ုပ်က ဆိုတဲ့ အရောင်ကို တောက်ပြလေ့ ရှိပါတယ်။

ဒါပေမယ့်- ကျွန်ုပ်၏ မူလဇစ်မြစ် လူဆိုတဲ့ အတွင်းဓါတ်သဘောကို မေ့လျှော့နေလေ့ ရှိပါတယ်။ အစ္စလာမ်က ဒီလိုအချင်းအရာကို အဖြစ်မခံဘို့- တစ်ကယ်လို့ မိဘအရင်းက ယုတ္တိမဲ့ အယူအဆတွေကို သွန်သင်နေတယ် ဆိုရင်- မိဘကိုရိုသေပါ။ လေးစားပါ။ ပြုစုစောင့်ရှောက်ပါ။ သို့သော် သူတို့ သွန်သင်တဲ့ ယုတ္တိမယ့် အရောင်ကို အစွန်းမခံပါနဲ့လို့ သွန်သင်ပါတယ်။ ဒါပေမယ့်- လူအများစုကြီးက မိရိုးဖလာ အောက်မှာ စောကြောရဲခြင်း မရှိ-။

အဲ့ဒီလို အရာင်ဆိုးခံလိုက်ရတဲ့အတွက် လူသားဟာ အရောင်စွန်းပြီးသား စိတ်စရိုက်နဲ့ ဘယ်အရာကို မဆို တိုင်း ထွာ ရှုမြင် သုံးသပ် ခံစား- လက်ခံလေ့ ရှိပါတယ်။ ဒါကို အစ္စလာမ်က တော်လှန်ခိုင်းပါတယ်။ ဤအရာကား ယုတ္တိရှိ၏- မရှိ၏။ ဤအရာကား မှန်၏- အမှန်၏ ဆိုတဲ့ ဆင်ခြင် သတိနဲ့ မိမိရဲ့ စရိုက်ကို မိမိ အစဉ် ဆုံးမ တော် လှန်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို တော်လှန်ရေးစိတ်စရိုက်ကို နာဖ့်ဆေ့ လောင်ဝ်၀ါမာဟ် လို့ ခေါ်ပါတယ်။ တနည်း အားဖြင့် မှိုင်းမိစိတ် စရိုက်ကို ပြန်လည် လျှော်ဖွတ်နေခြင်း ဖြစ်ပါတယ်။ လျှော်ဖွတ်ပါများလို့ စိတ်စရိုက်ပေါ်မှာ မှိုင်းမိနေမှုများ လွင့်ပါးကင်းစင်သွားရင်- သို့မဟုတ်၊ မိမိရဲ့တော်လှန်ရေးစိတ်နဲ့ မိမိတစ်သားတည်း ဖြစ်သွားရင် စိတ်ဟာ ဘ၀င်ငြိမ်းချမ်းခြင်း နာ့ဖ်ဆိ မုတွမာဟ် အီနာဟ်ကို မူလအဖြူတည-် ဘ၀င်အေးငြိမ်းတဲ့ စိတ်ကို ပြန် လည် ရရှိသွားပါတယ်။ အဲ့ဒီအခါမှ- လူဟာ ငြိမ်းချမ်း ခြင်းရဲ့ အဆီအနှစ် အရသာကို ပြည့်ပြည့်၀၀ ခံစားခွင့် ရှိသွားပါတယ်။

မိမိကိုယ်မိမိတော်လှန်ရေး စိတ်စရိုက်နဲ့ မိမိဟာ တစ်သားတည်း ဖြစ်ခြင်း ဆိုတာက-- ဥပမာ လူတစ်ဦးဟာ ကိုယ်ခံပညာတစ်ခုကို သင်တယ်၊ ဆိုပါတော့- အတိုက်အခံက ဘယ်လို ထိုးရန် ဘယ်လို ခုခံပါ။ ဘယ်လို သတ် ပုတ်ရင် ဘယ်လို ကာကွယ်ပါဆိုတဲ့ စာသားကို အလွတ်ကျက်ထားယုံနဲ့ ကိုယ်ခံပညာက အဲ့ဒီ ကျက်မှတ်ထား  သူထံမှာ တစ်သားတည်း ဖြစ်မနေနိုင်ဘူး။ အဲ့ဒီလူဟာ အဲ့ဒီပညာတွေကို မိမိရဲ့ မသိစိတ်မှာ စွဲငြိပြီး- တစ်ဘက် သားက မိမိကို တိုက်ခိုက်လာရင်- ဘယ်လို ကာကွယ်ရမယ်ဆိုတာကို တွေးတောနေစရာ မလိုဘဲ- အလိုလို ကာကွယ်ပြီးသား ဖြစ်သွားအောင်ထိ လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။- အလားတူပဲ၊ တော်လှန်ရေးစိတ် နာ့ဖ်ဆေ့လောင်ဝ်၀ါမာဟ်နဲ့ မိမိဟာတစ်သားတည်း ဖြစ်သွားရင်- ပတ်ဝန်းကျင်က ပြေးဝင်လာတဲ့ အရောင်ဆိုး လိုစိတ်တွေကို အလိုလို ခုခံပြီးသွား ဖြစ်သွားပါတော့တယ်။

