ကျန်စစ်သား ဘာကြောင့် နန်းတော်က ထွက်ပြေးရတာလဲ
ရာဇကုရ်မာ လူဘယ်လို ဖြစ်လာလဲ ဆိုတာ
အဲဒီဘုန်းကြီး နားလည်မယ် မထင်ဘူး။
မျိုးစောင့်ဥပဒေ ကို ကျန်စစ်သား ရေးခဲ့တာလို့ ဟောသွားတဲ့ "ဂတုံး"ကို ပြောချင်တာ....👉👉👉
တစ်ကယ်တော့..
မြန်မာနိုင်ငံမှာ ကုလား နဲ့ ထေရဝါဒ က အတူတူစ တာ...
သထုံဘုရင် မနူုဟာမင်း ကို အနိုင်တိုက်ပြီး ပိဋကတ် သုံးပုံ ကို ပုဂံအရာက် ပင့်ဆောင်လာတဲ့....
အနော်ရထာ မင်း ရဲ့ စစ်သူကြီး "ဗျတ္တ"က ကုလား
အစစ် ..
အိန္ဒိယပြည်က (ကုန်သွယ်ထွက်လာရင်း) ဖောင်ပျက်ပြီး မျော လာတဲ့ ကုလားညီနောင် (ဗျတ္တဝိ ဗျတ္တ )ကို...
သထုံ ဆရာတော်က ကယ်ထားလိုက်တာ...
(သူတို့နှစ်ယောက်ကို စတွေ့တဲ့ ကျွန်းကို ကုလားကျွန်း လို့ ခုထိ အမည်တွင်တယ်)
နောက်ပိုင်းမှာ ဆရာတော်ရဲ့ "ဇော်ဂျီ ဖိုဝင်သား"ခိုး စားလို့ သထုံဘုရင် ရဲ့သူရဲကောင်းတွေ ဖြစ်
သွားကြတယ်.
အကြီးကောင် "ဗျတ်ဝိ"က သထုံသူ မအိုဇာနဲ့ရပြီး..(ဆိုးလွန်းလို့ )ကားစင်တင်ပြီး သထုံမှာ အသတ်ခံရတယ်...
အငယ်ကောင် ဗျတ္တက ပုဂံကို ထွက်ပြေးပြီး အနော်ရထာမင်း ရဲ့ အမှု့တော်ထမ်းဖြစ်သွားတယ်...
(ဗျတ်ဝိ ရဲ့ ကလီစာ တွေကို သထုံမြို့ရိုး ပတ်ပတ်လည်မှာ မြုပ်ထားလို့ သထုံကို ဘသူမှ စစ်ပြုပြီး သိမ်းပိုက် လို့မရဘူး...)
(အနော်ရထာမင်းရဲ့ စစ်သူကြီးလေးဦးတောင် မတိုက်နိုင်ဘူး)
အနော်ရထာ မင်းရဲ့ (ပန်းတော်ဆက် )သူရဲကောင်း ဗျတ္တ ကိုယ်တိုင် တက်တိုက်မှ သထုံကို အနော်ရထာ
သိမ်းပိုက်လို့ရတယ်....
အဲဒီအချိန်က ပုဂံမှာ ထွန်းကားနေတာက...
တောင်သူကြီးမင်း လက်ထက်က စခဲ့တဲ့ (နတ်နဂါး ကိုးကွယ်တဲ့ အရည်းကြီး ဝါဒ )
သထုံကို စစ်အောင်ပြီး မနူဟာ မင်း နဲ့.ပိဋကတ် သုံးပုံပါ ပုဂံကို ပင့်ဆောင်လာတယ်...
နောက် ရှင်အရဟံ ကို ပိဋကတ် သုံးပုံ ဆက်ကပ်ပြီး.ထေရဝါဒ အဲ့ဒီက စတာပဲ....
ကုလားစစ်သူကြီး ဗျတ္တက ပုပ္ပါးသူ မယ်ဝဏ္ဏနဲ့ ရပြီး ..
ရွှေဖျင်းကြီး ရွှေဖျင်းလေး သားနှစ်ပါးကို မွေးတယ်...
နှစ်ယောက်လုံး စစ်သူကြီးတွေ ဖြစ်တယ်...
(တရုတ်ပြည် ကို စစ်ပြုပြီး စွယ်တော်တောင်းတဲ့ပွဲမှာ..
တရုတ်ဘုရင် ဦးတည်ပွားကို အိပ်နေတုန်း ထုံးသုံးချက်တားခဲ့တာ သူရဲကောင်းဗျတ္တရဲ့ သား(အဲဒီ ကုလားလူစွမ်းကောင်းလေး )နှစ်ယောက်ပဲ..
(အနော်ရထာ ကို ဝိုင်းပြီး ဂုံးချောကြလို့)
တရုတ်က အပြန် "လမ်း"မှာ နှစ်ယောက်လုံး အသတ်ခံရ ရှာတယ်...
အဲ့ဒီနေရာမှာ"ကွပ်ရာညောင်ပင်"ဆိုပြီး ခုချိန်ထိ အမည်တွင်တယ်...
အဲ့ဒီအရပ်(တောင်ပြုန်း)ကနေ အနော်ရထာမင်းရဲ့ ဖောင်တော် ထွက်တော်မူလို့ မရတဲ့ အတွက်..
နတ်ကွန်း ဆောက်လုပ် ပူဇော်ပသပေးမှ ထွက်လို့ရတယ်....
အဲဒီမှာတင်...(ကုလားလေး နှစ်ယောက်က)
(ခင်များတို့ သွားသွားကန်တော့နေတဲ့)
ကိုယ်တော်ကြီး ကိုယ်တော်လေး ဆိုပြီး နတ်စိမ်း နှစ်ပါးဖြစ်လာတယ်...
(မလှုပ်နိုင်အောင် ဂုတ်ကိုင်ချင်တယ် ဆိုရင်တော့
ရာဇဝင်နိုင်အောင် အရင်လုပ်)
Tint Wai....(We.Can Change)
Oo Oo Aye
Tun Lin Maung
Thursday, June 29, 2017
မျိုးစောင့်ဥပဒေ ကျန်စစ်သားရေးခဲ့တယ်ဆိုတဲ့ ခပ်ချာချာ ဘုန်းကြီးဖတ်ဖို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)