ဒီလိုအခြေအနေကို ရောက်သွားရင်-- သူဟာ လိုချင်ချင်-မလိုချင်ချင်၊ တွေးထားထား- မတွေးထားထား စိတ် နှလုံး အေးငြိမ်းခြင်းဆိုတဲ့ဆုကို အလိုလို ဆွတ်ခူးပြီးသား ဖြစ်သွားပါတယ်။
အခုခေတ် ဥပမာနဲ့ ပြောရရင်- နိုဘယ်ဆုလိုချင်လို့ လူသားတွေအတွက် ကောင်းကျိုးလုပ်ခြင်း မဟုတ်။ လူသား တွေအတွက် မေတ္တာစေတနာရှိလို့ ကောင်းကျိုးလုပ်ခြင်းသာ ဖြစ်တယ်။ ရလာတဲ့ နိုဘယ်ဆုက- အပိုရလဒ်သာ ဖြစ်တယ်။-- ဆိုတာကို နားလည်စေလိုပါတယ်။

အစ္စလာမ်က သွန်သင်တာမှာ- လူဟာ လူပီသအောင် ကြိုးစားပါ။ လူပီသဘို့ အတွက် ပကတိမှန်ကန်တဲ့ အမှန် တရားကို မိမိကိုယ်တိုင် လက်ခံနိုင်အောင် ကြိုးစားပါ။ လက်ခံရဲအောင် ကြိုးစားပါ။ မိရိုးဖလာ ဒဏ္ဍာရီတွေ အောက်မှာ အမှန်တရားကို လက်ခံဘို့ မ၀ံ့မရဲ ဖြစ်နေရင် အဲ့ဒီ စိတ်ကိုတော်လှန်ပါ။ မိမိရဲ့ အစွဲစရိုက်ကို တော် လှန်ပါလို့ ဖြစ်ပါတယ်။ (တော်လှန်တာမှာ အမုန်တရား မရှိဘို့တော့ လိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ နောက်ခေါင်းစဉ်ခွဲတွေမှာ ဒီအကြောင်း ပါလာပါမယ်)။ မိမိကိုယ်မိမိ လူပီသအောင် ကြိုးစားသွားရင်- အဲ့ဒီ- လူ ဟာ ငြိမ်းချမ်းရေး ဆီသို့ ဦးတည်နေပါတယ်။- ငြိမ်းချမ်းမှုဆိုတဲ့ အပိုဆုကို လိုချင်သည် ဖြစ်စေ- မလိုချင်သည် ဖြစ်စေ၊ အဲ့ဒီ မှတ်တိုင်ကတော့ မိမိချီတက်တဲ့ လမ်းမှာ သေချာပေါက် စောင့်နေပါတယ်။

ငြိမ်းချမ်းမှု- ဆိုတဲ့၊ ခရီးကို ချီတက်ဘို့ လွယ်ကူလှပါတယ်။ ဒါပေမယ့် လူပေါင်းစုံ အလွှာပေါင်းစုံ ခံစားမှုပေါင်းစုံ အတွက် တစ်လွှာချင်း ရှင်းပြရမှာတော့- ကျယ်ပြန့်ပါတယ်။--

မိမိကိုယ် မိမိ လူပီသစေရန် စိတ်တော်လှန်ရေး လုပ်မည့် လက်နှက်များ

ဘယ်တော်လှန်းမှာ မဆို- အဲ့ဒီတော်လှန်ရေးကို အောင်မြင်မှု ဆွတ်ခူးနိုင်ဘို့ လက်နက်များ လိုအပ်ပါတယ်။--

အဲ့ဒီ လက်နက်တွေဟာ- စိတ်ကူးယဉ်လောကထဲမှာ မရှိဘူး- ပုံပြင်စာအုပ်တွေမှာ မရှိဘူး၊ ဒဏ္ဍာရီ ဇာတ်လမ်း တွေမှာ မရှိဘူး- မျက်လုံးစုံမှိတ် နာခံဆည်းကပ်နေတာမှာ မရှိဘူး။--- လူသားနဲ့ အနီးဆုံး ပတ်ဝန်းကျင်ထဲက ထိတွေ့မှုတွေထဲမှာပဲရှိတယ်လို့- ကျမ်းမြတ်ကုရ်အာန်က ရှင်းရှင်းလင်းလင်း ညွှန်ပြထားပါတယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်မှာ-- ပတ်ဝန်းကျင်က အရာတစ်ခုကို ထောက်ပြ သွန်သင်တိုင်း-- `ထိုအရာ၌ သင်တို့ မရှု မြင်တတ်သလော´လို့ မကြာခဏ မေးမြန်း သတိဖေါ်ပေးထားပါတယ်။----

ဒီနေရာမှာ- (၁) တော်လှန်ရေး လက်နှက်ဆိုတာ ဘာလဲ- (၂) လေ့ကျင့်ရမယ့် လေ့ကျင့်ကွင်းက ဘယ်မှာလဲ ဆိုတာကိုသိဘို့လိုပါတယ်။

မိမိကိုယ် မိမိတော်လှန်ရန် လက်နှက်-

လူသားဟာ- မိရိုးဖလာ အစွဲ အောက်မှာ လက်နှက်ချ ကျွန်ခံပြီးသား ဖြစ်နေတယ်လို့- ကိုယ့်ကိုကိုယ် သတိထား မိဘို့ လိုပါတယ်။

ဒါပေမယ့်- မိမိအား ကျေးကျွန်လုပ်ထားသူဟာ- မိရိုးဖလာ မဟုတ်ဘူး- မိရိုးဖလာက လူ့ပတ်ဝန်းကျင်မှာ လူနဲ့ အတူ လိုက်လျှောညီထွေ လည်ပတ်တည်ရှိနေတဲ့ လေထုလိုမျိုး ဖြစ်တယ်။ အဲ့ဒီလေထဲမှာ အောက်စီဂျင်ပါမယ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါမယ်၊ အနံ့အသက်မွှေးကြိုင်တာပါမယ်။ အနံအသက် ပုပ်သိုးတာပါမယ်။ များသော အားဖြင့် ပတ်ဝန်းကျင်ကြီးရဲ့ အညစ်အကြေးစွန့်ပစ်မှုကြောင့် မမြင်နိုင်တဲ့ လေထုကို မမြင်နိုင်တဲ့ ညစ်ညမ်းမှု တွေက ရောပြွန်းထားတာတွေပါလာမယ်။ မိမိဟာ လူသားဖြစ်တယ်။ ဒီပတ်ဝန်းကျင်ကြီးထဲမှာ မွေးဖွားကြီးပြင်း လာရတယ်။ ဒါကြောင့် ဒီလေထုကြီးကို စက္ကန့်မလပ် တည်မှီ ရှုရှိုက်လာခဲ့တယ်။----- လေထု ညစ်၏။ မညစ်၏ မသိ၊ သိရန်လည်း သတိမမူ၊ သတိမူတတ်တဲ့ အကျင့်လည်းမရှိ၊ သတိမူတတ်စေရန်လည်း သွန်သင်ညွှန်ပြသူ မရှိ- သတိဖေါ်ပေးသူ မရှိ- ထိုမသိ၊ မရှိ၊--- မ သံသရာထဲမှာ ကျင်လည်ရင်း၊ တန်ဘိုးရှိတဲ့ လူဘ၀ကို အချီးနှီး ဖြုန်းတီးသလို နေနေလိုက်မိတော့တယ်။

တကယ်တော့- မိမိကိုယ် မသိ၊ မရှိဆိုတဲ့ ဘ၀သံသရာ ထောင်ထဲမှာ လွတ်ရက်မရှိ အရာက်ပို့ထားတဲ့သူဟာ မိမိ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။- ဒါကိုမြင်တတ်စေဘို့-အတွက်

(က) အခြေခံယုတ္တိဗေဒကို အရင်လက်ကိုင်ထားရမယ်-
(ခ) မိမိကိုယ်ကို နှစ်ကိုယ်ခွဲတတ်ရမယ်-
(ဂ) မဖေါက်ပြန်တဲ့- ခိုင်မာတဲ့ သတ္တိကို မွေးရမယ်။

မိမိကိုယ်မိမိ တော်လှန်မယ့် တော်လှန်ရေးမှာ အခြေခံယုတ္တိဗေဒဟာ အဓိကကျတဲ့ လက်နှက် ဖြစ်ပါတယ်။

ဒီလက်နှက် ရနိုင်ဘို့အတွက်၊ ဘွဲ့တွေ၊ ဒီကရီတွေ၊- ရှိနေ စရာ မလိုပါဘူး။ အခြေခံကျတဲ့- ဖေါက်ပြန် ပြောင်းလဲ ခြင်းမရှိတဲ့ သဘာဝ ဓမ္မကြီးကို ခိုင်ခိုင်မာမာ လက်ခံရဘို့ပဲ လိုပါတယ်။ ဥပမာ- ကြောင်မကြီး တစ်ကောင်က- ဘယ်လိုနည်းနဲ့မှ ကြက်ဥ မဥနိုင်ဘူး ဆိုတဲ့ အခြေခံကျတဲ့ အမှန်တရားကို လက်ကိုင်ထားနိုင်ရင် အဲ့ဒီလူဟာ အမှန်တရားကို လက်ခံနိုင်တဲ့ အင်အား ရှိသွားပါပြီ။

ဒီလို အခြေခံကျတဲ့ အချက်ကိုလေးကိုတောင် လက်ခံနိုင်ဘို့ရာ ဒီနေ့ ကမ္ဘာ့လူသားတွေထဲက ၉၉ ရာနှုန်းကျော် လောက်မှာ အင်အား မရှိကြပါဘူး။- ရိုးရာကြားဘူးနားဝေထဲမှာ- ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလိုတွေကို လိုက်ပြီး ယုံကြည်နေတာတွေက များပါတယ်။ ဥပမာ- လူသားတစ်ဦးဟာ မသေဘဲ အရှင်ထွက်-ထွက်သွားတယ် ဆိုတာ မျိုး၊ ဖိုမျိုးစေ့မရှိဘဲ အပျိုစင်-အမျိုးသမီးတစ်ဦးက ကလေးမွေးနိုင်တယ် ဆိုတာမျိုးစသည်အားဖြင့်- ဥုံဖွ ပေါင်း များစွာအောက်မှာ အခြေခံယုတ္တိဗေဒဆိုတဲ့ မှန်ကန်တဲ့ လောကဓမ္မကြီး ပျက်စီးနေရပါတော့တယ်။

လောကဓမ္မရဲ့ အမှန်ကို သိမြင်ဘို့ရာ- လောကပတ်ဝန်းကျင်ကိုပဲ အမြင်မှန် (အာရ်ဗီလို အိုင်းနုယကီးမ်) နဲ့ ကြည့်တတ်ဘို့ လိုပါတယ်။ ဒီလိုကြည့်တတ်ဘို့ အတွက် ပညာကိုရှာပါ။ စာပေသြဇာလောင်းရိပ်ကို ရှောင်ပါ။ တနည်းအားဖြင့် အေ့လ်မေ့ယကီးမ်လို့ခေါ်တဲ့ ပညာမှန်ကို ရှာတတ်ဘို့ လိုပါတယ်။ လူသားတွေဟာ- ပတ်ဝန်း ကျင် မှိုင်းကြီးအောက်မှာ မိမိကိုယ်မိမိ မှိုင်းမိနေမှန်းမသိဘဲ မိမိရဲ့ မှိုင်းမိအသိကို အမှန်လို့မြင်ပြီး- အဲ့ဒီ ထင် ယောင်ထင်မှား အမှန်ကို- အမှန်စင်စစ် ဖြစ်တယ်ဆိုတဲ့ သက်သေဖြစ်စေအံငှာ- ပုံတိုပတ်စမျိုးစုံကို ကြားညှပ်- နောက်ဆုံး ဘုရားနာမည်ကို အလွဲသုံးစားလုပ် ထပ်ဆင့်မှိုင်းတိုက်တဲ့ စာပေပေါင်းများစွာကို ရေးသားကြတယ်။ စာအုပ်တွေပြုစုကြတယ်။ စာသင်ယူသူ ကျောင်းသားများအတွက် ပြဌာန်း သင်ကြားကြတယ်။ အခုခေတ်မှာ ဆိုရင် သိပ္ပံပညာကိုတောင် အလွဲသုံးစားလုပ်ပြီး- မိမိလိုချင်ရာ သီအိုရီတစ်ပိုင်း တစ်စလေးကို ဆွဲထုတ်လျှက် မိမိရဲ့ပြဌာန်းချက်ထဲမှာ အစာသွပ် ပြဌာန်းတာတွေတောင် ရှိတတ်တယ်။ ဒါကြောင့် စာသင်ယူရင်လည်း- ဒီစာ-ဟာ ယုတ္တိရှိ၏၊ မရှိ၏။ လောကဓမ္မနှင့် ကိုက်ညီ၏ မကိုက်ညီ၏ဆိုတဲ့ စံပေတံ၊ မိမိကိုယ်မိမိ ကာကွယ်ရေး လက်နက်ကို မိမိထံမှာ တတ်ဆင်ထားဘို့ လိုတယ်။ အဲဒီတော့မှ အေ့လ်မေ့ယကီးမ် လို့ခေါ်တဲ့ ပညာမှန်ကို ရနိုင် မှာဖြစ်တယ်။ အထူးသဖြင့် ဘာသာရေးစာပေများ ပြဌာန်းတဲ့ ဘာသာရေးစာသင်ကျောင်းတွေ၊ ဘာသာရေး စာပေတွေကို၊ ဘာသာတစ်ခုမှာ အစွဲမကုန်တဲ့ သိပ္ပံပညာရှင်၊ စာပေပညာရှင်များ ရေးသားတဲ့ စာပေတွေကို ဖတ်ရှုလေ့လာရင် ယုတ္တိဗေဒလက်နက်ကို မတတ်ဆင်ထားနိုင်သူ အတွက်၊ အန္တရာယ်ရှိပါတယ်။ အဲ့ဒီ ယုတ္တိမဲ့ စာပေတွေရဲ့အာဏာသက်မှု၊ သြဇာသက်မှုအား မိမိဆိုတဲ့လူသားကို မြှူဆွယ်နိုင်တယ်။ နောက်ဆုံး မိမိရဲ့ အသိ တစ်ခုလုံးကိုပါ- ကျူးကျော်သိမ်းပိုက်လိုက်နိုင်တယ်။ ရှင်းလင်းအောင်ပြောရရင်- မိမိကို ယုတ္တိမဲ့ အယူအဆတွေ က ကိုလိုနီပြုလိုက်မှာ သေချာပါတယ်။

မိမိကိုယ်ကို နှစ်ကိုယ်ခွဲတတ်အောင်ကျင့်ပါ---ဒီအချက်က မိမိကိုယ်မိမိ တော်လှန်ရေးလုပ်မယ့် အတွက် လေ့ကျင့်ရေးကွင်း ဖြစ်ပါတယ်။ လူသားဟာ- ပကတိငြိမ်းချမ်းမှုကို ရယူနိုင်ဘို့၊ ဆွတ်ခူးနိုင်ဘို့အတွက် တော ထွက် တရားကျင့်နေရမယ့် ခေတ်ကုန်သွားပါပြီ။- ကမ္ဘာပေါ်မှာ ပကတိငြိမ်းချမ်းမှုကို လက်တွေ့ ဦးဆောင် ကျင့် ကြံပြသွားတဲ့ ဉာဏ်စဉ်ဆာင်အပေါင်းဟာလည်း- အစဉ်အလာအတိုင်း တောထွက်တရားကျင့်တဲ့ နည်းကို သုံးခဲ့တာပဲ။ နောက်ဆုံးတော့ မိရိုးဖလာ အစဉ်အလာကို ပစ်ပါယ်မှ ဉာဏ်စဉ်ပိုမိုမြင့်မားနိုင်တယ်- မိရိုးဖလာ အစဉ်အလာဟာ တောထဲမှ (လူသူ မရှိရာ မရပ်မှာ) မရှိဘူး။ လူတွေထဲမှာ- လူ့ပတ်ဝန်းကျင်မှာပဲ ရှိတယ်ဆို တာကို သိလာတော့- လူတွေကြားထဲကို ပြန်ရောက်လာတာပဲ မဟုတ်လား။

လူတွေနဲ့ ပတ်ဝန်းကျင်ကို တည်မှီနေရတဲ့- လူသားဖြစ်တဲ့ မိမိဟာ- မိမိကိုယ်မိမိ နှစ်ကိုယ်ခွဲလိုက်ပါ။ ခွဲနိုင် အောင် ကြိုးစားပါ။ ဆိုလိုတာက- မိမိရဲ့ အသိကို မိမိကိုယ်ရဲ့ အပြင်ကို ဆွဲထုတ်လိုက်ပြီး- အပြင်ကို ဆွဲထုတ် ထားတဲ့ အသိနဲ့ မိမိကိုယ်ကိုမိမိ ဘော်လုံးပွဲကြည့်သလို အပြင်က ပြန်ကြည့်ပါ။ `ငါဘာလုပ်ခဲ့သလဲ၊ ဘာတွေ ပြောခဲ့သလဲ´လို့ ပြန်သုံးသပ်ခြင်းမျိုး မဟုတ်သေးဘူး၊ ပြန်သုံးသပ်ခြင်းနဲ့ နှစ်ကိုယ်ခွဲခြင်းက ဆင်တူရိုးမှား ဖြစ်ပေ မယ့်- နှစ်ကိုယ်ခွဲခြင်းက ပိုပြီး အဆင့်မြင့်ပါတယ်။ `ငါ-´ဆိုတဲ့ အကောင် ဘာလုပ်လုပ်- လုပ်ချင်ရာလုပ်နေပါ စေ- ပကတိအတိုင်း လွှတ်ထားပြီး အပြင်က ထိုင်ကြည့်ခြင်းမျိုး- အပေါ်က စီးကြည့်ခြင်းမျိုး- ကျောင်းဆရာ တစ်ဦးက- တပည့်ကို ကြည့်ခြင်းမျိုး ဖြစ်အောင်လေ့ကျင့်လိုက်ပါ။

ပြီးတော့မှ- အဲ့ဒီ `ငါ´ဟာ ယုတ္တိမဲ့ အယူအဆများရဲ့ သားကောင်လား၊ ယုတ္တိမဲ့ အယူအဆများထဲမှ ထောင်ကျ နေရတဲ့ အကျဉ်းသားလား၊ ယုတ္တိမဲ့ နယ်ချဲ့များရဲ့အောက်က ကိုလိုနီ ကျေးကျွန်ဘ၀လား- ဆိုတာကို မြင်တတ် အောင် ဆက်ကြည့်ပါ။ တကယ်လို့ ယုတ္တိမဲ့-သစ္စာမှားမှာ ကျင်လည်နေတဲ့ `ငါ´ ကို အပြင်က `ငါ´က ကယ် ထုတ်ဘို့ ကြိုးစားပါ။ ဒါပေမယ့်- အပြင်ကိုထွက်နေတဲ့ `ငါ´ က စာပေသြဇာလောင်းရိပ်ကင်းပြီး- ပတ်ဝန်းကျင် ထုက ပါလာတဲ့ အစွဲကို ဖြုတ်ထားဘို့တော့ လိုတယ်။ ဒီလိုမှ မဟုတ်ရင်- ပတ်ဝန်းကျင်ထဲက `ငါ´ နဲ့- အပြင်ကို ဆွဲထုတ်ထားတဲ့ `ငါ´ နှစ်ကိုယ်ဟာ- နှစ်ကိုယ့်တစ်စိတ်ဖြစ်နေပြီး- အိုးရွဲ့ကို စလောင်းရွဲ့နဲ့ အံဝင်ဂွင်ကျဖြစ်အောင် လိုက်ဖုံးနေလိမ့်မယ်။ နှစ်ကိုယ့်တစ်စိတ် ဖြစ်ခြင်းထက်- တစ်ကိုယ့် နှစ်စိတ်ဖြစ်အောင် နှစ်ကိုယ်ခွဲနိုင်ဘို့ လိုပါ တယ်။ အဲ့ဒီတော့မှ ပတ်ဝန်းကျင်ဆိုတဲ့ ဘော်လုံးကွင်ထဲမှာ- ၀င်ရောက် စကားနေတဲ့ `ငါ´ ကို အပြင်က `ငါ´ က အဝေးထိန်းနဲ့ လိုသလို ကစားပေးလိမ့်မယ်။ ဒီအဆင့်မှာ လူဟာ မိမိကိုယ်မိမိလူစင်စစ်ဖြစ်ခြင်း၊ သို့မဟုတ် လူ့ဂုဏ်ရည်နှင့် ညီသော `လူ´ ဖြစ်ခြင်းဆိုတဲ့ ခရီးလမ်းပေါ်ကို စတင်ခြေချခြင်း ဖြစ်ပါတယ်။ ဒါကို ကုရ်အံ ကျမ်းတော်က ဆွေရွာတွလ်မုစ်တက်ကီမ်း- ပကတိဖြောင့်မှန်သောလမ်းစဉ်လို့ ဆိုပါတယ်။
ဒီအဆင့်ကိုရောက်လာရင် အလွန်အင်မတန် သတ္တိမွေးရပါတော့မယ်။ အဲ့ဒီ အဆင့်ဟာ အေ့လ်မေ့ယကီးမ် ပညာမှန်အသိနဲ့ မိမိကိုယ်မိမိ စတည်ပျိုးထောင်တဲ့ အဆင့်ကို ရောက်ပါတော့တယ်။ မိမိကိုယ် မိမိသာ တော် လှန်တဲ့ စိတ်ဓါတ်တော်လှန်ရေး ဖြစ်ပေမယ့်- မိမိရဲ့ အမှန်ကို တည်ဆောက်ခြင်း ပျိုးပင်ဟာ အပင်ပေါက်ပြီး- မြင့်တက်လာလေလေ- ပတ်ဝန်းကျင် ပရောဂကြီးရဲ့ လေဒဏ်-မိုးဒဏ် မုန်တိုင်းဒဏ်ကို ခံရလေလေ ဖြစ်လာပါ တော့မယ်။

အဲ့ဒီအဆင့်မှာ မဖေါက်ပြန်တဲ့- ခိုင်မာတဲ့ သတ္တိကို မွေးရမယ်။ လူစင်စစ် ဖြစ်ခြင်း သို့မဟုတ် လူ့ဂုဏ်ရည်နှင့် ညီ သော လူဖြစ်ခြင်းဆိုတဲ့ ပန်းတိုင်ဆီသို့ ခရီးကို စတင်ခြေချပြီဆိုလို့ ခရီးဆုံး ပန်းတိုင်ကို ရောက်ပြီလို့ မှတ်ယူ မိခြင်း လုံးဝ မဖြစ်မိစေဘို့ အရေးကြီးပါတယ်။

ခရီးအစက-- ပန်းတိုင်ထိ ခရီးသည်တွေထဲမှာ- တက်ဆင်း မှတ်တိုင်တွေက ရှိနေသေးတယ်။

(၁) စီးပွား လာဘ်လာဘ မှတ်တိုင်
(၂) ဂုဏ်ပကာသန မှတ်တိုင်
(၃) သြဇာအာဏာ မှတ်တိုင်

စသည့်ဖြင့် ကြီးမားစွာ ဆွဲဆောင်နိုင်အား ရှိတဲ့ လောကီမှတ်တိုင်ကြီးတွေက ခရီးသည်တွေကို ခရီးလမ်းပေါ်က အတင်းဆွဲချသလို ဖိတ်ဖေါ်နေခြင်းတွေ ရှိတယ်။- နောက်ဆုံး ခရီးသည်က စိတ်ဓါတ်ခိုင်မာစွာနဲ့ မဆင်းဘဲ တင်း ခံနေရင်တောင်- အဲ့ဒီမှတ်တိုင်တွေက ရေလေး တစ်ခွက်လောက် တိုက်လိုက်တာမျိုး (အဆိပ်သွင်းလိုက်တာ မျိုး) တွေ ရှိတတ်ပါတယ်။ ဆိုလိုတာက အမှန်တရားကို သိနေတဲ့ များစွာသော လူသားတွေဟာ- အမှန်တရား ကို သိတာမှန်နိုင်ပေမယ့် အဲ့ဒီ အမှန်တရားမှာ- တစ်စိုက်မတ်မတ် စတေးပေးဆပ် မရပ်တည်နိုင်ကြဘူး။ အခွင့် အရေး ရမယ်ထင်ရင် ကြုံရာမှတ်တိုင် ဆင်းလိုက်ကြတော့တယ်။ ဘာကြောင့်လဲ ဆိုတော့- ရှေ့ဆက်ရမယ့် အမှန်တရား လောကယုတ္တိဗေဒ မှတ်တိုင်ကို- မိမိဖာသာ မိမိလျှောက်လှမ်းနေလို့- ဘယ်သူ့ကိုမှ မထိခိုက်ပေ မယ့်၊ မိမိကိုတော့ အကြီးအကျယ် ပင်ပန်းစေမှု ရှိနေတယ်။

ပတ်ဝန်းကျင်က ပစ်ခတ်တဲ့ လက်နှက် မျိုးစုံဟာ မိမိကို ဦးမတည်ဘဲ- သူ့ဟာသူ ပစ်ခတ်နေပေမယ့်၊ မိမိက တော့- မိမိကိုယ်ပစ်ခတ်နေတယ်လို့ ခံစားရတတ်တယ်။

ဒီအဆင့်မှာ- မိမိအရိုးစွဲ ယုံကြည်ခဲ့တဲ့ ကြားဘူးနားဝ ဘာသာတရားရဲ့ စကားစဉ်တွကို ရေဆန်ကူးရမယ့်ကိန်း ဆိုက်လာ
ပြီလေ။ ဥပမာ- လောကယုတ္တိဗေဒ အရ ကြောင်မကြီး တစ်ကောင်က- ကြက်ဥ မဥ နိုင်ပေမယ့်၊ မိမိယုံကြည်တဲ့ ဘုရားရှင်ဆိုတာ- အင်မတန် တန်ခိုးကြီးတယ်၊ အရာရာကို ဥုံဖွ- ဖြစ်စေဆိုပြီး လုပ်နိုင်တယ်။ အဲ့ဒီ ဘုရားရှင်က ကြောင်မကြီး တစ်ကောင်ကို ကြက်ဥ-ဥစေဆိုရင် မဥနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူးစတဲ့၊ လောကဓမ္မလမ်းကြောင်း က ဖေါက်ပြန်ရေးမူတွေကို စဉ်းစားလာတယ်။ ဖေါက်ပြန်ရေးမူနဲ့ ရေးသားထားတဲ့ စာပေတွေ၊ ပြောဆိုတဲ့ အဆို အမိန့်တွေဘက်ကို တိမ်းပါးလာတယ်။ ပြီးတော့  သူမြင်ခဲ့တဲ့ အမြင်မှန် အိုင်းနုယကီမ်း၊ အသိမှန် အေ့လ်မေ့ယ ကီမ်း တွေကို စတေးလိုက်ပြီး၊ မိရိုးဖလာ ပတ်ဝန်းကျင်ကိုပဲ ဟက်ကုယကီမ်း ပကတိအမှန် (ပရမတ္ထသစ္စာ) ဖြစ်တယ်လို့ ထင်မှတ်သွားတတ်ပါတယ်။

ကျမ်းမြတ်ကုရ်အံမှာတော့- ဆွေရွာတွလ်တက်ကီမ်း ပကတိဖြောင့်မှန်သော လမ်းစဉ်က တိမ်းချော်သွားသူတွေ ကို ဿွာာလီန်း များဖြစ်တယ်လို့ သုံးပါတယ်။ (၁း၅-၇) ရူပဗေဒ သဘောတရား အရ သူတို့ဟာ အလုပ်ပြီး မြောက်အောင် မလုပ်ဆောင်သွားလို့- သူတို့ရဲ့ အဆင့်ဟာ အခားသူတွေနဲ့ ထူးမခြားနားပါဘူး။

ပကတိ အမှန်တရားဆိုတဲ့ ခရီးကို ရောက်လာရင်- ဆရာစဉ်၊ ပတ်ဝန်းကျင်ကြီးက ပြောနေတဲ့ အယူတွေမှာ ဘုရားနာမည်ကို သုံးပြီး ပြောဆိုပါစေ-၊ ယုတ္တိမဲ့တာတွေကို `ဒါတော့ ဘုရားက ပြောမှာ မဟုတ်ဘူး။ ဘုရား ဆိုတာ လူသားကို ဘယ်တုံးက လိမ်ညာလှည့်ပတ်-၊ ဟိုတစ်မျိုး ဒီတစ်မျိုး ပြောမှာ မဟုတ်ဘူး၊ ပုံပြင်ဆန်ဆန် ဒဏ္ဍာရီတွေ ပြောမှာမဟုတ်ဘူး၊ ခေတ်နောက်ကျသွားစေမယ့် စကားတွေကို ပြောမှာမဟုတ်ဘူး၊ လောကဓမ္မကို ပြဌာန်းတဲ့ ဘုရားဟာ- သူပြဌာန်းထားတဲ့ ဥပဒေကို သူကိုယ်ချိုးဖေါက်မှာ မဟုတ်ဘူး-´လို့ ရဲရဲတင်းတင်း ပြတ် ပြတ်သားသား သတ္တိနဲ့ ရင်ဆိုင်ရဲရပါတော့မယ်။ ပြတ်သားပြီးဖေါက်ပြန်မှု ကင်းမဲ့တဲ့သတ္တိမျိုးလည်း မွေးရပါတော့ မယ်။

ဒါကြောင့် ဆွေရွာသွလ်မုစ်တက်ကီမ်း ပကတိဖြောင့်မှန်သော လမ်းစဉ်ကို လျှောက်လှမ်းနိုင်သူတွေဟာ-(၁) သဗ္ဗညုတရွှေဥာဏ်တော်ချီးမြှင့်ခံရသော သတင်းတော်ဆောင်များ၊ (၂) သမာဓိ ခိုင်မာသော ဖြောင့်မတ်သူများ၊ (၃) သစ္စာဓမ္မ၌ ပေးဆက်သက်သေတည်သူများ၊ (၄) မိမိကိုယ်ကို မိမိ ကောင်းမှုသို့ ပြုပြင်ပြောင်းလဲသူများသာ ဖြစ်တယ်လို့ ကုရ်အံကျမ်းတော်ရဲ့ (၄း၆၉) မှာ ဆိုထားပါတယ်။ တနည်းအားဖြင့် လူသားဟာ အထက်ပါ လေး ချက်ထဲက တစ်ချက်နဲ့ ပြည့်စုံရင် ပကတိ ဖြောင့်မှန်သော လမ်းစဉ်ရဲ့ ပန်းတိုင်ကို ဆိုက်ရောက်ရမှာ သေချာ ပေါက် ဖြစ်ပါတယ်။

တကယ်တော-့ ဆွေရွာသွလ်မုစ်တက်ကီမ်း- ပကတိဖြောင့်မှန်သော လမ်းစဉ်ဟာ ခရီးမှာ ခရီးသည်ကောင်း တစ်ဦး ဖြစ်ဘို့ ဆိုတာ လွယ်မယောင်နဲ့ ခက်တယ်လို့ မထင်မှတ်အပ်ပေဘူး။ ခက်မယောင်နဲ့ လွယ်ကူတဲ့ လမ်းစဉ်သာ ဖြစ်ပါတယ်။

အစ္စလာမ်က ညွှန်ပြသွန်သင်တဲ့ ငြိမ်းချမ်းမှု ဆီသို့ ခရီးဟာ- ကျောင်းတက်ပညာသင်နေရင်း၊ မိမိအတွက် တတ် ကျွမ်းတဲ့ပညာနဲ့ သက်မွေးဝမ်းကျောင်းပြုနေရင်း၊ တံငါလုပ်ရင်း၊ လယ်ထွန်ရင်း--ဘယ်အခြေအနေမှာ ဖြစ်ဖြစ် မဖေါက်ပြန်တဲ့ အခြေခံယုတ္တိဗေဒကို လက်ကိုင်ထားနိုင်သူ အတွက်၊ လက်ကိုင်ထားရဲသူအတွက် မျှော်လင့် သည် ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ ရောက်ကို ရောက်သွားတဲ့ ခရီးတစ်ခုသာ ဖြစ်ပါတယ်။

ဒါပေမယ့်- ဆောင်ရန်ရှောင်ရန်တွေတော့ ရှိနေသေးတယ်။

ဆောင်ရန်ကတော့- ဖေါက်ပြန်ခြင်းကင်းတဲ့ အခြေခံ ရိုးရိုးရှင်းရှင်း ယုတ္တိဗေဒ ပေတံကို လက်ကိုင်ထားပါ။-
မိမိကိုယ်မိမိ ယုတ္တိဗေဒ စံချိန်အောက်မှာ သက်တောင့် သက်သာ နေပါ။
ရှောင်ရန်ကတော့- ယုတ္တိမဲ့နေတဲ့ ပတ်ဝန်းကျင်များကို ရှောင်ပါ။ မငြင်းခုံပါနဲ့၊ မပတ်သက်ပါနဲ့၊ ယုတ္တိမဲ့ ကမ္ဘာကို မိမိနဲ့ မသက်ဆိုင်သလို ဥပက္ခာပြုထားပါ။ မိမိဟာ ငြိမ်းချမ်းမှုနဲ့ တစ်သားတည်း မဖြစ်မှီ- တနည်းအားဖြင့် နုနယ် စဉ်မှာ ယုတ္တိမဲ့ကမ္ဘာကြီးကို ငြင်းခုံမိရင်၊ ပတ်သက်မိရင်- စိတ် မချမ်းစရာတွေ- ၀င်ရောက်လာနိုင်တယ်။ မိမိ ဘက်က အလွန်မှန်နေပြီး- အတိုက်အခံဘက်က မှားနေတာကို တွေ့လေ- မဟုတ်မခံ စိတ်တွေ ပေါ်လာနိုင်တဲ့ ကာလ ဖြစ်တယ်-ဆိုတာကို သတိထားဘို့ လိုပါတယ်။

တစ်ဖြေးဖြေး- မိမိဟာ ငြိမ်းချမ်းမှုနဲ့ တစ်သားတည်း ဖြစ်သွားချိန်မှာ- ဆောင်ရန် ရှောင်ရန်တွေ ပျောက်သွား လိမ့်မယ်။ တနည်းအားဖြင့် ဆောင်ရမယ် ရှောင်ရမယ်ဆိုတဲ့ အဆင့်တွေ ကျော်လွန်သွားလိမ့်မယ်။ အဲ့ဒီ အချိန် မှာ မိမိဟာ ယုတ္တိဗေဒ နဲ့ တစ်သားတည်း ကျသွားပေပြီ။ တနည်းအားဖြင့် ဖေါက်ပြန်မှုကင်းမဲ့တဲ့ သစ္စာတရားနဲ့ တစ်သားတည်းဖြစ်သွားလေပြီ။ အဲ့ဒီအချိန်ကို ရောက်တော့မှ- အခြားသော သူများအတွက် ငြိမ်းချမ်းမှု အမှန်ကို ပြပေးလိုက်ပါ။- ဒီလို အချိန်မျိုးမှာ မိမိဟာ ရင့်ကျက်နေပြီဖြစ်လို့- ယုတ္တိမဲ့ ကမ္ဘာကြီးက မိမိကိုယ် ထိပ်တိုက် တိုးလာရင်တောင်- အလင်းရောင်ကို အမှောင်ထုက ၀င်ဆောင့်သလို- အမှောင်ထုသည်သာ အလင်းရှေ့မှာ ဦးကျိုးကျသွားပါလိမ့်မယ်။ အဲ့ဒီအတွက်လည်း- ရင့်ကျက်ပြီးသား ငြိမ်းချမ်းမှုရပြီးသားဖြစ်တဲ့ မိမိမှာ- မော်ကြွား ခြင်း၊ ဦးကျိုးသွားတဲ့ အမှောင်ထု အပေါ် ၀ံ့ကြွားဂုဏ်ဖေါ်လိုခြင်း ကင်းမဲ့လျှက် သူတို့တွေ အလင်းရသွားလေပြီ ဆိုတဲ့ သန့်ရှင်းတဲ့ ငြိမ်းချမ်းမှု ပီတိရသသည်သာ ဖြစ်ပေါ်လာလိမ့်မယ်။- ဒီလို စိတ်မျိုးကို ဖေါ်ပြပြီးသား အတိုင်း နာဖ့်ဆေ့မုတွမာအီနာဟ် လို့ ခေါ်ပါတယ်။


ငြိမ်းချမ်းရေးဆီသို့ (၂) အား ဆက်ဖတ်ရန် ကလစ်နှိပ်ပါ....

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)